Saturday, March 22, 2014

အပစ်ရပ်စဲ သဘောတူညီချက် မူကြမ်းသစ် ရေးဆွဲမည်


ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၂ ရက်ကြာကျင်းပခဲ့တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT အစည်းအဝေး ကနေ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မူကြမ်းတစ်ရပ်ကို အစိုးရနဲ့အတူ ထပ်မံပြင်ဆင်ရေးဆွဲဖို့ ဆုံးဖြတ်ခဲ့ကြပြီး၊ အဲဒီအတွက် ပါဝင်ရေးဆွဲကြမယ့် ကိုယ်စားလှယ်တွေကိုလည်း ရွေးချယ်ခဲ့ကြပါတယ်။

Fortune မဂ္ဂဇင်းရဲ့ ကမ္ဘာ့အကြီးမြတ်ဆုံးခေါင်းဆောင် ၅၀ စာရင်းထဲ ဒေါ်စုပါဝင်


အမေရိကန်က နံမည်ကျော် စီးပွားရေး မဂ္ဂဇင်း Fortune ရဲ့ ၂၀၁၄ ခုနှစ်အတွက် ကမ္ဘာ့အကြီးမြတ်ဆုံးခေါင်းဆောင် အယောက် ၅၀ စာရင်းကို မနေ့ကထုတ်ပြန် ခဲ့တာမှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်ပါတယ်။ အများ အကျိုး ဆောင်ရွက်တဲ့နေရာမှာ ခိုင်မာတဲ့ ဦးဆောင်မှု ပေးနိုင်သူတွေ၊ မဟာဗျူဟာတွေကို မှန်မှန်ကန်ကန် ချမှတ် အကောင်အထည် ဖော်နိုင်သူတွေ၊ လိုရာပန်းတိုင်ရောက်တဲ့ အထိ အလျော့မပေး ဦးဆောင်မှုပေးတဲ့သူတွေ၊ ကြိုတင်မမြင်နိုင်တဲ့ ပြဿနာတွေ၊ ပဋိပက္ခတွေ ရင်ဆိုင်ရတဲ့အခါ မှန်မှန်ကန်ကန် တုံ့ပြန် ဆောင်ရွက်နိုင်သူတွေလို့ ယူဆရသူတွေကို ဒီစာရင်းထဲမှာ ထည့်သွင်းထားတာပါ။

တနိုင်ငံလုံးအပစ်ရပ်ရေး စစ်တပ်ပါမှ ဖြစ်မည်ဟု တိုင်းရင်းသား ခေါင်းဆောင်တွေပြော


တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ စုစည်းထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာညှိနှိုင်းရေး အဖွဲ့ NCCT အဖွဲဝင်တွေဟာ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မူကြမ်းတစ်ခုတည်း (Single Text) ရရှိရေး အတွက် အချောသတ်မှတ်နိုင်ဖို့ ချင်းမိုင်မြို့မှာ ၂ရက်ကြာ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲမှာ မူကြမ်းမှာအခန်း (၇) ခန်းမှာ ပါဝင်မယ့် အချက်အလက်တွေနဲ့ တပ်မတော်က တပြည်လုံး အတိုင်းအတာနဲ့ အပစ်ရပ်ရေး လက်မှတ်ရေးထိုးမူမှာ ပါဝင်မယ်ဆိုရင်တော့ တိုက်ပွဲတွေ ရပ်သွားနိုင်တယ်လို့ NCCT က သုံးသပ်ပြောဆိုပါတယ်။ 

ဂျပန် နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည် လာမယ်


ဂျပန် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဖူမီယို ကီရှီဒါ Fumio Kshida ရဲ့ နှစ်ရက် ကြာ မြန်မာ နိုင်ငံ ခရီးစဉ် အဖြစ် လာမယ့် ၂၃ ရက် တနင်္ဂနွေ နေ့မှာ ရန်ကုန်ကို ရောက်လာမှာ ဖြစ်ပါတယ်

