Friday, October 18, 2013

အမျိုးသမီး ဗိုလ်လောင်း ၁၀၀ ခန့် ခေါ်ယူမည်ဟု စစ်ရေးချုပ် ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ပြော

Friday, October 18, 2013


မြန်မာ့တပ်မတော်တွင် တာဝန်ထမ်းဆောင်ရန် ဘွဲ့ရအမျိုးသမီးစစ်ဗိုလ်လောင်း ၁၀၀ ဦးခန့် ခေါ်ယူ သွားမည်ဖြစ်ပြီး ယင်းခေါ်ယူမှုသည်နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံး အကြိမ်ပြန် လည် ခေါ်ယူမှုဖြစ်ကြောင်း တပ်မတော် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး က ပြောသည်။

အမျိုးသမီးဗိုလ်လောင်းများအလိုရှိကြောင်း အောက်တိုဘာလ ၁၆ ရက်နေ့မှစတင်ပြီး နိုင်ငံပိုင်သတင်းစာ များတွင် ခေါ်ယူလျက်ရှိပြီး တက္ကသိုလ်တခုခုမှ ဘွဲ့ရရှိပြီးသူများ၊ မဟာဘွဲ့ရများ၊ ပါရဂူဘွဲ့ ရအမျိုးသမီးများ အနေဖြင့် ဗိုလ်လောင်း လျှောက်ထားနိုင်ကြောင်းဖော်ပြထားသည်။

နိုင်ငံ့ဂုဏ်ဆောင် အလှမယ်တွေ အခေါင်းသယ်ရခြင်း အကြောင်းရင်း

Friday, October 18, 2013

နိုင်ငံ့ဂုဏ်ဆောင် အလှမယ်တွေ အနေနဲ့ နာရေးကူညီမှုအသင်းမှာ ဝင်ရောက်ပြီး ပရဟိတ လုပ်ငန်းတွေ လုပ်ကိုင်နေကြတဲ့ နန်းခင်ဇေယျာနဲ့ ခင်ဝင့်ဝါတို့ကို သာဓုခေါ်သူတွေ ရှိသလိုတချို့က လည်း ပေါ်ပြူလာဖြစ်ချင် လို့လား ဆိုတဲ့ မေးခွန်း ထုတ်နေ သံတွေ ကြားနေရပါတယ်။

အဲဒါနဲ့ ပတ်သက်လို့ နန်းခင်ဇေယျာကတော့ သူတို့ကို ပေါ်ပြူလာ ဖြစ်ချင်လို့ လုပ်တာ လားလို့ မေးတဲ့သူတွေကို သူတို့ ဘယ်လို လုပ်နေသလဲဆိုတာ မြင်စေချင်တယ်လို့ ပြောပါတယ်။ နန်းခင်ဇေယျာက အလှမယ်အဖြစ် တနိုင်ငံလုံးက အသိအမှတ်ပြုပြီး နောက်ပိုင်း နာရေးကူညီမှု အသင်းမှာ တလကို နှစ်ကြိမ် လုပ်အားပေးဖို့ စာရင်းပေးထားတယ်လို့ သိရပါတယ်။

ဖာမိုဆို အထည်ချုပ်စက်ရုံ ဆန္ဒပြ အလုပ်သမား ၇၀၀ ခန့်အား အလုပ်ရှင်က အလုပ်မှထုတ်ပယ်

Friday, October 18, 2013
8.1.1

အလုပ်သမား ခေါင်းဆောင် သုံးဦးအား အကြောင်းမဲ့ အလုပ်ထုတ်ခဲ့ခြင်းကြောင့် ပြန်လည် အလုပ်ခန့်ရန် အတွက် လုပ်ငန်းခွင် မ၀င်ဘဲ တောင်းဆို ဆန္ဒပြနေသည့် ရန်ကုန်မြို့ မင်္ဂလာဒုံ စက်မှုဇုန်ရှိ ဖာမိုဆို (အထည်ချုပ်)စက်ရုံ အလုပ်သမား ၇၀၀ ခန့်အား အလုပ်ရှင်က အောက်တိုဘာ ၁၇ ရက်တွင် အလုပ်မှ ထုတ်ပယ်ခဲ့ကြောင်း ဆန္ဒပြ တောင်းဆိုနေသည့် အလုပ်သမားများထံမှ သိရသည်။

ကော့သောင်း၌ တစ်နေ့ ၄၅၀၀ ရမည်ဟုဆိုကာ ထူကြီးရွာသား ရာနှင့်ချီ လိမ်လည်ခေါ်ဆောင်မှုဖြစ်ပွား

Friday, October 18, 2013

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ထူးကြီးမြို့မှ လူတစ်ရာကျော်အားမြို့ခံပွဲစားအချို့က လိမ် ညာခေါ်ဆောင် ၍ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်ရှိ ထူးထူးတိုး ရာဘာ စိုက်ပျိုးရေးခြံ၌ လက်နက် များဖြင့် ပိတ်ပင်ခိုင်းစေမှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း ထူးကြီးဒေသခံများထံမှ သိရသည်။

မြန်မာ ၃ သိန်းကျော် ခေတ်သစ်ကျေးကျွန် အဖြစ်ရောက်နေ

Friday, October 18, 2013 

ဩစတြေးလျ အခြေစိုက် လွတ်လပ်စွာ လျောက်လှမ်းခွင့် ဖောင်ဒေးရှင်း (Walk Free Foundation) က ထုတ်ပြန်တဲ့ ၂၀၁၃ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ကျေးကျွန်ဆိုင်ရာ အညွှန်းကိန်းမှာ မြန်မာနိုင်ငံက လူ ၃ သိန်း ၈ သောင်းကျော်ဟာ ခေတ်သစ်ကျေးကျွန်အဖြစ် ရောက်ရှိနေတယ်လို့ ရေးသားထားပါတယ်။

လေးနှစ်အရွယ် ကလေးငယ်အား အဓမ္မကြံသူကို အမှုဖွင့်

Friday, October 18, 2013 
လေးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား တစ်လမ်းတည်းနေ အသက် ၂၁ နှစ် အရွယ် အမျိုးသားတစ်ဦးက မုဒိမ်းမှု ကျူးလွန်ရန် ကြံစည်ခဲ့သဖြင့် ကလေးငယ်၏မိခင်က ပြည်မြို့မရဲစခန်းသို့ လာရောက်အမှုဖွင့်ထားကြောင်း သိရသည်။

ရန်ကုန်မြို့၌ ဗုံးဖောက်ခွဲမှုတွင် ဖမ်းဆီးခံထားရသူ စောမြင့်လွင်က ၎င်းသည် KNU နှင့် ဆက်စပ်ကြောင်း ထွက်ဆိုထား

အောက်တိုဘာ ၁၈ ရက် ၂၀၁၃


ပြည်တွင်း၌ ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့် မပေါက်ကွဲသေးသော ဗုံးတွေ့ရှိခဲ့သည့် ဖြစ်စဉ်များ၌ ကျူးလွန်သူမှာ KNU တပ်ဖွဲ့မှ ဖြစ်ကြောင်း ခိုင်လုံသော အထောက်အထားများ ရရှိနေပြီး ကျူးလွန်ခဲ့သူ တစ်ဦးနှင့် ပတ်သက်သူတစ်ဦးကို ဖမ်းဆီး စစ်ဆေးနေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ဒုတိယရဲမှူးကြီး မင်းအောင်က အောက်တိုဘာ ၁၆ ရက် ည ၉ နာရီအချိန်တွင် ပြောကြားသည်။

ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်၍ အဓိက တရားခံများ ထွက်ပြေး တိမ်းရှောင်နေကြောင်း သတင်းထုတ်ပြန်

Friday, October 18, 2013
ရန်ကုန်၊ မန္တလေး၊ တောင်ငူနှင့် စစ်ကိုင်းမြို့ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့် ပတ်သက်၍ စောနေတိုးနှင့် စောထွန်းထွန်းတို့မှာ အဓိကတရားခံ များဖြစ်ပြီး ၎င်းတို့နှစ်ဦးမှာ ထွက်ပြေး တိမ်းရှောင်နေကြောင်း အစိုးရပိုင် မြန်မာ့ရုပ်မြင်သံကြား၏ အောက်တိုဘာ ၁၇ ရက် ညပိုင်း သတင်းများတွင် ထုတ်ပြန် ကြေညာခဲ့သည်။ ယင်းသို့ ထုတ်ပြန်ကြေညာရာတွင် ''ရန်ကုန်၊ မန္တလေး၊ တောင်ငူ၊ စစ်ကိုင်းပေါက်ကွဲမှုဖြစ်စဉ်များနှင့် ပတ်သက်၍ စောနေတိုးနှင့် စောထွန်းထွန်းတို့မှာ အဓိကတရားခံများဖြစ်ပြီး ထွက်ပြေး တိမ်းရှောင်လျက် ရှိနေကြကြောင်း၊ အဆိုပါ အကြမ်းဖက် ဖောက်ခွဲရေးသမား တရားခံများနှင့် ပတ်သက်၍ လှုပ်ရှားမှု သတင်းများ ရရှိပါက သက်ဆိုင်ရာ ရဲတပ်ဖွဲ့သို့ ပြည်သူလုထု တစ်ရပ်လုံးမှ ၀ိုင်းဝန်းကူညီသောအားဖြင့် သတင်းပို့ကြပါရန် မေတ္တာရပ်ခံ အပ်ပါ တယ်'' ဟု ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်၊ မန္တလေး၊ တောင်ငူ၊ စစ်ကိုင်း ပေါက်ကွဲမှု ဖြစ်စဉ်များအနက် ရန်ကုန်မြို့ တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့် မပေါက်ကွဲသေးဘဲ တွေ့ရှိခဲ့သည့် ဖြစ်စဉ်များမှ ကျူးလွန်သူကို အောက်တိုဘာ ၁၅ ရက်တွင် မွန်ပြည်နယ် ဖာပွန်ကားလမ်းတွင် ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ၎င်းမှာ စောမြင့်လွင် ဖြစ်ကြောင်းနှင့် ကရင်လူမျိုး KNU တပ်ဖွဲ့ဝင်တစ်ဦး ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ သတင်းထုတ်ပြန်ခဲ့ပြီးကနဦး စစ်ဆေးချက်အရ ၎င်းကို ငွေကြေးပေး ကာ ခိုင်းစေခြင်းကြောင့် လုပ်ဆောင်ရခြင်း ဖြစ်သည်ဟု ထွက်ဆိုထားသည်။

Thursday, October 17, 2013

သေနတ်ပစ်ပြိုင်ပွဲ ကျင်းပမည့် မြောက်ဒဂုံ သေနတ်ပစ်ကွင်း လုံခြုံမှု မရှိဟုဆို

Thursday, October 17, 2013
(၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် ပါဝင်သည့် အားကစားနည်း ၃၃ မျိုးအနက် သေနတ်ပစ်ပြိုင်ပွဲ ကျင်းပမည့် ရန်ကုန်မြို့ရှိ ဒဂုံမြို့သစ်မြောက်ပိုင်း သေနတ်ပစ်ကွင်းမှာ လုံခြုံမှု မရှိကြောင်း စက်တင်ဘာလ ၁၅ရက်နေ့က သုဝဏ္ဏ အားကစားရုံတွင် ပြုလုပ်သည့် အားကစားပြိုင်ပွဲ ကျင်းပရေး အစည်းအဝေးတွင် မြန်မာနိုင်ငံ သေနတ်ပစ် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးထက်ညီက ပြောကြားသည်။
ပြိုင်ပွဲကျင်းပမည့် သေနတ်ပစ်ကွင်းသည် လူခြေပြတ်သည့် မြို့ပြင်တွင် ရှိပြီး ဘေးပတ်လည်တွင် လယ်ကွင်းများသာရှိကာ ကာရံထားသည့် သံဆူးကြိုးများမှာလည်း အချို့နေရာများတွင် ပျက်စီးလျက်ကြောင်း ၎င်းကပြောဆိုသည်။ ယင်းအပြင် ပြိုင်ပွဲတွင် အသုံးပြုရန် တရုတ်နိုင်ငံမှ မှာယူထားသည့် စက်ပစ္စည်းများနှင့် ပြိုင်ပွဲသုံး အထောက်အကူပြု ပစ္စည်းများ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ လက်ရှိအချိန်၌ လုံခြုံရေး တာဝန်ယူထားသည့် ရဲဝန်ထမ်းနှစ်ဦးသာ ရှိကြောင်း ၎င်းကရှင်းပြသည်။
“မြောက်ဒဂုံဘက်မှာ ခိုးမှုတွေများတယ်။ အဝတ်အစားရ အဝတ်အစားခိုးတယ်။ မရရင်တွေ့ရာ ယူသွားတတ်ကြတယ်” ဟု ၎င်းကဆိုသည်။

ရွာသားပခုံးပေါ်ခွစီးပြီး ရေလွှမ်းမိုးရာဒေသသို့သွားခဲ့သော တရုတ်အရာရှိ အလုပ်ဖြုတ်ခံရ

တရုတ်ပြည်ရေလွှမ်းမိုးရာ နေရာဖြစ်သော Zhejiang ပြည် နယ်သို့ သွားရောက်လေ့လာသော တရုတ်နိုင်ငံသားအရာရှိတစ်ဦး သည် ရွာသားများ၏ ပခုံးပေါ် ခွစီးပြီး လှည့်လည်ကြည့်ရှုနေသည့် ဓာတ်ပုံများ အွန်လိုင်းတွင်ပေါ် ထွက်လာသဖြင့် ပြည်သူများဒေါ သထွက်ခဲ့ကြရကြောင်း အောက် တိုဘာ၁၄ရက် မီဒီယာသတင်း များတွင် ဖော်ပြခဲ့သည်။ အဆိုပါဓာတ်ပုံများသည် တိုင်ဖွန်းဖီတို တိုက်ခတ်ပြီးချိန်က Sina Weibo ဝက်ဘ်ဆိုက်တွင် ပေါ်ထွက်လာခဲ့ခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်းဌာန သတင်းများ အရ သိရသည်။ အဆိုပါအရာရှိသည် တန် ဖိုးကြီးဖိနပ်စီးထားသဖြင့် ရွာသား များပခုံးတွင် ခွစီးလာခြင်းဖြစ် ကြောင်းလည်း သတင်းများအရ သိရသည်။
၎င်းသည် Sanqishi မြို့နယ် အနီးရှိ ဆောက်လုပ်ရေးရုံးခန်း ၏ ဒါရိုက်တာတစ်ဦးဖြစ်ပြီး ထို အဖြစ်အပျက်ဖြစ်ပွားပြီးနောက် ဒေ သဆိုင်ရာအစိုးရအဖွဲ့က ၎င်း ကို ရာထူးမှရပ်နားလိုက်သည်ဟု ဆင်ဟွာသတင်းအရ သိရသည်။

