Friday, April 24, 2015

ဒေါ်အောင်ဆန်းစုကြည် ကျရှုံးသွားပြီလား


သမိုင်းဝင် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ ၇ လလောက်ပဲ လိုတော့တဲ့ အချိန်မှာ အတိုက် အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တပ်မတော်ရဲ့ ထောက်ခံမှု အပြည့်အဝရှိနေတဲ့ သမ္မတဦးသိန်းစိန် အစိုးရနဲ့ နိုင်ငံရေး အဆုံးအဖြတ် တိုက်ပွဲ ဆင်နွှဲရတော့မယ့်အခြေအနေ ဖြစ်နေပါပြီ။

ခြောက်ပွင့်ဆိုင် တိုင်းရင်းသားကိုယ်စားလှယ် ဒေါက်တာအေးမောင် နိုင်ငံရေး ပါတီ ၂၁ ပါတီကို ကိုယ်စားမပြုဟု NBF ထုတ်ပြန်


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲသို့ တိုင်းရင်းသားကိုယ်စားလှယ် အဖြစ် ပြည်ထောင်စုလွှတ်တော်က ရွေးချယ်ထားသော ဒေါက်တာအေးမောင်သည် တိုင်းရင်းသား နိုင်ငံရေး ပါတီ ၂၁ ပါတီကို ကိုယ်စားမပြုကြောင်း ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBF အဖွဲ့က ထုတ်ပြန် လိုက်သည်။

မြန်မာအစိုးရ Podesta Group ကို ဘာကြောင့် ငှားသလဲ


မြန်မာအစိုးရက အမေရိကန်လော်ဘီအဖွဲ့ Podesta Group ကို အမေရိကန် ဒေါ်လာ ၈ သိန်း ၄ သောင်းနဲ့ ငှားရမ်းလိုက်တဲ့သတင်း ဧပြီ ၁၆ ရက်နေ့က ထွက်ပေါ်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံရေးအသိုင်းအ၀ိုင်း မှာလည်း သုံးသပ်ချက်မျိုးစုံ ထွက်ပေါ်လာပါတယ်။ Podesta Group အကြောင်း လေ့လာကြည့်ရ သလောက် သူတို့အဖွဲ့ဟာအမေရိကန်အစိုးရအတွင်း ပေါက်ရောက်မှုအမှန်တကယ်ရှိတဲ့ လော်ဘီအဖွဲ့ဖြစ် တာကို တွေ့ရတယ်။ ၁၉၈၈ ခုနှစ်မှာ John Podesta/ Tony Podesta ညီနောင် ၂ ဦးကစတင်တည်ထောင် ခဲ့ပြီး ၀ါရှင်တန်မှာ အခြေစိုက်ပါတယ်။

ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲတွင် ဒေါက်တာ အေးမောင်က တိုင်းရင်းသား ကိုယ်စားပြု အဖြစ် ပါဝင်သည့်အပေါ် တိုင်းရင်းသားတို့ အမြင်များ


ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် လက်ကျန် နိုင်ငံရေးအခြေအနေတို့ကို တိုင်းရင်းသား ကိုယ်စားပြု အဖြစ်ဒေါက်တာ အေးမောင်ပါဝင်သည့် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုအပေါ် တိုင်းရင်း သား ခေါင်းဆောင် တို့အကြား သဘောထား ကွဲပြားမှုများ ရှိနေသည်။

ကိုးကန့်အရေး ငြိမ်းချမ်းစွာ ဆွေးနွေးဖို့ တရုတ်သမ္မတ တိုက်တွန်း


ကိုးကန့်မှာ ဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခကို ဆွေးနွေး အဖြေရှာဖို့ သမ္မတ ဦးသိန်းစိန်ကို တရုတ် သမ္မတ ရှီကျင်ပင်းက တိုက်တွန်းလိုက်ပြီး တရုတ်နိုင်ငံကလည်း ကူညီ ဆောင်ရွက်မယ့် အကြောင်း ပြောခဲ့ ပါတယ်။

သာယာဝတီထောင်ရှိ ဗကသခေါင်းဆောင်သုံးဦး ပုဒ်မ ၁၈ ဖြင့် ထပ်မံအမှုဖွင့်ခံရ


ဒီမိုကရေစီပညာရေး လှုပ်ရှားမှုနှင့် အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ပေးရန် တောင်းဆိုရာမှ သာယာ ဝတီထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) မှ မဖြိုးဖြိုးအောင်၊ ကိုနန္ဒာစစ်အောင်နှင့် ကိုဖြိုးဓနတို့ကို ပန်းဘဲတန်းနှင့် ဗိုလ်တထောင် မြို့နယ် ရဲစခန်းတို့က ပုဒ်မ ၁၈ ဖြင့် အမှုထပ်ဖွင့်ခဲ့ကြောင်း ဖမ်းဆီးခံရသူအချို့၏ မိသားစုဝင်များက ပြောကြားသည်။

