Thursday, June 25, 2015

ပုဒ်မ ၄၃၆ နှင့် ပုဒ်မ ၅၉ (စ) ပြင်ဆင်ရန် လွှတ်တော်တွင် လုံလောက်သော ထောက်ခံမဲ မရ



သမ္မတရွေးကောက်ပွဲ အိန္ဒိယနွယ်ဖွား အမေရိကန်နိုင်ငံသား ၀င်ပြိုင်မည်


၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မယ့် Republican ပါတီဝင်တဦး နောက်ထပ်တိုးလာပြီ ဖြစ်ပါတယ်။ Louisiana ပြည်နယ်အုပ်ချုပ်ရေးမှူး Bobby Jindal က အခုလို ယှဉ်ပြိုင်မယ့် သတင်းကို ဗုဒ္ဓဟူးနေ့က သူရဲ့ဝပ်ဆိုဒ်ကတဆင့် ကြေညာခဲ့တာဖြစ် ပါတယ်။ သူဟာ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ အလေး အနက် စဉ်းစားခဲ့တဲ့ ပထမဦးဆုံးသော အိန္ဒိယနွယ်ဖွား အမေရိကန်နိုင်ငံသား ဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် သမ္မတဖြစ်လာနိုင်ဟု မြန်မာ့အရေးကျွမ်းကျင်သူ သုံးသပ်


၂ဝ၁၆ခုနှစ်အတွက် မြန်မာ နိုင်ငံ၏သမ္မတသည် အမျိုးသားလွှတ် တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ဖြစ်နိုင် လိမ့်မည်ဟု မြန်မာ့အရေးကျွမ်းကျင် သူ Mr. Larry Jagan က သုံးသပ် ပြောကြားလိုက်သည်။ ''သူ(ဦးခင်အောင်မြင့်)က စစ် တပ်ရဲ့ယဉ်ကျေးမှုကို လုံးဝနစ်မြုပ်နေ တဲ့သူလဲဖြစ်တယ်။ စေ့စပ်ညှိနှိုင်းတဲ့ နေရာမှာလဲ တော်တယ်လို့ပြောလို့ရ တယ်။ တိုင်းရင်းသားတွေကလဲ လက် ခံလောက်မယ်''ဟု Mr. Larry Jagan က ဆိုသည်။

ဘီကီနီမလေးတွေ စားပွဲထိုးတဲ့ တရုတ်ပြည်က ဆန်ပြုတ်ဆိုင်



မဘသ ရေဒီယိုထောင်ရန် ထိုင်းဗုဒ္ဓဘာသာဝင်များ ထောက်ပံ့မည်


မြန်မာသံဃာတော်များ ရေဒီယိုကနေတဆင့် သတင်းအချက်အလက်တွေ ဖြန့်ဝေဖို့ ထိုင်းဗုဒ္ဓဘာသာဝင် များက ကူညီသွားမှာ ဖြစ်ပါတယ်။ မဘသ (အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့) က ရန်ကုန်မှာ ဦးစီးကျင်းပတဲ့ ၂ ရက်ကြာ ညီလာခံမှာ ဒါဇင်နဲ့ချီတဲ့ ထိုင်းဗုဒ္ဓဘာသာဝင်တွေ တက်ရောက်ခဲ့ပြီး ကူညီပေးဖို့ ကမ်းလှမ်းလိုက်တာလို့ အေအက်ဖ်ပီ သတင်းမှာရေးပါတယ်။

သမ္မတ ပညာတော်သင်ဆု လူတွေ့စစ်ဆေးမှုတွင် မော်ဒယ် ဇွန်သဉ္ဇာ ပါဝင်


နိုင်ငံတော်သမ္မတ၏ ပညာတော်သင်ဆု ဒုတိယအသုတ် လူတွေ့ စစ်ဆေးမှုတွင် မော်ဒယ် ဇွန်သဉ္ဇာ ပါဝင်ခဲ့ကြောင်း သိရသည်။ ”ပထမ တစ်ခါက စာတွေ့ပြီးတာနဲ့ ဧပြီ ၃ ရက်နေ့မှာ ပထမအကြိမ် လူတွေ့ စစ်ဆေးတယ်။ ဒုတိယ အကြိမ် လူတွေ့စစ်ဆေးမှာကိုတော့ ရက်ရွှေ့ထားတယ်။ ဇွန်တို့လည်း မသိရ သေးပါဘူး” ဟု ဇွန်သဉ္ဇာ ကပြောသည်။

