Saturday, January 18, 2014

ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို မဲပေးရေး၊ မပေးရေးကို သီတဂူ ဆရာတော် မိန့်ကြားခြင်းမရှိဟု ထုတ်ပြန်



နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ပတ်သက်၍ ပုဂ္ဂိုလ်ရေးရာ စကားလုံးများကို သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဆရာတော် အရှင်ဉာဏိဿရက မိန့်ကြားခြင်း မရှိကြောင်း မန္တလေးတိုင်းဒေသကြီး သာသနဝံသပါလ (ခေါ်) အမျိုး ဘာသာ သာသနာအဖွဲ့က ထုတ်ပြန် ကြေညာသည်။

(၆)နှစ်သမီး သန်းကြွယ်သဌေးမော်ဒယ်မလေး





Isabella Barrett လို့အမည်ရတဲ့ ၆ နှစ်အရွယ်ကလေးမငယ်လေးဟာ အမေရိကန်မှာ သန်းကြွယ် ချမ်းသာတဲ့မော်ဒယ်မလေး ဖြစ်ပါတယ်။

ကချင်စစ်ဘေးဒုက္ခသည် ကလေးငယ်တွေအတွက် ကျောင်းဆောက်လှူဒါန်း မယ့် ဂုဏ်ရည်အေးကျော်




ကချင်စစ်ဘေးဒုက္ခသည် ကလေးများပညာရေးအတွက် အလှူငွေများ ကောက်ခံပြီး ကျောင်းဆောက်ပေးသွားမည်ဖြစ်ကြောင်း အလှမယ် ဂုဏ်ရည်အေးကျော်ကပြောသည်။


၂ဝ၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံမှ တာဝန်ယူပြီးနောက် ပထမဆုံး ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ၂ဝ၁၅ ခုနှစ်အမီ အာဆီယံ အသိုက်အမြုံ တည်ဆောက်နိုင်ရေး၊ ၂ဝ၁၅ အလွန် ရည်မှန်းချက် ချမှတ်နိုင်ရေးနှင့် ဒေသတွင်း ပြဿနာများ ငြိမ်းချမ်းစွာ ဖြေရှင်းရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။

သမ္မတရဲ့သဘောထား လွှတ်တော်မှာ ရှုံးနိမ့်




အထူးစီးပွားရေးဇုန်တွေ အကောင်အထည်ဖေါ်တာနဲ့ အဆင့်မြှင့်တင်တဲ့ လုပ်ငန်းတွေကို ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက်ရယူရမယ်ဆိုတဲ့ ပြဌာန်းချက်ကို ပယ်ဖျက်ပေးဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်ဆီ ပြင်ဆင်ချက်နဲ့ပေးပို့ခဲ့ရာမှာ လွှတ်တော်က မဲခွဲဆုံးဖြတ်လိုက်တဲ့အတွက် သမ္မတရဲ့သဘောထား ရှုံးနိမ့်ခဲ့ပါတယ်။

စတုတ္ထမဏ္ဍိုင်ကို အာဏာနှင့် မခြိမ်းခြောက်ရန်နှင့် မျှတမှန်ကန်သည့် တရားစီရင်ရေး လုပ်ဆောင်ပေးရန် တောင်းဆို ဆန္ဒထုတ်ဖော်မှု ပန်းတနော်မြို့နယ် ဒေသခံများ ပြုလုပ်



စတုတ္ထမဏ္ဍိုင်ကို အာဏာနှင့် မခြိမ်းခြောက်ရန် မျှတမှန်ကန်သည့် တရားစီရင်ရေး လုပ်ဆောင်ပေးရန် အပါအဝင် ပန်းတနော်မြို့နယ်ရှိ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး မဏ္ဍိုင်များ မျှတမှန်ကန် ကောင်းမွန်စေရန် တောင်းဆိုဆန္ဒ ထုတ်ဖော်မှုကို ပန်းတနော်မြို့နယ် ဒေသခံများက ဇန်နဝါရီ ၁၇ ရက်က ပန်းတနော်မြို့တွင် ပြုလုပ်ခဲ့သည်။

