Thursday, January 03, 2013

လိုင်ဇာမြို့ကို သိမ်းဖို့ အစီအစဉ်မရှိ ဟု မြန်မာအစိုးရ အရာရှိပြောကြား

Photo: လိုင်ဇာမြို့ကို သိမ်းဖို့ အစီအစဉ်မရှိ ဟု မြန်မာအစိုးရ အရာရှိပြောကြား

Thursday, January 03, 2013
ကေအိုင်အို ဌာနချုပ် လိုင်ဇာမြို့ ကို မြန်မာအစိုးရက သိမ်းပိုက်ဖို့ အစီအစဉ်မရှိကြောင်းနဲ့ ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးဖို့အတွက် ကေအိုင်အိုထံက အကြောင်းပြန်ကြားချက်ကို အစိုးရအနေ နဲ့ စောင့်ဆိုင်းနေကြောင်း သမ္မတရုံး ညွှန်ကြားရေးမှုး ဦးဇော်ဌေးက RFA ကို ဒီနေ့ ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက တပ်မတော်က K-8 အမောင်းသင်လေယာဉ်တွေ အသုံးပြုခဲ့ကြောင်း၊ ဂျက်တိုက်လေယာဉ် မဟုတ်ကြောင်း၊ အဲဒီ လဂျားယန် နယ်မြေမှာ ကြည်းကြောင်းကသွားမရပဲ လမ်းပိတ်နေတဲ့ တပ်မတော်တပ်ဖွဲ့တွေကို ရိက္ခာသွားရောက်ပို့ပေးနိုင်ဖို့ စီစဉ်တာဖြစ်ကြောင်းလဲ သူကပြောပါတယ်။

KIA ကချင်လွတ်မြောက်ရေးတပ်မတော်က ဗိုလ်မှူးကြီး ယော်ထုန်ကတော့ လေယာဉ်တွေ လာရောက်ပစ်ခတ်ပြီး ဗုံးကြဲတာရှိကြောင်း၊ အစိုးရဘက်က မြေပြင်မှာ အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေကြောင်း ပြောပါတယ်။

RFA
ကေအိုင်အို ဌာနချုပ် လိုင်ဇာမြို့ ကို မြန်မာအစိုးရက သိမ်းပိုက်ဖို့ အစီအစဉ်မရှိကြောင်းနဲ့ ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးဖို့အတွက် ကေအိုင်အိုထံက အကြောင်းပြန်ကြားချက်ကို အစိုးရအနေ နဲ့စောင့် ဆိုင်းနေကြောင်း သမ္မတရုံး ညွှန်ကြားရေးမှုး ဦးဇော်ဌေးက RFA ကို ဒီနေ့ ပြောကြားလိုက်ပါတယ်။

ဟ်ာမုဇ် ရေလက်ကြား အနီး အီရန်ရေတပ် စစ်ရေး လေ့ကျင့်မှု

Photo: ဟော်မုဇ် ရေလက်ကြား အနီး အီရန်ရေတပ် စစ်ရေး လေ့ကျင့်မှု

Thursday, January 03, 2013
အီရန်ရေတပ်မှ မဟာဗျူဟာ မြောက်ဖြစ်သည့် ဟော်မုဇ် ရေလက်ကြား အနီး စစ်ရေးလေ့ကျင့် နေသည့် ၅ ရက်ကြာ အတောအတွင်း ၎င်းတို့၏ တပ်ဖွဲ့များ အနီးသို့ ချဉ်းကပ်လာသည့် ပြည်ပ လေယာဉ်များနှင့် သင်္ဘောများအား ကြိမ်ဖန်များစွာ သတိပေးချက်များ ထုတ်ပြန်ခဲ့ကြောင်း ဇန်နဝါရီလ ၁ ရက်နေ့တွင် ဖော်ပြ ခဲ့ပါသည်။

အမေရိကန်နှင့် ၎င်း၏ မဟာမိတ် အဖွဲ့များ၏ ကင်းထောက် လေယာဉ်များ၊ မောင်းသူမဲ့ လေယာဉ် များနှင့် စစ်သင်္ဘော များအား အီရန်နိုင်ငံ၏ ရေတပ်နှင့် လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့များမှ သတိပေး နှင်ထုတ်မှု များ ပြုလုပ်ခဲ့သည်မှာ အကြိမ် ၃ဝ ရှိပြီ ဖြစ်ကြောင်း စစ်ရေး လေ့ကျင့်ခန်းမှ ရေတပ် ဗိုလ်ချုပ်ကြီး Amir Rastgari ၏ ပြောရေးဆိုခွင့် ရှိသူ Mehr မှ ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ ၎င်းအနေဖြင့် ၎င်းတို့၏ လေယာဉ်နှင့် စစ်သင်္ဘော များအား အလေးထားသည့် အနေဖြင့် ၎င်းတို့ တပ်ဖွဲ့များ အနီးသို့ ချဉ်းကပ်လာသည့် ပြည်ပ လေယာဉ်များနှင့် စစ်သင်္ဘော များအား သတိပေးမှု ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း Rastgri မှ ပြောကြားခဲ့ပါသည်။

မြ၀တီ

အီရန်ရေတပ်မှ မဟာဗျူဟာ မြောက်ဖြစ်သည့် ဟော်မုဇ် ရေလက်ကြား အနီး စစ်ရေးလေ့ကျင့် နေသည့် ၅ ရက်ကြာ အတောအတွင်း ၎င်းတို့၏ တပ်ဖွဲ့များ အနီးသို့ ချဉ်းကပ်လာသည့် ပြည်ပ လေယာဉ်များနှင့် သင်္ဘောများအား ကြိမ်ဖန်များစွာ သတိပေးချက်များ ထုတ်ပြန်ခဲ့ကြောင်း ဇန်နဝါရီလ ၁ ရက်နေ့တွင် ဖော်ပြ ခဲ့ပါသည်။

စိန်ခေါ်မှုများကို ညှိနှိုင်းအဖြေရှာရေး သမ္မတ ဦးသိန်းစိန် တိုက်တွန်း

Photo: စိန်ခေါ်မှုများကို ညှိနှိုင်းအဖြေရှာရေး သမ္မတ ဦးသိန်းစိန် တိုက်တွန်း

Thursday, January 03, 2013
အနာဂတ် မြန်မာနိုင်ငံတွင် ရင်ဆိုင်ကြုံတွေ့ရမည့် စိန်ခေါ်မှုများကို ညှိနှိုင်း
အဖြေရှာသည့် နိုင်ငံရေး ဓလေ့မျိုးနှင့် ၀ိုင်းဝန်းကြိုးပမ်းကြရန် သမ္မတ ဦးသိန်းစိန်က နှစ်သစ်ကူး မိန့်ခွန်းတွင် တိုက်တွန်း ပြောဆိုသွားသည်။

ဇန်န၀ါရီလ ၁ ရက်နေ့က သမ္မတ ဦးသိန်းစိန်၏ နှစ်သစ်ကူး နှုတ်ခွန်း
ဆက် ရေဒီယို မိန့်ခွန်းသည် ဆယ်စုနှစ်များစွာအတွင်း မြန်မာနိုင်ငံတွင် ပထမဆုံးသော သမ္မတတဦး၏ မိန့်ခွန်းလည်း ဖြစ်သည်။

“အနာဂတ်မှာကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကို ဖြေရှင်းတဲ့နေရာမှာ လက်တွေ့ကျမှုကိုအခြေခံပြီး အပြုသဘောဆောင်တဲ့ ရှုမြင်မှုမျိုး
နှစ်ဦးနှစ်ဖက် ညှိနှိုင်းအဖြေထုတ်တဲ့ နိုင်ငံရေးဓလေ့မျိုး၊ အစွန်းမရောက်တဲ့ အမြင်မျိုးဖြစ်စေရန်ဝိုင်းဝန်း ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်” ဟု သမ္မတ ဦးသိန်းစိန်က မြန်မာ့အသံ ရေဒီယိုမှတဆင့် ပြောဆိုသည်။

ထို့အပြင် အစိုးရတရပ်၏ အဓိက သတိထားရမည့် အချက်အဖြစ် သမ္မတ ဦးသိန်းစိန်က “ဒီလို အခြေအနေမျိုးမှာ မိဘပြည်သူများနဲ့ ကျနော်တို့အစိုးရ အထူး သတိပြုရမယ့် ကိစ္စရပ်ကတော့ ပြည်သူတို့ရဲ့ လိုအပ်ချက်တွေနဲ့အစိုးရ ယန္တရားရဲ့ ဖြည့်ဆည်းနိုင်စွမ်း အကြားမှာရှိတဲ့ ကွာဟမှုပဲဖြစ်ပါတယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံသူ နိုင်ငံသားတိုင်းသည် အကောင်းဆုံးများကို ဖြစ်ရန်
မျှော်လင့်ကြပြီး အဆိုပါ မျှော်လင့်ချက်များအတိုင်း ဆန္ဒများလည်း
ဖော်ထုတ်ခွင့် ရှိနေပြီဟု ဦးသိန်းစိန်က ပြောသည်။

ဆက်လက်၍ သမ္မတ ဦးသိန်းစိန်က “ပြည်သူတွေ အနေနဲ့ အကောင်းဆုံး
မျှော်လင့်တာသဘာဝကျတဲ့ကိစ္စ ဖြစ်ပါတယ်။ မျှော်လင့်ချက်တွေအတွက် ဆန္ဒ ထုတ်ဖော် တောင်းဆိုပိုင်ခွင့်လည်း ရှိကြပါတယ်” ဟု ဆိုသည်။

သမ္မတ ဦးသိန်းစိန်၏ နှစ်သစ်ကူးမိန့်ခွန်းကို ကြိုဆိုကြသော်လည်းလက်တွေ့
အကောင်အထည် ပေါ်လာရန် ပို၍ အရေးကြီးကြောင်း မြန်မာနိုင်ငံရေး
အသိုင်းအ၀ိုင်းက ပြောဆိုနေကြသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက အဆိုပါ နိုင်ငံရေး ဓလေ့မျိုးသည် မြန်မာနိုင်ငံရေး ဖြစ်စဉ်တလျှောက်လုံးတွင် အလွန်အားနည်း
ခဲ့သည့် နိုင်ငံရေး ယဉ်ကျေးမှု တခုဖြစ်သကဲ့သို့ အမျိုးသား ပြန်လည်
သင့်မြတ်ရေး ဖြစ်စဉ်နှင့် နိုင်ငံစည်းလုံးညီညွှတ်မှုအတွက် အလွန်အရေးပါ
သည့် အလေ့အကျင့်လည်း ဖြစ်ကြောင်း၊ မိန့်ခွန်းပါ ပြောဆိုချက်များကို ကြိုဆိုကြောင်း၊ သို့သော် လမ်းညွှန်ချက်များအဖြစ် အသက်ဝင်စေလိုပြီး လက်တွေ့အကောင်အထည် ဖော်ရာတွင် ထိရောက်မှုရှိရေးသည် ပဓာန
ကျကြောင်း ဧရာဝတီသို့ ပြောသည်။

“သမ္မတရဲ့ ပြောတဲ့ မိန့်ခွန်းတွေ ဘယ်လောက်ကောင်းကောင်း လက်တွေ့ အကောင်အထည် ဖော်တဲ့အဆင့်ကို ရောက်ဖို့ဆိုတာ တရားဥပဒေစိုးမိုးမှု ရှိမှ ဖြစ်လာမှာပါ” ဟု သူက ဆိုသည်။

ဦးကိုကိုကြီးက “ဥပမာအားဖြင့် တရားဥပဒေစိုးမိုးရေး မရှိဘဲနဲ့ လာဘ်ပေး
လာဘ်ယူမှုတွေက ရှိနေဦးမှာပဲ။ လွှတ်တော်တွေက တိကျခိုင်မာတဲ့ ဥပဒေတွေ ထုတ်ပြန်ပြီး စနစ်တကျ လာဘ်ပေးလာဘ်ယူမှု ဆိုတာမျိုးတွေကို ထိထိရောက်ရောက် အရေးယူ တိုက်ဖျက်နိုင်ရင် ပိုမိုကောင်းမွန်တဲ့ နိုင်ငံ
တည်ဆောက်ရေး ဖြစ်လာမယ်” ဟု ဆက်ပြောသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ ခေါင်းဆောင် ဦးခွန်ထွန်းဦးကလည်း သမ္မတ၏ မိန့်ခွန်းသည် ကောင်းမွန်သော်လည်း သတိဖြင့်သာ ကြိုဆိုကြောင်း၊ တိုင်းရင်းသားများ၏ ယုံကြည်မှုကို ရရှိရန် အစိုးရတရပ်အနေဖြင့် လက်တွေ့ အကောင်အထည်ဖော်ခြင်းသာလျှင် အရေးတကြီးလုပ်ရမည့် ကိစ္စဖြစ်ကြောင်း ပြောသည်။

“ဒါကတော့ဗျာ၊ ပြောသမျှ အကောင်းချည်းပဲ။ ပြောတဲ့ အတိုင်းဖြစ်လာ
ရင်တော့ ကောင်းတာပေါ့ဗျာ။ အဲဒီလိုပြောပြီး မဖြစ်လာရင်သာ၊ အဲဒီလို
ပြောပြောနေတာ လွန်ခဲ့တဲ့ အနှစ် ၂၀၊ ၃၀ လောက်ကတည်းက ပြောနေ
တာပဲ” ဟု သူက ဆိုသည်။

ကချင်ပြည်နယ် စစ်ပွဲများနှင့် ပတ်သက်၍ ယခုလုပ်ဆောင်နေသည့် အစိုးရ
စစ်တပ်၏ လုပ်ဆောင်ချက်များနှင့် လွှတ်တော်များနှင့် အစိုးရတို့၏ မပြု
မပြင်ဘဲ ယခုအထိရှိနေသည့် ဖွဲ့စည်းပုံဆိုင်ရာ အားနည်းချက်များကြောင့် တိုင်းရင်းသားများ၏ ယုံကြည်မှုကို ထိခိုက်ကြောင်း၊ အမှန်တကယ် ဖြစ်သင့်
သည်များကို အစိုးရက သိလျက် အကောင်အထည် ဖော်ရန် အားနည်းနေ
သေးကြောင်း သူက ဆက်ပြောသည်။

“တိုင်းရင်းသားတွေ ဘာရချင်သလဲဆိုတာ သူတို့ သိတယ်။ ရောဂါသိတယ်။
ဆေးရှိတယ်။ မစားချင်ဘူးဖြစ်နေတာ” ဟု ဦးခွန်ထွန်းဦးက ထောက်ပြသည်။

အစိုးရနှင့် လွှတ်တော်တို့က ချမှတ်ထားသည့်လုပ်ငန်းစဉ်များအပေါ်
စောင့်ကြည့် ယန္တယားကောင်းကောင်းရှိသင့်ပြီး အရေးယူအကောင်အထည်
ဖော်သည့် ယန္တယား ကောင်းကောင်းလည်း လိုအပ်ကြောင်း၊ အဆိုပါဖြစ်စဉ် တခုလုံး ချောမွေ့စွာ လည်ပတ်နိုင်မှသာလျှင် ကောင်းမွန်သည့် လမ်းညွှန်
ချက်မှုသည် အကောင်အထည်ဖော်သည့်အဆင့်သို့ တက်လှမ်းနိုင်
မည်ဖြစ်ကြောင်း ဦးကိုကိုကြီးက အကြံပြုသည်။

နှစ်သစ်ကူး မိန့်ခွန်းတွင် သမ္မတ တဦးအနေဖြင့် အစိုးရ၏ မူဝါဒများ၊ လုပ်ငန်းစဉ်များကို ပွင့်လင်းမြင်သာမှု ရှိစေရန် နိုင်ငံသားများအား ရေဒီယို မိန့်ခွန်းများကို ပြောဆိုသွားရန် ရှိကြောင်းလည်း ထည့်သွင်းပြောဆို
ထားသည်။

၂၀၁၃ ခုနှစ်သို့ ကူးပြောင်းမည့် နှစ်သစ်ကူး နှုတ်ခွန်းဆက် စကားကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကလည်း မြန်မာ့ရုပ်မြင်သံကြားမှ ပြောဆိုခဲ့သည်။

ထို့အပြင် မြန်မာ့အသံ ရေဒီယိုမှ NLD ခေါင်းဆောင်တဦးဖြစ်သည့် ဦးဝင်းတင်၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးအုန်း၊ စာရေးဆရာ မောင်ဝံသ စသည့် ထင်ရှားသူများ၏ နှစ်သစ်ကူး နုတ်ခွန်းဆက်
များကို ဒီဇင်ဘာလ ၃၁ ရက်နေ့ ည ၁၂ နာရီကျော်က ထုတ်လွှင့်ပေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ ဦးအုန်း၊ ဆရာမောင်ဝံသ အစရှိသူတို့၏
နှစ်သစ်နုတ်ခွန်းဆက်စကားများကို ရေဒီယိုမှထုတ်လွှင့်သွားခြင်းများသည် အမျိုးသား ပြန်လည်သင့်မြတ်ရေး ခြေလှမ်းငယ်များဖြစ်ကြောင်း သုံးသပ်သူ များကလည်း မှတ်ချက်ပြုပြောဆိုကြသည်။

အမေ့အိမ်
အနာဂတ် မြန်မာနိုင်ငံတွင် ရင်ဆိုင်ကြုံတွေ့ရမည့် စိန်ခေါ်မှုများကို ညှိနှိုင်း အဖြေရှာသည့် နိုင်ငံရေး ဓလေ့မျိုးနှင့် ၀ိုင်းဝန်းကြိုးပမ်းကြရန် သမ္မတ ဦးသိန်းစိန်က နှစ်သစ်ကူး မိန့်ခွန်းတွင် တိုက်တွန်း ပြောဆိုသွားသည်။ ဇန်န၀ါရီလ ၁ ရက်နေ့က သမ္မတ ဦးသိန်းစိန်၏ နှစ်သစ်ကူး နှုတ်ခွန်းဆက် ရေဒီယို မိန့်ခွန်းသည် ဆယ်စုနှစ်များစွာအတွင်း မြန်မာနိုင်ငံတွင် ပထမဆုံးသော သမ္မတတဦး၏ မိန့်ခွန်းလည်း ဖြစ်သည်။

“အနာဂတ်မှာကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကို ဖြေရှင်းတဲ့နေရာမှာ လက်တွေ့ကျမှုကိုအခြေခံပြီး အပြုသဘောဆောင်တဲ့ ရှုမြင်မှုမျိုးနှစ်ဦးနှစ်ဖက် ညှိနှိုင်းအဖြေထုတ်တဲ့ နိုင်ငံရေးဓလေ့မျိုး၊ အစွန်းမရောက်တဲ့ အမြင်မျိုးဖြစ်စေရန်ဝိုင်းဝန်း ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်” ဟု သမ္မတ ဦးသိန်းစိန်က မြန်မာ့အသံ ရေဒီယိုမှ တဆင့် ပြောဆိုသည်။

တောင်သမန်အင်းကို ရေမပိတ်ဆို့ရေး ဒေသခံများ ကြိုးပမ်းမည်

Photo: တောင်သမန်အင်းကို ရေမပိတ်ဆို့ရေး ဒေသခံများ ကြိုးပမ်းမည်

Thursday, January 03, 2013
ကမ္ဘာလှည့်ခရီးသွားလာရောက်မှုများသော နေရာတခုဖြစ်သည့် တောင်သမန်
အင်းကို မူလအတိုင်း နွေမိုးဆောင်း သုံးရာသီအလှ ပြန်လည်ရရှိစေရန်
ဒေသခံများဖြင့် ဖွဲ့စည်းထားသည့် သဘာဝ ၀န်းကျင်နှင့် လူမှုကွန်ယက် (အမရပူရ) ကြိုးပမ်းမည်ဟု သတင်းရသည်။

ယခင်က တောင်သမန်အင်းမှာ မိုးရာသီ၌သာ ရေရှိပြီး ဆောင်းနှင့် နွေတွင်
ရေကျဆင်းကာ ဆောင်းသီးနှံ စိုက်ပျိုးခင်းများကြောင့် ကမ္ဘာလှည့် ခရီးသွားများကို ပိုမိုစွဲဆောင်နိုင်ခဲ့ကြောင်း၊ နောက်ပိုင်း ငါးမွေးမြူရေး လုပ်ငန်းများကြောင့် ရေသွင်းရေထုတ် ရပ်ဆိုင်းပြီး ရေညစ်ညမ်းကာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ ဖြစ်ပေါ်နေသည့်အတွက် မူလအခြေ
အနေ ပြန်လည်ရရှိရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း လူမှုကွန်ယက် အဖွဲ့ဝင်
တဦးဖြစ်ပြီး တောင်သမန်အင်းတ၀ိုက် ထိန်းသိမ်းစောင့်ရှောက်မှုများ ပြုလုပ်
နေသည့်ဗိသုကာပညာရှင်ကိုငြိမ်းဝင်းကဆိုသည်။