လွှတ်တော်ကိုယ်စားလှယ်များသို့ ပန်ကြားချက်

ပြင်သစ်က ကန် သံတမန်တွေကို ဆင့်ခေါ်


ပြင်သစ်သမ္မတ ဖရန်ဆွာ ဟော်လန်းဒ်နဲ့ ယခင်သမ္မတဟောင်း နှစ်ယောက် တို့ကို အမေရိကန်က လျှို့ဝှက် ထောက်လှမ်း ခဲ့တယ်ဆိုတဲ့ သတင်းပေါက်ကြားမှုတွေ ပေါ်ထွက်ခဲ့ပြီးနောက် ပြင်သစ် အစိုးရက ပဲရစ်မြို့မှာ ရှိတဲ့ အမေရိကန် သံတမန် တွေကို ဆင့်ခေါ်ခဲ့ပါတယ်။

စင်ကာပူရောက် မြန်မာတစ်ဦးကို သတ်ဖြတ်ရန် ကြံစည်မှုတွင် ပီအာရ်ရရှိထားသည့် မြန်မာပါဝင်


စင်ကာပူနိုင်ငံတွင် မြန်မာနိုင်ငံသားတစ်ဦးကို သတ်ဖြတ်ရန်ကြံစည်သည့် မြန်မာနိုင်ငံသားလေးဦးအနက် စင်ကာပူနိုင်ငံ ၌ အမြဲတမ်းနေထိုင်ခွင့် ရထားသူတစ်ဦးပါဝင်နေပြီး ထွက်ပြေးလွတ်မြောက်နေသည့် ကျန်တစ်ဦးကို စင်ကာပူရဲတပ်ဖွဲ့ က ဖမ်းဝရမ်းထုတ်ထားကြောင်း သတင်း ရရှိသည်။

အခြေခံဥပဒေပြင်ဆင်ရေး ဇွန်၂၄ရက် ဆွေးနွေးမှုကောက်နုတ်ချက်များ


ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်တွင် ဇွန်လ ၂၃ မှ၂၅ ရက်အထိ သုံးရက်ဆွေးနွေး ပြီးနောက် မဲခွဲဆုံးဖြတ်မည်ဖြစ်ရာ ဇွန်လ ၂၄ ရက်တွင် အမတ် ၁၇ဦး ဆွေးနွေးခဲ့သည်များမှ ကောက်နုတ်ဖော်ပြပေး လိုက်ပါသည်။

သာယာဝတီထောင်ရှိ ကိုအောင်မှိုင်းဆန်း အပါအ၀င် ၃၅ ဦးကို ထောင်ဝင်စာပိတ်


တရားရုံး ရုံးချိန်မှအပြန် တွင် သာယာဝတီထောင်အတွင်းသို့ ဆေးလိပ်နှင့် ကွမ်းယူဆောင်ခဲ့သောကြောင့် သပိတ်မှောက် ကျောင်းသား ကိုအောင်မှိုင်းဆန်းအပါအ၀င် ၀န်းရံပြည်သူများအ နက် ၃၅ ဦးကို ထောင်ဝင်စာပိတ်ပင်ခဲ့ကြောင်း သတင်း ရရှိသည်။

စစ်ရေယာဉ်များနှင့် တွဲဖက်အသုံးပြုနိုင်သည့် လေယာဉ်ငယ်များ မြန်မာ့တပ်မတော်ဝယ်ယူ



ဦးသန်းရွှေ၏ နှုတ်ထွက်စကားဖြင့် အခြေခံဥပဒေပြင်ရန် ကိုယ်စားလှယ်တစ်ဦး တင်ပြ



ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရာတွင် တပ်မတော်အစိုးရအကြီးအကဲဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ငြိမ်း)၏ နှုတ်ထွက်စကားကို ခံယူပြီး ပြင် ဆင်မည်ဆိုပါက အောင်မြင်မည် ကို ယုံကြည်ကြောင်း ချင်းတိုး တက်ရေးပါတီမှ အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးကျွန်းခဲန်း က ဇွန်လ ၂၄ ရက်၌ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသည်။