ကျူးကျော်များ ရှင်းပြီးနောက် ပန်းလှိုင်တံတားတွင် လုံခြုံရေး တိုးမြှင့် ချထား




ထောင်နှင့်ချီသော ကျူးကျော် နေအိမ်များကို သက်ဆိုင်ရာ အာဏာပိုင်များက ရှင်းလင်း ဖယ်ရှားပြီးသည့် နောက်တွင် လှိုင်သာယာမြို့နယ်နှင့် တွံတေးမြို့နယ် အကြားရှိ ပန်းလှိုင် မြစ်ကူးတံတားတွင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ တိုးမြှင့်ချထားလျက် ရှိကြောင်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များထံမှ စုံစမ်းသိရှိရသည်။

ရာဟူးလ်ဂန္ဒီ အိန္ဒိယ ဝန်ကြီးချုပ် အဖြစ် အရွေးခံမည်မဟုတ်




အိန္ဒိယနိုင်ငံ နိုင်ငံရေးလောကရဲ့ အထင်ကရ အမျိုးသမီးကြီးက သူမရဲ့သားဖြစ်သူကို လာမယ့် ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် အဖြစ် အမည်စာရင်း တင်သွင်းမှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါ တယ်။အာဏာရ ကွန်ဂရက်အိုင် ပါတီအတွင်း အစည်းဝေးကျင်းပခဲ့ပြီး သဘောတူညီချက် ရရှိခဲ့ပြီးတဲ့ နောက်တနေ့မှာ သူမရဲ့ သားဖြစ်သူ ရာဟူး Rahul ကို ပါတီရဲ့ ဝန်ကြီးချုပ်လောင်းအဖြစ် အမည်တင်သွင်း မှာ မဟုတ်တဲ့အကြောင်း မစ္စဆူနီယာ ဂန္ဒီက သောကြာနေ့မှာ ပြောဆိုလိုက်တာပါ။

လိင်တူဆက်ဆံရေး ကလေးတွေကို ဝါဒမဖြန့်ဖို့ ပူတင်ပြော




ရုရှား သမ္မတ ဗလာဒီမြာ ပူတင်က နောက်လ ဆိုချီမြို့မှာ ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ် အားကစား ပွဲတော်မှာ လိင်တူဆက်ဆံသူတွေ ပါဝင် ဆင်နွှဲဖို့ ကြိုဆိုပေမယ့် သူ့အပြောအရ ကလေးတွေကိုတော့ မနှောက်ယှက်ပါနဲ့ သူတို့ဖာသာ ငြိမ်းငြိမ်းချမ်းချမ်း နေပါစေလို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်က ရဲတပ်ဖွဲ့နဲ့ ရိုဟင်ဂျာ ထိပ်တိုက်ရင်ဆိုင်မှု သတင်း ကန်နဲ့ ကုလစိုးရိမ်



ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ဒီသီတင်းပတ်တွင်း ကင်းလှည့် ရဲတပ်ဖွဲ့တွေနဲ့ ရိုဟင်ဂျာအသိုင်း အ၀ိုင်းအကြား ထိပ်တိုက် ရင်ဆိုင်မှုတွေဖြစ်ခဲ့ပြီး ရိုဟင်ဂျာတွေ အသေအပျောက်ရှိတယ်၊ တချို့ထွက်ပြေး တိမ်းရှောင်ခဲ့ရတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး မြန်မာအာဏာပိုင်တွေက သက်ဆိုင်ရာတာဝန်ရှိသူတွေ၊ နယ်ခံတွေနဲ့ မေးမြန်းပြီး မဟုတ်မှန်တဲ့ အကြောင်း သောကြာနေ့ ကပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့လည်း လုံခြုံရေးတပ်ဖွဲ့တွေက အင်အားသုံး ခဲ့တာဖြစ်ကောင်းဖြစ်နိုင်တဲ့ အတွက် အမေရိကန်ပြည်ထောင်စုက စိုးရိမ်မကင်းဖြစ်ရတယ်လို့ ဆိုပါတယ်။ ဒေါ်ခင်စိုးဝင်းက အပြည့်အစုံ တင်ပြပေးပါမယ်။