"ယခုနှစ်ကျောင်းအပ်ရာသီမှစတင်ကာ မူလတန်း တက်ရောက်မည့် ကျောင်းသားများအား ကျောင်းဝတ်စုံတစ်စုံ စီပေးသွားမည်"


ယခုနှစ်ကျောင်းအပ်ရာသီမှစတင်ကာ မူလတန်းတက်ရောက်မည့်ကျောင်းသားများအား ကျောင်းဝတ်စုံတစ်စုံ စီပေး သွားမည်ဖြစ်ကြောင်း အမှတ်-၃ အခြေခံပညာဦးစီးဌာန စီမံဌာနမှ တာဝန်ရှိသူတစ်ဦးက ဧပြီ ၂၃ ရက်တွင် မီဒီယာများနှင့်တွေဆုံစဉ်တွင် ပြောသည်။

ထိုင်းနိုင်ငံရှိ ကမ္ဘာကျော် ကျားဘုရားကျောင်းရှိ ကျားကောင်ရေ ၁၄၀ ကျော်ကို အစိုးရသို့ လွှဲပြောင်းပေးရန် အမိန့်ထုတ်



အဝေးထိန်းဒုံး ပစ်ခတ်မှု ဓါးစားခံနှစ်ဦး မတော်တဆ သေဆုံး


အာဖဂန်နဲ့ ပါကစ္စတန်နယ်စပ်မှာ အမေရိကန် တပ်ဖွဲ့တွေလက်ချက်နဲ့ အယ်လ်ခိုင်းဒါး အကြမ်းဖက်သ မားတွေ ဖမ်းဆီးထားတဲ့ ဓားစာခံတွေ မတော်တဆ သေဆုံးသွားတဲ့ အကြောင်း အမေရိကန် အစိုးရ က ပြောဆိုလိုက်ပါတယ်။ အာဖဂန်နဲ့ ပါကစ္စတန် နယ်စပ်ဒေသမှာ ဇန်န၀ါရီလထဲတုန်းက အမေရိကန်ရဲ့ တန်ပြန်အကြမ်းဖက် စစ်ဆင်ရေးတခုအတွင်း စစ်သွေးကြွတွေ ဖမ်းဆီးထားတဲ့ အမေရိကန်နဲ့ အီတလီ ဓားစာခံတွေ သေဆုံးခဲ့တာ ဖြစ်တဲ့အကြောင်း အိမ်ဖြူတော်က ဒီကနေ့ပဲ ပြောဆိုခဲ့တာပါ။

အာဆီယံခေါင်းဆောင်တွေနဲ့ တွေ့မယ့် မြန်မာလူငယ်တဦးကို အစိုးရ ပယ်ချ


အာဆီယံခေါင်းဆောင်တွေ တက်ရောက်မယ့် ထိပ်သီးညီလာခံကို လာမယ့် ရက်ပိုင်းအတွင်း မလေးရှားနိုင် ငံမှာ ကျင်းပမှာဖြစ်ပါတယ်။ အဲ့ဒီထိပ်သီး ညီလာခံ မတိုင်ခင် အာဆီယံ လူငယ်များ ညီလာခံကို မလေး ရှားနိုင်ငံမှာ လတ်တလော ကျင်းပနေပါတယ်။ အာဆီယံထိပ်သီးခေါင်းဆောင်တွေ နဲ့ တွေ့ဆုံဆွေးနွေးဖို့ အာဆီယံ လူငယ်များ ညီလာခံကနေ နိုင်ငံအလိုက် လူငယ် ကိုယ်စားလှယ်တွေကို ရွေးချယ်တဲ့အခါ မှာ မြန်မာနိုင်ငံအတွက် လူငယ်ခေါင်းဆောင် ၂ဦးကိုရွေးချယ် ခဲ့ပါတယ်။ 

UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်ကို ကန် အရေးယူပစ်မှတ်က ပယ်ဖျက်