ပွင့်လင်းရာသီ ရောက်သော်လည်း အိမ်၊ ခြံ၊ မြေ ဈေးကွက် အရောင်းအဝယ်အေး

Thursday, October 17, 2013
ရန်ကုန်မြို့တွင်း မြို့ပြင် အိမ်၊ ခြံ၊ မြေ စံနှုန်း သတ်မှတ်ချက်များကြောင့် စက်တင်ဘာလ နောက်ဆုံးပတ်မှ စ၍ အရောင်းအဝယ် အေးစက်လျက် ရှိသော အိမ်၊ ခြံ၊ မြေ ဈေးကွက်မှာ ပွင့်လင်းရာသီ ရောက်လာသော် လည်း အရောင်းအဝယ် အေးနေကြောင်း အဆိုပါ ဈေးကွက်အတွင်းမှ သိရသည်။“အရောင်းအဝယ် မဖြစ်သေးဘူး။ အချို့နေရာတွေကတော့ နည်းနည်း အရောင်းအဝယ် ဖြစ်တယ်” ဟု အိမ်ကမ္ဘာ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းရှင် ဦးနေမျိုးအောင်က ပြောဆိုသည်။ မရမ်းကုန်း၊ အင်းစိန်နှင့် မင်္ဂလာဒုံ မြို့နယ်တို့တွင်မူ စက်တင်ဘာလ နောက်ဆုံးပတ်ကထက် အရောင်းအဝယ် အနည်းငယ် တက်လာကြောင်း အဆိုပါ မြို့နယ် အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်းမှ သိရသည်။ အဆိုပါ နေရာများမှာ စီမံကိန်း နေရာများနှင့် လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်မှုများကြောင့် ဖြစ်ပြီး မရမ်းကုန်းမြို့နယ်တွင် အဝယ်ရှိသော်လည်း အရောင်းမရှိ ဖြစ်နေကြောင်း ဦးနေမျိုးအောင်က ပြောကြားသည်။

ဒေါ်လာဈေးငြိမ်ပြီး ပြင်ပငွေလဲလှယ်ရေး လုပ်ငန်းများ အရောင်းအဝယ်ဖြစ်

Thursday, October 17, 2013
အမေရိကန်ဒေါ်လာလဲလှယ်နှုန်းတည်ငြိမ်နေပြီး ပြင်ပငွေလဲဈေးကွက်အတွင်းလုပ်ငန်း လည်ပတ်မှု ကောင်း မွန်ကာအရောင်းအဝယ်ကောင်းမွန်နေကြောင်း ပြင်ပငွေလဲ ဈေးကွက်အတွင်းမှ သိရသည်။ ဗဟိုဘဏ် အဖွဲ့သစ်တက်ရောက်လာပြီးကတည်းက ငွေလဲလှယ်နှုန်းတည်ငြိမ်နေသည့်အတွက် စီးပွားရေး လုပ်ငန်းရှင် များလုပ်ငန်းလုပ်ကိုင်ရာတွင် အဆင်ပြေပြီး ဆက်လက်တည်ငြိမ် နေဦးမည်ဟု ယူဆကြောင်း ငွေလဲကောင် တာ ဖွင့်လှစ်ထားသူ လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ပုဂ္ဂလိက ငွေလဲကောင်တာ များ၏ ပေါက်ဈေးမှာ အမေရိကန် တစ်ဒေါ်လာလျှင် ဝယ်ဈေး၉၇၀ ကျပ်၊ ရောင်းဈေး ၉၇၈ ကျပ်ဖြစ်ပြီး ပြင်ပပေါက်ဈေးမှာ အမေရိကန်တစ် ဒေါ်လာလျှင် ဝယ်ဈေး ၉၇၂ ကျပ်၊ ရောင်းဈေး ၉၇၄ ကျပ် ဖြစ်ကြောင်း ငွေကြေးဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။
Photo: ဒေါ်လာဈေးငြိမ်ပြီး ပြင်ပငွေလဲလှယ်ရေး လုပ်ငန်းများ အရောင်းအဝယ်ဖြစ်
Thursday, October 17, 2013

အမေရိကန်ဒေါ်လာ လဲလှယ်နှုန်း တည်ငြိမ်နေပြီး ပြင်ပငွေလဲ ဈေးကွက် အတွင်း လုပ်ငန်း လည်ပတ်မှု ကောင်းမွန်ကာ အရောင်းအဝယ် ကောင်းမွန်နေကြောင်း ပြင်ပငွေလဲ ဈေးကွက်အတွင်းမှ သိရသည်။

ဗဟိုဘဏ်အဖွဲ့သစ် တက်ရောက်လာပြီး ကတည်းက ငွေလဲလှယ်နှုန်း တည်ငြိမ်နေသည့်အတွက် စီးပွားရေး လုပ်ငန်းရှင်များ လုပ်ငန်း လုပ်ကိုင်ရာတွင် အဆင်ပြေပြီး ဆက်လက်တည်ငြိမ် နေဦးမည်ဟု ယူဆကြောင်း ငွေလဲကောင်တာ ဖွင့်လှစ်ထားသူ လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

အောက်တိုဘာလ ၁၅ ရက်နေ့တွင် ပုဂ္ဂလိက ငွေလဲကောင်တာ များ၏ ပေါက်ဈေးမှာ အမေရိကန် တစ်ဒေါ်လာလျှင် ဝယ်ဈေး ၉၇၀ ကျပ်၊ ရောင်းဈေး ၉၇၈ ကျပ်ဖြစ်ပြီး ပြင်ပပေါက်ဈေးမှာ အမေရိကန်တစ် ဒေါ်လာလျှင် ဝယ်ဈေး ၉၇၂ ကျပ်၊ ရောင်းဈေး ၉၇၄ ကျပ် ဖြစ်ကြောင်း ငွေကြေးဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။

The Voice Weekly
 The Voice Weekly

Tuesday, October 15, 2013

ပေါက်ကွဲမှုများတွင် သံသယရှိသူများအား ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် ၂၄ နာရီအတွင်း ဖော်ထုတ်ရရှိ