ကချင်နဲ့ ရခိုင် ဒုက္ခသည်တွေအတွက် ဒေါ်လာ၅သန်းခွဲ ကုလ ပံ့ပိုးမည်




အထောက်အပံ့တွေ အလုံအလောက်မရဘဲဖြစ်နေတဲ့ ပဋိပက္ခဖြစ်ပွားရာ တိုင်းပြည် ၁၀ ခုအတွက် လူမှုရေး စာနာကူညီတဲ့ အထောက်အပံ့ ဒေါ်လာ ၈၆ သန်း ပေးအပ်သွားမယ့်အကြောင်းနဲ့ ဒီအထဲမှာ မြန်မာနိုင်ငံကို ဒေါ်လာ ၅ သန်းခွဲ ကူညီသွားမှာ ဖြစ်တဲ့အကြောင်း ကုလသမဂ္ဂက မနေ့က ကြေညာလိုက်ပါတယ်။

ထောက်လှမ်းရေး အေဂျင်စီတွေ ဖုန်းခိုးနားထောင်တာကို ထိန်းချုပ်မယ်



အမေရိကန် အမျိုးသား ထောက်လှမ်းရေး အေဂျင်စီတွေရဲ့ အမေရိကန် ပြည်ထောင်စုနဲ့ ကမ္ဘာတလွှားက သန်းရာနဲ့ချီတဲ့ ဖုန်းသုံးစွဲသူတွေရဲ့ ဆက်သွယ်မှုတွေကို ခိုးနားထောင် အချက်အလက် ရယူမှုတွေကို ဟန့်တား ထိန်းချုပ်ဖို့ သမ္မတ အိုဘားမားက အမိန့်ထုတ်လိုက်ပါတယ်။

Friday, January 17, 2014

မလေးရှားတွင် တရားမ၀င်အလုပ်သမားများကို ဇန်န၀ါရီ ၂၁ စဖမ်းမည်


မလေးရှားနိုင်ငံတွင် တရားမ၀င် နိုင်ငံခြားသား အလုပ်သမားများကို မလေးရှားအာဏာပိုင်များ ပါဝင်တဲ့ စစ်ဆင်ရေးအဖွဲ့တွေက ဇန်န၀ါရီ ၂၁ နေ့ စတင်ဖမ်းဆီးတော့မှာ ဖြစ်ပါတယ်။

မလေးရှားအစိုးရက တရားမ၀င် အလုပ်သမားတွေကို တရားဝင်ဖြစ်ရေး 6P အစီအစဉ်လုပ်ဆောင်ပြီးဖြစ်တဲ့အတွက် အခု ဒီစီမံချက်ကို စတင်လုပ်ဆောင်တာလို့ မြန်မာအလုပ်သမား သံအရာရှိ ဦးစိုးဝင်းက ပြောပါတယ်။

ကိုယ်လုပ်ချင်တာ လုပ်ရတာမို့ ပျော်ရတာ ရှိသလို စိတ်ညစ်ရတာလည်း ရှိပါတယ် ရွှေသုန်သုန်

သုန်က ရန်ကုန်မှာ iLBC ကျောင်းတက်တယ်ဆိုတော့ အရမ်း တော့ စိမ်းမနေဘူး။ ရန်ကုန်ကို ခု တစ်ခေါက်က မဂ္ဂဇင်း ဂျာနယ်တွေ အတွက် ဓာတ်ပုံ ရိုက်ပေးဖို့ရယ် ကြော်ငြာတွေ ရိုက်စရာရှိတာ ကြောင့် လာခဲ့တာပါ။ သုန်က လော လောဆယ် ကြော်ငြာတွေ ရိုက်ဖြစ် နေတာပဲရှိတယ်။