အမေရိကန်အစိုးရကနေ မြန်မာနိုင်ငံက ထင်ရှားတဲ့ စီးပွားရေးလုပ်ငန်းရှင် တဦးဖြစ်တဲ့ ဦးဝင်းအောင်ကို အမေရိကန်ရဲ့ ပစ်မှတ်ထား အရေးယူ ဒဏ်ခတ်မှု စာရင်းကနေ မနေ့က ဖယ်ရှားပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒီလိုဖယ်ရှားပေး လိုက်တာဟာ အမေရိကန်နဲ့ မြန်မာ နှစ်နိုင်ငံကြား ကုန်သွယ်ရေးမှာအဆင်ပြေ ချောမွေ့စေ ဖို့ အတွက် ဖြစ်နိုင်တယ်လို့ မြန်မာ့အရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။ 

၆ပွင့်ဆိုင် တိုင်းရင်းသား ကိုယ်စားပြုမှု အငြင်းပွား



တိုင်းရင်းသားပါတီ ၂၁ပါတီပါဝင်တဲ့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF က ၆ပွင့်ဆိုင် တွေ့ ဆုံဆွေးနွေးပွဲကို တက်ရောက်သူ တိုင်းရင်းသား ကိုယ်စားလှယ်ဟာ NBF ကို ကိုယ်စားမပြုကြောင်း ဒီကနေ့ သဘောထား ထုတ်ပြန်ပါတယ်။ ဗုဒ္ဓဟူးနေ့ကတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ SNLD ကလည်း သူတို့ကို ကိုယ်စားမပြုကြောင်း ထုတ်ပြန်ထားပါတယ်။ 

ခြောက်ပွင့်ဆိုင်ကိုယ်စားလှယ် ဒေါက်တာ အေးမောင် ပြည်နယ်လွှတ်တော် အတွက်သာ ဝင်ရောက်ယှဉ်ပြိုင်တော့မည်


လာမည့် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲများတွင် ရခိုင်ပြည်နယ် လွှတ်တော်အတွက်သာဝင်ရောက်ယှဉ်ပြိုင်မည်ဟု ခြောက်ပွင့်ဆိုင်ကိုယ်စားလှယ် ဒေါက်တာ အေးမောင် က ပြောသည်။

ပန်ဆန်း တိုင်းရင်းသားလက်နက်ကိုင် ညီလာခံသို့ ALP နှင့် ANC ဖိတ်ကြားခြင်းမခံရ


‘၀’ ပြည် သွေးစည်းညီညွတ်ရေးတပ် (UWSA) ဌာနချုပ် တည်ရှိရာ ရှမ်းပြည်နယ် ပန်ဆန်းဒေသတွင် လာမည့် မေလ ၁ ရက်နေ့မှ ၃ ရက်နေ့ထိ ပြုလုပ်မည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ညီလာခံ သို့  ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ( ALP) နှင့် ရခိုင်ပြည် အမျိုးသားကောင်စီိ ( ANC)တို့ ဖိတ်ကြား မခံရဟု သတင်း ရရှိသည်။

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံသားစိစစ်ရေးကတ်လဲလှယ်ကိုင်ဆောင်


နှစ်ပေါင်းများစွာ အမျိုးသားမှတ်ပုံတင်သုံးခေါက်ချိုး ကိုင်ဆောင်ခဲ့သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္က ဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အားလူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားစိစစ်ရေး ကတ်ပြား (နိုင်)အသစ်ကို ပြန်လည်လဲလှယ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ပဟေဠိများစွာဖြင့် ပန်ဆန်းဆွေးနွေးပွဲ


‘၀’ပြည်သွေးစည်းညီ ညွတ်ရေးပါတီ/တပ်မတော် (UWSP/ UWSA)ဌာနချုပ် တည်ရှိရာ ပန်ဆန်း(ပန်းခမ်း) တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ ၏တွေ့ ဆုံဆွေးနွေးပွဲကို မေလ ၁ရက်မှ စတင်ကာ သုံးရက်ကြာ ပြုလုပ်ရန် ရှိနေသည်။ ယင်းတွေ့ဆုံပွဲမှာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲ ရေးသဘော တူစာချုပ် (NCAမူ ကြမ်းကို နောက်ဆုံးအကြိမ်သုံး သပ်မှုပြုကြမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးပါဝင်သော ထိပ်သီးညီ လာခံမတိုင်မီ ထွက်ပေါ်လာခြင်း ဖြစ်သည်။

အီဘိုလာ ကူးစက်ခံရသူ (၂၆၀၀၀)ကျော်ထိ ရှိခဲ့ကြောင်း WHO ကြေညာ


ပြီးခဲ့သည့် နှစ်အတွင်း စတင်ခဲ့သည့် အီဘိုလာရောဂါ ပျံ့နှံ့ဖြစ်ပွားမှုအတွင်း လူပေါင်း (၂၆၀၀၀)ကျော် ကူး စက်ခံခဲ့ရကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က အတည်ပြု ပြောကြားခဲ့သည်။ ယင်းတို့အနက် လူပေါင်း (၁၀၈၀၀)ကျော် သေဆုံးခဲ့ကြောင်းလည်း WHO၏ ဧပြီ ၂၂ ရက် ထုတ်ပြန် ကြေညာချက် တွင် ဖော်ပြ ပါရှိသည်။ 

