Saturday, April 26, 2014

မြောက်ဦးက ရေကန်တွေပြု ပြင် ဖို့ ဒေါ်အောင်ဆန်းစုကြည် ငွေလှူ


ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က တိမ်ကောနေတဲ့ ရေကန်ဟောင်း (၄) ကန်ကို ပြန်လည်ပြုပြင်တူးဖေါ် ဖို့အတွက် ကျပ်ငွေ ၁၉၄ သိန်းနီးပါးကို ဒေါ်အောင်ဆန်း စုကြည်က လှူဒါန်း လိုက်ပါတယ်။

ပုလဲကွန်ဒို တည်ဆောက်ခဲ့သည့် Asia Express ကုမ္ပဏီမှ ကွန်ဒိုအခန်းများ ရောင်းရငွေ ကျပ် ၂၆ ဘီလျံကျော်အား နိုင်ငံတော်သို့ပေးသွင်းရန် ကျန်ရှိ


ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ ပုလဲကွန်ဒို တည်ဆောက်ခဲ့သည့် Asia Express ကုမ္ပဏီက ကွန်ဒိုအခန်းများ ရောင်းရငွေ ကျပ် ၂၆ ဘီလျံကျော်အား နိုင်ငံတော်သို့ ပေးသွင်းရန် ကျန်ရှိနေကြောင်း ဧပြီ ၂၄ ရက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

အင်းလျားကန်ပေါင်နံဘေး ရပ်ထားသည့် လင်ခရူဆာယာဉ်အား အမျိုးသားငါးဦးက ဓားပြတိုက်ကာ လက်ဝတ်ရတနာနှင့် ယာဉ်အား လုယူမောင်းနှင်


ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ အင်လျားကန်ပေါင်နံဘေး ရပ်ထားသည့် လင်ခရူဆာ ယာဉ်ပေါ်ရှိ လူငယ်နှစ်ဦး အား အမျိုးသားငါးဦးက ခြိမ်းခြောက်ကာ လက်ဝတ်ရတနာများနှင့် ယာဉ်အား လုယူမောင်းနှင်သွား မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တရားရေးဝန်ထမ်း အကျင့်ပျက်လာဘ်စားမှု များပြားသည့် မြန်မာနိုင်ငံတွင် တရားသူကြီးများ ခန့်ထားသည့်ပုံစံ ပြင်ဆင်ရန်လိုကြောင်း FES မှ အတိုင်ပင်ခံ ဥပဒေပညာရှင် ပြောကြား


တရားရေး ၀န်ထမ်းများ၏ အကျင့်ပျက် လာဘ်စားမှုများပြားသည့် မြန်မာနိုင်ငံတွင် တရားသူကြီးများ ခန့်အပ်ထားသည့် ပုံစံအား ပြန်လည်ပြင်ဆင်ရန် လိုအပ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနနှင့် FES ဖောင်ဒေးရှင်းတို့မှ ပြုလုပ်သည့် ဆွေးနွေးပွဲတွင် Media Law Consultant နှင့် University of Ulster, School of Law မှ Senior Lecturer Dr.Venkat Iyer က Eleven Media Group ၏မေးမြန်းမှု အပေါ် ဖြေကြားသည်။

အာဖဂန်နစ္စတန်တွင် ကဘူးမြို့ဆေးရုံတွင် ပစ်ခတ်မှုဖြစ်၊ ၄ ဦး သေဆုံး


အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့ဆေးရုံမှာ လုံခြုံရေးအစောင့်တဦးက ပစ်ခတ်လို့ ဆရာဝန်တဦးနဲ့ အမေရိကန်နိုင်ငံသား ၃ ဦး သေဆုံးခဲ့ပြီး ပစ်ခတ်မှုမှာ အခြားလူ ၂ ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆေးရုံ ကို ထောက်ပံ့နေတဲ့ အမေရိကန်နိုင်ငံက Cure အပြည်ပြည်ဆိုင်ရာအဖွဲ့က  ပြောဆိုပါတယ်။

ဝါရင့်သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း အထိမ်းအမှတ် ဆုတောင်းပွဲများ မြို့ကြီးများတွင် ကျင်းပ


ဒီမိုကရေစီ တောင်းဆိုမှုများတွင် အင်တိုက်အားတိုက် ပါဝင်ခဲ့သည့် ဝါရင့်သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၏ ဈာပန အခမ်းအနား ကျင်းပသော ဧပြီလ ၂၃ ရက်နေ့တွင် ဟင်္သာတ၊ မော်လမြိုင်၊ မန္တလေး၊ တောင်ငူနှင့် မုံရွာ မြို့ကြီးများတွင် စည်ကားစွာ ကျင်းပခဲ့ကြသည်။

