Thursday, July 30, 2015

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် ဖဒိုနော်စီဖိုးရာစိန်နှင့် တွေ့ဆုံခြင်း


လက်ရှိအစိုးရလက်ထက် ငြိမ်းချမ်းရေးကမ်းလှမ်းမှုမှာ ၂၀၁၅ သြဂုတ် ၁၈ ရက်တွင် လေးနှစ်တိတိ ပြည့်တော့မည်။ အစိုးရနှင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေးသဘောတူစာချုပ် (NCA)မူကြမ်းဆွေးနွေးမှု တရားဝင်(၈)ကြိမ်၊ အလွတ် သဘောအကြိမ်(၄၀)ခန့် ပြုလုပ်ခဲ့ပြီး ဖြစ်သော်လည်း ယခုအချိန်ထိ စာချုပ်အချောမသပ်နိုင်သေး ပေ။ သြဂုတ်လ ပထမပတ်အတွင်း ထပ်မံတွေ့ဆုံဆွေးနွေးကြရန် နှစ်ဖက် စီစဉ်ထားသည်။  

“သူရဦးရွှေမန်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်”



ဝန်ကြီးချုပ် ဦးရဲမြင့် မန္တလေးတိုင်းမှ ၀င်ရောက်ယှဉ်ပြိုင်


မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးချုပ် ဦးရဲမြင့်နှင့် ဝန်ကြီး (၆) ဦးက ယခုနှစ် နိုဝင်ဘာ ရွေး ကောက်ပွဲ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်းအဖြစ် အသိ အမှတ်ပြု တာဝန်ပေးအပ်မှုကို လက်ခံယူခဲ့သည်။

စစ်သွေးကြွအဖွဲ့သို့ဝင်ရန်ကြိုးပမ်းမှုဖြင့် တရုတ်ဝီဂါတစ်ဦးကို အင်ဒိုနီးရှား ထောင်ချ


အင်ဒိုနီးရှားတရားရုံးတစ်ခုသည် နိုင်ငံကအလိုရှိဆုံး စစ်သွေးကြွဦးဆောင်သော အစ္စလာမစ်အစွန်းရောက် အုပ်စုသို့ဝင်ရောက်ရန် ကြိုးပမ်းစဉ်ဖမ်းမိသော တရုတ်ဝီဂါလူမျိုးတစ်ဦးကို ဇူလိုင် ၂၉ကထောင်ဒဏ်ခြောက် နှစ် ချမှတ်လိုက်သည်။

ကြံ့ခိုင်ရေးပါတီ၏ Mandalay Division ကိုယ်စားလှယ်လောင်းစာရင်း


နိုင်ငံတော်သမ္မတက ယနေ့ အကျဉ်းသား/သူ ၆၉၆၆ ဦးကိုပြစ်ဒဏ်လွတ်ငြိမ်း ခွင့်ပြု


နိုင်ငံတော်သမ္မတသည် အကျဉ်းထောင်အသီးသီးတွင် ထိုက်သင့်သော ပြစ်ဒဏ် များကျခံပြီးဖြစ်သည့်အပြင် အကျဉ်းထောင်ကျ ခံစဉ်ကာလအတွင်း စည်းကမ်းကောင်းမွန်သည့် အကျဉ်းသား/အကျဉ်းသူ စုစုပေါင်း ၆၉၆၆ ဦးတို့ ကို ယနေ့  ဇူလိုင်လ ၃၀ ရက်တွင် ပြစ်ဒဏ် လွတ်ငြိမ်းခွင့်များပေးလိုက် ကြောင်း နိုင်ငံပိုင် သတင်းဌာနများမှ ထုတ်ပြန်လိုက်သည်။

တစ်သက်တစ်ကျွန်းကျ သစ်ခိုးထုတ်သည့် တရုတ်နိုင်ငံသား ၁၅၀ ကျော် ယနေ့ သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် ကြေငှာချက်အရ လွတ်မြောက်