ထိုင်းရောက် မြန်မာအလုပ်သမားတွေအတွက် Passportနဲ့ VISA သက်တမ်း စတိုးပေးနေ


မကြာသေးခင်က ထိုင်းနိုင်ငံရေး တင်းမာမှုတွေကြောင့် ရပ်ဆိုင်းထားခဲ့ရတဲ့ ထိုင်းရောက် မြန်မာအလုပ် သမားတွေ ပတ်စ်ပို့ နဲ့ ဗီဇာ သက်တမ်းတိုးရေးကိစ္စကို အခု ပြန်လည် လုပ်ဆောင်ပေးနေပြီဖြစ်ပါတယ်။ ၄ နှစ်သက်တမ်း ကုန်ဆုံးသွားတဲ့ ယာယီနေထိုင်ခွင့် ပတ်စ်ပို့တွေကို အသစ် လုပ်ပေးနေတာဖြစ်တယ်လို့ ဘန်ကောက် မြန်မာသံရုံးက ပြောပါတယ်။ 
 

ထိုင်းရွေးကောက်ပွဲ တရားမဝင်ကြောင်း တရားရုံးဆုံးဖြတ်


ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲတွေဟာနိုင်ငံတဝန်း တနေ့ထဲမှာကျင်းပ ခဲ့တဲ့ ရွေးကောက်ပွဲတွေမဟုတ်တဲ့အတွက်ဖွဲ့စည်းပုံ ဥပဒေနဲ့ ဆန့်ကျင်နေတာမို့ တရားမဝင်ဘူးလို့ နိုင်ငံ ရဲ့ ဖွဲ့စည်းပုံတရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။

Friday, March 21, 2014

စာချုပ်နဲ့ လုပ်ရတာက ပိုပြီးတော့ အဆင်ပြေတယ်လို့ဆိုတဲ့ သရုပ်ဆောင် ဖူးပွင့်သခင်

၂၀၁၁ခုနှစ်ရဲ့ အကယ်ဒမီဗန်းကိုင်အဖြစ် ပါဝင်လှုပ်ရှားခဲ့ပြီး နောက်မှာတော့ ဗီဒီယိုဇာတ်ကားများစွာမှာ ပါဝင်သရုပ်ဆောင်ရင်း Lucky Boss ဗီဒီယိုထုတ်လုပ်ရေးနဲ့ ခေါင်းဆောင်မင်းသမီးအဖြစ် ဇာတ်ကားတွေ ရိုက်ကူးနေပြီဖြစ်တဲ့ သရုပ်ဆောင် ဖူးပွင့်သခင် ကို Lucky Boss ဗီဒီယိုထုတ်လုပ်ရေးနဲ့ လက်ရှိမှာ စာချုပ်ပြည့်သွားပြီ ဖြစ်တဲ့အတွက် စာချုပ်နဲ့ ပတ်သက်ပြီး အနုပညာ အလုပ်လုပ်ကိုင်ရတဲ့ အပေါ်မှာ သူမရဲ့စိတ်ခံစားချက် ဘယ်လိုရှိတယ်ဆိုတာ မေးမြန်းကြည့်လိုက်တော့ ‘ ညီမ Lucky Boss နဲ့စာချုပ်ချုပ်ထားတာ ပြည့်သွားပြီ။ 
 

အပစ်ရပ်စဲ သဘောတူညီချက် မူကြမ်းသစ် ရေးဆွဲမည်


ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၂ ရက်ကြာကျင်းပခဲ့တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ NCCT အစည်းအဝေးကနေ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မူကြမ်း တစ်ရပ်ကို အစိုးရနဲ့ အတူ ထပ်မံပြင်ဆင်ရေးဆွဲဖို့ ဆုံးဖြတ်ခဲ့ကြပြီး၊ အဲဒီအတွက် ပါဝင်ရေးဆွဲကြမယ့် ကိုယ်စားလှယ်တွေ ကိုလည်း ရွေးချယ်ခဲ့ကြပါတယ်။

ငြိမ်းချမ်းစွာ လှည့်လည်ခွင့် ပခုက္ကူမှာ ပယ်ချခံရ

မကွေးတိုင်း ပခုက္ကူမြို့မှာ ဒေသခံတွေက ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် လျှောက်ထားချက်ကို မြို့နယ် ရဲတပ်ဖွဲ့မှူးက ပယ်ချလိုက်ပါတယ်။၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆန္ဒပြဖို့ ဥပဒေနဲ့ အညီလျှောက် လွှာ တင်ခဲ့တာဖြစ်ပေမဲ့၊ အကြောင်းပြချက် ၄ ရပ်နဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးက ငြင်းပယ် လိုက်တာဖြစ်ကြောင်း မနေ့က ရက်စွဲနဲ့ အကြောင်းပြန်စာမှာ ဖေါ်ပြထားပါတယ်။

