Wednesday, December 23, 2015

ထောင်မှလွတ်လာသည့် တက္ကသိုလ်ကျောင်းသားများ ကျောင်းပြန်တက်ခွင့် ငြင်းပယ်ခံရ


မန္တလေး အိုးဘိုအကျဉ်းထောင်မှ ယမန်နေ့နံနက်က လွတ်မြောက်လာသော ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ကိုအောင်ဆန်းဦး၊ ကိုဥာဏ်လင်းထက်၊ ကိုဂျစ်တူးတို့ ၃ဦးကို ရတနာပုံတက္ကသိုလ်က ကျောင်းပြန်တက်ခွင့် ငြင်းပယ်လိုက်သည်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ဖို့ ဝအဖွဲ့ကို အစိုးရဖိတ်ကြား


ဇန်နဝါရီလ ၁၂ ရက်နေ့မှာ စတင်ကျင်းပမယ့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်း ရေးဆွေးနွေးပွဲကို တက်ရောက်ဖို့ UWSA ဝပြည်သွေးစည်းညီညွတ်ရေး တပ်ဖွဲ့ကို မြန်မာအစိုးရက ဖိတ်ကြားလိုက်ပါတယ်။ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်မှုကော်မတီ ဒုဥက္ကဌ ဦးသိန်းဇော်နဲ့ အဖွဲ့ဟာ ဒီဇင်ဘာလ ၁၉ ရက်နေ့က၊ ရှမ်းပြည်နယ် အထူးဒေသ (၂) UWSA အဖွဲ့ရှိတဲ့ ပန်ဆန်းကို သွားရောက်ခဲ့ပြီးတဲ့နောက် UWSA အဖွဲ့ ဒုဥက္ကဌ ရှောက်မင်လျန်ကို ပြောဆိုဖိတ်ကြားခဲ့တာလို့ဆိုပါတယ်။

သမ္မတဟောင်းလုံခြုံရေးနဲ့ ပတ်သက်ပြီး NLD နောက်ကြောင်း လှန်မှာ မဟုတ်


နိုင်ငံတော်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူအပေါ် အကာအကွယ်ပေး မယ်ဆိုတဲ့ ဥပဒေကြမ်းကို ပြည်သူ့ လွှတ်တော်မှာ မနေ့က တင်သွင်းခဲ့တာနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအနေနဲ့ အမျိုးသား ရင်ကြားစေ့ရေးမူကို ကိုင်စွဲထားပြီး နောက်ကြောင်းလှန်တာမျိုးတွေ လုပ်မှာမဟုတ်ကြောင်း NLD ပါတီ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောပါတယ်။

ရွေးကောက်ပွဲရှုံးသော်လည်း ပြည်ခိုင်ဖြိုး ဆက်လက်အရေးပါနေဦးမည်


ကရင်ပြည်နယ် ရှေ့ တန်းစစ် မြေပြင်တွင် ခြေထောက်နှစ်ဖက်လုံး ကျည်ဆန်ထိသည့် ဒဏ်ရာများရရှိခဲ့သူ စစ်အရာရှိဟောင်း ဦးညွန့်ဖေသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတွင် ဌာနမှူးတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်စဉ်က သက်ပြည့် ပင်စင်ယူပြီး မိသားစုနှင့် အချိန် ကုန်ရန်အားခဲခဲ့သူဖြစ်သည်။

အပြောင်းအလဲအတွက် ကျိတ်ပြီးကြိုးပမ်းနေသော ဒေါ်အောင်ဆန်းစုကြည်


ပြီးခဲ့သည့် နိုဝင်ဘာက ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရအောင်ပွဲခံပြီးသည့်နောက်ပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က လူမြင်ကွင်းသို့ အနည်းငယ်သာ ထွက်ခဲ့ပါသည်။ ထို့ကြောင့် မကြာသေးခင်က ဒေါ်အောင်ဆန်းစုကြည်က သူ၏ မဲဆန္ဒနယ်မြေကော့မှူးကို လာရောက်ရာမှာ သတင်းထောက်များနှင့် ဓာတ်ပုံဆရာများက ၀ိုင်းအုံနေခဲ့ပါသည်။ လာမည့် ဇန်န၀ါရီမှာလွှတ်တော် အသစ်တက်ပြီးနောက် သူတို့အစိုးရအဖွဲ့က တိုင်းပြည်ကို မည်ကဲ့သို့ အုပ်ချုပ်မည်ကို သိချင်လွန်းကြသည့်အတွက် ဖြစ်၏။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်မင်း ဦးဆောင်သော MPC အဖွဲ့ဝင်များ နေပြည်တော်၌ တွေ့ဆုံပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် နိုင်ငံရေး ဆွေးနွေးပွဲကိစ္စများ ဆွေးနွေးခဲ့



အာဏာလွှဲပြောင်း နိုင်ရေးနှစ်ဘက်တို့နေပြည်တော်မှာဆွေးနွေး


၂၀၁၆ခုနှစ်မှာ သမ္မတအာဏာကို လွှဲပြောင်းတဲ့ အခမ်းအနားကျင်းပနိုင်ရေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDနဲ့ သမ္မတဦးသိန်းစိန်အစိုး ရနှစ်ဘက် ကိုယ်စားလှယ်တွေ အင်္ဂါနေ့က နေပြည်တော် မှာ တွေ့ဆုံခဲ့ကြပါတယ်။ အာဏာလွှဲပြောင်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန် အစိုးရတာဝန်ရှိသူတွေ ပြီးခဲ့တဲ့သတင်းပတ် က တွေ့ဆုံဆွေးနွေးခဲ့တဲ့ရလဒ် ကို အကောင်အထည်ဖေါ်တဲ့အနေနဲ့ လုပ်ငန်းစဉ်တွေကို စနစ်တကျ ဆောင်ရွက်နိုင်ရေး နှစ်ဘက်ဆွေးနွေးခဲ့ကြတာဖြစ်ကြောင်း သမ္မတရုံးရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်ကဗွီအိုအေကိုပြောပါတယ်။