ယနေ့ နိုင်ငံတော်သမ္မတသည် အကျဉ်းထောင်အသီးသီးတွင် ထိုက်သင့်သော ပြစ်ဒဏ်များကျခံပြီးဖြစ်သည့် အပြင် အကျဉ်းထောင်ကျ ခံစဉ်ကာလအတွင်း စည်းကမ်းကောင်းမွန် သည့် အကျဉ်းသား/အကျဉ်းသူ စုစု ပေါင်း ၆၉၆၆ ဦးတို့ ကို ယနေ့  ဇူလိုင်လ ၃၀ ရက်တွင်ပြစ်ဒဏ်လွတ်ငြိမ်းခွင့်များပေးလိုက် ကြောင်း နိုင်ငံပိုင် သတင်းဌာနများမှ ထုတ်ပြန်လိုက်သည်။

ကြံခိုင်ရေးပါတီက ရန်ကုန်တိုင်းဒေသကြီးအတွင်း ယှဉ်ပြိုင်ရန် ရွေးကောက် ပွဲကော်မရှင်ထံ တင်သွင်းမည့် ကိုယ်စားလှယ်လောင်းစာရင်း


“ဝါဆိုသင်္ကန်းအဓိပ္ပါယ် နှင့် လှူဒါန်းရကျိုး မြတ်တန်ဘိုး”


ဝါဆိုသင်္ကန်းလှူဒါန်းခြင်းနှင့် ပတ်သက်ပြီး ယနေ့ခေတ်မြန်မာတစ်ပြည်လုံး ဗုဒ္ဓဘာသာဝင်များသည် တစ်ဦးချင်း ဖြစ်စေ၊ 
အသင်းအဖွဲ့အနေဖြင့်ဖြစ်စေ၊ သံဃာအများအားဖြစ်စေ၊ တစ်ပါးကိုဖြစ်စေ အမျိုးမျိုးအဆင်ပြေစွာ လှူဒါန်းနေကြပါသည်။ဝါဆိုသင်္ကန်းဆိုသည်မှာ ဝါဆိုခါနီးကပ်ပြီး လှူဒါန်းသည့်သင်္ကန်းဖြစ်စေ၊ ဝါတွင်းကာလမှာတွင်ဖြစ်စေ လှူဒါန်းသည့် သင်္ကန်းကို “ဝါဆိုသင်္ကန်း”ဟုခေါ်ပါသည်။ 

ဗြိတိန်ဝန်ကြီး Hugo Swire မြန်မာခရီးစဉ်


ဗြိတိန်နိုင်ငံခြားရေးနဲ့ ဓနသဟာရရုံး ၀န်ကြီး Hugo Swire ဟာ အရှေ့တောင် အာရှနဲ့ ဗြိတိန်ကြား ဆက်ဆံရေးတိုးမြှင့်တဲ့ ခရီးစဉ် တစိတ်တပိုင်းအဖြစ် မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီး တနင်္ဂနွေနဲ့ တနင်္လာနေ့က ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ ပါတယ်။

NLD နဲ့ တိုင်းရင်းသားပါတီများ ပြိုင်ဘက်ဖြစ်နေလား


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာအစီအစဉ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ တိုင်းရင်းသားပါတီတွေနဲ့ ယှဉ်ပြိုင် အရွေးခံမယ်ဆိုရင် တိုင်းရင်းသားပါတီတွေအတွက် နစ်နာနိုင်စရာအကြောင်း ရှိပါသလား။ တိုင်းရင်းတွေ လိုချင်နေတဲ့ အခွင့်အရေးတွေကိုကော NLD အနေနဲ့ မပြည့်အဝ ဖေါ်ဆောင်ပေးနိုင်လိမ့်မယ်လို့ တိုင်းရင်းသားပါတီ တွေက ယုံကြည်ကြပါရဲ့ လား ဆိုတာတွေကို SNDP ကျားဖြူအမတ် ဦးရဲထွန်း၊ NLD ပြောခွင့်ရ ဒေါ်နန်းခင်ထွေးမြင့်၊ SNLD ကျားခေါင်းပါတီ ဝါရင့်ခေါင်းဆောင် တဦးဖြစ်တဲ့ စိုင်းညွန့်လွင်တို့နဲ့ ဦးကျော်ဇံသာတို့နဲ့ ဆွေးနွေးသုံးသပ်ထား ပါတယ်။