နိုင်ငံ့ဝန်ထမ်း လစာ၊ ပင်စင်တိုးမြှင့်ရေး လွှတ်တော် ဆွေးနွေးမည်


နိုင်ငံဝန်ထမ်းတွေရဲ့ လက်ရှိလစာငွေကို ကျပ်၂ သောင်း တိုးမြင့်ပေးမယ့်အပြင် ပင်စင်လစာတွေကိုလည်း အချိုးကျတိုးမြင့်ပေးမယ့် ဥပဒေကြမ်းကို ဘဏ္ဍာရေးနဲ့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။

အာဆီယံ လူမှုအဖွဲ့အစည်း ညီလာခံနဲ့ ပြည်သူ့ဖိုရမ် အစည်းအဝေးများ စတင်ကျင်းပ

အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံက အရပ်ဖက် လူမှုအဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေ တက်ရောက်တဲ့ အာဆီယံ အရပ်ဘက် လူမှုအဖွဲ့အစည်း ညီလာခံနဲ့ အာဆီယံ ပြည်သူ့ဖိုရမ် အစည်းအဝေးကို ရန်ကုန်မြို့
၊ မြန်မာကွန်ဗန်ရှင်းစင်တာမှာ ဒီနေ့ စတင်ကျင်းပခဲ့ပါတယ်။

ကျောင်းသားသမဂ္ဂများ ထားရှိရေးအဆို လွှတ်တော်မှာ ရှုံးနိမ့်

အမျိုးသားပညာရေး ဥပဒေကြမ်းထဲမှာ ကျောင်းသားသမဂ္ဂတွေ ပြန်လည်ထားရှိဖို့အတွက် ထည့်သွင်းရေး ဆွဲပေးဖို့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ အဆိုတင် သွင်းခဲ့ရာမှာ ရှုံးနိမ့်ခဲ့ပါတယ်။

HIV ပိုးရှိ ရှင်သန်သူများအတွက် သင်္ကြန်ပွဲတော် မန္တလေးတွင် ပြုလုပ်မည်

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ HIV ပိုးရှိ ရှင်သန်သူများ စုပေါင်း၍ သင်္ကြန်ပွဲတော်ကို ဧပြီလ ၁၁ ရက်နေ့တွင် မန္တလေးဆေးရုံကြီး အမျိုးသားခုခံအားကျ/ကာလသားရောဂါ တိုက်ဖျက်ရေး ဌာနတွင် ပြုလုပ် သွားမည် ဖြစ်ကြောင်း အဆိုပါ ဌာနထံမှ စုံစမ်းသိရှိရသည်။

မြစ်ဆုံ စီမံကိန်းရပ်ဆိုင်းရေး ဧရာဝတီတိုင်းဒေသကြီး နိုင်/ကျဉ်းဟောင်း များ မြစ်ဆုံအထိ လမ်းလျှောက်မည်

ဧရာဝတီမြစ်ဆုံ ရေကာတာ တည်ဆောက်ရေး စီမံကိန်းကို အပြီးတိုင် ရပ်ဆိုင်းစေရေး အတွက် မြန်မာနိုင်ငံ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့က ဦးဆောင်၍ မတ်လ၂၃ ရက်နေ့တွင် ရန်ကုန်မြို့မှ မေခမလိခ မြစ်ဆုံအထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်ကြမည် ဖြစ်ကြောင်း ဧရာဝတီ တိုင်းဒေသကြီးမှ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ အဖွဲ့ဝင် ဦးအောင်သူရက ပြောကြားသည်။

ဦးတေဇရဲ့ အဲပုဂံနဲ့ ကုမ္ပဏီတချို့ကို အမေရိကန် ၂ ဦး တရားစွဲ


မြန်မာနိုင်ငံက ထူးကုမ္ပဏီးအုပ်စု တည်ထောင်သူ သူဋ္ဌေးကြီး ဦးတေဇပိုင် အဲပုဂံလေကြောင်းလိုင်း အပါအ၀င် ကုမ္ပဏီ တွေကို အမေရိကန် နိုင်ငံသား ၂ ဦးကနေ အမေရိကန်ပြည်ထောင်စု၊ ထိုင်းနိုင်ငံ နဲ့ မြန်မာနိုင်ငံတို့မှာ တရားစွဲဆိုထား တယ်လို့ ဦးတေဇက သူ့ဖေ့စ်ဘုတ်မှာ ရေးထားပါတယ်။

အခြေခံဥပဒေ ပြင်ဆင်ရေး မိုးကုတ်တွင် ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည်