အကယ်ဒမီလူမင်း ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌတာဝန်မှ အနားယူမည်

 

၂၀၁၄-၂၀၂၅ ခုနှစ်အတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ပြန်လည်ရွေးချယ်မယ့် အမှုဆောင်နေရာမှာ ၀င်ရောက် အရွေးချယ်ခံတော့မှာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းက ပြော ဆိုပါတယ်။

အင်ဒိုနီးရှားတွင် လေယာဉ်ပြန်ပေးဆွဲခံရကြောင်း သတိပေးမှု ထွက်ပေါ်


သြစတြေးလျမှ အင်ဒိုနီးရှားသို့ ပျံသန်းသည့် လေယာဉ်ခရီးစဉ်တွင် ပြန်ပေးဆွဲရန် ခြောက်လှန့်မှု ပြုလုပ် ခဲ့သည့် ခရီးသည်တစ်ဦးအားဘာလီလေဆိပ်တွင် ဖမ်းဆီးခဲ့ကြောင်း တာဝန်ရှိသူများမှ ပြောဆိုခဲ့သည်။

Let's Go အစီအစဉ်ကနေ အံ့သြစရာကောင်းတဲ့ မြန်မာ့သမိုင်းကို သိခဲ့ရသူ မိစန္ဒီ

ဒါရိုက်တာဝင်းလွင်ထက် ရိုက်ကူးပြီး ADMA Media က စီစဉ်တဲ့ Let's Go Program အစီအစဉ်မှာ ပါဝင်ဖြစ်တာနဲ့ ပတ်သက်ပြီး မိစန္ဒီက " မိစန္ဒီက ပုဂံနဲ့နေပြည်တော်အစီအ စဉ်မှာ ပါဝင်ဖြစ်တာပါ။

တောင်ကိုရီးယားနဲ့ ကန် သမ္မတ နျူ ကလီးယား အရေး မြောက်ကိုရီးယားကို သတိပေး

အမေရိကန် သမ္မတ Barack Obama နဲ့ တောင်ကိုရီးယား သမ္မတ Park Geun-Hye တို့က မြောက်ကို ရီးယားအနေနဲ့ နျူကလီးယားစမ်းသပ်မှုနောက်တခု ထပ်မလုပ်ဖို့ သတိပေးလိုက်ပါတယ်။ တောင်ကိုရီးယား သမ္မတ Park Jeun Hyne နဲ့ ပူးတွဲလုပ်တဲ့ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတ Obama က မြောက်ကိုရီးယားအနေနဲ့ နျူကလီးယား စမ်းသပ်မှု တကယ်ထပ်လုပ်လာရင် ဘာမှ အကျိုးရမှာ မဟုတ်ဘူး၊ ပြင်းထန်တဲ့ တုံ့ပြန်မှုတွေပဲ ကြုံရလိမ့်မယ်၊ နိုင်ငံတကာ နဲ့ ပိုကင်းကွာအောင် လုပ်သလိုဖြစ် သွားလိမ့်မယ် လို့ ပြောခဲ့ပါတယ်။

မြန်မာ့အရေး လုပ်ဖေါ်ကိုင်ဘက်များအဖွဲ့ ပထမဆုံး အစည်းအဝေး

မြန်မာ့ မိတ်ဆွေနိုင်ငံများကို ပြန်လည်ဖွဲ့စည်းထားတဲ့ Partnership Group on Myanmar မြန်မာ့အရေး လုပ်ဖော်ကိုင်ဖက်များအဖွဲ့ရဲ့ ပထမဦးဆုံးအကြိမ် အစည်းအဝေးကို သောကြာနေ့မှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် က ခေါ်ယူကျင်းပခဲ့ပါတယ်။ 
 

ဦးဝင်းတင် တိုက်ခန်း နိုင်ငံရေး အကျဉ်းသားဟောင်းများ ကျန်းမာရေး အတွက် အသုံးပြုလို

ရန်ကုန်မြို့ လမ်းသစ်ရိပ်သာမှ သတင်းစာ ဆရာကြီး ဦးဝင်းတင်၏ တိုက်ခန်းအား သက်ဆိုင်ရာက ပြန် လည်ပေးအပ်မည်ဆိုပါက ဆရာကြီး၏ ဆန္ဒအတိုင်း နယ်မှ နိုင်ငံရေး အကျဉ်းသားဟောင်းများ၏ ကျန်းမာရေး စောင့်ရှောက်မှု ကိစ္စများတွင် အသုံးပြုလို ကြောင်း သိရသည်။