ဖားကန့် ကျောက်စိမ်းတွင်း စက်ယန္တရားကိစ္စ ၀န်ကြီး စစ်ဆေး



ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်း လုပ်ကွက်တွေမှာ အသုံးပြုဖို့ အကြီးစားစက်ယန္တရားတွေ တင်သွင်းနေ တယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပတ်ဝန်ကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဋ္ဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းထွန်း ဦးဆောင်တဲ့အဖွဲ့ဟာ တရုတ်-မြန်မာနယ်စပ် ကန်ပိုက် တီးနယ်စပ် ကုန်သွယ်ရေးစခန်းကို ဒီကနေ့ သွားရောက်စစ်ဆေးခဲ့ပါတယ်။

“ထပ်ပြီးမေးပါမယ်၊ ‘ငွေထုတ်ပိုက်ပြီးမှ ထွက်သွားကြဖို့ လုပ်တာ ပြည်ခိုင်ဖြိုး အမတ်တွေ မရှက်ကြဘူးလား’”


ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ နာယက သူရဦးရွှေမန်းက ပြည်သူလူထုအများ ဝေဖန်နေကြတဲ့ “တလုံးတခဲတည်းသော နိုင်ငံရေး ပင်စင်ချီးမြှင့်ငွေ” ပြဿနာအကြောင်း ရှင်းလင်းမှု နည်းနည်း လုပ်ခဲ့ပါတယ်။ သူရှင်းလင်းတာကို အတိုချုပ်ပြောရရင် အခုလို တလုံးတခဲတည်းသော နိုင်ငံရေး ပင်စင်ချီးမြှင့်ငွေ ပေးဖို့ကိစ္စ ဖြစ်ပေါ်လာတာဟာ အရင်အစိုးရက ဥပဒေ ပြဌာန်းပေးခဲ့လို့ ဖြစ်တဲ့အကြောင်း၊ အဲဒီ ချီးမြှင့်ငွေ ခံစားမယ့် သူတွေဟာလည်း လွှတ်တော်အမတ်တွေချည်းပဲ မဟုတ်တဲ့အကြောင်း၊ ပြည်သူတွေက လွှတ်တော်ဘက်ကို ဝေဖန်တာ များနေလို့ သူ့အနေနဲ့ ရှင်းလင်းရတာ ဖြစ်ကြောင်း ပြောပါတယ်။ လွှတ်တော် အစည်းအဝေးမှာ နာယက သူရဦးရွှေမန်း ဘာတွေ ပြောခဲ့သလဲ၊ တလုံးတခဲတည်းသော နိုင်ငံရေး ပင်စင်ချီးမြှင့်ငွေ ပြဿနာဟာ ဘယ်လို ဖြစ်တည်လာသလဲ၊ ဒါနဲ့ ပတ်သက်ပြီး ဘယ်သူ့မှာ တာဝန်အရှိဆုံးလဲဆိုတာ ဒီကနေ့ လေ့လာ စူးစမ်းကြည့်ကြရအောင်ပါ။

အနိုင်ရအမတ်များ ကိုယ်ရေးအကျဉ်း ပို့ပေးဖို့ ပြည်သူ့လွှတ်တော်ရုံး အကြောင်းကြား


ရုံးပိုင်ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ပေးရန်ရှိသည်ဟုဆိုကာ နိုဝင်ဘာ(၈)ရက် ရွေးကောက်ပွဲတွင် အနိုင်ရအမတ်များ၏ ကိုယ်ရေးရာဇဝင်အကျဉ်းချုပ်အပါအဝင် ဓာတ်ပုံနှင့်မှတ်ပုံတင်မိတ္တူများ ပေးပို့ရန် ဒီဇင်ဘာ ၂၁ရက်၊ ရက်စွဲဖြင့် ပြည်သူ့လွှတ်တော်ရုံးက အကြောင်းကြားလိုက်သည်။

အခြေခံပညာရေးဥပဒေကြမ်း အစိုးရသစ်တက်ပြီး လွှတ်တော်အသစ်မှသာ ဆက်ဆွေးနွေးရန် အစီရင်ခံ


အခြေခံပညာအဆင့် အတန်းများ နှင့် ကျောင်းအမျိုးအစားများကို ပြဋ္ဌာန်းထားပြီးဖြစ်သည့် အမျိုးသားပညာရေးဥပဒေ နှင့် အညီ ဆောင်ရွက်ရန် ကြိုတင်ပြင်ဆင်ရမည်ဖြစ်၍ အခြေခံပညာရေးဥပဒေကြမ်းကို ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင် ဆက်လက်ဆွေးနွေးရန် ဒီဇင်ဘာ ၂၂ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော်၌ အစီရင်ခံ ခဲ့သည်။

လာမယ့်နှစ်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကျပ်သန်းပေါင်း ၁၅,၀၀၀ကျော် တောင်းခံထား