ရွေးကောက်ပွဲ အရေးနှင့်ရေဘေး အန္တရာယ်မှ ကယ်ဆယ်ရေး


မြန်မာနိုင်ငံအထက်ပိုင်း ဒေသအချို့နှင့် ရခိုင်ပြည်နယ်၊ ရှမ်းမြောက်ဒေသ အချို့မှာ ရက်ဆက်ပြီး မိုးကြီးခြင်းကြောင့် ရေကြီးခြင်း၊ မြေပြိုခြင်း၊ လမ်း၊ တံတားများ ပျက်စီးခြင်းတို့ ယခုရက်ပိုင်းမှာဖြစ်ပွားနေပေသည်။ယင်းသို့သော အခြေ အနေတွင် ရေကြီးရာဒေသများ၌ ပြည်ထောင်စုနှင့် ဒေသန္တရအစိုးရ၊ လက်နက်ကိုင်တပ်ဖွဲ့များ မည်သို့မည်ပုံ ဆောင်ရွက်နေကြ သလဲ၊ မည်သည့် အကူအညီ ရရှိမည်လဲ၊ မည်သို့ အကူအညီ တောင်းခံနိုင်သလဲဆို သည်ကို ယင်းဒေသရှိ ပြည်သူများ ပထမဆုံးသိရှိဖို့ လိုအပ်ပေသည်။

ဇမ္ဗူသီရိမြို့နယ် မဲဆန္ဒနယ်နေရာကို သမ္မတ ဦးသိန်းစိန်အတွက် ချန်လှပ် ပေးထားပြီး ပြိုင်မပြိုင်မှာ ၎င်း၏ ဆန္ဒသာဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ပြောကြား


ဇမ္ဗူသီရိမြို့နယ် မဲဆန္ဒနယ်နေရာကို ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် လွှတ်တော် ကိုယ်စားလှယ်လောင်းနေရာ လျာထားခြင်း မရှိဘဲ သမ္မတ ဦးသိန်းစိန် အတွက် ချန်လှပ်ပေးထားပြီး ပြိုင် မပြိုင်မှာ ၎င်း၏ ဆန္ဒသာဖြစ် ကြောင်း ဇူလိုင် ၂၉ ရက်က ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံး၌ ပြုလုပ်သည့် လွှတ်တော်ကိုယ်စားလှယ် လောင်းအဖြစ် အသိအမှတ်ပြုတာ ၀န်ပေးအပ်ပွဲအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်း က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ ရွေးကောက်ပွဲတွင် ကော့မှူးမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဆက်လက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်း


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် သည် ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ကြေညာထားသည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲတွင် ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်လက်ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် ဇူလိုင် ၂၉ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်တွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ ခရိုင်အထွေထွေအုပ်ချုပ် ရေး ဦးစီးဌာနရုံးရှိ တောင်ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ လာရောက်၍ ကိုယ်စားလှယ်လောင်း လျှောက်လွှာကို တင်သွင်းခဲ့သည်။  

မြန်မာစစ်ဦးစီးချုပ်ကို အိန္ဒိယ ဘာကြောင့် ကော်ဇောနီခင်းကြိုဆို


အိန္ဒိယနိုင်ငံကို အလည်အပတ်ခရီး ရောက်နေတဲ့ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ရေကြောင်း လုံခြုံရေး အပါအ၀င် ၂ နိုင်ငံကြား ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူး ပေါင်း ဆောင်ရွက်မှုတွေ တိုးမြှင့်လိုကြောင်း ပြောကြားလိုက်တယ်လို့ သိရပါတယ်။ လက်ရှိခရီးစဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ်ကို အိန္ဒိယက နွေးထွေးစွာ ကြိုဆိုမှုအပေါ် သုံးသပ်ချက်တွေ ထွက်ပေါ်ခဲ့ပါတယ်။ အကြောင်းစုံကို ဦးစံမိုးဝေ က တင်ပြထားပါတယ်။

MH17လေယာဉ် ကိစ္စ ခုံရုံးတင်ဖို့အဆို ရုရှားပယ်ချ


ယူကရိန်းနိုင်ငံပေါ် ပျံသန်းရင်း ပျက်ကျသွားတဲ့ မလေးရှား MH17 လေယာဉ် ကိစ္စကို ကုလသမဂ္ဂရဲ့ နိုင်ငံတကာ ခုံရုံးမှာ အရေးယူနိုင်ဖို့ ကြိုးစားနေကြတာကို ရုရှားက ဗီတို အာဏာသုံးပြီး ပယ်ချလိုက်ပါ တယ်။