Tuesday, October 15, 2013
နိုင်ငံတော်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ပျက်ပြားစေရန် ရည်ရွယ်ပြီး ယခုရက်ပိုင်းအတွင်း တိုင်းဒေသကြီးအချို့တွင် မသမာသူများက ဖောက်ခွဲမှုများအား လုပ်ဆောင်ခဲ့ကြ သည်။ အထူးသဖြင့် ပြည်သူများ ထိတ်လန့်မှု၊ စိုးရိမ်ကြောင့်ကျမှုများ ဖြစ်ပေါ်စေပြီး နိုင်ငံ တည်ငြိမ်အေး ချမ်းမှုကို ထိခိုက်ပျက်ပြားစေရန် ဦးတည်ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရသည်။ ရန်ကုန်တိုင်းဒေ သကြီး စော်ဘွားကြီးကုန်း၊ အဝေးပြေးကားဝင်းရှေ့ ကားမှတ်တိုင်ရှိ ခရီးသည်နားနေဆောင် ပေါက်ကွဲမှု၊ သာကေတမြို့နယ် အခွန်လွတ်ဈေး ခြံစည်းရိုးအနီး ပေါက်ကွဲမှု၊ အလုံမြို့နယ် ကမ်းနားလမ်းရှိ Western Park II စားသောက်ဆိုင် စားပွဲခုံအောက်တွင် ကြွပ်ကြွပ်အိပ်ဖြင့် ထုပ်ထားသည့်မိုင်း တွေ့ သည့်ဖြစ်စဉ်နှ င့် ကျောက် တံတားမြို့နယ် ကုန်သည်ကြီးများဟိုတယ်၊ အခန်းအမှတ် ၉၂၁ တွင် ပေါက်ကွဲမှုဖြစ်စဉ် များ ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုဖြစ်စဉ်များတွင် သံသယရှိသူ စောမြင့်လွင် (ခ) မောထ ဆိုသူအား ဖြစ်စဉ်ဖြစ် ပွားပြီး ၂၄ နာရီအတွင်း ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။ ထို့အပြင် ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့မှ ဖြူးမြို့သို့ ထွက်ခွာလာသည့် ဇေယျာဟိန်း ယာဉ်လိုင်းပေါ်တွင် ကြွပ်ကြွပ်အိပ်ဖြင့် ထုပ်ထားသည့်မိုင်း တွေ့သည့်ဖြစ်စဉ်နှင့် တောင်ငူမြို့ ချမ်းမြေ့ တည်းခိုခန်းအပေါ်ထပ် အခန်းအမှတ် ၆ တွင် ပေါက်ကွဲမှုဖြစ်စဉ်တို့ တွင် ပြစ်မှုကျူးလွန်သူဟု ယူဆရသူမှာ စောစောထွန်းဆိုသူဖြစ်ကြောင်း ဖော်ထုတ်ရရှိပြီး ၄င်းအား ဖမ်းဆီးရမိရေးအ တွက် ပြည်သူ လူထုနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ အလားတူ မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၁၆ လမ်းနှင့် လမ်း ၈၀ ထောင့် စားသောက်ဆိုင်တစ်ဆိုင် မိုင်းတွေ့သည့်ဖြစ်စဉ်၊ ရွှေပြည့်စုံတည်းခိုခန်း စားသောက် ခန်း ပေါက်ကွဲမှုနှင့် ဆွမ်းဦးပုညရှင်စေတီ ယာဉ်ရပ်နားနေရာ ပေါက်ကွဲမှု ဖြစ်စဉ်တို့အတွက် တရားခံ များ ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် တရားဥပဒေစိုးမိုးရေးအဖွဲ့များက ပြည်သူလူထုနှင့် ပူးပေါင်းဖော် ထုတ် ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

အပစ်အခတ်ရပ် ဘုံသဘော တူညီချက် ရယူရန် တိုင်းရင်းသားထိပ်သီး ညီလာခံ လိုင်ဇာ၌ အောက်တိုဘာ ၂၈ ရက်တွင် ပြုလုပ်မည်

Tuesday, October 15, 2013
Photo: အပစ်အခတ်ရပ် ဘုံသဘော တူညီချက် ရယူရန် တိုင်းရင်းသားထိပ်သီး ညီလာခံ လိုင်ဇာ၌ အောက်တိုဘာ ၂၈ ရက်တွင် ပြုလုပ်မည်
Tuesday, October 15, 2013

ရန်ကုန် ၊ အောက်တိုဘာ ၁၄ ။  ။တစ် ပြည်လုံးအပစ်အခတ်ရပ်စဲရေးအ တွက် ဘုံသဘောတူညီချက်ရယူ ရန်အတွက် တိုင်းရင်းသားထိပ်သီး ညီလာခံအား KIO/KIA ဌာနချုပ် လိုင်ဇာမြို့တွင် အောက်တိုဘာ ၂၈ရက်မှ ၃ဝရက်နေ့ အထိပြုလုပ် မည်ဖြစ်ကြောင်း ပအို့ဝ်အမျိုး သားလွတ်မြောက်ရေးတပ်ဖွဲ့ PNLO မှ အထွေထွေအတွင်းရေး မှူးဗိုလ်မှူးကြီးအောင်ကျော် ကပြောသည်။ အောက်တိုဘာ ၈ရက်မှ ၁ဝရက်နေ့ အထိ မြစ်ကြီးနားမြို့ တွင်ပြုလုပ်ခဲ့သည့် အစိုးရနှင့် KIO ငြိမ်းချမ်းရေးဆွေးနွေးပွဲ တွင် KIO မှတောင်းဆိုသည့် အပစ်အခတ်ရပ်စဲရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များညီလာခံကျင်း ပရန်အတွက် အစိုးရနှင့် သဘော တူညီမှုများရရှိခဲ့ပြီးနောက် ယင်း အချိန်ဇယား ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ယင်းညီလာခံအပြီး ဆွေး နွေးရရှိချက်များအား နိုဝင်ဘာ ၁ရက်မှ ၃ရက်နေ့အထိ မြစ်ကြီး နားမြို့တွင် လူထုအားချပြပွဲ ကျင်း ပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ PNLO မှ ဗိုလ်မှူးကြီး အောင်ကျော်က''တစ်ပြည်လုံးအ ပစ်အခတ် ရပ်စဲရေး အတွက် အ စိုးရဘက်က ပြောတဲ့အချက်တွေ ထဲက ဘာတွေကို သဘောတူညီ မယ်။ သဘောမတူညီဘူးဆိုတာ တွေကို ဆွေးနွေးမယ်။ တော်လှန် ရေးအင်အားစုတွေရဲ့ သဘောထား ကိုထုတ်ပြန်မယ်''ဟုပြောသည်။ အစိုးရနှင့် အပစ် အခတ်ရပ် စဲထားသည့်လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် အပစ်ရပ်လက် မှတ်ထိုးထားသော်လည်း တိုက် ပွဲများ ဆက်လက်ဖြစ်ပွားနေ မည်ဆိုပါက လက်မှတ်မရေးထိုး နိုင်ကြောင်း ဆက်လက်ပြောဆို သည်။ ''အစိုးရဘက်က သဘော ထား မှန်မှန်နဲ့ အလုပ်လုပ်ဖို့လို တယ်''ဟု ယင်းကဆက်လက် ပြောဆိုသည်။