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လာမည့် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ် တစ်နှစ်စာတွက် ဘဏ္ဍာငွေ ကျပ်သန်းပေါင်း ၁၅,၃၀၀ ကျော် တင်ပြတောင်းခံထားကြောင်း ယင်းကော်မရှင်ရုံးမှသိရသည်။ အဆိုပါ ဘဏ္ဍာငွေများကို လာမည့်နှစ်တွင် ကြားဖြတ်ရွေးကောက်ပွဲရှိက ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန် အတွက် ကုန်ကျငွေနှင့် ရွေးကောက်ပွဲ ဆိုင်ရာလုပ်ငန်းများတွင် သုံးစွဲရန်အတွက် တင်ပြတင်းတောင်ခံခြင်း ဖြစ်ကြောင်း ပြည်ထောင်စု ရွေကောက်ပွဲကော်မရှင်အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

စာမေးပွဲအောင်ချက်ကျသည့် အကြောင်းရင်း ဒုဝန်ကြီးဖြေရှင်းချက် ဦးခင်အောင်မြင့် ပြင်းပြင်းထန်ထန်ဝေဖန်


ချင်းပြည်နယ်တွင် (၃)နှစ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် အနိမ့်ဆုံးအထိ ကျဆင်းနေမှုအပေါ် အမတ်တစ်ဦး၏ မေးခွန်းထုတ်မှုကို လွှတ်တော်တွင် လာရောက်ဖြေကြားသော ပညာရေးဒုဝန်ကြီး၏ ဖြေရှင်းချက်အား အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖိတ်ကြားမှုအပေါ် ၀' အဖွဲ့အတွင်း မဆွေးနွေးရသေး


ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေးကော်မတီ ဒုဥက္ကဌ ဦးသိန်းဇော်က ဝ' ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ကို တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးတွင် ပူးပေါင်းပါဝင်ရန်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်ရန် လာရောက်ဖိတ်ကြားခဲ့သည်ဟု UWSA က ပြောသည်။

ကျောင်းသားခေါင်းဆောင် ဇေယျာလွင်၊ ပိုင်ရဲသူနှင့် နန်းလင်းတို့အမှု အစမှပြန်လည်စစ်မည်


ပန်းပဲတန်းတရားရုံးတွင် ပုဒ်မ ၅၀၅၀(ခ)နှင့် ပုဒ်မ ၁၈ တို့ဖြင့် တရားစွဲဆိုခံ ထားရသော တကသကျောင်းသား ခေါင်းဆောင်များဖြစ်သည့် ဇေယျာလွင်၊ ပိုင်ရဲသူနှင့် နန်းလင်းတို့ကို စစ်ဆေးနေသည့် တရားသူကြီး အပြောင်း အလဲကြောင့် နောက်တစ်ပတ်ရုံးချိန်းတွင် အမှုတွင် အစမှပြန်လည်စစ်ဆေး မည်ဖြစ်ကြောင်း တကသ မှ ပြန်ကြားရေးတာဝန်ခံတစ်ဦးဖြစ်သူ ဖိုးသားက မဇ္ဈိမကို ပြောသည်။

စည်းကမ်း ဖောက်ဖျက်ပါက အရေးယူမည့် ပြစ်ဒဏ်များ NLD ထုတ်ပြန်


NLD ပါတီဝင်များအနေနှင့် ပါတီအတွင်း ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ပါက အရေးယူမည့် ပြစ်ဒဏ်များကို ပါတီစည်းကမ်းထိန်းသိမ်းရေး ဖွဲ့စည်းပုံအတွင်း ပြင်ဆင်ပြဋ္ဌာန်းလိုက်ကြောင်း အဆိုပါ ပါတီအင်းစိန်မြိ့နယ် အနိုင်ရ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံမည့် အနှေးယာဉ်လုပ်သားများအား မဲနှိုက်ရွေးချယ်



ရွေးကောက်ပွဲအောင် နိုင်ရေးအတွက် ပါဝင်ကူညီပေးခဲ့ သော ရန်ကုန်တိုင်းအတွင်းရှိ အ နှေးယာဉ်လုပ်သားများနှင့် ဒေါ် အောင်ဆန်းစုကြည်တို့တွေ့ဆုံပွဲသို့ တက်ရောက်မည့် အနှေးယာဉ်လုပ်သားများအား မဲစနစ်ဖြင့် ရွေး ချယ်ခြင်းကို မြို့နယ်အချို့တွင် စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

အာဏာအလွဲသုံးရင်အရေးယူမယ့်ပြဋ္ဌာန်းချက် ပါသင့်တယ်လို့ NLD စီအီးစီပြော


သမ္မတဟောင်းများကိုအကာအကွယ်ပေးသည့် ဥပဒေမူကြမ်းတွင် အာဏာကိုအလွဲသုံးပါကအရေးယူ နိုင်မည့် ပြဋ္ဌာန်းချက်လည်း ပါသင့်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်အမှူဆောင် (စီအီးစီ)တို့က ဒီဇင်ဘာ ၂၂ရက်တွင် မဇ္ဈိမကိုပြောသည်။

Tuesday, December 22, 2015

ခေါင်းဆောင်တစ်ဦး အမှိုက်ကောက်တာကို ကားမောင်းခြင်းကိစ္စ၌အသုံးချ နိုင်ပုံ


မကြာမီက အထင်ကရနိုင်ငံရေးသမားတစ်ဦး ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ သူမကိုယ်တိုင် အမှိုက်ကောက်ခဲ့ပါတယ်။ ဒီတော့ လူတွေတော် တော်များများကလည်း အမှိုက်လိုက်ကောက်ခဲ့ကြပါ တယ်။ ဒီတော့ ခေါင်းဆောင်တစ်ဦး အမှိုက်ကောက် တာဟာ မြို့ပြဒေသသန့် ရှင်းရေး၊ ကျေးလက်ဒေသ သန့်ရှင်းရေးအတွက် အထောက်အကူပြုလို့ ရိုးရိုးပဲ တွေးရင်မှန်ပါတယ်။ သို့သော် အမှိုက်ကောက်ခြင်း ဟာ ကားမောင်းခြင်းDriving ကိစ်္စမှာပါ အသုံးချ နိုင်တာကို အံ့သြစွာတွေ့ရလို့ ဖောက်သည်ချလိုက် ရပါတော့တယ်။

