Wednesday, January 20, 2016

ဂုဏ်ပြုထိုက်သော ရဲရင့်နှလုံးသား ပါရမီဖြည့်ဖက်များ အပိုင်း(၁)



မြန်မာ့တပ်မတော်ရဲ့ သမိုင်းတစ်လျှောက်မှာ သူရမချစ်ပိုလို ရဲစွမ်းသတ္တိနဲ့ နှလုံးရည်ပြည့်ဝတဲ့ ပါရမီဖြည့်ဖက် တစ်ဦးပေါ်ထွက်ခဲ့သလို ဒီဘက်ခေတ်မှာလည်း ရဲစွမ်းသတ္တိရှိတဲ့ ပါရမီဖြည့်ဖက်ရဲမေတွေ ထပ်မံပေါ်ထွက်လာခဲ့ ပြီ ဖြစ်ပါတယ်။

မိတ်ဖက် တိုင်းရင်းသားပါတီများမပါဘဲနဲ့ NLD အစိုးရဖွဲ့တော့မှာလား


ရွေးကောက်ပွဲ အောင်နိုင်ထားသည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီအနေဖြင့် အစိုးရတာဝန်ယူ ရမည့် အချိန်နီးကပ်လာပြီ ဖြစ်သော် လည်း တိုင်းရင်းသားဒေသများတွင် အနိုင်ရရှိထားသော မိတ်ဖက်တိုင်းရင်း သား ပါတီများနှင့် တွေ့ဆုံရန် တစ်စုံတစ်ရာကမ်းလှမ်းမှု မရှိသေးကြောင်း တိုင်းရင်းသား ပါတီအချို့က ပြောသည်။

တရုတ်ထိပ်တန်းတက္ကသိုလ်ကို IS စစ်သွေးကြွအဖွဲ့ ကွန်ပျူတာဟက်ကာ ထိုးဖောက်



တရုတ်ထိပ်တန်းတက္ကသိုလ်များမှ တစ်ခုအပါအဝင်ဖြစ်သည့် တက္ကသိုလ်၏ ဝက်ဘ်ဆိုက်ကို IS စစ် သွေးကြွသြဇာခံဟုကြေးကြော်ထားသည့်ဟက်ကာ အဖွဲ့တစ်ဖွဲ့က ထိုး ဖောက်ဝင်ရောက်ခဲ့ကြောင်း ဇန်နဝါ ရီ၁၈ရက်က ဖော်ပြခဲ့သည်။

"ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံအား ပြင်ဆင်ပြီး facebook တွင်ဖြန့်ဝေ ခဲ့သည့်အမှု တရားလိုပြ သက်သေ စတင်စစ်ဆေး"


ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံအား Photoshop ဖြင့်ပြင်ဆင်ထားသည့် ပုံကို Facebook တွင် ဖြန့်ဝေခဲ့သည် ဟုဆိုကာ တရားစွဲခံရသည့် ကန်ကြီး ထောင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဒုတိယအတွင်းရေးမှူး ဦးသန်းထွန်း အမှုအား ဇန်န၀ါရီလ ၁၉ ရက်နေ့ ရုံးချိန်းတွင် တရားလိုပြသက်သေကို စတင်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

လန်ဒန်ဆရာတော်တို့အား စွဲဆိုထားသည့် ပုဒ်မနှစ်ခုအနက် တရားရင်ဆိုင်ရန် ကျန်ရှိသည့် သံဃာများဆိုင်ရာ ဥပဒေ ပုဒ်မ ၂၀/၉၀ ကို ချေဖျက်ပေးရန် တိုင်းတရားလွှတ်တော်တွင် နှစ်ဖက်ကြားနာ


လန်ဒန်ဆရာတော်တို့အား စွဲဆိုထားသည့် ပုဒ်မနှစ်ခုအနက် တရားရင်ဆိုင် ရန် ကျန်ရှိသည့် သံဃာများဆိုင်ရာ ဥပဒေပုဒ်မ ၂၀/၉၀ အား ချေဖျက် ပေးရန် ၂၀၁၆ ခုနှစ် ဇန်န၀ါရီ ၁၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် နှစ်ဖက်ကြားနာမှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ဒီမိုကရေစီပညာရေး သပိတ်မှ ကျောင်းသားများနှင့် ၀န်းရံသူများကို လွှတ်ပေးခြင်း၊ မလွှတ်ပေးခြင်းမှာ လက်ရှိအစိုးရအပေါ် မူတည်ကြောင်း ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင် ပြောကြား


ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းမှ ဖမ်းဆီးခံ ကျောင်းသားများနှင့် ၀န်းရံသူများကို သာယာဝတီမြို့နယ် တရားရုံး၌ ၃၅ ကြိမ်မြောက်ရုံးချိန်းအဖြစ် ဇန်န၀ါရီ ၁၉ ရက်က ရုံးထုတ်စစ်ဆေးခဲ့ပြီး ဒီမိုကရေစီပညာရေးသပိတ်မှ ကျောင်းသားများနှင့်ဝန်းရံသူများကိုလွှတ်ပေးခြင်း၊ မလွှတ်ပေးခြင်းမှာ လက်ရှိအစိုးရအပေါ် မူတည်ကြောင်း ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်က ပြောကြားသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ရငွေ ကျပ်ဘီလျံ ၁၇၄၄၈ ဒသမ ၆၉၀ နှင့် သုံးငွေ ကျပ် ၂၀၇၄၂ ဘီလျံ လျာထားအတည်ပြု၍ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော် အတည်ပြု


၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ရငွေ ကျပ်ဘီလျံ ၁၇၄၄၈ ဒသမ ၆၉၀ နှင့် သုံးငွေ ကျပ် ၂၀၇၄၂ ဘီလျံ လျာထားအတည်ပြု၍ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ဇန်န၀ါရီ ၁၉ ရက်တွင် ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့သည်။ အစိုးရအဖွဲ့မှ တင်သွင်းသည့် ဥပဒေကြမ်းတွင် လာမည့်ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု၏ သုံးငွေပိုင်းတွင် လျာထားငွေ ကျပ် ၂၁၃၇၁ ဘီလျံမှ ကျပ် ၆၂၉ ဘီလျံကို ဖြတ်တောက်ကာ လွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။

ဥပဒေပညာရှင်တွေ နိုင်ငံမှာ လိုအပ်နေတယ်လို့ ဒေါ်စုပြော


မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေးအတွက် အရည်အချင်းပြည့်စုံသည့် ဥပဒေပညာရှင်များ လိုအပ်နေသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။ "တရားဥပဒေစိုးမိုးရေးအတွက် ဆိုလို့ရှိရင် ကျွန်မတို့ဟာ တောင့်တင်းခိုင် မာတဲ့၊ ဥပဒေနဲ့ပတ်သက်တဲ့ အဆောက်အဦတွေ လိုပါတယ်။ ဒီလို ဥပဒေ နဲ့ပတ်သက်တဲ့ အဆောက်အဦတွေဆိုတာဟာ ကျွန်မတို့ လွှတ်တော်တစ်ခု နဲ့တင်လည်း မပြီးပါဘူး။ တရားစီရင်ရေး၊ တရားရုံးတွေနဲ့လည်း မပြီးပါဘူး။ အင်မတန်မှ မှန်မှန်ကန်ကန်၊ တည်တည်ငြိမ်ငြိမ်နဲ့ လုပ်ရည်ကိုင်ရည် ပြည့်စုံတဲ့ ဥပဒေပညာရှင်များ လိုပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“အင်န်အယ်လ်ဒီ အမတ်တွေ၊ နှုတ်ကြောင့် မသေပါစေနဲ့”


ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၈ ရက်နေ့ လွှတ်တော် အစည်းအဝေးမှာ တပ်မတော်သား အစုအဖွဲ့က လွှတ်တော် နာယကဆီ ကန့်ကွက်စာ တစ်စောင် ပေးပို့ပါတယ်။ ထူးထူးခြားခြား စာပါ။ အဲဒါကတော့ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၅ ရက်နေ့ ပြည်ထောင်စု လွှတ်တော်အတွင်းမှာ အမျိုသားစီမံကိန်း ဥပဒေ မူကြမ်းပါ တပ်မတော်အခန်းနဲ့ ပတ်သက်ပြီး အင်န်အယ်လ်ဒီအမတ် ဒေါက်တာအောင် မိုးညို ရဲ့ ဆွေးနွေးချက် တွေကို လွှတ်တော် မှတ်တမ်းကနေ ပယ်ဖျက်ပေးဖို့ ဖြစ်ပါတယ်။ ဒီပေးစာကို လွှတ်တော်နာယက က လွှတ်တော်တွင်း ဖတ်ပြပြီး နောက် အတည်ပြုပေးလိုက်ပါတယ်။ ပြဿနာ ဘယ်လိုဖြစ်ရတာပါလဲ၊ လွှတ်တော် တွင်းမှာ ဒေါက်တာအောင်မိုးညိုက ဘာတွေ ပြောဆိုလို့၊ တပ်မတော်သား အစုအဖွဲ့က ဘယ်လို ကန့်ကွက်တာပါလဲ၊ အင်န်အယ်လ်ဒီ အမတ်တစ်ယောက်ရဲ့ ဒီလို ပြောဆိုမှုမျိုးတွေဟာ သင့်တော်ပါရဲ့လား ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

ချည်ပြီးတုတ်ပြီး အဆိုပြုချက် မဖြစ်စေချင်


ပြီးခဲ့သည့် ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံက အဆိုပြုချက် (၄) ရပ်ကို အတည်ပြု ထုတ်ပြန်ခဲ့သည်ကို ဖတ်ရှုရသည်မှာ စိတ်ဝင်စားဖို့ကောင်းပါသည်။ မူအားဖြင့် လက်ကမ်း ကြိုဆိုကြ ရမည့် အဆိုပြုချက်ဖြစ်သည်ဟု ဦးစွာပထမ ပြောရပါလိမ့်မည်။ အဘယ့်ကြောင့် ဆိုသော် အဆိုပြုချက်ဟု ဆိုထားသောကြောင့် ဖြစ်ပါသည်။

ပြည်သူ့ငွေစာရင်းကော်မတီ အစိုးရ၏ ၂၀၁၅-၁၆ ဘဏ္ဍာနှစ် ၆လပတ် ဖွံ့ဖြိုးမှုအစီရင်ခံစာ တိုင်းလွှတ်တော်တင်


ဧရာဝတီတိုင်းဒေသကြီးအတွင်း ပညာရေးကဏ္ဍတွင် ၄၉၆ကျောင်းကို ဆောက်လုပ်ရေးကုမ္ပဏီ ၁၀၁ခုအား တင်ဒါစနစ်ဖြင့် တာဝန်ပေးထား ခဲ့ကြောင်း ပြည်သူ့ငွေစာရင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေး၊ သမဝါယမ၊ စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံဖြိုးတိုးတက်ရေးကော်မတီက အစိုးရ၏ ၂၀၁၅ခုနှစ် ဧပြီလမှ စက်တင်ဘာလအတွင်း ၆လစာ အစီရင်ခံစာ ကို ဧရာဝတီတိုင်းလွှတ်တော်သို့ ဇန်နဝါရီ ၁၉ရက်က တင်သွင်းခဲ့သည်။

