Saturday, September 01, 2012

ရှေးကုသိုလ် နဲ့ ဒေါ်အောင်ဆန်းစုကြည်


ရှေးကုသိုလ် နဲ့ ဒေါ်အောင်ဆန်းစုကြည်

အထာမကိုင် အမေ့ အဆင်း
ရနံ့ အသင်းတာကိုလ၊
ရွှေအဟုန် စီးဆင်းလာပြီး
ဒီရင်မှာခတ်စဉ်က၊
ကဗျာဈာန် ရင်မှာတက်ရ ခဲ့တယ်။

အမေ့ သားတွေမို့၊
လေထဲမှာအရုပ်ရေးမယ့်ကျနော်
သည်ပန်းချီကို စုတ်တံနှင့်ရေးသော်လည်း
မေ့မရနိုင်စဖွယ်။

အမေလို့ တဆာဆာ စာတွေ ကွန့်နိုင်တဲ့၊
အမေ့နားသယ်က ဇရာတွေဖြူနေတာမို့ 
သာသနာမှာ ဦးခိုက်မိပါသော်မှ
မေတ္တာဓါတ်နဲ့ ကမ္ဘာပတ်ရသူမို့ 
အမေစုရဲ့ဂုဏ်ဒြပ်တွေကြောင့်
သိနေလို့ မပြီးသေးသူ
ဦးခိုက်ကြည်ညို။

သာသနာ ငါးထောင်
ဒီခေတ်မှာ ဖန်လာတာဖို့ အရေး
လက်မနှေးတဲ့ ဒို့ အမေ
နေခြည်မှာ ရွှေရောင်နီသန်းကွဲ့ မနှေး
အဖြူမှာ မေတ္တာတွေ ပုံနေတဲ့
တို့ မေမေ ဒေါ်ဒေါ်စုလေးမှာကွယ်
ရှေးကုသိုလ်ထူး။ ။

မြိုင်မြို့နယ်မှာ ဘာတွေဖြစ် ?

၈၈ မျိုးဆက်ကျောင်းသားတွေ လာတုန်းက ဟောပြောပွဲ လုပ်တာမှာ ခွင့်ပြုမိန့် မပေးခဲ့တာနဲ့ ပတ်သက်ပြီး မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့က ပေးလာတဲ့စာ ...



ဧရာဝတီခင်ဗျား


ကိုမင်းကိုနိုင်တို့ ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ ကျနော်တို့ မြိုင်ကို သြဂုတ်လ ၁၂ ရက်နေ့မှာ လာတုန်းက ဟောပြောပွဲ လုပ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး မြို့နယ် အုပ်ချုပ်ရေးမှူးရုံးက မတရား လုပ်နေတာတွေကို ပြောပြချင်လို့ပါ။

အဲ့ဒီတုန်းက ဟောပြောပွဲလုပ်ခွင့်ပေးဖို့ ရွှေမြင်းတင် ဘုရားဂေါပကအဖွဲ့ကနေတဆင့် ပွဲစီစဉ်သူတွေက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို ခွင့်ပြုမိန့် ကြို တင်ခဲ့ပါတယ်။

မိုးသီးဇွန်ရဲ့ ပြည်တော်ပြန် ခရီး

ပြည်တော်ပြန် မိုးသီးဇွန် ၊ ဓာတ်ပုံ- Hla Maung Shwe

ရှစ်လေးလုံး ကာလ က ထင်ရှားတဲ့ ကျောင်းသားခေါင်းဆောင် တဦးလည်းဖြစ်၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ ဥက္ကဌဟောင်းလည်းဖြစ်သူ မိုးသီးဇွန်၏ ယနေ့ စက်တင်ဘာလ ၁ ရက် နေ့ ပြည်တော်ပြန်ခရီးတွင် ကြိုဆိုသူများနှင့် စည်ကားခဲ့ကြောင်း သတင်းရရှိသည်။


ရန်ကုန် လေဆိပ်တွင် ကိုမိုးသီးဇွန်နှင့် ၇ ဦးတို့ကို ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ၊ နိုင်ငံကျော် လူရွှင်တော် ဦးဇာဂနာ တို့က လာရောက်ကြိုဆိုခဲ့ကြပါတယ်။ အထူးသဖြင့် တချိန်က လူ့ဘောင်သစ်ပါတီ ၀င်ဟောင်းများက လာရောက်ကြိုဆိုကြခြင်းဖြစ်သည်။

အစိုးရငြိမ်းအဖွဲ့နဲ့ တွေ့ဖို့ KNU ဘားအံသွားပြီ


(ဓာတ်ပုံများ - ဧရာဝတီ)

သောင်မတင်ရေမကျဖြစ်နေသော နှစ်ဘက်လိုက်နာရမည့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာကျင့်ဝတ်များ ဆွေးနွေးနိုင်ရန်အတွက် ကရင်အမျိုးသား အစည်းအရုံး KNU မှ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည့် ယနေ့နံနက်က မြ၀တီမှတဆင့် ဘားအံမြို့သို့ ထွက်ခွာသွားသည်။

မြန်မာအစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် ဒုတိယအကြိမ်မြောက် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် အဖွဲ့ဝင် ၁၄ ဦး ပါရှိသည့် KNU ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် ၉ နာရီခန့်က ထိုင်း-မြန်မာနယ်စပ်မြ၀တီမြို့မှတဆင့် ထွက်ခွာသွားခြင်းဖြစ်သည်။

ပထမအကြိမ်ပြည်ထောင်စုအဆင့်ငြိမ်းရေးဆွေးနွေးပွဲတွင် စတင်ဆွေးနွေးခဲ့သည့် နှစ်ဘက်လိုက်နာရမည့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကျင့်ဝတ်များနှင့်ပတ်သက်၍ ဒုတိယအကြိမ်တွင်လည်း အဓိကထား၍ ဆက်လက် ဆွေးနွေးသွားမည်ဟု KNU ငြိမ်းချမ်းရေးကိုယ်စားလှယ် ပဒိုစောအားတိုးက ပြောသည်။

ပန်ဝါအထက် မှတ်တိုင် (၆) ကချင် ဒုက္ခသည်စခန်းတွင် အစားအသောက် ခက်ခဲနေ


တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ် ပန်ဝါအထက် အောက် တရုတ်ဖက်ခြမ်းရှိ မှတ်တိုင် (၆) ဒုက္ခသည်စခန်းတွင် အစားအသောက်အ ခက်ခဲကြုံတွေ့နေကြောင်း ဒုက္ခသည် စခန်းတွင်ကွင်းဆင်း လေ့လာခဲ့သော ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (Kachin Baptist Convention, KBC) ကပြောသည်။

၎င်းဒုက္ခသည်စခန်းတွင် သွားရောက်ကူညီသူများအတွက် လမ်းပန်းဆက်သွယ်ရေးခက်ခဲကာ ရာသီဥတု အေးသောနယ်မြေဖြစ်သောကြောင့် ဒုက္ခသည်များမှာ အအေးဒဏ်များခံနေရကာ အစားအသောက်များ ခက်ခဲရင်ဆိုင်နေရကြောင်း KBC အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရ ခလမ်ဆမ်ဆွန် (Rev. Hkalam Samson) ကပြောသည်။

ငြိမ်းချမ်းရေးကြောင့် ကားအစီးငါးရာ ဒုက္ခရောက်


ဒီမနက် တွေ့ရတဲ့ မြ၀တီမြို့တွင်းတနေရာ (ဓာတ်ပုံ- ဧရာဝတီ)

ဒီနေ့ ကရင်ပြည်နယ် မြ၀တီကနေတဆင့် အနယ်နယ်အရပ်ရပ်ကို ထွက်ခွာကြမဲ့ ခရီးသည်တင်ကားနဲ့ ကုန်တင်ကားကြီး အစီးရေ ၅၀၀ ကျော်လောက် မြ၀တီမြို့ထဲမှာ ၃ နာရီနီး ပါးပိတ်မိသွားပါတယ်။

မြန်မာအစိုးရနဲ့ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဘားအံသွားမယ့် KNU အဖွဲ့ရဲ့ယာဉ်တန်းအတွက် ကားလမ်း ယာယီ ပိတ်လိုက်တာကြောင့် ကားတွေ ရာနဲ့ချီ အခုလို ဒုက္ခရောက်ရတာပါလို့ ကုန်တင်ကားမောင်းတဲ့လူတွေက ပြောပါတယ်။

၁၂ ဘီးကားမောင်းသူတဦးက “မြ၀တီအထွက်ဂိတ်ဖြစ်တဲ့ တံတားကျိုးဂိတ်ကိုပုံမှန် ၆ နာရီမှာဖွင့်တယ်။ ဒီနေ့ ကားအဆင်းနေ့မှာ KNU အဖွဲ့ ဘားအံသွားတဲ့ယာဉ်တန်း ရှိလို့ မနက် ၆ နာရီက ၉ နာရီအထိ ကားထွက်ဖို့ စောင့်ခဲ့ရတယ်။ အမှန်က ကျွန်တော်တို့ကားတွေကို ဂိတ်ဖွင့်ချိန်မှာ လွှတ်လိုက်ပြီး ၉ နာရီကျမှ ပြန်ပိတ်လိုက်လည်း ရတာပဲ။ အခုတော့ အားလုံး ဒုက္ခဖြစ်ကြရတယ်” လို့ ပြောပါတယ်။

ခွန်ထွန်းဦးအပါဝင် မြန်မာ့အရေး၊ လူမှုရေးလှုပ်ရှားသူ ၅ ဦးအား NED မှ ဒီမိုကရေစီဆုချီးမြင့်



ခွန်ထွန်းဦး အပါအဝင် မြန်မာ့အရေးလှုပ်ရှားနှင့် လူမှုရေးလုပ်ငန်းများ၌ တစိုက်မတ်မတ်လှုပ်ရှား ဆောင်ရွက်သည့် ပုဂ္ဂိုလ် ၅ ဦးအား အမေရိကန်အခြေစိုက် NED က 2012 Democracy Award Honorees ဆု ချီးမြင့်မည် ဟု NED ဝဲပ်ဆိုဒ်က ထုတ်ပြန်ကြေငြာထားပါ သည်။

အဆိုပါဆုလက်ခံရရှိသူများမှာ သျှမ်းတိုင်းရင်းသားမျာဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ခွန်ထွန်းဦး၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၊ အကယ်ဒမီ ရုပ်ရှင်မင်းသား ကျော်သူ၊ မယ်ဆောက်မြို့အခြေစိုက် မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာစင်သီယာမောင် နှင့် US Campaign for Burma မှ ဦးအောင်ဒင် တို့ ပါဝင်ပါသည်။

Power Ball ကံထူးရှင် ဒေါ်လာ သန်း ၃၀၀ ကျော် ဆွတ်ခူး

abc_powerball_winner_check_jef_120831_wg
အသက် ၄၄ နှစ် အရွယ် ရှိ မစ်ချီဂန် ပြည်နယ် သား ရထား လမ်း အင်ဂျင် နီယာ ဒေါ်နယ် လော်
ဆင် သည် အမေရိကန် ထီဆု တစ် မျိုး ဖြစ်သည့် Power Ball ကို ယနေ့ သောကြာနေ့  ည တွင်
ကံထူးသွား ရာ ဒေါ်လာ ၃၃၇ သန်း ရရှိ မည် ဖြစ်သည်။
လော်ဆင် သည် အခွန် များ ဖြတ်တောက် ပြီး ပါ က ဒေါ်လာ ၂၂၄ သန်းကျော် ရရှိ မည် ဖြစ်သည်။
သူသည် သန်းကြွယ် သူဌေး ဖြစ် သွား သော် လည်း ဈေးကြီးသည့် ကင်းပုဇွန် နှင့် အမဲအသဲ
ညစာ တို့ ကို သုံးဆောင် မည် မဟုတ် ပဲ မက်ဒေါ်နယ် စားသောက် ဆိုင် တွင် ဟမ်ဘာဂါ ကို
တန်းစီ မှာ ယူစား သောက် ရသည့် ရိုးရှင်း သော ဘ၀ ကို သာ နှစ် သက် သည် ဟု ဆိုသည်။
သူထိုးထား သည့် ပေါက်မဲ နံပါတ် 6, 27, 46, 51, 56  Power Ball  21 ပေါက်သည် မှာ
ကျိန်းသေ သည့် အခါ လော်ဆင် သည် အလုပ် မှ နှုတ် ထွက် လိုက် သည်။ သူက ထီလက်
မှတ် ဆုငွေ လက်ခံ ချိန် ဉ် သူ ၏ သား နှစ်ယောက် ကို ကောလိပ် ထား နိုင် ပြီ ဟု CNN သတင်း
ကို ပြောသည်။

စစ်အုပ်စု ခုအချိန်ထိ လုပ်သမျှ တင့်တယ်နေတာ အတိုက်အခံ အင်အားစု ညီညွတ်မှု မရှိတာက အဓိကကျ