NLD အောင်နိုင်ရေး ကူညီခဲ့ကြသူ ဆိုက်ကားသမားတွေ နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့မည်


မဲဆွယ်စည်းရုံးရေးကာလမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေးအတွက် ပါဝင်ကူညီခဲ့ကြတဲ့ ရန်ကုန်တိုင်းဒေသကြီး မြို့နယ်အသီးသီးက ဆိုက်ကားသမားတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လာမယ့်ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။

လာမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ၌ လူငယ်တွေ ပါဝင်ခွင့် ရရှိရန်နှင့် ဖွံ့ဖြိုးမှု နောက်ကျနေသည့် တိုင်းရင်းသား ဒေသများ၏ အခက်အခဲများကို ဦးစားပေး ဖြေရှင်းရန် လူငယ်စင်တာမှ လူငယ်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေး


လာမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ၌ လူငယ်တွေ ပါဝင်ခွင့် ရရှိရန်နှင့် ဖွံ့ဖြိုးမှု နောက်ကျနေသည့် တိုင်းရင်းသား ဒေသများ၏ အခက်အခဲများကို ဦးစားပေး ဖြေရှင်း ဆောင်ရွက်ပေးရန် ရွေးကောက်ပွဲနိုင်အရ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် လူငယ်စင်တာမှ လူငယ်များက တင်ပြဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ဆွေမျိုးပေါက်ဖော်ကြီး၏ မနက်ဖြန် သို့မဟုတ် . . . . .


ချစ်ကြည်ရေးနိဒါန်း။အရှေ့ဘက် အိမ်နီး နားချင်း ဆွေမျိုးပေါက်ဖော်ကြီးတို့ ၁၉၄၉ အောက်တို ဘာလ ၁ ရက်နေ့ တရုတ်ပြည်သူ့ သမ်္မတနိုင်ငံ တည် ထောင်လိုက်သောအခါ မြန်မာသည် ၁၆.၁၂.၁၉၄၉ရက်နေ့တွင် ရှေ့ ဆုံး အသိအမှတ် ပြုခဲ့ကြသည်။ ၁၉၅၀ ခုနှစ်မှစတင်၍သံတမန် ဆက်ဆံရေးထူ ထောင်ခဲ့ပြီး နှစ်နိုင်ငံအပြန်အလှန် လေး စားစွာ အသိအမှတ်ပြုခဲ့ကြသည်။ ၁၉၇၁ ခုနှစ် တရုတ်ပြည်သူ့သမ်္မတနိုင်ငံ ကမ်္ဘာ့ ကုလသမ်္မအဖွဲ့ ၀င်ခွင့်ရ သည်အထိ မြန်မာသည်စဉ်ဆက်မပြတ် အကြိမ်ကြိမ် ထောက်ခံတင်ပြ တောင်းဆိုပေးခဲ့သည်။

တပ်မတော်နှင့် ယုံကြည်မှုတိုးမြှင့်ရန် ဆန္ဒရှိ၊ ဒေသဖွံ့ဖြိုးရေးအတွက် အကူအညီဆက်ပေးရန်မျှော်လင့်


ဝ' ဒေသ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ပြီး ၀' ဒေသဖွံ့ဖြိုးရေးအတွက် ဆက်လက်အကူအညီပေးရန်လည်းမျှော်လင့်သည်ဟု ၀'အထူးဒေသ(၂)ဒုတိယဥက္ကဋ္ဌ ဦးရှောက်မင်လျံက ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့အား ပြောကြားခဲ့သည်။

အမှိုက်ကောက်တဲ့ ပြဿနာ ပွဲပြီး မီးသေလား၊ အပြသက်သက်လား


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဦးဆောင်မှုဖြင့် တစ်နိုင်ငံလုံး အမှိုက် ကောက်ရှင်းလင်းရန် ယခုလ ၁၂ ရက်တွင် စတင်ခဲ့ကြသည်။ အလွန်ကောင်း မွန်သည့် ရည်ရွယ်ချက်နှင့် မွန်မြတ်သည့် လုပ်ဆောင်ချက်သင့်မြတ်သည့် အလေ့အထအဖြစ် စတင်ခဲ့ကြသည်။

အင်ဒိုနီးရှား၌ အိုင်အက်စ်ငွေကြေးထောက်ပံ့မှုဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ရန် စီစဉ်နေသူများအား ဖမ်းဆီးမိ


အင်ဒိုနီးရှားနိုင်ငံတွင် အိုင်အက်စ်နှင့် ချိတ်ဆက်မှုရှိကြောင်း ခိုင်လုံပြီး ဆီးရီးယားမှ ရန်ပုံငွေရရှိနေကာ အကြမ်းဖက်တိုက်ခိုက်မှုများလုပ်ဆောင်ရန် စီစဉ်လျက်ရှိနေသူများအား သတင်းရရှိ၍ ဖမ်းဆီးရမိခဲ့ကြောင်း ရဲက ဒီဇင်ဘာ ၂၁ ရက်၌ ပြောသည်။