“ရေအမြဲလှောင်ထားတော့ ညစ်ညမ်းမှုကြောင့် ကျန်းမာရေးလည်း ထိခိုက်နိုင်သလို၊ ဗိသုကာပညာရပ်ဘက်က ကြည့်ရင်လည်း တိုင်တွေက
ရေအမြဲမြုပ်နေတော့ ဆွေးလွယ်တယ်၊ အပျက်အစီးမြန်တယ်” ဟု ၎င်းက ဆိုသည်။

အာဏာပိုင်များက ငါးမွေးမြူရေး တခုတည်းကိုသာ လုပ်ကိုင်ခွင့်ပေးခဲ့ခြင်း
ကြောင့် အင်းအတွင်း ရေကျချိန် လယ်ယာလုပ်ငန်းလုပ်ကိုင်သည့် ဒေသခံ
များလည်း နစ်နာမှုများ ဖြစ်ပေါ်ခဲ့ပြီး ကမ္ဘာလှည့်ခရီးသွားများ နှစ်သက်သည့် အနေအထားများလည်း ပျက်စီးခဲ့ရသည်ဟု ကိုငြိမ်းဝင်းက ဆက်လက်ပြော
သည်။

ထိုသို့ ကမ္ဘာလှည့်ခရီးသွားများကို စွဲဆောင်နိုင်သည့် နေရာတခု ဖြစ်သည့်
တောင်သမန်အင်း မပျက်စီးရေးကို တခြားသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့များဖြင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး၊
ပြည်သူ့လွှတ်တော်တွင်လည်း တင်ပြဆွေးနွေးရန် လုပ်ဆောင်မည်ဟု သိရသည်။

၂၀၁၀ ရွေးကောက်ပွဲအပြီး အစိုးရသစ် တက်လာပြီးနောက်ပိုင်းတွင် ရှမ်းပြည်တောင်ပိုင်း အင်းလေး၊ မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ပုဂံနှင့် မန္တလေး၊ အင်းဝ၊ ငပလီ၊ ငွေဆောင် စသည့် ဒေသများသို့ ကမ္ဘာလှည့်ခရီးသွား အများအပြား လာရောက်ကြရာ အမရပူရရှိ တောင်သမန်အင်းလည်း
အပါအ၀င်ဖြစ်သည်။

တောင်သမန် အင်းစောင်းတွင် ကမ္ဘာလှည့် ခရီးသွားများ အများအပြား လာရောက်သည့် မဟာဂန္ဓာရုံ ဘုန်းတော်ကြီးကျောင်းနှင့် ထိုင်းလူမျိုးများ
နှစ်စဉ်လာရောက်သည့် ကုန်းဘောင်ခေတ်က မြန်မာနိုင်ငံသို့ သုံပန်း
အဖြစ် ခေါ်ဆောင်ခြင်းခံရသူ သဖန်းပွင့်မင်းသား ဘွဲ့ခံ ထိုင်းဘုရင်
ကျောက်ဘွားဒေါက် မဒူဝါး၏ ဂူလည်းရှိသည်။

“တောင်သမန်အင်းရဲ့ နေ၀င်ချိန်အလှကို လာကြည့်တဲ့ ခရီးသွားတွေ၊ ထိုင်းဘုရင်အုတ်ဂူကို လာတဲ့သူတွေ ဒီနှစ် အရမ်းများတယ်။ ဒါကြောင့်
ဈေးဆိုင်တွေလည်း အရောင်းအ၀ယ် ကောင်းတယ်” ဟု ကိုငြိမ်းဝင်းက
ပြောသည်။

အစိုးရအဆက်ဆက်က တောင်သမန်းအင်းအတွင်း ရေပြည့်ချိန် မိုးရာသီတွင်သာ ငါးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုခဲ့သော်လည်း စစ်အစိုးရ တက်လာပြီးသည့် နောက်ပိုင်းမှ စတင်ကာ ဆယ်နှစ်ရာသီ ငါးလုပ်ငန်း လုပ်ကိုင်ခွင့်ပေးခဲ့ခြင်း ဖြစ်သည်။

မန္တလေးမြို့ခံ စာရေးဆရာ ဆူးငှက်ကလည်း “ဟိုတုန်းက နွေဆို အလယ်မှာ ချောင်းလေးသာသာ ရေစီးနေ၊ ကိုင်းသမား ယာသမားတွေ
နွားတွေနဲ့ ထွန်ယက်၊ အလယ်မှာက တံတားကြီး ကမ္ဘာလှည့်ခရီးသွားက အမြင်မှာ အရမ်းသဘောကျတော့ လာကြတယ်” ဟု ပြောသည်။

တောင်သမန်းအင်းကို ရေအမြဲမပြတ်သွင်းကာ ငါးလုပ်ငန်း လုပ်ကိုင်ခွင့်
ပြုခဲ့သည့်အတွက် ဦးပိန်တံတား၏ ကြံ့ခိုင်မှုမှာ စိုးရိမ်ဖွယ်ရာ ဖြစ်သကဲ့သို့
တောင်သမန် အင်းစောင်းရှိ နှစ်ပေါင်းရာချီကာ တည်ရှိသည့် မယ်ဇယ်
ပင်ကြီးမှာလည်း ရေဒဏ်ကြောင့် သေဆုံးခဲ့ရကြောင်း၊ထို့အတွက် တောင်
သမန်အင်းအား သုံးရာသီအလှ ပြန်လည်ရရှိရေးအတွက် ဆောင်ရွက်မှု
များကို ကြိုဆိုကြောင်း ဆရာ ဆူးငှက်က ဆိုသည်။

စစ်အစိုးရ တက်လာပြီးသည့် နောက်ပိုင်း မန္တလေးဒေသ တ၀ိုက်တွင် စက်မှုဇုန်များ ဖော်ဆောင်ရာ တောင်သမန်အင်း အနီးတွင် သကြားစက်၊ အရက်ချက်စက်များ တည်ဆောက်လာသည့်အတွက် ယင်းစက်ရုံများမှ
ရေဆိုးများမှာ အင်းအတွင်းသို့ စီးဆင်းမှုများလည်းရှိနေသည်ဟု သိရသည်။

အမေ့အိမ်
ကမ္ဘာလှည့်ခရီးသွားလာရောက်မှုများသော နေရာတခုဖြစ်သည့် တောင်သမန် အင်းကို မူလအတိုင်း နွေမိုးဆောင်း သုံးရာသီအလှ ပြန်လည်ရရှိစေရန် ဒေသခံများဖြင့် ဖွဲ့စည်းထားသည့် သဘာဝ ၀န်းကျင်နှင့် လူမှုကွန်ယက် (အမရပူရ) ကြိုးပမ်းမည်ဟု သတင်းရသည်။

ယခင်က တောင်သမန်အင်းမှာ မိုးရာသီ၌သာ ရေရှိပြီး ဆောင်းနှင့် နွေတွင်ရေကျဆင်းကာ ဆောင်းသီးနှံ စိုက်ပျိုးခင်းများကြောင့် ကမ္ဘာလှည့် ခရီးသွားများကို ပိုမိုစွဲဆောင်နိုင်ခဲ့ကြောင်း၊ နောက်ပိုင်း ငါးမွေးမြူရေး လုပ်ငန်းများကြောင့် ရေသွင်းရေထုတ် ရပ်ဆိုင်းပြီး ရေညစ်ညမ်းကာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ ဖြစ်ပေါ်နေသည့်အတွက် မူလအခြေအနေ ပြန်လည်ရရှိရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း လူမှုကွန်ယက် အဖွဲ့ဝင်တဦးဖြစ်ပြီးတောင်သမန်အင်းတ၀ိုက်ထိန်းသိမ်းစောင့်ရှောက်မှုများ ပြုလုပ်နေသည့်ဗိသုကာပညာရှင်ကိုငြိမ်းဝင်းကဆိုသည်။

“ရေအမြဲလှောင်ထားတော့ ညစ်ညမ်းမှုကြောင့် ကျန်းမာရေးလည်း ထိခိုက်နိုင်သလို၊ ဗိသုကာပညာရပ်ဘက်က ကြည့်ရင်လည်း တိုင်တွေကရေအမြဲမြုပ်နေတော့ ဆွေးလွယ်တယ်၊ အပျက်အစီးမြန်တယ်” ဟု ၎င်းက ဆိုသည်။

ကချင်ပြည်နယ်တွင် တပ်မတော်နှင့် KIA အကြား ဖြစ်ပွားနေသောစစ်ပွဲများ အမြန်ဆုံးရပ်စဲရေး နယ်ပယ်အသီးသီးမှ ထင်ရှားသူများ တောင်းဆို

Photo: ကချင်ပြည်နယ်တွင် တပ်မတော်နှင့် KIA အကြား ဖြစ်ပွားနေသောစစ်ပွဲများ အမြန်ဆုံးရပ်စဲရေး နယ်ပယ်အသီးသီးမှ ထင်ရှားသူများ တောင်းဆို

Thursday, January 03, 2013
၂၀၁၁ ခုနှစ် ဇွန်လမှစတင်ကာ ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် KIA အကြား တစ်ကျော့ပြန် ဖြစ်ပွားလျက်ရှိသော စစ်ပွဲ များသည် ၂၀၁၂ ခုနှစ် အတွင်း ပိုမိုပြင်း ထန်ခဲ့ပြီး ဒေသခံများ ထွက်ပြေး တိမ်းရှောင် ရခြင်း၊ လူမှုရေး၊ စီးပွား ရေးထိခိုက်မှုများအပြင် စစ်ပွဲကြောင့် သေဆုံးမှုများပါ ရှိလာသောကြောင့် စစ်ပွဲများ အမြန်ဆုံးရပ်စဲရေးကို နယ်ပယ်အသီးသီးမှ ထင်ရှားသူများက တောင်းဆိုခဲ့ကြပါသည်။ ''တိုက်ပွဲတွေကြောင့် နှစ်ဖက် အသေအပျောက် တော်တော်များနေပြီ။ ပြည်သူတွေလည်း စစ်ဘေး ဒဏ်ကို တော်တော်လေး ခံစား ရပြီးပါပြီ။ ၂၀၁၃ ခုနှစ်မှာတော့ နှစ်ဖက်
ခံယူချက်တွေ၊ ခံစားချက်တွေကို မေ့ပစ်ပြီး ခွင့်လွှတ်သင်ခန်းစာယူကာ အမြန်ဆုံး အပစ်အခတ်ရပ်စဲဖို့ လိုနေပါပြီ။ အစိုးရအနေနဲ့လည်း တပ်တွေ မရှိတော့ရင် KIA က ပြည်နယ် အစိုးရကို သိမ်းနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကို လျော့ချသင့်ပါတယ်။

KIA ကလည်း တပ်မတော်က ကျူးကျော်လာတယ်။ ငါတို့တိုက်မယ်ဆိုတဲ့ စိုးရိမ်မှုတွေကို လျော့ချ သင့်ပါတယ်။ တစ်ဖက်နဲ့ တစ်ဖက်တိုက်ပွဲတွေ အရင်လျော့ချပြီးငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြုလုပ်ပေးဖို့ နိုင်ငံတော်သမ္မတကြီးကို တောင်းဆိုချင်ပါတယ်'' ဟု ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေး ရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီအတွင်းရေးမှူး ကချင်ပြည်နယ် အင်ဂျန်းယန် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်ဒွဲဘူက ပြောကြားခဲ့ပါသည်။ ထို့အတူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ''ပြည်ထောင်စုထဲမှာ ဘယ်ဒေသ၊ ဘယ် အစိတ်အပိုင်းမှာပဲဖြစ်ဖြစ် ပြည်တွင်း စစ်မီး တောက် လောင်နေခြင်းဟာ အဲဒီသက်ဆိုင်ရာ ဒေသမှာရှိတဲ့ တိုင်းရင်းသားအားလုံး အတွက်
ရော၊ ပြည်ထောင်စုထဲမှာ နေထိုင်တဲ့ တိုင်းရင်းသားအားလုံး အတွက်ရော အနုတ်လက္ခဏာဆောင်တဲ့ ကိစ္စတွေ ဖြစ်တယ်။

ငြိမ်းချမ်းရေးကတော့ အပေါင်း လက္ခဏာဆောင်တယ်။ အဲဒီတော့ ငြိမ်းချမ်း
ရေးရဖို့ဆိုရင် ဘက်အသီးသီးမှာ ပါဝင်တဲ့သူအားလုံးက ပြည်ထောင်စုကြီးရဲ့ အကျိုးစီးပွား၊ ဒေသခံ ပြည်သူတွေနဲ့ တိုင်းရင်းသားများရဲ့ အကျိုးစီးပွား အဲဒါကို အလေးထားပြီးတော့ ဖြစ်နိုင်ခြေရှိတဲ့ ဆောင်ရွက် မှုများကို စတင်
ခြင်းဖြင့်သာ စစ်မီးလျံတွေကို ငြှိမ်းသတ်နိုင်မှာဖြစ်ပါတယ်။ စစ်မှန် သမျှက ပြည်ထောင်စုအတွက် အကျိုးရှိတာမှမဟုတ်ဘဲ။ အဲဒီတာ့ ပြည် တွင်းစစ်ဟူသည် အနုတ်လက္ခဏာ၊ ငြိမ်းချမ်းရေးသည် အပေါင်း လက္ခဏာ။ အပေါင်းလက္ခဏာကို လိုလားတဲ့သူတိုင်းကတော့ ငြိမ်းချမ်းရေးကို လိုလား ကြတာပေါ့''ဟု ပြောကြားပါသည်။

ကချင်စစ်ပွဲများ ရပ်စဲရန် ၂၀၁၂ ခုနှစ် ကာလအတွင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေး ပွဲများကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ တတိယ အပတ် တွင်လည်းကောင်း၊ ၂၀၁၂ ခုနှစ် မတ်လ ၈ ရက်မှ ၁၀ ရက်အထိနှင့် အောက်
တိုဘာလ ၃၀ ရက်နေ့တွင် တရုတ်နိုင်ငံ ရွှေလီမြို့၌လည်းကောင်း
ပြုလုပ်ခဲ့သော်လည်း စစ်ပွဲများမှာ ရပ်ဆိုင်းသွားခြင်း မရှိခဲ့ပေ။ တိုက်ပွဲဖြစ်ပွား
မှုသည် မိုးမောက်၊ ဗန်းမော်၊ မန်စီ၊ ၀ိုင်းမော်၊ မြစ်ကြီးနားမြို့နယ်များအထိ သက်ရောက်မှု ရှိလာခဲ့သည့်အတွက် ၂၀၁၁ ခုနှစ် ဇွန်၊ ဇူလိုင်လများမှ စတင်
ကာ ဒေသခံများသည် နေထိုင်ရာ ကျေးရွာများကို စွန့်ခွာမှုများ ရှိလာ
ခဲ့သည်။ ဒုက္ခသည်များမှာ မြန်မာနိုင်ငံ အတွင်းသာ မကဘဲ တရုတ်နိုင်ငံ အတွင်းသို့ပါ ထွက်ပြေးတိမ်းရှောင်နေရပြီး တရုတ်အစိုးရက လက်ခံရန် ငြင်း ဆန်သဖြင့် ၂၀၁၂ ခုနှစ် သြဂုတ်လကုန်ပိုင်း၌ မြန်မာနိုင်ငံအတွင်း သို့ ပြန် လည်ရွှေ့ပြောင်းရမှုများ ရှိခဲ့သည်။ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ စစ်ပွဲများ
ကြောင့် မြစ်ကြီးနားနှင့် အခြားမြို့နယ်များတွင် မှီခိုနေသည့် ဒုက္ခသည် အရေအတွက်မှာ တစ်သိန်းဝန်းကျင်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် တို့အကြား ၂၀၁၁ ခုနှစ် ဇွန်လမှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအထိ တိုက် ပွဲပေါင်း ၂၄၀၀ ၀န်းကျင် ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။ လက်ရှိ ကချင်
ပြည်နယ်အတွင်း၌ စစ်ပွဲများမှာ ပိုမိုပြင်းထန်လာပြီး ကချင်စစ်ဒုက္ခ သည်အ
ရေအတွက်လည်း ပိုမိုများပြားလာခဲ့သည်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ အကုန် ပိုင်းအထိ ဒုက္ခသည်စခန်းများ၌ စစ်ပြေးဒုက္ခသည် ၁၆၀၀၀၀ ကျော် ရောက်ရှိ
နေကြောင်းလည်း သိရသည်။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့က နိုင်ငံ
တော်သမ္မတ ဦးသိန်းစိန်က ကာကွယ်ရေးဦးစီးချုပ်ထံ ကချင်ပြည် နယ်ရှိ ကေအိုင်အေတပ်စခန်းများအား တပ်မတော်မှ ချီတက်ထိုးစစ်ဆင် တိုက်ခိုက်ခြင်းမပြုရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့သော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်နေခြင်းကြောင့် ဝေဖန်မှုများလည်း ရှိနေခဲ့ပါသည်။
ပြည်ထောင်စုကြီးရဲ့ အကျိုးစီးပွား၊ ဒေသခံပြည်သူတွေနဲ့ တိုင်းရင်း သားများရဲ့ အကျိုးစီးပွား၊ အဲဒါကိုအလေး ထားပြီးတော့ ဖြစ်နိုင်ခြေ ရှိတဲ့ ဆောင်ရွက်မှုများကို စတင်ခြင်းဖြင့်သာ စစ်မီးလျံတွေကို ငြှိမ်းသတ်နိုင်မှာ ဖြစ်ပါတယ်။ စစ်မှန်သမျှက ပြည်ထောင်စုအတွက် အကျိုးရှိတာမှမဟုတ်ဘဲ။ အဲဒီတော့ ပြည်တွင်းစစ်ဟူသည် အနုတ်လက္ခဏာ၊ ငြိမ်းချမ်းရေးသည် အပေါင်းလက္ခဏာ . . .

Marie Stopes International မှ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေး မှူး ဒေါက်တာစစ်နိုင်က ''အခုလို စစ်ပွဲ ဖြစ်ပွားလိုက်တဲ့အတွက်
ကြောင့် ဒေသခံတွေရဲ့ အခြေမြဲနေတဲ့အရာတွေအားလုံး ပျောက်ဆုံး သွား တယ်။ ဒီလို ပျက်စီးပျောက်ဆုံးကုန်တဲ့အတွက် လိုအပ်ချက်ရှိနေတဲ့ အရာတွေက ပိုပြီးတော့ကို ထိခိုက်မှုတွေ ဖြစ်နိုင် တယ်။ အထူးသဖြင့် နိမ့်ပါးပြီး လိုအပ်ချက် ရှိနေတဲ့သူတွေမှာ ပိုပြီးတော့ဖြစ်တာ တွေ့ရတယ်။ အဲဒီအထဲမှာ ကိုယ်ဝန်ဆောင်မိခင်တွေ၊ သက်ကြီးရွယ်အိုတွေ၊ နာမကျန်းတဲ့သူတွေနဲ့ ကလေးငယ်တွေ ပါပါတယ်။ သူတို့တွေအတွက် အန္တရာယ်တွေ ပိုရှိလာမယ်။ အဓိကကတော့ စစ်ဖြစ်နေတဲ့ ဒေသတွေမှာ လိုအပ်နေတဲ့ ၀န်ဆောင်မှုတွေကို ရနိုင်တဲ့နည်းတွေနဲ့ အမြန်ဆုံး ဖြည့် တင်းပေးဖို့ပါ။

အခုဒေသခံတွေမှာလည်း ဒုက္ခတွေ အရမ်းရောက်နေကြပြီဆိုတော့ ဒီလိုဖြစ်နေတဲ့ စစ်ပွဲကိုလည်း အမြန်ဆုံး ရပ်တန့်စေ ချင်ပါတယ်'' ဟု ပြောပြ ခဲ့ပါသည်။ ''စစ်ပွဲတွေ ရပ်ပေးတာ အကောင်းဆုံးပါပဲ။ အခုလို စစ်ဖြစ်တဲ့ အတွက် တကယ်ထိခိုက်နစ်နာရတာ ကိုယ့်တိုင်းရင်းသားတွေပါပဲ။ ဒါကြောင့် နှစ်ဦး နှစ်ဖက်လုံး စစ်မ ဖြစ်ကြဖို့၊ စစ်ပွဲကို ရပ်ပေးကြဖို့ တောင်း ဆိုချင်ပါတယ်'' ဟု ပန်းချီမင်းဝေအောင်က ဆိုပါသည်။ ''ရွေးကောက် ပွဲဝင်တဲ့ ရည်ရွယ်ချက်ကလည်း ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့ပါ။ ပြည်တွင်း ငြိမ်းချမ်းရေးဟာ မရှိမဖြစ် လိုအပ်ပါတယ်။ ကျွန် တော့်အသက် ၆၈ နှစ်ရှိ ပါပြီ။ ပြည်တွင်းစစ် သေနတ်သံ၊ ဗုံးသံတွေကြားမှာ မွေးလာ။ အခုထိလည်း ကြားနေရဆဲပါပဲ။ ကချင်ဒေသအပါအ၀င် တစ်နိုင်ငံလုံး သေနတ်သံတွေ အားလုံး တိတ်ပြီးတော့ တိုင်းပြည်ငြိမ်းချမ်းရေး အမြန်ရချင်ပါတယ်။ အခုလည်း တိုင်းရင်းသား အချင်းချင်းကြားမှာ ဖြစ်ပေါ်နေတဲ့ ကွဲလွဲ ချက်တွေကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းပါလို့ပဲ တောင်းဆိုချင်ပါတယ်''ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောကြားခဲ့ပါသည်။