ဘာလီမှာ အကြမ်းဖက်မယ် ဆိုတဲ့ ခြိမ်းခြောက်စာ ရရှိ


အင်ဒိုနီးရှားနိုင်ငံက ​ကမ္ဘာလှည့် ​ခရီးသည်တွေ ​သွားလာမှုများတဲ့ ​ဘာလီကျွန်းမှာ ​အကြမ်းဖက်မှု ​လုပ်မယ်လို့ ​အစိုးရက ​ခြိမ်းခြောက်စာ ​ရရှိတဲ့အတွက် ​လုံခြုံရေးတွေ ​တင်းကြပ်နေပါတယ်။ မြို့တော် ​ဂျာကာတာ ​မြို့မှာ ​အကြမ်းဖက်မှု ​ဖြစ်ပေါ်ပြီး ​တစ်ပါတ်တောင် ​မရှိတဲ့ ​အချိန်မှာပဲ ​အခုလို ​ခြိမ်းခြောက်စာ ​ရရှိထားတာပါ။

သြစီ ဝန်ကြီးချုပ်နဲ့ ကန်သမ္မတ တို့တွေ့ဆုံ


အမေရိကန် ​သမ္မတ ​ဘာရက်အိုဘားမားက ​သြစတြေးလျဝန်ကြီးချုပ် ​Malcolm ​Turnbull ​ကို ​အိမ်ဖြူတော်မှာ ​လက်ခံတွေ့ဆုံခဲ့ပြီး ​အကြမ်းဖက်မှု ​ကိစ္စနဲ့ ​ကမ္ဘာ့စီးပွားရေး ​ကိစ္စတွေကို ​ဆွေးနွေးခဲ့ကြပါတယ်။ Malcolm ​Turnbull ​က ​IS ​အစ္စလာမ်မစ် ​အကြမ်းဖက် ​အဖွဲ့ဟာ ​အွန်လိုင်းပေါ်မှာ ​လူတွေကို ​လွှမ်းမိုးမှုများတာကြောင့် ​အဲဒီအပေါ် ​တုန့်ပြန်မှုတွေ ​လုပ်ဖို့ ​ပိုကြိုးစားရမယ်လို့ ​သမ္မတ ​အိုဘားမားကို ​ပြောခဲ့ပါတယ်။

Jihadi John သေပြီလို့ IS အတည်ပြု


ဗြိတိန်နိုင်ငံသား ​ဂျီဟတ်ဒစ် ​သမား ​Jihadi ​John ​ဟာ ​နိုဝင်ဘာလတုန်းက ​သေဆုံးသွားပြီလို့ ​IS ​အစ္စလာမ်မစ် ​အဖွဲ့က ​အတည်ပြုလိုက်ပါတယ်။ IS ​တွေ ​ကြီးစိုးထားတဲ့ ​Raqqa ​မြို့မှာ ​သွားလာနေတုန်း ​မောင်းသူမဲ့ ​လေယာဉ်ဒရုန်းနဲ့ ​တိုက်ခိုက်ခံရပြီး ​သေဆုံးသွားတာလို့ ​ဆိုပါတယ်။

ဗုံးခြိမ်းခြောက်မှုကြောင့် ကန်နိုင်ငံက ကျောင်း ၁၂ ကျောင်းကျော် ပိတ်ခဲ့ရ


အမေရိကန်နိုင်ငံ ​အရှေ့မြောက်ပိုင်းက ​စာသင်ကျောင်းတွေမှာ ​ဗုံးတွေ ​ရှိတယ်ဆိုတဲ့ ​ဖုန်းခေါ်ဆိုမှုတွေကြောင့် ​ကျောင်းပေါင်း ​တစ်ဒါဇင်ကျော်ကို ​ပိတ်ချခဲ့ရပါတယ်။ နယူးဂျာဆီ ​ပြည်နယ်က ​အနည်းဆုံး ​ကျောင်း ​၉ ​ကျောင်းလောက် ​ခြိမ်းခြောက်မှုတွေ ​ရရှိခဲ့လို့ ​ရဲတွေက ​ဝင်ရောက်စစ်ဆေးခဲ့ရပါတယ်။

နယူးဇီလန်မှာ လင်းလက်လာသည့် ချင်းကြယ်ပွင့်


နယူးဇီလန်နိုင်ငံတွင် ပြောင်းရွှေ့အခြေချ နေထိုင်သူ မြန်မာနိုင်ငံသားဖွား ချင်းလူငယ်တစ်ဦးဖြစ်သည့် လယ်စင်ဇာသည် ကန်တာဘူရီတက္ကသိုလ်မှ မြို့ပြအင်ဂျင်နီယာဘွဲ့ ရရှိခဲ့ပြီး နယူးဇီလန် ချင်းအသိုင်းအ၀ိုင်းတွင် ပထမဆုံး အင်ဂျင်နီယာဘွဲ့ ရသူ ဖြစ်လာခဲ့သည်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နေရာနဲ့ရခိုင်ပြည်နယ် အစိုးရ ဖွဲ့စည်းခွင့်မရရင် NLD နဲ့ အတိုက်အခံအဖြစ်ရပ်တည်မယ့် ရခိုင်အမျိုးသားပါတီ