ယူကရိန်း ပိုင်နက်တွင် ရုရှားလေကြောင်းကာကွယ်ရေး စနစ်တစ်ခု ဖြန့်ကျက် ထားကြောင်း အမေရိကန်စွပ်စွဲ


ယူကရိန်းပိုင်နက်ထဲတွင် ရုရှားက လေကြောင်းကာကွယ်ရေးစနစ်တစ်ခု အခြေစိုက်ထူထောင်ထားကြောင်း အမေရိကန်က စွပ်စွဲ ပြောကြားလိုက်သည်။ ရုရှားသည် ယူကရိန်းအရှေ့ပိုင်းရှိ သူပုန်တပ်ဖွဲ့များထိန်းချုပ် ထားရာ ဒေသတွင် လေကြောင်းကာကွယ်ရေး ဒုံးကျည်စနစ်တစ်ရပ် ထူထောင်ထားပြီး ရုရှားလိုလားသည့် သူပုန်များကို လေ့ကျင့်ပေးနေကြောင်း အမေရိကန်က ဆိုသည်။

တရုတ်သစ်ခိုးထုတ်သမား ၁၅၀ ကျော်ကို ပြစ်ဒဏ်ချမှတ်ပြီး ဆက်လက်ရုံးထုတ်


ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းမှာ ဒီနှစ် ဇန်န၀ါရီလက ဖမ်းဆီးထားတဲ့ တရားမဝင်သစ်ခိုးထုတ်သူ တရုတ်နိုင်ငံသားအယောက် ၁၅၀ ကျော်ကို မြစ်ကြီးနားခရိုင် တရားရုံးမှာ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေး ခဲ့ပါတယ်။

မဖြိုးဖြိုးအောင်နဲ့ ကျောင်း သားနှစ်ဦးကို အမှုတွေထပ်တိုးဖွင့်


သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော် မတီဝင် မဖြိုးဖြိုးအောင်နဲ့ တခြားကျောင်းသားနှစ်ဦးကို ဗိုလ်တထောင်နဲ့ ပန်းဘဲတန်းမြို့နယ် ရဲစခန်းတို့က တရား မ၀င်စီတန်းလှည့်လည်မှု ပုဒ်မ ၁၈နဲ့ အမှုဖွင့်လိုက်ပါတယ်။

မြန်မာ့ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေသော ကိုးကန့်ပြဿနာ


နိုင်ငံနှင့် ထိစပ်နေသော မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း နယ်စပ်ကိုးကန့်ဒေသတွင်ဖြစ်ပွား နေသော လတ်တလောတိုက်ပွဲ များ သည် ယခင်ကဖြစ်ပွား ခဲ့သော တိုင်းရင်းသားမျိုးနွယ်စုများနှင့် အစိုးရအကြား ပဋိပက္ခများနှင့်ယှဉ် လျှင် အသေးအမွှားသာဖြစ်ပါ သည်။ သို့သော် ထိုတိုက်ပွဲများသည် မကြာမီ အနာဂတ် ကာလ၌ ပြီးမြောက်အောင်မြင်မည့် တစ် နိုင်ငံလုံးအပစ်အခတ်ရပ် စဲရေး အောင်မြင်မှုကိုရော တရုတ် - မြန်မာဆက်ဆံရေးကိုပါ ခြိမ်း ခြောက်မည့် အလားအလာရှိနေ ပါသည်။

Thursday, April 23, 2015

အမျိုးဘာသာ ဥပဒေများ လက်မှတ်မထိုးရန် မြန်မာသမ္မတကို Amnesty International တောင်းဆို


အမျိုးဘာသာ ကာကွယ်စောင့်ရှောက်ရေးကို ရည်ရွယ်ရေးဆွဲသည့် ဥပဒေကို လက်မှတ်မထိုးရန် မြန်မာနိုင် ငံ သမ္မတ ဦးသိန်းစိန်ထံသို့ Amnesty International က စာရေးသားတောင်းဆိုထားသည်။ ဧပြီလ ၁၄ ရက်တွင် သမ္မတ ဦးသိန်းစိန်ထံသို့ ဗြိတိန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က ပေးပို့သည် အိတ်ဖွင့်ပေးစာကို ဘာသာပြန်ဆို ဖေါ်ပြပေးလိုက်ပါသည်။