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ တွင် မတ်လ ၂၂ ရက်နေ့နှင့်၂၃ ရက်တို့၌ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ဗဟို) ပြန်ကြားရေးထံမှ စုံစမ်းသိရှိရသည်။

၂ဝ၁၄ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD က နယ်မြေအားလုံးမှာ ဝင်ပြိုင်မယ်


လစ်လပ် မဲဆန္ဒနယ်များအတွက် အခု ၂ဝ၁၄ ခုနှစ်အတွင်းမှာ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပဖို့ရှိတယ် လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြည်သူ့ လွှတ်တော်မှာ မတ်လ ၂ဝ ရက်
နေ့ က ပြောသွားပါတယ်။

ရခိုင်အမျိုးသား ညီလာခံ လက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင်များ တက်ရောက်မည်


ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ကျင်းပမည့် ရခိုင်အမျိုးသား ညီလာခံတွင် ပြည်တွင်း၊ ပြည်ပရှိ ရခိုင်လက်နက်ကိုင် တပ်ဖွဲ့ခေါင်းဆောင်များ တက်ရောက်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။

၂၀၁၅ ခုနှစ်တွင် ရွေးကောက်ပွဲရှိလင့်ကစား ကြားဖြတ် ရွေးကောက်ပွဲကို ၂၀၁၄ ခုနှစ်မကုန်မီ ပြုလုပ်မည်ဟုဆို

လစ်လပ်နေသော မဲဆန္ဒနယ်မြေများအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၄ ခုနှစ်အတွင်း ကျင်းပ မည်ဖြစ်ကြောင်းနှင့် ပြုလုပ်မည့် ရက်ကို အနည်းဆုံး သုံးလကြိုတင်၍ အကြောင်းကြားပေးမည် ဖြစ်ကြောင်း
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက မတ် ၂၀ ရက်က ပြည်သူ့လွှတ်တော် တွင် ပြောကြားသည်။

သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်ခွင့်ပြု၍ ကမန် အပါအဝင် ရခိုင်ရှိ တိုင်းရင်းသားများ ကန့်ကွက်

သန်းခေါင်စာရင်းတွင် ဘင်္ဂါလီ လူမျိုးများကို ရိုဟင်ဂျာဟု ထည့်သွင်းခွင့် ပြုခြင်းသည် နိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိပါးလာနိုင်သဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ရခိုင်တိုင်းရင်းသား များနှင့် ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသား လူမျိုးများက မတ်လ ၂၀ ရက်နေ့တွင် သဘောထား ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

ပါတီမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်ဖို့ အမျိုးသားလွှတ်တော် အတည်ပြု


နိုင်ငံရေး ပါတီတည်ထောင် သူတွေဟာ နိုင်ငံသားဖြစ်ရမယ် ဆိုတဲ့အချက်ပါဝင်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ဒီကနေ့ အတည်ပြု လိုက်ပါ တယ်။

မလေးရှားရေဒါစနစ် အိန္ဒိယသမုဒ္ဒရာအထိ ထောက်လှမ်းနိုင်စွမ်းရှိ


မလေးရှားရဲ့ ရေဒါစနစ်က ဒေသတွင်းပင်လယ်ပြင်မှာ ပျံနေတဲ့ လေယာဉ်ပျံကိုခြေရာခံနိုင်တဲ့အခြေ အနေမှာရှိတယ်လို့ ဘဏ္ဍာရေးဝန်ကြီးဟောင်း အန်ဝါအီဘရာဟင်က ပြောလိုက်ပါတယ်။

ပျောက်ဆုံးလေယာဉ်ရှာဖွေရေးမှာ မလေးရှားက သတင်းထိန်ချန်ထားဖွယ်ရှိတယ်၊ တုန့်ပြန်ဆောင်ရွက် မှု နှေးတယ် ဆိုပြီး စွပ်စွဲခံနေရချိန်မှာ အဲသလို ပြောလိုက်တာပါ။

Thursday, March 20, 2014

သမ္မတ ဦးသိန်းစိန်နဲ့ ပွင့်လင်းစွာဆွေးနွေးခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြော


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော် သမ္မတဦးသိန်းစိန် နဲ့ ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့ က တွေ့ဆုံခဲ့တဲ့ပွဲမှာ မိမိအနေနဲ့ပွင့်လင်းစွာဆွေးနွေး ခဲ့ကြောင်း၊ တိုးတက်မှုများစွာရှိ တယ်လို့တော့ မဆိုနိုင်ကြောင်း RFA ကို ပြောကြားပါတယ်။