ငြမ်းစဉ်ပြို၍ သေဆုံးသူ နှစ်ဦးအား ကရုဏာကြေး ၃၅ သိန်းစီပေး


သံငြမ်းစဉ်ပြိုကြရာတွင် သေဆုံးသွားသည့် လက်သမား ၂ ဦးအတွက် ဆောက်လုပ်ရေးကုမ္ပဏီက ကျပ် ၃၅ သိန်းဆီ နစ်နာကြေးပေးခဲ့ကြောင်း သတင်းရရှိသည်။ မင်္ဂလာ မန္တလေးစီမံကိန်း ဟိုတယ်ဆောက်လုပ်ရေးလုပ်ငန်း ခွင် ငြမ်းစဉ်ပြိုကျမှုအတွက် ပေးအပ်သည့် ကရုဏာကြေးနှင့် ပတ်သက်၍ ဥာဏ်ဆောက်လုပ်ရေး အဖွဲ့ခေါင်းဆောင် ဦးဥာဏ်က အောက်ပါအတိုင်းပြောသည်။

ရှင်ဂျန်းမှာ ရဲဂိတ်ကို တိုက်ခိုက်မှု ၁၈ ဦး သေဆုံး



တရုတ်နိုင်ငံ၊ ရှင်ဂျန်း ပြည်နယ်က ရဲတပ်ဖွဲ့စစ်ဆေးရေးဂိတ်တစ်ခုမှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုအတွင်း အနည်း ဆုံး လူ ၁၈ ဦး သေဆုံးခဲ့တယ်လို့ အမေရိကန် သတင်းမီဒီယာ တစ်ခုက ဆိုပါတယ်။

ဒီမိုကရေစီ ပညာရေးသပိတ်တိုက်ပွဲ ထပ်မံဆင်နွဲမည်ဆိုသည့်အပေါ် ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင်များ အကြား သဘောထားကွဲလွဲ


ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့သည့် အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေတွင် လေးပွင့်ဆိုင် သဘောတူညီထားသည့် အချက်အလက် အချို့ မပါဝင်သည့်အတွက် ဆက်လက်ကာ သပိတ် တိုက်ပွဲ ၀င်သွားမည်ဟုဆိုသည့်အပေါ် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင် ကော်မတီဝင်များအကြား သဘောထား ကွဲလွဲမှုများ ရှိနေကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး လာမည့် ၄၅ရက်အတွင်း ဆိုးရွားစွာ ထိခိုက်နိုင်သဖြင့် ဂရုပြုသင့်ဟု ဘဲလားလေဘာတီ ဟောကိန်းထုတ်



ဒေါ်အောင်ဆန်းစုကြည်၏ ဇွန်၁၉ရက်တွင် ကျရောက်သော မွေးနေ့မှ လာမည့် ၄၅ရက်အတွင်း ကျန်းမာရေး ဆိုးရွားစွာ ထိခိုက်နိုင်သော အခြေအနေ ရှိသဖြင့် ဂရုပြုသင့်ကြောင်း နက္ခဗေဒဆိုင်ရာ နိုင်ငံရေး သိပံ္ပ ပညာရှင် ဘဲလားလေဘာတီ က ပြောကြားသည်။

Wednesday, June 24, 2015

တိုင်းရင်းသား လက်နက်ကိုင်များ၏ အပစ်အခတ်ရပ်စဲရေး အဆင့်မြင့် ညှိနှိုင်းရေး အဖွဲ့ကို အစိုးရလက်မခံဟုဆို


တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို ဆက်လက်ညှိနှိုင်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင် များ ညီလာခံက ဖွဲ့စည်းလိုက်သော အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ကို အစိုးရ လက်မခံသေးကြောင်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ NCCT ခေါင်းဆောင် ဦးနိုင်ဟံသာက ပြောကြားသည်။

ဒုက္ခသည်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်ကိစ္စ မရောယှက်ဖို့ ဘင်္ဂလားဒေ့ရှ် ပြော


