Tuesday, January 21, 2020

UEC အနေဖြင့် လူမှုကွန်ယက်စာမျက်နှာ(Facebook) ပေ့ချ် အား ပြန်လည် အသုံးပြုမည်

Image may contain: 1 personImage may contain: one or more people and indoor
ပြည်ထောင်စုရွေးကောက်ပွဲကေ်ာမရှင်(UEC) သည် လူမှုကွန်ယက်စာမျက်နှာ(Facebook) ပေ့ချ် အား ယခု လကုန်ပိုင်းမှ စတင်၍ ပြန်လည် အသုံးပြုသွားမည်ဖြစ်ကြောင်း ကော်မရှင် ၏ဥက္ကဌ ဦးလှသိန်း ကပြောသည်။

“အခုကျွန်တော်တို့ဘာလုပ်လာလဲဆိုရင် ဖေ့စ်ဘွတ်ကိုပြန်သုံးတော့မယ်။ UEC website ဆိုတာ တကယ်ထင်ထင်ရှားရှားသိသိသာသာလိုချင်တဲ့ သိချင်တဲ့သူကသာ website ကို ရောက်တယ်။ Website ကိုdownload ပြီးရှာတယ်။ ကျွန်တော်တို့ ဖေ့စ်ဘုတ်ကတော့ လူတိုင်းလက်ထဲမှာဖုန်းရှိနေတယ်။ မိနစ်ပိုင်းနဲ့သိနိုင်တယ်။ ဖေ့စ်ဘွတ်ကို ပြန်သုံးမယ်။သုံးဖို့စည်းမျဉ်းစည်းကမ်းတွေကြီးကြပ်မှုအဖွဲ့တွေလုပ်နေပါတယ်”ဟု ဦးလှသိန်း ကပြောသည်။
လူမှုကွန်ယက်စာမျက်နှာ(Facebook) ပေ့ချ်အား ပြန်လည် အသုံးပြုနိုင်ရေးအတွက် လည်း Facebook Team ၊ကုမ္ပဏီများနှင့်လည်း ဆွေးနွေးကာ သတင်းအမှားသတင်းအတုများ အမုန်းစကားများကို တားဆီးကာကွယ်ရေးအတွက် လည်းဆွေးနွေးမှုများ လုပ်ဆောင်ထားကြောင်း ဦးလှသိန်းကပြောသည်။
“ဒီဟာတွေကာကွယ်ဖို့အတွက်လည်း သတင်းအမှားတွေ၊သတင်းအတုတွေ၊အမုန်းစကားတွေကာကွယ်ဖို့အတွက်လည်း ပြန်ကြားရေးဝန်ကြီးဌာနနဲ့လည်းကျွန်တော်တို့ဆွေးနွေးပြီးပါပြီ။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ MPC နဲ့လည်းဆွေးနွေး ပြီးပါပြီ။ထို့အတူ Facebook Team နဲ့လည်းတွေ့ပြီးပါပြီ။ UEC အပြင် လေးဦးလေးဖွဲ့ ဒါတွေကို မပြန့်ပွားအောင်ဆောင်ရွက်နေပါတယ်”ဟု ၎င်းကပြောသည်။
UEC ၏ ဖေ့စ်ဘုတ် ပေ့ချ် ကို ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်၍ အသုံးမပြုတော့ ပဲ ထိုကဲ့သို့ အသုံးမပြုရခြင်းသည် ပေ့ချ်အား ကောင်းမွန်စွာ စောင့်ကြည့်မည့် အဖွဲ့ မရှိခြင်းကြောင်း အသုံးမပြုတော့ကြောင်း သိရသည်။
ထို့အတူ UEC အနေ ဖြင့် လာမည့် ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲကြီး ကို အေးချမ်းတည်ငြိမ်ပြီး့ ချောချောမောမောနှင့် ရည်ရွယ်ထားသည့် စံ(၅)ချက်နဲ့ ဦးတည်ချက်နှင့် ကိုက်ညီအောင် ကြိုးစားဆောင်ရွက်သွားဖြစ်ကြောင်း ဦးလှသိန်းကပြောသည်။
Zawgyi
UEC အနေဖြင့် လူမှုကွန်ယက်စာမျက်နှာ(Facebook) ပေ့ချ် အား ပြန်လည် အသုံးပြုမည်
ဇန်နဝါရီ ၂၁
ယဉ်ကေနွယ်

No comments:

Post a Comment

My Blog List