ကိုမင်းကိုနိုင် တို့ ပထမအကြိမ် ထောင်က လွတ်တော့ လူငယ်တွေရဲ့ စိတ်ကို အလှုပ်ရှားစေဆုံး ဓာတ်ပုံ နဲ့ သတင်း ကတော့ ကိုမင်းကိုနိုင် နဲ့ ကိုမင်းဇေယျာ လက်ဆွဲနှုတ်ဆက် ဖက်ပွေ့ပြီး ညီညွတ်ရေး စကား ဆိုကြတဲ့ အကြောင်းဖြစ်မယ် ထင်တယ်..။ တခြား လူငယ်တွေတော မသိဘူး ကျနော်အတွက်တော့ အဲဒီအဖြစ်အပျက်က စိတ်နှလုံးကို ဖမ်းစားခဲ့ပြီး ကြည်နူးပီတိ ဖြစ်စေခဲ့တယ်..။

ခု ကိုထွန်းအောင်ကျော် ဦးဆောင်တဲ့ အဖွဲ့ ဗမာပြည်ကို လေ့လာရေးခရီး ပြန်တဲ့ ခရီးစဉ်မှာ ဦးအောင်မင်း နဲ့ ဆွေးနွေးပွဲ အောင်မြင်ဖို့ထက် ကိုမိုးသီးဇွန် နဲ့ ဒေါက်တာနိုင်အောင် တွေ့ဆုံဆွေးနွေး ညီညွတ်မှု ရနိုင်ကြရင်၊ လုပ်သင့်တဲ့ တာဝန်ခံမှု၊ တာဝန်ယူမှုတွေ လုပ်ပြနိုင်ကြရင် ပို ကောင်းမယ်ထင်တယ်။

တော်လှန်ရေး တခု ဖော်ဆောင်တယ်..၊ နိုင်ငံရေး ခရီးကြမ်းလမ်းကို လျှောက်ခဲ့ကြတယ် ဆိုတာ လူတိုင်း အမှားတော့ ကင်းခဲ့ကြမယ် မထင်ဘူး..။ မှားခဲ့တဲ့ အမှားတွေကို ပြင်ဖို့..၊ အပြစ်တွေကို ကျေအောင်လုပ်ဖို့တော့ လိုပါတယ်..။

စစ်အုပ်စု ခုအချိန်ထိ လုပ်သမျှ တင့်တယ်နေတာ အတိုက်အခံ အင်အားစု ညီညွတ်မှု မရှိတာက အဓိကကျတယ်လို့ ထင်တယ်..။

ပြည်သူ့အသံ နားထောင်မယ့် ပြန်ကြားရေး ၀န်ကြီးသစ်




ပြန်ကြားရေး ၀န်ကြီးသစ်ဖြစ်လာတဲ့ ဦးအောင်ကြည်ဟာ စာရေးကောင်းသူ တဦးလည်း ဖြစ်ပါတယ်။ ထူးခြား တာက မြန်မာအစိုးရ ၀န်ကြီးတွေထဲမှာ ကိုယ်ပိုင်အင်တာနက် ၀က်ဆိုက်စာမျက်နှာ ရှိတာ ကြားဖူးသလောက် သူတယောက်ထဲ ရှိတယ် ထင်ပါတယ်။

သူ့ရဲ့ ကလောင်အမည်ကတော့ မင်းဗထူး ဖြစ်ပါတယ်။ သူ့ရဲ့ အင်တာနက် စာမျက်နှာမှာ သူရေးခဲ့ဖူး တဲ့ ဆောင်းပါးတွေ၊ စစ်ပညာ၊ နည်းပညာ စတဲ့ စာအုပ်တွေအကြောင်းစုံကို တင်ပြထားပါတယ်။

ပြန်ကြားရေး ဒုဝန်ကြီး အသစ်စက်စက် ဦးရဲထွဋ်ကတော့ ပြန်ကြားရေး ၀န်ကြီး ဦးအောင်ကြည်ကို အကြံပြု လိုသူတွေဟာ သူ့ အင်တာနက် ၀က်ဆိုက်စာမျက်နှာမှာလည်း ပေးပို့ နိုင်တယ်လို့ အကြံပြုထားတာ တွေ့ရ ပါတယ်။

"၀န်ကြီးထံသို့အကြံဥာဏ်များ တိုင်ကြားချက်များပေးပို့လိုပါက ပြန်ကြားရေး ၀န်ကြီးဌာန ၀က်ဘ်ဆိုက် www.ministryofinformation.gov.mm မှာ ဖော်ပြထားတဲ့မေးလ်လိပ်စာကနေ ပေးပို့နိုင်ပါ တယ်။ ရေးသား ချက်များကို နေ့စဉ် ကျွန်တော်က ဖတ်ရှုပြီး ၀န်ကြီးထံတင်ပြခြင်း၊ ပေးပို့သူထံသို့ အကျိုးအကြောင်း
ပြန်ကြားခြင်းများကို လုပ်ဆောင် ပေးသွားပါ့မယ်။" တဲ့။

မြန်မာနိုင်ငံက ခရီးသွား နေရာတချို့ ကို ပိတ်ပင်

မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလ
ဲ မှုတွေတွေ ရှိလာတဲ့အတွက် ကမ္ဘာလှည့်ခရီးသွား
တွေ ဒီနှစ်မှာ အတော်ကြီး ပိုများလာနိုင်တယ်လို့ 
ခန့်မှန်းနေကြချိန်မှာပဲ တစ်ဘက်မှာလည်း


နယ်မြေ တည်ငြိမ် အေးချမ်းမှု မရှိတဲ့နေရာတွေမှာ သွားလာခွင့်တွေကို အာဏာပိုင်တွေက ပိတ်ပင် လိုက်ပါတယ်။

ကမ္ဘာလှည့် ခရီးသွားတွေ သွားရောက်လည်ပတ်လေ့ရှိတဲ့ ရခိုင်ပြည်နယ်က စစ်တွေ၊ မြောက်ဦး၊ ဝေသာလီ နှင့် မဟာမုနိ တို့အပြင် ရှမ်းပြည်နယ် မိုင်းလား စတဲ့ နေရာ ၅ နေရာ သွားလာခွင့်ကို သြဂုတ်လ ၃၀ရက်နေ့မှာ တားမြစ် လိုက်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာတော့ ဇွန်လအတွင်းမှာ အဓိကရုဏ်းတွေ မဖြစ်ခင်ကထိ တရက်လို ကမ္ဘာလှည့်ခရီးသွား ၂၀ဝ လောက် လာရောက်ခဲ့တယ်လို့ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးတင်ထွန်းအောင်က ပြောပါတယ်။

ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံခရီးစဉ် မရေရာသေး

ထိုင်း ၀န်ကြီးချုပ် ယင်လပ် ရှင်နာဝပ်ရဲ့
ဒုတိယအကြိမ် မြန်မာနိုင်ငံ ခရီးစဉ်ဟာ
 မရေရာသေးဘူးလို့ The Nation
သတင်းစာက ဖော်ပြပါတယ်။


သမ္မတ ဦးသိန်းစိန် ထိုင်းနိုင်ငံကို လာရောက်ခဲ့စဉ်အတွင်း ထားဝယ် စီမံကိန်းနဲ့ ပတ်သက်ပြီး ပူးပေါင်း ဆောင်ရွက်ရေး သဘောတူ စာချုပ်မူကြမ်းကို နှစ်နိုင်ငံခေါင်းဆောင်တွေ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။

အဲဒီနောက် အသေးစိတ်ကို အပြီးသတ် ဆွေးနွေးဖို့အတွက် ထိုင်း ၀န်ကြီးချုပ် ယင်လပ် မြန်မာနိုင်ငံကို ထပ်မံ သွားရောက်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

 ပြီးခဲ့တဲ့သီတင်းပတ်ကလည်း နှစ်နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံရေးနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရက အဆင်မြင့် အရာရှိကြီးတွေ ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့ပါတယ်။

ထိုင်း ၀န်ကြီးချုပ်ဟာ စက်တင်ဘာလ အတွင်းမှာ ထားဝယ်ရေနက် ဆိပ်ကမ်းကို သွားရောက်ဖို့
စီစဉ်ထားတာပါ။ မူလက ခရီးစဉ်ကို စက်တင်ဘာ ၁၃ ရက်ကနေ ၁၅ ရက်နေ့အထိ ထိုင်းဘက် အဆိုပြုခဲ့ပါတယ်။

ပုသိမ်ရေဘေးသင့်ပြည်သူများအား လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အလှူငွေသွားရောက်ပေးအပ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်သည် ယနေ့ (စက်တင်ဘာ ၁ရက်) တွင် ရေဘေးသင့် ဒဏ်ခံခဲ့ရသော ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့နယ်သို့ သွားရောက်ကာ ရပ်ကွက် တချို့အား အလှူငွေများ ပေးအပ် ခဲ့သည်။

 ဒေါ်အောင်ဆန်းစု ကြည်သည် နံနက် ၅ နာရီခွဲတွင်... ရန်ကုန်မြို့မှ ထွက်ခွာလာပြီး ၉ နာရီ ၄၅ မိနစ်တွင် ပုသိမ်မြို့သို့ေ ရာက်ရှိကာ အမှတ်(၁၂) ရပ်ကွက်နှင့် အမှတ်(၁၄) ရပ်ကွက်တို့သို့ သွားရောက်၍ ဒေသခံများနှင့် တွေ့ဆုံပွဲ ပြုလုပ်ပြီးနောက် အလှူငွေ ၁၀ သိန်းကျပ်စီကို ပေးအပ်ခဲ့သည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် ပုသိမ်မြို့ရှိ၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးရှေ့မှ လူထုအား ၁၀ မိနစ်ကြာ မိန့်ခွန်းပြော ကြားခဲ့သည်။---


Friday, August 31, 2012

လာမည့်မနက်ဖြန် ဒေါ်အောင်ဆန်းစုကြည် ပုသိပ်မြို့သို့သွားရောက်မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဌ၊ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ဧရာတိုင်းဒေသကြီးမှ ရေဘေးဒုက္ခသည်များကို သွားရောက်အားပေးရန် စက်တင်ဘာ တစ်ရက် ( မနက်ဖြန် )တွင် ပုသိမ်မြို့ သို့ သွားရောက်မည်ဖြစ်ကြောင်း ဒီချုပ်လွှတ်တော်ကိုယ်စာ
းလှယ် တစ်ဦးဖြစ်သူ ဦးဖြိုးမင်းသိန်း ကပြောသည်။ဧရာတိုင်းဒေသကြီး တွင်သြဂုတ်လလယ်ပိုင်းကမိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းေ ကြာင့်မြို့ နယ် ပေါင်း ၂၄ မြို့ နယ်အတွင်းရေလွှမ်းမိုးနှင့်ကြုံေ တွ့ ခဲ့ရပြီးမိုးစပါးဧက သုံးသိန်းနီးပါး နစ်မြုပ်ခဲ့သည်။

ပြန်ကြားရေး ဒု ၀န်ကြီး ဦးရဲထွဋ် ဖြစ်လာ


သမ္မတ ဦးသိန်းစိန်က အစိုးရ ၀န်ကြီးများ အပြောင်းအလဲလုပ်ခြင်း၊ ခန့်အပ်ခြင်းများ ဆက်တိုက်ပြုလုပ်နေရာ ယနေ့ သြဂုတ်လ ၃၁ ရက်နေ့ ည မြန်မာစံတော်ချိန် ၈ နာရီ သတင်းတွင် သမ္မတ ဦးသိန်းစိန်၏ လက်မှတ်ဖြင့် ဦးရဲထွဋ် အား ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးလိုက်သည်။

NLD.ပါတီဝင်တွေလည်း အမျိုသားရေး သွေးမအေး သမ္မတထောက်ခံ အင်္ကျီများ ဖြန့်ချီအားပေး — မဟာအောင်မြေ NLD.ပါတီဝင်များ တက်ကြွလှုပ်ရှား ပုံရိပ်များ


မြောက်ပိုင်းကျောင်းသား ရဲဘော်ဟောင်းများ ကြေညာချက် ထုတ်ပြန်

၁၉၉၂ ခုနှစ်ကာလက မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မြောက်ပိုင်း-ပါဂျောင်) ဒေသတွင် ဖြစ်ပွားခဲ့သည့် သတ်ဖြတ်မှုများနှင့် ပတ်သက်၍ ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မြောက်ပိုင်းကျောင်းသား ရဲဘော်ဟောင်းများမှ ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