ကပ္ပလီပင်လယ်ပြင်က မြန်မာရေပိုင်နက်အတွင်း မြန်မာရေတပ်က တွေ့ရှိကယ်တင်ထားတဲ့ လှေစီးရွှေ့ ပြောင်းသူ ငါးရာကျော်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လည်လက်ခံမှ၊ ဖမ်းဆီးထားတဲ့ ဘင်္ဂလားဒေ့ရှ်နယ်ခြား စောင့်တပ်ဖွဲ့ဝင်ကို ပြန်လွှဲပြောင်းပေးမယ်ဆိုတဲ့ မြန်မာဘက်က တောင်းဆိုခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းမီဒီယာတွေ က ဖေါ်ပြခဲ့ပါတယ်။ အဲဒီ့တောင်းဆိုချက်ကို လက်မခံပယ်ချလိုက်ကြောင်း ဘင်္ဂလားဒေ့ ရှ် နယ်ခြားစောင့်တပ်ဖွဲ့ က ပြောဆိုတယ်လို့ ရိုက်တာသတင်းက ဖေါ်ပြပါတယ်။

ရေးမြို့နယ်မှာ မြေနေရာဝယ်ယူမှု ကန့်ကွက်သူ ၂၆ ဦးကို အမှုဖွင့်စစ်ဆေး


မွန်ပြည်နယ် ရေးမြို့နယ်မှာ အံဒင်ကျောက်မီးသွေးစက်ရုံ တည်ဆောက်ဖို့အတွက် မြေနေရာတွေ လိုက်လံ ၀ယ်ယူ သူတွေကို ကန့်ကွက်တဲ့ ဒေသခံ ၂၆ ယောက်ကို အကျိုးပျက်စီးစေမှု၊ ပိုင်နက်ကျူးလွန်မှု စတဲ့ ပုဒ်မ ၄ခုနဲ့ ရေးမြို့နယ် မြို့မရဲစခန်းမှာ ဒီနေ့ အမှုဖွင့်စစ်ဆေးနေပါတယ်။

"အခြေခံဥပဒပြင်ဆင်ရန် ဦးသန်းရွှေနှုတ်ထွက်စကားကို ခံယူမည်ဆိုသည့် အမတ်"


"ဘဘဦးသန်းရွှေရေးခဲ့တဲ့ အခြေခံဥပဒေဟာ လက်တွေ့သုံးတဲ့အခါမှာ နည်းနည်းအစပ်အဟပ်မတည့် ဘူးဖြစ်နေတယ်။ ကျွန်တော်တို့ ဘဘဆီကနေ မေတ္တာစေတနာ နှုတ်ထွက်စကားကိုခံယူပြီး ဒီဟာတွေ ပြုပြင်လို့ရှိရင် အာလုံးကိုပြုပြင်နိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်" ဟု ချင်းတိုးတက်ရေးပါတီ အမျိုး သား လွှတ်တော်ကိုယ်စားလှယ် ဦးကျွန်ခဲန်း ဆွေးနွေးတင်ပြခဲ့ခြင်းဖြစ်သည်။

"ထိုင်၊ထ စနစ်နဲ့ မဲခွဲရန် ဒေါ်အောင်ဆန်းစုကြည် ဆန္ဒရှိ"


"မဲခွဲတာနဲ့ပတ်သက်ပြီး ထိုင်၊ ထ ပုံစံပဲကြိုက်တယ်။ ရှင်းရှင်းလင်းလင်းဖြစ်တယ်" ဟု ယခုလွှတ်တော်ခဏ နားချိန်အတွင်း သတင်းထောက်များ၏ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားသည်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေ(၄၃၆) ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး တပ်မတော်ကိုယ်စားလှယ်များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမြင်မတူကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား


ဖွဲ့စည်းပုံ အခြေခံဥပဒေ(၄၃၆) ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး တပ်မတော်သားကိုယ် စားလှယ်များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမြင်မတူကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ယနေ့ ပြုလုပ်သော ပြည်သူ့ လွှတ်တော်(၁၂) ကြိမ်မြောက်ပုံမှန် အစည်းအဝေး ၆၂ ရက်မြောက်နေ့ အစီအစဉ် တွင် ပြည်ထောင်စုမြန်မာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြင်ဆင်သည့်မူကြမ်းပုဒ်မ-၄၃၆၊ ပုဒ်မခွဲ(က)နှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေးမှုတွင် တပ်မတော်သားကိုယ်စားဗိုလ်မှူး ချုပ်တင့်ဆန်းနိုင်မှ ပြင်ဆင်ရန် မသင့်ဘဲ မူလအတိုင်းထားရန် လွှတ်တော် တွင် ဆွေးနွေးမှုအပေါ် ပြည် ထောင်စုလွှတ်တော်အစည်းအဝေးအပြီး တွင် သတင်းထောက်များမှ သူမ၏ အမြင်အား မေးမြန်းမှုအပေါ် ယင်း သို့ပြောကြားခြင်းဖြစ်သည်။