အစိုးရနှင့် လက်နက်ကိုင် အဖွဲ့များထံမှ တိုင်းရင်းသား မီဒီယာများ သတင်းယူရန် ခက်ခဲနေဆဲ


တိုင်းရင်းသား သတင်းမီဒီယာများက သတင်းရယူရာ၌ အစိုးရ အာဏာပိုင်များသာမက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဆက်သွယ်သတင်းရယူရာတွင်လည်း အခက်အခဲများနှင့် စိန်ခေါ်မှုများ ရှိနေကြောင်း ပြောသည်။

ကြားဖြတ် ရွေးကောက်ပွဲ ထပ်မံကျင်းပမည်


နိုင်ငံတ၀န်းရှိ လစ်လပ်နေသည့် မဲဆန္ဒနယ် ၃၀ ၌ ကြားဖြတ် ရွေးကောက်ပွဲ ထပ်မံ ကျင်းပပေး မည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး က ပြောကြောင်း သိရသည်။

လေယာဉ်ပျက်ကလို့ ယူဆရတဲ့ အပိုင်းအစတချို့ ပင်လယ်ထဲ တွေ့ပြီ



ပဟေဠိ မလေး လေယာဉ်ရဲ့ အပိုင်းအစတချို့ ဖြစ်နိုင်ဖွယ်ရှိတဲ့ အရာတချို့ ပင်လယ်ထဲ မျောနေတာ တွေ့ရ တယ်ဆိုတဲ့ သြစတေးလျ အနောက်တောင်ဘက်ကမ်းခြေကို ရှာဖွေရေးလေယာဉ်တွေ ဦးစားပေး ရှာဖွေ နေပါတယ်လို့ နိုင်ငံတကာသတင်းတွေက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ မန္တလေးစာပေသမားတို့ တွေ့ကြမယ်


ဒေါ်အောင်ဆန်းစုကြည်က မန္တလေးဒေသ စာပေအသိုင်းအဝန်းနဲ့ လာမယ့်တနင်္ဂနွေနေ့ တွေ့ဆုံဖို့ အစီအစဉ်ရှိပါတယ်။မကြာသေးခင်က မန္တလေးမှာပြုလုပ်တဲ့ စာပေပွဲတော်ကြီးတခုကို ဒေါ်အောင်ဆန်း စုကြည် တက်ရောက်ခဲ့ပါသေးတယ်။

မလေးရှားလေယာဉ်မှူးကြီးအိမ်က စက်ခန်းပုံစံငယ်ကို FBI စစ်ဆေးနေ


မလေးရှားလေယာဉ်မှူးကြီးရဲ့ အိမ်က သိမ်းဆီးထားတဲ့ လေယာဉ်မောင်း စက်ခန်းငယ် ပစ္စည်းတွေကို အမေရိကန် ထောက်လှမ်းရေး FBI က စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါပြီ။

သန်းခေါင်စာရင်း ကောက်ခံရာတွင် အပြည့်အဝ ပါဝင်မည်ဟု ရှမ်းပြည်တပ်မတော်ဆို


မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၃၀ ကျော်ကာလအတွင်း ပထမဆုံးအကြိမ် သန်းခေါင်စာရင်း ကောက်ခံရာတွင် ရှမ်းပြည် တပ်မတော် (တောင်ပိုင်း) က အပြည့်အဝ ပူးပေါင်း ပါဝင်မည် ဖြစ်ကြောင်း RCSS/SSA ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ မိုင်းဆတ်-မိုင်းတုံခ ဆက်ဆံရေးရုံး တာဝန်ခံ ဦးစိုင်းလောဝ်ဆန် က ပြောကြားသည်။

၂ဝ၁၄ ကြားဖြတ်ရွေးကောက်ပွဲ NLD ဝင်ပြိုင်မည်


ဒီနှစ်၂၀၁၄ ခုနှစ် အတွင်းမှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်မဲဆန္ဒနယ်မြေအားလုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ဒီကနေ့ ပြောလိုက်ပါတယ်။

MH 370 လေယာဉ် အပိုင်းအစများကို ရှာဖွေရာတွင် အခက်အခဲတွေ့


အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းတွင် MH 370 လေယာဉ် အပိုင်းအစများကိုရှာဖွေနေသောသြဇီတော် ဝင်လေတပ်မှ P3လေယာဉ်သည် မိုးသည်းထန်စွာရွာခြင်းနှင့် တိမ်ထူထပ်ခြင်းတို့ကြောင့် ဂြိုဟ်တု မှ ဖော်ပြသော အပျက်အစီးများကို ရှာဖွေရန် အခက်အခဲ ရှိနေကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးတွင် မွန်တိုင်းရင်းသား ခြောက်သောင်းနီးပါး ရှိဟု ဆို