ဆီးရီးယားနှင့် အတိုက်အခံတို့ကို ဖိတ်ခေါ်မည်ဟု တရုတ်ပြောကြား


ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကူညီရန် တရုတ်က နည်းလမ်းများရှာဖွေနေစဉ် ဆီးရီးယားအစိုးရနှင့် အတိုက်အခံတို့ကို လာရောက်ရန် တရုတ်ကဖိတ်ကြားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ဒီဇင်ဘာ ၂၁ တွင် ပြောကြားခဲ့သည်။ဆီးရီးယားငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် လမ်းပြမြေပုံတစ်ခုကို ထောက် ခံသည့် ဆုံးဖြတ်ချက်တစ်ခုကို ဒီဇင်ဘာ ၁၈က လုံခြုံရေးကောင်စီ တစ်ညီ တစ်ညွတ်တည်း အတည်ပြုခဲ့ရာ လူနှစ်သိန်းခွဲကျော်သေဆုံးပြီဖြစ်သည့် ပဋိပက္ခတစ်ခုနှင့် ပတ်သက်၍ အင်အားကြီးနိုင်ငံများကြား ရှားပါးသည့် ညီညွတ်မှုကို ပြသလိုက်ခြင်းဖြစ်သည်။

လိပ်ကျွန်းလူသတ်မှု ဖမ်းဆီးခံ မြန်မာနှစ်ဦးကို ကွင်းလုံးကျွတ်လွှတ်ပေး သင့်ဟု MWRN ပြော


ထိုင်းနိုင်ငံတောင်ပိုင်း ကော့တောင်ကျွန်း (လိပ်ကျွန်း) လူသတ်မှုဖြင့် စွပ်စွဲခံရသူ ဇော်လင်းနှင့် ဝေဖြိုးတို့ကို ကွင်းလုံးကျွတ်လွှတ်ပေးသင့်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်(MWRN)က ဒီဇင်ဘာလ ၂၁ ရက်က ထပ်မံ ထုတ်ပြန်လိုက်သည်။

SSPP နှင့် တပ်မတော် တိုက်ပွဲမရှိသော်လည်း နှစ်ဖက်တပ်များမဆုတ် သေး၍ ဒုက္ခသည်များ အိမ်မပြန်ရဲ


ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)နှင့် အစိုးရတပ်တို့အကြား တိုက်ပွဲ တည်ငြိမ်နေသော်လည်း ကျေးရွာအနီးတွင် အစိုးရစစ်တပ်များ အခြေစိုက် နေဆဲ ဖြစ်၍ နယ်မြေ မလုံခြုံသေးသဖြင့် စစ်ပြေးဒုက္ခသည် ၂၀၀၀ ခန့် နေရပ် မပြန်ရဲသေးကြောင်း ဒုက္ခသည်များအား ကူညီပေးနေသော မိုင်းရှူးမြို့ခံ တစ်ဦးက ပြောသည်။

မြန်မာရေလုပ်သားသုံးဦးကို မြန်မာသင်္ဘောသားများကယ်တင်၍ ရန်ကုန်မြို့သို့ ပို့ဆောင်ပေး


ပင်လယ်ပြင်တွင် ၁၀ ရက်ကြာ မျောပါနေသော ကျားဖောင်ပေါ်ရှိ မြန်မာရေလုပ်သားသုံးဦးကို မြန်မာသင်္ဘောသားများပါသည့် ပင်လယ်ကူးသင်္ဘောက ထားဝယ် မြို့ကမ်းခြေမှ မိုင် ၁၂၀ အကွာ၌ ကယ်တင်ခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက်က ရန်ကုန်မြို့သို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သရဖူရသူ အမည်မှားကြေညာခဲ့ပြီး ကမောက်ကမပြီးဆုံးသွားတဲ့ မယ်စကြ၀ဠာပွဲ


ယခုနှစ် မယ်စကြ၀ဠာပြိုင်ပွဲတွင် ဖိလစ်ပိုင်ကိုယ်စားပြုအလှမယ် ပီယာအလွန် ဇိုဝုဇ်ဘတ်ခ်ျ အနိုင်ရရှိသွားသော် လည်း အစီအစဉ်မှူး၏ ကြေညာချက်အမှားကြောင့် အရှုပ်အထွေးအချို့ဖြစ် ပေါ်ခဲ့ကြောင်း သိရသည်။ ယခုနှစ်၏ မယ်စကြ၀ဠာ ဆုကို ဖိလစ်ပိုင်ကိုယ်စားပြု အလှမယ်က ဆွတ်ခူးရရှိခဲ့သည်။ သို့ သော်လည်း အခမ်းအနားမှူး စတိဗ်ဟာဗေးက ဒုတိယဆုရသည့် ကိုလံဘီယာအလှမယ် အေရီ ရက်ဒ်နာဂူတီရက်ဇ်အယ်လ်ဗာရို ကို ပြိုင်ပွဲ အနိုင်ရသူအဖြစ် မှား ယွင်းကြေညာခဲ့သည်။

တောင်သမန်အင်းကို အင်းစာရင်းမှ ပယ်ဖျက်ပြီး လေလံတင်ရောင်းချခြင်း ရပ်ဆိုင်းမည်


သဘာဝပတ်ဝန်းကျင် ပျက်စီးမှု မရှိစေရေးအတွက် တောင်သမန်အင်းကို အင်းစာရင်းမှပယ်ဖျက်ပြီး ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစတင်ကာ ငါးမွေးမြူရေး လုပ်ငန်းအတွက် လေလံတင်ရောင်းချခြင်းကို ရပ်ဆိုင်းမည် ဖြစ်ကြောင်း တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနက အမိန့် ကြော်ငြာစာ ထုတ်ပြန်သည်။