ယင်းသို့ ညီလာခံကျင်းပ ပါက လေ့လာသူအဖြစ်ဖိတ်ကြား ပါက တက်ရောက်မည်ဖြစ်ကြောင်း ကေအိုင်အိုနှင့်ဆွေးနွေးပွဲအပြီး အောက်တိုဘာ ၁ဝရက် သတင်း စာရှင်းလင်းပွဲတွင် ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက သတင်း မီဒီယာများ အား ပြော ဆိုသည်။ ယင်းနှင့်ပတ်သက်၍ ဗိုလ် မှူးကြီးအောင်ကျော်က''ဦးအောင် မင်းကိုတော့ ဖိတ်ဖြစ်မယ်မထင် ဘူး။ ဒီပွဲကတိုင်းရင်းသားလက် နက်ကိုင်တွေပဲ လုပ်မယ့်ပွဲဆိုတော့ တိုင်းရင်းသားအင်အားစုတွေပဲ ပါမယ်။ တခြားနိုင်ငံ ရေးအင် အား စုတွေပါမှာမဟုတ်ဘူး။ ဒီပွဲကိုကေ အိုင်အေဘက်က စီစဉ်မှာဆိုတော့ ဖိတ် မဖိတ်တော့ မပြောတတ် ဘူး''ဟုပြောဆိုသည်။ 
ရှမ်းပြည် မြောက် ပိုင်းတပ် မတော် (SSPP/SSA) မှပြော  ရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလှ က တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ အစည်းအဝေး မှ ဘုံသဘောတူညီသည့်ရရှိချက် များအား အစိုးရထံသို့ အကြောင်း ပြန်သွား မည်ဖြစ် ကြောင်း ပြောဆို သည်။

ဗိုလ်မှူးစိုင်းလှက ''အလုံး စုံအပစ်အခတ်ရပ်စဲရေးအတွက် တိုင်းရင်းသားခေါင်းဆောင်တွေ တွေ့ပြီး လက်မှတ်ထိုးဖို့အချက် အလက်တွေကို ညှိနှိုင်းကြမယ်။ အစိုးရဘက်က အချက်အလက် တွေကတော့ KIO ကိုပို့ထားတယ် ပြောတယ်။ ကျွန်တော် တို့ မသိ ရသေးဘူး''ဟုပြောသည်။ ယင်းဆွေးနွေးပွဲတွင် တိုင်း ရင်းသားလက်နက်ကိုင်ခေါင်း ဆောင်များအပြင် တပ်ပိုင်းဆိုင်  ရာကိစ္စရပ်များဆွေးနွေးရန် အ တွက် တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့များမှ တပ်ပိုင်းဆိုင် ရာ ထိပ်တန်း အရာရှိများတစ်ဦးစီ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၁ဝရက်က အစိုးရနှင့် ကေအိုင်အိုတို့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့စဉ်။ ဓာတ်ပုံ - သတင်းစဉ်
လင်းအောင်
The Yangon Times 
တစ် ပြည်လုံးအပစ်အခတ်ရပ်စဲရေးအ တွက် ဘုံသဘောတူညီချက်ရယူ ရန်အတွက် တိုင်းရင်းသားထိပ်သီး ညီလာခံအား KIO/KIA ဌာနချုပ် လိုင်ဇာမြို့တွင် အောက်တိုဘာ ၂၈ရက်မှ ၃ဝရက်နေ့ အထိပြုလုပ် မည်ဖြစ်ကြောင်း ပအို့ဝ်အမျိုး သားလွတ်မြောက်ရေးတပ်ဖွဲ့ PNLO မှ အထွေထွေအတွင်းရေးမှူးဗိုလ်မှူး ကြီးအောင်ကျော် ကပြောသည်။ အောက်တိုဘာ ၈ရက်မှ ၁ဝရက်နေ့ အထိ မြစ်ကြီးနားမြို့ တွင်ပြုလုပ်ခဲ့ သည့် အစိုးရနှင့် KIO ငြိမ်းချမ်းရေးဆွေးနွေးပွဲ တွင် KIO မှတောင်းဆိုသည့် အပစ်အခတ်ရပ်စဲရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များညီလာခံကျင်း ပရန်အတွက် အစိုးရနှင့် သဘော တူညီမှုများရရှိခဲ့ပြီးနောက် ယင်း အချိန်ဇယား ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ဗုံးတွေ့ရှိမှုများမှာ သံတွဲဖမ်းဆီးခံရမှုများနှင့် သက်ဆိုင်ခြင်းမရှိဟု ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ပြော

Tuesday, October 15, 2013
ရန်ကုန်တွင် ဗုံးပေါက်ကွဲမှုများနှင့် ဗုံးတွေ့ရှိမှုများသည် သံတွဲတွင်ဖြစ်ပွားနေသည့် ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီဝင်များ ဖမ်းဆီးခံရမှုနှင့် သက်ဆိုင်ခြင်းမရှိဟု ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က အောက်တိုဘာ ၁၄ ရက်တွင် ရန်ကုန်မြို့ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်ရှိ ရခိုင်ဓမ္မာရုံတွင် ပြောကြားလိုက်သည်။
၎င်းင်းက ယင်းသို့ပြောကြားခြင်းမှာ အင်တာနက်စာမျက်နှာများတွင် ရန်ကုန်၌ ဖြစ်ပွားနေသည့် ဗုံးပေါက်ကွဲမှုနှင့် ဗုံးတွေ့ ရှိမှုများသည် သံတွဲပဋိပက္ခတွင် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ (RNDP) မှ ပါတီဝင်များကို ဖမ်းဆီးထားသဖြင့် ရခိုင်တပ်မတော်(ALP)က ထိုကဲ့သို့လုပ်ဆောင်သည်ဟူသော ကောလာဟလများလည်း ထွက်ပေါ်ခဲ့သောကြောင့်ဖြစ်ပြီး ယင်းမှာ လုံးဝသက်ဆိုင်ခြင်း မရှိဟု ဆိုလိုက်ခြင်း ဖြစ်သည်။

လင်းလင်း၏ တစ်ကိုယ်တော် ဖျော်ဖြေပွဲ အောက်တိုဘာ ၂၆ တွင် ပြုလုပ်မည်

Tuesday, October 15, 2013
သံမဏိလိပ်ပြာ စီးရီးနဲ့ ပရိသတ်များရဲ့ လက်ခံအားပေးမှုကို ပိုမိုရရှိလာတဲ့ တေးသံရှင် လင်းလင်းက သူ့ရဲ့ ပထမဆုံး တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ရန်ကုန်မြို့၊ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ အောက်တိုဘာလ ၂၆ ရက်နေ့ ည ၇ နာရီ မိနစ် ၃၀ အချိန်မှာ ပြုလုပ်သွားမယ်လို့ The Voice ကို ပြောပါတယ်။
“ဒီပွဲမှာ တီးဝိုင်းကတော့ ကျွန်တော့်ရဲ့ သံမဏိလိပ်ပြာ စီးရီးမှာ တီးပေးထားတဲ့ Dream Lovers တီးဝိုင်းက တီးပေးမယ်။ ဆိုတာကတော့ ကျွန်တော် တစ်ယောက်တည်းပဲ ဆိုမယ်။ သီချင်းပုဒ်ရေ ၂၅ ပုဒ်ကျော်လောက်ဆိုဖို့ စဉ်းစားထားတယ်။ ပရိသတ်တွေအတွက် ထူးခြားတဲ့ အစီအစဉ်တွေလည်း ပါပါမယ်။ ဒီပွဲကို လာကြည့်တဲ့ ပရိသတ်တွေ ကြည့်ရကျိုးနပ်အောင် သေချာပြင်ဆင် ထားပါတယ်” လို့ တစ်ကိုယ်တော် ဖျော်ဖြေပွဲနဲ့ ပတ်သက်ပြီး လင်းလင်းက ပြောပါတယ်။ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ရန်ကုန်မှာပြီးရင် မန္တလေးမှာ ပြုလုပ်ဖို့ စီစဉ်ထားပေမယ့် ခွင့်ပြုမိန့်မရတာကြောင့် ရွှေ့ဆိုင်းထားပြီး ခွင့်ပြုမိန့်ရရချင်း ပွဲပြုလုပ်သွားမှာ ဖြစ်ကြောင်း၊ နိုဝင်ဘာလ ၁၀ ရက်နေ့မှာတော့ ပြင်ဦးလွင် အမျိုးသား ကန်တော်ကြီး ဥယျာဉ်မှာ တစ်ကိုယ်တော် ဖျော်ဖြေပွဲ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ လင်းလင်းက ဆိုပါတယ်။