ABSDF ကျောင်းသားဟောင်းဒေါက်တာနိုင်အောင် မှ ရန်ကုန်လေဆိပ်ရောက် ဖြေကြားချက်

ABSDF မြောက်ပိုင်းကျောင်းသားများလူသတ်မှုနှင့်ပတ်သတ်၍ မှန်ကန်သောစစ်မှန်တဲ့ တရားစီရင်ရေးအောက်တွင် မှန်မှန်ကန်ကန်ဖြေရှင်းရန်သာရှိကြောင်း ယနေ့မြန်မာနိုင်ငံ သို့ရောက်ရှိလာသည့် ABSDF ကျောင်းသားဟောင်းဒေါက်တာနိုင်အောင် မှ ရန်ကုန်လေဆိပ်တွင်ပြောသည်။

ဒေါက်တာနိုင်အောင်သည် ယနေနေ့လည် ၂နာရီခန့်က မြန်မာနိုင်ငံသို့ နှစ် ၂၀ကျော်ကာလ ပထမဆုံးအကြိမ်ပြန်ရောက်လာခဲ့ခြင်းဖြစ်သည်။ABSDF မြောက်ပိုင်းကျောင်းသားများအသတ်ခံရမှုနှင့် ပတ်သတ်၍ ဒေါက်တာနိုင်အောင်မှ “ ကျွန်တော် အဲ့ဒီတုန်းကထဲကလည်းဖြေရှင်းပြီးပါပြီ။ အဲ့ဒီဖြေရှင်းချက်ထဲမှာလဲပါဝင်ပါတယ်။ဖြေရှင်းချက်လဲထုတ်ထားပါတယ်။အဲ့ဒီတုန်းက ကျွန်တော်တောင်ပိုင်းမှာရှိနေပါတယ်။အဲ့ဒီကိစ္စတွေလဲဖြစ်ပြီးမှ သာသိရပါတာပါဟု” ပြောသည်။

ရခိုင် ဒုက္ခသည်များ အတွက် အိန္ဒိယ အကူအညီ အမေရိကန် ဒေါ်လာ ၂သိန်း နယ်စပ်ရေးရာ ၀န်ကြီးသို့ လွဲပေး

ဆူပူ အကြမ်းဖက်မူကြောင့် ခိုကိုးရာမဲ့နေကြသော ရခိုင်ပြည်သူ ဒုက္ခသည်များ အတွက် ကူညီသော အမေရိကန် ဒေါ်လာ (၂) သိန်းကို အိန္ဒိယ တာဝန်ရှိသူများမှ မြန်မာ နယ်စပ် ရေးရာဝန်ကြီး ဌာနနှင့် မြန်မာ့ စက်မှုဖွံ့ဖြိုးရေးဌာန ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးလက်သို့ လွှဲပြောင်း ပေးအပ် လိုက်ကြောင်း သတင်း ရရှိသည်။

အိန္ဒိယ သံအမတ် Dr. Villur Sundararajan Seshadri က အမေရိကန် ဒေါ်လာ ၂သိန်းကို နယ်စပ်ရေးရာ ၀န်ကြီး ဌာနနှင့် မြန်မာ့ စက်မှုဖွံ့ဖြိုးရေးဌာန ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးထံသို့  သြဂတ်(စ်) ၂၉ရက် (ဗုဒ္ဓ ဟူး)နေ့က လွှဲပြောင်း  ပေးအပ်ခဲ့သည်ဟု ဆိုသည်။
၎င်းထောက်ပံ့ ကူညီ ငွေများကို ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်မှဆင့် စီမံခန့်ခွဲပြီး ဒုက္ခရောက်နေသော မိသားစုများထံသို့ လူမျိုး၊ ဘာသာ မခွဲခြားဘဲ ထောက်ပံ့ ကူညီပေးသွားမည် ဟု ဆိုသည်။

လုပ်ပိုင်ခွင့်ရရင် ပြည်တွင်းမှာ နိုင်ငံရေးလုပ်မယ် – မိုးသီးဇွန်

လက်ယာဘက်ညာဒုတိယတွင်ရှိနေသော မိုးသီးဇွန်
နိုင်ငံရေးအရ လုပ်ပိုင်ခွင့်၊ ဆောင်ရွက်ခွင့်တွေရရင် အချိန်မရွေး ကိုယ့်တိုင်းပြည်မှာပဲ ကျရတာဝန်ကို လုပ်ဆောင်မယ်လို့ ၈၈ အရေးတော်ပုံပေါ်မှာ ထင်းရှားတဲ့ ခေါင်းဆောင် တဦးဖြစ်ခဲ့ပြီး လောလောဆယ် ပြည်ပမှာ နေထိုင်နေတဲ့ မိုးသီးဇွန်က ပြောပါတယ်။

ကေအိုင်အေ မုန့်ဆန်းယန်သင်တန်းကျောင်းတွင် တပ်သားသစ်တက်နေသော ကချင်အမျိုးသမီး (၁) ဦး ထွက်ပြေးလွတ်မြောက်

ကေအိုင်အေ လိုင်ဇာဌာနချုပ်မှာရှိတဲ့ မုန့်ဆန်းယန်သင်တန်းကျောင်းမှာ တပ်သားသစ်သင်တန်း တက်ရောက်နေတဲ့ မမာကေ ဆိုသူအမျိုး သမီးတစ်ဦးဟာ သြဂုတ်လ (၂၉)ရက်နေ့ ညနေ (၆)နာရီခန့်မှာ သူမရဲ့ ရွာ ကို ထွက်ပြေး လွတ်မြောက်လာတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁ရက်နေ့တွင် မိုးသီးဇွန် မြန်မာပြည် ရောက်မည်

အဆင့်အတန်းမရှိစွာ ဆဲဆိုပြီး သမ္မတ ဦးသိန်းစိန်အား ဖိနပ်ဖြင့် ပစ်ပေါက်သည့်  မိုးသီးဇွန် စက်တင်ဘာ ၁ ရက်နေ့တွင် မြန်မာပြည်ရောက်မည်ဟု ၄င်း၏ကိုယ်ပိုင် ဘလော့ဂ်တွင် ဖော်ပြထား-
လေးစားအပ်ပါသော ရဲဘော်များ မိတ်ဆွေများခင်ဗျားနှုတ်ခွန်းဆက်ပါတယ်။ စက်တင်ဘာ ၁ရက် ၊ နံနက် ၈ နာရီမှာ ကျနော်မင်္ဂလာဒုံလေဆိပ်ကိုရောက်ပါမယ်။ သမတဦးသိန်းစိန်အစိုးရ တာဝန်ရှိသူများရဲ့ ဖိတ်ခေါ်ချက် အရ မြန်မာနိင်ငံ ငြိမ်ချမ်းရေး နဲ့ ပြန်လည်ထူထောင်ရေးတွေအတွက် ကျနော် မြန်မာ ပြည်ကို သွားပါမယ်။
ကျနော်နဲ့ အတူ ကိုထွန်းအောင်ကျော်၊ကိုကိုလေး၊ကိုမူးသာ၊ ကိုရင်အေး၊ကိုရွှေစင်၊ ကိုကိုအောင်
ကိုအေးမင်းတို့ ပါဝင်မှာဖြစ်ပါတယ်။

ပြန်ကြားရေး ၀န်ကြီးသစ်ရဲ့ ပထမ ခြေလှမ်း


လာမယ့် စက်တင်ဘာလ ၁ ရက်နေ့မှာ ကျင်းပမယ့် ၈၈ မျိုးဆက်ကျောင်းသားများရဲ့ စေတနာ ၀သန် ဂီတ ရန်ပုံငွေပွဲကို SKY NET ရုပ်သံလိုင်းက တိုက်ရိုက် ထုတ်လွှင့်ပြသခွင့် ရလိုက်ပါတယ်။ ပြန်ကြားရေး ၀န်ကြီးသစ် ဦးအောင်ကြည်ရဲ့ ပထမ ခြေလှမ်းလည်းဖြစ်ပါတယ်။

ဒီအကြောင်းကို ပြန်ကြားရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလို ရေးသားထားပါ တယ်။

“၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က စက်တင်ဘာ ၁ ရက်နေ့မှာ ပြုလုပ်မယ့် ၎င်းတို့ရဲ့ စေတနာဝသန် ရန်ပုံငွေ ဂီတပွဲကို SKY NET ရုပ်သံလိုင်းကနေ တိုက်ရိုက်ထုတ်လွှင့်ခွင့်ပြုပေးပါရန် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်ထံ စာရေးသားတင်ပြခဲ့ ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနကခွင့်ပြုပါက သက်ဆိုင်ရာရုပ်သံလိုင်းက တိုက်ရိုက်ထုတ်လွှင့်ပေး ရန်သဘောတူ ထား ပါကြောင်းလည်းဖော်ပြထားပါတယ်။

အဲဒီတင်ပြချက်အပေါ် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးကိုရှေ့ရှုပြီး ပြည်ထောင်စုဝန်ကြီးက တိုက်ရိုက် ထုတ် လွှင့် ခွင့် ခွင့်ပြုပေးလိုက်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။” လို့ ရေးသားထား ပါတယ်။

 ABSDF ဗဟို ဥက္ကဌဟောင်း ဒေါက်တာနိုင်အောင် မြန်မာနိုင်ငံသို့ ရောက်ရှိ

ဒေါက်တာနိုင်အောင် အပါအ၀င်သုံးဦးသည် သမ္မတ၏ ဖိတ်ကြားချက်အပေါ် ငြိမ်းချမ်းရေးအကျိုးဆောင်များ၏ စီစဉ်ပေးချက်အရ နိုင်ငံတော်သမ္မတ အပါအ၀င် အခြားတွေ့သင့်တွေ့ထိုက်သော ခေါင်းဆောင်များ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးလေ့လာရေး ခရီးစဉ်အဖြစ် လာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။
ဒေါက်တာနိုင်အောင်က ရန်ကုန်လေဆိပ်တွင် ခရီးစဉ်နှင့်ပတ်သက်သော သဘောထားကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထုတ်ချက်တွင် "မြန်မာနိုင်ငံ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ကမ္ဘာတစ်ဝှမ်းက ထောက်ခံအားပေးသူ ပုဂ္ဂိုလ်အရေအတွက် အများအပြားရဲ့ နိုင်ငံတော်အစိုးရရဲ့ အမည်မဲစာရင်း (Black List) ပယ်ဖျက်ပေးသည့်အပေါ် ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။

ပြည်ထောင်စုအစိုးရ၀န်ကြီးဌာန အရေအတွက် ပြင်ဆင် ခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များရှိပါကစက်တင်ဘာ ၃ ရက် (၃-၉-၂၀၁၂ ရက်- တနင်္လာနေ့) ၁၀း၀၀ နာရီနောက်ဆုံးထား၍ လွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းပေးပို့နိုင်ပါကြောင်း

ပြည်ထောင်စုအစိုးရ၀န်ကြီးဌာန အရေအတွက် ပြင်ဆင် ခြင်း၊ ပြည်ထောင်စုဝန်ကြီးဦးရေ တိုး/လျှော့ခြင်း များနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များရှိပါကစက်တင်ဘာ ၃ ရက် (၃-၉-၂၀၁၂ ရက်- တနင်္လာနေ့) ၁၀း၀၀ နာရီနောက်ဆုံးထား၍ လွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းပေးပို့ နိုင်ပါကြောင်းနှင့် စက်တင်ဘာ ၄ ရက် (၄-၉-၂၀၁၂ ရက်-အင်္ဂါနေ့)တွင် ကျင်းပပြုလုပ်မည့် ပြည်ထောင်စု လွှတ်တော် ပုံမှန်အစည်း အဝေးတွင် လွှတ်တော်၏ အဆုံးအဖြတ်ရယူမည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက(ကိုယ်စား) ပြည်ထောင်စုလွှတ်တော်ရုံးညွှန်ကြားရေးမှူးချုပ်ဦးကျော်စိုးက   ပြည်ထောင် စုလွှတ်တော်ကိုယ်စားလှယ်များအားလုံးကိုသြဂုတ်၃၁ရက်ရက်စွဲဖြင့်အသိပေးအကြောင်းကြားစာ ပေးပို့သည်။

နိုင်ငံတော်သမ္မတကပြည်ထောင်စုအစိုးရ၀န်ကြီးဌာနအရေအတွက် ပြင်ဆင်ခြင်းနှင့် ပြည်ထောင်စုဝန်ကြီးဦးရေ တိုး/လျှော့ခင်းများပုလုပ်လိုကြောင်းပည်ထောင်စုလွှတ်တော်နာယကထံသို့ သ၀ဏ်လွှာများအား ပေးပို့သည်။

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၂ နှင့် နည်းဥပဒေ ၂၄ တို့အရ ပြည်ထောင်စုအစိုးရ ၀န်ကြီးဌာန အရေအတွက်နှင့် ပြည်ထောင်စုဝန်ကြီးဦးရေကို အခါအားလျော်စွာ ပြင်ဆင်ဖြည့်စွက်ခြင်း၊ တိုး/ လျှော့ခြင်း ပြုလုပ်လိုကြောင်း နိုင်ငံတော်သမ္မတ၏ တင်ပြချက်နှင့်စပ်လျဉ်း၍ လွှတ်တော်က အဆုံးအဖြတ်ပေးရမည်ဖြစ်ပါသည်။အထက်ပါအကြောင်းအရာနှင့်ပတ်သက်၍ ဆွေးနွေးလိုသော ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ စာရင်းပေးပို့ရန် အသိပေးအကြောင်းကြားခြင်းဖြစ်သည်။