မြန်မာပြည်အနှံ့ စက်ဘီးဖြင့် အိပ်ခ်ျအိုင်ဗွီပညာပေးသူ ရှမ်းပြည်ရောက်ရှိ

မြန်မာပြည်အနှံ့ စက်ဘီးစီးပြီး အိပ်ခ်ျအိုင်ဗွီ ခုခံအားကျဆင်းရောဂါနဲ့ ပတ်သက်တဲ့ အသိပညာ၊ အားပေးနှစ် သိမ့်မှုတွေ လိုက်လံ ဆောင်ရွက်နေတဲ့ အိပ်ခ်ျအိုင်ဗွီ ဝေဒနာရှင် မောင်စရကိုဟာ ရှမ်းပြည်တောင်ပိုင်း ဘက်ကို ရောက်ရှိနေပါတယ်။

ထိုင်းအစိုးရဖြုတ်ချရေး ဆန္ဒပြပွဲမှာ ဗုံးကွဲပြီ



အဆိုပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ခြင်းကသာ ပရိသတ် လက်ခံအားပေးမှုကို ပိုရရှိနိုင်တာပါလို့ ဆိုတဲ့ အဆိုတော် မို့မို့လွင်

၂၀၀၈ခုနှစ်ရဲ့ Melody World ပြိုင်ပွဲဝင် အဆိုတော်မို့မို့လွင်ကို သူမရဲ့ လတ်တလော အနုပညာ လှုပ်ရှား မှုတွေနဲ့အတူ ဂီတနဲ့ပတ်သက်ပြီး စိတ်ခံစားချက် အခြေအနေတွေကို မေးမြန်း ဖြစ်ခဲ့တာကတော့ ‘မို့မို့ အခု လတ်တလောမှာတော့ ရန်ကုန်နဲ့နယ်ရှိုးတွေ ဆိုဖြစ်နေပါတယ်။ နောက်ပြီး တီဗီကြော်ငြာနဲ့ရုပ်ရှင်သီချင်းနောက်ခံတွေ ဆိုဖြစ်နေပါတယ်။ 

အာဆီယံ ဥက္ကဋ္ဌကြီး ရပ်တည်ချက် ခိုင်မာနိုင်ပါ့မလား

အာဆီယံ ဥက္ကဋ္ဌ အနေနဲ့ မြန်မာက စတင်တာဝန်ယူတဲ့ ဇန်န၀ါရီလ ၁ ရက်နေ့မှာပဲ တောင်တရုတ် ပင်လယ် နဲ့ ပတ်သက်တဲ့ တရုတ်ရဲ့ ဥပဒေသစ် အသက်ဝင်ပါတယ်။ တရုတ်နိုင်ငံ တောင်ဘက်စွန်း ဟိုင်နန်ခရိုင် အစိုးရက ထုတ်ပြန်လိုက်တဲ့ ဥပဒေသစ်အရ တောင်တရုတ် ပင်လယ်ထဲမှာ တရုတ် အစိုးရခွင့်ပြုချက် မပါဘဲ ငါးဖမ်းရင် ပစ္စည်းသိမ်းမယ်၊ ဒဏ်ငွေ ရိုက်မယ် ဆိုတဲ့ ဥပဒေပါ။

ထိုင်းဆန္ဒပြခေါင်းဆောင် ဆူသက်ကိုဖမ်းရန် အဖွဲ့ ဖွဲ့စည်း

အရွေးကောက်ခံ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ယင်းလပ်အစိုးရ ဖျက်သိမ်းရေး ဘန်ကောက်မြို့ကို ပိတ်ဆို့ ဆန္ဒပြနေသည့် ရှပ်နီ အဖွဲ့ခေါင်းဆောင် ဆူသက်သောင် ဆူဘန်ကို ဖမ်းဆီးရန် ထိုင်းနိုင်ငံ အမျိုးသား ရဲချုပ် အဒူးဆန်စင်ကေး ဦးဆောင်သော အဖွဲ့ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်းThe Nation သတင်းတစ်ရပ် တွင် ဖော်ပြထားသည်။

