Wednesday, January 22, 2020

တိုင်းရင်းသားပါတီများ အနိုင်ရရေး ပိုမိုကြိုးစားသွားမည်ဟု ဦးခွန်မားကိုဘန်း ပြော

Image may contain: 1 person, indoorImage may contain: one or more people, people sitting, table and indoor
လာမည့် ၂၀၂၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများ အနိုင်ရရှိရေး ပိုမိုကြိုးစား သွားမည် ဖြစ်ကြောင်း ကယန်းအမျိုးသား ဝါရင့်နိုင်ငံရေးသမား ဦးခွန်မားကိုဘန်းက ပြောကြားသည်။

"ကျွန်တော်တို့အနေနဲ့ကတော့ လာမယ့် ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေ အနိုင်ရဖို့အတွက် ကြိုးပမ်းသွားဖို့ လိုပါတယ်။ ကိုယ့်ရေကန်မှာ ကိုယ်ငါးမွေးတဲ့ ကိုယ့်စားကျက်မှာ ကိုယ်နွားမွေးဖို့ကြိုးစားတာဟာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးပါ။ ဒါကြောင့် ရွေးကောက်ပွဲမှာ ပြည်နယ်တွေမှာ တိုင်းရင်းသားပါတီတွေ အနိုင်ရရှိရေး ကြိုးပမ်းမှုဟာ တရားမျှတတဲ့ လုပ်ဆောင်ချက်ပဲ ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။
ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့နယ်ရှိ ဆန်းမစ်ပတ်ဗျုး ဟိုတယ်တွင် ဇန်နဝါရီ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် ဖက်ဒရယ် ဒီမိုကရက်တစ် အင်အားစုက ဦးဆောင်၍ ပြုလုပ်ခဲ့သော တိုင်းရင်းသားပါတီများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးအပြီး ကျင်းပခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဦးခွန်မားကိုဘန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
လက်ရှိ အချိန်တွင် တိုင်းရင်းသား ပါတီများသည် ယခင် ကာလများကဲ့သို့ မဟုတ်ဘဲ စုစုစည်းစည်း တစ်ပါတီတည်းဖြစ်အောင် စုဖွဲ့ထားပြီး သက်ဆိုင်ရာ ပြည်နယ်အလိုက် ရွေးကောက်ပွဲ အနိုင်ရရေး ပြင်ဆင်မှုများ ရှိနေကြောင်း သိရသည်။
"ဒီကနေ့ လွှတ်တော်ထဲမှာ ရှမ်းကလည်း အနည်းစု ရှိနေသလို ကျွန်တော်တို့ရခိုင်ကလည်း အနည်းငယ် ရှိပါတယ်။ ကရင်လည်း အနည်းစုပဲ ရှိတာဟာ ပကတိ လက်တွေ့ အခြေအနေပါ။ လွှတ်တော်မှာ တိုင်းရင်းသားအသံ ပျောက်နေတယ်လို့ပဲ မြင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ တိုင်းရင်းသား ပါတီတွေဟာ လာမယ့် ရွေးကောက်ပွဲမှာ ညီညီညွတ်ညွတ်နဲ့ အနိုင်ရရေး ကြိုးပမ်းဖို့ လိုပါမယ်" ဟု ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဦးလှစောက ပြောသည်။
ယင်းအပြင် "ကျွန်မတို့ ပြည်နယ် လူထုရဲ့ ထောက်ခံအားပေးမှုနဲ့ ကျွန်မတို့ပါတီဟာ လာမယ့် ရွေးကောက်ပွဲမှာ ပြည်နယ်မှာ အနိုင်ရရှိဖို့ပြင်ဆင်ထားပါတယ်။ ပြည်နယ်လူထုရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းနိုင်ဖို့ ကျွန်မတို့ ပါတီ အနိုင်ရဖို့ လိုအပ်ပါတယ်" ဟု ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါ်နန်းထိုက်ထိုက်ဝင်းကျော်က ပြောသည်။
လာမည့် ၂၀၂၀ ရွေးကောက်ပွဲသည် ပြိုင်ဆိုင်မှု ပြင်းထန်မည့် ရွေးကောက်ပွဲတစ်ခု ဖြစ်လာနိုင်သော်လည်း လက်ရှိအချိန်တွင် ပြည်သူလူထုမှာ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု လျော့နည်းလျက်ရှိနေကြောင်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသည့် အရပ်ဖက် အဖွဲ့အစည်းများက သုံးသပ်နေကြသည်။
ကိုဖူးသစ်
<Zawgyi>
တိုင်းရင်းသားပါတီများ အနိုင်ရရေး ပိုမိုကြိုးစားသွားမည်ဟု ဦးခွန်မားကိုဘန်း ပြော

ဇန္နဝါရီ ၂၂

No comments:

Post a Comment

My Blog List