အာဂျင်တီးနား သမ္မတ ဦးနှောက်ခွဲစိတ် ကုသမှု ခံယူပြီးနောက် ဆေးရုံမှဆင်း

Tuesday, October 15, 2013
အာဂျင်တီးနားသမ္မတ ခရစ္စတီးနားဖာနန်ဒက်ဇ်သည် သူမ၏ ဦးခေါင်းအတွင်း သွေးခဲမှုအတွက် ဦးနှောက် ခွဲစိတ် ကုသမှု ခံယူပြီးနောက် ငါးရက်အကြာတွင် ဆေးရုံမှ ဆင်းသွား ခဲ့သည်ဟု အောက်တိုဘာ ၁၃ ရက် တွင် အင်တာနက် သတင်းတစ်ပုဒ်၏ ဖော်ပြချက်အရ သိရသည်။ခရစ္စတီးနား ဖာနန်ဒက်ဇ်သည် အသက် ၆ဝ နှစ်ရှိပြီဖြစ်ပြီး ဦးခေါင်းအတွင်း သွေးခဲမှု၏ နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် သူမ၏ ဘယ်ဘက် လက် မောင်းတွင် အားအင်ကုန်ခန်းကာ ခံစားမှု ကင်းမဲ့လာခြင်းကြောင့် အရေးပေါ် ခွဲစိတ် ကုသမှု ခံယူခဲ့ ရခြင်း ဖြစ်သည်ဟု သိရသည်။ခွဲစိတ်ကုသမှု အောင်မြင်စွာ ပြီးဆုံးခဲ့သော်လည်း သမ္မတ ဖာနန်ဒက်ဇ် အနေဖြင့် နိုဝင်ဘာလအတွင်း မည်သည့် လေကြောင်းခရီးကိုမှသွားလာခြင်း မပြုလုပ်ရန် ခွဲစိတ် ဆရာဝန် များက အကြံပြုထားသည်ဟု သိရသည်။
Photo: အာဂျင်တီးနား သမ္မတ ဦးနှောက်ခွဲစိတ် ကုသမှု ခံယူပြီးနောက် ဆေးရုံမှဆင်း
Tuesday, October 15, 2013

အာဂျင်တီးနားသမ္မတ ခရစ္စတီးနားဖာနန်ဒက်ဇ်သည် သူမ၏ ဦးခေါင်းအတွင်း သွေးခဲမှုအတွက် ဦးနှောက်ခွဲစိတ် ကုသမှု ခံယူပြီးနောက် ငါးရက်အကြာတွင် ဆေးရုံမှ ဆင်းသွား ခဲ့သည်ဟု အောက်တိုဘာ ၁၃ ရက်တွင် အင်တာနက် သတင်းတစ်ပုဒ်၏ ဖော်ပြချက်အရ သိရသည်။

ခရစ္စတီးနား ဖာနန်ဒက်ဇ်သည် အသက် ၆ဝ နှစ်ရှိပြီဖြစ်ပြီး ဦးခေါင်းအတွင်း သွေးခဲမှု၏ နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် သူမ၏ ဘယ်ဘက်လက် မောင်းတွင် အားအင်ကုန်ခန်းကာ ခံစားမှု ကင်းမဲ့လာခြင်းကြောင့် အရေးပေါ် ခွဲစိတ် ကုသမှု ခံယူခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။

ခွဲစိတ်ကုသမှု အောင်မြင်စွာ ပြီးဆုံးခဲ့သော်လည်း သမ္မတ ဖာနန်ဒက်ဇ်အနေဖြင့် နိုဝင်ဘာလအတွင်း မည်သည့် လေကြောင်းခရီးကိုမှသွားလာခြင်း မပြုလုပ်ရန် ခွဲစိတ် ဆရာဝန် များက အကြံပြုထားသည်ဟု သိရသည်။

မြ၀တီ
 မြ၀တီ

ခေါင်းဆောင်သုံးဦး အလုပ်ထုတ်ခံရ၍ Famous အထည်ချုပ်လုပ်သား ၇၀၀ ကျော် ဆန္ဒပြ

Tuesday, October 15, 2013

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ မြို့နယ်ရှိ Famous အထည်ချုပ် စက်ရုံတွင် အလုပ်သမား အခြေခံ အဖွဲ့ အစည်း ခေါင်းဆောင်သုံးဦးကို စက်ရုံက အကြောင်းပြချက်မပေးဘဲ အလုပ်မှ ထုတ်ပယ်သည် ဟုဆို  ကာ အောက်တိုဘာလ ၁၄ ရက်နေ့တွင် လုပ်သား ၇၀၀ ကျော် ဆန္ဒပြ တောင်းဆိုကြကြောင်း အဆိုပါ လုပ် သားများထံမှ သိရသည်။

ခေါင်းဆောင်သုံးဦးကို အလုပ်ပြန်ခန့်ရေးအတွက် နံနက် ၆ နာရီမှ စတင်ကာ ဆန္ဒပြခြင်း ဖြစ်ပြီး ညနေ ၄ နာရီ နီးပါးအထိ ဆန္ဒပြခဲ့သော်လည်း အလုပ်ရှင်က လိုက်လျောပေးမှု မရှိခဲ့ကြောင်း၊ တောင်းဆိုချက်များ မရမချင်း နောက်ရက်များတွင် ဆက်လက် ဆန္ဒပြမည် ဖြစ်ကြောင်း အလုပ်သမား တစ်ဦးက ပြော ကြားသ ည်။

နိုင်ငံတ၀န်း ဗုံးပေါက်ကွဲမှုများနှင့်ပတ်သက်ပြီး အမြင်သဘောထား


မြန်မာနိုင်ငံ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ တောင်ငူအပါအ၀င် မြို့ကြီးအချို့မှာ အခုရက်ပိုင်းအတွင်း ဗုံးပေါက် ကွဲမှုနဲ့ ဗုံးတွေ့ရှိမှုတွေ ဆက်တိုက်ဖြစ် ပေါ် နေပါတယ်။ ဗုံးပေါက်ကွဲမှုတွေကြောင့် သေဆုံး ဒဏ်ရာရမှုတွေ ရှိသလို ပြည်သူတွေကလည်း စိုးရိမ်ထိတ်လန့်နေကြပါတယ်။အခုလို ဗုံးတွေ ဆက်တိုက်ပေါက်ကွဲနေတဲ့ အပေါ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ ဒုဥက္ကဋ္ဌ ဦးဌေးဦး၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးရဲထွဋ်တို့ရဲ့ အမြင်သဘောထားတွေကို ဒီနေ့ ကျင်းပမယ့် ပြည်သူ့ လွှတ်တော်မစတင်မီ သတင်းထောက်တွေက မေးမြန်းထားပါတယ်။

