Friday, October 02, 2015

လေဒီဂါဂါကို ၂၀၁၅ ခုနှစ် သြဇာလွှမ်းမိုးမှုအရှိဆုံး အမျိုးသမီး အဆိုတော်အဖြစ် Billboard မဂ္ဂဇင်းက ရွေးချယ်


အဆိုတော် လေဒီဂါဂါကို ၂၀၁၅ ခုနှစ် သြဇာလွှမ်းမိုးမှု အရှိဆုံးအမျိုး သမီးအဆိုတော်အဖြစ် ရွေးချယ်ခဲ့သည်ဟု Billboard မဂ္ဂဇင်းက ထုတ် ပြန်ခဲ့သည်။ ဂရမ်မီဆုရ အဆိုတော် လေဒီဂါဂါသည် ဒီဇင်ဘာ ၁၁ ရက်တွင် နယူးယောက်ရှိ Cipriani Midtown ၌ပြုလုပ်မည့် အမျိုးသမီး ဂီတပွဲတွင် အဆိုပါ ဂုဏ်ပြုဆုကို လက်ခံရယူမည်ဖြစ်သည်။

ဒေါ်စုနှင့် NLD ပါတီအား မပုတ်ခတ်ရန် ကြေညာချက်ထုတ်


ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီအား ပုတ်ခတ်မှုများကို အပြင်းအထန် (အပြင်းအထန်) ကန့်ကွက် ရှုတ်ချကြောင်း ကြေညာချက် တစ်စောင်ကို မဟာဂန္ဓာရုံ ကျောင်းတိုက်မှ သီရိပ၀ရ ဓမ္မာစရိယ ပါဠိပါရဂူ ဦးသူရိယ(ဂန္တ၀ါစက) ဆရာတော်က လူထုသို့ အသိပေးခြင်း ကြေညာချက်ကို ထုတ်ပြန် လိုက်သည်။

လိပ်ကျွန်း လူသတ်မှု ယခုနှစ် မတိုင်မီ ထိုင်းတရားရုံးက အပြီးသတ် အမိန့်ချဖွယ်ရှိ


ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း(ခိုတောင်ကျွန်း)တွင် ဖြစ်ပွားခဲ့သည့် ဗြိတိန်ကမ္ဘာလှည့်ခရီးသွား ၂ ဦး အသတ်ခံမှုကြောင့် ထိုင်းရဲတပ်ဖွဲ့က စွပ်စွဲဖမ်းဆီးထားသော မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ဇော်လင်းနှင့်ဝင်းဇော်ထွန်းတို့ ၂ ဦး၏ အမှုကို ထိုင်းတရားရုံးက ယခုနှစ် မတိုင်မီ အပြီးသတ် အမိန့်ချဖွယ်ရှိကြောင်း သိရသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်းများ စည်းရုံးရေးပြန်ဆင်းနိုင်ပြီဟု RCSS ထုတ်ပြန်


RCSS/SSA သျှမ်းပြည်တပ်မတော် ထိန်းချုပ်နယ်မြေ ၁၆ ခု အတွင်းဖြစ်ပွားေ သာ တိုက်ပွဲ ကြောင့် လုံခြုံရေးအတွက် စည်းရုံးရေးဆင်းရန် ယာယီပိတ်ထားသော နယ်မြေ ၁၆ ခုအား အောက်တိုဘာ ၁ ရက်နေ့မှ၍ စည်းရုံးေ ရးပြန်လည် ဆင်းနိုင်ပြီဖြစ်သည်ဟု ထုတ်ပြန် ကြေငြာချက်တစောင် ထပ်မံ ထုတ်ပြန်ထားသည်။

တိုက်ပွဲဖြစ်နေသည့် မံစီဒေသအတွင်း ကျေးရွာအုပ်စု ၂၄ အုပ်စုတွင်သာ ရွေးကောက်ပွဲကျင်းပမည်


အစိုးရတပ်မတော်နှင့် ကေအိုင် အေ ကချင်လွတ်မြောက်ရေးအဖွဲ့တို့ အကြား တိုက်ပွဲများဖြစ်ပွားနေသည့် မံစီ မြို့နယ်အတွင်း ကျေးရွာအုပ်စုပေါင်း ၂၄ အုပ်စုတွင်သာ ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း မံစီမြို့ နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးမြင့် မောင်က ရန်ကုန်တိုင်းမ်ဂျာနယ်သို့ ပြောသည်။

တရုတ် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း အန္တရာယ် ရေနံချောင်း ဒေသခံများ စိုးရိမ်နေ


မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်ရှိ ငါးလန္တာကျေးရွာတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းသွားသည့် နေရာ၌ ဓာတ်ငွေ့ပိုက် လိုင်းအပေါ် ဖုံးအုပ်ထားသည့် ကွန်ကရစ်အကာအရံများ ဧရာဝတီမြစ်ရေ တိုး၍ ထက်ဝက်ခန့် ကျိုးကျလာခြင်းကြောင့် အန္တရာယ် ဖြစ်မည်ကို ဒေသခံများ စိုးရိမ်နေကြောင်း သိရသည်။

မြန်မာ့ ငြိမ်းချမ်းရေး လမ်းပျောက်သွားပြီ


ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ရဲ့ ထိပ်သီးအစည်းအဝေးဟာ ၇ ဖွဲ့ပဲ လက်မှတ် ထိုးမှာ ဖြစ်တဲ့အတွက် All inclusive ဆိုတဲ့ အားလုံးပါဝင်တဲ့ ceasefire လည်းဖြစ်လာမှာ မဟုတ်တော့ပါ။