''အစိုးရကကျတော့ ငြိမ်းချမ်းရေးယူတယ်။ သူ့အောက်က တပ်ကျတော့ ပြန် ချတယ်ဆိုတော့ ကျွန်တော်တို့ ဘယ်လိုနားလည်ရမလဲ။ ဒီလို ဖြစ်လာ
လေလေ တိုင်းရင်းသားတွေက သူတို့လက်နက်ကို ကျစ်ကျစ် ပါအောင် ကိုင်ထားတော့မှာ။ ဒီကိစ္စတွေ အားလုံးကပြီးသင့်ပါပြီ။ နှစ်ပေါင်း ငါးဆယ် အတွင်းမှာ တစ်ယောက်ကတိုက်လိုက်၊ တစ်ယောက်က လာချော့ လိုက်နဲ့။ ဗမာလည်း ပြည်ထောင်စုသားပဲဗျာ။ အဲဒီတော့ ကျွန်တော်တို့ တိုင်းရင်း သားတွေအချင်းချင်း ဒီလိုပဲ ပြီးကြတော့မှာလား။ ပြီးသွားမယ့် ကိစ္စတွေကို မစဉ်းစားကြတော့ဘူးလား။ နောက်လာဦးမယ်။ ကော်မရှင်ဖွဲ့တာတွေ။ ကော်မရှင်နဲ့ပဲ ပြီးသွားမယ့် သဘောဖြစ် နေတယ်။ အစိုးရက တားထားတဲ့ကိစ္စကို တပ်ကဖျက်တာကို လွှတ်တော်ကရော လက်ပိုက်ကြည့် နေကြတော့မှာလား။ စစ်ပွဲတွေက မဖြစ်သင့်တော့ဘူး။ သိပ်လည်း အရုပ်ဆိုးတယ်''ဟု ဦးခွန် ထွန်းဦး (ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ)က ပြောကြားခဲ့ သည်။

၈၈ မျိုးဆက် ကျောင်းသားများကလည်း အချက်ခြောက် ချက်ပါ ကြေညာ ချက်တစ်ခုကို ထုတ်ပြန်ခဲ့သည်။ ယခုစစ်ပွဲများကြောင့် အစိုးရတပ်မှဖြစ်စေ၊ KIA ဘက်မှ ဖြစ်စေ ထိခိုက်ကျဆုံးရသော ရဲဘော်များအပါအ၀င် ဆုံးရှုံးမှု များသည် ပြည်ထောင်စုတစ်ရပ်လုံး၏ ဆုံးရှုံးမှုများပင်ဖြစ်ကြောင်း၊ ယခုကဲ့ သို့ တိုက်ပွဲအရှိန် မြင့်တက်နေမှုများသည် တိုင်းရင်း သားအဖွဲ့ အစည်း များနှင့် ယုံကြည်မှု တည်ဆောက်ရေးကို ထိခိုက်စေမည့်အပြင် အဓိ ပ္ပာယ် ပြည့်ဝသော နိုင်ငံရေး ဆွေးနွေးပွဲများ ပေါ်ထွန်းရေးအတွက် အဟန့် အတား ဖြစ်လာနိုင်ကြောင်း၊ ကျွန်ုပ်တို့ ၈၈ မျိုးဆက် ကျောင်းသားများအေ နဖြင့် လည်း အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေး ဖြစ်စဉ်များအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ယခု ဖြစ်ပွားနေသော နှစ်ဖက်တိုက်ခိုက်မှုများ အမြန်ဆုံးရပ်ဆိုင်း ၍ ဆွေးနွေး
ညှိနှိုင်း ဖြေရှင်းကြပါရန် အလေးအနက် တိုက်တွန်းလိုက် ရပါကြောင်း စသည်ဖြင့် ပါဝင်သည်။

စစ်ပွဲရပ်ဆိုင်းရန် တောင်းဆိုမှုအချို့'စစ်ပွဲဆိုတာ လူ့အဖွဲ့အစည်းတစ်ခု၊ လူ့ယဉ်ကျေးမှုတစ်ခုရဲ့ အနိမ့်ကျဆုံး၊ အဆိုးရွားဆုံးဖြစ်ရပ်ပါပဲ။ နှစ်ဖက် စလုံးမှာ ရပ်တည်ချက်ကိုယ်စီ အကြောင်းပြချက် ကိုယ်စီရှိကြပေမယ့် စစ်ပွဲကိုမရပ်တန့်နိုင်ဘူးဆိုတာ စီမံခန့်ခွဲမှု ညံ့ဖျင်းမှု၊ ဉာဏ်ပညာနိမ့်ကျမှုနဲ့ အတ္တတရား ကြီးထွားနေမှုကို ဖော်ပြနေတာပါပဲ။ နိုင်ငံရဲ့ တခြား ကဏ္ဍတွေမှာ ဘယ်လောက်ပဲ တိုးတက်နေပါစေ။ စစ်ပွဲတွေရှိနေသေး မယ်ဆိုရင် လူသားတွေရဲ့ တိုင်းပြည်လို့ တောင် မသတ်မှတ်နိုင်ပါဘူး။ သားရဲတွေရဲ့ တောအုပ်တစ်ခုလို့ပဲ သတ်မှတ်လို့ ရနိုင်ပါလိမ့်မယ်'
♦ တေးရေး မြင့်မိုးအောင်

'စစ်ဖြစ်တယ်ဆိုတာ ဘယ်စစ်မဆိုလူတွေကို ကောင်းကျိုးမပေးပါဘူး။ လူတွေကို ဆိုးကျိုးပဲပေးတာပါ။ အခုလို နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်း လဲမှုတွေ လုပ်ဆောင်နေတဲ့အချိန်မှာ ဒီလိုပြင်းထန်တဲ့ စစ်ပွဲတွေ ထပ်ပြီး
တော့ ဖြစ်နေတယ်။ တစ်ဖက်က ပွင့်လင်းမြင်သာတဲ့ လူ့အဖွဲ့အစည်းကို သွားနေတယ်။ တစ်ဖက်က ပြင်းထန်တဲ့ စစ်ပွဲတွေ ဖြစ်နေတယ်ဆိုတာ လုံးဝမဖြစ်သင့်တဲ့ အခြေအနေလို့ ကျွန်တော်မြင်ပါတယ်။ လုံးဝမဖြစ်သင့် မဖြစ်ထိုက်တဲ့ အခြေအနေမျိုးမှာ အခုလိုပြင်းထန်တဲ့ အခြေအနေ
တွေ ဖြစ်ပေါ်နေတယ်ဆိုတာ ကြီးမှားတဲ့ မှားယွင်းမှုတွေ ရှိနေတယ်လို့ မြင် ပါတယ်။ အဲဒီကြီးမားတဲ့ အမှားယွင်းတွေက ဘယ်သူ့မှာ တာဝန်ရှိတယ် ဆိုတာ အမြန်ဆုံး အဖြေရှာပြီး အမြန်ဆုံးပြေလည်သွားဖို့ အထူးလို အပ်နေပါပြီ။ ဒီစစ်ကို လုံးဝမလိုလားဘူး။ ဒီစစ်ကို မထောက်ခံပါဘူး။ ဒီစစ်ပွဲမြန်မြန်ပြီးမှ ဖြစ်မှာပါ။ အဲဒီဒေသမှာရှိတဲ့ ကလေးငယ်တွေ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေ ပြည်သူတွေအားလုံး အေးချမ်းပြီး လွတ်လပ်ရေးရဲ့ အရသာကို ခံစားရမှာပါ။ ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ အမြန်ဆုံးရပ်စဲပေးပါလို့ ကျွန်တော့်အနေနဲ့ တောင်းဆိုပါတယ်'
♦ ဦးဝင်းကြိုင် (အထွေထွေအတွင်းရေးမှူး မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်)

'တိုက်ပွဲတွေလည်း တော်တော်ဖြစ်ပြီးပြီ။ ၂၀၁၂ခုနှစ် နှစ်ကုန်ပိုင်းမှာ တိုက်ပွဲ
တွေလည်း အတော် ပြင်းထန်လာတယ်။ တိုင်းရင်းသား ညီအစ်ကို အချင်း ချင်း အပြတ်တိုက်တာတော့ မလိုလားဘူး။ အရင်နှစ် ပေါင်းများစွာကလည်း အတူနေလာတယ်။ နောင်လည်း အတူတူနေမှာပဲ။ နိုင်နိုင်ရှုံးရှုံး အပြတ် တိုက်မယ်ဆိုတဲ့ မူဝါဒမျိုးကိုတော့ မဆုံးဖြတ်စေ ချင်ဘူး။ ပြေလည်
အောင်ညှိနှိုင်းဖို့ လမ်းစဉ်ကိုပဲ လိုလားပါတယ်'
♦ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခက်ထိန်နန်

'ကျွန်တော်တို့စစ်သားတွေဟာ သာမန်လူတွေထက် ငြိမ်းချမ်းရေးကို ပိုလိုချင်ပါတယ်။ စစ်ပွဲတစ်ပွဲဖြစ် ပြီဆိုရင် ပထမဆုံးစစ်ပွဲကို ရင်ဆိုင်ရတာ ကျွန်တော်တို့စစ်သားတွေပါ။ ပြည်သူတွေမဟုတ်သေးသလို နိုင်ငံရေး သမား တွေလည်း မဟုတ်ပါဘူး။ စစ်ပွဲတစ်ပွဲဖြစ်ပြီဆိုရင် ပြည်သူတွေကနေ စစ်ပွဲကိုရပ်တန့်ဖို့ ဆန္ဒပြကြတာ ရှိပါတယ်။ ဒါ့အပြင် နိုင်ငံရေး သမားတချို့ ကလည်း တစ်ဖက်တစ်လမ်းကနေ လှုံ့ဆော်နေတာတွေ ရှိကြပါတယ်။ သူတို့တွေဟာ တကယ့်စစ်ပွဲရဲ့ ကန့်လန့်ကာနောက်ကသူတွေပါ။ စစ်ပွဲရဲ့ အနိဋ္ဌာရုံကို အမှန်တကယ်ခံစားရတာ စစ်သားတွေပါ။ ကျွန်တော်ပြော ချင်တာက စစ်သားတွေဟာ နိုင်ငံရေး အခြေအနေအမျိုးမျိုးကြောင့် တိုင်းပြည် အတွက် စစ်တိုက်နေရပေမယ့် ဘယ်စစ်သားကမှ စစ်မတိုက် ချင်ကြဘူး'

♦ တပ်မတော်မှ အမည်မဖော်လိုသူ အရာရှိငယ်တစ်ဦး

ရွှေမီဒီယာ
၂၀၁၁ ခုနှစ် ဇွန်လမှစတင်ကာ ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် KIA အကြား တစ်ကျော့ပြန် ဖြစ်ပွား လျက်ရှိသော စစ်ပွဲ များသည် ၂၀၁၂ ခုနှစ် အတွင်း ပိုမိုပြင်း ထန်ခဲ့ပြီး ဒေသခံများ ထွက်ပြေး တိမ်းရှောင် ရခြင်း၊ လူမှုရေး၊ စီးပွား ရေးထိခိုက်မှုများအပြင် စစ်ပွဲကြောင့် သေဆုံးမှုများပါ ရှိလာသောကြောင့် စစ်ပွဲများ အမြန်ဆုံးရပ်စဲရေးကို နယ်ပယ်အသီးသီးမှ ထင်ရှားသူများက တောင်းဆိုခဲ့ကြပါသည်။ ''တိုက်ပွဲတွေကြောင့် နှစ်ဖက် အသေအပျောက် တော်တော်များနေပြီ။ ပြည်သူတွေလည်း စစ်ဘေး ဒဏ်ကို တော်တော်လေး ခံစား ရပြီးပါပြီ။ ၂၀၁၃ ခုနှစ်မှာတော့ နှစ်ဖက်ခံယူချက်တွေ၊ ခံစားချက်တွေကို မေ့ပစ်ပြီး ခွင့်လွှတ်သင်ခန်းစာယူကာ အမြန်ဆုံး အပစ်အခတ်ရပ်စဲဖို့ လိုနေပါပြီ။ အစိုးရအနေနဲ့လည်း တပ်တွေ မရှိတော့ရင် KIA က ပြည်နယ် အစိုးရကို သိမ်းနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကို လျော့ချသင့်ပါတယ်။

မြ၀တီမြို့တွင် နှစ်သစ်ကူးည မီးရှူးမီးပန်း ဗြောက်အိုးများ ပစ်ဖောက်သံနှင့် အတူ ကျည်ဆန်ဟု ယူဆရသောအရာ ထိမှန်ကာ အမျိုးသမီးငယ်တစ်ဦးနှင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိ

Photo: မြ၀တီမြို့တွင် နှစ်သစ်ကူးည မီးရှူးမီးပန်း ဗြောက်အိုးများ ပစ်ဖောက်သံနှင့်
အတူ ကျည်ဆန်ဟု ယူဆရသောအရာ ထိမှန်ကာ အမျိုးသမီးငယ်တစ်ဦးနှင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိ

Thursday, January 03, 2013
မြ၀တီမြို့ အမှတ်(၂) ရပ်ကွက်တွင် ဒီဇင်ဘာလ၃၁ရက်နေ့ ည၁၂ နာရီ ၀န်းကျင်က မီးရှူး မီးပန်း ဗြောက်အိုးများ ပစ်ဖောက်ကာ ပျော်ရွှင်စွာဖြင့်
နှစ်သစ်ကို ကြိုဆိုခဲ့ကြသော်လည်း ယင်းဗြောက်အိုးပေါက်သံများနှင့်အတူ ကျည်ဆန်ဟု ယူဆရသောအရာ ကျရောက်ထိမှန်ကာ အမျိုးသမီးငယ်
တစ်ဦးနှင့် အမျိုးသားတစ်ဦး ဒဏ်ရာရှိသွားကြောင်း သတင်းရရှိသည်။

မြ၀တီမြို့ အမှတ်(၂) ရပ်ကွက်၊ ရတနာပုံလမ်း အိမ်အမှတ်(၄၆) တွင်
နေထိုင်သည့် ဦးကျော်ဝင်း၏သမီး မမျိုးပပ၀င်း (၂၂)နှစ်သည့် ဒီဇင်ဘာ ၃၁ ရက် ညတွင် မိသားစုနှင့်အတူ TV ကြည့်နေစဉ် ည၁၁နာရီ ၄၅မိနစ်အချိန် အိမ်သွပ်ခေါင်မိုးကို ဖောက်ထွင်းကျလာသည့် ကျည်ဆန်ဟု ယူဆရသောအရာ ကျရောက်ထိမှန်ပြီး ညာလက်မောင်း အရိုးကျိုး
သွားကြောင်း မြ၀တီဆေးရုံကြီးမှ တစ်ဆင့် မဲဆောက် ဆေးရုံကြီးသို့ သွားရောက်ကုသမှု ခံယူလျက်ရှိကာ စတီးရိုးထည့်ထားရကြောင်း သိရသည်။

''မှန်တာတောင် မသိလိုက်ဘူး။ ပူခနဲ ဖြစ်သွားတာတဲ့။ သွေးတွေထွက်
လာလို့ ကြည့်လိုက်တော့မှ ပေါက်နေတယ်။ ဒီတော့မှ ဆေးရုံကို ပြေးကြ
တာပါ''ဟု မမျိုးပပ၀င်းနှင့် ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။

အလားတူ အမှတ်(၂)ရပ်ကွက် ပတ္တမြားလမ်း ဦးမြအောင် ခြံအတွင်း
နေထိုင်သူ ဦးမြသောင်း (၅၇)နှစ် ဆိုသူသည် နေအိမ်အောက်မှ အိမ်ပေါ်သို့ လှမ်းတက်စဉ် ည၁၁နာရီ ၃၀မိနစ်အချိန် ညာဖက်လက်မောင်း ကျည်ထိမှန်
သွားကြောင်း သိရသည်။

''သံတုတ်နဲ့ ရိုက်လိုက်သလို၊ မီးကြိုးပြတ်ပြီး ရှော့ဖြစ်သွားသလို ပူသွားသလို ခံစားရတယ်။ငွေကြေးကလည်း မတတ်နိုင်တော့ ဆေးရုံဆေးခန်းကို မသွားဘဲ လက်မောင်းကို အ၀တ်စည်းပြီး တစ်ညနေလိုက်တယ်။ မနက်မိုးလင်းမှ မယ်တော် ဆေးခန်းကို သွားပြတာပါ။ လက်က တအားရောင်ကိုင်းနေတော့ မခွဲပေးလိုက်ပါဘူး။ ကျည်ဆန်က အထဲမှာ
ရှိနေတယ်။ အရောင်လျော့ရင် ခွဲထုတ်မယ်လို့ ပြောပါတယ်''ဟု နှစ်သစ်ကူး
ညက ကျည်ဆန်ဟု ယူဆရသောအရာ ထိမှန်ခံရသူ ဦးမြသောင်း က
ပြောကြားခဲ့သည်။

မြ၀တီမြို့တွင် ယခုကဲ့သို့ အပြစ်မဲ့ပြည်သူများ ဒဏ်ရာအနာတရ ဖြစ်ရခြင်း
အတွက် ဒေသတွင်း လုံခြုံမှု ရတက်မအေးဖြစ်နေရကြောင်း မြ၀တီမြို့နေ
သူများက ပြောကြားသည်။

eleven media group
မြ၀တီမြို့ အမှတ်(၂) ရပ်ကွက်တွင် ဒီဇင်ဘာလ၃၁ရက်နေ့ ည၁၂ နာရီ ၀န်းကျင်က မီးရှူး မီးပန်း ဗြောက်အိုးများ ပစ်ဖောက်ကာ ပျော်ရွှင်စွာဖြင့်နှစ်သစ်ကို ကြိုဆိုခဲ့ကြသော်လည်း ယင်းဗြောက် အိုးပေါက်သံများနှင့်အတူ ကျည်ဆန်ဟု ယူဆရသောအရာ ကျရောက်ထိမှန်ကာ အမျိုးသမီးငယ်တစ်ဦးနှင့် အမျိုးသားတစ်ဦး ဒဏ်ရာရှိသွားကြောင်း သတင်းရရှိသည်။

ကမ္ဘာ့အရှည်ဆုံး အမြန်ရထားလမ်းကို တရုတ်တို့ စတင် အသုံးပြု

Photo: ကမ္ဘာ့အရှည်ဆုံး အမြန်ရထားလမ်းကို တရုတ်တို့ စတင် အသုံးပြု

Thursday, January 03, 2013
တရုတ်နိုင်ငံ မြောက်ဘက်စွန်းက ပေကျင်းမြို့ ကနေ တရုတ်နိုင်ငံ တောင် ဘက်ကျတဲ့ ကွမ်ကျိုး (Guangzhou) မြို့ အထိကို ဖောက်လုပ်ထားတဲ့ အမြန်ရထားလမ်း ဖြစ်ပါတယ်။

စုစုပေါင်း မိုင်ပေါင်း ၁၄၂၈ မိုင်ရှိပြီး တစ်နာရီ ၁၈၆ မိုင်နှုန်းနဲ့ မြန်မြန် သွားမှာ ဖြစ်ပါတယ်။ ဒီတော့ အရင်က နာရီ ပေါင်း ၂၀ ကြာတဲ့ ခရီးကို ၈ နာရီ နဲ့ မောင်းနှင်မှာ ဖြစ်ပါတယ်။ ဒီအတွက် ဈေးကလည်း သိပ်မသက်သာ ပါဘူး။ ခရီးစဉ် အစအဆုံးအတွက် ရထားစီး ခရီးစရိတ်က အမေရိကန်
ဒေါ်လာနဲ့ တွက်ရင် ၁၃၉ ဒေါ်လာလောက် ရှိပါတယ်။

သို့ပေမယ့် လေယာဉ်စီးပြီး ခရီးသွားတာနဲ့စာရင် သက်သာနေပါသေးတယ်။ ရထားကို နေ့ဘက်ပဲ ပြေးဆွဲစေပါတယ်။ ညဘက် ပြေးဆွဲရင် အန္တရာယ်များ တဲ့အတွက် Day Service သီးသန့်ပေးတဲ အမြန်ရထားလိုင်း ဖြစ်ပါတယ်။ သို့ပေမယ့် Overnight Service ပေးနိုင်ဖို့လည်း ကြိုးစားနေတယ်လို့ ဆိုပါ တယ်။

ယင်း ပေကျင်း-ကွမ်ကျိုး အမြန်ရထားလမ်းဟာ ကမ္ဘာ့အရှည်ဆုံး အမြန် ရထားလမ်း (World’s Longest High Speed Railway) အဖြစ် မှတ်တမ်း တင်နိုင်ခဲ့ကြောင်း သိရပါတယ်။