''အန်တီတို့အဖွဲ့ချုပ်က အရင် ကတည်းက အမြင်မတူဘူးဆိုတာ အစကတည်းကပြောပြီးသား၊ အခု ဒီနေ့ လဲကိုယ်စားလှယ်တွေက အဖွဲ့ ချုပ်က ဘယ်လိုလဲဆိုတာ ရှင်းရှင်း လင်းလင်းပြောထားပြီးသား။အခုဟာ က မျှော်လင့်ချက်တွေနဲ့ပြောနေတာ မဟုတ်ဘူး။ မူအရ ခံယူချက်နဲ့ပြော နေတာ၊ တပ်မတော်ကိုယ်စားလှယ် တွေ ၄၃၆မပြင်ချင်ဘူးဆိုတာ အစ ကတည်းကပြောပြီးသား၊ အန်တီတို့ အင်န်အယ်လ်ဒီကနေပြီးတော့ သေ သေချာချာတိတိကျကျပြင်ဆင်သင့် တယ်ဆိုတာ အရင်ကတည်းကပြော တယ်။ အခုလဲ ဒီလိုရပ်တည်သွား တာပဲ၊ တပ်မတော်သားကလဲအရင် ကတည်းက မူရင်းအတိုင်းပဲဆိုပြီး ပြောသွားတာ၊ သူတို့လဲ ဒီအတိုင်း ပဲ ဆက်ပြီးပြောတဲ့သဘောပါပဲ''ဟု ပြောကြားခဲ့သည်။

MP
#Democracytoday


ပုဒ်မ ၅၉ (စ) ပယ်ဖျက်ရေး အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ပြောင်းလဲမည် မဟုက်ဟု လွှတ်တော်တွင် ဆွေးနွေး


ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်အနေဖြင့် ပုဒ်မ ၅၉(စ) ပယ်ဖျက်ရန် ဆွေးနွေးမှု ကို ပြောင်းလဲရပ်တည်သွားမှာမဟုက်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ယနေ့ ပြည်ထောင် စု လွှတ်တော်တွင် ဆွေးနွေးသည်။

စမတ်ဖုန်းများက နှလုံးခုန်စက်များ၏အလုပ်ကို နှောင့်ယှက်နိုင်ဟုဆို


 ဖြစ်တောင့်ဖြစ်ခဲအခြေအနေတွင် အချက်ပြရှုပ်ထွေးမှုများ ဖြစ်ပွားစေနိုင်သောကြောင့် စမတ်ဖုန်းများကို နှလုံးခုန်စက် (pacemakers)နှင့် နှလုံးညှိစက် (defibrillators)ကဲ့သို့သော ကိုယ်တွင်းထည့် နှလုံးကိရိယာ များမှ ခက်ဝေးဝေးတွင် ထားသင့်သည်ဟု သုတေသနတစ်ရပ်က အကြံပြုထားသည်။  

သမ္မတအာဒိုဂန်ကို စော်ကားမှုစွဲချက်ဖြင့် တူရကီပန်းပုကျော် ထောင်ကျမည့်အလားအလာကို ရင်ဆိုင်နေရ


နာမည်ကြီး တူရကီပန်းပုဆရာတစ်ဦးမှာ ၄င်း၏ လက်ရာနှင့်ပတ်သက်၍ အာဏာရှင်ဆန်သော တူရကီ ခေါင်းဆောင်နှင့် အငြင်းပွားမှုဖြစ်ပွားပြီးနောက် သမ္မတ ရီစက်တေးယစ် အာဒိုဂန်ကို စော်ကားမှုစွဲချက် များဖြင့်ထောင်ဒဏ် ၄နှစ်ကျခံရမယ့်အလားအလာကို ရင်ဆိုင်နေရပါတယ်။

မြောက်ကိုရီးယားက တောင်ကိုရီးယားသူလျှိုနှစ်ဦးကို တစ်သက်တာအလုပ် ကြမ်းပြစ်ဒဏ်များ ချမှတ်