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပမည့် ၂၀၁၅ခုနှစ် ရွေးကောက်ပွဲ၌ တနင်္သာရီတိုင်းဒေသကြီးအတွက် မွန်တိုင်းရင်းသားရေးရာ ဝန်ကြီးတစ်ဦး ထားရှိနိုင်ရန် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံခြင်း မပြုမီ မွန်လူဦးရေစာရင်း ကောက်ယူခဲ့ရာ မွန်တိုင်းရင်းသား ၅၈,၀၀၀ ဦး ရရှိထားပြီး ဖြစ်ကြောင်း မွန်ဒေသ လုံးဆိုင်ရာ ဒီမိုကရေစီပါတီ (ဗဟို) တွဲဖက် အတွင်းရေးမှူး (၁) နိုင်စံတင်က ပြောကြားသည်။

ကချင်ပြည်နယ် လွတ်မြောက်ရေး တပ်မတော် KIAက သန်ခေါင်း စာရင်းကောက်ခြင်းခွင့်မပြု

မြန်မာ နိုင်ငံတွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရန်အတွက်မြန်မာနိုင်ငံ အစိုးရ အနေဖြင့် ပြင်ဆင်နေချိန်တွင် ကေအိုင်အေ ကချင်လွတ်မြောက်ရေးအဖွဲ့ ထိန်းချုပ်နယ်မြေအတွင်း သန်းခေါင် စာရင်း ကောက်ခံခြင်းကို ခွင့်မပြုဘူးဟု ကေအိုင်အေအဖွဲ့မှပြောသည်။

လစ်လပ်နေသောမဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲအား ၂၀၁၄ခုနှစ် နိုဝင်ဘာသို့မဟုတ် ဒီဇင်ဘာလတွင်ကျင်းပနိင်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌပြော

လစ်လပ်နေသောမဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲအား ၂၀၁၄ခုနှစ် နိုဝင်ဘာသို့မဟုတ် ဒီဇင်ဘာလတွင်ကျင်းပနိင်မည်ဟုပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးကပြောသည်။
“တိုင်းပြည်မှာ ၀န်တွေပိနေတယ် ဘာလဲဆိုတော့ အာဆီယံအားကစားပြိုင်ပွဲတွေရှိတယ် အာဆီယံ ဥက္ကဌဖြစ်နေတော့ ၀န်ကြီးဌာနအသီးသီးနဲ့ကိုယ်တို့ကြီးပဲ လုပ်ပေးရမဲ့အခြေအနေရှိပါတယ်

စာအုပ်မလိုဘဲ ငွေစုနိုင်သည့် ဝန်ဆောင်မှု CB ဘဏ်စတင်


ငွေစုဘဏ်စာရင်းကို စာအုပ်မလိုဘဲ ငွေစာရင်းများကို E-mail ဖြင့် စစ်ဆေးနိုင်မည့် e-Saving Account ဝန်ဆောင်မှုကို သမဝါယမဘဏ် လီမိတက် (CB Bank) တွင် မတ် ၁၉ ရက်နေ့မှ စတင်၍ အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း အဆိုပါဘဏ် ဦးဆောင် ညွှန်ကြားရေးမှူး ဦးဖေမြင့်က ပြောကြားသည်။

တပ်မတော် (ရေ) စစ်ရေး လေ့ကျင့်မှု စတင်၊ စစ်ရေယာဉ်သစ်နှင့် လက်နက်အသစ်များ ပါဝင်မည်

မြန်မာ့တပ်မတော် (ရေ) က မတ်လ ၁၉ ရက်မှ ၂၇ ရက်အတွင်း ပြုလုပ်ရန် ကြေညာထားသော စစ်ရေး လေ့ကျင့်မှုကို စတင်လိုက်ပြီး အသစ် တည်ဆောက်ထားသော စစ်ရေယာဉ်နှင့် အသစ် တပ်ဆင် ထားသော လက်နက်သစ်များလည်း လေ့ကျင့်မည် ဖြစ်ကြောင်း မြန်မာ့တပ်မတော် (ရေ) တာဝန်ရှိသူ များက ပြောကြားသည်။