အိမ်ရှင်ဗိုလ်မှူးကို မစစ်ဆေးရသေးသဖြင့် အိမ်အကူမိန်းကလေး ရိုက်နှက်ခံရမှု တရားစွဲဆိုရန် ကြန့်ကြာနေ


အသက်(၈)နှစ်အရွယ် အိမ်အကူ မိန်းကလေးငယ်ကို လက်ပြန်ကြိုးတုပ်ကာ ရိုက်နှက်ခဲ့ သည့် အမှုတွင် အိမ်ရှင် ဗိုလ်မှူး ကျော်နုမော်ကို သက်သေအဖြစ် မစစ်ဆေးရသေးသဖြင့် တရားရုံး သို့ တရားစွဲဆိုတင်ပို့နိုင်ခြင်း မရှိ သေးကြောင်း ဗဟန်းမြို့နယ် တရားရုံးမှ သတင်းရရှိသည်။

လက်လွတ်စမ္ပယ်အဓိပ္ပာယ်မဲ့ပြောဆိုခြင်းများမပြုလုပ်သင့်ကြောင်း တပ်ချုပ်အပါအ၀င် စစ်တက္ကသိုလ်ကျောင်းဆင်းအရာရှိများအား ဒုတိယဗိုလ်ချုပ်ကြီးကျော်ဘ(ငြိမ်း) ပြောကြား


မိမိတို့၏နုတ်ထွက်စကားသည် မိမိ၏အတွင်းသဘောကို ဖော်ဆောင်နေခြင်း ကြောင့် အမှုမဲ့အမှတ်မဲ့ ပြောဆိုခြင်း ကြောင့် လက်လွတ်စမ်္ပယ် အဓိပ်္ပာယ်မဲ့ ပြောဆိုခြင်းများမပြုလုပ်သင့်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးကျော်ဘ(ငြိမ်း)က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အပါအ၀င် စစ်တက္ကသိုလ်ဗိုလ်လောင်း သင် တန်းအမှတ်စဉ် ၁၄၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈၊ ၁၉ ကျောင်းဆင်းအရာရှိ များအား ပြောကြားခဲ့ကြောင်း သိရသည်။

အာဖဂန်မှာအသေခံဗုံးခွဲမှုကြောင့် NATO တပ်သား (၆)ဦး သေဆုံး


စစ်ဘေးဒဏ်သင့်ခဲ့တဲ့အာဖဂန်နစ္စတန် ရှိအမေရိကန်ရဲ့အကြီးဆုံးစစ်စခန်းဖြစ်တဲ့ Bagram လေတပ် စခန်းအနီးမှာ NATO တပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထားပြီး အသေခံ ဗုံးခွဲတိုက်ခိုက်မှု တခုဖြစ်ပွားခဲ့လို့ အမေရိကန် စစ်သား (၆) ယောက် သေဆုံးသွားတယ်လို့ အမေရိကန် ကာကွယ်ရေး ၀န်ကြီးဌာနအရာရှိတွေက ပြောပါတယ်။

ရခိုင်ခေါင်းဆောင်များကြား ရင်ကြားစေ့ရေး


လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေ အပါအဝင် ဖွံ့ဖြိုးမှု အလွန်နောက် ကျနေတဲ့ ရခိုင်ပြည်နယ် အရေးဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရလာတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရဲ့ အဓိကဖြေရှင်းရမယ့် စိန်ခေါ်မှုတခု ဖြစ်လာပြီး ရခိုင်ပြည်နယ်မှာ NLD က ဘယ်လိုမူဝါဒတွေ ချမှတ်ပြီး လုပ်ဆောင်မလဲဆိုတာ နိုင်ငံတကာနဲ့ မြန်မာပြည်သူတွေက စိတ်ဝင်တစား ရှိလှပါတယ်။

ရခိုင်အရေးလို့ ဆိုလိုက်တာနဲ့ နိုင်ငံတကာက ရိုဟင်ဂျာလို့ အမည်တပ်ထားတဲ့ လူနည်းစုတွေရဲ့ အခွင့်အရေး ဆိုတဲ့ အမြင်နဲ့ ပြောဆိုကြသလို ပြည် တွင်းမှာတော့ မွတ်စလင် ရွှေ့ပြောင်းနေထိုင်သူတွေ၊ ခိုးဝင်လာသူတွေ၊ လူမျိုးရေးနဲ့ ဘာသာရေးအတွက် ကာကွယ်ရမယ်ဆိုတဲ့ မတူတဲ့ရှုထောင့် အမြင်တွေရှိ နေပါတယ်။

ဖားကန့်တွင် မြေသယ်ကား ကြိတ်မိ၍ သေဆုံးသူ ၂၀ ကျော်ရှိနေ


ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ၂၀၁၅ ခုနှစ်အတွင်း ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းသုံး မြေတူးကား၊ မြေသယ်ကားများ ကြိတ်မိပြီး သေဆုံးသူ ၂၀ ကျော်ရှိနေသည်ဟု ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေး အဖွဲ့က ပြောသည်။ ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေး၊ အမျိုးသမီးကဏ္ဍ ဥက္ကဋ္ဌ ဒေါ်ကိုင်ရာက“သူတို့က ကားအကြီးကြီး မောင်းတာ ဖြစ်တာကြောင့် လမ်း ပေါ်မှာရှိတဲ့ ပြည်သူတွေကို မမြင်ဘူး။ ပြည်သူတွေက ခဏခဏ ထိခိုက်ပြီးတော့ သေရတယ်။ သေတဲ့သူတွေ ထဲမှာ လမ်းပေါ်မှာ နေနေတဲ့သူတွေရော ရေတွင်းမှာ ရေချိုးနေတဲ့ သူတွေရောပဲ ပါတယ်”ဟု ပြောပြသည်။