ယနေ့ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့လွှတ်တော်မှခွင့်ယူကာ ရန်ကုန်သို့ထွက်ခွာလာမည်


ဒေါ်အောင်ဆန်းစုကြည်သည်မိမိ၏ကိုယ်ရေးကိုယ်တာဆိုင်ရာ ဆောင်ရွက်စရာများအတွက်သော်လည်းကောင်း၊ ပြည်ပခရီးအတွက် စီစဉ်ရန်ရှိသည်တို့ကို စီစဉ်ရန်အတွက်သော်လည်းကောင်း ပြည်သူ့လွှတ်တော်မှ ခွင့်ယူကာ ယနေ့(သြဂုတ်- ၃၁) နေ့လည်ပိုင်းတွင် ရန်ကုန်သို့ထွက်ခွာလာမည်ဖြစ်ကြောင်းသိရသည်။

ကချင်ဒုက္ခသည် ၉သောင်းကျော်တိုးလာ

31 Aug 2012
ကချင်လွတ်မြောက်ရေးအဖွဲ့- KIO  နှင့် မြန်မာအစိုးရတို့ အကြား  ဖြစ်ပွားခဲ့သည့်  တိုက်ပွဲကြောင့် ကချင်ပြည် နယ်တွင် ယခုဆိုလျှင် စစ်ပြေး ဒုက္ခသည် ၉သောင်းကျော် တိုးလာသည်ဟု (ကချင်အမျိုးသားအဖွဲ့အစည်းများ) မှ ယမန်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

နိုင်ငံတကာရောက် ကချင်အဖွဲ့များနှင့် ထိုင်း-မြန်မာနယ်စပ်အခြေစိုက်အဖွဲ့တို့ စုပေါင်းထားသည့် အဖွဲ့ ၁၁ဖွဲ့ပါသည့် ၎င်းအဖွဲ့သည် ကချင်ဒေသရှိ ဒုက္ခသည်ဦးရေ တဟုန်ထိုး များပြားလာသည်ကို ထောက်ပြလို၍ သမ္မတဦးသိန်းစိန် အစိုးရ၊ ကမ္ဘာ့ကုလသမဂ္ဂနှင့် တရုတ် အစိုးရတို့ သိစေရန် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းအဖွဲ့၏ပြောခွင့်ရသူ အမျိုးသမီး မွန်းနေလီက ပြောသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်က အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့ကို ပေါင်းစည်းရန် သ၀ဏ်လွှာပေးပို့


နိုင်ငံတော်သမ္မတဦးသိန်းစိန်က အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့ကို ပေါင်းစည်း၍   လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအဖြစ် တစ်ခုထဲသို့ ပြင်ဆင်ဖွဲ့စည်းရန် ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက် ရယူနိုင်ရန် သြဂုတ်လ ၂၉ ရက်စွဲဖြင့် သ၀ဏ်လွှာပေးပို့ထားသည်။ သ၀ဏ် လွှာအပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတရုံး

စာအမှတ်၊ ၁၀၇(၅)/၈/သမ္မတရုံ

ရက်စွဲ၊ ၂၀၁၂ ခုနှစ်၊သြဂုတ်လ ၂၉ ရက်

သို့
နာယက
ပြည်ထောင်စုလွှတ်တော်

အကြောင်းအရာ ။ ။ သ၀ဏ်လွှာပေးပို့ခြင်း

၁။ နိုင်ငံတော်၏ လျှပ်စစ်စွမ်းအင်ဖူလုံရေးအတွက် အမှတ်(၁)လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနနှင့် အမှတ်(၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနများအဖြစ် တာဝန်ခွဲ၍ ကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်

၂။ လုပ်ငန်းဆိုင်ရာ ကြီးကြပ်ကွပ်ကဲမှု ထိရောက်ကောင်းမွန်ရန်နှင့် ပေါင်းစပ်ညှိနှိုင်းမှု လွယ်ကူစေရန်တို့ အတွက် အဆိုပါ ၀န်ကြီးဌာနနှစ်ခုအား ပေါင်းစည်း၍ ''လျှပ်စစ်စွမ်းအားဝန်ကြီးဌာန'' အဖြစ် ၀န်ကြီးဌာန တစ်ခုတည်းသို့ ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်လိုပါသည်။

၃။ ပြည်ထောင်စုဝန်ကြီးဌာန နှစ်ခုအားဝန်ကြီးဌာနတစ်ခုတည်းအဖြစ် ပြင်ဆင်ဖွဲ့စည်းနိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၂၊ ပုဒ်မခွဲ(က)ပါ ပြဋ္ဌာန်းချက်အရ ပြည်ထောင်စုလွှတ်တော်၏ သဘောတူ ညီချက် ရယူပေးနိုင်ပါရန် သ၀ဏ်လွှာပေးပို့အပ်ပါသည်။

သိန်းစိန်
နိုင်ငံတော်သမ္မတ

ဂျွန်ယက်ထောမြန်မာဝင်ခွင့်လျှောက်တော့မလား




ဂျွန်ယက်ထော

၃၁.၈.၂၀၁၂
သမ္မတရုံးရဲ့ ထုတ်ပြန်ချက်အရဆိုရင် ဂျွန်ယက်ထောဆိုတဲ့ အမေရိကန်ကြီး အင်းလျားကန်မှာ ရေသွားကူးဖို့ အခွင့်အရေး ရသွားပါပြီ။ဒီကနေ့ ပေါ်ပေါက်လာတဲ့ Black List ထဲကနေပယ်ဖျက်လိုက်တဲ့ နိုင်ငံခြားသားအမည် တထောင်ကျော်ထဲမှာ သူ့နာမည် ပါဝင်နေပါတယ်။

သူ့ရဲ့ မြန်မာပြည်နောက်ဆုံးခရီးစဉ်အတွင်းအဲဒီတုန်းက အထိန်းသိမ်းခံနေရတဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အတွင်း အင်းလျား ကန်ကိုဖြတ်ပြီးတိတ်တဆိတ်ဝင်ရောက်မှုကြောင့်သူ့ကို မြန်မာစစ်အစိုးရက ထောင်ချခဲ့သလို လွတ်ရက် စေ့တော့မယ် ဒေါ်အောင် ဆန်း စုကြည်နဲ့လက်ထောက် ၂ ယောက်လည်း နှစ်ရှည် ဆက်လက်ထိန်းသိမ်းခံလိုက်ရပါတယ်။

အဲဒီကတည်းက သူ့ကို ပြည်နယ်ဒဏ်ပေးခဲ့တာပါ။ ခုတော့ ဒီရေကူးချန်ပီယံကြီးကို အမည်ပျက်စာရင်းထဲကနေ ထုတ်လိုက် ပါပြီတဲ့။ ဂျွန်ယက်ထော မြန်မာဗီဇာလျှောက်တော့မလား ဆိုတာကတော့ မသိရသေးပါဘူး။ 

ဒီကနေ့ ထွက်ပေါ်လာတဲ့ နိုင်ငံတကာ သတင်းတွေမှာတော့ မြန်မာပြည်မှာ နာမည်ပျက်စာရင်းထဲက နာမည်အများအပြား ဖြုတ်လိုက် တယ် ဆိုတာကို ဖော်ပြထားပြီး သူ့အကြောင်း ရေးထားကြတာကိုလည်း တွေ့နေရပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော် ဦးဝီရသူ၏ဆန္ဒပြပွဲရက်ရွှေ့ဆိုင်း



သြဂုတ်လ(၃၁)ရက်
မန္တလေးမြို့မှာ နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော် ဦးဝီရသူ ဦးဆောင်မယ့် ရခိုင်အရေး သမ္မတဦးစိန်ရဲ့ ရပ်တည်ချက် အပေါ်ထောက်ခံတဲ့ဆန္ဒပြပွဲတွေကို အာဏာပိုင်တွေဘက်က မူလကခွင့်ပြုထားတဲ့ ရက်မှာ ဆန္ဒပြခွင့် မပေးတာကြောင့် ရက်ရွှေ့ဆိုင်း လိုက်ရတယ်လို့ ဆရာတော် ဦးဝီရသူက RFA ကို ဒီကနေ့ မိန့်ကြားပါတယ်။          

မန္တလေးမြို့က မြို့နယ် (၅) ခုနဲ့ မတ္တရာမြို့မှာ သံဃာတော်တွေ ဦးဆောင်ပြီး စက်တင်ဘာလ (၁) ရက်နေ့ ဆန္ဒပြဖို့ စီစဉ် ထားခဲ့ပေ မယ့်မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ရဲ့အလှူပွဲအတွက် လုံခြုံရေးစီစဉ်ပေးရမှာဖြစ်တာကြောင့် ဆန္ဒပြပွဲတွေကိုလုံခြုံရေး မပေးနိုင် ဘူး ဆိုပြီးအာဏာပိုင်တွေက ရက်ရွှေ့ကျင်းပဖို့ အခုလို ညွှန်ကြားလိုက်တာ ဖြစ်ပါတယ်။ 

ကချင်ဒေသ တိုက်ပွဲများရပ်ရန် တောင်းဆို


သန်းထိုက်ဦး Hits: 1,299
 

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ချက်ချင်း ရပ်တန့်ပေးရန် ကချင် အဖွဲ့ ၁၁ ဖွဲ့ ပူးပေါင်း၍ KIAကို ယမန်နေ့က တောင်းဆို လိုက်သည်။
ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီး အစည်းအရုံး(KWAT)၊ ကချင်ဖွံ့ဖြိုးရေး ကွန်ရက်(KDNG)၊ ကချင် ပြည်လုံးဆိုင်ရာ ကျောင်း သား သမဂ္ဂ(AKSYU)၊ ကချင် အမျိုးသား အဖွဲ့(Kachin National Organization-KNO) အပါအ၀င် ၁၁ ဖွဲ့ က ပူးပေါင်း ထုတ်ပြန် ထားခြင်း ဖြစ်သည်။

Thursday, August 30, 2012

""အဝလွန်သူများအတွက် ရှောက်ရွက်၏ အစွမ်း""

အ၀လွန်သူများ၊ ဗိုက်ခေါက်ထူပြီး လာသောအမျိုးသမီးများအတွက် ပထမဦးစွာရှောက်ရွက်ကြမ်းများကို ရှာထားပါ။ပုလင်းတစ်လုံးစီတွင် ရိုးရိုးသကြားသုံးဇွန်း(ဟင်းစားဇွန်း) စီထည့် ရပါမည်။
ပုလင်းများတစ်လုံးစီတွင် ရှောက်၉ရွက် စီထည့်ပေးပါ။ ရေကျက်အေးများ ပုလင်းများထဲသို့အပြည့်ထည့်ပြီး အဆို့ ပိတ်လျက် နေပူတွင်ကိုးရက်စီ ထည့်ပေးပါ။

ေ၇ကျက်အေးများ ပုလင်းထဲသို့ အပြည့် ထည့်ပြီး အဆို့ပိတ်လျက် နေပူတွင် ကိုးရက်လှန်းပေးပါ။

ကိုးရက်စေ့လျှင် ဆေးဝါးအဖြစ် သုံးနိုင်ပြီ။နံနက်တစ်ကြိမ်၊ညတစ်ကြိမ်အဆိုပါေ၇ှာက်၇ွက် ဆေးရည်ပုလင်းကို လှုပ်ပြီး လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်ခန့်ကို မှန်မှန်သောက်သုံးသွား ပေးပါ။

 တစ်လနှစ်လရှိသောအခါအမျိုးသမီးများခါးသေးရင်ချီပြီးအဆီပိုဗိုက်ရွှဲမှုများကျသွား၍အသားအရေစစ်သွားပါမည်။

ဒေါ်အောင်ဆန်းစုကြည်ဥ က္ကဌအဖြစ်တာ ၀န်ယူသည့် တရားဥ ပဒေစိုးမိုးရေးနှင့် တည်ငြိမ်ေ အးချမ်းရေးေ က်ာမတီ တတိယအကြိမ် အစည်းအေ ၀းကျင်းပ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ၊ကော့မှူးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည်ဥက္ကဌအဖြစ်ဆောင်ရွက်နေသောတရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီ၏ တတိယအကြိမ်အစည်းအဝေးကို ပြည်သူ့လွှတ်တော်ဝင်းအတွင်းရှိ I- 12 အဆောင်တွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း နေပြည်တော်တွင် သွားရောက်သတင်းရယူနေသူ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
ယင်းအစည်းအဝေးတွင်ပြည်သူများ၏တိုင်ကြားစာများနှင့်စပ်လျဉ်းကာ ဆွေးနွေးခဲ့ကြပြီး ကော်မတီဝင်နှစ်ဦးမှ ဆောင်ရွက်ရန် ကိစ္စရှိသည့်အတွက် ခွင့်တိုင်ခဲ့ပြီး ကျန်အဖွဲ့ဝင် ၁၃ ဦး အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
အဆိုပါကော်မတီသို့ တိုင်ကြားစာ သုံးရာကျော် ရောက်ရှိနေပြီဖြစ်ကြောင်း အဆိုပါကော်မတီထံမှ သိရသည်။