အယ်ဆာဗေးဒိုး လက်ဝဲသူပုန်ဟောင်း သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရ


ယခင်က သူပုန်တစ်ဦး ဖြစ်ခဲ့သော ဆန်ချက်ဇ်စီရန် ဆိုသူကို ပြည်သူများက မဲပေးပြီး သမ္မတ အဖြစ် ရွေး ချယ်လိုက်ပြီး ဖြစ်ကြောင်း အယ်ဆာဗေးဒိုးနိုင်ငံ၏ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာ အတည်ပြု ပေး လိုက်သည်ဟု BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။

မလေးရှား လေယာဉ်ပျောက်ဆုံးမှုအတွက် အရိုးရှင်းဆုံးနှင့် ယုတ္တိအရှိဆုံး ဖြစ်နိုင်ခြေ


ခရီးသည် ၂၂၇ ဦးနှင့် လေယာဉ် ဝန်ထမ်း ၁၂ ဦး၊ စုစုပေါင်း လူ ၂၃၉ ဦးကို တင်ဆောင်သွားသော မလေးရှား လေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၇၇ လေယာဉ်ကြီး ပျောက်ဆုံးနေသည်မှာ ဆယ်ရက်ကျော် ကြာမြင့်လာပြီးသည့် နောက်တွင် စုံစမ်းသိရှိရသော အချက်အလက်များပေါ် မူတည်၍ ဖြစ်နိုင်ခြေ ရှိသည့် သီအိုရီများ အများအပြား ပေါ်ပေါက်လာခဲ့သည်။

ကိုရီးယား K-POP အဆိုတော်အဖွဲ့ Girl’s Day မြန်မာနိုင်ငံတွင် လာရောက် ဖျော်ဖြေရန်အစီအစဉ်ရှိ


ကိုရီးယားကုမ္ပဏီနှစ်ခုနှင့် ကိုရီးယားသံရုံး တို့၏ပူးပေါင်းဖိတ်ခေါ်မှုနှင့် ကိုရီးယား K-pop အဆိုတော်အဖွဲ့ Girl’s Day နှင့်အတူ Dal Shabet, Tint နှင့် အခြားသော ကိုရီးယားအနုပညာ ရှင်များသည် ဧပြီ ၃ဝ ရက်တွင် သုဝဏ္ဏအားက စားပွဲရုံ၌ ကျင်းပရန်စီစဉ်နေကြောင်းသိရသည်။

မော်လဒိုက် ကျွန်းပေါ်က ပျံသွားတာ MH 370 မလေးရှား လေယာဉ်ဖြစ်နိုင်


မလေးရှား လေကြောင်းလိုင်းမှ ပျောက်ဆုံး ဘိုးအင်းလေယာဉ် MH370 ကို ရှာမတွေ့သည်မှာ ၁၀ ရက် ကျော် ကြာလာဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်သို့ လာရောက်လေ့လာသည့် ပြည်ခိုင်ဖြိုးပါတီဝင်များ တွေ့ဆုံ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်သို့ လာရောက်လေ့ လာသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ မတ် ၁၉ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ရပ်နားချိန်တွင် တွေ့ဆုံခဲ့သည်။

Wednesday, March 19, 2014

အပစ်အခတ် ရပ်စဲရေး စာချုပ် မူချော ဖြစ်လာရန် NCCT ကြိုတင် ဆွေးနွေး


တိုင်းရင်းသားများ၏ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) သည် တနိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းကို အချောသတ် နိုင်ရန် ညှိနှိုင်း ဆွေးနွေးပွဲတရပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တွင် ယနေ့စတင် ကျင်းပခဲ့ သည်ဟု ပြောခွင့်ရ သူ ခွန်ဥက္ကာ မှဆိုပါသည်။

ထိုင်းဝမ်ကျောင်းသား ၂၀၀ ခန့် လွှတ်တော်ကို ၀င်စီး


တရုတ်နဲ့ ကုန်သွယ်ရေးစာချုပ်ကို မလိုလားတဲ့ ထိုင်ဝမ်ကျောင်းသား ၂၀၀ လောက်က ထိုင်ဝမ် လွှတ်တော်ကို မတ် ၁၈ ရက်နေ့ နှောင်းပိုင်းမှာ ၀င်စီးခဲ့ပါတယ်။