အငြိမ်းစား သမ္မတများ အတွက် လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်း အမေရိကန်ပုံစံ အတုယူထားဟု ဆို


နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူအတွက် လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းသည် အမေရိကန်နိုင်ငံ၏ သမ္မတ ဟောင်းများနှင့်ပတ်သက်၍ ပြဋ္ဌာန်းထားသည့် ဥပဒေအပေါ် လေ့လာသုံးသပ်၍ ရေးဆွဲထားခြင်း ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ဧရာဝတီကို ပြောသည်။

“နိုင်ငံရေးဆွေးနွေးပွဲကို သွားဖို့ဟာက အဓိက အရေးအကြီးဆုံးပါပဲ”


တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေဟာ တချိန်က တခြားလူတွေရဲ့ နိုင်ငံရေး လှည့်ကွက်၊ ကစားကွက်တွေကြောင့် အချင်းချင်း တိုက်ခိုက်ခဲ့ကြ ပေမယ့် အခုလက်ရှိအချိန်မှာတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ သင်ခန်းစာတွေရနေကြပြီး အရင်ကလို နိုင်ငံရေး လှည့်ကွက်ထဲကို ကျရောက်ခံမှာ မဟုတ်တော့ဘူးလို့ ယုံကြည်ကြောင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) အဖွဲ့ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောဆိုပါတယ်။

သမ္မတဟောင်း၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းကို ဆွေးနွေးခြင်း


နိုင်ငံပိုင်သတင်းစာတွေကနေ အများပြည်သူသိရှိလေ့လာအကြံပြုနိုင်ရန်ဆိုပြီး ဥပဒေကြမ်းတစ်ခုကို ယနေ့ ထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်း ဖြစ်ပါတယ်။ ဒီဥပဒေကြမ်းမှာ အခန်း ၅ ခန်းနဲ့ ပုဒ်မ ၁၄ ခုပါဝင်တာကို တွေ့ရပါတယ်။ လောလောဆယ်တော့ ဥပဒေအကြမ်းဖြစ်နေသေးပေးမယ့် မကြာခင်မှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုတော့မယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။

တပ်မတော်နှင့်ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိဟု UWSA ပြော


ဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ (UWSA) အနေဖြင့် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ယုံကြည်မှု တိုးမြှင်ရန် ဆန္ဒရှိကြောင်း “၀”အထူးဒေသ(၂) ဒုတိယဥက္ကဋ္ဌ ဦးရှောက်မင်လျံက မနေ့က ပြောလိုက်ပါတယ်။ ရှမ်းပြည်နယ် (အရှေ့ပိုင်း)ပန်ဆန်းမြို့ရှိ ၀” အထူးဒေသ(၂) ပြည်သူ့ခန်းမ မှာ မနေ့ကပြုလုပ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ ပြည်ထောင်စု ဝန်ကြီး ဦးလှထွန်း၊ ဦးခင်မောင်စိုး၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ တြိဂံဒေသတိုင်းစစ်ဌာန ချုပ်တိုင်းမှူး၊ အရှေ့မြောက်တိုင်းစစ်ဌာန ချုပ်တိုင်းမှူးတို့နှင့် တွေ့ဆုံရာတွင် ဦးရှောက်မင်လျံက ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များသာမက အစိုးရအဖွဲ့များလည်းနိုင်ငံရေးပင်စင် ရရှိမည်ဟု သူရဦးရွှေမန်းပြော


တစ်လုံးတစ်ခဲတည်းပေးအပ်မည့် နိုင်ငံရေးပင်စင်ငွေသည် လွှတ်တော် ကိုယ်စားလှယ်များကိုသာ ပေးအပ်မည်မဟုတ်ဘဲ နိုင်ငံတော်သမ္မတ၊ ၀န် ကြီးများ၊ ၀န်ကြီးချုပ်များအပါအ၀င် အုပ်ချုပ်ရေးပိုင်းမှ ပုဂ္ဂိုလ်များ အားလုံး ပါဝင်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကပြောကြားသည်။

ကချင်-တရုတ်နယ်စပ် စစ်ဘေးဒုက္ခသည်များအတွက် အနွေးထည်များ လိုအပ်နေ


ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ထိန်းချုပ်နယ်မြေ ကချင်-တရုတ်နယ်စပ် စစ်ဘေးရှောင် စခန်းများမှ ဒုက္ခသည်များအတွက် ဆောင်း ရာသီ အအေးဒဏ် ခံနိုင်သည့် အနွေးထည်များ လိုအပ်နေကြောင်း သိရသည်။ ကချင်-တရုတ်နယ်စပ် စစ်ဘေးရှောင် ဒုက္ခသည်စခန်းဖြစ်သည့် မှတ်တိုင် အထက် ၆၊ အောက် ၆ တို့တွင် ဆီးနှင်းများ ကျဆင်းပြီး အလွန်းအေးနေ၍ ဒုက္ခသည်များ ဆောင်းဒဏ်ခံနိုင်ရန်အတွက် အနွေးထည်များ လိုအပ်နေ ကြောင်း၊ ကျန်းမာရေးအတွက် ဆေးဝါးများ လည်း လိုအပ်နေကြောင်း ကချင်ဒုက္ခသည်များ ကယ်ဆယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဟိန်းဝေါမ်က ဧရာဝတီကို ပြောပြသည်။