လေယာဉ်အပိုင်းစတွေ့ ပျောက်ဆုံးတဲ့ မလေးလေယာဉ်လို့ထင်


အာဖရိကတိုက်နဲ့ နီးတဲ့ La Reunion ကျွန်းပေါ်ကို လေယာဉ်အပိုင်းအစ လှိုင်းနဲ့အတူပါလာရင် သောင်တင် နေရာက ဒါဟာ ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ် MH370 ရဲ့ အပိုင်းအစ ဖြစ်မယ်လို့ ယူဆနေကြ ပါတယ်။

မိုင်းတုံဆည် ကိစ္စမှာ သြစီကုမ္ပဏီ ဝေဖန်ခံရ


မြန်မာနိုင်ငံ ရေအားလျှပ်စစ် စီမံကိန်းမှာ ပါဝင်တဲ့ သြစတြေးလျနိုင်ငံက အင်ဂျင်နီယာ ကုမ္ပဏီက ဝေဖန်မှု တွေနဲ့ ရင်ဆိုင်နေရပါတယ်။ သြစတြေးလျနိုင်ငံက Snowy Mountains Engineering Corp SMEC လို့ခေါ် တဲ့ အဖွဲ့ကို မြန်မာအစိုးရနဲ့ မိုင်းတုံဆည် တည်ဆောက်မယ့် အဖွဲ့တွေက လေ့လာမှုလုပ်ဖို့ ငှားရမ်းတာ ဖြစ်ပါတယ်။

MH17 အမှု ခုံရုံးတင်ဖို့ စိတ်ဝင်စားတဲ့ နိုင်ငံများ


သြစတြေးလျရဲ့ နိုင်ငံခြားရေးဝန်ကြီးက မလေးရှားပိုင် MH17 လေယာဉ် ပျက်ကျမှုနဲ့ ပတ်သက်ပြီး နိုင်ငံတ ကာ ခုံရုံးမှာ တရားစွဲဖို့ ကိစ္စကို အားပေးတဲ့နိုင်ငံ များပြားကြောင်း ပြောပါတယ်။ ယူကရိန်းအရှေ့ပိုင်းမှာ ပျံသန်းတုန်း လေယာဉ် ပျက်ကျတာဖြစ်ပြီး လေယာဉ်ပေါ် လိုက်ပါလာတဲ့ လူပေါင်း သုံးရာ နီးပါးစလုံး သေဆုံးခဲ့ရပြီး သြစတြေးလျ နိုင်ငံသား ၃၈ ယောက် ပါဝင်ပါတယ်။

မလေးဝန်ကြီးချုပ် ဝန်ကြီးအဖွဲ့ပြောင်းလဲ


မလေးရှားနိုင်ငံ ဝန်ကြီးချုပ် Najib Razak ဟာ သူ့ရဲ့ ဒုဝန်ကြီးချုပ်၊ ရှေ့နေချုပ်နဲ့ တခြား ဝန်ကြီး ၄ ယောက် ကို ရာထူးကနေ ဖယ်ရှားလိုက် ပါတယ်။ မလေးရှားနိုင်ငံပိုင် ငွေတွေကို မလေးရှား ဝန်ကြီးချုပ်က မိသားစု ပိုင် ဖြစ်အောင် လုပ်ဆောင်ခဲ့တာတွေ ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ပြီး တဲ့နောက် ဝန်ကြီးချုပ်က အခုလို အပြောင်းအလဲ လုပ်လိုက်တာပါ။

ဇေကမ္ဘာဝင်း မူးယစ်ဆေးဝါး ဖမ်းမိမှုကို အချိန်မရွေး အစစ်ဆေးခံနိုင်ကြောင်း ဦးခင်ရွှေ ပြောကြား