YoYarLay
တရုတ်နိုင်ငံ မြောက်ဘက်စွန်းက ပေကျင်းမြို့ ကနေ တရုတ်နိုင်ငံ တောင် ဘက်ကျတဲ့ ကွမ်ကျိုး (Guangzhou) မြို့ အထိကို ဖောက်လုပ်ထားတဲ့ အမြန်ရထားလမ်း ဖြစ်ပါတယ်။စုစုပေါင်း မိုင်ပေါင်း ၁၄၂၈ မိုင်ရှိပြီး တစ်နာရီ ၁၈၆ မိုင်နှုန်းနဲ့ မြန်မြန် သွားမှာ ဖြစ်ပါတယ်။ ဒီတော့ အရင်က နာရီ ပေါင်း ၂၀ ကြာတဲ့ ခရီးကို ၈ နာရီ နဲ့ မောင်းနှင်မှာ ဖြစ်ပါတယ်။ ဒီအတွက် ဈေးကလည်း သိပ်မသက်သာ ပါဘူး။ ခရီးစဉ် အစအဆုံးအတွက် ရထားစီး ခရီးစရိတ်က အမေရိကန်ဒေါ်လာနဲ့ တွက်ရင် ၁၃၉ ဒေါ်လာလောက် ရှိပါတယ်။

ဒေသ ဖွံ့ဖြိုးရေးနှင့် လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက် နေမှု အပေါ် KIA အဖွဲ့က နည်းမျိုး စုံဖြင့် တိုက်ခိုက် ဖျက်ဆီးမှုများ လုပ်ဆောင်မြဲ လုပ်ဆောင် လျက်ရှိ

Photo: ဒေသ ဖွံ့ဖြိုးရေးနှင့် လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက် နေမှု အပေါ် KIA အဖွဲ့က နည်းမျိုး စုံဖြင့် တိုက်ခိုက် ဖျက်ဆီးမှုများ လုပ်ဆောင်မြဲ လုပ်ဆောင် လျက်ရှိ

Thursday, January 03, 2013
နိုင်ငံတော် အစိုးရ အနေဖြင့် ကချင် ပြည်နယ်၏ ဒေသတွင်း လုံခြုံရေး၊ တည်ငြိမ် အေးချမ်း ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးတို့ အတွက် စီမံ ဆောင်ရွက် ပေးလျက် ရှိသကဲ့သို့ KIA အဖွဲ့နှင့် ထာဝရ ငြိမ်းချမ်းရေး ရရှိစေရန် ရည်မှန်းလျက် တွေ့ဆုံ ဆွေးနွေးမှုများ ဆောင်ရွက်လျက် ရှိသော်လည်း KIA အဖွဲ့ အနေဖြင့် ဒေသ ဖွံ့ဖြိုးရေးနှင့် လုံခြုံရေး လုပ်ငန်းဆောင်ရွက် နေမှုများ အပေါ် နည်းမျိုး စုံဖြင့် တိုက်ခိုက် ဖျက်ဆီးမှုများ လုပ်ဆောင်မြဲ လုပ်ဆောင် လျက် ရှိသည်။

၂ဝ၁၂ခုနှစ် ဒီဇင်ဘာ ၃ဝရက် ညနေပိုင်းက ဖားကန့်မြို့နယ် ဒေသအခေါ် ဝါကျဲရွာနှင့် ကထန်ရွာ အကြားရှိ လုံးခင်း- တောမှော်သွားလမ်း (လုံးခင်း ရဲစခန်းနှင့် လေးမိုင်ခန့် အကွာ)၌ လမ်း အသုံးပြု သူများ ထိခိုက်စေရန် ရည်ရွယ်လျက် KIA အဖွဲ့က မိုင်းထောင်စဉ် ပေါက်ကွဲမှု ဖြစ်ပွားရာ KIA အဖွဲ့မှ မိုင်းထောင်သူ တစ်ဦး သေဆုံးခဲ့သည်။

ထို့ပြင် ယင်းနေ့ ညနေပိုင်း တွင်ပင် မိုးကောင်းမြို့နယ် မရမ်းကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ အခြေပြု၍ လုံခြုံရေး ဆောင်ရွက်လျက် ရှိသည့် လုံခြုံရေး တပ်ဖွဲ့ဝင် များအား KIA တပ်ရင်း(၁၁) လက်အောက်ခံ ကျောက်ကြီး စခန်း တိုက်နယ်မှူး တန်ဂွမ်း ဦးစီး အဖွဲ့မှ အင်အား ၂ဝ ခန့်က ဒေသအခေါ် လသာကွင်း နေရာမှ လက်နက်ငယ် များဖြင့် ချောင်းမြောင်း ပစ်ခတ် ခဲ့သည်။

အဆိုပါ ဖြစ်စဉ်တွင် မရမ်း ကျေးရွာနေ ဦးအင်ဖော့ ဆင်ဝါး ၃ဝနှစ် (ဘ) ဦးအင်ဖော့ ဇော်အောင်၏ ယာဘက်ပေါင်တွင် လက်နက်ငယ် ထိမှန်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိ ခဲ့ကြောင်းနှင့် မိုးကောင်း ပြည်သူ့ ဆေးရုံ၌ ဆေးကုသမှု ခံယူလျက် ရှိကြောင်း သိရသည်။

ထို့အတူ KIA အဖွဲ့သည် ဒီဇင်ဘာ ၃၁ရက် နံနက်ပိုင်းက မိုးမောက်မြို့နယ် မြို့သစ် ရဲစခန်း၏ အရှေ့ဘက် (၁)မိုင် ခန့်အကွာရှိ တောင်ကုန်းများမှ နေ၍ မြို့သစ်ကျေးရွာ ပတ်ဝန်းကျင်သို့ လက်နက်ကြီး များဖြင့် ပစ်ခတ်ခဲ့ရာ လက်နက်ကြီး ခြောက်လုံး ကျရောက် ပေါက်ကွဲ ခဲ့ကြောင်း၊ ယင်းနေ့ ညပိုင်းက ချီဖွေငယ် ရေအား လျှပ်စစ်စက်ရုံမှ ဝိုင်းမော် ပင်မ ဓာတ်အားပေး စက်ရုံသို့ သွယ်တန်းထားသည့် ဓာတ်အားလိုင်းဓာတ်တိုင် အသစ်များအနက် မန်ဝိန်းကျေးရွာ အနီးရှိ ဓာတ်တိုင် အမှတ် (၁၇၉)၏ အောက်ခြေကို မိုင်းသုံးလုံး ကပ်၍ ဖောက်ခွဲ ဖျက်ဆီး ခဲ့ကြောင်းနှင့် ဓာတ်တိုင်မှာ ၇ဝ ဒီဂရီခန့် တိမ်းစောင်းသွား ခဲ့ကြောင်း သက်ဆိုင်ရာ ပြည်နယ်မှ သတင်း ရရှိသည်။


မြ၀တီ
နိုင်ငံတော် အစိုးရ အနေဖြင့် ကချင် ပြည်နယ်၏ ဒေသတွင်း လုံခြုံရေး၊ တည်ငြိမ် အေးချမ်း ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးတို့ အတွက် စီမံ ဆောင်ရွက် ပေးလျက် ရှိသကဲ့သို့ KIA အဖွဲ့နှင့် ထာဝရ ငြိမ်းချမ်းရေး ရရှိစေရန် ရည်မှန်းလျက် တွေ့ဆုံ ဆွေးနွေးမှုများ ဆောင်ရွက်လျက် ရှိသော်လည်း KIA အဖွဲ့ အနေဖြင့် ဒေသ ဖွံ့ဖြိုးရေးနှင့် လုံခြုံရေး လုပ်ငန်းဆောင်ရွက် နေမှုများ အပေါ် နည်းမျိုး စုံဖြင့် တိုက်ခိုက် ဖျက်ဆီးမှုများ လုပ်ဆောင်မြဲ လုပ်ဆောင် လျက် ရှိသည်။

တောဆင်ရိုင်းတွေကြောင့် လယ်ယာမြေဧက ၂ဝဝခန့် ဖျက်ဆီး

Photo: တောဆင်ရိုင်းတွေကြောင့် လယ်ယာမြေဧက ၂ဝဝခန့် ဖျက်ဆီး

Thursday, January 03, 2013
ပဲခူးတိုင်းဒေသကြီး ပဲခူးချောင်းဖျားဖက်ပိုင်းက ကျေးရွာပေါင်း ၅ဝကျော်ကို တောဆင်ရိုင်းတွေ မကြားသေးမီ ရက်ပိုင်းက ဝင်ရောက်ပြီး လယ်ယာမြေဧက ၂ဝဝခန့် ဖျက်ဆီးခံခဲ့ရတယ်လို့ ကြားသိရပါတယ်။

ဒီကိစ္စကို သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းတွေက အရေးယူပေးခြင်း မရှိသေးတဲ့အတွက် ရွာသူရွာသား ၁၅ဝလောက်က NLD ကို တိုင်ကြားအကူအညီတောင်းထားတဲ့အကြောင်း အခြေအနေကို ပဲခူးမြို့နယ် NLD လူငယ်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုအေးမင်းက ပြောပြပါတယ်။

သစ်တောပြုန်းတီးမှုကြောင့် အစာရေစာပြတ်တောက်ကာ ဆင်တွေဟာ ကျေးရွာတွေဖက်အထိ ဝင်ရောက်လာကြတာလို့ဒေသခံတွေက ယူဆနေကြပါတယ်။

၂ဝ၁၁ခုနှစ်ကလဲ ဒီလိုမျိုးတောဆင်ရိုင်းတွေ ရွာတွေထဲဝင်ရောက်နှောက်ယှက်ခဲ့လို့ လူအသေအပျောက်ရှိပေမယ့် ၂ဝ၁၂ခုနှစ်နဲ့ ခုချိန်ထိတော့ လူအသေအပျောက်မရှိသေးဘူးလို့ သိရပါတယ်။

RFA Burmese

ပဲခူးတိုင်းဒေသကြီး ပဲခူးချောင်းဖျားဖက်ပိုင်းက ကျေးရွာပေါင်း ၅ဝကျော်ကို တောဆင်ရိုင်းတွေ မကြားသေးမီ ရက်ပိုင်းက ဝင်ရောက်ပြီး လယ်ယာမြေဧက ၂ဝဝခန့် ဖျက်ဆီးခံခဲ့ရတယ်လို့ ကြားသိရပါတယ်။

ဒီကိစ္စကို သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းတွေက အရေးယူပေးခြင်း မရှိသေးတဲ့အတွက် ရွာသူရွာသား ၁၅ဝလောက်က NLD ကို တိုင်ကြားအကူအညီတောင်းထားတဲ့အကြောင်း အခြေအနေကို ပဲခူးမြို့နယ် NLD လူငယ်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုအေးမင်းက ပြောပြပါတယ်။

ပြည်တွင်း လေယာဉ်စီးခ နှုန်းထားများ ပြင်ဆင်သတ်မှတ်

Photo: ပြည်တွင်း လေယာဉ်စီးခ နှုန်းထားများ ပြင်ဆင်သတ်မှတ်

Thursday, January 03, 2013
ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့လေကြောင်း ပြည်တွင်း လေယာဉ်ခ နှုန်းထားများကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှစ၍ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

မန္တလေး-ရန်ကုန် နိုင်ငံသား ငွေကျပ် ၆၀၀၀၀၊ နိုင်ငံခြားသား ၇၅ ဒေါ်လာ၊

မန္တလေး-နေပြည်တော် နိုင်ငံသား ငွေကျပ် ၃၅၀၀၀၊ နိုင်ငံခြားသား ၄၄ ဒေါ်လာ၊
မန္တလေး-မြစ်ကြီးနား နိုင်ငံသား ငွေကျပ် ၅၃၀၀၀၊ နိုင်ငံခြားသား ၆၆ ဒေါ်လာ၊

မန္တလေး-ဗန်းမော် နိုင်ငံသား ငွေကျပ် ၄၃၀၀၀၊ နိုင်ငံခြားသား ၅၄ ဒေါ်လာ၊

မန္တလေး-ပူတာအို နိုင်ငံသား ငွေကျပ် ၇၅၀၀၀၊ နိုင်ငံခြားသား ၉၄ ဒေါ်လာ၊

မန္တလေး-ခန္တီး နိုင်ငံသား ငွေကျပ် ၆၀၀၀၀၊ နိုင်ငံခြားသား ၇၅ ဒေါ်လာ၊

မန္တလေး-ဟုမ္မလင်း နိုင်ငံသား ငွေကျပ် ၆၃၀၀၀၊ နိုင်ငံခြားသား ၇၉ ဒေါ်လာ၊

မန္တလေး-ကလေး နိုင်ငံသား ငွေကျပ် ၄၅၀၀၀၊ နိုင်ငံခြားသား ၅၆ ဒေါ်လာ၊

မန္တလေး-ကျိုင်းတုံ နိုင်ငံသား ငွေကျပ် ၇၅၀၀၀၊ နိုင်ငံခြားသား ၉၄ ဒေါ်လာ၊

မန္တလေး-တာချီလိတ် နိုင်ငံသား ငွေကျပ် ၇၅၀၀၀၊ နိုင်ငံခြားသား ၉၄ ဒေါ်လာ၊

မန္တလေး-ဟဲဟိုး နိုင်ငံသား ငွေကျပ် ၂၅၀၀၀၊ နိုင်ငံခြားသား ၃၁ ဒေါ်လာ၊

မန္တလေး-ညောင်ဦး နိုင်ငံသား ငွေကျပ် ၂၅၀၀၀၊ နိုင်ငံခြားသား ၃၁ ဒေါ်လာ၊

မန္တလေး-လားရှိုး နိုင်ငံသား ငွေကျပ် ၃၈၀၀၀၊ နိုင်ငံခြားသား ၄၈ ဒေါ်လာ တြို့ဖစ်ကြောင်း သိရသည်။

Myanmar1
ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့လေကြောင်း ပြည်တွင်း လေယာဉ်ခ နှုန်းထားများကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှစ၍ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

မန္တလေး-ရန်ကုန် နိုင်ငံသား ငွေကျပ် ၆၀၀၀၀၊ နိုင်ငံခြားသား ၇၅ ဒေါ်လာ၊

မန္တလေး-နေပြည်တော် နိုင်ငံသား ငွေကျပ် ၃၅၀၀၀၊ နိုင်ငံခြားသား ၄၄ ဒေါ်လာ၊
မန္တလေး-မြစ်ကြီးနား နိုင်ငံသား ငွေကျပ် ၅၃၀၀၀၊ နိုင်ငံခြားသား ၆၆ ဒေါ်လာ၊

မန္တလေး-ဗန်းမော် နိုင်ငံသား ငွေကျပ် ၄၃၀၀၀၊ နိုင်ငံခြားသား ၅၄ ဒေါ်လာ၊

အမေရိကန်တွင် လျှပ်စစ်ချွေတာတဲ့ မီးလုံးကိုပဲ သုံးစွဲခွင့်ပြုတော့မည်

Photo: အမေရိကန်တွင် လျှပ်စစ်ချွေတာတဲ့ မီးလုံးကိုပဲ သုံးစွဲခွင့်ပြုတော့မည်

Thursday, January 03, 2013
ဒီနှစ်ကစပြီး သာမန် သုံးစွဲနေကျ ၇၅ ၀ပ်အား မီးလုံးတွေကို အမေရိကန်နိုင်ငံက ထုတ်လုပ်ခွင့်၊ တင်သွင်းခွင့်တွေ ပိတ်ပင်လိုက်ပါပြီ။ ဆိုင်မှာကျန်နေသေးတဲ့ မီးလုံးတွေကိုတော့ ရောင်းချခွင့်ရှိမှာပါ။

ပုံမှာမြင်ရတဲ့ ဒီမီးလုံးတွေက လျှပ်စစ်သုံးတာများတဲ့ အတွက် ၀ပ်အားချင်းတူရင် လျှပ်စစ်ဓာတ်အား အသုံးနဲတဲ့ မီးလုံးတွေနဲ့ အစားထိုးသွားမှာ ဖြစ်ပါတယ်။

၁၀၀ ၀ပ်အား ရိုးရိုး မီးလုံးတွေကိုတော့ ပြီးခဲ့တဲ့ နှစ်ကတည်းက တင်သွင်းခွင့်၊ ထုတ်လုပ်ခွင့် ပိတ်ပင်ခဲ့ပါတယ်။ အမျိုးတူ ၄၀ နဲ့ ၆၀ အား မီးလုံးတွေကို လာမဲ့ ၂၀၁၄ ခုနှစ်မှာ ရပ်တန့်မှာပါ။

လျှပ်စစ်ဓာတ်အားအသုံးနဲတဲ့ မီးလုံးတွေကို အစားထိုးတဲ့အတွက် မီတာအကုန်အကျ သက်သာသလို လျှပ်စစ်လိုအပ်မှု ကျဆင်းသွားမှာ
ဖြစ်ပါတယ်။ ဓာတ်အားချွေတာတဲ့ မီးလုံးတွေရဲ့ဈေးကတော့ လက်ရှိမှာ နဲနဲ မြင့်နေသေးပေမဲ့ ကြာရှည်ခံတဲ့အတွက် တွက်ခြေကိုက်တယ်လို့ ဆိုပါတယ်။

MBurma-Newselite
ဒီနှစ်ကစပြီး သာမန် သုံးစွဲနေကျ ၇၅ ၀ပ်အား မီးလုံးတွေကို အမေရိကန်နိုင်ငံက ထုတ်လုပ်ခွင့်၊ တင်သွင်းခွင့်တွေ ပိတ်ပင်လိုက်ပါပြီ။ ဆိုင်မှာကျန်နေသေးတဲ့ မီးလုံးတွေကိုတော့ ရောင်းချခွင့်ရှိမှာပါ။ ပုံမှာမြင်ရတဲ့ ဒီမီးလုံးတွေက လျှပ်စစ်သုံးတာများတဲ့ အတွက် ၀ပ်အားချင်းတူရင် လျှပ်စစ်ဓာတ်အား အသုံးနဲတဲ့ မီးလုံးတွေနဲ့ အစားထိုးသွားမှာ ဖြစ်ပါတယ်။

လှေစီးပြေးရိုဟင်ဂျာ ဒုက္ခသည်တွေ ထိုင်းအစိုးရ နေရပ်ရင်း ပြန်ပို့မည်

Photo: လှေစီးပြေးရိုဟင်ဂျာ ဒုက္ခသည်တွေ ထိုင်းအစိုးရ နေရပ်ရင်း ပြန်ပို့မည်

Thursday, January 03, 2013
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးပဋိပက္ခတွေကနေ ထွက်ပြေးပြီး ရောက် လာကြတဲ့ ရိုဟင်ဂျာ လှေစီးဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ်လို့ ထိုင်းအာဏာ ပိုင်တွေက ပြောပါတယ်။ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအ၀င် စုစုပေါင်း ၇၁ ဦးပါလာတဲ့ အဲဒီလှေဟာ မလေးရှားနိုင်ငံဘက်ကို ဦးတည်သွားနေတယ်လို့ ယူဆရပြီး ထိုင်းနိုင်ငံ၊ ဖူးခက် ကမ်းခြေမြို့ကို ရောက်သွားကြတာ ဖြစ်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းဆောင်းပါးနဲ့ ပူးတွဲပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ပင်လယ်ထဲ ၁၃ ရက်လောက်မျောနေတယ်လို့ ယူဆရတဲ့ အဲဒီ လှေစီးပြေး ဒုက္ခသည်တွေကို ထိုင်းအာဏာပိုင်တွေက ကြားဖြတ် ဖမ်းဆီးလိုက်ပြီး လိုအပ်တဲ့ စားနပ်ရိက္ခာတွေ အင်္ဂါနေ့ က ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒေသခံ သတင်းမီဒီယာတွေကတော့ သူတို့ကို ဖမ်းဆီးပြီး မြန်မာပြည်ဘက်ကို ကုန်းလမ်းက ပြန်ပို့ဖို့ အမိန့်ထုတ်ထားတယ်လို့ ဗုဒ္ဓဟူးနေ့မှာ ရေးသား ဖော်ပြကြပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က သူတို့ဟာ တကယ့် ဒုက္ခသည်တွေ ဟုတ်မဟုတ် အသေအချာ စစ်ဆေးခွင့်မရမချင်း ဒီဒုက္ခသည်တွေကို ထိုင်းအစိုးရအနေနဲ့ ပြန်မပို့သင့်ဘူးလို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က အကြီးတန်း သုတေသီ Sunai Phasuk က ဗွီအိုအေကို ပြောပါတယ်။

အိမ်နီးချင်းနိုင်ငံတွေက ဒုက္ခသည်တွေကို လက်ခံလိုစိတ်မရှိတဲ့ ထိုင်းအစိုးရအနေနဲ့ ပိုမို ကောင်းမွန်တဲ့ ပေါ်လစီတွေ ချမှတ် ကျင့်သုံးဖို့လိုမယ်လို့ သူက ပြောပါတယ်။