ထွန်းတုံးတိုက်ပွဲဝင်တောင်သူများ နှင့် စည်ပင် ပဋိပက္ခ ဒေသခံများ ဒဏ်ရာရ


ဘိုးဘွားပိုင်မြေ မကျူးကျော်ရဟူသည့် ဆိုင်းဘုတ်များထောင်ကာ ထွန်တုံးတိုက်ပွဲဝင်ခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရေကြည်ညောင်ပင်စံပြကျေးရွာတွင် တောင်သူ ၂၀၀ကျော် နှင့် စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းများ စက်တင်ဘာ ၃၀ရက် ညနေ ၄နာရီက ပဋိပက္ခဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်နှစ်စီးပျက်စီးပြီး ဒေသခံအချို့ ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက မဇ္ဈိမကို ပြောသည်။

ရခိုင်တပ် -AA နှင့် ဆက်သွယ်ဟုဆိုကာ မင်းပြားအုပ်ချုပ်ရေးမှူးကို အလုပ်နှင့် ထောင် ၃နှစ်ချလိုက်


ရက္ခိုင့်တပ်မတော် (AA) နှင့် ဆက်နွယ်သည်ဆိုပြီး မတရားအသင်း အက်ဥပဒေပုဒ်မ - ၁၇ (၁) ဖြင့် မင်းပြားမြို့နယ် လဟာပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်ကို မင်းပြားတရားရုံးက စက်တင်ဘာ ၃၀ရက်တွင် အလုပ်နှင့်ထောင်ဒဏ် ၃နှစ် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း အမှုလိုက်ပါ ဆောင်ရွက်ပေးသူ တရားလွှတ်တော် ရှေ့နေ ဒေါ်အေးနုစိန်က ပြောကြားသည်။

ဦးတင်အေး၊ မီဒီယာတွေဘက် လှည့်မလာပါနဲ့


ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ မဲစာရင်းတွေ အမှားအယွင်း များပြားလွန်းတာ၊ မမှန် ကန်တာ စတာတွေနဲ့ ပါတ်သက်ပြီး နဂိုတုန်းက ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးဟာ မဲစာရင်း သွားမကြည့်တဲ့ ပြည်သူ တွေကို အပြစ်တင်ခဲ့ပါတယ်။ သူ့အပြောကတော့ ကျုပ်တို့ ပြုစုပြီးသွားပြီ၊ ခင်ဗျားတို့ကမှ သွားမကြည့်တာ၊ သွားမ ကြည့်ရင် ကျုပ်တို့ အာမမခံနိုင်ဘူး၊ သွားမကြည့်တဲ့ ခင်ဗျားတို့ အပြစ်လို့ ကျယ်ကျယ်လောင်လောင် ပြောဆိုခဲ့ပါတယ်။ 

“အင်န်အယ်လ်ဒီ က ကောင်းကောင်းမွန်မွန် ပြင်ဆင်ထားပုံမရဘူး၊ လူကြိုက်ကတော့ များနေတုန်းပဲ”


၂ဝဝဝ မှ ၂ဝဝ၃ အထိ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံအမတ်ကြီးအဖြစ်  တာဝန်ယူခဲ့သူ ထရီဗာဝယ်လ်ဆန်။ ထရီဗာဝယ်လ်ဆန်က ၂ဝဝဝ ကနေ ၂ဝဝ၃ အထိ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ်ကြီးအဖြစ် တာဝန် ထမ်းခဲ့ပါတယ်။ အဲဒီကာလတုန်းက မြန်မာစစ်အစိုးရ  အာဏာကို အကြွင်းမဲ့ ထိန်းချုပ် ထားတဲ့ အချိန်ပါ။ စစ်ဗိုလ်ချုပ်တွေဟာ ၁၉၉၆၊ ၁၉၉၈ ကျောင်းသား ဆန္ဒပြပွဲ နှစ်ခုကို အောင်မြင်စွာ ဖြိုခွဲခဲ့ပါတယ်။

တသီးပုဂ္ဂလအမတ်လောင်းများနှင့် လုံးဝမသက်ဆိုင်လို့ NLD ကြေငြာ


ပါတီ၏ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ထုတ်ပယ်ထားသူများနှင့် ပါတီမှ နှုတ်ထွက်ကာ ရွေးကောက်ပွဲတွင် တသီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သူများနှင့် လုံးဝမသက်ဆိုင်ကြောင်းနှင့် နောင်တွင်လည်း မည်သို့မျှ သက်ဆိုင်မှုရှိမည် မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့က စက်တင်ဘာ ၃၀ရက်စွဲဖြင့် ကြေငြာချက်ထုတ်ပြန်လိုက်သည်။

မဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးခြင်းနှင့် နှောက်ယှက်၊ ဟန့်တားမှုများကို NLD တရားစွဲမည်


 ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေသည့် လက်ရှိကာလအတွင်း ပါတီအလံများနှင့် ဆိုင်းဘုတ်များအား ဖျက်ဆီးခြင်း၊ ပါတီဝင်များအား ကိုယ်ထိလက်ရောက် စော်ကားခြင်း၊ မဲဆွယ်ပွဲများကို နှောက်ယှက်ဟန့်တားခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းမပြုရန် တားမြစ်သူများကို တရားဥပဒေနှင့်အညီ တရားစွဲဆိုသွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့က စက်တင်ဘာ ၃၀ရက်စွဲဖြင့် ကြေငြာချက်ထုတ်လိုက်သည်။