သံတွဲ ပဋိပက္ခ ပါဝင်မှုမရှိသူ အများစု ဖမ်းဆီးခံထားရဟုဆို

Tuesday, October 15, 2013

ရခိုင်ပြည်နယ် သံတွဲမြို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့် ဖမ်းဆီးခံထားရသူများတွင် ယင်းအြ ကမ်းဖက်မှုနှင့် မသက်ဆိုင်သူ အများစု ပါဝင်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရခိုင် တိုင်းရင်းသားရေး ရာဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။

ဖမ်းဆီးခံထားရသူများတွင် လူမှုရေး လုပ်ငန်းများ ဆောင်ရွက်နေသူများနှင့် ရပ်မိရပ်ဖများ ပါဝင်နေကြောင်း၊ ရန်ကုန်မြို့တော် ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်ရှိ ရခိုင်ပြည်နယ် ဓမ္မာရုံတွင် အောက်တိုဘာလ ၁၄ ရက်နေ့ က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ပြောဆိုခြင်း ဖြစ်သည်။

စက်စဲနှင့် ကျိုက္ခမီကမ်းခြေရှိ ကျောက်နှင့် သဲထုတ် လုပ်ငန်းများ ပြည်နယ် အစိုးရ ပိတ်ပင်

Tuesday, October 15, 2013

မွန်ပြည်နယ်ရှိ ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်နိုင်သော နေရာများ ဖြစ်သည့် စက်စဲကမ်းခြေ၊ ကရ င်တောင် ကမ်းခြေနှင့် ကျိုက္ခမီကမ်းခြေတို့တွင် ဆောက်လုပ်ရေး လုပ်ငန်းသုံး ကျောက်စရစ်နှင့် သဲစုပ် ယူခြ င်း လုပ်ငန်းများကို မွန်ပြည်နယ် အစိုးရက ပိတ်ပင်လိုက်ကြောင်း မွန်ပြည်နယ် စိုက်ပျိုးရေးနှင့် မွေြး မူရေးဝ န်ကြီး ဦးမျိုးညွန့်က ပြောကြားသည်။

Monday, October 14, 2013

စီးပွားရေးနိုဘယ်လ်ဆု အမေရိကန်ပညာရှင် ၃ ယောက် ပူးတွဲရရှိ

Monday, October 14, 2013
၂၀၁၃ ခုနှစ်အတွက် စီးပွားရေးနိုဘယ်ဆုကို အမေရိကန် နိုင်ငံ သားတွေ ဖြစ်ကြတဲ့ Eugene Fama- Lars Peter Hansen နဲ့ Robert Shiller တို့ကို ချီးမြှင့်လိုက်ပါတယ်။
စီးပွားရေးပညာရှင်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေ စီးပွားရေးဈေးကွက်ကို စောင့်ကြည့်ရာမှာ အသုံးဝင်တဲ့ ဈေးနှုံးဆိုင်ရာ သုံးသပ်မှုတွေကို ထူးထူးခြားခြား လက်တွေ့လုပ်ဆောင်နိုင်ကြတဲ့အတွက် အခုလို ဂုဏ်ပြု ချီးမြှင့်တာဖြစ်ကြောင်း ဆွီဒင် တော်ဝင်သိပ္ပံအဖွဲ့ကြီး (Royal Sewdish Academy of Sciences) က တနင်္လာနေ့မှာ ကြေငြာလိုက်ပါတယ်။အစုရှယ်ယာစတော့ဈေးကွက်အတွက် ဈေးနှုန်းတွေ နဲ့ ငွေစုလက်မှတ်တွေကို ရက်ပိုင်းလပိုင်းအတွက် ခန့်မှန်းဖို့ သိပ်ခက်ပေမယ့် အခု ဒီစီးပွားရေးပညာရှင်တွေ က ဒါကို လာမယ့် သုံးနှစ်ကနေ ငါးနှစ်လောက်အတွက် ကြိုတင်ခန့်မှန်းနိုင်အောင် လုပ်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ Fama နဲ့ Hansen တို့ဟာ Chicago တက္ကသိုလ်က ပါမောက္ခတွေဖြစ်ပြီး Schiller ကတော့ Connecticut ပြည်နယ် ယေးလ်တက္ကသိုလ်က ဆရာတဦးဖြစ်ပါတယ်။

လူငယ်လေးယောက်အား ထိုင်ခိုင်း၍ လည်ပင်းကို ဓားရှည်ဖြင့် ခုတ်မှုဖြစ်ပွား


Monday, October 14, 2013
အောက်တိုဘာလ ၁၂နေ့ ည ၉နာရီအချိန်ခန့်တွင် ကချင်ြပည်နယ် မိုးညှင်းမြို့ရွာသစ်ကုန်းကျေးရွာ၊ ဒီဂရီကောလိပ်ကျောင်းလမ်းမကြီးပေါ်တွင် လူငယ်(၄)ယောက်အား ထိုင်ခိုင်း၍ ဓားရှည်ဖြင့်ခုတ်သော အမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်းမိုးညှင်းရဲစခန်းမှသိရသည်။ရွာသစ်ကုန်း ကျေးရွာအလွန်(လွင်ဘော်ဒါဆောင်)ရှေ့ တွင်သူငယ်ချင်းများဖြစ်ကြသော မောင်နိုင်လင်းထွန်း၊ မောင်မိုးဒီး(ခ)ထူးမြတ်ဦး၊ မောင်နေ၀င်းဇော်၊

 မောင်အောင်ကျော်ကျော်တို့(၄)ဦးသည်ဂစ်တာတီး၍ဆိုင်ကယ်ဖြင့်အပြန်ကန်တော်ကုန်းဦးမြင့်သိန်းအိမ်ရှေ့ အရောက်တွင်ဓားရှည်ကိုင်သူထားသောဟာဗစ်(ခ)စိုးစိုးလွင်နှင့် နောင်နောင်(ခ)စိုင်းနောင်လင်းတို့က ကားလမ်းရှေ့မှတားဆီးကာလမ်းမပေါ်၌ ဆောင့်ကြောင့်ထိုင်ခိုင်းကာ နောင်နောင်

ဖုန်းလိုင်းကျသွားခြင်းနှင့် ဖုန်းလိုင်းကြပ်နေခြင်းကို နည်းပညာသစ်ဖြင့် ကာကွယ်နိုင်မည်

Monday, October 14, 2013
သဘာဝကပ်ဘေးများ ကျရောက်ခြင်း နှင့် လူများစွာ တစ်ချိန်တည်းတွင် ဖုန်းပြောနေခြင်းများကြောင့် ဖုန်းလိုင်းကြပ်မှုများ၊ ပြတ်တောက်ခြင်းများနှင့် ကြုံတွေ့ရမြဲဖြစ်သည်။ သို့သော် ဗြိတိန် ကိုလံဘီယာတက္ကသိုလ်မှ ဘွဲ့ရကျောင်းသူ တစ်ဦးက ယင်းပြဿနာများအား ဖြေရှင်းနိုင်မည့် နည်းလမ်းအား ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်သည်။ဆယ်လူလာဖုန်းလိုင်းများ အလုပ်မလုပ်တော့သည့်အချိန်တွင် တယ်လီဗေးရှင်းနှင့် ရေဒီယိုလိုင်းများကို အသုံးပြုကာ ဖုန်းသုံးနိုင်သည့် နည်းလမ်းအား ဗြိတိန်ကိုလံဘီယာတက္ကသိုလ် လျှပ်စစ်နှင့် ကွန်ပျူတာအင်ဂျင်နီယာဌာနမှ ဘွဲ့လွန် ဘာသာရပ် အတွက် လေ့လာနေသည့် ကျောင်းသူတစ်ဦးဖြစ်သူ Mai Hassan က တွေ့ရှိခဲ့သည်ဟု ကြိုးမဲ့ကြေးနန်း ဆက်သွယ်ရေးနှင့် သက်ဆိုင်သည့်အရေးကိစ္စများအား ရေးသားထုတ်ဝေသည့် IEEE Transctions ဂျာနယ်တွင်ဖော်ပြထားသည်။