မြန်မာ့ငြိမ်းချမ်းရေးကြိုးပမ်းမှု တရုတ်ထောက်ခံ


တိုင်းရင်းသား လက်နက်ကိုင်များနှင့် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ကို နိုင်ငံရေးအရ အဖြေရှာဆွေးနွေးရန် မြန်မာအစိုးရ၏ ကြိုးပမ်းမှုကို ထောက်ခံကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ထုတ်ဖေါ်ပြောဆိုလိုက်သည်။

ပြည်မြို့၌ ထောင်ဒဏ်(၄)လ ချမှတ်ခံထားရသူ တရားလွှတ်ရှေ့နေ ဦးမြင့်အေးကို ပုဒ်မ(၁၈)ဖြင့် ထပ်မံရုံးထုတ်


ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့တွင် ပုဒ်မ(၁၈)ဖြင့်ထောင်ဒဏ်လေးလ ချမှတ်ခံထားရသူတရားလွှတ်ရှေ့နေ ဦးမြင့်အေး ဧပြီလ(၂၂)ရက်နေ့က ပုဒ်မ(၁၈)ဖြင့်ထပ်မံရုံးထုတ်ခဲ့ကြောင်း ပြည်မြို့နယ်တရားရုံးမှ သိရှိရ သည်။

RCSS/SSA မှ တပ်သားသစ် စုဆောင်းမှုနှင့် အခွန်ကောက်ခံမှုများ ဆက်တိုက်ပြုလုပ်မှုကြောင့် ဒေသခံများ အခက်တွေ့


အစိုးရနှင့် အပစ်ခတ်ရပ်စဲထားသည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA မှ ရှမ်းပြည်တောင် ပိုင်းရှိ မြို့နယ်များတွင် တပ်သားသစ် စုဆောင်းမှုများနှင့် အခွန်ကောက်ခံမှုများ အဆက် မပြတ်ပြုလုပ် လာနေခြင်းကြောင့် ဒေသခံများ အခက်တွေ့နေကြောင်း ဒေသခံ ပြည်သူများနှင့် ရှမ်းလူမှု့အဖွဲ့ စည်းများထံမှာ သိရသည်။

သမ္မတဦးသိန်းစိန်နှင့် တရုတ်သမ္မတ စီကျင်းပင် သီးသန့်တွေ့ဆုံ ဆွေးနွေး


အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် အာရှ-အာဖရိက ထိပ်သီးအစည်းအဝေးသို့ တက်ရောက်နေသော  သမ္မတဦးသိန်းစိန်သည် တရုတ်သမ္မတစီကျင်းပင်နှင့် သီးသန့်တွေ့ဆုံစဉ် ကိုးကန့်တိုက်ပွဲအတွင်း နယ် စပ်ဖြတ်ကျော်၍ ဗုံးကျသည့်ကိစ္စနှင့်ပတ်သက်၍ နောင်အလားတူဖြစ်ရပ်များမဖြစ်ပွားရန် ပူးပေါင်းကာ ကွယ်ရန်လိုကြောင်း ဆွေးနွေးခဲ့သည်ဟု သတင်းရရှိသည်။

အီရန်က ယီမင်ရှိ ဟိုသီသူပုန်များထံ လက်နက် ထောက်ပံ့ရန် ကြိုးပမ်းနေကြောင်း အမေရိကန် ယူဆနေ


အီရန် ကုန်တင်သင်္ဘော အုပ်စုတစ်ခုသည် ယီမင်ရှိ ဟိုသီသူပုန် တပ်ဖွဲ့များထံလက်နက်များ ထောက်ပံ့ပေး ပို့ရန် စီစဉ်နေသည်ဟု မိမိတို့ သင်္ကာမကင်းရှိကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး အက်ရှ်တန်ကာ တာ က ပြောကြားလိုက်သည်။

ဗိုလ်ချုပ်နေအိမ်ပြတိုက်ဝင်းခြံအား တာရှည်ခံဝင်းခြံအဖြစ်အဆင့်မြှင့် တင်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာသို့တင်ပြထား


နတ်မောက် မြို့ ဗိုလ်ချုပ်နေအိမ်ပြတိုက်ဝင်းခြံကို ၂x၁လက်မသစ်သား တန်းများ ဖြင့်ကာရံထားရာ၊ အဆိုပါ ဝင်းခြံအား မူလလက်ရာမပျက်စေဘဲ၊ အဆင့်မြင့်ဝင်းခြံအဖြစ်ဆောင်ရွက်နိုင်ရန်ယဉ် ကျေးမှုဝန်ကြီးဌာ နရှေးဟောင်း သုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန သို့ တင်ပြထားကြောင်း သိရသည်။