ရန်ကုန်မှာ အလုံးအရင်းမိတဲ့မူးယစ်ဆေးကိစ္စ ရုပ်လုံးပေါ်ကာနီးပြီဟု မူးယစ်တားဆီးဗဟိုခေါင်းဆောင်ပြော


ရန်ကုန်မြို့မင်္ဂလာဒုံစက်မှုဇုန်ဝင်းအတွင်း ဇူလိုင်လ ၂၆ရက်ကဖမ်းမိခဲ့သည့် အမေရိကန်ဒေါ်လာ သန်း ၁၄၀ ခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခြင်းကိစ္စနှင့် ပတ်သက်ပြီး ၁၁ဦးကို ဖမ်းဝရမ်းထုတ်ထားသည်။ သို့သော် ယခုချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးသည့်အတွက် ၅၁နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့ ရဲမှူးကြီး မြင့်အောင်ကို သတင်းထောက်များက မေးမြန်းထားသည့် မေးခွန်းအချို့ကို မဇ္ဈိမက ကောက်နုတ်တင်ပြလိုက်သည်။

ရုရှားရဲ့ ဆီးရီးယားမှာ တိုက်ခိုက်မှု ကန် စိုးရိမ်


ဆီးရီးယားမှာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ရင်း ရုရှားနိုင်ငံဟာ ကိုယ့်ကိုယ်ကို ပိုပြီး အထီးကျန်အောင် လုပ်နေသလို၊ အန္တရာယ်တွင်းထဲ ဆင်းနေတယ်လို့ အိမ်ဖြူတော်က ဝေဖန်လိုက်ပါတယ်။ ဘယ်သူဘယ်ဝါ မခွဲခြားပဲ ဆီးရီးယားအတိုက်အခံတွေကိုပါ စစ်ဆင်နေတာ တွေဟာ ရုရှားအတွက် အန္တရယ်များတဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း” အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် ဂျို့စ် အန်းနတ်စ် က ကြာသပတေးနေ့မှာ သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။

အီရန် နျူကလီယား သဘောတူညီမှု အစ္စရေး ဝေဖန်


အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ကြာသားပတေးနေ့ New York မြို့ ကုလသမဂ္ဂ အထွေထွေညီလာခံ မှာ မိန့်ခွန်း ပြောကြားစဉ်အတွင်း အီရန်နိုင်ငံရဲ့ နျူကလီးယား အစီစဉ် ဖျက်သိမ်းရေးအတွက် ကမ္ဘာ့အင် အားကြီး ၆ နိုင်ငံနဲ့ အီရန်နိုင်ငံတို့ကြား ရရှိခဲ့တဲ့ သဘောတူညီမှု အပေါ် ပြင်းပြင်း ထန်ထန် ဝေဖန်ပြောဆိုလိုက်ပါတယ်။

စစ်ဘက် သတင်း ပွင့်ပွင့်လင်းလင်း ထုတ်ပြန်ပေးဖို့ မီဒီယာ တောင်းဆို


စစ်ရေးဆိုင်ရာ သတင်းတွေ ပိုပြီး ပွင့်လင်းမြင်သာအောင် ထုတ်ပြန်ဖို့ ဒီကနေ့ မြန်မာ့ တပ်မတော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တဲ့ သတင်းထောက် တွေက တောင်းဆို ခဲ့ကြပေမယ့် တပ်မတော်ဘက်ကတော့ တိကျတဲ့ အဖြေမပေးနိုင်ခဲ့ပါဘူး။ စစ်အုပ်ချုပ်ရေးအပြီး သတင်းမီဒီယာတွေနဲ့ ဆက်ဆံဖို့ ကြိုးစား လာတဲ့ မြန်မာ့ တပ်မတော်ဟာ ၀ါဒဖြန့်တဲ့ သတင်းတွေ ကိုသာ ထုတ်ပြန်ပေးနေဆဲ ဖြစ်ပြီး ပွင်းလင်း လွတ်လပ်လာတဲ့ အနေအထား မရှိသေးဘူးလို့ သတင်းထောက်တွေက ဝေဖန် ပါတယ်။ 

NCA ကို လက်ခံတဲ့ အဖွဲ့ ၈ဖွဲ့နဲ့ ကနဦး စတင်မည်


တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် NCA လက်မှတ်ရေးထိုးမယ့် ရက်သတ်မှတ်ရေး အတွက် ဒီလ ၄ရက်နေ့မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ဖွဲ့က အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိပြီး ဒီလ ဒုတိယပတ်ထက် နောက်မကျဘဲ ပထမဆုံး အဖွဲ့ ၈ဖွဲ့နဲ့ လက်မှတ် ရေးထိုးဖို့ ရှိနေပါတယ်။ ပါဝင် လက်မှတ် မရေးထိုးသေးတဲ့ အဖွဲ့တွေ ကိုတော့ နိုင်ငံရေးဆွေးနွေးပွဲ မှာ ပါဝင်ဖို့ နဲ့ အဆင်သင့်ဖြစ်ချိန်မှာ လက်မှတ်ရေး ထိုးနိုင်ဖို့ ဆက်လက် ညှိနှိုင်း သွားမယ်လို့လည်း ပြင်ဆင်ထားကြပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းက ကိုမိုးဇော်က တင်ပြမှာ ဖြစ်ပါတယ်။