“မလေးရှားကိုသွားအလုပ်လုပ်ကြမယ့် ရိုဟင်ဂျာလူငယ်တွေချည်း မဟုတ်ဘဲ ကလေးငယ်တွေ၊ အမျိုးသမီးတွေပါ ပါလာတဲ့ သင်္ဘောကို ထိုင်းအာဏာပိုင်တွေ ပထမဆုံးအကြိမ်အဖြစ် ကြားဖြတ် ဖမ်းမိလိုက်တာပါ။ ဒီလူတွေရဲ့ အဆိုအရကတော့ သူတို့ဟာ ဖိနှိပ် ညှဉ်းပန်းမှုတွေ၊ လူအခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ အကြမ်းဖက်မှုတွေက လွတ်ကင်းရာကို ထွက်ပြေးလာကြတာလို့ ဆိုတယ်။”

ထိုင်းအာဏာပိုင်တွေက အခုလို လှေစီးပြေးဒုက္ခသည်တွေကို လက်ခံလေ့မရှိတာကြောင့် ဒီလူတွေဟာ သူတို့သွားလိုရာကို ခရီးဆက်ကြလေ့ ရှိပါတယ်။ ၂၀၀၈ ခုနှစ်နဲ့ ၂၀၀၉ ခုနှစ်တွေအတွင်း ထိုင်းနိုင်ငံက လက်မခံဘဲ နှင်ထုတ်လိုက်တဲ့အတွက် ရိုဟင်ဂျာ ဒုက္ခသည်ပေါင်း ရာနဲ့ချီပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနောက်ပိုင်း မလေးရှားနိုင်ငံ ကို ရောက်လာကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စာရင်းဟာ တရားဝင်အားဖြင့် ၆၀၀ ကျော်သွားပြီလို့ မလေးရှားအခြေစိုက် ရိုဟင်ဂျာဒုက္ခသည်များကော်မီတီက ပြောခွင့်ရ မိုဟာမက် ဆာဒီးက ပြောပါတယ်။

“ရခိုင်ပြည်နယ် ပဋိပက္ခ နောက်ပိုင်းမှာဆိုရင် ------ ပထမဆုံးအသုတ်က အားလုံးပေါင်းတော့ အနည်းဆုံး ၃၀ ကျော်မယ်ဆိုတာကိုတော့ ကျနော်တို့ သိရှိပါတယ်။ နောက်ဆုံးကတော့ စင်ကာပူကို တသုတ်လာတယ်။ မလေးရှားကိုတော့ ပြီးခဲ့တဲ့ သုံး-လေးရက်ကြာက အားလုံး ၄၅၀ ကျော်ကျော်၊ ၅၀၀ နီးပါး ရောက်လာတယ်။ နောက်ဆုံးအသုတ်က အယောက် ၇၀ ရောက်လာတယ်။ အဲလိုပဲ၊ သုံးသုတ်ပဲ - အတိအကျ သတင်းစာမှာ အစိုးရ အာဏာ ပိုင်တွေ ပေါ်တင် ပြောနေတာ ရှိတယ်။ လူဦးရေအားဖြင့်ကတော့ ၆၀၀ ကျော်ကျော် ရှိတယ်လို့ ကျနော်ထင်ပါတယ်။”

သူတို့တွေ မလေးရှားကို ရောက်လာပေမယ့်လည်း မလေးရှားအစိုးရက တရားဝင် နေထိုင် ခွင့် ပြုထားတာတော့မဟုတ်ပါဘူး။ သူတို့ကို မလေးရှားနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တည်ဆဲဥပဒေတွေနဲ့ ထိန်းချုပ်ထားပြီး နောက်ပိုင်းကျမှ UNHCR အစရှိတဲ့ အဖွဲ့အစည်းတွေ က လာရောက် စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်လေ့ရှိတယ်-လို့ ရိုဟင်ဂျာ လူ့အခွင့်အရေး ဆိုင်ရာအဖွဲ့ - မလေးရှားက ဇဖား အာမက်က ပြောပါတယ်။

“မလေးရှားက ထိန်းသိမ်းထားတဲ့သူတွေက UN နဲ့ကိုင်ပြီးတော့ သူတို့ကို ခိုလှုံခွင့်ပေးဖို့ အတွက် အင်တာဗျူးယူပြီးတော့ ခိုလှုံခွင့် အစီအစဉ် သူတို့ လုပ်ပေးတယ်။ UN ဥပဒေနဲ့ သူတို့လိုက်လုပ်နေတယ်။ မလေးရှားအစိုးရကလည်း မလေးရှားအစိုးရဥပဒေနဲ့ သူတို့ တိုင်ပင်ပြီးတော့ UNHCR အရာရှိကြီးတွေကို ခေါ်ပြီးတော့ အင်တာဗျူးယူပြီးတော့ သူတို့ကို ဒုက္ခသည်စခန်းတွေမှာ အခြေပြုဖို့အတွက် လုပ်လာတယ်လို့ ကျနော်တို့တွေ့တယ်။”

မလေးရှားကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နောက်ဆုံးရောက်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် အဖွဲ့ထဲမှာ လူ ၄၅၀ ပါတယ်လို့ ဆိုပါတယ်။ စင်္ကာပူဆိပ်ကမ်းကို ဒီဇင်ဘာလလယ်ပိုင်းမှာ ကပ်လာတဲ့ လူ ၄၀ ပါ ရိုဟင်ဂျာ ဒုက္ခသည်အုပ်စုကိုတော့ စင်္ကာပူအာဏာပိုင်တွေက ကမ်းကပ်ခွင့် မပေးဘဲ ပြန်နှင်ထုတ်လိုက်တဲ့အတွက် အဲဒီ ဒုက္ခသည်တွေဟာ မလေးရှားနိုင်ငံမှာ လောလောဆယ် ထိန်းသိမ်းခံထားရတယ်လို့ သိရပါတယ်။

VOA
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးပဋိပက္ခတွေကနေ ထွက်ပြေးပြီး ရောက် လာကြတဲ့ ရိုဟင်ဂျာ လှေစီးဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ်လို့ ထိုင်းအာဏာ ပိုင်တွေက ပြောပါတယ်။ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအ၀င် စုစုပေါင်း ၇၁ ဦးပါလာတဲ့ အဲဒီလှေဟာ မလေးရှားနိုင်ငံဘက်ကို ဦးတည်သွားနေတယ်လို့ ယူဆရပြီး ထိုင်းနိုင်ငံ၊ ဖူးခက် ကမ်းခြေမြို့ကို ရောက်သွားကြတာ ဖြစ်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းဆောင်းပါးနဲ့ ပူးတွဲပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ပင်လယ်ထဲ ၁၃ ရက်လောက်မျောနေတယ်လို့ ယူဆရတဲ့ အဲဒီ လှေစီးပြေး ဒုက္ခသည်တွေကို ထိုင်းအာဏာ ပိုင်တွေက ကြားဖြတ် ဖမ်းဆီးလိုက်ပြီး လိုအပ်တဲ့ စားနပ်ရိက္ခာတွေ အင်္ဂါနေ့ က ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒေသခံ သတင်းမီဒီယာတွေကတော့ သူတို့ကို ဖမ်းဆီးပြီး မြန်မာပြည်ဘက်ကို ကုန်းလမ်းက ပြန်ပို့ဖို့ အမိန့်ထုတ်ထားတယ်လို့ ဗုဒ္ဓဟူးနေ့မှာ ရေးသား ဖော်ပြကြပါတယ်။

သတိပေးဆေးရေးပန်းချီများ လမ်းမများထက်တွင်ရေးဆွဲလာ

Photo: သတိပေးဆေးရေးပန်းချီများ လမ်းမများထက်တွင်ရေးဆွဲလာ

Thursday, January 03, 2013
မန္တလေးမြို့၏အဓိကလမ်းမကြီး တချို့၌ မော်တော်ဆိုင်ကယ်များ လမ်းလယ်တွင်မစီးရန် ဆေးရေး ပန်းချီပုံများဖြင့်လမ်းမပေါ်၌ သတိပေးကြေညာ ရေးဆွဲထားသည်ကို တွေ့ရသည်။ “ဆိုင်ကယ်တွေ အလယ်ယာဉ်ကြော (ဘယ်ဘက်ကြော)ကို ၀င်မစီးရဘူး၊အခု လမ်းလယ်ကျွန်းကပ်လျက်မှာ နမူနာ ဆေးရေးပန်းချီတေ လိုက်ဆွဲနေတယ်၊ လိုအပ်တဲ့ အမှတ်အသားတွေကို ဇန်န၀ါရီလအကုန်မှာ အပြီးလုပ်ဆောင်မယ်”ဟု “မန်းစည်ပင်လမ်းတံတား” ဌာနမှူးဒေါ်ခင်မေဌေးက ပြောသည်။ မိန်းလမ်းမကြီး၏ လမ်းအလယ်တွင် ဆိုင်ကယ်မစီးရ သရုပ်ဖော် ဆေးရေးပန်းချီများကို ၃၅ လမ်း၊ ၇၈ လမ်း၊ ၆၂ လမ်း၊ ရန်ကုန်-မန်းလမ်းမကြီးနှင့် ကျုံးပတ်လည်တွင်ထပ်မံ ရေးဆွဲခြင်းများပြုလုပ်မည်ဟု သိရသည်။ “လမ်းမပေါ် ဆေးပန်းချီ ရေးဆွဲလို့အားလုံးပြီးသွားရင် ဆိုင်ကယ် မစီးရနေရာမှာ စီးတာတွေ့ရင်တော့မိုဘိုင်းနဲ့ ဖမ်းကြမှာ၊ယာဉ်ထိန်းရဲ၊ အခွန်၊ ကညန တို့ပူးပေါင်းပြီး ဖမ်းကြလိမ့်မယ်”ဟု ဒေါ်ခင်မေဌေးကပြောသည်။ မန္တလေးမြို့ရှိမိန်းလမ်းမတွင် ယာဉ်ကြော ရှုပ်ထွေးမှုများ ရှိသောကြောင့် ဘယ်ဘက်လမ်းကြောမ တစ်ဆင့်ကျော်တက်ရခြင်းများ ရှိသည်။ လမ်းအလယ်မောင်ြး ခင်းကို ဖမ်းဆီးခြင်းထက် လမ်းများချဲ့ပေးခြင်း၊ ယာဉ်ကြောမရှုပ်စေရန် ရှင်းလင်းပေးခြင်းတို့ကို လုပ်ပေးစေချင်ကြောင်း မန္တလေးဒေသခံအချို့က သုံးသပ်ပြောဆိုသည်။

AutoMobile ဂျာနယ်
မန္တလေးမြို့၏အဓိကလမ်းမကြီး တချို့၌ မော်တော်ဆိုင်ကယ်များ လမ်းလယ်တွင်မစီးရန် ဆေးရေး ပန်းချီပုံ များဖြင့်လမ်းမပေါ်၌ သတိပေးကြေညာ ရေးဆွဲထားသည်ကို တွေ့ရသည်။ “ဆိုင်ကယ်တွေ အလယ် ယာဉ်ကြော (ဘယ်ဘက်ကြော)ကို ၀င်မစီးရဘူး၊အခု လမ်းလယ်ကျွန်းကပ်လျက်မှာ နမူနာ ဆေးရေး ပန်းချီတေ လိုက်ဆွဲနေတယ်၊ လိုအပ်တဲ့ အမှတ်အသားတွေကို ဇန်န၀ါရီလအကုန်မှာ အပြီးလုပ်ဆောင် မယ်”ဟု “မန်းစည်ပင်လမ်းတံတား” ဌာနမှူးဒေါ်ခင်မေဌေးက ပြောသည်။ 

ထိုင်းက မြန်မာ အလုပ်သမားတွေ သတ်မှတ်အနိမ့်ဆုံးလစာ ရနိုင်ခြေနည်း

Photo: ထိုင်းက မြန်မာ အလုပ်သမားတွေ သတ်မှတ်အနိမ့်ဆုံးလစာ ရနိုင်ခြေနည်း

Thursday, January 03, 2013
၂၀၁၃ ခု၊ ဇန်နဝါရီလ တစ်ရက်နေ့ကစလို့ ထိုင်းနိုင်ငံတဝှမ်းလုံးက အလုပ်သမားတွေရဲ့ အနိမ့်ဆုံး လစာ တစ်ရက်ကို ဘတ်ငွေ ၃၀၀ ရရှိရမယ်လို့ ထိုင်းအစိုးရသတ်မှတ်ထားတဲ့အတိုင်း မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေရဖို့ အခြေအနေနည်းတယ်လို့ မဟီဒေါတက္ကသိုလ်က ရွှေ့ပြောင်း အလုပ်သမားအရေး ကျွမ်းကျင်သူက ပြောလိုက်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံက ရွှေ့ပြောင်း အလုပ်သမား သောင်းချီရှိနေတဲ့ မဲဆောက်မြို့က အလုပ်သမားတွေ ရသင့်တဲ့ ရပိုင်ခွင့်ကို ခံစားနိုင်ကြဖို့ အခွင့်အလမ်း နည်းတယ်လို့ ဆိုပါတယ်။ ဘာကြောင့်ပါလဲ -ဆက်သွယ်စုံစမ်းထားတဲ့ ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြပါမယ်။

ထိုင်းနိုင်ငံတဝန်းလုံးက အလုပ်သမားတွေအနေနဲ့ အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာလောက်နဲ့ ညီမျှတဲ့ တရက် အနိမ့်ဆုံးလုပ်ခ ဘတ် ၃၀၀ ကို ဇန်နဝါရီလ ၁ ရက်နေ့ကတည်းက စတင်ရရှိကြမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံမှာ သန်းနဲ့ချီ ရှိနေကြတဲ့ မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ ရသင့်တဲ့ အနိမ့်ဆုံးလစာ ရနိုင်တဲ့အခြေအနေ နည်းတယ်လို့ ဘန်ကောက်မြို့၊ မဟီဒေါ တက္ကသိုလ်က ရွှေ့ပြောင်းအလုပ်သမားအရေးကျွမ်းကျင်သူ Adndy Hall ကပြောပါတယ်။ အထူးသဖြင့် ထိုင်းမြန်မာနယ်စပ်က စက်ရုံအလုပ်ရုံတွေများတဲ့ မဲဆောက်မြို့မှာ အလုပ်လုပ်နေကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ တနေ့ ဘတ် ၃၀၀ ရကြမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“အလုပ်ရှင်တွေပေးမှာ မဟုတ်ပါဘူး။ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားတွေကို ပေးသင့်တဲ့ အနိမ့်ဆုံးလစာ မပေးကြတဲ့ အလုပ်ရှင်တွေ အများကြီး ရှိပါတယ်။ အလုပ်ရှင်တွေက ရဲကိုပေးရတယ်။ တာဝန်ရှိသူတွေကို ပေးရတယ်ဆိုပြီး အလုပ်သမားတွေရဲ့ လုပ်အားခကို အမြတ်ထုတ်နေကြတာပါ၊ ကောင်းဆုံး သာဓကကတော့ မဲဆောက်မှာပါ၊ မဲဆောက်က အလုပ်ရှင်တွေက အလုပ်သမားတွေကို တနေ့ ဘတ် ၃၀၀ ပေးမှာကို မဟုတ်ပါဘူး”-လို့ ပြောသွားတာဖြစ်ပါတယ်။

ယာယီနိုင်ငံကူးလက်မှတ် တနည်းအားဖြင့် ထိုင်းနိုင်ငံမှာ တရားဝင်နေထိုင်ခွင့်ရှိထားတဲ့ အလုပ်သမားတွေကတော့ သတ်မှတ် အနိမ့်ဆုံး လစာကို ခံစားရနိုင်ဖို့များပေမဲ့ ဘာလက်မှတ် အထောက်အထားမှ မရှိကြတဲ့ ရွှေ့ပြောင်းအလုပ်သမား ၂ သန်းလောက်အတွက်ကတော့ ထိုင်းအစိုးရ သတ်မှတ်ချက်အတိုင်း ရနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ တကယ်လို့ ဥပဒေအရ ပေးတယ်ဆိုရင်လဲ တခြားနည်းလမ်းတွေနဲ့ ပြန်ပြီး လစာ အနှိမ်ခံရနိုင်တယ်လို့လည်း Andy Hall ကပြောပါတယ်။

“အလုပ်သမားတွေ အနိမ့်ဆုံးရသင့်တဲ့ လစာရပါလိမ့်မယ်၊ ဒါပေမဲ့ သူတို့ရဲ့ တခြားရပိုင်ခွင့်တွေ ဖြတ်တာကို ခံရနိုင်ပါတယ်။ အချိန်ပို အလုပ်ချိန်လဲ ဖြတ်ခံရနိုင်ပါတယ်။ အချိန်ပိုလုပ်ချိန် နည်းတယ် ဆိုရင် လကုန်လို့ လခထုတ်ချိန်မှာ လစာနည်းနည်းပဲ ရကြပါလိမ့်မယ်၊ အချိန်ပိုခက တနာရီကို ၁ ဆခွဲလောက် ရကြတာပါ၊ အလုပ်ရှင်တွေဖက်က တနေ့ပေးရတဲ့ ဘတ် ၃၀၀ ပြန်ကာမိအောင် အလုပ်သမားတွေဆီက ဖြတ်ကြမှာပါ၊ နောက်အလုပ်သမားတွေ အပြင်ထွက်ချိန်တွေ လျှော့ပြစ်တာ မျိုးလို အလုပ်သမားတွေအပေါ်မှာ ဖိအားတွေ များလာနိုင်ပါတယ်”- လို့ ရွှေ့ပြောင်းအလုပ်သမားအရေးကျွမ်းကျင်သူ Andy Hall က သူ့အမြင်ကို ပြောသွားပါတယ်။
ဇန်နဝါရီလ ၁ ရက်နေ့ မတိုင်ခင်က မဲဆောက်ခရိုင်မှာ အနိမ့်ဆုံး တရက်လုပ်အားခ ၂၂၆ ဘတ် ပေးရမယ်လို့ ထိုင်းအစိုးရက သတ်မှတ်ထားတာတောင် မြန်မာနိုင်ငံက ရွှေ့ပြောင်း အလုပ်သမား တချို့ဆိုရင် ဘတ် ၁၀၀ တောင် မရကြပါဘူး။ မဲဆောက်မြို့က မီးလုံးစက်ရုံတခုမှာ အလုပ်လုပ်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတယောက်က ပြောပြတာက-
“သတ်မှတ်ထားတဲ့နှုန်း မရပါဘူး။ ရနေတာက တချို့ လက်ရှိအလုပ်သမားတွေကျတော့ ၆၅ ဘတ်ရတယ်။ တချို့ကျတော့ ၇၅ ဘတ် ရတယ်။ တချို့ကျတော့ ၈၀ ရပါတယ်ခင်ဗျာ။ ကျနော်တို့ ကြားတော့ ကြားထားတယ်။ တနေ့ကို ၃၀၀ ရမယ်လို့၊ ဒါပေမဲ့ OT (အချိန်ပို) က တနေ့ကို ဘယ်လောက်ပေးမလဲဆိုတာ ကျနော်တို့ မသိဘူး ခင်ဗျ။ ဘယ်နှစ်နာရီကနေ ဘယ်နှစ်နာရီအထိကို ၃၀၀ ရမှာလဲ၊ မနက် ၈ နာရီကနေ ညနေ ၅ နာရီအထိကို ၃၀၀ လား၊ ကျန်တဲ့ အချိန်တွေကျတော့ ကျနော်တို့ကို ဘယ်လို ပေးမှာလဲ။ အဲဒါမျိုးပေါ့နော်။”
အလုပ်သမားအများစုအနေနဲ့ သူတို့အခွင့်အရေးကို တောင်းဆိုနိုင်တဲ့ အခြေအနေ မရှိကြတာကို ရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်နေတဲ့ ရောင်ခြည်ဦးအဖွဲ့က ဥပဒေရေးရာတာဝန်ခံ ကိုထွေးနိုင်က VOA ကို ခုလို ပြောပြပါတယ်။

“အများစုကတော့ တိုင်ဖို့အတွက် အခြေအနေ မရှိဘူး။ ဘာလို့လဲဆိုတော့ သူတို့အတွက် အန္တရာယ်ရှိပါတယ်။ အလုပ်ရှင်က အလုပ်ဖြုတ်တာတို့၊ အလုပ်ဖြုတ်လိုက်ပြီဆိုရင် အလုပ်သမား တစ်ယောက်က အလုပ်ပြန်ရှာဖို့ အရမ်းခက်ခဲတာလေ။ အလုပ်ဖြုတ်တာတို့၊ လုပ်အားခ မထုတ်ပေးတာတို့၊ အဲလိုတွေ ရှိတယ်။ နောက် သူတို့ကဒ်တွေကို ဖြတ်သိမ်းလိုက်တာတို့၊ အလုပ်သမားလက်မှတ်တွေ ဖြတ်သိမ်းလိုက်တာတွေ ရှိတဲ့အတွက်ကြောင့် အလုပ်သမား အတော်များများက ကြောက်ကြတယ်။ နောက်တခုက ဘာလဲဆိုတော့ သူများနိုင်ငံမှာ အလုပ် လုပ်ကြရတာ၊ အဲဒီလိုမျိုး လုပ်မယ်ဆိုရင် ငါတို့အတွက် အခွင့်အရေး ရှိပါ့မလား၊ ငါတို့အတွက် ရပါ့မလားဆိုတဲ့ စိတ်တွေက အလုပ်သမားတိုင်းမှာ ဖြစ်နေတာပေါ့နော်။”