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များတွင် ဗိုလ်ချုပ်အဆင့်အထိ ပါဝင်နေခြင်းမှာ အတိုက်အခံပါတီမှ နေရာအများစု ရရှိလာခြင်းကြောင့်ဖြစ်ဟု လေ့လာသူများဆို


လာမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စတင်မည့် လွှတ်တော် သက်တမ်းအသစ်တွင် အနိုင်ရပါတီ အန်အယ်လ်ဒီသည် ယခင်က အတိုက်အခံပါတီ ဖြစ်နေသည့်အပြင် အမြဲတမ်း အတိုက်အခံဖြစ်ခဲ့သည့် ပါတီဖြစ်နေခြင်းကြောင့် တပ်မတော်သားကိုယ်စားလှယ်များ ရွေးချယ်ရာတွင် ပိုမိုအလေးအနက်ထား ရွေးချယ်ခြင်း ဖြစ်ပြီးဗိုလ်ချုပ် အဆင့်ရှိသူများ ပါဝင်လာခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူ အချို့ကသုံးသပ်သည်။

'၀' ပြည်နယ်အရေး တောင်းဆိုမှု ဖြေရှင်းဖို့ NLD အဆင်သင့်ဖြစ်ပြီလား


ကျင်းပပြီးစီးခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ ၀ တိုင်းရင်းသားမျိုးနွယ်စုတွေအတွက် ပြည်နယ်သတ်မှတ်ပေးဖို့ ၀ ဒီမိုကရက်တစ်ပါတီက တင်ပြတောင်းဆိုခဲ့ပါတယ်။ တရားဝင်မှုအရ တွက်မယ်ဆိုရင် နိုင်ငံရေးဆွေးနွေးပွဲဆိုတဲ့ တရားဝင်တောင်းဆိုခွင့်ရှိတဲ့ နေရာမှာ ၀ တိုင်းရင်းသားပါတီအနေနဲ့ တောင်းဆိုခဲ့ခြင်းဖြစ်ပါတယ်။ 

အရှင်ဂမ္ဘီရ အဖြစ် ထင်ရှားခဲ့တဲ့ ကိုညီညီလွင် မန္တလေးမှာ ဖမ်းဆီးခံရ


၂၀၀၇ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုမှာ အရှင်ဂမ္ဘီရ အဖြစ် ထင်ရှားခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုညီညီလွင်ကို မနေ့ညက မန္တလေးမြို့ ပါဝါဟိုတယ်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးသွားကြောင်း သိရပါတယ်။ ကိုညီညီလွင် ဖမ်းဆီးခံခဲ့ရတာ ဟုတ်မှန်ကြောင်း မိသားစုဝင်တစ်ဦးက RFA ကို အခုလိုပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ငြိမ်း)ရဲ့ သားမက်ဖြစ်သူ လွှတ်တော်ကိုယ်စားလှယ်အဖြစ် တက်ရောက်မည်


လာမယ့်ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ စတင်မယ့် လွှတ်တော်အသီးသီးအတွက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်စာရင်းကို ထုတ်ပြန် ရာမှာ ရန်ကုန်တိုင်းဒေသကြီးအတွက် ကိုယ်စားလှယ်စာရင်းထဲမှာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ သားမက်ဖြစ်သူ ဗိုလ်မှူးချုပ်သိန်းနိုင် လည်း ပါဝင်တယ်လို့ သိရပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်မှာ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးခေါ်ယူ


နေပြည်တော်က ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဌာနချုပ်မှာ ဗဟိုအလုပ်အမှု ဆောင်ကော်မတီ အစည်းအဝေးကျင်းပခဲ့ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ၀န်ကြီးချုပ် ၁၂ ဦးပါ တက်ရောက်တယ်လို့ သိရပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ၀န်ကြီးချုပ်တွေပါ တက်ရောက်တဲ့အတွက် ပါတီတွင်း ထိပ်သီးအစည်းအဝေးဟာ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဖြစ်လာ မလား ဆိုပြီး သတင်းတွေ ထွက်ပေါ်နေပါတယ်။

လက်ပံတောင်းမှာ ဆန္ဒပြသူ ၃ ဦး တရားစွဲခံရ


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ မြေယာလျော်ကြေးပေးဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ဆန္ဒပြခဲ့ရာမှာ ဦးဆောင်ခဲ့သူ ၃ ဦးကို တရားမ၀င်စီတန်း လှည့်လည်ခြင်း ဆိုင်ရာ ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုလိုက်ပါတယ်။ ဝမ်ပေါင်ကုမ္ပဏီရုံးရှေ့မှာ ဇန်န၀ါရီလ ၁၆ ရက် နဲ့ ၁၈ ရက်နေ့တွေက ခွင့်ပြုချက်မရှိဘဲဆန္ဒပြတောင်းဆိုတာကြောင့် ပုဒ်မ ၁၈နဲ့ အမှုဖွင့်ထား တာလို့ ဆားလင်းကြီးမြိုနယ် ညောင်ပင်းကြီး ရဲစခန်းမှူး ဒုရဲအုပ်ညိုမောင်က ပြောပါတယ်။

တရားဥပဒေစိုးမိုးရေးဟာ တိုင်းပြည်ရဲ့ဂုဏ် သိက္ခာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော


မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှုရှိမှသာ နိုင်ငံသူနိုင်ငံသားတွေ စိတ်လုံ ခြုံမှုရှိမှာ ဖြစ်ကြောင်းနဲ့ နိုင်ငံသူ နိုင်ငံသားတွေ စိတ်လုံခြုံမှုရှိမှသာ နိုင်ငံ့ဂုဏ်သိက္ခာကို ထိန်းသိမ်း နိုင်မှာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံဟာ အားကောင်းတဲ့ တိုင်းပြည်လို့ ပြော


တိုင်းရင်းသားပေါင်းစုံတွေ စုပေါင်းနေထိုင်တဲ့ တိုင်းပြည်တစ်ခုဟာ အားကောင်းတဲ့ တိုင်းပြည်တစ်ခုဖြစ်နိုင်သလို တစ်ချိန်တည်းမှာလည်း အဲဒီ့လိုတိုင်းပြည်မျိုးဟာ ထိလွယ်ရှလွယ် တိုင်းပြည်မျိုးဖြစ်နိုင်ကြောင်း အမေရိကန်အစိုးရ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski က ပြောပါတယ်။

အီရန်က လွှတ်ပေးတဲ့ ကန်အကျဉ်းသား မိသားစုနဲ့ ပြန်ဆုံဆည်း


အမေရိကန်ပြည်ထောင်စုနဲ့ အီရန်အကြား အကျဉ်းသားဖလှယ်ရေး အစီအစဉ်နဲ့ အီရန်အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာတဲ့ အတွက် သူ့အနေနဲ့ အရမ်းကံကောင်းတဲ့သူလို့ ယူဆကြောင်း အမေရိကန် မရိန်းတပ်ဖွဲ့ဝင်ဟောင်း Amir Hekmati က ပြောပါတယ်။

ကမ္ဘာ့စီးပွားရေးတိုးတက်မှု တရုတ်ကြောင့်နှေးကွေးနိုင်


တရုတ်နိုင်ငံရဲ့ စီးပွားရေးနှေးကွေးမှုကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဈေးကွက်တွေအပေါ် အန္တရာယ်ရှိစေနိုင်တာကို ထောက်ပြပြီး၊ ၂၀၁၆ ခု အတွက် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုခန့်မှန်းချက်ကို IMF ခေါ် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ကြီးက လျှော့ချလိုက်ပါတယ်။ ကမ္ဘာ့စီးပွားရေးဟာ ၂၀၁၆ ခုမှာ ၃.၄% နဲ့ ၂၀၁ရ ခုမှာ ၃.၆ % တိုးလိမ့်မယ်လို့ ယုံကြည်တဲ့အကြောင်း ၀ါရှင်တန်အခြေစိုက် IMF အဖွဲ့ကြီးက အင်္ဂါနေ့က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံအေးချမ်းသာယာရေး ဥပဒေပညာရှင်တွေ ၀ိုင်းဝန်းဆောင်ရွက်ဖို့ ဒေါ်စုတိုက်တွန်း


မတူညီတဲ့ သဘောထားတာတွေကို အေးအေးချမ်းချမ်းနဲ့ ဆွေးနွေး အဖြေရှာတဲ့ နည်းလမ်းကသာ မြန်မာနိုင်ငံအတွက် လိုအပ်နေတဲ့ ညီညွတ်ရေးနဲ့ အေးချမ်းသာယာရေးကို အကောင်အထည် ဖော်နိုင်မှာဖြစ် တယ်လို့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

အစိုးရသစ်လက်ထက် သတင်းမီဒီယာလွတ်လပ်ခွင့် မျှော်မှန်းချက်


အတိုက်အခံပါတီ NLD က ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ အများစုတက်ရောက်ကြမယ့် လာမယ့် ဖေဖော်ဝါရီ ၁ ရက်မှာ ပြန်စတော့မယ့် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းမှာ အရင်လွှတ်တော်ထက်စာရင် သတင်းလွတ်လပ်စွာ ရယူနိုင်ခွင့် ပိုမိုရရှိလာမယ်လို့ သတင်းသမားတွေက မျှော်လင့်ပါတယ်။

စစ်တပ်ကိုယ်စားလှယ်တွေ လွှတ်တော်သစ်အတွက် ပြင်ဆင်


နေပြည်တော်မှာ မကြာခင် ပြန်စတင်တော့မယ့် ဒုတိယအကြိမ် လွှတ်တော် ၂ ရပ် အစည်းအဝေးတွေအတွက် အသစ်ခန့်အပ်လိုက်တဲ့ တမတ်သား ကိုယ်စားလှယ်တွေ ထဲမှာ ဗိုလ်ချုပ်တွေ ပိုမို ထည့်သွင်းလာတာဟာ မြန်မာ့နိုင်ငံရေးမှာ တပ်မတော်က ဦးဆောင်မှု အခန်းကဏ္ဍကို တိုးမြှင့်ဖို့ ရည်ရွယ်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေ ရှိပါတယ်။ ပြည်တွင်းစစ်ဖြစ်ပွား နေဆဲ မြန်မာနိုင်ငံမှာ အစိုးရသစ်အနေနဲ့လည်း တိုင်းပြည် လုံခြုံရေးနဲ့ ကာကွယ်ရေးကိစ္စရပ်တွေမှာ တပ်မတော်နဲ့ လက်တွဲလုပ်ဆောင်ရ မှာ ဖြစ်တယ်လို့ စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဦးအောင်လင်းထွဋ် က ပြောဆိုခဲ့ပါတယ်။ အပြည့်အစုံကိုတော့ မနန္ဒာချမ်း က တင်ပြထားပါတယ်။