မနောကွင်းကို ပြည်နယ်အစိုးရ သော့ခတ်ထား၍ ကချင်ရိုးရာ ဘက်စုံအားကစားကွင်းတွင် ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ် မြစ်ကြီးနားခရီးစဉ် မဲဆွယ်စည်းရုံး ဟောပြောရန် ခွင့်ပြုချက် တောင်းခံထားသော မနောကွင်းကို ကချင်ပြည်နယ်အစိုးရ တာဝန်ရှိသူများက သော့ခတ်၍ ပိတ်ထားသဖြင့် ကချင်ရိုးရာ ဘက်စုံအားကစားကွင်းတွင် ဟောပြောမည်ဖြစ်ကြောင်း NLD ပါတီ တာဝန်ရှိသူများထံမှ သိရှိရသည်။ 

IS စစ်သွေးကြွတွေကို ဆီးရီးယားမှာ အမေရိကန်လေကြောင်းက ဆက်တိုက်


အမေရိကန်ပြည်ထောင်စုအနေနဲ့ ညွန့်ပေါင်းအဖွဲ့ကို ဦးဆောင်ပြီး ဆီးရီးယား နိုင်ငံအတွင်းမှာ ရှိနေတဲ့ IS အစ္စလာမ်မစ်စစ်သွေးကြွတွေအပေါ်လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လက် ပြုလုပ်သွားမယ်လို့ အမေရိကန်က ပြောလိုက် ပါတယ်။

အီးယူရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွင် လူတစ်ရာကျော်ပါမည်


 မြန်မာနိုင်ငံ၏ ရွေး ကောက်ပွဲကို ပထမဆုံးစောင့် ကြည့်လေ့လာမှုအဖြစ် ဥရောပ သမဂ္ဂ(EU) မှ စေလွှတ်မည့် ရွေး ကောက်ပွဲလေ့လာစောင့်ကြည့် ရေးအဖွဲ့ (EOM) တွင် လူတစ်ရာ ကျော်ပါဝင်မည်ဖြစ်ကြောင်း စက် တင်ဘာ ၂၉ ရက်စွဲဖြင့် အီးယူက သတင်းထုတ်ပြန်သည်။

နောက်ဆုံးအကြိမ် မဲစာရင်းတွင် အသိပေးလှုံ့ဆော်မှုအားနည်းခဲ့၍ ပြည်သူများပူးပေါင်းပါဝင်မှုနည်းခဲ့ကြောင်း စစ်တမ်းတစ်ရပ်ထုတ်ပြန်


 နောက်ဆုံးအကြိမ် မဲ စာရင်းထုတ်ပြန်မှုတွင် အသိပေး လှုံ့ဆော်မှုအားနည်းခဲ့ပြီး မဲဆန္ဒ ရှင်များ ပါဝင်မှုနည်းပါးခဲ့ကြောင်း စောင့်ကြည့်လေ့လာရေးအဖွဲ့ တစ်ခုဖြစ်သည့် ပြည်သူများပူး ပေါင်းလှုပ်ရှားမှုအဖွဲ့ (PACE) အစီရင်ခံစာ၌ ဖော်ပြသည်။

ငွေငန်းဖြူအလှဘုရင်မဝတ်စုံနဲ့ အကောင်းဆုံးဝတ်စုံဆုဆွတ်ခူးသွားတဲ့ မယ်စကြဝဠာမြန်မာပြိုင်ပွဲဝင် ဟန်လေး


မယ်စကြဝဠာ မြန်မာ ၂၀၁၅ နှင့် ၂၀၁၆ ဆန်ခါတင်ပြိုင် ပွဲဝင်များ၏ National Costume ပြိုင်ပွဲတွင် ငွေငန်းဖြူ၏ အလှ ဘုရင်မ ဝတ်စုံဖြင့် ခါးနံပါတ်(၂၀) ဟန်လေးက The Best National Costume ဆုကို ရရှိခဲ့သည်။

မနောကွင်းသော့ခတ်လိုက်၍ ဒေါ်အောင်ဆန်းစုကြည်ဟောပြောပွဲ နေရာပြောင်း



မနောကွင်း ၀င် ပေါက်တံခါးများကို သော့ခတ် ပိတ်ထားလိုက်ခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ မြစ် ကြီးနား လူထုတွေ့ဆုံပွဲကို နေရာ ပြောင်းရွှေ့ပြုလုပ်ရန် အရေးပေါ် စီစဉ်ခဲ့ရကြောင်း အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ကချင်ပြည်နယ် အောင်နိုင်ရေးကော်မတီမှ သ တင်းရရှိသည်။