 တောင်ကိုရီးယား၏ Yonhap သတင်းအေဂျင်စီက မြောက်ကိုရီးယား နိုင်ငံပိုင်ရေဒီယို အသံလွှင့်ချက်ကို ကိုးကားဖော်ပြချက်အရ သူလျှိုလုပ်မှုဖြင့် စွပ်စွဲခံရသည့် တောင်ကိုရီးယားနိုင်ငံသားနှစ်ဦးကို မြောက်ကိုရီး ယားက တစ်သက်တာ အလုပ်ကြမ်းပြစ်ဒဏ် ချမှတ်ခဲ့သည်ဟု ဆိုသည်။

မြောက်ကိုရီးယား၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို စောင့်ကြည့်ရန် တောင်ကိုရီးယားတွင် ကုလသမဂ္ဂက ရုံးဖွင့်


မြောက်ကိုရီးယားနိုင်ငံအတွင်းမှ လူ့အခွင့်အရေးချိုးဖောက်အလွဲသုံးစားလုပ်မှုများကို စောင့်ကြည့်မှတ်တမ်း တင်နိုင်ရန်အတွက် ကုလသမဂ္ဂက တောင်ကိုရီးယား ဆိုးလ်မြို့တွင် လူ့အခွင့်အရေးစောင့်ကြည့်ရေးရုံးကို ဖွင့်လှစ်ခဲ့သည်။

လိပ်ကျွန်းလူသတ်မှုတွင် အဓိကသက်သေနှစ်ဦးကို ဆင့်ခေါ်ပေးရန် မြန်မာသံရုံး အထူးအဖွဲ့တောင်းဆို



ထိုင်းနိုင်ငံ၊ လိပ်ကျွန်းလူသတ်မှုဖြစ်စဉ်တွင် အခင်းဖြစ်ပွားစဉ်က အဓိကသက်သေဖြစ်သည့် သေဆုံးသူ ဟန်နာဝစ်သာရစ်ခ်ျနှင့် ဒေးဗစ်မီလာတို့၏ သူငယ်ချင်းများကို သက်သေအဖြစ်ထွက်ဆိုပေးရေး နိုင်ငံချင်း ချိတ်ဆက်၍ ဆင့်ခေါ်ပေးရန် မြန်မာသံရုံးအထူးအဖွဲ့က တရားရုံးသို့ တောင်းဆိုလိုက်ကြောင်း သတင်းရရှိ သည်။

ကိုရီးယားနှင့် ထိုင်းမှလာသော ကမ္ဘာလှည့်ခရီးသွားများကို ပုံမှန်ပြည်ဝင်ခွင့်ပြုထားပြီး ကျန်းမာရေးသာ တိုးမြှင့်စစ်ဆေး


မားစ်ရောဂါဖြစ်ပွားနေသည့် ကိုရီးယားနှင့် ထိုင်းနိုင်ငံတို့ မှ ကမ္ဘာလှည့်ခရီးသွားများကို ပြည်တွင်းသို့ဝင် ရောက်ရန် တစ်စုံတစ်ရာကန့်သတ်မထားဘဲ ပုံမှန်ခွင့်ပြုထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ သတင်းရရှိသည်။

ဥရောပ ၆ နိုင်ငံကို အမေရိကန် စစ်လက်နက်အကူ ကြိုတင်ပေး


နေတိုး မဟာမိတ်နိုင်ငံတွေအပေါ် ရုရှားနိုင်ငံနဲ့ တခြားအကြမ်းဖက် အဖွဲ့တွေရဲ့ ခြိမ်းချောက်မှုတွေကနေ ကာကွယ်နိုင်ဖို့အတွက် ဘော်လတစ်နိုင်ငံတွေ အပါအ၀င် ဥရောပတိုက်အတွင်းက နိုင်ငံပေါင်း ၆ နိုင်ငံမှာ တင့်ကား အစီး ၂၅၀ နဲ့ တခြား လက်နက်ကြီးတွေကို အမေရိကန် ပြည်ထောင်စုက ကြိုတင်ချထားမှာ ဖြစ် ပါတယ်။