ဝါရှင်တန်ဒီတြီ မန်မာတိုင်း ရင်းသား များနှင့် ဒေါ်အော င်ဆန်းစုကြည်ေ တွ့ဆုံပွဲ ၀က်ဆို က် ထွက်ရှိ




လာမယ့် စက်တင်ဘာ ၂၀၊ ၀ါရှင်တန်ဒီစီ၊ အမေရိကန်တက္ကသိုလ်၊ လူ ၂၅၀၀ ကျော်ဆန့် ဘင်ဒါအားကစားရုံမှာ မနက် ၉ နာရီ ၁၅ ကန ၁၀ နာရီ ၄၅ အထိ မြန်မာတိုင်းရင်းသားမိသားစုများနဲ့ တွေ့ဆုံပွဲ ကျင်းပမည်ဖြစ်ကြောင်း၊ ဧည့်ပရိသတ်များ၊ လုပ်အားပေးများ ဆက်သွယ် စာရင်းပေးနိုင်ပြီ ဖြစ်ကြောင်း ထုတ်ပြန်ထားတဲ့အပြင် အွန်လိုင်းကနေပြီးတော့ ဧည့်သည်များ၊ လုပ်အားပေးများ အမည်စာရင်း တင်သွင်းနိုင်အောင် ဘလော့ဂ် ၀က်ဆိုက်တခု လွှင့်တင်လိုက်ပြီ ဖြစ်ပါတယ်။
http://ASSK-DC.blogspot.com မှာ ဆက်သွယ်ရန် လူပုဂ္ဂိုလ်များ၊ ဖုံးနံပါတ်များအပြင် ဧည့်အမည်စာရင်းသွင်းမှသာ ဖိတ်စာနှင့်တကွ စာတိုက်က ကြိုတင်ပေးပို့ပြီး ဖတ်ကြားမည်ဖြစ်ကြောင်း၊ အွန်လိုင်းကနေ မေးခွန်းများ ကြိုတင်ပေးသွင်းနိုင်ကြောင်းကိုပါ ဖော်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုရှိ မြန်မာတွေ့ဆုံပွဲများအတွက် ဆက်သွယ်ရေးတာဝန်ခံအဖြစ် ဒေါ်အောင်ဆန်းစုကြည်၏ တာဝန်ပေးအပ်ခြင်းခံထားရသူ ဒေါက်တာဒေါ်နီနီခင်က မိုးမခကို ထပ်လောင်း ပြောကြားရာမှာ …

ထိုးစစ်ဆင် ရှေ့တန်းတပ်များကို သမ္မတ အရေးယူရန် ကချင်များ တောင်းဆို


သမ္မတ၏ ညွှန်ကြားချက်အား မလိုက်နာဘဲ ကချင်ပြည်နယ်တွင် ထိုးစစ်များ ဆင်နွှဲလျက်ရှိသည့် အစိုးရ ရှေ့တန်းတပ်များကို “ထိရောက်စွာ အရေးယူပေးရန်” ကချင်အဖွဲ့အစည်းများက တောင်းဆိုလိုက်ကြသည်။

ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက်သည့် ကချင် အဖွဲ့အစည်း ၁၁ ဖွဲ့၏ ကြေညာချက်တွင် “KIO/KIA တပ်စခန်းများကို ဦးတည်ပြီး ရှေ့တန်းစစ်မျက်နှာတွင် တပ်ရင်းပေါင်း ၈၀ ကျော်တို့၏ မတရား ထိုးစစ်ဆင် တိုက်ခိုက်မှုကြီးများကို ချက်ချင်းရပ်တန့်ပေးရန်” တောင်းဆိုလိုက်သည်။

ထိုးစစ်များ မဆင်နွှဲရန် ၂၀၁၁ ခုနှစ်၊ ဒီဇင်္ဘာလ ၁၀ ရက်နေ့က သမ္မတ ဦးသိန်းစိန်က ညွှန်ကြားထားသော်လည်း ထိုးစစ်များ ပြင်းထန်လာနေကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ကချင် ကျောင်းသား လူငယ်များသမဂ္ဂ (AKSYU) အထွေထွေ အတွင်းရေးမှူး ကိုနော်ဆန့် က ပြောသည်။

“ထိုးစစ်ကတော့ ပိုပိုပြီး ဆင်လာတဲ့ အနေအထားရှိတယ်။ အဲဒါကို သမ္မတအနေနဲ့ ဆောင်ရွက်ပေးဖို့ လိုတယ်။ ညွန်ကြားချက် မလိုက်နာရင် ဘယ်လို လုပ်မလဲ။ ဘယ်လို အရေးယူဆောင်ရွက်သွားမလဲ၊ ဘယ်အတိုင်းအတာ၊ ဘယ်အချိန်ကာလထိ ဒါကို ခွင့်ပြုဦးမှာလဲဆိုတာ စနစ်တကျနဲ့ သေသေချာချာ ထိထိရောက်ရောက် အရေးယူဖို့ လိုလာတာပေါ့” ဟု မဇ္ဈိမကို ပြောသည်။

ကချင် အမျိုးသားအစည်းအရုံး (KNO)၊ ကချင် အမျိုးသမီးအစည်းအရုံး (KWAT)၊ ကချင် သတင်းဌာန (KNG)၊ ကချင် လူမှု ဖွံ့ဖြိုးရေးကွန်ယက် KDNG၊ ကချင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ KEO တို့ အပါအဝင် ကချင် ၁၁ ဖွဲ့တို့ ပူးပေါင်း၍ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

တနေ့ ဆန်အိတ် ၁ သောင်း ဆန်စပါးအသင်း ရောင်းပေးမည်

လက်လီဈေးကွက်မှာ ဆန်ဈေးတက်နေတဲ့အတွက် မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းအသင်းက တနေ့ကို ဆန်အိတ် ၁ သောင်း ရောင်းချပေးသွားမယ်လို့ ဆန်စပါးအသင်းဗဟိုအလုပ် အမှုဆောင် ဒေါက်တာစိုးထွန်း က ပြောပါတယ်။
“ဆန်ဈေးက လက်ရှိအနေအထား အရ ပြည်တွင်းမှာ တက်နေတယ်။ အခုဆိုရင် တချို့နေရာတွေမှာ လက်လီဈေး၊ ဆန်ကြမ်းဈေးဆိုရင် ၁ အိတ်ကို ၁ သောင်းခွဲတို့ ပြောနေကြတယ်။ လူတွေက ရေကြီးတယ်ကြားတော့ ကြောက်လန့်ပြီး စိုးရိမ်ကြတယ်။ ဆန်များရှားမလား၊ စပါးများရှားမလားဆိုပြီး တယောက် ၁ အိတ်ဝယ်စုတဲ့အခါ ပိုပြီး ဈေးတက်လာတယ်။ တက်လာတော့ အခုက ဈေးကွက်ထဲမှာ လက်ရှိစနစ်ကလည်း ဒီမိုကရေစီစနစ်ကိုလည်း သွားနေတဲ့အခါ ဘယ်သူ့မှ သွားပြီး မင်းတို့ဒီဈေးရောင်းပါဆိုပြီး အရင်လိုပြောလို့မရဘူး။ လုပ်ပေးနိုင်သလောက် ရောင်းလိုအား၊ ၀ယ်လိုအားကို ထိန်းညှိပေးနိုင်ဖို့ပဲရှိတာပေါ့။ အခု ကျနော်တို့ဝယ်ထားတဲ့ အရန်ဆန်ကို ဈေးကွက်ကို ထုတ်ရောင်းမှာပေါ့။”
စက်တင်ဘာလဆန်းကစပြီး သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ရောင်းပေးမယ်လို့လည်း ပြောပါတယ်။
ပြီးခဲ့တဲ့လထဲ ဆန်စပါးအသင်းက ဆန်အိတ် ၁ သိန်းရောင်းချပေးရာမှာ ပြဿနာ အနည်းငယ် ရှိတဲ့အတွက် အခုလို လက်လီရောင်းချဖို့ လုပ်ရတဲ့အကြောင်း ဒေါက်တာ စိုးထွန်းက ပြောပါတယ်။
“ပြီးခဲ့တဲ့အခေါက်ရောင်းတုန်းက ပြဿနာ နည်းနည်း ရှိတယ်။ တင်ဒါစနစ်နဲ့ ရောင်းလိုက်တာ ဆိုတော့ အများဆုံး ပေးတဲ့သူကို ရောင်းလိုက်တာ။ အဲဒီတုန်းက လူတယောက်ကို တန်တထောင် (အိတ် ၂၀၀၀၀) လောက် ၀ယ်ခွင့်ရှိတယ်လို့ လုပ်ထားတာ။ တချို့ကလည်း ကုမ္ပဏီတခုမှာ သမ၀ါယမတွေ ခွဲပြီးတော့ ယူတယ်လို့ သတင်းထွက်လာတာရှိတယ်။ တကယ်သုံးစွဲတဲ့သူ လက်ထဲမရောက်ဘဲ ကုမ္ပဏီတခုကနေ လက်ဝါးကြီးအုပ် ယူသွားပါတယ်လို့ ကျနော်တို့ကို လာပြောတဲ့သူတွေရှိတယ်။

အာအက်ဖ်အေရေဒီယို မြန်မာပိုင်းသတင်းဌာန အယ်ဒီတာကျင့်ဝတ်မညီသူတဦးအား အရေးယူခြင်းမရှိ(ပေးစာ)

မိမိလက်အောက်မှာအမှုထမ်းနေ
သူအိမ်ထောင်ရှင်ဝန်ထမ်းအမျိုး
သမီးနှစ်ဦးနှင့်လူမှုရေးဖောက်ပြန်
သည်ဟုသတင်းထွက်ပေါ်နေသည့်
အမေရိကန်နိုင်ငံဝါရှင်တန်အခြေစိုက်
အာအက်ဖ်အေမြန်မာပိုင်း

ဌာန အယ်ဒီတာဦးခင်မောင်စိုးအားသက်ဆိုင်ရာ ကယနေ့အထိအရေးယူမူမရှိသေးကြောင်း
စုံစမ်းသိရှိရသည်။

လွန်ခဲ့သောသတင်းပတ်ကအာအက်အေ၀ိုင်းတော်သူ ဒေါ်ခင်ခင်အိနှင့်အယ်ဒီတာဦးခင်မောင်စိုးတို့၏
တယ်လီဖုံးမှတဆင့် ၎င်းတို့အတွင်းရေးများအချီအချပြောဆိုသည်ဟုယုံကြည်ရလောက်သည့်လှို့ဝှက်
အသံဖိုင်နှစ်ခု ပြင်ပအင်တာနက်မီဒီယာလောကသို့ပေါက် ထွက်လာရာမှအစပြုပြီးအဆိုပါဋ္ဌာနအယ်ဒီတာ
ဦးခင်မောင်စိုးနှင့်ဒေါ်ခင်ခင်အိအပြင်ဒေါ်သင်းသီရိတို့၏လူမှုရေးဖောက်ပြန်မှုများပေါ်ထွက်
လာခြင်းဖြစ်သည်။

အာအက်ဖ်အေနှင့်နီးစပ်သည့်သတင်းရပ်ကွက်၏အဆိုအရ လတ်တလောအချိန်အထိကာယကံရှင်
အယ်ဒီတာနှင့်ဝန်ထမ်း များအပေါ် အရေးယူခြင်းမရှိသေးသော်လည်းဋ္ဌာနတွင်းစုံစမ်းစစ်ဆေးမှုများကိုမူ
ဆောင်ရွက်နေသည်ဟုယူဆရကြောင်းသိရသည်။

အဆိုပါလေ့လာစုံစမ်းမှု၌အာအက်အေ မြန်မာပိုင်းဋ္ဌာနမှမဟုတ်သည့်အထက်လူကြီးများပါဝင်နိုင်သလို၊
ရုံးတွင်းလှို့ဝှက်ချက်များပြင်ပသို့ ပေါက်ကြားခဲ့သည့်ဖြစ်စဉ်ကိုအဓိက ဦးစားပေးစစ်ဆေးနေသည်ဟုယူ
ဆရကြောင်းလည်းအဆိုပါအာအက်အေနှင့် နီးစပ်သည့်သတင်းရပ်ကွက်အဆိုအရသိရသည်။