ရွေးကောက်ပွဲနှင့်အတူ ရင်ခုန်ရမည့် လိပ်ကျွန်းအမှု


လာမည့် နိုဝင်ဘာလပိုင်းတွင် အပြီးသတ်အမိန့်ချမှတ်မည့် လိပ်ကျွန်းလူသတ်မှု ဖမ်းဆီးခံမြန်မာလုပ်သားနှစ်ဦးသည် တရားသေဖြင့် လွတ်မြောက်လာမည်ဟု မြန်မာသံရုံးအထူးအဖွဲ့က ယုံကြည်နေကြသည်။လိပ်ကျွန်းလူသတ်မှု တရား လိုပြသက်သေနှင့် တရားခံပြသက်သေများအားလုံး ရုံးထုတ်စစ်ဆေး ပြီးချိန်တွင် မြန်မာလုပ်သားနှစ်ဦး က လူသတ်မှုကျူးလွန်ကြောင်း သက်သေပြနိုင်သော အချက်အလက်များ မတွေ့ရှိခြင်းကြောင့် ဖြစ်သည်ဟု မြန်မာသံရုံးအထူးအ ဖွဲ့က ပြောသည်။

Thursday, October 01, 2015

ဒါရိုက်တာတို့ ထုတ်လုပ်ရေးတို့ကသာ အဖော်အချွတ်ပုံတွေ မတင်ပါနဲ့လို့ တားရင် တင်ဖြစ်တော့မှာ မဟုတ်ကြောင်း ဇွန်သဉ္ဖာ ဖွင့်ဟ



လက်ရှိမှာ သီချင်းတွေလဲ လုပ်ဖြစ်နေသလို ဗီဒီယိုအနေနဲ့လဲ ငါးကားလောက် ရိုက်ကူးထားပြီးတဲ့ ဇွန်သဉ္ဖာရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုများနဲ့ သူကြိုးစားရုန်းကန်လာခဲ့ရတဲ့ ဘ၀အစိတ်အပိုင်းတချို့ကို ပြန်လည်ပြောပြလာတဲ့အခါ

-အခုလက်ရှိ အနုပညာလှုပ်ရှားမှုအနေနဲ့ ဘာတွေလုပ်ဖြစ်နေလဲ။

ကယန်းပြည်သစ်ပါတီမှ မဲစာရင်းများမှားယွင်းမှုကိစ္စ နှင်ပက်သက်၍ကြေငြာချက်ထုတ်ပြန်


အနုပညာရှင်များ မဲပေးမည့်သူကို ထုတ်ဖော်ပြောခြင်းသည် ဥပဒေအရ ညီညွှတ်မှုမရှိဟု သရုပ်ဆောင်ဒါရိုက်တာ ဇာဂနာပြောကြား


ယခုနှစ် ရွေးကောက်ပွဲဆိုင်ရာ ဆန္ဒမဲပေးမှုတွင် အနုပညာရှင်အချို့မှာ မိမိကြိုက်နှစ်သက်ရာ ပါတီကို ထုတ်ဖော်ပြောခြင်းသည် ဥပဒေအရ ညီညွှတ်မှု မရှိခြင်းကြောင့် လျှို့ဝှက်စွာ ဆန္ဒမဲပေးခြင်းဖြင့် မိမိဆန္ဒမဲတန်ဖိုးကို ထိန်းသိမ်းထား သင့်ကြောင်း သရုပ်ဆောင် ဒါရိုက်တာ ဇာဂနာက ပြောကြားလိုက်သည် ။

"မွတ်ဆလင် ကိုယ်စားလှယ်လောင်း တစ်ဦးတစ်ယောက်ကိုပင် ရွေးချယ်ခဲ့ရင် မဘသ က NLD ကို အကြီးအကျယ် ထိုးနှက်လာမှာ ဖြစ်လို့ ရှောင်လွှဲခဲ့တာပါ” ဟု ဦးဝင်းထိန် ပြောကြား


အဓိက အတိုက်အခံ NLD ပါတီသည် ရွေးကောက်ပွဲတွင် ပါတီကိုယ်စားပြု ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် ရွေးချယ်ရာတွင် အစ္စလာမ်ဘာသာဝင်များ မပါဝင်ခြင်းမှာ အောင်နိုင်ရေးမဟာဗျူဟာ၏ အစိတ်အပိုင်း တစ်ခုဖြစ်သည် ဟု NLD ၏ ၀ါရင့်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဝင်းထိန်က ပြောကြားသည်။

အာဏာရပါတီ ရွေးကောက်ပွဲ နိုင်ဖို့ဆိုရင်


လာမယ့် နိုဝင်ဘာလမှာကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရား မျှတ မယ်ဆိုရင်တော့ လက်ရှိအာဏာရပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဟာ အနိုင်ရနိုင်ဖို့ အခွင့်အရေး နည်းလှပါတယ်။ ဒါပေမယ့် သူတို့အနေနဲ့ တိုင်းပြည်အာဏာကို ဆက်ထိန်းထားဖို့ ရည်ရွက်ချက်ရှိမယ်ဆို ရင်တော့ မဲမသမာမှု လုပ်ဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိပါဘူး။

ရွေးကောက်ပွဲကော်မရှင် အခြေခံဥပဒေက ပေးထားတဲ့ တာဝန်ကျေပါ ရဲ့လား


၂၀၁၅ ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူစာရင်းကို ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က စက်တင်ဘာလ ၁၄ ရက်မှာ နောက်ဆုံးအကြိမ် အဖြစ် ထုတ်ပြန်ခဲ့ရာ မှားယွင်းမှုများစွာ ထပ်မံရှိနေသေးတာကြောင့် ကော်မရှင်ကို နိုင်ငံရေးပါတီတွေ၊ မီဒီယာတွေ၊ ရွေးကောက်ပွဲလေ့လာစောင့် ကြည့်တဲ့အဖွဲ့အစည်းတွေက ဝေဖန်မှုများစွာ ရှိခဲ့ပါတယ်။  ပထမဦးဆုံး အခြေခံမဲစာရင်း ထုတ်ပြန်တုန်းကလည်း မဲစာရင်းအမှားများစွာ ရှိခဲ့ပါသေးတယ်။