" ဘန်ကောက်အုပ်ချုပ်ရေးမှူးအိမ် လက်ပစ်ဗုံးနှင့်တိုက်ခိုက် "

ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးမှူး ဆူကမ်ဘန်းပရိဘတ် နေထိုင်ရာ သမိုင်းဝင်ဆူအန်ပကဒ် နန်းတော်ထဲသို့ ကြာသပတေးညက M26 လက်ပစ်ဗုံးတစ်လုံး ပစ်ထည့်ဖောက်ခွဲသွားသော်လည်း တစ်စုံတစ်ဦးမျှ ထိခိုက်ဒဏ်ရာရခြင်းမရှိဟု ဆိုသည်။

Facebook ကြောင့် အိမ်ထောင်ကွဲမှု များလာ


အမေရိကန်နိုင်ငံမှာ ၂၀၁၁ ခုနှစ်ရဲ့ စစ်တမ်းအရ အိမ်ထောင်ကွဲရခြင်းရဲ့  ၃ ပုံပုံ ၁ ပုံသော အကြောင်းအရင်း ဟာ Facebook ကြောင့် ဖြစ်ကြောင်း သိရပါတယ်။

" ချင်းပြည်နယ်အမှတ်အသား ရိဒ်ရေကန်၏ သဘာဝအလှ တည်တံ့ရေး ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူမည် "

ချင်းပြည်နယ်၏အဓိက အထင်ကရ အမှတ်အသားဖြစ်သော ရိဒ်ရေ ကန်၏ သဘာဝအလှတရားများ တည် တံ့ရေးအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုယ်တိုင် ဦးဆောင် လုပ်ပေးမည်ဖြစ်ကြောင်း ၄င်းကိုယ်တိုင် လူထုတွေ့ဆုံပွဲတွင် ကတိပေးလိုက် ကြောင်း မြို့ခံတစ်ဦးထံမှ သိရသည်။

သမ္မတ တက်ရောက်သောမကွေးတိုင်းဒေသကြီးကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့်လူမှုစီးပွားဘ၀မြှင့်တင်ရေး၊ အခန်းအနားတွင် အငြိမ်းစားကျောင်းဆရာမတစ်ဦး ဆန္ဒဖော်ထုတ်မှု ဖြစ်ပွား


ဇန္န၀ါရီလ(၁၆)ရက်နေ့ နံနက်ကမကွေးမြို့ တော်ခန်းမတွင် မကွေးတိုင်းဒေသကြီး ကျေး လက် ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀မြှင့်တင်ရေး အခန်းအနားကျင်းပအပြီး သမ္မတဦးသိန်းစိန် ပြန်အထွက်တွင် အမျိုးသမီးတစ်ဥိး၏ အော်ဟစ်တောင်းဆိုမှုအသံထွက်ပေါ်ခဲ့သည်။

ပန်းတနော်မြို့နယ်တွင် တရားစီရင်ရေးနှင့်ပတ်သက်ပြီး ဆန္ဒပြနေမှု



သမ္မတဦးသိန်းစိန်ကို ဆန္ဒပြတဲ့ မကွေးမြို့ခံ


ကျေးလက် ဆင်းရဲမွဲတေမှု ပပျောက်ရေး လုပ်ငန်းတွေကို လေ့လာကြည့်ရှုဖို့အတွက် မကွေးမြို့ကို သမ္မတ ဦးသိန်းစိန် ဒီကနေ့ သွားရောက်စဉ်မှာ ဒေသခံ ပညာရေးဝန်ထမ်းဟောင်း တစ်ဦးက အော်ဟစ်ဆန္ဒပြ ခဲ့တယ်လို့ သိရပါတယ်။

RFA သတင်းထောက် ကိုဇော်တူးက တင်ပြထားပါတယ်။

RFA Burmese
သိုး၏ သွေးရည်ကြည်မှ ထုတ်လုပ်သော မြွေဆိပ် ဖြေဆေးသည် မြွေပွေး အဆိပ်သင့် လူနာများအား ကုသရာတွင်  ဘေးထွက်ဆိုးကျိုး မရှိကြောင်း သုတေသနပြု တွေ့ရှိရသဖြင့် အမှတ်(၁) ဆေးဝါးစက်ရုံ (ရန်ကုန်)တွင်  ထုတ်လုပ်နေပြီ ဖြစ်ကြောင်း သိရသည်။