မြန်မာနိုင်ငံတိုးတက်မှုနှေးကွေးခြင်းသည် ညီညွတ်ရေးအားပျော့နေသော ကြောင့်ဖြစ်၍ သတိထားရန်လိုဟု ပါမောက္ခချုပ်ဆရာတော်မိန့်ကြား


အခြားနိုင်ငံများနှင့်နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံတိုးတက်မှုနှေးကွေးခြင်းသည် ညီညွတ်ရေးအားပျော့နေသောကြောင့်ဖြစ်သည်ကို သတိထားကြရန် လိုအပ်ကြောင်း အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသကမိန့်ကြားသည်။

Monday, December 21, 2015

တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေးပင်စင် ချီးမြှင့်ငွေမှာ လွှတ်တော်အမတ်များသာ ရခြင်းမဟုတ်ဟု သူရဦးရွှေမန်းပြော


တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေးပင်စင် ချီးမြှင့်ငွေမှာ လွှတ်တော်အမတ်များသာ ရခြင်းမဟုတ်ဘဲ ၂၀၁၁ခုနှစ်မှ ၂၀၁၆မတ်လအတွင်း တာဝန် ထမ်းဆောင်ခဲ့သော သမ္မတ၊ ဒုသမ္မတများအပါအဝင် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ တိုင်းနှင့်ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရတိုင်းများမှ ဥက္ကဌနှင့် ကော်မတီဝင်များ၊ နေပြည်တော်ကောင်စီ ဥက္ကဌနှင့် ကော်မတီဝင်များကပါ ရရှိကြမည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောဆိုလိုက်သည်။

ရှမ်းပြည်နယ်တွင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ BBC သတင်း ဌာန၏ သတင်းထုတ်ပြန်ချက်ကို SSPP / SSAငြင်းပယ်ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်

လိပ်ကျွန်းလူသတ်မှု စွပ်စွဲခံ မြန်မာနှစ်ဦးကို ကွင်းလုံးကျွတ် လွှတ်ပေးသင့်ကြောင်း တရားရုံးသို့ တင်ပြ


ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုတွင် စွပ်စွဲခံထားရသည့် မြန်မာနှစ်ဦး ပြစ်မှုကျူးလွန်ကြောင်း မထင်ရှားသဖြင့် ကွင်းလုံးကျွတ် လွှတ်ပေးသင့်ကြောင်း မြန်မာနှစ်ဦးဘက်က လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေအဖွဲ့က လျှောက်လဲချက် အကျဉ်းချုပ် အစီရင်ခံစာတစ်စောင်ကို ယနေ့ တရားရုံးသို့ တင်သွင်းလိုက်သည်။

MPC ငြိမ်းချမ်းရေးစင်တာအား NLD အစိုးရလက်ထက်တွင် ဖျက်သိမ်းမည်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြားကြောင်း သူမနှင့် တွေ့ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ဆို


သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် အစိုးရတို့အကြား အပစ်ခတ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ကြားဝင်ဆောင်ရွက်ပေးခဲ့သော မြန်မာငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဗဟိုဌာန ( အရပ်အခေါ် MPC မြန်မာငြိမ်းချမ်းရေး စင်တာ ) အား အန်အယ်လ်ဒီ အစိုးရလက်ထက်တွင် ဖျက်သိမ်းမည် မဟုတ် ကြောင်း ဒေါ်အောင်ဆန်းစုကြည် က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များနှင့် တွေ့ဆုံရာတွင်ပြောကြားကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများထံမှ သိရသည်။..

သမ္မတကို ‪‎နောက်ကြောင်းပြန်တရားမစွဲနိုင်ဖို့‬ ဥပဒေဖြင့် တားမြစ်ရန်ပြင်ဆင်


သမ္မတကို နောက်ကြောင်းပြန်တရားမစွဲနိုင်ရန်နှင့် အကာအကွယ်ပေးရန် ဥပဒေကြမ်း တစ်ရပ်ကို ဒီဇင်ဘာ ၂၁ ရက်ထုတ် ကြေးမုံနှင့် မြန်မာ့အလင်း သတင်းစာများတွင် ဖေါ်ပြသည်။နိုင်ငံတော် သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်း ဟု အမည်ပေးထားပြီး ဥပဒေကြမ်းတွင် သမ္မတ တာဝန်ထမ်းခဲ့သူကို ကာကွယ်ပေးရန် ကိုယ်ရံတော် ခန့်ထားရမည်ဟု ပါရှိပြီး ထိုကုန်ကျစရိတ်ကို နိုင်ငံမှ ကျခံရန် ပါရှိသည်။

မောင်တောမှာ ရိုဟင်ဂျာတစ်ဦး ပစ်သတ်ခံရ


ရခိုင်ပြည်နယ် မောင်တောမြို့အနီးက စစ်ဆေးရေးဂိတ်တစ်ခုမှာ မြန်မာနယ်ခြား စောင့်တပ်ဖွဲ့က ပစ်ခတ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့က ရိုဟင်ဂျာ တစ်ဦး သေဆုံးခဲ့ကြောင်း ကုလားတန်သတင်းဌာနက မနေ့က ရက်စွဲနဲ့ ထုတ်ပြန်တဲ့ သတင်းမှာ ဖေါ်ပြထားပါတယ်။

My Blog List