မဘသနှင့် မိမိတို့ မပတ်သက် NLD သာ မဲပေးကြဟု အမရပူရ မဟာဂန္ဓာရုံ ဆရာတော် ဦးသူရိယ ကြေညာ


သံဃာအချို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲမပေးရန် စေ့ဆော်နေချိန်တွင် ထိုသို့သော စည်းရုံးမှုများကို အပြင်းအထန် ကန့်ကွက်သည်ဟု မန္တလေးတိုင်း အမရပူရမြို့ မဟာဂန္ဓာရုံ ကျောင်းတိုက်ဆရာတော် ဦးသူရိယက အောက်တိုဘာ ၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။

တရုတ်ပြည်သူ့ သမ္မတ နိုင်ငံတော် ထူထောင် ခြင်း ၆၆ နှစ်ပြည့် ဧည့်ခံ အခမ်းအနား ပွဲကြီး ကျင်းပ


တရုတ် နိုင်ငံတော် ကောင်စီ မှ စက်တင်ဘာ ၃၀ နေ့က ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမကြီးတွင် ဧည့်ခံပွဲ ပြုလုပ်၍ တရုတ် ပြည်သူ့သမ္မတ နိုင်ငံတော် ထူထောင်ခြင်း ၆၆ နှစ်ပြည့် အခမ်းအနားပွဲကြီး ကျင်းပ ခဲ့သည်။ အခမ်းအနား သို့ တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန် ၊ တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် ၊ တရုတ် နိုင်ငံတော် ကောင်စီ ဥက္ကဌ ကျန်တယ်ကျန်း ၊ လျိုယွန်စန်း ၊ ကျန်း ကောင်းလိ စသည့် ခေါင်းဆောင်များ နှင့် ပြည်တွင်း ပြည်ပ မှ ဧည့်သည် တော် စုစုပေါင်း ၁၁၀၀ ခန့် တက်ရောက် ၍ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ တော် ၆၆ နှစ်ပြည့် ကို ဂုဏ်ပြု ခဲ့ကြသည်။

မဲဆန္ဒရှင်စာရင်း မှားယွင်း မှုတွေ ပြင်ဖို့ သမ္မတဦးသိန်းစိန် တိုက်တွန်း


မဲဆန္ဒရှင်စာရင်းတွေ မှားယွင်းနေတယ်ဆိုပြီး ဝေဖန်နေကြတဲ့အတွက် မဲစာရင်း မှားနေရင်၊ အမည်မပါရင် ပြင်ဆင်ကြဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌကို ဒီနေ့ ပြောပါတယ်။ အစိုးရဝန်ထမ်းတွေ၊ ပြည်ခိုင်ဖြိုးပါတီဝင်တွေ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေနဲ့ အင်္ဂပူမြို့နယ်က သိမ်ကျောင်းစံ စာသင်တိုက်မှာ ဒီကနေ့ တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မြို့နယ်ကော်မရှင် ဥက္ကဌ ဦးမောင်မောင်ကို ပြောကြားခဲ့တာဖြစ်ပါတယ်။

ကြို့ပင်ကောက်မှာ ပြည်ခိုင်ဖြိုး ပါတီဝင် ၂ဝဝ ခန့် တခြားပါတီသို့ ကူးပြောင်း


ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ် ကျောက်ဝကျေးရွာအုပ်စုနဲ့ ရုံးပင်ကျေးရွာ အုပ်စုက ပြည်ခိုင်ဖြိုး ပါတီဝင် ၂ဝဝ လောက်ဟာ ဒီမိုကရက်တစ်ပါတီ(မြန်မာ) ပါတီဝင်တွေအဖြစ် ကူးပြောင်းလိုက်တယ်လို့ သိရပါတယ်။ အဲဒီလိုပါတီဝင်အဖြစ် ဝင်ရောက်လာသူတွေကို လာမယ့်အောက်တိုဘာလ ၂ ရက်နေ့မှာ အခမ်းအနားတွေ ကျင်းပ ပြီး ကြိုဆိုမှာဖြစ်တယ်လို့ ဒီမိုကရက်တစ်ပါတီ (မြန်မာ)ရဲ့ ပဲခူးတိုင်းဒေသကြီးဥက္ကဌ ဦးရန်နိုင်က ပြောပါတယ်။

လိပ်ကျွန်း လူသတ်မှုတွင် ထိုင်းတင်ပြသည့် သက်သေနှင့် အင်္ဂလန်မှုခင်းဆရာဝန် ထွက်ဆိုချက်တို့ ကွဲလွဲနေ