ရွှေ့ပြောင်းအလုပ်သမားအရေး ကျွမ်းကျင်သူ Andy Hall ရဲ့ အပြောအရဆိုရင် မဟာချိုင်ခရိုင်ထဲက နိုင်ငံတကာ စက်ရုံကြီးတွေမှာတော့ ရွှေ့ပြောင်းအလုပ်သမားတွေကို ဥပဒေနဲ့အညီ လုပ်ခလစာ ပေးကြတာတွေ့ရတယ်လို့ ပြောပါတယ်။ ထိုင်းအစိုးရဘက်ကလည်း မြန်မာနိုင်ငံက ရွှေ့ပြောင်း အလုပ်သမားတွေ သတ်မှတ်ချက်အတိုင်း တနေ့ ဘတ် ၃၀၀ ရစေပါမယ်လို့ အာမခံထားတာကို သူက အခုလိုပြောပါတယ်။

“သေချာတာကတော့ ဝန်ကြီးချုပ် Yinluck နဲ့ သမ္မတ ဦးသိန်းစိန်တို့တွေ့ကြတုန်းက မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေ ဘတ် ၃၀၀ ရဖို့ကိစ္စကိုလည်း သဘောတူခဲ့ကြပါတယ်။ ဝန်ကြီးချုပ် ကိုယ်တိုင်က မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ တနေ့အနည်းဆုံးလုပ်အားခ ဘတ် ၃၀၀ ရစေရပါမယ်လို့ အာမခံခဲ့ပါတယ်။ အလားတူ ထိုင်း အလုပ်သမားဝန်ကြီးကလည်း အာမခံခဲ့တာပါ။ ထိုင်းအစိုးရထိပ်ပိုင်းကတော့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ထိုင်းအလုပ်သမားတွေနဲ့ တန်းတူရစေပါမယ်ဆိုတာကို အသေအချာပြောထားကြပါတယ်”
လို့ မဟီဒေါတက္ကသိုလ်က ရွှေ့ပြောင်းအလုပ်သမားရေးရာ ကျွမ်းကျင်သူ Andy Hall က VOA မြန်မာပိုင်းကို ပြောပြပါတယ်။

ထိုင်းနိုင်ငံရဲ့ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ မူဝါဒသစ်ကြောင့် မြန်မာနိုင်ငံက တရားဝင် အလုပ်လာလုပ်ကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ထိုင်းအလုပ်သမားတွေနဲ့ တန်းတူ အလုပ်သမား ခံစားခွင့်တွေပေးထားပေမဲ့ ဘယ်လို ရပိုင်ခွင့် ခံစားခွင့်ရှိတယ်ဆိုတာကို မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားအများစုက မသိကြပါဘူးရှင်။

VOA
၂၀၁၃ ခု၊ ဇန်နဝါရီလ တစ်ရက်နေ့ကစလို့ ထိုင်းနိုင်ငံတဝှမ်းလုံးက အလုပ်သမားတွေရဲ့ အနိမ့်ဆုံး လစာ တစ်ရက်ကို ဘတ်ငွေ ၃၀၀ ရရှိရမယ်လို့ ထိုင်းအစိုးရသတ်မှတ်ထားတဲ့အတိုင်း မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေရဖို့ အခြေအနေနည်းတယ်လို့ မဟီဒေါတက္ကသိုလ်က ရွှေ့ပြောင်း အလုပ်သမားအရေး ကျွမ်းကျင်သူက ပြောလိုက်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံက ရွှေ့ပြောင်း အလုပ် သမား သောင်းချီ ရှိနေတဲ့ မဲဆောက်မြို့က အလုပ်သမားတွေ ရသင့်တဲ့ ရပိုင်ခွင့်ကို ခံစားနိုင်ကြဖို့ အခွင့်အလမ်း နည်းတယ်လို့ ဆိုပါတယ်။ ဘာကြောင့်ပါလဲ -ဆက်သွယ်စုံစမ်းထားတဲ့ ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြပါမယ်။

လွတ်လပ်ရေး နေ့ ဒေါ် အောင်ဆန်းစုကြည် မိန့်ခွန်း ပြောမည်

Photo: လွတ်လပ်ရေး နေ့ ဒေါ် အောင်ဆန်းစုကြည် မိန့်ခွန်း ပြောမည်

Thursday, January 03, 2013
ဗြိတိသျှ ကိုလိုနီ လက်အောက် မှ မြန်မာ နိုင်ငံ လွတ်မြောက် သည့် ဇန်နဝါရီ လ ၄ ရက် လွတ်လပ်ရေး နေ့တွင် ငြိမ်းချမ်းရေး နိုဗယ် ဆုရှင်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သည် ယင်း ပါတီ၏ ရုံးချုပ်တွင် မိန့်ခွန်း ပြောကြားမည် ဖြစ်ကြောင်း ပါတီ၏ ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောကြားသည်။

လွတ်လပ်ရေး နေ့ အထိမ်း အမှတ် ပွဲကို ပါတီ ရုံးချုပ် တွင် မနက် ၁၁ နာရီမှ စတင် ကျင်းပ မည် ဖြစ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ လွတ်လပ်ရေး နေ့ ကြေညာ စာတမ်း ကိုလည်း ဖတ်ကြား သွားမည် ဖြစ်ကြောင်း ၄င်းက ပြောပြသည်။

နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က လွတ်လပ်ရေး နေ့တွင် နိုင်ငံရေး ပါတီ ဥက္ကဋ္ဌ များကို ညစာ စားပွဲဖြင့် ဧည့်ခံမည် ဖြစ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ညစာ စားပွဲ တက်ရောက်မည် ကို သေချာ မသိရ သေးကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။

The Voice Daily Newsletter
ဗြိတိသျှ ကိုလိုနီ လက်အောက် မှ မြန်မာ နိုင်ငံ လွတ်မြောက် သည့် ဇန်နဝါရီ လ ၄ ရက် လွတ်လပ်ရေး နေ့တွင် ငြိမ်းချမ်းရေး နိုဗယ် ဆုရှင်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သည် ယင်း ပါတီ၏ ရုံးချုပ်တွင် မိန့်ခွန်း ပြောကြားမည် ဖြစ်ကြောင်း ပါတီ၏ ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောကြားသည်။

ကိုမင်းကိုနိုင် ဖိလစ်ပိုင်နိုင်ငံကို သွားမည်

Photo: ကိုမင်းကိုနိုင် ဖိလစ်ပိုင်နိုင်ငံကို သွားမည်

Thursday, January 03, 2013
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ ပထမဆုံး ပြည်ပ ခရီးစဉ်အဖြစ် ဖိလစ်ပိုင်နိုင်ငံကို ၅ ရက်ကြာသွားရောက်ဖို့ စီစဉ်နေတယ် လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ နိုင်ငံတကာအတွေ့အကြုံရရှိဖို့အတွက် သွားရောက်မှာဖြစ်တယ်လို့ ကိုမင်းကိုနိုင်နဲ့အတူ လိုက်ပါသွားမယ့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုပြုံးချိုက RFA ကို အတည်ပြုပြောကြားခဲ့ပါတယ်။

“ကျနော်တို့ အကျဉ်းထောင်တွေထဲက ပြန်လည်ထွက်လာပြီးတဲ့နောက်ပိုင်းမှာ မြန်မာပြည်ရဲ့အရေးကြီးတဲ့ကိစ္စတွေဖြစ်တဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဖော်ဆောင်ရေး လုပ်ငန်းတွေကို လုပ်ကြတဲ့အခါမှာ အခုပြည်တွင်းမှာ တော်တော်များများလုပ်ငန်းတွေကို လုပ်ပြီးသွားပြီဖြစ်တဲ့အတွက် ပြည်ပမှာ ဘယ်လိုအလေ့အကျင့်ကောင်းမျိုးတွေ အတွေ့အကြုံကောင်းမျိုးတွေ ရလာမလဲဆိုတာ လေ့လာမှာဖြစ်တယ်၊ တဖက်ကဖိတ်ကြားတဲ့လူတွေကလည်း ငြိမ်းချမ်းရေးဖော်ဆောင်မှုကိစ္စတွေမှာ ပဋိပက္ခဖြေရှင်းရေးတွေကို ဘယ်လိုချဉ်းကပ်သလဲ၊ ဘယ်လိုအတွေ့အကြုံတွေနဲ့ ဖြတ်သန်းကြသလဲ၊ ရလဒ်ကောင်းတွေ ဘယ်လိုရသလဲဆိုတာကို မျှဝေချင်တယ်”

ဖိလစ်ပိုင်နိုင်ငံခရီးစဉ်အတွင်း မနီလာမြို့တော် အပါအဝင် တခြားမြို့တွေကိုလည်း သွားရောက်မှာဖြစ်ပါတယ်။ ဒါ့အပြင် လူမှုရေးအဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၁၄ ရက်နေ့ ကနေ ၁၈ ရက်နေအထိ သွားရောက်မယ့် ဖိလစ်ပိုင်နိုင်ငံ ခရီးစဉ်မှာ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုမြအေး၊ ကိုအံဘွယ်ကျော်၊ ကိုဘသက်အောင် အပါအဝင် အဖွဲ့ဝင် ၁ဝ ဦးကျော်ပါဝင်မယ်လို့ စုံစမ်းသိရပါတယ်။

Myanmar News Hub
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ ပထမဆုံး ပြည်ပ ခရီးစဉ်အဖြစ် ဖိလစ်ပိုင်နိုင်ငံကို ၅ ရက်ကြာသွားရောက်ဖို့ စီစဉ်နေတယ် လို့ သိရပါတယ်။မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ မှာ နိုင်ငံတကာ အတွေ့အကြုံရရှိဖို့အတွက် သွားရောက်မှာဖြစ်တယ်လို့ ကိုမင်းကိုနိုင်နဲ့အတူ လိုက်ပါသွား မယ့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုပြုံးချိုက RFA ကို အတည်ပြုပြောကြားခဲ့ပါတယ်။

စစ်ပြေးဒုက္ခသည်များကို ကူညီရန် SSA (701) တပ်ဖွဲ့ စီစဉ်

Photo: စစ်ပြေးဒုက္ခသည်များကို ကူညီရန် SSA (701) တပ်ဖွဲ့ စီစဉ်

Wednesday, January 02, 2013
စစ်ပြေးဒုက္ခသည်များကို ကူညီရန် SSA (701) တပ်ဖွဲ့ စီစဉ်
ကချင်နှင့် သျှမ်းပြည် (မြောက်ပိုင်း) အတွင်း KIA နှင့် အစိုးရတပ်တို့ အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြားမှ ထွက်ပြေးတိမ်း ရှောင် လာမည့် ဒေသခံများကို ကူညီနိုင်ရန် သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင် နောင်မရွာ အခြေစိုက် သျှမ်းပြည် ပြန်လည် ထူ ထောင်ရေး ကောင်စီ သျှမ်းပြည်တပ်မတော် အမှတ် 701 တပ်ဖွဲ့မှ ကြိုတင်ပြင်ဆင်နေကြောင်း သိရသည် ။
သျှမ်းပြည်တော်လှန်ရေးနေ့အထိမ်းအမှတ်ကျင်းပစဉ်က 701 စစ်ဒေသမှူးများ
စစ်ပြေးဒုက္ခသည်များအရေး ကူညီရန် ပြင်ဆင်မှုများနှင့် ပတ်သက်၍ အဆိုပါ အမှတ် 701 တပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက သျှမ်းသံ တော် ဆင့် အားဤကဲ့သို့ ပြောသည် ။

“တကယ်လို့ ဒုက္ခသည်တွေရောက်လာရင် အကူအညီပေးဖို့ ပြောထားတာတော့ရှိတယ်။ စားနပ်ရိက္ခာက အစပေါ့နော်။ လောလော ဆယ် ဒုက္ခသည်တွေ ရောက်လာတာ မရှိသေးပါဘူး။ နေရာချထားရေးနဲ့ ပတ်သက်လို့တော့ ကချင်နဲ့ သျှမ်းပြည် နယ်စပ်ဘက်မှာ လို့တော့ သိရတယ် ။” ဟု ဆိုသည် ။

လွန်ခဲ့သည့် ဒီဇင်ဘာလလယ်ပိုင်းမှစ၍ ကချင်ပြည်နယ် အတွင်း KIO ဋ္ဌဌာနချုပ် လိုင်ဇာမြို့အနီးတွင် KIA နှင့် မြန်မာ အစိုး ရတပ်တို့ အကြား တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေပြီး သျှမ်းပြည် (မြောက်ပိုင်း) အတွင်း၌လည်း အစိုးရတပ် လှုပ်ရှားမှု များ ပိုမိုများပြားလာရာ စစ်ဖြစ်ပွားလာမည်ကို ဒေသခံများ စိုးရိမ်နေကြောင်း သိရသည် ။

KIAနှင့် အစိုးရတပ်တို့ တိုက်ပွဲများအတွင်း ဒုက္ခသည်များ တရုတ်နယ်စပ်ဘက် ထွက်ပြေးတိမ်းရှောင်သူများရှိနေပြီး ကချင် နှင့် သျှမ်း ဒေသခံ စစ်ပြေးဒုက္ခသည်များ တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက်မလာစေရန် တရုတ်နယ်စပ် လုံခြုံရေး တင်းကြပ် ထားကြောင်း သိရသည် ။

သျှမ်းသံတော်ဆင့်
စစ်ပြေးဒုက္ခသည်များကို ကူညီရန် SSA (701) တပ်ဖွဲ့ စီစဉ် ကချင်နှင့် သျှမ်းပြည် (မြောက်ပိုင်း) အတွင်း KIA နှင့် အစိုးရတပ်တို့ အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြားမှ ထွက်ပြေးတိမ်း ရှောင် လာမည့် ဒေသခံများကို ကူညီနိုင်ရန် သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင် နောင်မရွာ အခြေစိုက် သျှမ်းပြည် ပြန်လည် ထူ ထောင်ရေး ကောင်စီ သျှမ်းပြည်တပ်မတော် အမှတ် 701 တပ်ဖွဲ့မှ ကြိုတင်ပြင်ဆင်နေကြောင်း သိရသည် ။

လွန်ခဲ့သည့် ၁၇ လအတွင်း အမေရိကန်၏ မောင်းသူမဲ့ ထောက်လှမ်းရေး လေယာဉ်ငယ် ၂ စီးကို ထိန်းသိမ်း ရယူနိုင်ခဲ့ကြောင်း အီရန်သတင်းဌာနက ကြေငြာ

Photo: လွန်ခဲ့သည့် ၁၇ လအတွင်း အမေရိကန်၏ မောင်းသူမဲ့ ထောက်လှမ်းရေး လေယာဉ်ငယ် ၂ စီးကို ထိန်းသိမ်း ရယူနိုင်ခဲ့ကြောင်း အီရန်သတင်းဌာနက ကြေငြာ

Wednesday, January 02, 2013
လွန်ခဲ့သည့် ၁၇ လအတွင်း အမေရိကန်၏ မောင်းသူမဲ့ ထောက်လှမ်းရေး လေယာဉ်ငယ် ၂ စီးကို ထိန်းသိမ်း ရယူနိုင်ခဲ့ကြောင်း အီရန်သတင်းဌာနက ယနေ့ ပြောကြားသည်။ အလတ်စား RQ11 Raven မောင်းသူမဲ့ လေယာဉ်ငယ်များကို ၂၀၁၁ ခုနှစ် သြဂုတ်လနှင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်းက အီရန်၏ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့က ထိန်းသိမ်းရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ 

AeroVironment ကုမ္ပဏီက ထုတ်လုပ်သည့် RQ11 Raven အမျိုးအစား မောင်းသူမဲ့လေယာဉ်မှာ တောင်ပံနှစ်ဘက် အစအဆုံးအရှည် 
၎.၅ ပေရှိပြီး အမေရိကန်စစ်တပ်က အနိမ့်ပျံသန်း စောင့်ကြည့်ရေး လုပ်ငန်းများတွင် အသုံးပြုလေ့ရှိသည်။ 

အီရန်သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၄ ရက်ကလည်း အမေရိကန်၏ ScanEagle မောင်းသူမဲ့ ထောက်လှမ်းရေးလေယာဉ် တစ်စင်းကို ထိန်းချုပ်ရယူနိုင်ခဲ့ကြောင်း ပြောကြားခဲ့သော်လည်း အမေရိကန်ကမူ ထိုဧရိယာအတွင်း မည်သည့် မောင်းသူမဲ့လေယာဉ်မျှ ဆုံးရှုံးခဲ့ခြင်းမရှိဟု ငြင်းဆိုပြောကြားခဲ့ကြောင်း Reuters က ဖော်ပြသည်။

Planet
လွန်ခဲ့သည့် ၁၇ လအတွင်း အမေရိကန်၏ မောင်းသူမဲ့ ထောက်လှမ်းရေး လေယာဉ်ငယ် ၂ စီးကို ထိန်းသိမ်း ရယူနိုင်ခဲ့ကြောင်း အီရန်သတင်းဌာနက ယနေ့ ပြောကြားသည်။ အလတ်စား RQ11 Raven မောင်းသူမဲ့ လေယာဉ်ငယ်များကို ၂၀၁၁ ခုနှစ် သြဂုတ်လနှင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်းက အီရန်၏ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့က ထိန်းသိမ်းရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်တွေတွင် မီးရထားလမ်း ဇလီဖားတုံး သိန်း ၄၀၀ ကျော်ဖိုး အခိုးခံရ

Photo: စစ်တွေတွင် မီးရထားလမ်း ဇလီဖားတုံး သိန်း ၄၀၀ ကျော်ဖိုး အခိုးခံရ

Wednesday, January 02, 2013
ရခိုင်ပြည်နယ် မြို့တော် စစ်တွေမှာ အစိုးပိုင် မီးရထား ဇလီဖားတုံး သိန်းပေါင်း ၄၀၀ ကျော်ဖိုး အခိုး ခံခဲ့ရတယ်လို့ သတင်း ရရှိပါတယ်။

ဇွန်လ ဆူပူမူ ဖြစ်ပွားပြီးတဲ့ နောက်ပိုင်းမှာ စစ်တွေနဲ့ ရေချမ်းပြင် အကြား ရထားပြေးဆွဲနေတာကို ရပ်နားထားလိုက်ရတဲ့ နောက်ပိုင်းမှာ ရထားလမ်းမှာ ခင်းထားတဲ့ ဇလီဖားတုံးတွေ အခိုးခံရတာ ဖြစ်တယ်လို့ ဒေသ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

အငယ်တန်း အင်ဂျင်နီယာ တစ်ဦး ဖြစ်တဲ့ ဦးနေလင်းအောင် အပါအ၀င် အမှတ်(၁) ရဲစခန်းက တာဝန်ရှိသူတွေဟာ ဒီဇင်္ဘာလ နောက်ဆုံး အပတ်က စစ်တွေနဲ့ ရေချမ်းပြင်ရထားလမ်းကို စစ်ဆေးတဲ့ အခါ အခုလို ရထားလမ်း ဇလီဖားတုံးတွေ ပျောက်ဆုံးနေတာကို တွေ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပျောက်ဆုံးနေတဲ့ ဇလီဖားတုံးတွေကတော့ ရေချမ်းပြင် ဘူတာမှာ စုပုံထားသော ဇလီဖားတုံး  ၉၇ တုံး အပါအ၀င် စစ်တွေနဲ့ ရေချမ်းပြင် ရထား လမ်းပိုင်း တစ်လျှောက်မှာ  ရှိတဲ့  ဇလီဖားတုံး ၄၄၈၈ တုံး ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီ ဇလီဖားတုံး ၄၄၈၈ ရဲ့ ကာလတန်ဖိုးဟာ  ငွေကျပ် ၃၅၁၉၉ဝ၄၅ ရှိတယ်လို့ ပြောပါတယ်။

အဲသလို  ဇလီဖားတုံးတွေနဲ့ အတူ ဇလီဖားတုံးရိုက် သံမှို ၁၇၉၅၂ ချောင်း (ကာလ တန်ဖိုးအားဖြင့် ဆိုရင်)  ငွေကျပ် ၅ဝ၂၆၅၆၀ ဖိုးလည်း အခိုးခံရတယ်လို့ ဆိုပါတယ်။

စုစုပေါင်း ကျပ်ငွေ သိန်းပေါင်း  ၄၀၂ ကျော်ဖိုး အခိုးခံရတယ်လို့ စစ်တွေ အမှတ် (၁) ရဲစခန်းမှာ သက်ဆိုင်ရာက တိုင်ချက်ဖွင့်တယ်လို့ ဆိုပါတယ်။