ဦးဝင်းတင်လွန် NLD ဘာလဲ၊ ဘယ်လဲ


မြန်မာနှစ်သစ်ကူး သင်္ကြန်ကာလအပြီး ဧပြီ ၂၁ ရက်နေ့မှာ မျက်မှောက်ခေတ် မြန်မာနိုင်ငံသမိုင်းရဲ့ အကြီးမြတ်ဆုံး တော်လှန်ရေးသမားတစ်ယောက်ဖြစ်တဲ့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန် သွားခဲ့ပါပြီ။ နောက်ဆုံး သေဆုံးချိန်အထိ ကိုယ့်ကိုယ်ကိုယ် သတင်းစာဆရာ တစ်ယောက်အဖြစ် ခံယူသွားခဲ့တဲ့ ဆရာကြီးဦးဝင်းတင်ကို တော်လှန်ရေးသမား တစ်ယောက်လို့ ပြောနိုင်သလို နိုင်ငံရေးသမား တစ်ယောက် ဆိုရင်လည်း မမှားပါဘူး။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိုသာ လိုလားတယ်(သူရ ဦးရွှေမန်း)


လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြန်လည် ပြင်ဆင်တာမျိုးကိုပဲ လိုလားပြီး အသစ် ရေး ဆွဲတာ မျိုးကိုမလိုလားဘူးလို့ ယခင်စစ်အစိုးရလက်ထက်က စစ်ဗိုလ်ချုပ်ကြီး ဖြစ်ခဲ့သူ လက်ရှိ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စု လွှတ်တော် နာယကကြီး သူရ ဦးရွှေမန်းက ပြောလိုက်ပါတယ်။

ဒီမိုကရေစီအတွက် အသက်၊ ဘဝ ဆုံးရှုံးခဲ့မှုများကို အစိုးရက အသိအမှတ်ပြုပါ


မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ပေါ်ထွန်းလာစေရေး ယခင် စစ်အစိုးရများ လက်ထက် က မတရားသဖြင့် ဖမ်းဆီး နှိပ်စက် ထောင်ချမှုများကြောင့် ဘဝ ပျက်ခဲ့ရသူများရဲ့ ဆုံးရှုံးခဲ့ မှုတွေနဲ့ ပေးဆပ် မှုတွေကို လက်ရှိအစိုးရက အသိ အမှတ်ပေးဖို့ လိုအပ်တယ်လို့ ၈၈ မျိုးဆက် (ငြိမ်း/ပွင့်) ရဲ့ ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးကိုကိုကြီးက ဧရာဝတီကိုပြောပါတယ်။

Friday, April 25, 2014

ရခိုင်ရှိ အစိုးရ ARV စင်တာများ ၀န်ဆောင်မှုပိုင်း တိုးမြှင့်ရန် လိုအပ်နေ




ရခိုင်ပြည်နယ် အတွင်းရှိ HIV ပိုးရှိသူများ အတွက် ကျန်းမာရေး ဝန်ကြီးဌာနက ဖွင့်လှစ်ထားသော ARV စင်တာများတွင် ဆေးကုသမှု ခံယူရန်နှင့် ဆေးဝါးများ ထုတ်ယူရာတွင် လူနာများမှာ အခက်အခဲများ ရှိနေကြောင်း သိရသည်။

တယ်လီနော တာဝါတိုင် ၂၄၀၀ ဆောက်မည်




လုပ်ငန်း စတင်ပြီး ၁ နှစ်တာ ကာလအတွင်း ဆက်သွယ်ရေး အော်ပရေတာ လိုင်စင် ရထားတဲ့ နော်ဝေပိုင် တယ်လီနောကုမ္ပဏီဟာ လက်ရှိ မြန်မာ့ဆက်သွယ်ရေးက စိုက်ထူထားတဲ့ တာဝါတိုင်အရေအတွက်ကို ကျော်လွန်ပြီး အခြေခံအဆောက်အဦနဲ့ တာဝါတိုင် စုစုပေါင်း ၂၄၀၀ စိုက်ထူသွားမယ်လို့ ကုမ္ပဏီက ထုတ်ပြန်ကြေညာပါတယ်။