အာရှ ယူ-၁၉ ပြိုင်ပွဲတွင် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်း ခုနစ်ဂိုးပြတ်ဖြင့် နှစ်ပွဲဆက် ရှုံးနိမ့်

Monday, October 14, 2013
၂၀၁၃ အာရှ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်နေသည့် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် အုပ်စု ဒုတိယပွဲစဉ်တွင် တောင်ကိုရီးယားအသင်းအား ၇-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ခုနစ်ဂိုးပြတ် ရှုံးနိမ့်ခဲ့သော ပွဲစဉ်နှစ်ပွဲအထိ ရှိလာခဲ့ပြီ ဖြစ်သည်။
မြန်မာ ယူ-၁၉ အသင်းသည် အဖွင့်ပွဲတွင် ဂျပန်အသင်းအား ၇-၀ ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပြီး ၎င်းတို့၏ ဒုတိယပွဲစဉ်တွင်လည်း အာရှပြိုင်ဘက်များ၏ ကျွမ်းကျင်မှုကို မယှဉ်နိုင်ဘဲ တောင်ကိုရီးယားအသင်းအား ၇-၀ ဂိုးဖြင့် ထပ်မံရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။ အာရှ ယူ-၁၉ အမျိုးသမီးချန်ပီယံရှစ် နောက်ဆုံးအဆင့်ပြိုင်ပွဲတွင် အိမ်ရှင် တရုတ်၊ ဂျပန်၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား၊ သြစတြေးလျ၊ မြန်မာတို့ စုစုပေါင်းအသင်း ခြောက်သင်းပါဝင်သည်။ အဆိုပါအသင်း ခြောက်သင်းသည် ပတ်လည်စနစ်ဖြင့် ကစားရမည်ဖြစ်ပြီး အမှတ်အများဆုံးရရှိသည့် အသင်းမှာ ချန်ပီယံဆု ဖလားရရှိမည် ဖြစ်သည်။
Mizzima - News in Burmese

ဂါဇာမှ အစ္စရေးသို့ သွယ်တန်းထားသည့် ဥမင်ကို အစ္စရေးစစ်တပ် ရှာဖွေတွေ့ရှိ

Monday, October 14, 2013
အဆိုပါ ဥမင်သည် ဂါဇာတွင် လှုပ်ရှားနေသည့် စစ်သွေးကြွများက အစ္စရေး စစ်တပ်နှင့် အရပ်သားများကို တိုက်ခိုက်ရန် ကြံစည် တူးဖောက်ထားခြင်း ဖြစ်နိုင်ကြောင်းလည်း အစ္စရေးတို့က စွပ်စွဲခဲ့သည်
ဂါဇာမှ အစ္စရေးသို့ သွယ်တန်းထားသည့် ဥမင်ကို အစ္စရေးစစ်တပ် ရှာဖွေတွေ့ရှိဂါဇာကမ်းမြှောင် ဒေသမှ အစ္စရေး နိုင်ငံအထိ သွယ်တန်း ဖောက်လုပ်ထားသည့် မြေအောက် ဥမင်လှိုဏ်ခေါင်း တစ်ခုကို မိမိတို့ ရှာဖွေ တွေ့ရှိခဲ့ကြောင်း အစ္စရေး စစ်တပ်က ကြေညာခဲ့သည်။ အဆိုပါ ဥမင်သည် ဂါဇာတွင် လှုပ်ရှားနေသည့် စစ်သွေးကြွများက အစ္စရေး စစ်တပ်နှင့် အရပ်သားများကို တိုက်ခိုက်ရန် ကြံစည် တူးဖောက်ထားခြင်း ဖြစ်နိုင်ကြောင်းလည်း အစ္စရေးတို့က စွပ်စွဲခဲ့သည်။ ဥမင်ကို တွေ့ရှိပြီးသည်နှင့် အစ္စရေးက ချက်ချင်း တုံ့ပြန် အရေးယူသည့် အနေဖြင့် ဂါဇာရှိ သတ်မှတ်ထားသော နေရာအချို့သို့ အိမ်ဆောက်ပစ္စည်းများ တင်ပို့ခွင့်ကို အစ္စရေးက ဆိုင်းငံ့ထားလိုက်သည်။ ပါလက်စတိုင်း လူမျိုးအများစု နေထိုင်သည့် ဒေသမှ အစ္စရေးသို့ ဦးတည် ဖောက်လုပ်ထားသည့် ဥမင်အတွင်း အစ္စရေးဘက်မှ တင်ပို့ခဲ့သည့် အိမ်ဆောက် ပစ္စည်းများကို သုံးစွဲထားကြောင်း ဗိုလ်ချုပ် ဆမ်မီတူဂျီမန်က သတင်းထောက်များအား ပြောကြားခဲ့သည်။ ၎င်းသည် အစ္စရေးတောင်ပိုင်း စစ်ဦးစီးဌာန၏ ကွပ်ကဲရေး အရာရှိလည်း ဖြစ်သည်။

ဆီးဂိမ်းဖွင့်ပွဲအတွက် ရောင်းချမည့် လက်မှတ်အရေအတွက် နည်းမည်

Monday, October 14, 2013
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် အထူးဧည့်သည်တော်များ၊ တာဝန်ရှိသူများ နှင့် ဖိတ်ကြားထားသော ဧည့်သည်များသောကြောင့် ဖွင့်ပွဲတွင်ရောင်းချမည့် လက်မှတ် အရေအတွက် နည်းပါးမည်ဖြစ်ကြောင်း အားကစားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအုန်းမြင့် ဦးက ပြောသည်။ ဆီးဂိမ်းဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၁ ရက်တွင် နေပြည်တော်၊ ၀ဏ္ဏသိဒ်္ဓိအားကစားကွင်းတွင် ကျင်းပမည်ဖြစ်ပြီး ဖွင့်ပွဲ၌ ရိုးရာကအများ၊ အေရိုးဗစ်အက များ၊ မြန်မာ့ရိုး ရာခြင်းလုံးသရုပ်ပြကွက်များ၊ ကမ္ဘာမြေစိမ်းလန်းရေး ဖော်ကျူးထားသည့် တေးသရုပ်ဖော်မှု များ၊ ကျောက်ဆည် ဆင်အကများ၊ နိုင်ငံကျော် အဆိုတော်များ၏ ဖျော်ဖြေမှုများ စသည့် အနုပညာရှင်ပေါင်းများစွာမှ ဖျော်ဖြေမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်း အနား ကျင်းပချိန်မှာ သုံးနာရီကျော် ကြာမြင့်မည် ဖြစ်သည်။

My Blog List