ပိတ်ဆို့မှုဖြေလျှော့ခြင်း အီရန်အကြီးအကဲ ကြိုဆို


အီရန်နိုင်ငံ အပေါ် ချမှတ်ထားတဲ့ နိုင်ငံတကာရဲ့ စီးပွားရေး အရ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဖယ်ရှားလိုက်တဲ့ အပေါ် အီရန် ဘာသာရေး ခေါင်းဆောင် Ayatollah Ali Khamenei က ကြိုဆိုလိုက်ပါတယ်။ ဒါပေမယ့်အီရန်ရဲ့ နျူးကလီးယား အစီအစဉ်တွေ အားလုံးကို အမေရိကန် ထိန်းချုပ်လိုက်တာမျိုး မဖြစ်အောက် ဆက်လက် သတိထားသွားဖို့ လိုတယ် လို့လည်း ပြောဆိုလိုက်ပါတယ်။

မတူကွဲပြားမှု အကြား နားလည်မှုနဲ့ မြန်မာ့ခေတ်သစ် ထူထောင်ဖို့ ကန်ဝန်ကြီး တိုက်တွန်း


မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski က မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြသူတွေကြား လူမျိုးဘာသာ၊ အသားအရောင် မခွဲခြားဘဲ၊ အပြန်အလှန် နားလည် သည်းခံမှုနဲ့ နည်းပညာတိုးတက် ဆန်းသစ်မှုတွေနဲ့ အတူ ခေတ်သစ် ထူထောင်ကြဖို့တိုက်တွန်းလိုက်ပါတယ်။

ယခု ဘတ်ဂျက်နှစ် ကျန်းမာရေးအသုံးစရိတ် ၃ ဒသမ ၈၉ ရာခိုင်နှုန်းသာရှိ၊ ယခင်နှစ်ထက် ၀ ဒသမ ၀၂ ရာခိုင်နှုန်းလျော့ကျ


လာမည့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွက် ကျန်းမာရေး အသုံးစရိတ်လျာထား ချက်သည် ၃ ဒသမ ၈၉ ရာခိုင်နှုန်းသာရှိပြီး ၂၀၁၅-၁၆ ဘဏ္ဍာနှစ်ထက် ၀ ဒသမ ၀၂ ရာခိုင်နှုန်း လျော့ကျသွား ကြောင်း သတင်းရရှိသည်။ နိုင်ငံတော်မှ ကျန်းမာရေးအ သုံးစရိတ်သုံးစွဲမှုကို နှိုင်းယှဉ်ကြည့် လျှင် ၂၀၁၁-၁၂ ဘဏ္ဍာနှစ်အ တွင်း၌ ၁ ဒသမ ၀၇ ရာခိုင်နှုန်း သာရှိခဲ့ပြီး ၂၀၁၅-၁၆ ဘဏ္ဍာနှစ် အတွင်း၌ ၃ ဒသမ ၉၁ ရာခိုင်နှုန်း အထိ သိသာစွာ တိုးမြှင့်သုံးစွဲခဲ့ ကြောင်း ယခု ၂၀၁၆-၁၇ ဘဏ္ဍာ နှစ်အတွင်း အသုံးစရိတ် အတွက် လျာထားချက်၌ ၃ ဒသမ ၈၉ ရာ ခိုင်နှုန်းသာတွေ့ရသဖြင့် ယမန် နှစ်ထက် လျော့ကျသွားပြီး မဖြစ် သင့်ကြောင်း ပြည်သူ့လွှတ်တော် ကျန်းမာရေးမြှင့်တင်မှုကော်မတီ ဝင် ဦးမြင့်ဦးက ပြောသည်။

‘‘ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အဓိကကတော့ ယုံကြည်မှုတည်ဆောက်ခြင်း [Trust Building] လုပ်နိုင်ဖို့ပါပဲ’’ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် တွေ့ဆုံခြင်း


၂၀၁၁ က စတင်ခဲ့သော လက်ရှိ အစိုးရ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပထမအကြိမ်ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံနှင့်အတူပြီး ဆုံးသွားခဲ့ပြီဖြစ်သည်။ သမ္မတဦး သိန်းစိန်လက်ထက်တွင် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ကို အဓိကဦး ဆောင်ခဲ့သူတစ်ဦးဖြစ်သည့် ပြည် ထောင်စုငြိမ်းချမ်းရေးဖော်ဆောင် ရေးလုပ်ငန်းကော်မတီ (UPWC) ဒုဥက္ကဋ္ဌနှင့် သမ္မတရုံးဝန်ကြီးဌာန (၄) ပြည်ထောင်စုဝန်ကြီးဦး အောင်မင်းနှင့် 7Day မှ ဇန်န၀ါရီ ၁၉ရက်က နေပြည်တော်တွင် သီး သန့်တွေ့ဆုံခဲ့သည်။ ဦးအောင် မင်းနှင့် တွေ့ဆုံစဉ် လေးနှစ် ကျော် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှင့် အစိုးရသစ်လက်ထက်အလား အလာ၊ မြန်မာနိုင်ငံငြိမ်းချမ်းေ၇း နှင့် ပြန်လည်ထူထောင်ရေးဗဟို ဌာန(MPC)အလားအလာစသည့် ကိစ္စရပ်များအပါအ၀င် 7Day က မေးမြန်းခဲ့မှုများကို ကောက်နှုတ် ဖော်ပြလိုက်ပါသည်။

