တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် စာသင်ကျောင်းနှင့် ဆရာ၊ ဆရာမများ လိုအပ်နေဆဲဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။
အထက (၁) ဖြူးတွင် ကျင်းပသော နှစ်တစ်ရာပြည့် အထိမ်းအမှတ် ရာပြည့်ပွဲတော် အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။
“ပညာရေးဝန်ကြီး ဌာနမှာ အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်း စုစုပေါင်း ၄၇၄၇၂ ကျောင်းရှိပါတယ်။ နှစ်စဉ် နိုင်ငံတော် ဘဏ္ဍာခွင့်ပြုငွေနဲ့ အခြေခံပညာကျောင်းများရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနေသော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ စာသင်ဆောင်အပါအဝင် ဆရာ၊ ဆရာမများ၊ စာသင်ခုံ၊ ကျောင်း၊ စာကြည့်တိုက်၊ ခန်းမစသဖြင့်တို့ လိုအပ် နေပါသေးတယ်” ဟု ၎င်းက ပြောသည်။
ပညာရေးဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာန လက်အောက်တွင် အခြေခံပညာ ကျောင်းပေါင်း လေးသောင်းကျော် ဆရာ၊ဆရာမ ပေါင်း လေးသိန်းခုနစ်သောင်းကျော် ရှိသော်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ကျောင်းအချို့တွင် ဆရာများလိုအပ်နေဆဲ ဖြစ်သည်။
လက်ရှိ နိုင်ငံတွင်း ပညာရေးဘတ်ဂျက်သုံးစွဲမှုသည် နိုင်ငံတော် ဘဏ္ဍာ၏ ၈.၈ ရာခိုင်နှုန်းရှိပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ပညာရေးဝန်ကြီးဌာနမှ ဘတ်ဂျက်ပိုငွေ ၁.၁ ထရီလျံ ပြန်အပ်ခဲ့ကြောင်း သိရသည်။
မင်းသီဟန်(အကုန်သိသတင်းဌာန)
Unicode Version
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာသင်ကျောင်းနှင့် ဆရာဆရာမများ လိုအပ်နေဆဲဖြစ်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာမျိုး သိမ်းကြီးပြော
------------ မင်းသီဟန်(အကုန်သိသတင်းဌာန) ------------
တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် စာသင်ကျောင်းနှင့် ဆရာ၊ ဆရာမများ လိုအပ်နေဆဲဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။
အထက (၁) ဖြူးတွင် ကျင်းပသော နှစ်တစ်ရာပြည့် အထိမ်းအမှတ် ရာပြည့်ပွဲတော် အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။
“ပညာရေးဝန်ကြီး ဌာနမှာ အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်း စုစုပေါင်း ၄၇၄၇၂ ကျောင်းရှိပါတယ်။ နှစ်စဉ် နိုင်ငံတော် ဘဏ္ဍာခွင့်ပြုငွေနဲ့ အခြေခံပညာကျောင်းများရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနေသော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ စာသင်ဆောင်အပါအဝင် ဆရာ၊ ဆရာမများ၊ စာသင်ခုံ၊ ကျောင်း၊ စာကြည့်တိုက်၊ ခန်းမစသဖြင့်တို့ လိုအပ် နေပါသေးတယ်” ဟု ၎င်းက ပြောသည်။
ပညာရေးဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာန လက်အောက်တွင် အခြေခံပညာ ကျောင်းပေါင်း လေးသောင်းကျော် ဆရာ၊ဆရာမ ပေါင်း လေးသိန်းခုနစ်သောင်းကျော် ရှိသော်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ကျောင်းအချို့တွင် ဆရာများလိုအပ်နေဆဲ ဖြစ်သည်။
လက်ရှိ နိုင်ငံတွင်း ပညာရေးဘတ်ဂျက်သုံးစွဲမှုသည် နိုင်ငံတော် ဘဏ္ဍာ၏ ၈.၈ ရာခိုင်နှုန်းရှိပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ပညာရေးဝန်ကြီးဌာနမှ ဘတ်ဂျက်ပိုငွေ ၁.၁ ထရီလျံ ပြန်အပ်ခဲ့ကြောင်း သိရသည်။
No comments:
Post a Comment