Thursday, January 23, 2020

NLD အနေဖြင့် တိုင်းရင်းသားပါတီများနှင့် မဟာမိတ်မလုပ်တော့သည်ကို စိတ်မကောင်းဖြစ်မိကြောင်း ၀ ဒီမိုကရက်တစ်ပါတီ ပြောကြား

Image may contain: 1 person, closeup
NLD ပါတီအနေဖြင့် တိုင်းရင်းသားပါတီများနှင့် မဟာမိတ်မလုပ်တော့သည်ကို စိတ်မကောင်းဖြစ်မိကြောင်း ၀ဒီမိုကရက်တစ် ပါတီမှ Tax Ai Rong က ပြောသည်။
ရန်ကုန်မြို့ Summit Park View ဟိုတယ်တွင် ဇန်နဝါရီ ၂၁ ရက်က ကျင်းပသော မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် သုံး သပ် ဆွေးနွေးပွဲအပြီးတွင် သတင်းမီဒီယာများသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ ပထမ တိုင်းရင်းသား ပါတီတွေနဲ့ မဟာမိတ်ပေါ့နော်။ နောက်တော့ မလုပ်တော့ဘူး ဖြစ်သွားတယ်။ အဲဒီအပေါ် စိတ်မကောင်း တော့ ဖြစ်မိတာပေါ့”ဟု ၎င်းက ပြောသည်။
NLD ပါတီသည် ယခင်က တိုင်းရင်းသား ပါတီများနှင့် မဟာမိတ်ပြုလုပ်ခဲ့သော်လည်း နောက်ပိုင်းတွင် လက်တွဲဖြုတ်ခဲ့သည့် အ တွက် တိုင်းရင်းသားနယ်မြေများတွင် ထောက်ခံအားပေးမှု လျော့နည်းလာပြီး မဲရရှိမှုနည်းပါး လာခဲ့ကြောင်း သိရသည်။
“NLD ပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ နိုင်ကောင်းနိုင်လိမ့်မယ်။ တိုင်းရင်းသားဒေသတွေမှာတော့ ထင်သလောက်တော့ မရနိုင် တော့ ဘူးပေါ့နော်။ ဒီသဘောတော့ရှိတယ်”ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ ဦးသုဝေကလည်း သုံးသပ်ပြောကြားထားသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူ ၄၇ သန်းခန့်ရှိပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ၃၄ သန်းကျော်ရှိခဲ့သည်။
Image may contain: 3 people, people standing and outdoor
Image may contain: 1 person, wedding and indoor
မင်းသီဟန် ( အကုန်သိ သတင်းဌာန )

<<< Unicode Version >>>
NLD အနေဖြင့် တိုင်းရင်းသားပါတီများနှင့် မဟာမိတ်မလုပ်တော့သည်ကို စိတ်မကောင်းဖြစ်မိကြောင်း ၀ ဒီမိုကရက်တစ်ပါတီ ပြောကြား
------- မင်းသီဟန် ( အကုန်သိ သတင်းဌာန ) -------
NLD ပါတီအနေဖြင့် တိုင်းရင်းသားပါတီများနှင့် မဟာမိတ် မလုပ်တော့သည်ကို စိတ်မကောင်းဖြစ်မိကြောင်း ဝဒီမိုကရက်တစ် ပါ တီမှ Tax Ai Rong က ပြောသည်။
ရန်ကုန်မြို့ Summit Park View ဟိုတယ်တွင် ဇန်နဝါရီ ၂၁ ရက်က ကျင်းပသော မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် သုံး သပ် ဆွေးနွေးပွဲအပြီးတွင် သတင်းမီဒီယာများသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ ပထမ တိုင်းရင်းသား ပါတီတွေနဲ့ မဟာမိတ်ပေါ့နော်။ နောက်တော့ မလုပ်တော့ဘူး ဖြစ်သွားတယ်။ အဲဒီအပေါ် စိတ်မကောင်း တော့ ဖြစ်မိတာပေါ့”ဟု ၎င်းက ပြောသည်။
NLD ပါတီသည် ယခင်က တိုင်းရင်းသား ပါတီများနှင့် မဟာမိတ်ပြုလုပ်ခဲ့သော်လည်း နောက်ပိုင်းတွင် လက်တွဲဖြုတ်ခဲ့သည့် အ တွက် တိုင်းရင်းသားနယ်မြေများတွင် ထောက်ခံအားပေးမှု လျော့နည်းလာပြီး မဲရရှိမှုနည်းပါး လာခဲ့ကြောင်း သိရသည်။
“NLD ပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ နိုင်ကောင်းနိုင်လိမ့်မယ်။ တိုင်းရင်းသားဒေသတွေမှာတော့ ထင်သလောက်တော့ မရနိုင် တော့ ဘူးပေါ့နော်။ ဒီသဘောတော့ရှိတယ်”ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ)မှ ဦးသုဝေကလည်း သုံးသပ်ပြောကြားထားသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူ ၄၇ သန်းခန့်ရှိပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ၃၄ သန်းကျော်ရှိခဲ့သည်။

No comments:

Post a Comment

My Blog List