ယခုကိစ္စနှင့်ပတ်သက်၍၀ါရှင်တန်ဒီစီအခြေစိုက်အာအက်ဖ်အေမြန်မာပိုင်းဌာနသို့ ဆက်သွယ်
မေးမြန်းကြည့်သောအခါထိုဋ္ဌာနမှအမည် မဖော်လိုသည့်အယ်ဒီတာတဦးကယင်းကိစ္စရပ်များနှင့်
ပတ်သက်၍မိမိတို့သတင်းဋ္ဌာနမှမည် သူတဦးတယောက်မှပြောဆိုဖြေကြားခွင့်မရှိကြောင်း၊

သို့သော်အရေးယူစုံစမ်းမှုများလုပ်ကောင်းလုပ်နိုင်ကြောင်း၊မိမိတို့အနေနှင့်ဤကိစ္စတစုံတရာမှမသိရှိသလို၊
ထင်မြင်ချက်လည်းမပေးနိုင်ကြောင်းတုန့်ပြန်ဖြေကြားခဲ့သည်။

လွန်ခဲ့သောသတင်းပတ်ကပြင်ပသို့ပျံ့နှံ့ခဲ့သည့်အသံဖိုင်နှစ်ခုစလုံးတွင်ဒေါ်ခင်ခင်အိ၏အသံတခု
သာကြားရပြီးတဖက်မှအယ်ဒီတာဦးခင်မောင်စိုး၏အသံကိုသဲကွဲစွာမကြားရပါ။

နောင်ချိုမြို့အထွက် စိမ်းလဲ့ကန်သာတွင် ရတနာသိုက်ရှိသည်ဟု သတင်းများပေါ်ထွက်

ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့
အထွက်ရှိ စိမ်းလဲ့ကန်သာယာဉ်ရပ်နား
စခန်းအနီးတွင်   ဒုတိယကမ္ဘာစစ်အတွင်း
က ဂျပန်များမြှပ်နှံခဲ့သည့် ရတနာသိုက်အား

ရှာဖွေတူးဖော်နေသည်ဟု   ဒေသခံများထံက သိရသည်။

 ဒုတိယကမ္ဘာစစ် အတွင်းက ဂျပန်များမြှပ်နှံခဲ့သည့် ရတနာသိုက်ကို မြေပုံအရ ပြီးခဲ့သည့် ဇူလိုင်လကတည်းက စတင်ကာ ဒေသခံလုပ်ငန်းရှင်များက စုပေါင်းတူးဖော်နေခဲ့ခြင်း ဖြစ်သော်လည်း လက်ရှိအချိန်အထိ မတွေ့ ရှိသေးပေ။

 '' တူးတာတော့ပြီးခဲ့တဲ့(၇)လပိုင်းထဲက တူးနေတာ အခုထိတူးနေတာ တွေ့တော့ မတွေ့သေးဘူး မြေပုံလည်း ရှိတယ်ဆိုပြီး အခုထိ ဘာမှ မထူးခြားသေးဘူး''  ဟု  ဟုရတနာသိုက်တူးဖော်ရာနေရာသို့ သွားရောက် ကြည့်ရှုခဲ့သူ ဒေသခံတစ်ဦးက   ပြောသည်။

 အဆိုပါရတနာသိုက်အား နောင်ချိုမြို့မှ လုပ်ငန်းရှင် (၅)ဦးက ဦးဆောင်ကာ အလုပ်သမား(၈)ဦးဝန်းကျင် ငှားရမ်း တူးဖော်နေခြင်းဖြစ်ကြောင်းကိုလည်း ဒေသခံတို့က ဆိုသည်။ အဆိုပါနေရာသို့ မြို့ခံရဲတပ်သား များကလည်း   စောင့်ရှောက်ပေးနေသည်  ဟူ၍လည်း သိရသည်။

""ကလေးစစ်သားရှိကြောင်း မြန်မာ့တပ်မတော်ဝန်ခံပြီ"

ယခုနှစ် ဇွန်လ အတွင်း ကလေးစစ်သား
ပပျောက်ရေး ပူးပေါင်းဆောင်ရွက်မှု
လက်မှတ်ရေးထိုးထားသည့် မြန်မာ့တပ်
မတော်က အသက် ၁၈ နှစ်အောက်


စစ်မှုထမ်းကလေး ၄၂ ယောက်ကို စက်တင်ဘာလ ၃ ရက်နေ့တွင် တပ်မတော်မှ တရားဝင် နုတ်ထွက်ခွင့်ပြုလိုက်ခြင်းသည် ကလေးစစ်သားမြန်မာ့တပ်မတော် တွင်ရှိကြောင်း ၀န်ခံလိုက်
ခြင်းဖြစ်ကြောင်း ယူနီဆက်(မြန်မာ)မှ ဌာနေကိုယ်စားလှယ် မစ္စတာ ရာမက် (ရှ်)ရှရသာ က ပြောကြားသည်။

အဆိုပါစစ်မှုထမ်းကလေး များကို ရန်ကုန်မြို့တော် ဘုရင့်နှောင်လမ်းမပေါ်ရှိ စစ်ကျောရေးနှင့်တည်းခိုရေး ၄၂ တွင် မိဘများထံ တရားဝင်အပ်နှံမည်ဟု ကာကွယ်ရေးဝန်ကြီးဌာနဘက်မှ သိရသော်လည်း နေရာအတိအကျကိုမူ မသိရှိရသေးကြောင်း နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် ရန်ကုန်ရုံး ၏စီမံကိန်း အရာရှိ ဦးချစ်တင်က သြဂုတ်လ ၂၉ ရက်နေ့က The Voice Weekly သို့ပြောသည်။


The voice weekly

ရန်ကုန်လေဆိပ်တွင် သတင်းစာရှင်းလင်းပွဲ လုပ်လိုဟု ဒေါက်တာနိုင်အောင်ဆို


ဒေါက်တာနိုင်အောင်
ရန်ကုန်၊ သြဂုတ် ၃၀

၂၄နှစ်ကြာ မြန်မာနိုင်ငံနှင့် ဝေးကွာနေရာမှ ပထမဆုံးပြန်လာခွင့် ရမည့် ဒေါက်တာနိုင်အောင်က ရန်ကုန်လေဆိပ်တွင်ပင် သတင်းစာရှင်း လင်းပွဲလုပ်ရန် အကျိုးဆောင်များကို ကမ်းလှမ်းထားကြောင်း ၎င်းက The Voice Weekly သို့ပြောကြားသည်။

ဒေါက်တာနိုင်အောင်နှင့် ဦးညိုအုန်းမြင့်နှင့် ဒေါက်တာသောင်းထွန်းတို့ သြဂုတ်လ ၃၁ရက်နေ့ နေ့လည် ၂နာရီခန့်တွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိ မည် ဖြစ်ကြောင်း ဒေါက်တာနိုင်အောင်ကပြောကြားသည်။

ဒေါက်တာနိုင်အောင်မှာ ABSDF (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး) ၏ ဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်သည်။

The Voice Weekly

NED ၏ ၂၀၁၂ ဒီမိုကရေစီဆု ကိုမင်းကိုနိုင်၊ ဦးခွန်ထွန်းဦး အပါအ၀င် မြန်မာနိုင်ငံမှ ဒီမိုကရေစီအရေး လူပ်ရှားသူ (၅) ဦး ကို ချီးမြှင့်


National Endowment for Democracy ( NED) မှ ၂၀၁၂ ခုနှစ်အတွက် ချီးမြှင့်မည့် ဒီမိုကရေစီဆုအား မြန်မာနိုင်ငံမှ ရှစ်ဆယ်ရှစ် မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်၊ ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦးနှင့်  နောက်ထပ် အထင်ကရ ဒီမိုကရေစီ အရေး လူပ်ရှား သူ ၃ ဦးတို့ကို ချီးမြှင့်သွားမည်ဟု သတင်း ရရှိသည်။

(၂၀၀၈ ခုနှစ်က NED က ချီးမြှင့်သောDemocracy  Award)၂၀၁၂ ဒီမိုကရေ စီ ဆု (Democracy Award) ကို ရရှိကြသူများမှာ ရှစ်ဆယ်ရှစ် မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်၊ ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦး၊ ရုပ်ရှင်မင်သား ဦးကျော်သူ၊ မဲဆောက်မြို့ မယ်တော်ဆေးခန်းမှ ဒေါက်တာ စင်သီယာမောင်နှင့် US campaign for Burma မှ ဦးအောင်ဒင်တို့ ဖြစ်ကြသည်။
အဆိုပါ ဆုကို မြန်မာနိုင်ငံ ဒီမိုကရေစီ အရေး လူပ်ရှားမူကို ဂုဏ်ပြုသည့် အနေဖြင့် ပေးအပ်ခြင်း ဖြစ်ပြီး ဆုပေးပွဲကို စက်တင်္ဘာလ ၂၀ နေ့တွင် အမေရိကန်နိုင်ငံ မြို့တော် ၀ါရှင်တန် ဒီစီတွင် ပြုလုပ်သွားမည်ဟု NED ၀က်ဆိုက်စ်တွင် ဖေါ်ပြသည်။

မြန်မာနိုင်ငံသွားမည့် ပြည်ပအဖွဲ့အစည်း ခေါင်းဆောင်အချို့နှင့် မေးမြန်းချက်

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်ပါတီ (အေဘီအက်စ်ဒီအက်ဖ်) ခေါင်းဆောင်ဟောင်းတွေဖြစ်တဲ့ ဦးထွန်းအောင်ကျော် ၊ ဒေါက်တာနိုင်အောင်နဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် အပါအ၀င် ပြည်ပရောက် အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်အချို့ မကြာခင် ရက်ပိုင်း အတွင်း မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။ မြန်မာပြည်ကို နှစ်ပေါင်း ၂၀ ကျော် အတွင်း ပထမဆုံး ပြန်ကြမှာဖြစ်ပြီး အစိုးရက ၁ လဗီဇာ ခွင့်ပြုခဲ့ပါတယ်။
မြန်မာနိုင်ငံ သွားရောက်ရတဲ့ အဓိကရည်ရွယ်ချက်တွေနဲ့ ပတ်သက်ပြီး မေးမြန်းထားပါတယ်။
ဦးထွန်းအောင်ကျော်
ဦးထွန်းအောင်ကျော်
“အဓိက သွားရတဲ့ အရေးကြီးဆုံး ရည်ရွယ်ချက်က ပြည်တွင်းငြိမ်းချမ်းရေး ရအောင် ဘယ်လိုလုပ်မလဲ၊ ဘာလို့လဲဆိုတော့ ပြည်တွင်းငြိမ်းချမ်းရေး မရှိဘဲနဲ့ ဘယ်လောက် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်အောင် လုပ်လုပ် တိုင်းပြည်က မတိုးတက်နိုင်ဘူး။ ပြည်တွင်းစစ်ဆိုတဲ့ နွံထဲကနေ မတက်နိုင်မချင်း ကျနော်တို့က ဒီအတိုင်းပဲ ဒုက္ခရောက်နေမှာပဲ။ ဒါကြောင့် ပြည်တွင်းငြိမ်းချမ်းရေးရအောင် ဘယ်လိုလုပ်မလဲ၊ ဘယ်လိုနည်းလမ်းရှာမလဲ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ကျနော်တို့မိတ်ဆွေတွေ၊ ရဲဘော်ရဲဘက်တွေဖြစ်ခဲ့ကြဖူးတယ်။ အဲလူတွေရဲ့ ခံစားချက်တွေ သိနိုင်နားလည်နိုင်တာ သူတို့နဲ့အတူနေခဲ့တဲ့ ကျနော်တို့ပဲရှိတယ်။ အဲ့ဘက်ပိုင်းတွေမှာ ကျနော်တို့က သူတို့ဘက်အခြမ်း ခံစားချက်တွေကို သိတယ်။ ဒီဘက်အခြမ်းရဲ့ အမြင်တွေကို မေးမယ်။ ညှိလို့ရရင် ညှိပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေးရအောင် ပထမဆုံးအဆင့်အနေနဲ့ လုပ်ချင်တယ်။ အဓိက ရည်ရွယ်ချက်က ဒါပါ။”

ဒေါ်စောမြရာဇာလင်းရဲ့ ပြည်တွင်း ခရီးစဉ် အပေါ် ရတပ ပါတီ အတွင်းရေးမှူးရဲ့ အမြင်

ALP ဗဟို အလုပ်အမူဆောင် ကော်မီတီဝင်လည်းဖြစ် ရခိုင်အမျိုးသမီး အစည်းအရုံး ဥက္ကဌလည်းဖြစ်တဲ့  ဒေါ်စောမြရာဇာလင်း ပြည်တွင်း ခရီးစဉ်နဲ့ ပတ်သက်ပြီး ပြည်တွင်းက ပါတီတွေရဲ့ သဘောထားတွေကို သိရှိနိုင်အောင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက အထွေထွေအတွင်းရေးမှူး ဦးဦးလှစောကို နိရဉ္စရာရဲ့ ရန်ကုန် သတင်းထောက် မင်းခိုင်မိုက်က သွားရောက် မေးမြန်းတဲ့ အခါ သူက အခုလို စပြောပါတယ်။