ထိုင်းလူမှောင်ခိုကူးမှု အရေးယူခံရသူတွေအနက် ဗိုလ်ချုပ်တဦးပါ


ထိုင်းနိုင်ငံသမိုင်းမှာ လူကုန်ကူးမှုနဲ့ ပတ်သက်ပြီးတော့ အကြီးမားဆုံးဖြစ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို အပြီး သတ်နိုင်ခဲ့ပြီလို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။အခုလို ကျယ်ကျယ်ပြန့်ပြန် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်တာ ကို လူ့အခွင့်အရေးအဖွဲ့တွေက ကြိုဆိုလိုက်ကြပေမဲ့ လူကုန်ကူးမှုမှာ ပါဝင်ပတ်သက်နေတဲ့ စစ်ဘက်ဆိုင်ရာ အမှုထမ်းတွေကိုလည်း စုံစမ်းစစ်ဆေးသင့်တယ်ဆိုပြီးတော့ ထောက်ပြနေကြပါတယ်။ 

မြန်မာလူ့အခွင့်အရေးလှုပ်ရှားသူ အိမ်ဖြူတော် ၀ါဖြေညစာစားပွဲ တက်ရောက်



နိုင်ငံရပ်ခြားတွင် မြန်မာလူဦးရေ သိန်း ၂၀ ကျော်ရှိ


မြန်မာနိုင်ငံက လူဦးရေသိန်း ၂၀ ကျော်ဟာ နိုင်ငံတကာမှာ ရောက်ရှိနေတယ်လို့ ပြည်လုံးကျွတ် သန်းခေါင် စာရင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ဒီအထဲမှာ ယောက်ျားဦးရေ ၁၂ သိန်း ပါဝင်ပြီး ထိုင်းနိုင်ငံမှာ ၇၀ ရာခိုင်နှုန်းနဲ့ မလေးရှားနိုင်ငံမှာ ၁၅ ရာခိုင်နှုန်း ရောက်ရှိနေကြတာပါ။

IS ရဲ့ အရက်စက်ဆုံး လုပ်ရပ်ပါတဲ့ ဗီဒီယို ပေါ်လာ


IS အစ္စလာမ်မစ် စစ်သွေးကြွတွေဟာ လှောင်အိမ်ထဲမှာ လောင်ထားတဲ့ လူ ၁၆ ယောက်ကို ရေနစ်သတ်တဲ့ ဗီဒီယိုတွေ၊ တချို့ကိုတော့ ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ သတ်ပစ်တာတွေအပြင် ကားတစီးထဲကို ရော့ကက် ဗုံး ပစ်ထည့်တဲ့ ပုံတွေကို ပြသထားပါတယ်။

ပြင်သစ်သမ္မတကို ကန် က ထောက်လှမ်းလို့ ဝီကီလိခ်စ် ဆို


အမေရိကန် ထောက်လှမ်းရေးတွေဟာ ပြင်သစ် သမ္မတ Francois Hollande, Nicolas Sarkozy နဲ့ Jacques Chirac တို့ကို လျှို့ဝှက်စွာ ထောက်လှမ်းခဲ့ တယ်လို့ ဝီကီလိခ်စ်က ပေါက်ကြားလိုက်ပါတယ်။ အမေရိကန် ထောက်လှမ်းရေးတွေက ၂၀၀၆ကနေ ၂၀၁၂ ခုနှစ်အတွင်း ပြင်သစ်သမ္မတတွေကို ထောက် လှမ်းရေး ကိရိယာ တခုခု ခိုးဝှက် တပ်ဆင်ပြီး တိတ်တဆိတ် ခိုးနားထောင်ပြီး စောင့်ကြည့်မှု လုပ်ခဲ့တာလို့ ပြင်သစ် မီဒီယာ တွေမှာ ဖော်ပြထားပါတယ်။

Bush Center ခေါင်းဆောင် သင်တန်းဆင်းပွဲတက်ဖို့ မြန်မာလူငယ်တွေ Texas ရောက်


မြန်မာလူငယ်တွေအတွက် အမေရိကန်သမ္မတဟောင်း George W. Bush ရဲ့ Bush Institute ကစီစဉ်တဲ့ လွတ်လပ်မှုနဲ့ ခေါင်းဆောင်မှုဆိုင်ရာဖိုရမ် တနှစ်ပြည့် ဂုဏ်ပြုလက်မှတ် ချီးမြှင့်မယ့် အခမ်းအနားကို တက်ရောက်ဖို့ ခေါင်းဆောင်မှုဆိုင်ရာ ဖိုရမ်မှာပါဝင်သူ မြန်မာလူငယ် (၁၆)ဦး ဟာ တက္ကဆက်ပြည်နယ် ဒါးလက်စ်မြို့ကို မနေ့ကရောက်ရှိ လာကြပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ သုံးပုံနှစ်ပုံ သဘောတူညီမှုဖြင့် ပြင်ဆင်ရန်နှင့် ၅၉ (စ) အား အရည်အချင်းပြည့်စုံသူတိုင်း ပါဝင်ယှဉ်ပြိုင်မှုပြုလုပ်နိုင်ရန် ပြင်ဆင်သင့် ကြောင်း တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေး


ဖွဲ့စည်းပုံပြင်ဆင်ရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ သုံးပုံနှစ်ပုံ သဘောတူညီမှုဖြင့် ပြင် ဆင်ရန်နှင့် ပုဒ်မ ၅၉ (စ) အား အရည်အချင်းပြည့်စုံသူတိုင်း ပါဝင်ယှဉ်ပြိုင်မှုပြုလုပ်နိုင်ရန် ပြင်ဆင်သင့် ကြောင်း တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြသည်။

ပုဒ်မ ၄၃၆ ပြင်ဖို့ ဒေါ်စု ထပ်မံတိုက်တွန်း


မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ အပြောင်းအလဲတွေ ဖြစ်စေချင်ရင် ပုဒ်မ ၄၃၆ ကို ပြင်ဆင်မှ ရမယ်လို့ ဒေါ်အောင် ဆန်းစုကြည်က ထပ်မံ ပြောဆိုလိုက်ပါတယ်။ ပုဒ်မ ၄၃၆ ကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်နိုင်ဖို့ အဓိက ကျတဲ့ အချက် ဖြစ်တဲ့အတွက် အဲဒီ ပုဒ်မကို ပြင်ဆင်ဖို့ NLD ပါတီက ကြိုးစားနေတာ ဖြစ်ပါတယ်။

အင်န်စီအေတွင် တိုင်းရင်းသားအားလုံး ပါဝင်လက်မှတ်ထိုးမည့်အချက် အစိုးရ မတုံ့ပြန်သေး

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ် ရေးထိုးရေးတွင် တိုင်းရင်းသား အားလုံး ပါဝင်မည့်အချက်ကို အစိုးရဘက်က တုံ့ပြန်ခြင်း မရှိသေးဟု NCCT အဖွဲ့ဝင် စောကွယ်ထူးဝင်းက မဇ္ဈိမကို ပြောသည်။

အရေးပေါ်အခြေအနေတွင် တပ်ချုပ်အား ဥပဒေကျော်လွန် လုပ်ဆောင်ခွင့် မပြုရန် အင်န်အယ်လ်ဒီ အဆိုပြု


၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၁၁၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များမှ ပုဒ်မ ၄၁၈ (ခ) ပါ  “ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် မည်သို့ပင် ပြဋ္ဌာန်း ပါရှိစေကာမူ” ဟူသော စကားရပ်နှင့်ထိုစကားရပ်ကို ပြည်ခိုင်ဖြိုး ပါတီက ပြန် လည် ပြင်ဆင်အစားထိုးသည့် “ထူးခြားသော အခြေအနေကို ဖြေရှင်းနိုင်ရန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ခြွင်းချက်ပြုပြီး” ဟူသည့် စကားရပ်တို့သည် တပ်ချုပ်အား ဥပဒေ ကျော်လွန် လုပ်ဆောင်ခွင့်ပြုခြင်း ဖြစ်၍နှစ်ခုစလုံး ပယ်ဖျက်ရန် NLD အမတ် ဦးဖြိုးဇေယျာသော်က ယနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင်ဆွေးနွေးအဆိုပြုခဲ့သည်။

Tuesday, June 23, 2015

အစိုးရတပ်နှင့် ၀ တပ် စစ်ရေးတင်းမာမှု ဆွေးနွေးအဖြေရှာမည်


ရှမ်းပြည်တောင်ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ်ထဲမှာ လတ်တလော အစိုးရတပ်နဲ့ ယူဒဗလျူအက်စ်အေ ၀ တပ်ဖွဲ့တို့ကြား  အခြေအနေတင်းမာနေ တာနဲ့ ပတ်သက်ပြီး ဆွေးနွေး ညှိနှိုင်းဖို့အတွက် ၀ကိုယ်စားလှယ် နဲ့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဇော်တို့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။

တိုက်တန်းနစ် ဇာတ်ဝင်သီချင်းရေးစပ်သူ လေယာဉ်ပျက်ကျ သေဆုံး



My Blog List