မြန်မာသမ္မတနှင့် တရုတ်၊ ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင်များ နယ်စပ် တည်ငြိမ်ရေးဆွေးနွေး


အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ အိမ်နီးချင်း တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင် ငံတွေက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး နယ်စပ်တည်ငြိမ်အေးချမ်းရေးနဲ့ဖွံ့ဖြိုးရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပါ တယ်။

၂၀၁၇ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲ ဥပေဒသစ် ထုတ်ပြန်


ဟောင်ကောင်အစိုးရက လာမယ့် ၂၀၁၇ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲ ဥပေဒသစ်တွေကို ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့က ထုတ်ပြန်ပါ တယ်။ ပြီးခဲ့တဲ့နှစ်က ဟောင်ကောင်ကျောင်းသားပြည်သူတွေ ဆန္ဒပြ တောင်းဆိုခဲ့တဲ့ လွတ်လပ်တဲ့ ရွေးကောက်ပွဲကျင်းပခွင့်ကို ပစ်ပယ်ခဲ့ပြီး တရုတ်ပြည်မက ပြဌာန်းတဲ့ အတိုင်း ရွေးကောက်ပွဲကိုယ်စားလှယ်တွေကို ရွေးချယ်ချပေးမှာ ဖြစ်ပါတယ်။

ကိုပါကြီးအမှုမှန်ပေါ်ပေါက်ရေး တောင်းဆိုသူ ထောင်၆လ ကျ



သပိတ်မှောက်ကျောင်းသားများကို သာယာဝတီတရားရုံးပြောင်းစစ်ရန် အမိန့်ချ



ဖမ်းဆီးခံသပိတ်မှောက်ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူတွေကို လက်ပံတန်းတရားရုံးမှာ ဒီကနေ့ ထပ်မံရုံး ထုတ်ပြီး သူတို့ကို လာမယ့် ဧပြီလ ၃၀ ရက်နေ့ကစပြီး သာယာဝတီ တရားရုံးမှာရုံးပြောင်း စစ်ဆေးမှာဖြစ် တယ်လို့ ကျောင်းသားတွေရဲ့ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။ “ဒီကနေ့ ရုံးထုတ်တဲ့အ ချိန်မှာတော့ ကျနော်တို့ ရုံးပြောင်းအမိန့်ချပြီးပြီဆိုတာကို ပြောပါတယ်။ အဲတော့ နောက် တပတ် ၃၀ ရက်နေ့ မှာ သာယာဝတီကို ရုံးထွက်ရမှာပါ။”

သတင်းမီဒီယာများ ဝက်ဘ်ဆိုက်များ ဆိုက်ဘာ တိုက်ခိုက်ခံရခြင်း ဥပဒေအရ အကာအကွယ် မရှိသေး


ပြည်တွင်း သတင်းမီဒီယာများ၏ ဝက်ဘ်ဆိုက်များကို ဆိုက်ဘာ တိုက်ခိုက်ခံခဲ့ကြရသော်လည်း ဆိုက်ဘာ တိုက်ခိုက်မှုများအတွက် ဥပဒေအရ အကာ အကွယ် ပေးနိုင်ခြင်းမျိုး မရှိသေးဟု ပြည်တွင်း အိုင်တီ ပညာရှင် များက သုံးသပ်ပြောဆိုသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို စွပ်စွဲပြစ်တင်ခွင့် ရှိသင့်သည်


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မြန်မာနိုင်ငံ၏ ရာထူးအမြင့်ဆုံးဖြစ်သည့် သမ္မတ၊ ဒုတိယသမ္မတနှစ်ဦး အပါအ၀င် ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ဝင်ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးသို့မဟုတ် ပြည် နယ်ဝန်ကြီးချုပ်များအပါအ၀င် ၀န်ကြီးများနှင့်  တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်အဆင့်ဝင်ပုဂ္ဂိုလ်များအား ခန့်အပ်နိုင်သည့် ပုဒ်မများပါရှိသလို စွပ်စွဲပြင်တင်နိုင်သည့် ပုဒ်မများပါ ထည့်သွင်းရေးဆွဲ ပြဌာန်ထားသည် ကို လေ့လာတွေ့ရှိရသည်။

လူမျိုးခြားမုန်းတီးရေး ဝါဒများ၏အကြမ်းဖက်တိုက်ခိုက်မှုများကို တောင်အာ ဖရိက စစ်တပ် ဝင်ရောက်နှိမ်နင်း