-       ကျနော်တို့ကတော့  ကြိုဆိုပါတယ်။ ပထမ တစ်ခေါက် ဒုဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင် လာတုန်းကလည်း ကျနော်တို့က ကိုယ့်ရှေ့က တကယ့် အမျိုးသားရေး အတွက်  ရှေ့က အလံကိုင်ပြီး တိုက်ပွဲဝင်နေတဲ့ ရဲဘော်ကြီး တွေ အဖြစ် သဘောထားပြီး  ကျနော်တို့က နွေးနွေး ထွေးထွေး ကြိုဆိုခဲ့ပါတယ်။ နောက်ပြီးတော အယူဆ အမြင် သဘောထားတွေကိုလည်း ဖလှယ်ကြပါတယ်။  တွေ့ဆုံရတဲ့ အတွက်ကြောင့် ကျနော်ထင်ပါတယ်။  ကျနော်တို့အတွက်လည်း အကျိုးရှိပါတယ်။  သူတို့ အတွက်လည်း အကျိုးရှိပါတယ်။ အဓိက ကျနော်တို့ စဉ်းစားနေတာကတော့ ဒီရခိုင်ပြည် လူ့အဖွဲ့ အစည်းကြီးကို ကျနော်တို့ ဂုဏ်သိက္ခာတွေ မြင့်တင်အောင် ဖွံ့ဖြိုး တိုးတက်အောင် ဘယ်လို လုပ်ကြမှာလဲ။  ဘယ်လိုနည်းလမ်းတွေ ရှာကြမလဲ ဆိုတာကို ကျနော်တို့ အမြင်ချင်း ဖလှယ်ကြတာပါ။
မေး – ဆရာတို့ သူတို့နဲ ပြောဖြစ်ခဲ့တဲ့၊ ဆွေးနွေးဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကို ပြည်သူကို  နည်းနည်းလောက် ချပြပေးလို့ ရမလား။
-        ဒေါ်စောမြရာဇာလင်းနဲ့ ကျနော်တို့ကတော့ လူချင်း မတွေ့ဖူးပေမဲ့ ကျနော်တို့ ညီတွေနဲ့၊ ရဲဘော်တွေနဲ့ ရဲဘော် ရဲဖက်တွေ တိုက်ဖေါ် တိုက်ဖက်တွေပါ။ အဲဒီအကြောင်းတွေကို ပထမပိုင်းမှာတော  ကျနော်တို့ ရခိုင်ပြည်မှာ ကျနော်တို့ သူတို့ ဖြတ်သန်းခဲ့ကြတာတွေကို ပြောကြတယ်။ မိတ်ဟောင်း ဆွေဟောင်း တွေလို  ပြောကြတယ်။ ပြီးတော့ သူတို့လာတဲ့ အကြောင်းရင်း၊  နောက်တစ်ခုက ငြိမ်းချမ်းရေးနဲ့  ပတ်သက်ပြီးတော သူတို့ရဲ့ သဘောထား ဘယ်လိုရှိ သလဲ ဒါတွေကို ပြောကြပါတယ်။ ကျနော်တို့ အနေနဲ့လည်း ခုနားက ကျနော်ပြောသလို  ရခိုင်ပြည်လူ့အဖွဲ့အစည်းကြီးကို ဒီလို နိုင်ငံရေး အခြေ အနေထဲမှာ ဘယ်လို ဆက်လက်ပြီး သွားကြမလဲ ဆိုတာကို ကျနော်တို့ ဆွေးနွေး ဖြစ်ကြ ပါတယ်။
မေး- သူတို့က အခု ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ အရေးအခင်းနဲ့ ပတ်သက်ပြီးတော့ သူတို့ အမြင် သဘောထားတွေကို ပြောပြသွားတာတွေ ရှိပါသလား။

ပါစ်ပို့အတုကိုင်ဆောင်ထားသူများအား ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ချာဟာဇာလာလ် အပြည်အပြည်ဆိုင်ရာ လေဆိပ်တွင်ဖမ်းဆီးရမိ


တရားမဝင် ပါစ်ပို့အတုကိုင်ဆောင်ထားသည့် ဘင်္ဂလီလူမျိုး မာဟ်မူးဒါအာက့်တာရ်ပါအဝင် မိသားစုဝင် (၁၆)ဦးအား ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ချာဟာဇာ လာလ် အပြည်အပြည်ဆိုင်ရာ လေဆိပ်တွင် သြဂုတ်လ ၂၉ ရက်နေ့က ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါ မိသားစုသည် လွန်ခဲ့သော (၂)ရက်လောက်က တက္ကနာနယ်စပ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင် ဝင်ရောက်လာပြီး ၊ မာဟ်မူး ဒါအာက့်တာရ် အမျိုးသားဖြစ်သူမှာလည်း လွန်ခဲ့သော (၆)ရက်လောက်ကတည်းက မလေးရှားနိုင်ငံကို ထွက်ခွါသွားကြောင်းသိရသည်။

ဖမ်းဆီးခံ မိသားစုများသည် မြန်မာနိုင်ငံမှဟု ဆိုသော်လည်း ပါ့စ်ပို့တွင် ဘင်္ဂလားဒေ့ခ်ျ မွိုင်မမ်းရှိမ်းအရပ်ကဟုရေသား ထားကြောင်းကို သူမကိုယ်တိုင် ဝန်ခံခဲ့ကြောင်းကို သိရပြီး နောက်ထပ်ဖမ်းဆီးရမိသော သူများမှာလည်း ဘင်္ဂလားဒေ့ခ်ျနိုင်ငံ၏ အနယ်နယ်အရပ်အရပ်မှ လိပ်စာများပါရှိပြီး ပါစ်ပို့(လိုင်ပင်းဖြတ်) အတုများ ကိုင်ဆောင်ထားကြကြောင်း သိရသည်။

ကျနော်တို့ဆီက ငွေတွေအများကြီး ယူပြီးတော့ မလေးရှားကို ပို့ပေးဖို့ အလုပ်ရဖို့ပြောတော့ ပွဲစားကပြောသွားပါတယ်။ ပါစ့်ပို့ အတုအစစ် ဆိုတာကို ကျနော်တို့က မသိပါဘူး။ ပွဲစား(အလုပ်သမားအကျိုးဆောင်)ပဲ လုပ်ပေးတာပါ။ " ဟု စစ်ဆေးခံ ပါ့စ်ပို့အတုကိုင်ဆောင်ထားသူ တစ်ယောက်ကပြောသည်။

ပွဲစား(အလုပ်သမားအကျိုးဆောင်)တွေမှာ အလုပ်သမားများထံမှ တာကာငွေ သိန်းဂဏန်းနှင့် ယူပြီးတော့ ပါစ့်ပို့ကို ကပ်ခွာပိုင်းဖြတ် လုပ်ပေးကြပြီး လေယာဉ်လက်မှတ်ကို အေ့ဂျင့်တွေကတဆင့် ဝယ်ယူပေးကာ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံသား ပွဲစား (၆) ယောက်ကိုပါ လက်ပူးလက်ကြပ် ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။

" ကျနော်တို့က လေယာဉ်ထွက်တဲ့အထိ ပို့ပေးရဖို့တာဝန်ရှိတဲ့အတွက် ပွဲစားတွေကတဆင့် လာပို့ပေးတာပါ။ ကျနော်တို့က ဘာမှမသိပါဘူး။ " ဟု အေ့ဂျင့်တစ်ယောက်ဖြစ်သူက ငြင်းဆိုလိုက်ကြောင်း သိရသည်။

ကချင်ဒုက္ခသည်တွေကို နယ်စပ်ဖွင့်ပေးဖို့ တရုတ်ကို အမေရိကန်တိုက်တွန်း

ကချင်ဒုက္ခသည်များ။
မအေးသန္တာကျော်
29.08.2012
မြန်မာနိုင်ငံ မြောက်ပိုင်းကချင်ပြည်နယ်က စစ်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ကြရတဲ့ အရပ်သား ဒုက္ခသည်တွေကို တရုတ်နိုင်ငံဘက်က လက်ခံအကူအညီပေးဖို့ အမေရိကန်ပြည်ထောင်စုက တရုတ်နိုင်ငံကို တိုက်တွန်းလိုက်ပါတယ်။ ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေးနွေးနေတဲ့ ကြားကပဲ ကချင်ပြည်နယ်အတွင်း တိုက်ခိုက်မှုတွေဆက်ဖြစ်နေတာကြောင့် အရပ်သားတွေ ထွက်ပြေးရာမှာ တရုတ်နိုင်ငံဘက်က သူ့နိုင်ငံတွင်း မ၀င်နိုင်အောင် နယ်စပ်ပိတ်ဆို့ထားတယ်လို့ သတင်းတွေ ဖြစ်နေ တာပါ။ ဒီအကြောင်းကိုတော့ မအေးသန္တာကျော်က တင်ပြပေးထားပါတယ်။

သထုံတွင် PNLO ဆက်ဆံရေး ရုံးဖွင့်ရန် အစိုးရသဘောမတူ

မြန်မာအစိုးရနှင့် တွေ့ဆုံဆွေးနွေးမှုတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်-PNLO မှ သျှမ်းပြည်တောင်ပိုင်းရှိ တောင်ကြီးမြို့၊ မောက်မယ်မြို့၊ ဆီဆိုင်မြို့နှင့် မွန်ပြည်နယ် သထုံမြို့ ၄နေရာ တောင်းဆိုခဲ့ရာ သထုံဆက်ဆံရေး ရုံး ဖွင့်လှစ်မည့်ကိစ္စကို အစိုးရဘက်မှ သဘောမတူခဲ့ကြောင်း PNLO အတွင်းရေးမှူး ခွန်မြင့်ထွန်းက ကေအိုင်စီသို့ ပြောသည်။
“ဆက်ဆံရေးရုံးဆိုတာ သူတို့(အစိုးရ)ဘက်က မြင်တာက စစ်ရေးပဋိပက္ခတွေ အဓိက ဖြေရှင်းဖို့ ဖြစ်တယ်။ ကျနော့် PNLA တပ်တွေက သျှမ်းပြည်တောင်ပိုင်းမှာ ရှိတဲ့အခါကျတော့ သျှမ်းပြည်တောင်ပိုင်းမှာပဲ ဖွင့်လှစ်ဖို့ ဆုံးဖြတ်တာ ဖြစ်ပါတယ်”ဟု သူက ပြောသည်။

အခြေခံဥပဒေ ဆိုင်ရာခုံရုံး အဖွဲ့ကို စစ်ဆေးမည်

လွှတ်တော်များ၌ ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်များသည် ပြည်ထောင်စုအဆင့် မဟုတ်ဟု ဆုံးဖြတ်ခဲ့သော အခြေခံ ဥပဒေ ဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့်အဖွဲ့ကို ပြည်သူ့လွှတ်တော် စုံစမ်းရေးကော်မရှင်က စစ်ဆေးမှုပြုလုပ်တော့မည် ဖြစ်သည်။

ယင်း စုံစမ်းရေးကော်မရှင် အဖွဲ့အား ပြည်သူ့လွှတ်တော် ဒု ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ ဥက္ကဋ္ဌ အဖြစ် ဦးဆောင်ပါဝင်သည့် အဖွဲ့ဝင် ၁၅ ဦး ဖြင့် ယမန်နေ့က ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

အခြေခံဥပဒေ ဆိုင်ရာခုံရုံး ဥက္ကဋ္ဌ နှင့်အဖွဲ့သည် ပေးအပ်ထားသည့် တာဝန်ထမ်း ဆောင်နိုင်မှု မရှိခြင်း၊ ဥပဒေနှင့်အညီ မလုပ် ဆောင်ခြင်း စသည် တို့ကို စုံစမ်း စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။

စုံစမ်း စစ်ဆေးမှုကို အမြန်ဆုံးဆောင်ရွက်မည် ဖြစ်ကြောင်း၊ စစ်ဆေး တွေ့ရှိချက်များကို လွှတ်တော်သို့ တင်ပြ၍ လွှတ်တော်မှ အတည်ပြု ပေးမည် ဖြစ်ပြီး နိုင်ငံတော် သမ္မတ ထံ ဆက်လက်တင်ပြရမည်ဟု စုံစမ်းရေးအဖွဲ့ဝင်တချို့က ဧရာဝတီ ကို ပြောပြ သည်။