စစ်တွေ အမှတ် (၁)ရဲစခန်းကတော့ ပြစ်မူ အမှတ်  (ပ) ၄ဝ၇/ ၂ဝ၁၂  ပြည်သူပိုင် အက်ဥပဒေ ပုဒ်မ ၆(၁)အရ   အမှုကို လက်ခံထားတယ်လို့ သိရပါတယ်။

သူခိုးတွေ ဖမ်းဆီးရမိတာ ရှိမရှိနဲ့ အမူရဲ့ အသေးစိတ် အခြေအနေတွေကို သိရှိနိုင်အောင် နိရဉ္စရာက စစ်တွေ အမှတ် (၁) ရဲစခန်းကို ဖုံးနဲ့ ဆက်သွယ်မေးမြန်းကြည့်တဲ့ အခါ တာဝန်ကျ ရဲအရာရှိက ဘာမှ ပြန်မပြောဘဲ ဖုံးချသွားပါတယ်။

Myanmar News Hub
ရခိုင်ပြည်နယ် မြို့တော် စစ်တွေမှာ အစိုးပိုင် မီးရထား ဇလီဖားတုံး သိန်းပေါင်း ၄၀၀ ကျော်ဖိုး အခိုး ခံခဲ့ရတယ်လို့ သတင်း ရရှိပါတယ်။ဇွန်လ ဆူပူမူ ဖြစ်ပွားပြီးတဲ့ နောက်ပိုင်းမှာ စစ်တွေနဲ့ ရေချမ်းပြင် အကြား ရထားပြေးဆွဲနေတာကို ရပ်နားထားလိုက်ရတဲ့ နောက်ပိုင်းမှာ ရထားလမ်းမှာ ခင်းထားတဲ့ ဇလီဖားတုံးတွေ အခိုးခံရတာ ဖြစ်တယ်လို့ ဒေသ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

သျှမ်းပြည်နယ်ရှိ သျှမ်းပါတီနှစ်ခုပေါင်းရန် ကျားဖြူပါတီဝင်များ လိုလား

Photo: သျှမ်းပြည်နယ်ရှိ သျှမ်းပါတီနှစ်ခုပေါင်းရန် ကျားဖြူပါတီဝင်များ လိုလား

Wednesday, January 02, 2013
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့၌ ကျင်းပနေသော ကျားဖြူပါတီ၏ ဒုတိယအကြိမ်မြောက် ပါတီညီလာခံ တွင် သျှမ်းပါတီများပူးပေါင်း ရန် ပါတီဝင်လိုလားနေကြကြောင်း ညီလာခံတက်ရောက်သူများက ပြောကြား ပါသည်။

“ကျနော်တို့ ဒီကနေ့ အစည်းအဝေးစတယ်။ လူအင်အား ၆၀၀ ကျော်မယ်။ ဒီနေ့တော့ အဖွင့်အစီအ စဉ် ရယ် ပြီးတော့ မနေ့က လုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲအကြောင်း ပြန်လည်ဆွေးနွေးမယ်။ ပါတီပူးပေါင်းဖို့လဲပါတယ်။ ပေါင်းဖို့လဲ အားလုံး က လိုလားနေကြတယ်လေ” - ဟု ပြည်နယ် လွှတ်တော်အမတ် စိုင်းဝင်းမြတ်ဦးက ပြောပါ သည်။

ဂျန္နဝါရီ ၂ ရက် နေ့မှ ၄ ရက်နေ့အထိ သျှမ်းတိုင်း ရင်းသားများဒီမိုကရက်တစ်ပါတီ ခေါ် ကျားဖြူပါတီ ၏ ဒုတိယ အကြိမ်မြောက် ညီလာခံ အား တာချီလိတ်မြို့ ပါလျှံတရုတ်ဘုံကျောင်း မင်္ဂလာခန်းမ၌ ကျင်းပလျက်ရှိ ကြောင်း၊ အဆိုပါညီလာခံအတွက် ယမန်နေ့က အလုပ်ရုံဆွေးနွေးပွဲ လုပ်ခဲ့ကြောင်း၊ ပါတီ ပေါ်လစီပြုပြင်ဖို့၊ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရဖို့ - အဖွဲ့ပေါင်းနှစ်ဆယ်ခန့်ခွဲပြီး ဆွေးနွေးခဲ့ကြောင်း၊ အ ဆိုပါခေါင်းစဉ် ကြီး နှစ်ခုအောက်တွင် ကျားဖြူ နှင့် ကျားခေါင်းပူးပေါင်းဖို့ရန်လည်း ပါဝင်ကြောင်း - ထိုအလုပ်ရုံမှာ ရလာသည့်အချက်အ လက်များအား ၃ ရက်ကြာညီလာခံ၌ ဆွေးနွေးဆုံးဖြတ်ဖွယ်ရှိကြောင်း ပြောပါသည်။

“တဝိုင်းတဝိုင်းက လူဆယ်ယောက်ကျော်တယ်။ ဝိုင်းပေါင်း ၂၀ လောက်ရှိမယ်။ ၂၀၁၅ အောင်နိုင် ရေးအတွက် ပါတီပူးပေါင်းရမယ်၊ ပါတီပူး ပေါင်းဖို့ နှစ်ဘက်စလုံးက ခေါင်းဆောင်ကြီးတွေမာန်မာန လျော့ရမယ် - အဲဒီ အချက်က အဖွဲ့တွေအားလုံးနီးပါးပဲ ထည့်ရေးကြတယ်။ ဒါပေ မယ့် -- ပူးပေါင်းဖို့မလွယ်သေးဘူးလို့ လူကြီး တွေကပြောတယ်။ ကျမ တို့လူငယ်အမြင်က တော့ ပေါင်းရင်အလွယ်လေး။ မပေါင်းချင်သေးလို့ ခက်နေ တာ” - ဟု ကျားဖြူပါတီဝင် နန်းဖေါင်က ပြောပါသည်။

တာချီလိတ်မြို့၌ သုံးရက်ကြာကျင်းပနေည့် ကျားဖြူပါတီ ဒုတိယ အကြိမ်မြောက်ညီလာခံတွင် ပြည်ထောင်စု တဝှမ်းလုံးရှိ ကျားဖြူပါတီ ဝင် အင် အား ၆၀၀ ကျော်က တက်ရောက်ဆွေးနွေးခဲ့ကြသည်။

စိုင်းအိုက်ပေါင်း ဦးဆောင်သည့် သျှမ်းတိုင်း ရင်းသားများဒီမိုကရက်တစ်ပါတီ ခေါ် ကျားဖြူပါတီသည် ၂၀၁၀ ရွေးကောက်ပွဲ နှင့် ၂၀၁၂ ကြား ဖြတ်ရွေးကောက်ပွဲတို့မှ လွှတ်တော် သုံးရပ်လုံးအတွက် အမတ်မင်း ၅၈ ဦး နေရာရရှိထားသည်။

သျှမ်းသံတော်ဆင့်
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့၌ ကျင်းပနေသော ကျားဖြူပါတီ၏ ဒုတိယအကြိမ်မြောက် ပါတီညီလာခံ တွင် သျှမ်းပါတီများပူးပေါင်း ရန် ပါတီဝင်လိုလားနေကြကြောင်း ညီလာခံတက်ရောက်သူ များက ပြောကြား ပါသည်။

“ကျနော်တို့ ဒီကနေ့ အစည်းအဝေးစတယ်။ လူအင်အား ၆၀၀ ကျော်မယ်။ ဒီနေ့တော့ အဖွင့်အစီအ စဉ် ရယ် ပြီးတော့ မနေ့က လုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲအကြောင်း ပြန်လည်ဆွေးနွေးမယ်။ ပါတီပူးပေါင်း ဖို့လဲပါတယ်။ ပေါင်းဖို့လဲ အားလုံး က လိုလားနေကြတယ်လေ” - ဟု ပြည်နယ် လွှတ်တော်အမတ် စိုင်းဝင်းမြတ်ဦးက ပြောပါ သည်။

ကေအန်ယူ ခေါင်းဆောင်များကို တွေ့ဆုံရန် သမ္မတ ဖိတ်ကြား

Photo: ကေအန်ယူ ခေါင်းဆောင်များကို တွေ့ဆုံရန် သမ္မတ ဖိတ်ကြား
Wednesday, January 02, 2013

သမ္မတ ဦးသိန်းစိန်က မကြာခင်ကမှ အသစ်ပြန်လည်ရွေးကောက်
တင်မြှောက်လိုက်တဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ရဲ့ ထိပ်ပိုင်းခေါင်းဆောင်သစ် ၅ ဦးကို ဖိတ်ကြားတာကြောင့် ဇန်န၀ါရီလ
၅ ရက်နေ့မှာ တွေ့ဆုံကြမယ်လို့ ကေအန်ယူက ပြောပါတယ်။

လွန်ခဲ့တဲ့ သီတင်းပတ်က ပြီးဆုံးတဲ့ ညီလာခံမှာ ရွေးချယ်ခံရတဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး၊ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်၊ အတွင်းရေးမှူးချုပ် ပဒိုကွယ်ထူးဝင်း၊ တွဲဖက်အတွင်းရေးမှူး (၁) ပဒိုစောသောသီဘွဲနဲ့ တွဲဖက်အတွင်းရေးမှူး (၂) ပဒိုမန်းမန်းတို့ ၅ ဦးကို ဖိတ်ကြားတယ်လို့ ပဒိုမန်းမန်းက ပြောပါတယ်။

“ဆွေးနွေးပွဲပုံစံတော့မဟုတ်ဘူး၊ သမ္မတဖိတ်ကြားချက်အပေါ်မှာ တွေ့ဆုံပွဲပါ။ ၅ ရက်နေ့ တွေ့ဆုံဖို့ လျာထားတယ်။ အဓိက ကေအန်ယူခေါင်းဆောင်ဖြစ်တဲ့ ကြီး ၅ ကြီးပိုင်း ဖိတ်တာပေါ့။ ဒါပေမယ့် အားလုံးသွားနိုင်မှာမဟုတ်ဘူး။ တချို့ပဲ သွားနိုင်မယ်။ အဓိက ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးချုပ် သွားပါမယ်။ ကျန်တာ တချို့ခေါင်းဆောင်တွေ လိုက်မယ်။”

သမ္မတနဲ့တွေ့ဆုံဖို့ ဇန်န၀ါရီလ ၃ ရက်နေ့ ကုန်းလမ်းခရီးနဲ့ ထွက်ခွာမယ်လို့ သိရပြီး ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနဲ့အတူ ကေအန်ယူ တာဝန်ရှိသူ ၇ ဦး လောက် လိုက်ပါသွားမယ်လို့ သိရပါတယ်။

သမ္မတက ဘာဆွေးနွေးပြောဆိုမယ်ဆိုတာ မသိရပေမယ့် ကေအန်ယူ
ဘက်ကတော့ သမ္မတနဲ့တွေ့တဲ့အခါ ပြောဆို တင်ပြမယ့်အချက်တွေကို
ပြင်ဆင်ထားတယ်လို့ ပဒိုမန်းမန်းက ပြောပြပါတယ်။

“အခုဆွေးနွေးပွဲက ငြိမ်းချမ်းရေးဖြစ်စဉ်လုပ်ငန်းစဉ်အောက်မှာတော့ မရှိပါဘူး။ သီးခြားသမ္မတဖိတ်ခေါ်မှုအရ တွေ့ဆုံမှုသာဖြစ်တယ်။ ဒါပေမယ့် အခွင့်အခါရတဲ့အခိုက် တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ဆင်တာတွေ၊ အထူးသဖြင့် ကချင်ပြည်နယ်မှာ ထိုးစစ်ပိုပြင်းထန်လာတဲ့ ကိစ္စတွေကို
ဆွေးနွေးသွားမယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ နိုင်ငံရေးတွေ့ဆုံတဲ့
အဆင့်ရောက်နိုင်ဖို့ အဓိပ္ပာယ်ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မျိုးအတွက်
ပြောဆိုဆွေးနွေးသွားမယ်။ အခွင့်အခါရရင် ဒါတွေကို ထည့်သွင်းဆွေးနွေး
ပြောဆိုသွားပါမယ်။”

ကရင်အမျိုးသားအစည်းအရုံးက ညီလာခံအပြီးမှာ အစိုးရနဲ့ ငြိမ်းချမ်းရေး
ဆွေးနွေးပွဲတွေ ဆက်လုပ်ဖို့နဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်အောင် တနိုင်ငံလုံး
အပစ်ရပ်ဖို့ အစိုးရကို ကြေညာချက် ထုတ်ပြန် တောင်းဆိုထားပါတယ်။

ဒီနှစ် ဇန်န၀ါရီလအတွင်းမှာ ဦးအောင်မင်းဦးဆောင်တဲ့ အစိုးရငြိမ်းချမ်းရေး
ကိုယ်စားလှယ် အဖွဲ့ဟာ ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ရော၊ ညီညွတ်သော
တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီအဖွဲ့နဲ့ရော၊ ကရင်အမျိုးသား
အစည်းအရုံးနဲ့ပါ တွေ့ဆုံဖို့ရှိတယ်လို့ ဦးအောင်မင်းနဲ့ နီးစပ်တဲ့ အမည်မဖော်
လိုတဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်က လွန်ခဲ့တဲ့ သီတင်းပတ်မှာ ပြောဆို
ပါတယ်။

ကေအန်ယူနဲ့ အစိုးရအကြား နှစ်ပေါင်း ၆၀ ကျော် တိုက်ခိုက်နေရာက မနှစ် ဇန်န၀ါရီ ၁၂ ရက်နေ့မှာ အပစ်အခတ်ရပ်စဲဖို့ ကရင်ပြည်နယ် ဘားအံမြို့မှာ လက်မှတ်ထိုးခဲ့ကြပါတယ်။

ကေအန်ယူ တာဝန်ရှိသူတွေပြောဆိုချက်အရ အပစ်ရပ် ပထမအဆင့်ကို လက်မှတ်ထိုးခဲ့တာဖြစ်ပြီး တပ်တည်ကိစ္စ၊ တပ်လှုပ်ရှားကိစ္စတွေ ထပ်မံ
ဆွေးနွေးရဦးမယ်လို့ ဆိုပါတယ်။ အဲဒီအဆင့်တွေပြီးရင်တော့ နိုင်ငံရေး
ဆွေးနွေးမှုတွေ လုပ်ဆောင်မှာဖြစ်ပါတယ်။

DVB

သမ္မတ ဦးသိန်းစိန်က မကြာခင်ကမှ အသစ်ပြန်လည်ရွေးကောက် တင်မြှောက်လိုက်တဲ့ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) ရဲ့ ထိပ်ပိုင်းခေါင်းဆောင်သစ် ၅ ဦးကို ဖိတ်ကြားတာကြောင့် ဇန်န၀ါရီလ၅ ရက်နေ့မှာ တွေ့ဆုံကြမယ်လို့ ကေအန်ယူက ပြောပါတယ်။

လွန်ခဲ့တဲ့ သီတင်းပတ်က ပြီးဆုံးတဲ့ ညီလာခံမှာ ရွေးချယ်ခံရတဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး၊ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်၊ အတွင်းရေးမှူးချုပ် ပဒိုကွယ်ထူးဝင်း၊ တွဲဖက်အတွင်းရေးမှူး (၁) ပဒိုစောသောသီဘွဲနဲ့ တွဲဖက်အတွင်းရေးမှူး (၂) ပဒိုမန်းမန်းတို့ ၅ ဦးကို ဖိတ်ကြားတယ်လို့ ပဒိုမန်းမန်း က ပြောပါတယ်။

၆၈ ဆေးတက္ကသိုလ် (၁) ၀င်ခွင့်ရကျောင်းသားများက မြောက်ဦး ကျန်ရစ်မိသားစု များကို ငွေလှူ

Photo: ၆၈ ဆေးတက္ကသိုလ် (၁) ၀င်ခွင့်ရကျောင်းသားများက မြောက်ဦး ကျန်ရစ်မိသားစု များကို ငွေလှူ

Wednesday, January 02, 2013
၁၉၆၈ ခုနှစ် ဆေးတက္ကသိုလ် ၀င်ခွင့်ရ ရခိုင် ကျောင်းသားများက မြောက်ဦးမြို့နယ်မှ အောက်တိုဘာလ အရေးအခင်း အတွင်း သေဆုံး သွားခဲ့သူ (၁၅) ဦး၏ မိသားစုများအား ကျပ်ငွေ ၁၅ သိန်း လှူဒါန်းခဲ့ကြသည်ဟု သိရသည်။

၎င်းအလှူငွေများကို စစ်တွေမှဒေါက်တာကျော်ခိုင်ကိုယ်တိုင်ဦးစီးသွားရောက် ပြီး မိသားစုများကို များမကြာမှီက လှူဒါန်းခဲ့သည်ဟု ဆို သည်။

“ အခမ်းအနားကို မြောက်ဦးမြို့ နာရေးကူညီမူအသင်းရုံးမှာပြုလုပ်တာဖြစ်ပါ တယ်။ အခုလို အ ကူအညီပေးတာကတော့ ကျန်ရစ်တဲ့ မိသားစုတွေကို စိတ် ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အရ အားပေးရာ ရောက်တဲ့ အတွက် အထူး အ ကျိုးရှိပါတယ်။ ဘယ်လိုဘဲ ဖြစ်ဖြစ် ပတ်ဝန်းကျင်က ကျန်ရစ်ခဲ့တဲ့ မိသားစု တွေကို မေ့ပျောက်မထားဘူး။ သူတို့နဲ့ ထပ်တူ ရှိနေတယ် ဆိုတာကို ပြသ လိုက်တဲ့ အတွက် ဒီလို အကူ အညီတွေဟာ ကျန်ရစ်တဲ့ မိသားစုတွေကို အားဖြစ်စေပါတယ်” ဟု အခမ်းအနား ကို ကိုယ်တိုင် လိုက်ပါ တက် ရောက်ခဲ့သူ ဦးစံကျော်လှက ပြောသည်။

ယခု အလှူငွေ ၁၅ သိန်းတွင် ၆၈ ခုနှစ် ဆေးတက္ကသိုလ် ၀င်ခွင့်ရ ကျောင်းသားများမှ ထည့်ဝင်ငွေ ၅သိန်းနှင့် ထိုင်းဆေးကုမ္ပဏီက တစ်ခု က လှူဒါန်းသော ကျပ်ငွေ (၁၀) သိန်း တို့ ဖြစ်သည်။

ကူညီမူ အခမ်းအနားသို့ လူပေါင်း ၁၀၀ နီးပါးခန့် တက်ရောက်ခဲ့သည်ဟု သိရသည်။

နိရဉ္စရာ
၁၉၆၈ ခုနှစ် ဆေးတက္ကသိုလ် ၀င်ခွင့်ရ ရခိုင် ကျောင်းသားများက မြောက်ဦးမြို့နယ်မှ အောက်တိုဘာလ အရေးအခင်း အတွင်း သေဆုံး သွားခဲ့သူ (၁၅) ဦး၏ မိသားစုများအား ကျပ်ငွေ ၁၅ သိန်းလှူဒါန်းခဲ့ကြသည် ဟု သိရသည်။

ကျူးကျော်မြေ သတ်မှတ်ကာ အဆောက်အဦးများ ဖျက်သိမ်းခြင်းကို ဦးစီးမှူးက မသိဟုပြောကြား

Photo: ကျူးကျော်မြေ သတ်မှတ်ကာ အဆောက်အဦးများ ဖျက်သိမ်းခြင်းကို ဦးစီးမှူးက မသိဟုပြောကြား
Wednesday, 02 January 2013

မန္တလေးမြို့ လမ်း ၃၀၊ ၆၅-၆၆လမ်းကြားရှိ ရဲဗဟိုသင်တန်း ကျောင်းပိုင်
မြေပေါ်တွင် တည်ဆောက် ထားသော အဆောက်အဦး ၁၄ခုအား မန္တလေးမြို့တော် စည်ပင်က ကျူးမြေဟု သတ်မှတ်ကာ ရှေ့မျက်နှာစာ ဖျက်သိမ်းပေးရန် အကြောင်းကြားခဲ့သော်လည်း လက်မှတ်ထိုးသူ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာန ဦးစီးမှူး ဦးမျိုးအောင်က သိရှိခြင်းမရှိဟု မြန်မာ့ခေတ်သို့
ပြောကြားသည်။

ယင်းအဆောက်အဦးများသည် ၁၉၉၅ခုနှစ်တွင် ပြည်ထဲရေးဝန်ကြီးဌာန ခွင့်ပြုချက်ဖြင့် ရဲဗဟို သင်တန်းကျောင်း ပိုင်မြေတွင် တည်ဆောက်ကာ
ပြန်ရောင်းချခဲ့ခြင်းဖြစ်ကြောင်း၊ ထိုမြေတွင် နေထိုင်စဉ် ၁၅နှစ်ကျော်အတွင်း မြို့တော်စည်ပင်က ကျူးမြေဟုဆိုကာ လာရောက် အသိပေးခြင်း မရှိခဲ့
သော်လည်း ဒီဇင်ဘာ၂၇ရက်နေ့တွင် အကြောင်းကြားစာ ပို့၍ ဇန်န၀ါရီ
လ ၂ ရက်နေ့ နောက်ဆုံးထား ဖျက်သိမ်းပေးရန် အကြောင်းကြားခဲ့ခြင်း
ဖြစ်ကြောင်းကို တိုက်ခန်းပိုင်ရှင်တစ်ဦးဖြစ်သူ ဒေါ်မြတ်မြတ်လွင်က ပြော
ကြားသည်။