တန်းတူအခွင့်အရေးရသည့်အထိ တိုက်ပွဲဝင်မည်ဟု ရွှေရတုအခမ်းအနား၌ SSPP/SSA ဥက္ကဌပြော






အမှန်တရားဘက်က ရပ်တည်မယ်ဟု ထွန်းအိန္ဒြာဗိုပြောကြား




ထွန်းအိန္ဒြာဗိုက လင်းလင်း၊ ချစ်သုဝေတို့နဲ့အတူ သြစတြေးလျ ရန်ပုံငွေဖျော်ဖြေပွဲက ရရှိခဲ့တဲ့အလှူ ငွေများကို ဧပြီ ၄ရက်နေ့က
MCC မှာ ကျင်းပတဲ့ NLD ပညာရေးကွန်ရက်ဂုဏ်ပြုပွဲ မှာ ဒေါ်အောင်ဆန်းစုကြည်ထံကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။

ရုရှားလေယာဉ်များ နောက်သို့ ဗြိတိန်လေယာဉ် နောက်ယောင်ခံ ပျံသန်း




ဗြိတိန်လေပိုင်နက် အနီးတွင် ပျံသန်း မောင်းနှင်ခဲ့သည့် ရုရှားလေယာဉ်များကို စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် ဗြိတိန်လေတပ်မှ Typhoon အမည်ရှိ လေယာဉ်တစ်စင်းက နောက်ယောင်ခံ ပျံသန်းခဲ့ကြောင်း

ဦးဝင်းတင် ပြတိုက် ပေါ်ပေါက် စေချင်



ထင်ရှားသူတို့ရဲ့ ဘ၀ ဖြတ်သန်းမှုတွေကို နှောင်းလူတွေ လေ့လာ သိရှိနိုင်ဖို့ သူတို့ ကွယ်လွန် သွားပြီး ချိန်မှာ ပြတိုက်တွေ တည်ဆောက်ထားကြတဲ့ အစဉ်အလာက ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ရှိကြပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိ ပြတိုက်အဖြစ် တည်ရှိနေတာကတော့ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်နဲ့ ဦးသန့် ပြတိုက် ဆိုတာတွေပဲ ရှိပါတယ်။

ဖိလစ်ပိုင်မှာ ရေကူးဝတ်စုံဖြင့်ဓာတ်ပုံရိုက်ကူးတဲ့ အလှမယ်ဂျူးစံသာ အလှမယ်မေမြတ်နိုး




International Pageant Training သင်တန်းတက်ရောက်ဖို့ Miss Asia Pacific World Myanmar 2014 မေမြတ်နိုးနဲ့ Miss Globe Myanmar 2014 ဂျူးစံသာတို့ဟာ မတ် လ ၂၉ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံကို သွားရောက်ခဲ့ကြပါတယ်။ သူတို့နဲ့အတူ National Director ဖြစ်သူ မလှနုထွန်းနဲ့ Official Photographer ကိုဖြိုးပိုင်ဦးတို့ လိုက်ပါသွားခဲ့ ကြပါတယ်။

စစ်မှန်သည့်ဖက်ဒရယ် မရမချင်း လက်နက်ကိုင်မည်ဟု ရှမ်းပြည်တပ်မတော်ပြော




ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအနေနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု မရမချင်း လက်နက်စွဲကိုင် သွားမယ်လို့ ပါတီခေါင်းဆောင်တွေက ပြောပါတယ်။

သံဃာတော်များအား သင်္ကန်းချွတ်၍ နပမ်းလုံးရန် ပြောကြားသည်အထိ NLD ပါတီဝင်များက စော်ကားဟု ဆို




ကျွန်းစု NLD ပါတီ ဥက္ကဋ္ဌဦးကိုလေးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်တင်ရီတို့အား တွေ့ရစဉ်

သံဃာတော်များအား လူများလှူသည် ဆွမ်းတစ်နပ်စားပြီး ဒီမိုကရေစီကို ထိခိုက်ပြောဆိုသည်ဟု စွပ်စွဲပြောကြားပြီး သင်္ကန်း ချွတ်ပြီး နပမ်းလုံးရန် စိန်ခေါ်ခဲ့သည့် ဘာသာ၊ သာသနာကို စော်ကားသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အစိုးရ၏ ထောက်ပံ့မှုများ ဖြတ်တောက်ခြင်းကြောင့် အီရန်တွင် ဓာတ်ဆီဈေးနှုန်းများ မြင့်တက်