လိပ်ကျွန်းအမှုတွင် တရားလိုအဖြစ် စွဲချက်တင်ထားသည့် ထိုင်းရဲတပ်ဖွဲ့၏သက်သေနှင့် အင်္ဂလန်မှုခင်း ဆရာဝန်၏ တရားခွင်ထွက်ဆိုချက်တို့ ကွဲလွဲနေသည်ဟု လိပ်ကျွန်းအမှုကို ကူညီဆောင်ရွက်နေသူ ရှေ့နေဦးအောင်မျိုးသန့်က စက်တင်ဘာ ၃၀ရက်တွင် မဇ္ဈိမကိုပြောသည်။ သေဆုံးသူ အင်္ဂလန်နိုင်ငံမှ ဟန်နာ၏ရုပ်အလောင်းကို အင်္ဂလန်နိုင်ငံတွင် ထပ်မံစစ်ဆေးရသည့် မှုခင်းဆရာဝန်ကယ်ရီက ၄င်း စစ်ဆေးတွေ့ရှိမှုကို ရွှေ့ပြောင်းလုပ်သားများအရေး ဆောင်ရွက်ပေးနေသည့် ဟန်ဒီဟောမှ တစ်ဆင့် တရားရုံးတရားခွင်တွင် တယ်လီဖုန်းမှတစ်ဆင့် ထွက်ဆိုခဲ့ခြင်းဟု ဆိုသည်။

“ပြည်သူတယောက် မဲပေးခွင့် မရလိုက်ရင်တော့ ဒါအခွင့်အရေး ချိုးဖောက်ခံရတာပါပဲ”


ပြည်သူတယောက် မဲပေးခွင့် မရလိုက်ရင်တော့ ဒါအခွင့်အရေး ချိုးဖောက်ခံရတာပါပဲ။ မဲပေးရမယ့်နေ့မှာ မဲပေးခွင့်ရှိတဲ့သူတယောက် မဲပေးခွင့်မရခဲ့ရင် ကျနော်တို့က ဆန္ဒပြသင့်ရင် ပြရမှာပဲ။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်တွင် ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ၀င် ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ ဥက္ကဌ ဦးဇင်အောင် အား ဧရာဝတီ သတင်းဌာနမှ သတင်းထောက် ထွန်းထွန်းက တွေ့ဆုံမေးမြန်း ထားပါသည်။

အပစ်ရပ်လက်မှတ်ထိုးရန် ဆုံးဖြတ်လိုက်သည့် KNU ၏ သဘောထား


ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး (EAOs) တွင် အင်အားကြီး လက်နက်ကိုင်အဖွဲ့တခုဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) အပါအဝင် လက်နက်ကိုင် ၇ ဖွဲ့က အစိုးရနှင့် အပစ်ရပ်လက်မှတ်ရေး ထိုးကြရန် ယခုလ ၂၉ ရက်နေ့ အစည်းအဝေး ဒုတိယမြောက်နေ့တွင် ဆုံးဖြတ်ချက် ပေးလိုက်ကြသည်။

လိပ်ကျွန်းအမှု သတင်းစာရှင်းလင်းပွဲ ရန်ကုန်တွင် ပြုလုပ်မည်


ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုမှ စွပ်စွဲဖမ်းဆီးခံထားရ သည့် မြန်မာနိုင်ငံသား နှစ်ဦး၏ နောက်ဆုံးအခြေအနေနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲကို အောက်တိုဘာလ ၁ ရက် ရန်ကုန် ဗိုလ်တစ်ထောင် မြို့နယ်တွင် ကျင်းပမည်။ 

နိုင်ငံလုံးချီ အပစ်ရပ်စာချုပ်တွင် တိုင်းရင်းသား လက်နက်ကိုင် ခုနစ်ဖွဲ့ လက်မှတ်ထိုးရန် သဘောတူ



တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့က လက်မှတ် ရေးထိုးမည်ဟု သဘောတူခဲ့ ကြောင်း တိုင်းရင်းသားလက်နက်ကိုင် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ (SD) ပြောရေးဆိုခွင့် ရှိသူ ဖဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။

ပြည်နယ်ကော်မရှင်ခွင့်မပြုသော်လည်း ဒေါ်အောင်ဆန်းစုကြည် မူလအစီအစဉ်အတိုင်း မနောကွင်းတွင် မဲဆွယ်ဟောပြောမည်


ပြည်နယ်ကော်မရှင်ကခွင့်ပြုချက်မပေးသော်လည်း ဒေါ်အောင်ဆန်းစုကြည် ၏ မြစ်ကြီးနားလူထု တွေ့ဆုံပွဲ ကို မူလစီစဉ်ထားသည့်အတိုင်း မနောကွင်း ၌ပင် ပြုလုပ်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကချင်ပြည် နယ်အောင်နိုင်ရေးကော်မတီမှ သတင်းရရှိသည်။

အပစ်ရပ်ရေး အဆင့်မြင့် ညှိနှိုင်း ကိုယ်စားလှယ်အဖွဲ့ (SD)ကို ဖျက်သိမ်း


အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၅ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်(SD) ကို စက်တင်ဘာ ၃၀ရက်တွင် ဖျက်သိမ်းလိုက်ပြီ ဖြစ်သည်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်း (NCA ) ကို လက်နက်ကိုင် အဖွဲ့အစည်း ၇ ဖွဲ့သည် လက်မှတ်ရေးထိုးရန် ဆုံးဖြတ်လိုက်သဖြင့် SD အဖွဲ့က ပျက်ပယ်သွားခြင်း ဖြစ်သည်။

ရွှေ့ပြောင်းများကို လက်ဗွေရာဖြင့် မှတ်ပုံတင်နိုင်ရေး အလေးထားဆောင် ရွက်မည်ဟု အီတလီပြော