တောင်အာဖရိကနိုင်ငံ ဂျိုဟန်ဆန်ဘတ်မြို့တွင် ဖြစ်ပေါ်နေသော ရွှေ့ပြောင်း အခြေချသူ လူမျိုးခြားများ အပေါ် အကြမ်းဖက်တိုက်ခိုက်မှုများကို ထိန်းသိမ်း ကာကွယ်ရန် တောင်အာဖရိကစစ်တပ်က တပ်ဖွဲ့ဝင် များစွာ ဖြန့်ကြက် လိုက်ပြီ ဖြစ်ကြောင်း အစိုးရက သတင်းထုတ်ပြန်သည်။

ရက္ခိုင့်တပ်မတော် တပ်ဖွဲ့ဝင် ၅ ဦး ဖမ်းဆီးခံရမှု စိစစ်နေဆဲဟုဆို



ရက္ခိုင့်တပ်မတော် တပ်ဖွဲ့ဝင် ၅ ဦး လက်နက် ခဲယမ်းမီးကျောက်များနှင့်အတူ ဖမ်းဆီးခံခဲ့ရမှုကို စိစစ်နေ ဆဲ ဖြစ်နေကြောင်း ရက္ခိုင့်တပ်မတော် တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
 

မင်းအုပ်စိုးအမှု လိုပြသက်သေအဖြစ် သရပါမဂ္ဂဇင်းတိုက် ဝန်ထမ်းတစ်ဦးကို စစ်ဆေး ရဲစခန်းတွင် ထွက်ဆိုချက်များနှင့် အနည်းငယ် ကွဲလွဲနေ


လူသတ်မှုဖြင့် တရားစွဲဆိုခံထားရသည့် သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုး ၏ အမှုအတွက် ၇ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးရာ တရားလိုပြသက်သေ တစ်ဦးဖြစ်သည့် သရပါမဂ္ဂဇင်းတိုက်မှ အမျိုးသမီး ဝန်ထမ်းတစ်ဦးကို ဧပြီ ၂၂ ရက်၊ နံနက်ပိုင်းက အနောက်ပိုင်းခရိုင်တရားရုံး၊ တွဲဖက်ခရိုင်တရားသူကြီး (၃) က စစ်ဆေးခဲ့သည်။

လိပ်ကျွန်းလူသတ်မှု စွပ်စွဲခံမြန်မာနှစ်ဦး မေလတွင် တတိယအကြိမ်ရုံးထုတ် စစ်ဆေးမည်


လိပ်ကျွန်းလူသတ်မှု စွပ်စွဲခံ မြန်မာလုပ်သားနှစ်ဦး၏ တတိယမြောက်ရုံးချိန်းကို ယခင် သတ်မှတ်ထား သည့်ရက်ထက် သုံးလစော၍ မေလတွင် ရုံးထုတ် စစ်ဆေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။ မြန်မာ လုပ်သားနှစ်ဦး၏ ဒုတိယမြောက်ရုံးချိန်းကို ၂၀၁၄ ဒီဇင်ဘာ ၂၆ ရက်က ရုံးထုတ်စစ်ဆေးခဲ့ပြီး တတိ ယမြောက်ရုံးချိန်းကို နောက်ထပ်ခြောက် လအကြာ ၂၀၁၅ ဇူလိုင် ၈ ရက်တွင် ချိန်းဆိုလိုက်ခြင်းဖြစ်သည်။ 

ခြောက်ပွင့်ဆိုင်တွေ့ဆုံပွဲသို့ တိုင်းရင်းသားကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည့် ဒေါက်တာအေးမောင်သည် SNLDကို ကိုယ်စားမပြုကြောင်းထုတ်ပြန်



 ခြောက်ပွင့်ဆိုင်တွေ့ဆုံပွဲသို့ လွှတ်တော်တွင်းရှိ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များ ကိုယ်စားပြု တက်ရောက်ခဲ့သူဒေါက်တာအေးမောင်သည်ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ကိုကိုယ်စားပြု တက်ရောက်ခဲ့ခြင်းမဟုတ်ကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ဧပြီ ၂၂ ရက်တွင်ထုတ်ပြန် ချက်တစ်စောင် ထုတ်ပြန်သည်။

