မြန်မာနိုင်ငံမှာ တိုင်းရင်းသားအရေးနဲ့ဘာသာရေး တင်းမာမှုတွေအပေါ် အထူး စိုးရိမ်မိတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ပြောဆိုလိုက်ပါတယ်။ ကုလသမဂ္ဂ အထွေထွေ ညီလာခံ တတိယ
ကော်မတီကို တင်သွင်းတဲ့ ဘန်ကီမွန်းရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ မြန်မာဒီမိုကရေစီရေးပြုပြင်ပြောင်း လဲမှုတွေအပေါ် အစိုးရရဲ့ ကြိုးပမ်းမှုကို ချီးကျူးပြောဆိုလိုက် ပေမယ့် ရခိုင်ပြည်နယ် အခြေအနေတွေ ကတော့ စိုးရိမ်ရတယ်လို့ ဘန်ကီမွန်းက ပြောပါတယ်။