ဥရောပအရာရှိများနှင့် ဒေသခံရဲတပ်ဖွဲ့တို့ ပူးပေါင်းကြီး ကြပ်မည့် ရွှေ့ ပြောင်းနေထိုင်သူ စင်တာများတွင် ရွှေ့ပြောင်းနေ ထိုင်သူများ၏ လက်ဗွေရာကို ရယူရေး အင်အားသုံး ဆောင်ရွက်သင့်ပါက ဆောင်ရွက်ရန် အီတလီအစိုးရ စီစဉ်သွားမည်ဖြစ် ကြောင်း အမျိုးသားရွှေ့ပြောင်း နေထိုင်မှု မူဝါဒအကောင်အထည်ဖော်ရေး တာဝန်ခံအရာရှိက ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းကို ချစ်ခင်ယုံကြည်သကဲ့သို့ သမီးဖြစ်သူကိုလည်း အားပေးထောက်ခံကြရန် ဦးတင်ဦး မန္တလေးမြို့ခံများအား မေတ္တာရပ်ခံ တိုက်တွန်း


မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုကာလအတွင်း အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းကို ယုံကြည်ချစ်ခင် ကြသကဲ့သို့ မြန်မာ့ဒီမိုကရေစီအ ရေးကြိုးပမ်းမှုတွင်လည်း သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို အားပေး ထောက်ခံကြရန် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦးက မန္တလေးမြို့ခံများအား မေတ္တာရပ်ခံတိုက်တွန်းသည်။

လှိုင်မြို့နယ်ရှိ ဒီချုပ်ကိုယ်စားလှယ်လောင်းများဓာတ်ပုံပါသည့်ဆိုင်းဘုတ် ဖျက်ဆီးခံရ


ရန်ကုန်တိုင်း လှိုင်မြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ် စားလှယ် လောင်းများပုံပါရှိသော ရွေး ကောက်ပွဲအောင်နိုင်ရေး မဲဆွယ် စည်းရုံးရေးဆိုင်းဘုတ်သည် စိုက် ထူပြီး နာရီပိုင်းအတွင်း ဖျက်ဆီးခံ လိုက်ရကြောင်း သတင်းရရှိသည်။

ညိမ်းအထူးကုဆေးရုံဗုံးခွဲမည်ဟု ခြိမ်းခြောက်ခံရ၍ မန္တလေးတွင် လုံခြုံရေး အထူးတင်းကျပ်


မန္တလေးမြို့ ချမ်းအေး သာစံမြို့နယ်ရှိ ညိမ်းအထူးကု ဆေးရုံတွင် ၂၄ နာရီအတွင်း ဗုံးခွဲမည်ဟု ဖုန်းဖြင့် ခြိမ်းခြောက်ခံရ၍ မန္တလေးမြို့ပေါ်၌ လုံခြုံရေးအထူး တင်းကျပ်ထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်းရဲအရာရှိတစ်ဦးက ပြောသည်။

အမေရိကတွင် ပြုလုပ်သည့် ဒီချုပ်ရန်ပုံငွေဖျော်ဖြေပွဲ နှစ်ပွဲအပြီးတွင် အလှူငွေ ကန်ဒေါ်လာသုံးသောင်းကျော်ရရှိ


အမေရိကန်ပြည်ထောင် စုတွင် ပြုလုပ်နေသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေး၊ ကျန်းမာရေးနှင့် ရေဘေးရန်ပုံငွေ ဖျော်ဖြေပွဲနှစ်ပွဲ ကျင်းပပြီးချိန်၌ အလှူငွေကန်ဒေါ်လာသုံးသောင်း ကျော် ရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယင်းဖျော်ဖြေပွဲခရီးစဉ်၏ ပထမဆုံးဖျော်ဖြေပွဲကို စက်တင် ဘာ ၂၆ ရက်က ဖို့ဒ်ဝိန်းတွင် ပြု လုပ်ခဲ့ပြီး အလှူငွေ ကန်ဒေါ်လာ နှစ်သောင်းကျော် ရရှိခဲ့ကြောင်း ယင်းဖျော်ဖြေပွဲ၌ ပါဝင်သည့် အဆိုတော် ဆောင်းဦးလှိုင်က ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။

မွမ်ဘိုင်း ရထားဗုံးခွဲမှု တရားခံငါးဦးအား သေဒဏ်များချမှတ်


အိန္ဒိယနိုင်ငံ အ နောက်ပိုင်း မွမ်ဘိုင်းမြို့မှ တရား ရုံးတစ်ခုသည် ပြီးခဲ့သည့် ၂၀၀၆ ခုနှစ် မွမ်ဘိုင်းရထားတွဲများ ဗုံး ပေါက်ကွဲမှုအတွက် တရားခံ ငါး ဦးအား သေဒဏ်များ အသီးသီး ချမှတ်ခဲ့သည်။ တရားရုံးသည် ၎င်းတို့ ဖမ်းဆီးထားသည့် တရားခံ ၁၂ ဦးမှ ခုနစ်ဦးအား ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပြီး ထိုစဉ် ၂၀၀၆ ဇူလိုင် ၁၁ ရက် ညနေပိုင်း ရုံးဆင်းချိန်တွင် ရထားတွဲများမှာ ခုနစ်ကြိမ် ဆက်တိုက် ဗုံးပေါက် ကွဲမှုများဖြစ်ခဲ့ပြီး ၁၈၉ ဦး သေ ဆုံးကာ ၈၀၀ ကျော် ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။

My Blog List