ဆန္ဒပြပွဲနဲ့ မိန်းမလှလေးများရဲ့ ဖက်ရှင်


ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဆန္ဒပြပွဲတွေမှာ လှပ ချောမောတဲ့ မိန်းကလေး အလန်းတွေလည်း အတော် များများ ပါဝင် လာတာကို ထိုင်း အွန်လိုင်းစာမျက်နှာတွေမှာ တွေ့ရပါတယ်။

ဒါကိုပဲ နိုင်ငံရေးမှာ အခုလို အလှပဂေးလေးတွေနဲ့ ဆွဲဆောင်မှုတွေဖန်တီးနေတာလားလို့ တချို့ သတင်း သုံးသပ်သူတွေက လည်း ရေးကြတာတွေ့ရပါတယ်။

စင်္ကာပူအနုပညာလောကရဲ့ကြယ်ပွင့်ငယ်လေးဖြစ်တဲ့  Stephanie Koh က  "စင်္ကာပူနိုင်ငံသားဖြစ်ရတာ ဂုဏ်မယူပါဘူး" လို့ ပြောလိုက်တာကြောင့် သူတို့ဆီမှာ ပွဲဆူနေပါပြီ။

သူ့ကို အွန်လိုင်းကနေ ဝေဖန်ပြောဆိုရေးသားတာတွေကို သူက ပြန်တုံ့ပြန်လိုက်တဲ့အတွက် မနေ့က ကြာသပတေးနေ့မှာတော့ ပေါ့ပ်သတင်းစာမျက်နှာတွေမှာ ဒီအကြောင်း ဖော်ပြထားကြပါတယ်။

မြေကဲ့သို့ ခိုင်မာသည့်အပေါင်ပစ္စည်းများဖြင့် အိမ်ဆောက်လုပ်ရန် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်သို့ လာရောက်စုံစမ်းသူ များပြားလျက်ရှိ

ရန်ကုန်မြို့တွင် ဖွင့်လှစ်ခဲ့သည့် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် လုံးချင်းအိမ်၊ ကွန်ဒိုနှင့်တိုက် ခန်း အိမ်ဝယ်ယူလိုသူများ ချေးငွေလိုအပ်ပါက အဆိုပါဘဏ်တွင် ချေးငွေများစတင် ရယူနိုင်ပြီဖြစ် သည့်အတွက် လာရောက်စုံစမ်းသူများပြားလျက် ရှိကြောင်း သိရသည်။

မူးယစ်ဆေးစွဲနေသူများအား ပြည်သူလူထုအခြေပြုသည့် ဆေးကုသမှုလုပ်ငန်းဖြင့် ဆေးဖြတ်ပေးမည်ဖြစ်ပြီး လာရောက်ဆေးဖြတ်သူများအား အရေးယူမည်မဟုတ်

မူးယစ်ဆေးဝါးစွဲနေသူများအား ပြည်သူလူထုအခြေပြုသည့် ဆေးကုသမှုလုပ်ငန်းများဖြင့် ဆေးဖြတ်ပေးမည်ဖြစ်ပြီး ဆေးစွဲနေသည့် လူနာများလာရောက်ဆေးဖြတ်ပါက ဖမ်းဆီးအရေးယူမည်မဟုတ်ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ် နင်းရေး ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

တက္ကသိုလ်၊ ကောလိပ်များနှင့် အခြေခံပညာကျောင်းများတွင် ကျောင်းသူ/ကျောင်းသားများ မူးယစ်ဆေးဝါးသုံးစွဲမှုများကို ရဲတပ်ဖွဲ့က စောင့်ကြည့်