ရန်ကုန်မြို့တော် မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝင်း (မင်္ဂလာဒုံဥယျာဉ်မြို့တော်)အတွင်း ကမ္ဘာတွင် စိတ်ကြွဆေးပြား ဒုတိယ အများဆုံး ဖမ်းဆီးရမှုနှင့် ပတ်သက်ပြီး အချိန်မရွေး အစစ်ဆေးခံနိုင်ကြောင်း ဇေကမ္ဘာ ဦးခင်ရွှေက ပြောကြားသည်။ အမေရိကန်ဒေါ်လာ ၁၃၃ သန်းကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား အများဆုံး ဖမ်းဆီးရရှိခြင်းကို သက်ဆိုင်ရာမှ ကြပ်မတ် ဆောင်ရွက်ရန် လိုအပ်ပြီး ၎င်းအနေနှင့်လည်း အချိန်မရွေး အစစ်ဆေးခံနိုင်ကြောင်း ၎င်းက ဆိုသည်။

ဗိုလ်မှူးချုပ်သန်းထွန်းနှင့် ထောက်လှမ်းရေး အရာရှိကြီး ၉ ဦး ပြန်လည် လွတ်မြောက်


နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်ခဲ့သော အကျဉ်းသား အကျဉ်းသူ ၆၉၆၆ ဦးတွင် ၂၀၀၄ ခုနှစ်က တည်းက ထိန်းသိမ်းခံထားရသည့် တပ်မတော် ထောက်လှမ်းရေးတပ်ဖွဲ့မှ ဗိုလ်မှူးချုပ်သန်းထွန်းနှင့် အကြီးတန်း အရာရှိကြီး ၉ ဦးလုံး ပြန်လည်လွတ်မြောက်လာပြီး ဖြစ်ကြောင်း The Voice သတင်းရင်းမြစ်များက ပြောကြားသည်။

Wednesday, July 29, 2015

ပြည်ခိုင်ဖြိုးပါတီ ရန်ကုန်တိုင်းတွင် မဲဆန္ဒနယ် ၁၄၉ နေရာအပြည့် ဝင်ရောက် ယှဉ်ပြိုင်မည်



၂၀၁၅ ရွေးကောက်ပွဲဝင်ရန် ဒေါ်အောင်ဆန်းစုကြည် လျှောက်လွှာတင်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့ နယ် ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ်လောင်းအဖြစ် ၂၀၁၅ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရန် ဇူလိုင်လ ၂၉ ရက် နေ့ သန်လျင်မြို့နယ်ရှိ ရန်ကုန်တောင်ပိုင်းခရိုင်ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် တရားဝင် သွားရောက် လျှောက်လွှာ တင်သွင်းမှတ်ပုံတင်လိုက်ပြီဖြစ်သည်။

ယူအင်န်အေနှင့် မိတ်ဖက်အဖွဲ့များ ညှိနှိုင်းဆွေးနွေးပွဲအပြီး ရွေးကောက်ပွဲ၊ အပစ်ရပ်ရေးနှင့် အခြေခံ ဥပဒေပြင်ဆင်ရေးများ ဆောင်ရွက်ရန် လုပ်ငန်း ကော်မတီ ဖွဲ့စည်း


စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA) နှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ တတိယအကြိမ် ညှိနှိုင်းဆွေးနွေးပွဲကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ဇူလိုင် ၂၇ ရက်မှ ၂၉ရက် အထိ ကျင်းပကာ ဆွေး နွေးပွဲအပြီးတွင်  ရွေးကောက်ပွဲ၊ အပစ်အခတ်ရပ်စဲရေး၊ အခြေခံဥပဒေပြင်ဆင်ရေး ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရန် လုပ်ငန်းကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့သည်ဟု UNA အဖွဲ့ဝင် ရခိုင်အမျိုး သားပါတီမှ ဦးအေးသာအောင်က ဆွေးနွေးပွဲအပြီး မဇ္ဈိမကို ပြောသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယ၀န်ကြီးချုပ်နှင့်တွေ့ဆုံ


အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်နေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ ဇူလိုင် ၂၉ ရက်နေ့က အိန္ဒိယ၀န်ကြီးချုပ် ရှရီ နရန်ဒရာ မိုဒီနှင့် နယူးဒေလီမြို့ ၌ တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း အိန္ဒိယ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဗိုလ်ချုပ်ကြီးနှင့် ၀န်ကြီးတချို့၏ မဲဆန္ဒနယ်စာရင်းများ ကြံ့ခိုင်ရေး ထုတ်ပြန်