ပုပ်ရဟန်းမင်းကြီး ကန်ခရီးစဉ်အတွင်း ကျူးဘားဝင်မည်


ပုပ်ရဟန်းမင်းကြီး Francis ဟာ အမေရိကန်ပြည်ထောင်စုကို လာရောက်မယ့် ခရီးစဉ်မတိုင်ခင် စက်တင် ဘာလမှာ ကျူးဘားနိုင်ငံကို သွားရောက်ဖို့ စီစဉ်နေပါတယ်။ ဒါဟာဖြင့် ကွန်မြူနစ် ကျူးဘားနိုင်ငံကို တတိ ယမြောက် ပုပ်ရဟန်းမင်းတပါး သွားရောက်တာ ဖြစ်ပါလိမ့်မယ်။ အရင် ပုပ်ရဟန်းမင်းတွေဖြစ်ကြတဲ့ ဒုတိယမြောက် John Paul နဲ့ ၁၆ ယောက်မြောက် Benedict တို့ဟာ ကျူးဘားနိုင်ငံကိုသွားရောက် ပြီး ခေါင်းဆောင်ဟောင်း Fidel Castro နဲ့ တွေ့ဆုံဖူးပါတယ်။

အစိုးရနဲ့ KIO ပဋိပက္ခညှိနှိုင်းရေး နှစ်ဘက်တွေ့ဆုံမည်


ကချင်ပြည်နယ် ဖားကန့်နဲ့ တနိုင်းဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး နောက်နောင် ထပ်မံ မဖြစ်ပွားစေဖို့အတွက် အစိုးရတပ်နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ရဲ့ ပဋိပက္ခညှိနှိုင်းရေးအဖွဲ့တွေဟာ လာမယ့် ၂၅ ရက်နေ့မှာ အရေးပေါ် တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။

ခိုလှုံခွင့်တောင်းခံသူတွေ သြစတြေးလျ လက်ခံတော့မည်မဟုတ်


ပစိဖိတ်သမုဒ္ဒရာမှာရှိတဲ့ Nauru ကျွန်းမှာ ထိန်းသိမ်းခံထားရတဲ့ ခိုလှုံခွင့်တောင်းခံသူတွေအနေနဲ့ သူတို့ကို ကမ်းလှမ်းထားတဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ သွားရောက်ပြီးတော့ အခြေချဖို့ အစီအစဉ်ကို လက်ခံကြဖို့အ တွက် သြစတြေးလျ လူဝန်မှုကြီးကြပ်ရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့က ဗွီဒီယိုတိတ်ခွေနဲ့ ပေးပို့လိုက်တဲ့ မိန့်ခွန်းထဲမှာ ပြတ်ပြတ်သားသား ပြောဆိုထားပါတယ်။

ဖုန်ကြားရှင်နဲ့ ဦးအောင်မင်း တွေ့ဆုံမှု ကိုးကန့်ငြင်းဆန်


သမ္မတရုံးဝန်ကြီးဦးအောင်မင်း ဂျပန်နိုင်ငံကို ရောက်ရှိစဉ် ဂျပန်သတင်းစာ တစောင်ဖြစ်တဲ့ Nikkei သတင်း ဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းတခုမှာ သူနဲ့ ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင်တို့ ၂၀၁၂ ခုနှစ်အတွင်းမှာ တွေ့ ဆုံခဲ့ဖူးပြီး၊ အဲဒီနောက် ကိုးကန့်ခေါင်းဆောင်ရဲ့ မေတ္တာရပ်ခံချက်အရ ဖုန်ကြားရှင်ကို လွတ်ငြိမ်းချမ်းသာ ခွင့် ပေးခဲ့တယ်လို့ ဆိုထားပါတယ်။

ပန်ဆန်းညီလာခံသို့ တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့ကိုသာ ဖိတ်ကြား ထားပြီး ကျန်အဖွဲ့များကို ထပ်တိုးဖိတ်ကြားမည် မဟုတ်ဟု UWSA အတည်ပြု ပြောကြား


‘၀’ ပြည် သွေးစည်းညီညွတ်ရေးတပ် (UWSA) ဌာနချုပ်တည်ရှိရာ ရှမ်းပြည်နယ် ပန်ဆန်းဒေသတွင် လာမည့် မေ ၁ ရက်၊ ၂ ရက်နှင့် ၃ ရက်များတွင် ပြုလုပ်ရန် စီစဉ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ညီလာခံသို့ တက်ရောက်ရန် တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့ကိုသာ ဖိတ်ကြား ထားပြီး ဖိတ်ကြားရန် ကျန်နေသည့် အဖွဲ့များကို ထပ်မံတိုး၍ ဖိတ်ဖြစ်တော့မည် မဟုတ်ကြောင်း UWSP/ UWSA ၏ ဗဟိုရုံး အတွင်းရေးမှူး ဦးအောင်မြင့်က ဧပြီ ၂၂ ရက်တွင် ပြောကြားသည်။

My Blog List