ပျောက်ဆုံးလေယာဉ်လို့ သံသယဖြစ်ဖွယ် ခရီးသည်လေယာဉ်ကို ထိုင်းရေဒါမှာ ခြေရာခံမိ


ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်လို့ သံသယဖြစ်ဖွယ် ခရီးသည်လေယာဉ်တစင်းကို ထိုင်းနိုင်ငံ ဆူရတ်ဌာနီ လေတပ်စခန်းရဲ့ ရေဒါမှာ ခြေရာခံမိထားတယ်လို့ ထိုင်းလေတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာဂျင်းက ပြောတာကို ကိုးကားပြီး နေရှင်းသတင်းစာမှာ ဖော်ပြပါတယ်။

မလေးလေယာဉ် MH 196 ရန်ကုန်လေဆိပ်တွင် အရေးပေါ် ဆင်းသက်


မလေးရှားလေကြောင်းလိုင်းပိုင် MH 196 ဘိုးအင်း ၇၇၇ လေယာဉ်သည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ မြို့မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့သို့ ပျံသန်းစဉ် လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည်တဦး ၏ အရေးပေါ် အခြေအနေကြောင့် ယမန်နေ့ည ၉ နာရီ ၄၅ မိနစ်က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း သိရသည်။

ငြိမ်းချမ်းရေးကို စီးပွားဖြစ်လုပ်ကိုင်ခြင်း??


မြန်မာ့ငြိမ်းချမ်းရေးစင်တာ (Myanmar Peace Centre - MPC) အဖွဲ့ရဲ့ လုပ်ငန်းတွေက ပိုက်ဆံ အများ အပြား သုံးနေပေမယ့် အလုပ်မဖြစ်ဘူးလို့ မြန်မာ့အရေးလေ့လာသူ စာနယ်ဇင်းသမား ဘာတေးလ် လင့်တ်နာက တနင်္လာနေ့မှာ ပြောလိုက်ပါတယ်။

ထိုင်း အိမ်စောင့်အစိုးရဝန်ကြီးချုပ် မစ္စ ယင်လတ် ယတြာကျေသွားပြီတဲ့

ထိုင်း အိမ်စောင့် အစိုးရ ဝန်ကြီးချုပ် မစ္စ ယင်လတ်ရှင်နာဝတ် ဟာ ဇာတိ ချင်းမိုင်မြို့မှာ တနေ့က ချော်လဲ ကျခဲ့လို့ ခြေပွတ်တိုင် လည်သွားကာ လမ်းမလျှောက်နိုင်ဖြစ်နေပါတယ်။

ယူနတီဂျာနယ်အမှု စတင်ကြားနာ


နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားစေမှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ယူနတီဂျာနယ် အမှုဆောင်ချုပ်နဲ့ သတင်းထောက်တွေ ရဲ့အမူကို စတင် ရုံးထုတ် စစ်ဆေးနေပြီ ဖြစ်ပါတယ်။ ပခုက္ကူတရားရုံးမှာ တနင်္လာနေ့ကစပြီ်း တရားလိုပြ သက်သေတွေကို စတင် စစ်ဆေးနေတာပါ။ စစ်ဆေးမှုအပေါ် ဥပဒေကြောင်းအရ အားရကျေနပ်မှု ရှိပါတယ်လို့ တရားစွဲခံရ သူတွေဘက်က ဥပဒေ အကျိုးဆောင် ရှေ့နေက ပြောပါတယ်။

နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေး ‘ဝ’၊ မိုင်းလား လက်နက်ကိုင်အဖွဲ့များနှင့် ဦးသိန်းဇော် တွေ့ဆုံမည်


နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP/UWSA၊ မိုင်းလား လက်နက်ကိုင် တပ်ဖွဲ့တို့နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် ထပ်မံတွေ့ဆုံ မည် ဖြစ်ကြောင်း အဆိုပါ တပ်ဖွဲ့များ၏ ဆက်ဆံရေးရုံးများထံမှ သိရှိရသည်။ 

မလေးရှား လေယာဉ်ပျောက် တာလီဘန် ထိန်းချုပ်နေရာတွေမှာ ရှိနိုင်


ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ် MH 370 ဟာ တာလီဘန်တွေ ထိမ်းချုပ်အခြေစိုက်ထားတဲ့ အာဖဂန်နစ်စတန်နဲ့ ပါကစ္စတန် အနောက်မြောက် နယ်စပ်တွေမှာ အခုချိန်မှာ ရှိနေနိုင်တယ်ဆိုတဲ့ ပြော ဆိုမှုတွေ ကျယ်လောင်လာပါတယ်။

My Blog List