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး(ကြံ့ခိုင်ရေး)ပါတီက ၂၀၁၅ရွေးကောက် ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ် လောင်းစာရင်း တချို့ကို ထုတ်ပြန်လိုက်ပြီး ယင်းစာရင်းတွင် စီးပွားရေး လုပ်ငန်းရှင်တချို့၊ ဗိုလ်ချုပ်ကြီး တချို့နှင့် ၀န်ကြီး တချို့ နာ မည် ပါဝင်ကြောင်း သိရှိရသည်။

ကုလ အထူးသံတမန် မင်းသမီးဂျိုလီ သမ္မတအပါအဝင် အစိုးရအဖွဲ့နှင့် နေပြည်တော်တွင် တွေ့ဆုံ


မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများကို လေ့လာပြီး ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေး အားပေးလှုံ့ဆော်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် UNHCR ၏ အထူးသံတမန် ကမ္ဘာကျော် မင်းသမီး အင်ဂျလီနာဂျိုလီက ဇူလိုင် ၂၉ရက်တွင် သမ္မတဦးသိန်းစိန်အပါအဝင် အစိုးရအဖွဲ့များ နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။ 

ပါကစ္စတန်အကြမ်းဖက်အုပ်စု မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသတွင် လှုပ်ရှားနေ


ဘင်္ဂါလီမွတ်စလင်များကို အစွန်းရောက်ဝါဒများ သွတ်သွင်းပေးပြီး အိန္ဒိယအရှေ့ပိုင်းတွင် နှောင့်ယှက်မှုများ ပြုလုပ်ရန် ပါကစ္စတန်၏ အကြမ်းဖက်အဖွဲ့အစည်း Lashkar-e-Taiba (LET) နှင့် ၎င်း၏ ရှေ့တန်းတပ်ဦး အဖွဲ့နှစ်ခုသည် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် လှုပ်ရှားနေကြောင်း ထောက်လှမ်းရေးသတင်းရင်းမြစ်များက ပြောကြားသည်။

သြစတြေးလျ ရုပ်ရှင်မင်းသမီးကြီး မက်ဂီခရစ်ပက်ထရစ်ခ်သည် ကလေးလိင် စော်ကားမှု စွဲချက်များနှင့် ရင်ဆိုင်နေရ


၁၉၈၀ ပြည့်လွန်နှစ်များက “Prisoner: Cell Block H” နှင့် “Home and Away” ရုပ်သံဇာတ်လမ်းတွဲများ တွင် သရုပ်ဆောင်ခဲ့သည့် သြစတြေးလျ ရုပ်ရှင်မင်းသမီးကြီး မက်ဂီခရစ်ပက်ထရစ်ခ် သည် ကလေးလိင် စော်ကားမှု နှင့် ပတ်သက်သော စွဲချက်များကို ရင်ဆိုင်နေရသည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Hugo Swire မြန်မာသို့ လာရောက်


ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Hugo Swire သည် ဇူလိုင် ၂၆ နှင့် ၂၇ တို့တွင် ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ သကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ရန်ကုန်မြို့ ၌တွေ့ဆုံခဲ့သည် ဟု UK နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အမျိုးသားတိုးတက်ရေးပါတီ အမတ်လောင်း ၂၅၀ ကျော် ရွေးကောက်ပွဲ ၀င်မည်



သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံရေးအကြံပေးအဖွဲ့ဝင်ဟောင်း ဒေါက်တာနေဇင်လတ် ခေါင်းဆောင်တဲ့ အမျိုးသား တိုးတက်ရေးပါတီဟာ လာမယ့် နိုဝင်ဘာ ၈ ရက် အထွေထွေ ရွေးကောက်ပွဲမှာ  နိုင်ငံအနှံ့ ကိုယ်စားလှယ် လောင်း ၂၅၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။

ပြုပြင်ပြောင်းလဲရေးလုပ်ရန် ဖိလစ်ပိုင်သမ္မတ အောက်လွှတ်တော်ကို တိုက်တွန်း


ဖိလစ်ပိုင်သမ္မတ ဘနစ်နိုအကွီနိုက  ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ တနိုင်ငံလုံးကို ပြောတဲ့ နောက်ဆုံးမိန့် ခွန်းအတွင်း လွှတ်တော်အမတ်တွေကို တိုက်တွန်းပြောဆိုလိုက်ပါတယ်။ အဂတိလိုက်စားမှုကို ပစ်မှတ်ထား ဖို့နဲ့ မွတ်စလင်သူပုန်တွေနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ရဖို့ ပြုပြင်ပြောင်းလဲရေး အားထုတ်မှုတွေကို ဆက်လုပ်ဖို့ အောက်လွှတ်တော်ကို တိုက်တွန်းတာ ဖြစ်ပါတယ်။