အီရန်တွင် အစိုးရမှ ဓာတ်ဆီများအပေါ် ထောက်ပံ့မှုကို ဖြတ်တောက်ခဲ့သောကြောင့် ညတွင်းချင်းပင် ဓာတ်ဆီဈေးနှုန်းများ ၇၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ အီရန်နိုင်ငံသားများမှာ ဖြတ်တောက်မှု မတိုင်ခင်အတွင်း ၎င်းတို့၏ ကားများကို ဆီဖြည့်ရန် အပြေး အလွှား လုပ်ဆောင်ခဲ့ကြကြောင်း သတင်းများက ဆိုသည်။

ကမ္ဘာမှာ မျက်နှာငယ်နေရသေးတဲ့ မြန်မာနိုင်ငံကူးလက်မှတ်





အမုန်းစကားတွေ မပြောစို့ လှုပ်ရှားမှုမှာ သြဇာတိက္ကမ ကြီးသူတွေ ပါဝင်ဖို့လိုအပ်




မြန်မာနိုင်ငံမှာဖြစ်နေတဲ့ လူမျိုးရေးဘာသာရေးအသွင်ဆောင်တဲ့ ပဋိပက္ခတွေပြေလည်ဖို့ အမုန်းစကား တွေမပြောစို့ ဆိုတဲ့လှုပ်ရှားမှုမှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ၊ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တွေ နဲ့ အောင်မြင်ကျော်ကြားနေသူတွေ သြဇာတိက္ကမကြီးသူတွေပါဝင်လာဖို့ အထူးလိုအပ်တယ်လို့ USIP ခေါ် အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးဆိုင်ရာအဖွဲ့က ဘာသာရေးနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု ဌါနရဲ့ အကြီးတန်းအရာရှိ Ms. Susan Hayward ကပြောဆိုလိုက် ပါတယ်။

ဗိုလ်ချုပ်မှူးကြီးဟောင်း အငြိမ်းစားလစာ သမ္မတလစာ၏ ၂ ဆ ရှိ




အနားယူသွားပြီဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ၂၀၁၁ ခုနှစ် မတ်လကုန်က စပြိး ပင်စင်လစာအဖြစ်   ၁ လ ကျပ် သိန်း ၁၀၀ ခံစားနေတဲ့အပြင် အငြိမ်းစားယူစဉ်ကာလက နိုင်ငံရေးဆုငွေအဖြစ် ကျပ် သိန်း ၂၃၀၀ ရရှိခဲ့တယ်လို့ ဆောင်းပါးရှင် အောင်ထွန်းလင်းက ဒီနေ့ထုတ် မြန်မာသံတော်ဆင့်ဂျာနယ်မှာရေး သားဖော်ပြပါတယ်။

ဟံသာဝတီ ဦးဝင်းတင် အမွေ



ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ရဲ့ ဈာပနကို သခင်ကိုယ်တော်မှိုင်းရဲ့ ဈာပန နှိုင်းယှဉ်ကြပါတယ်။ ခေတ်ချင်းမတူပေမယ့် ဆရာကြီး နှစ်ယောက်ရဲ့ သမိုင်းဖြတ်သန်းမှုကလည်း အတော်လေး တူညီတာကို စဉ်းစားမိပါတယ်။ နှစ်ယောက် စလုံးဟာသတင်းစာဆရာဘ၀ကနေ နိုင်ငံရေးသမား ဖြစ်လာကြတာချင်း အတူတူပါပဲ။

စစ်မှန်သည့်ဖက်ဒရယ် မရမချင်း လက်နက်ကိုင်မည်ဟု ရှမ်းပြည်တပ်မတော်ပြော




ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအနေနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု မရ မချင်း လက်နက်စွဲကိုင်သွားမယ်လို့ ပါတီခေါင်းဆောင်တွေက ပြောပါတယ်။

ပြည်သူ့ရင်ပြင် အပါအ၀င် ပန်းခြံများကိုဖျက်၍ အရက်၊ ဘီယာဆိုင်၊ ရှော့ပင်းစင်တာ အပါအ၀င် စီးပွားဖြစ်လုပ်ငန်းများ လုပ်ခွင့်ပေးခဲ့ခြင်းမှာ ယခင်မြို့တော်ဝန် လက်ထက်ကဖြစ်ပြီး ထပ်မပေးတော့ဟု စည်ပင်ပြောကြား



အမေရိကန်နိုင်ငံမှ နည်းပညာရှင်များကကန်တော်ကြီးဥယျာဉ်သန့်ရှင်း သာယာရေး နောက် ၂ လအတွင်း အပြီးသတ်ဆောင်ရွက်မည်




My Blog List