တာဝန်ပြီးဆုံးပြီးနောက် ပါတီနိုင်ငံရေး ဆက်လုပ်၊ မလုပ် သမ္မတဦးသိန်းစိန် မဆုံးဖြတ်ရသေး


သမ္မတဦးသိန်းစိန် အနေဖြင့် သမ္မတသက်တမ်းတာ ဝန်ပြီးဆုံးချိန်တွင် ပါတီနိုင်ငံရေး ဆက်လက်လုပ်ဆောင်ရန် မဆုံး ဖြတ်ရသေးကြောင်း သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင် မင်းက ပြောသည်။ ဇန်နဝါရီ ၁၉ ရက်က နေပြည်တော်ရှိ သမ္မတရုံးဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင် မင်းနှင့် 7Day Daily သတင်းစာ တို့ သီးသန့်တွေ့ဆုံမှု၌ သမ္မတ ဦးသိန်းစိန်အနေဖြင့် သမ္မတသက် တမ်းကုန်ဆုံးချိန်တွင် ပါတီနိုင်ငံ ရေးဆက်လက်လုပ်ဆောင်ရန် ရှိ၊ မရှိ မေးမြန်းမှုကို ပြန်လည်ဖြေ ကြားခဲ့ခြင်းဖြစ်သည်။

Tuesday, January 19, 2016

ဦးပိုင် နှင့် တပ်မတော်၏ သိက္ခာထိခိုက်စေသည့် ဆွေးနွေးချက်ကို လွှတ်တော်မှတ်တမ်းက ပယ်ဖျက်ဖို့ တပ်မတော်ကန့်ကွက်လွှာတင်


မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်နှင့် တပ်မတော်အပေါ် သိက္ခာထိခိုက်သည်ဟုဆိုကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမတ် ဒေါက်တာအောင် မိုးညို၏ ဆွေးနွေးချက်များကို လွှတ်တော်က မှတ်တမ်းမတင်ဘဲ ပယ်ဖျက်ပေးရန် တပ်မတော်သား အစုအဖွဲ့ ကိုယ်စားလှယ်များက ပြည်ထောင်စုလွှတ်တော်နာယကထံ ကန့်ကွက်လွှာတစ်စောင်ပေးပို့ တောင်းဆိုခဲ့သည်။

ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်ရေး လွှတ်တော်ပြင်ပမှ ကြိုးပမ်းမည်ဟု SSPP ဆုံးဖြတ်


ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က စစ်မှန်သော ဒီမိုကရေကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာရန်အတွက် လွှတ်တော်ပြင်ပနည်းလမ်း ဖြင့် ဆက်လက်ဆောင်ရွက်သွားရန် အပါအဝင် အချက် ၆ ချက်ကို ၂၀၁၅ ခုနှစ် ဗဟိုကော်မတီ မျက်နှာစုံညီ အစည်းအဝေးမှ ဆုံးဖြတ်ခဲ့သည်။

“ဆက်ပြီး ရှင်သန်ချင်ရင်၊ ပြည်ခိုင်ဖြိုးပါတီ တပ်မတော်နဲ့ လမ်းခွဲပါ”


အခုဆိုရင် ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မရှုမလှ ရှုံးနိမ့်သွားခဲ့ရတဲ့ ပြည်ထောင် စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်း အဝေးတစ်ရပ် ကျင်းပဖို့ ကော်မတီဝင်တွေ နေပြည်တော် မှာစုရုံး ရောက်ရှိနေကြပါပြီ။ ဒီ အစည်းအဝေးကြီးမှာ ရွေးကောက်ပွဲကြီးမှာ ရှုံးနိမ့်ခဲ့ရ တာနဲ့ ပတ်သက်ပြီး ပြန်သုံးသပ်ဖို့ ရှိနေသလို ပါတီရဲ့ ရှေ့ရေးကိုလည်း ဆွေးနွေး ဆုံးဖြတ်ကြဖို့ ရှိနေ ပါတယ်။ ဒါ့အပြင် ပါတီတွင်းဖြစ်ပေါ်ခဲ့တဲ့ ဂိုဏ်းဂဏ အကွဲအပြဲတွေနဲ့ ပတ်သက်ပြီး ဘယ်လို ဆက်လုပ် ကြမယ် ဆိုတာကိုလည်း ဆွေးနွေးကြဖွယ် ရှိနေပါတယ်။ ပြည်ခိုင်ဖြိုးပါတီ ဘယ်လမ်းကို ရွေးသင့်သလဲ ဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

NLD ဦးဆောင်မည့် အစိုးရသစ် နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် အမေရိကန် အစိုးရ မျှော်လင့်ထားဟုဆို


အမေရိကန်ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Antony J. Blinken သည် ဒီမိုကရေစီ နှင့်လူ့အခွင့်အရေး ကိစ္စရပ်များကို အစိုးရအရာရှိများ၊ အန်ဂျီအိုများနှင့် ဆွေးနွေးရန် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ ဇန်နဝါရီလ ၁၈ ရက်တွင် မစ္စတာ Blinken သည် သမ္မတ ဦးသိန်းစိန် အပါအဝင် အစိုးရအဖွဲ့ဝင်များ နှင့် တွေ့ဆုံခဲ့ကာ၊ အာဏာရလာတော့မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့်လည်း နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။

ဗမာပြည်နယ် သတ်မှတ်နိုင်ရေး ငြိမ်းချမ်းရေး ညီလာခံတွင် ဆွေးနွေး


ဖက်ဒရယ် ပြည်ထောင်စုစနစ် တည်ဆောက်ရာတွင် အမျိုးသား တန်းတူ ရေးကို အခြေခံသည့် “ဗမာပြည်နယ်” ထပ်တိုး သတ်မှတ် ပေးရန် နေပြည်တော်တွင် ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံအတွင်း ဆွေးနွေးမှုများ ရှိခဲ့သည်ဟု သတင်းရရှိသည်။

နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K) ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဝမ်းစိန်နှင့်တွေ့ဆုံခြင်း

ဇန်န၀ါရီ ၁၂ ရက်ကစ၍ ငါး ရက်ကြာပြုလုပ်ခဲ့သော ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ ညီချက် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ရှစ်ဖွဲ့ပါဝင် တက်ရောက်ခဲ့သည်။ ထို့အပြင် NCA ကို လက်မှတ်ရေး ထိုးခြင်းမရှိသည့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K) ကိုယ် စားလှယ်များလည်း အထူးဖိတ်ကြားထားသူအဖြစ် တက်ရောက်ခဲ့ကြသည်။

ယခုအစိုးရသက်တမ်းတွင် ရန်ကုန်စည်ပင်ကော်မတီဝင် ရွေးကောက်ပွဲ ပြုလုပ်နိုင်ဖွယ်မရှိတော့


ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီအဆင့် ဆင့်ရွေးကောက်ပွဲ ယခုအစိုးရ သက်တမ်းအတွင်း ပြုလုပ်နိုင် ဖွယ်မရှိကြောင်း သတင်းရရှိ သည်။ ရန်ကုန်စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့်ရွေးကောက် ပွဲကို ၂၀၁၄ နှစ်ကုန်ပိုင်းကပြုလုပ် ခဲ့ပြီး ရွေးချယ်ခံရသူများ၏ သက် တမ်းသည် အစိုးရသက်တမ်းနှင့်အတူ သတ်မှတ်ထားခြင်းကြောင့် ယခုအစိုးရသက်တမ်း မကုန်မီ ပြန်လည်ရွေးချယ်ရန် လိုအပ် သော်လည်း ယခုအချိန်အထိမည် သည့်ညွှန်ကြားချက်မျှရှိမနေသေး ကြောင်း ကော်မတီဝင်အချို့ကဆို သည်။

Monday, January 18, 2016

NLD အစိုးရအဖွဲ့မှာ ဘယ်သူတွေ ပါမလဲ


၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ရဲ့ အစိုးရ အဖွဲ့သစ်ဟာ အမျိုးသား ရင်ကြားစေ့ရေးကို ဦးတည်တဲ့ အစိုးရအဖွဲ့ ပုံစံမျိုး ဖွဲ့စည်းမယ် ဆိုတာကလွဲရင် သမ္မတ ဘယ်သူဖြစ်မလဲ ဆိုတာ အပါအ၀င် ဘယ်သူတွေနဲ့ ဖွဲ့စည်းမယ် ဆိုတာကို NLD က လျှို့ဝှက်ထားလို့ ဘယ်သူကမှ တိတိကျကျ မသိရှိကြသေးပါဘူး။

နိုင်ငံတကာမှ နိုင်ငံရေးသမားများအတွက် စံ ဖြစ်လာသည့် မြန်မာ့နိုင်ငံရေး ခေါင်းဆောင်


နှစ်သစ်ကူး အားလပ်ရက်ကုန်ဆုံးကာ အမေရိကန်သမ္မတ ရွေးကောက်ပွဲ မဲဆွယ်မှုများ အရှိန်မြင့်လာချိန်တွင် ကမ္ဘာတစ်ဖက်ခြမ်း မြန်မာနိုင်ငံ မှ ခေါင်းဆောင်တစ်ဦးထံမှ သင်ခန်းစာရယူရန် အချိန်ကောင်း တစ်ခုဖြစ် လာသည်။ အမေရိကန်သမ္မတ ရွေးကောက်ပွဲ အကြို ကာလတွင် ပါတီတွင်း သမ္မတလောင်းအချင်းချင်း ပါတီ ၂ ခုကြား သမ္မတလောင်း များကြားတွင် ပုဂ္ဂိုလ်ရေး နိုင်ငံရေး ပြစ်တင်ဝေဖန်မှုများက ထိပ်ဆုံး သို့ ရောက်ရှိနေသည်။

ဟန်နာဝှစ်တာရစ်ခ်ျ၏ အစ်မ လော်ရာ၏ စွပ်စွဲမှုများကို ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲများက ငြင်းဆို


ခိုတောင်ကျွန်း လူသတ်မှုနှင့် ပတ်သက်၍ သေဆုံးသူ ဟန်နာဝှစ်တာရစ်ခ်ျ၏ အစ်မ လော်ရာ၏ စွပ်စွဲမှုများကို ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲများနှင့် တရားရေး အရာရှိများက ငြင်းဆိုလိုက်သည်။ ထို လူသတ်မှုတွင် မြန်မာနိုင်ငံသား ရွှေ့ပြော်းလုပ်သား နှစ်ဦးအား သေဒဏ် ချမှတ်ခဲ့ခြင်းကို ဆန့်ကျင် တုံ့ပြန်သည့်အနေဖြင့် ထိုင်းတရားရုံးနှင့် အစိုးရ၀က်ဘ်ဆိုက် သုံးရာနီးပါးကို Anonymous ဟက်ကာ အဖွဲ့က တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး နောက် ထိုင်းအာဏာပိုင်များက ယခုကဲ့သို့ တုံ့ပြန်ပြောကြားခဲ့ခြင်း ဖြစ်သည်။

My Blog List