ပြည်တွင်းရှိ တက္ကသိုလ်၊ ကောလိပ်များနှင့် အခြေခံပညာကျောင်းများတွင် တက်ရောက်နေသော ကျောင်းသူ၊ ကျောင်းသားများအား မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ပညာပေးဟောပြောပွဲများကို ဆက်တိုက် ပြုလုပ်နေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲမှူးမြင့်သိန်းက ဇန်န၀ါရီ ၁၅ ရက် နံနက်ပိုင်းတွင် ပြောကြားချက်အရ သိရှိရသည်။

အခြေခံပညာကျောင်းများ၌ စာသင်ချိန်အတွင်း တယ်လီဖုန်း၊အင်တာနက် သုံးကိရိယာ၊ ဂိမ်းစက်စသည့် အီလက်ထရွန်နစ်ပစ္စည်းများကို လွဲမှားစွာ အသုံးမပြုကြစေရန် ကြပ်မတ်လျက်ရှိဟု ပညာရေးဒုတိယ၀န်ကြီး ပြောကြား

အခြေခံပညာကျောင်းများ၌ စာသင်ချိန်အတွင်း တယ်လီဖုန်း၊ အင်တာနက်သုံးကိရိယာ၊ ဂိမ်းစက်စသည့် အီလက်ထရောနစ်ပစ္စည်းကို လွဲမှားစွာအသုံးမပြုကြစေရန် ကြပ်မတ်လျက်ရှိဟု ပညာရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာဇော်မင်းအောင်က ပြောကြားခဲ့သည်။

Thursday, January 16, 2014

၂၁ ရက်နေ့ အဖမ်းဆီးမတိုင်မီ မြန်မာသံရုံးမှကြော်ငြာချက်ထုတ်ပြန် (အထူး)


မလေးရှားသတင်း (၁၆.၁.၂၀၁၄)
မလေးရှားရောက် မြန်မာနိုင်ငံသားများ အထူးသဖြင့် တရားမဝင် နေထိုင်နေသော မြန်မာများအားလုံးအတွက် မလေး ရှားရောက် မြန်မာများfacebook စာမျက်နှာမှာ ယနေ့ည အထူးသတင်း တစ်ပုဒ်အနေဖြင့် တင်ဆက်ပါသည် ။ ယခုသတင်းအား မလေးရှားရောက် သူငယ်ချင်းများအားလုံးသိရှိရန် မကိုးမကားပဲ ဆက်လက်မျှဝေဖို့ မေတ္တာရပ်ခံသည် ။

ဒိုင်လူကြီးလုပ်ရတဲ့ အတွေ့အကြုံကို ဂုဏ်ယူတယ်ဆိုတဲ့ မိုးစက်ဝိုင်

ဇန်န၀ါရီ ၁၄ ရက်က ပြုလုပ်ခဲ့သော “Miss Now How” ရွေးချယ်ပွဲတွင် ပထမဆုံးအကြိမ် ဒိုင်အဖြစ် ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံကို ဂုဏ်ယူကြောင်း အလှမယ် မိုးစက်ဝိုင်က ပြောသည်။ “မိုးစက်အနေနဲ့ ပထမဆုံး ဒိုင်လုပ်တဲ့ အတွေ့ အကြုံက ဂုဏ်ယူဖို့ ကောင်းပါတယ်။ လွန်ခဲ့တဲ့ နှစ်လ၊ သုံးလက ဒီလျှောက်လမ်းပေါ်မှာ မယ်အနေနဲ့ လျှောက်ခဲ့ရာ ကနေ ခုဒိုင်လူကြီးနေရာမှာဆိုတော့ အလှမယ်တွေကို ပိုပြီးနာလည်းပေးနိုင်မယ်ထင်ပါတယ်။ လူကြီးနေရာရောက်တဲ့အခါ ဒိုင်တွေက ဘာကြည့်လဲ၊ ဘာလိုချင်တယ်ဆိုတာ မြင်လာတယ်”ဟု မိုးစက်ဝိုင်ကပြောသည်။

Huawei ၏ Brand Ambassador အဖြစ် ဝတ်မှုံရွှေရည်အားခန့်အပ်



My Blog List