ထိုင်း-မြန်မာ ဗီဇာမလိုဘဲသွားလာခွင့် နှစ်နိုင်ငံဝန်ကြီးများ သဘောတူ လက်မှတ်ရေးထိုး



နျူကလီးယားအရေး မြောက်ကိုရီးယား ဆွေးနွေးမည်မဟုတ်


မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားလက်နက် အစီအစဉ်ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေး ပြောဆိုစရာ အကြောင်း မရှိကြောင်းနဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ အနေအထားဟာ အီရန်နိုင်ငံနဲ့ လုံးဝ ခြားနားတယ်လို့ မြောက်ကိုရီးယား ထိပ်တန်း သံတမန် တယောက်က ပြောဆိုလိုက်ပါတယ်။

သမ္မတအိုဘားမား အာဖရိကခရီးစဉ် အဆုံးသတ်


အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ဟာ သူ့ရဲ့ အရှေ့အာဖရိကဒေသ ခရီးစဉ်ကို ဒီကနေ့ပဲ အဆုံးသတ်လိုက်ပါပြီ။ အီသီယိုးပီးယားနိုင်ငံရဲ့ မြို့တော်မှာ တည်ရှိတဲ့ အာဖရိကသမဂ္ဂ AU မှာ မိန့်ခွန်းပြောခဲ့တဲ့ လက်ရှိအာဏာရ ပထမဆုံး အမေရိကန်သမ္မတ ဖြစ်ပါတယ်။

ပုဒ်မသုံးခုဖြင့် တရားစွဲဆို ဖမ်းဆီးခံထားရသော မိုးကုတ်မြို့ ရေပူကျောင်း ဆရာတော် လေးကြိမ်မြောက် ရုံးထုတ်တွင် ကျောက်မျက်ဥပဒေဖြင့် တရားလိုနှင့် လိုပြသက်သေသုံးဦးအား စတင်စစ်ဆေး



ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်းတင်သွင်းရန် ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော် မရှင်ရုံးသို့ ယနေ့သွားရောက်မည်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် သည် ၂၀၁၅ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်ရန်ကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ရှိ ရန်ကုန်တောင်ပိုင်းခရိုင်တရားရုံးနှင့် တောင်ပိုင်းခရိုင်ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ ဇူလိုင် ၂၉ ရက် (ယနေ့) သွားရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပုဒ်မနှစ်ခုဖြင့် တရားစွဲခံထားရသော မိကျောင်းကန်ပြည်သူ ၁၄ ဦးအနက် နှစ်ဦးအား တရားရုံးကဆက်လက်စစ်ဆေး


မဟာဗန္ဓုလပန်းခြံနံဘေးတွင် သပိတ်စခန်းဖွင့်ဆန္ဒပြမှုကြောင့် ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုခံထားရသော မိကျောင်းကန်ပြည်သူ ၁၄ ဦးထဲမှ နှစ်ဦးအား ကျောက်တံတားတရားရုံးနှင့်  လသာစည်ပင်တရားရုံးတို့တွင် ဇူလိုင် ၂၈ ရက်က ဆက်လက်စစ်ဆေးခဲ့ကြောင်း သိရသည်။

မိုးကုတ် ရေပူဆရာတော်အမှု လွတ်လပ်စွာ တရားစီရင်မည်ဟု ခရိုင်တရားသူကြီး ပြောကြား


မြန်မာ့ကျောက်မျက်လုပ်ငန်း ဥပဒေအပါအဝင် ပုဒ်မသုံးခုဖြင့် တရားစွဲ ဆိုခံနေရသော မိုးကုတ်မြို့ ရေပူ ဆရာတော်အမှုကို မည်သူတစ်ဦး တစ်ယောက်၏ အနှောင်အဖွဲ့မှ မပါဘဲ လွတ်လွတ်လပ်လပ် တရားစီရင် သွားမည် ဖြစ်၍ ရေပူဆရာတော် အနေနှင့် စိတ်ကိုတည်ငြိမ်အောင် ထားစေလိုကြောင်း ပြင်ဦးလွင်ခရိုင် တရားသူကြီးက ဇူလိုင်လ ၂၇ ရက်နေ့က ပြုလုပ်သည့် တရားခွင်၌ ပြောကြားသည်။