“ခုံရုံး အဖွဲ့ရဲ့ လုပ်ဆောင်မှုတွေဟာ ဥပဒေနဲ့ ညီမညီ ဆိုတာပဲ စုံစမ်းရေးအဖွဲ့က စစ်ဆေးရမှာ ဖြစ်တယ်၊ စစ်ဆေးတွေ့ရှိချက်ကို
လွှတ်တော်က အတည်ပြုပြီး သမ္မတကို တင်ပြပြီးရင် ဒီကိစ္စက ပြီးစီးသွားပါပြီ”ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စုံစမ်းရေး အဖွဲ့ဝင် ဦးဘရှိန် က ပြောသည်။

စုံစမ်းစစ်ဆေးချက်အရ ခုံရုံး၏ လုပ်ဆောင်မှုသည် ဥပဒေနှင့် မညီဟု လွှတ်တော်က အတည်ပြု၍ သမ္မတထံ တင်ပြပြီး ပါက သမ္မတ၏ အတည်ပြုချက်ဖြင့် ခုံရုံး ဥက္ကဋ္ဌနှင့်အဖွဲ့သည် နုတ်ထွက် ရမည်ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရီ(ခ)ခင်မောင်ရီ ကလည်း ဧရာဝတီ ကိုပြောသည်။

“သမ္မတဆီကို တင်ပြပြီးတာနဲ့ လွှတ်တော်ရဲ့ အတည်ပြုချက် မှန်ကန်ကြောင်း သမ္မတ က အတည်ပြုပေးရမှာပါ၊ အဲဒါဆိုရင် ခုံရုံး အဖွဲ့က ဥပဒေ အရ နုတ်ထွက်ပြီးသား ဖြစ်သွားပြီပေါ့”ဟု ၎င်းက ဆိုသည်။

Wednesday, August 29, 2012

မွန်ပြည်နယ်သို့ ရောက်ရှိလာသော NLD ခေါင်းဆောင်များကို မွန်ပြည်သစ်ကြိုဆို

 
NMSP_009oopမွန်ပြည်နယ် မော်လမြိုင်မြို့သို့ ရောက်ရှိ လာသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)  ကိုယ်စားလှယ် အဖွဲ့များကို မွန် ပြည်သစ် ပါတီ ခေါင်းဆောင် တချို့က သွားရောက် တွေ့ဆုံ ခဲ့ကြသည်ဟု ဗဟို အလုပ်မှုဆောင် တဦးဖြစ်သူ နိုင်တလညီက ပြောပါသည်။
“(NLD) ဗဟိုညီလာခံ ကျင်းပရေး ကော်မရှင်အဖွဲ့ တွေပါ။ သူတို့ မွန်ပြည်နယ်ကို ရောက်လာတော့ ကျနော်တို့ကို ဖိတ်ကြား တယ်။ ကျနော်တို့လဲ သွားရောက်နှုတ်ဆက် ကြတာပါဘဲ။ တစ်ဖက်နဲ့ တစ်ဖက် ပြန်လှန် မိတ်ဖွဲ့ ကြတဲ့ သဘောပါ” ဟု ဆို ပါသည်။
ဥက္ကဌ ဦးတင်ဦး ခေါင်းဆောင်သော (NLD) ဗဟို ညီလာခံကျင်းပရေး ကော်မရှင် အဖွဲ့ တို့သည် သြဂုတ်လ (၂၅) ရက်နေ့ နံနက် (၅) နာရီချိန်တွင် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ Starnd Hotel သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပါသည်။

မြန်မာ-ဘင်္ဂလားဒေ့ခ်ျ ပတ်စ်ပို့ဖြင့် နယ်စပ် ဖြတ်ကျော် ခရီးသွားလာခွင့် ပြန်လည် ဖွင့်လှစ်

ရခိုင်တွင် ပေါ်ပေါက်ခဲ့သော ဆူပူအကြမ်း ဖက်မှုကြောင့် သုံးလကြာ ပိတ်ထားခဲ့ရသော မြန်မာ-ဘင်္ဂလားဒေ့ခ်ျ နယ်စပ် ပတ်စ်ပို့ဖြင့် နေ့ချင်ပြန် နိုင်ငံ ဖြတ်ကျော်သွားလာခွင့်ကို ယမန်နေ့ သြဂတ်(စ်)လ ၂၈ ရက်နေ့က  ပြန်လည် ဖွင့်လှစ် လိုက်ပြီးဖြစ်ကြောင်း သတင်း ရရှိသည်။
အခြေအနေ တည်ငြိမ်စပြုလာသည့် အတွက် မြန်မာ နစကနှင့် တက်ကနက် အခြေစိုက် ဘီဂျီဘီ အမှတ်(၄၂) တပ်ဖွဲ့တို့မှ ဆွေးနွေး ညှိနှိုင်းချက်အရ နှစ်နိုင်ငံ ပတ်စ်ပို့ဖြင့် သွားလာခွင့် ပြုထားသော နယ်စပ်ဂိတ်ကို ပြန်လည် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
စတင် ဖွင့်လှစ်ခဲ့သည်  နံနက်ပိုင်း ၁၀နာရီမှ စတင်ပြီး ဘင်္ဂလာဒေခ်ျ့ တက်ကနက် မြို့မှနေ မြန်မာနိုင်ငံ မောင်တောသို့  ခရီးသွားသူ ဘင်္ဂလားဒေ့ခ်ျနိုင်ငံသား ၃၆ဦး ရှိခဲ့ပြီး မြန်မာ နိုင်ငံ  မောင်တော ဘက်ကနေ ဘင်္ဂလာဒေခ်ျ့ဘက်သို့  ၀င်ရောက်လာသူ ခရီးသည် ၄၉ဦး ရှိကြောင်း သိရသည်။
အ၀င်အထွက် ပြုလုပ်သူ အားလုံးမှာ နှစ်ဘက်နိုင်ငံက ထုတ်ပေးထားသော ပတ်စ်ပို့များကို အသုံးပြု သွားလာခဲ့ကြသည်ဟု ဆိုသည်။
နှစ်နိုင်ငံ စီးပွားရေးအရ ကူးလူးဆက်သွယ်နေသည့် နယ်စပ်ဂိတ်ကို ကာလာတာရှည်စွာ ပိတ်ထားရသည့် အတွက် ဘင်္ဂလားဒေ့ခ်ျနိုင်ငံ၏ အခွန်ဘဏ္ဍာဝင်ငွေမှာ အကြီးအကျယ် နစ်နာမှုဖြစ်ခဲ့ရဟု သိရသည်။
အလားတူ မြန်မာ စီးပွားရေး လုပ်ငန်းရှင်များ အထူးသဖြင့် ရခိုင်ပြည်ဘက်မှ စီးပွားရေး သမားများ အတွက် အလွန်တရာ ဆုံးရှုံးနစ်မှုရှိခဲ့ပြီး တချို့ စီးပွားရေးသမားများမှာ နာလန်မ ထူနိုင်အောင် အထိ ဖြစ်ခဲ့ရသည်ဟု ဆိုသည်။

အရှေ့တောင် အာရှ ဘော်လီဘော ချန်ပီယံဖ လား မြန်မာပြန်ရ


မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသော ၁၇ ကြိမ်မြောက် အရှေ့တောင်အာရှ လူငယ် ဘော်လီဘော ပြိုင်ပွဲ၏ ဗိုလ်လုပွဲတွင် မြန်မာလူငယ် (က) အသင်းက ထိုင်းအသင်းကို သုံးပွဲပြတ်ဖြင့် အနိုင်ယူကာ ချန်ပီယံဆုဖလားကို ၁၆ နှစ်အတွင်း ပထမဆုံး ပြန်လည်ရယူနိုင်ခဲ့သည်။ 
“မြန်မာဘော်လီဘောအသင်းအနေနဲ့ ဒီပြိုင်ပွဲမှာ မရတာ ၁၆ နှစ်ရှိနေပြီ။ ဒီနှစ် ရလိုက်တာကတော့ အသင်းက လူငယ် တွေရဲ့ ကြိုးစားမှုကြောင့်လို့ ပြောရမယ်။ လာမယ့် SEA Games (အရှေ့တောင်အာရှ အားကစားပွဲ) အတွက် သူတို့ အားရှိ သွားကြတာပေါ့” ဟု မြန်မာနိုင်ငံ ဘော်လီဘော အဖွဲ့ချုပ် အတွင်းရေးမှူး ဦးသိန်းဆွေ က မဇ္ဈိမကိုပြော သည်။
အင်္ဂါနေ့က ယှဉ်ပြိုင်ခဲ့သော အဆိုပါ ဗိုလ်လုပွဲတွင် မြန်မာလူငယ် (က) အသင်းက ထိုင်းအသင်းအား ၂၅-၁၉၊ ၂၅-၁၉၊ ၂၅-၂ဝ ဖြင့် သုံးပွဲပြတ် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ ၁၇ ကြိမ်မြောက် အရှေ့တောင်အာရှ ဘော်လီဘော ပြိုင်ပွဲများကို သြဂုတ်မှ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားရုံ ၁ တွင် ကျင်းပခဲ့ရာ အကောင်းဆုံးဆု ခုနှစ်ဆုတွင်လည်း မြန်မာကစားသမားများက ငါးဆုအထိ ဆွတ်ခူးရရှိခဲ့ကြသည်။ အကောင်းဆုံး အားကစားသမားဆု၊ အမှတ်အများဆုံး ရယူပေးနိုင်သူဆု၊ အကောင်းဆုံး ရိုက်ခုတ် သူဆု၊ အကောင်းဆုံး ပိတ်ဆို့သူဆုနှင့် အကောင်းဆုံး လစ်ဘရိုဆုတို့ကို မြန်မာကစားသမားများက ရရှိခဲ့ပြီး အကောင်းဆုံး စပေးဘောဆုကို ထိုင်းကစားသမားက ရရှိကာ အကောင်းဆုံး တည်ဘောဆုကိုမူ အင်ဒိုနီးရှား ကစားသမားက ဆွတ်ခူးရရှိသွားခဲ့ကြ သည်။
တတိယနေရာအတွက် အင်ဒိုနီးရှားအသင်းက ဗီယက်နမ်အသင်းအား ၂၅-၂၁၊ ၂၅-၂၂၊ ၂၅-၁၅ မှတ်ဖြင့် အနိုင်ရ ရှိသွားခဲ့သည်။ မြန်မာအသင်းအနေဖြင့် အရှေ့တောင်အာရှ လူငယ်ဘော်လီဘောပြိုင်ပွဲ ချန်ပီယံဆုကို ၁၉၉၂၊ ၁၉၉၄ နှင့် ၁၉၉၆ ခုနှစ်များတွင် ဆွတ်ခူးနိုင်ခဲ့သောကြောင့် ယခုအကြိမ်သည် စတုတ္ထမြောက် ဆွတ်ခူးနိုင်ခြင်း ဖြစ်သည်။

တံတားဦးမြို့နယ် စကားအင်း-ဒေါင်းဦးလမ်း မိုင်တိုင်အမှတ်(၃၈၁/၅) မိုင်အနီးရှိ မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာ လမ်းပိုင်းပြိုကျမှုကြောင့် ခရီးသွားဒေသခံအချို့ ယာဉ်တိမ်းမှောက်မှုများ ဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ် စကားအင်း-ဒေါင်းဦးလမ်းမိုင်တိုင် အမှတ်(၃၈၁/၅)မိုင်အနီး ရှိ ကျောက်ဖြူမှ ယူနန်သို့ သွယ်တန်းထားသော ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဖြတ်သန်းရာ လမ်းပိုင်းပြိုကျမှုကြောင့် ခရီးသွားဒေသခံအချို့ ယာဉ်တိမ်းမှောက်မှုများဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာ ရရှိမှုများ ရှိခဲ့ကြောင်း သိရသည်။
ယင်းလမ်းပိုင်းမှာ သြဂုတ်လ ၂၃ ရက်နေ့ ညနေပိုင်းမိုးရွာသွန်းမှုကြောင့် ပိုက်လိုင်းဖြတ်သန်းရာ နေရာတွင် ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ၎င်းလမ်းပိုင်းမှာ ခရိုင်ချင်းဆက်လမ်း ဖြစ်သော ကြောင့် ဒေသခံများအဓိက အားထား အသုံးပြုရသော လမ်းဖြစ်ပြီး လမ်းပိုင်းရုတ်တရက်ပျက်စီးမှုအား မသိရှိသောကြောင့် ပျက်စီးမှု ဖြစ်ပွားသော ပထမနေ့တွင် ကုန်စိမ်းတင်ကားတစ်စီးနှင့် ဆိုင်ကယ် ၄ စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း၊ လမ်းပိုင်းမပြုပြင်မီအချိန်ထိ ယာဉ်တိမ်းမှောက်မှုများ ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း၊  လမ်းပိုင်းပျက်စီးမှုအား သက်ဆိုင်ရာစည်ပင်မှ သြဂုတ်လ၂၇ ရက်နေ့တွင် လာရောက်ပြုပြင်ပေးသွားကြောင်း သိရသည်။

My Blog List