ဖမ်းဆီးခံကျောင်းသားတွေ ရဲမှူးနဲ့ အမှုစစ်တို့ကို စွဲချက်တင်


အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေးဖို့ ကန့်ကွက်ဆန္ဒပြမှုနဲ့ သာယာဝတီအကျဉ်းထောင်မှာ အကျဉ်း ကျခံနေရတဲ့ ကျောင်းသားတွေက သာယာဝတီမြို့နယ် ရဲတပ်ဖွဲ့မှူးနဲ့ လက်ပံတန်းစခန်းမှူး တို့ကို မတရား ချုပ်နှောင်မှုနဲ့ တရားစွဲဆိုဖို့ သာယာဝတီမြို့နယ် တရားရုံးမှာ ဒီနေ့ (ဇူလိုင်လ ၂၈ ရက်နေ့) စွဲချက်တင်ခဲ့ တယ်လို့ ဖမ်းဆီးခံ ကျောင်းသားတွေရဲ့ အကျိုးဆောင်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

တပ်မိသားစုများ၏ ကိုယ်စားလှယ် ရုပ်သိမ်းရန် တိုင်ကြားမှု ရင်ဆိုင်မည်ဟု ဦးရွှေမန်းတုံ့ပြန်


နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမန်းကို လွှတ်တော်ကိုယ်စား လှယ်အဖြစ်မှ ဖြုတ်ချရန် တပ်မိသားစုများက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့ တင်ပြတိုင်ကြား လိုက်ပြီး ယင်းတင်ပြ တိုင်ကြားမှုအပေါ် ဥပဒေကြောင်းအရ ပြန်လည် ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ဦးရွှေမန်းက တုံ့ပြန်လိုက်သည်။

ရေကြီး ရေလျှံမှုများကြောင့် သေဆုံးသူ လူ ၂၀ အထိ ရှိလာ


စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် နှင့် မန္တလေးတိုင်းအပါအ၀င် နိုင်ငံတဝန်း နီးပါး မိုးသည်းထန် စွာ ရွာသွန်းပြီး ရေလွှမ်းမိုး မှုများကြောင့် ဒေသတချို့တွင် လူသေဆုံးမှုများ ဖြစ်ပေါ်လျက် ရှိရာ ဇူလိုင်၂၇ ရက် စာရင်းအရ သေဆုံးသူ လူ ၂၀ ရှိပြီ ဖြစ်ကြောင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီး ဌာန(နေပြည်တော်) မှ သိရှိရသည်။

ချင်းမိုင် ၀ပ်ဆိုင်းမွန်း ဆရာတော်ကို မြန်မာအစိုးရက ဘွဲ့တံဆိပ်တော် ကပ်လှူ


ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရှိ ဝပ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီး ကျောင်း ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တကောဏ္ဍည မထေရ်မြတ်အား မြန်မာအစိုးရက “အဂ္ဂမဟာပဏ္ဍိတ” ဘွဲ့တံဆိပ်တော်ကို နှစ်နိုင်ငံ အစိုးရ တာဝန်ရှိသူများရှေ့၌ ယနေ့ ဆက်ကပ်လှူဒါန်းလိုက်သည်။

အစိုးရ၏ မြစိမ်းရောင်ချေးငွေ ကြံ့ခိုင်ရေးပါတီပေးဟု မဲဆွယ်စည်းရုံး၍ အတိုင်ခံရ


ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်တွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ပေးအပ်နေသည့် “မြစိမ်း ရောင်” ချေးငွေများကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေး)က ထုတ်ပေးသည့် ပုံစံမျိုးဖြင့် မဲဆွယ်စည်းရုံး နေခြင်းကြောင့် သက်ဆိုင်ရာမြို့နယ်ရွေးကောက် ပွဲကော်မရှင်သို့ တိုင်ကြားခံရကြောင်း သတင်း ရရှိသည်။

My Blog List