အကြောင်းကြားစာတွင် လက်မှတ်ရေးထိုးသော မန္တလေးမြို့တော် စည်ပင်
သာယာရေး ကော်မတီ အဆောက်အအုံနှင့်ကုန်ရုံဌာန ဦးစီးမှုး ဦးမျိုးအောင်
ထံ မေးမြန်းရာ “ဒီကိစ္စနဲ့ ပက်သက်ပြီး ကျွန်တော်တို့မသိပါဘူး။ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှာ ဌာန(၁၄)ခု ရှိပါတယ်။ အဲဒီထဲမှာ အဆင့်လိုက် လုပ်ဆောင်နေရတာပါ။ အခုကိစ္စက ကျွန်တော်တို့
အတိအကျ မသိပါဘူး။ မြို့နယ်မှာရှိ တဲ့ အဆောက်အအုံဌာနကို သွားမေး
ရမှာပါ။ ကျွန်တော်တို့ အထက်က ပြောတဲ့အတိုင်း လက်မှတ် ရေးထိုးပြီး ထုတ်ပေးလိုက်တာပဲ ရှိပါတယ်။ အတိအကျ သိချင်တယ် ဆိုရင်တော့ မြို့နယ်ကို သွားမေးရင်တောင်မသိလောက်ဘူး။ မြေစာရင်းဌာနမှာရှိတဲ့
မြေစာရင်းကိုကြည့်ပြီးသွားတိုင်းမှသာသိနိုင်မှာပါ” ဟုပြန်လည် ဖြေကြား
ခဲ့သည်။

“ဒီမှာနေတာက၁၅နှစ်လောက်က၀ယ်ယူထားတာပါ။နောက်ပြီး နေခဲ့တဲ့အချိန် အတောအတွင်း ဘယ်ကမှကျူးတယ် လို့ အကြောင်းကြားခြင်း လည်းမရှိဘူး။
အခုမှ ချက်ခြင်းဆိုသလို ဖျက်ပေးဖို့ ပြောလာပါတယ်။ အချိန်ကလည်း ငါးရက်ပဲ ပေးပါတယ်။ ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ မဖျက်ဖို့ အတွက်
လည်း သက်ဆိုင်ရာကို တင်ပြသွားမယ့်အပြင် ဖျက်မိန့်အတွက် လက်မှတ် လာထိုးခိုင်းတာကိုလည်း မထိုးနိုင်ပါဘူး။ အကယ်၍ မဖြစ်မနေဖျက်ရမယ် ဆိုလည်း တိကျသေချာစွာ ရှင်းပြပြီးတော့ သတ်မှတ် လျော်ကြေးပေး လုပ်
ဆောင် သင့်ပါတယ်”ဟု ဒေါ်မြတ်မြတ်လွင်က ပြောကြားသည်။

တိုက်ခန်းများကို ၀ယ်ယူစဉ်တွင် ၁၉၉၅ခုနှစ်က တိုက်ခန်း တစ်ခန်းတန်းဖိုး
ငွေကျပ်ရှစ်သိန်းသာ ဈေးရှိသော်လည်း ယခုအချိန်၌ သိန်းငါးရာကျော်
ပေါက်ဈေးရှိကြောင်း သိရသည်။

မျိုးသန့်
The Myanma Age
မန္တလေးမြို့ လမ်း ၃၀၊ ၆၅-၆၆လမ်းကြားရှိ ရဲဗဟိုသင်တန်း ကျောင်းပိုင် မြေပေါ်တွင် တည်ဆောက် ထားသော အဆောက်အဦး ၁၄ခုအား မန္တလေးမြို့တော် စည်ပင်က ကျူးမြေဟု သတ်မှတ် ကာ ရှေ့မျက်နှာ စာ ဖျက်သိမ်းပေးရန် အကြောင်းကြားခဲ့သော်လည်း လက်မှတ်ထိုးသူ မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာန ဦးစီးမှူး ဦးမျိုးအောင်က သိရှိခြင်းမရှိ ဟု မြန်မာ့ခေတ်သို့ပြောကြားသည်။

ယင်းအဆောက်အဦးများသည် ၁၉၉၅ခုနှစ်တွင် ပြည်ထဲရေးဝန်ကြီးဌာန ခွင့်ပြုချက်ဖြင့် ရဲဗဟို သင်တန်းကျောင်း ပိုင်မြေတွင် တည်ဆောက်ကာပြန်ရောင်းချခဲ့ခြင်းဖြစ်ကြောင်း၊ ထိုမြေတွင် နေထိုင်စဉ် ၁၅နှစ်ကျော်အတွင်း မြို့တော်စည်ပင်က ကျူးမြေဟုဆိုကာ လာရောက် အသိပေးခြင်း မရှိခဲ့သော်လည်း ဒီဇင်ဘာ၂၇ရက်နေ့တွင် အကြောင်းကြားစာ ပို့၍ ဇန်န၀ါရီလ ၂ ရက်နေ့ နောက်ဆုံးထား ဖျက်သိမ်းပေးရန် အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်းကို တိုက်ခန်းပိုင်ရှင်တစ်ဦးဖြစ်သူ ဒေါ်မြတ်မြတ်လွင်က ပြောကြားသည်။

မင်မလိုသော တစ်သက်လုံး သုံးလို့ရသည့် ဘောလ်ပင်

Photo: မင်မလိုသော တစ်သက်လုံး သုံးလို့ရသည့် ဘောလ်ပင်
Wednesday, 02 January 2013

Beta Pen လို့အမည်ပေးထားတဲ့ ပုံက ဘောလ်ပင်ဟာ တကယ် မင်မလို ပါဘူး။ မင်တံထည့်ရတာတို့၊ မင်ရည်ဖြည့်ရတာတို့ လုံးဝ လုပ်စရာ မလိုပဲ တစ်သက်လုံး သုံးလို့ရမှာ ဖြစ်ပါတယ်။

ဒီတော့ သူ့က ဘာကို သုံးပြီးရေးတာလဲလို့ စိတ်ဝင်စားသွားကြမှာ ဖြစ်ပါ တယ်။ ၆.၂၅ လက်မရှည်တဲ့ Pen တစ်ခုလုံးက သတ္တုအလွိုင်းနဲ့ ပြုလုပ် ထားပြီး ထိပ်ဖူးကို ခဲ သတ္တုနဲ့ ဖုံးထားပါတယ်။ ဒီတော့ ရေးချလိုက်ရင် ခဲရောင်က ထင်ပါတယ်။ ယင်းခဲယောက်က ဘော်ပင်က မင်ရောင် လိုပဲ ဖြစ်ပါတယ်။ သူတော့ အနက်ဖြစ်ပြီး ခဲဖျက်နဲ့ ဖြတ်လို့ မပျက်ပါ ဘူး။ ဘောလ်ပင် မင်နက်လိုပဲ ဖြစ်ပါတယ်။

အဖုံးဖွင့်ထားလို့ မင်ခြောက်မှာလည်း မစိုးရိမ်ရပါဘူး။ ရေထဲ မှာတောင်
ရေးလို့ ရတယ်လို့ သက်သေပြထားပါတယ်။ မင်ရည်ယိုတာတွေ လည်း ဖြစ်နိုင်တော့မှာ မဟုတ်ပါဘူး။ ခဲသားပေမယ့် အရောင်တောက် ပါတယ်။ မင်တုံး၊ မင်ချွံ ကိုယ်လိုသလို ဖန်တီးယူလို့ ရပါတယ်။ သံစားတဲ့ ဘရတ်ခ်ျ စက္ကူနဲ့ ပွတ်စားပြီး အချွံသော်လည်းကောင်း၊ အတုံးသော် လည်းကောင်း လိုသလို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

တစ်သက်လုံးလည်း သုံးရမယ်။ မင်လည်းဖြည့်စရာ၊ အစားထိုးစရာ မလိုဘူး ဆိုတော့ သုံးပျော်မယ့် ဘောလ်ပင်လေး ဖြစ် ပါတယ်။ ဈေးနှုန်းက လည်း ဒေါ်လာ ၃၀ ဝန်းကျင်ပဲ ရှိပါတယ်။ သို့ပေမယ့် မြန်မာပြည်ရောက် မရောက်တော့ မသိပါဘူး။ အသုံးပြုပြနေတဲ့ ဗီဒီယိုလေးကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

http://youtu.be/AfZ-DOCc3AE

ရိုးရာလေး
YoYarLay
Beta Pen လို့အမည်ပေးထားတဲ့ ပုံက ဘောလ်ပင်ဟာ တကယ် မင်မလို ပါဘူး။ မင်တံထည့်ရတာတို့၊ မင်ရည်ဖြည့်ရတာတို့ လုံးဝ လုပ်စရာ မလိုပဲ တစ်သက်လုံး သုံးလို့ရမှာ ဖြစ်ပါတယ်။

ဒီတော့ သူ့က ဘာကို သုံးပြီးရေးတာလဲလို့ စိတ်ဝင်စားသွားကြမှာ ဖြစ်ပါ တယ်။ ၆.၂၅ လက်မရှည်တဲ့ Pen တစ်ခုလုံးက သတ္တုအလွိုင်းနဲ့ ပြုလုပ် ထားပြီး ထိပ်ဖူးကို ခဲ သတ္တုနဲ့ ဖုံးထားပါတယ်။ ဒီတော့ ရေးချလိုက်ရင် ခဲရောင်က ထင်ပါတယ်။ ယင်းခဲယောက်က ဘော်ပင်က မင်ရောင် လိုပဲ ဖြစ်ပါတယ်။ သူတော့ အနက်ဖြစ်ပြီး ခဲဖျက်နဲ့ ဖြတ်လို့ မပျက်ပါ ဘူး။ ဘောလ်ပင် မင်နက်လိုပဲ ဖြစ်ပါတယ်။

Super Custom ကားများ သွင်းကားဈေးနှင့် လက်ရှိကားဈေးနှုန်း သိန်းသုံးဆယ်ကျော်ကွာ

Photo: Super Custom ကားများ သွင်းကားဈေးနှင့် လက်ရှိကားဈေးနှုန်း သိန်းသုံးဆယ်ကျော်ကွာ
Wednesday, 02 January 2013

လူစီးများသော Super Custom ကားများသည် သင်္ဘောပေါ်မှ ချဈေးထက် ယခုလက်ရှိ ရန်ကုန်မြို့တွင် စီးနေသော အိမ်စီးကားများထက် သိန်း ၃၀ နည်းပါးမြင့်တက်နေကြောင်း သိရှိရသည်။

လက်ရှိကားဈေးကွက်သည် အစိုးရ၏ ပါမစ်ဈေး ကျလာသည်နှင့်အမျှ ကျဆင်းမှုများ ရှိနေသော်လည်း ကုမ္ပဏီမှ သွင်းလာပြီး ရောက်ရှိလာသော
ဈေးနှုန်းမှာ ယခင်က ရောက်ရှိနေသော ကားများဈေးနှုန်းနှင့် အနည်းငယ် ကွာခြားနေကြောင်း ကားဈေးကွက် ကျွမ်းကျင်သူများက ရှင်းပြသည်။

“သင်္ဘောပေါ်က ချတဲ့ကားတွေက ဒီမှာရှိတဲ့ ကားတွေထက် သိန်းသုံးဆယ်လောက် အောက်ထစ်ကွာတယ် ။ ဘာဖြစ်လို့လဲဆိုတော့ သင်္ဘောပေါ်က ကားတွေက အသစ်တွေ ပြီးတော့ မော်ဒယ်လဲမြင့်တယ် နံပါတ်အမြင့်နဲ့လဲ ရမယ်။ အရင်တုန်းက ကားတွေက စက်မှုဇုန်ထုတ် ကားတွေဆိုပြီး စက်မှုဇုန် နံပါတ်နဲ့လည်း ဖြစ်တယ်။ ဒါကြောင့် ဈေးနှုန်း ကွာခြားတာပါ” ဟု ကားအကျိုးဆောင် တစ်ဦးဖြစ်သူ ကိုအောင်က ပြောကြားသည်။

ယခင် တင်သွင်းထားသော ကားများသည် အစိုးရမှ တရားဝင် ထားခွင့်ပြုထားသော ကားများ မဟုတ်ကြောင်း၊ မြ၀တီစသော နယ်စပ်များမှ တင်သွင်းထားပြီး ကားပစ္စည်းများကို တစ်စစီဖြုတ် သယ်ဆောင်လာသော ကားများဖြစ်ပြီး ရန်ကုန်သို့ ရောက်ရှိပါက စက်မှုဇုန်တွင် ပြန်လည်
တပ်ဆင်သော ကားများဖြစ်ကြောင်း သိရှိရသည်။

ယခု ကားကုမ္ပဏီများမှ တင်သွင်းသော ကားများသည် သက်ဆိုင်ရာ
နိုင်ငံများမှ သင်္ဘောနှင့် တရားဝင် တင်သွင်းခွင့်ပြုထားပြီး ၂၀၀၄ ခုနှစ် နောက်ပိုင်း မော်ဒယ်များဖြစ်ကြောင်း ကားအကျိုးဆောင်များက
ပြောကြသည်။

“ကားတွေကတော့ အစိုးရပါမစ်ဈေးပေါ် မူတည်ပြီး အတည်ကျရှိနေမှာပါ။ ဒါပေမယ့် အရင်တုန်းက သွင်းတဲ့ကားတွေက မူရင်း အတိုင်းနဲ့ မတူတာတွေ ကားတစ်စီးမှာ (၈) ချက် (၁၀) ချက်လောက်ပါတယ်။ အခုက သင်္ဘောနဲ့ တရားဝင်လည်း လာတယ်။ ပြီးတော့ နောက်ဆုံးနံပါတ်လည်း ရမယ်။ မော်ဒယ်ကလည်းမြင့်တယ်။ ဒါကြောင့် ဈေးကွာသွားတာပါ”ဟု ကားဈေးကွက် ကျွမ်းကျင်သူ ကိုမောင်စိုးက ပြောကြားသည်။

ယခုစူပါကာစတန် ကားများသည် သိန်း ၁၅၀ နီးပါးရှိနေပြီး ယခင် စက်မှုဇုန် နံပါတ်ကားများသည် သိန်း၁၀၀ နှင့် သိန်း ၁၂၀ ၀န်းကျင်သာ ရှိနေကြောင်း သိရှိရသည်။

စူပါကာစတန်တွင် လူကြိုက်များသော ကားများမှာ Limlited,Living ကားအမျိုးစားများဖြစ်ကြောင်း ကားအမျိုးအစားမှာfour wheelsနှင့် two wheels ရှိရာ four wheels မှာ ဆီကုန်ကျမှု ပိုမိုမြင့်မားသောကြောင့် two wheels ထက် လူကြိုက်နည်းပြီး ဈေးနှုန်းမှာလည်း two wheels ထက် သိန်း ၃၀ ကျော်ကွာခြားမှုရှိကြောင်း သိရှိရသည်။

အဆိုပါ စူပါကာစတန် ကားများသည် မြန်မာနိုင်ငံသို့ ၀င်ရောက်လာခြင်းမှာ ဆယ်နှစ်နီးပါးခန့် ရှိပြီဖြစ်ကြောင်း၊ ယခင်က စူပါကာစတန် ကားဈေးနှုန်းမှာ သိန်းရှစ်ရာနီးပါးရှိကြောင်း ကားဈေးကွက် ကျွမ်းကျင်သူများက ပြောကြသည်။

ရှုမဝ
The Myanma Age
လူစီးများသော Super Custom ကားများသည် သင်္ဘောပေါ်မှ ချဈေးထက် ယခုလက်ရှိ ရန်ကုန်မြို့တွင် စီးနေသော အိမ်စီးကားများထက် သိန်း ၃၀ နည်းပါးမြင့်တက်နေကြောင်း သိရှိရသည်။ လက်ရှိကားဈေးကွက်သည် အစိုးရ၏ ပါမစ်ဈေး ကျလာသည်နှင့်အမျှ ကျဆင်းမှုများ ရှိနေသော်လည်း ကုမ္ပဏီမှ သွင်းလာပြီး ရောက်ရှိလာသောဈေးနှုန်းမှာ ယခင်က ရောက်ရှိနေသော ကားများဈေးနှုန်းနှင့် အနည်းငယ် ကွာခြားနေကြောင်း ကားဈေးကွက် ကျွမ်းကျင်သူများက ရှင်းပြသည်။

“သင်္ဘောပေါ်က ချတဲ့ကားတွေက ဒီမှာရှိတဲ့ ကားတွေထက် သိန်းသုံးဆယ်လောက် အောက်ထစ်ကွာတယ် ။ ဘာဖြစ်လို့လဲဆိုတော့ သင်္ဘောပေါ်က ကားတွေက အသစ်တွေ ပြီးတော့ မော်ဒယ်လဲမြင့်တယ် နံပါတ်အမြင့်နဲ့လဲ ရမယ်။ အရင်တုန်းက ကားတွေက စက်မှုဇုန်ထုတ် ကားတွေဆိုပြီး စက်မှုဇုန် နံပါတ်နဲ့လည်း ဖြစ်တယ်။ ဒါကြောင့် ဈေးနှုန်း ကွာခြားတာပါ” ဟု ကားအကျိုးဆောင် တစ်ဦးဖြစ်သူ ကိုအောင်က ပြောကြားသည်။

သီလ၀ါ အထူးစီးပွားရေးဇုန်အတွက် အခြေခံအဆောက်အဦများ တည်ဆောက်ရန် အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၆ ဘီလျံ ဂျပန်ထောက်ပံ့ရန် စီစဉ်

Photo: သီလ၀ါ အထူးစီးပွားရေးဇုန်အတွက် အခြေခံအဆောက်အဦများ တည်ဆောက်ရန် အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၆ ဘီလျံ ဂျပန်ထောက်ပံ့ရန် စီစဉ်
Wednesday, 02 January 2013

ဂျပန်နိုင်ငံ၏ ဒုတိယ၀န်ကြီးချုပ် Mr. Taro Aso သည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးမြှင့်သွားရန် မြန်မာနိုင်ငံ
သို့ လာရောက်မည်ဖြစ်ကြောင်း Yahoo သတင်းဌာနတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံခရီးစဉ်အတွင်း ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံအတွင်း စီးပွားရေးအရ လုပ်ကိုင်ရန်စီစဉ်ထားသည့် ကဏ္ဍများအပေါ် ထောက်ပံ့ပေးသွားရန် ဆွေးနွေး
သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ဂျပန်နိုင်ငံ၏ ဒုတိယ၀န်ကြီးချုပ် Mr. Taro Aso သည် ဂျပန်နိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီးတာဝန်ကိုပါ ပူးတွဲထမ်းဆောင်နေပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးမည့်အပြင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး
ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့်ပါ တွေ့ဆုံဆွေးနွေးမည်ဟု အဆိုပါသတင်းတွင် ဖော်ပြထားပါသည်။

ဂျပန်မှဟတ်တာ ၂၄၀၀ အတွင်း အကောင်အထည်ဖော်မည့် သီလ၀ါ
အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ပါဝင်တည်ထောင်မည်ဖြစ်ပြီး ပထမ
အဆင့်အနေဖြင့် ဟတ်တာ ၄၅၀ ကို စတင်အကောင်အထည်ဖော်ရန်
အတွက် သဘောတူလက်မှတ်ရေးထိုးပြီး ဖြစ်ပါသည်။ 

သီလ၀ါအထူးစီးပွားရေးဇုန်အတွက် အခြေခံအဆောက်အဦများ တည်ဆောက်ရန် ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၆ ဘီလျံ ထောက်ပံ့ရန်စီစဉ်ထားကြောင်းအဆိုပါသတင်းတွင် ဖော်ပြ
ထားပါသည်။

သီလ၀ါအထူးစီးပွားရေးဇုန်တွင် လုပ်ကိုင်ရန် ကိုရီးယား၊ ထိုင်းအပါအ၀င်
နိုင်ငံတကာမှ ရင်းနှီးတည်ဆောက်သူ  Developer များ လာရောက်လေ့လာ
ဆွေးနွေးလျက်ရှိသော်လည်း ပထမအဆင့် ဟက်တာ ၄၅၀ ကိုမူ ဂျပန်နှင့်
မြန်မာကုမ္ပဏီများ ပူးပေါင်းအကောင်အထည်ဖော်မည် ဖြစ်သည်။

သီလ၀ါအထူးစီးပွားရေးဇုန် ပထမအဆင့် စတင်အကောင်အထည်
ဖော်ရာတွင် အလုပ်အကိုင်အခွင့်အလမ်း ၃၃၀၀၀ မှ ၄၅၀၀၀ အထိ ရရှိနိုင်မည်ဖြစ်ကြောင်း၊ စီမံကိန်းကို ၂၀၁၃ ခုနှစ် ပထမလေးလပတ်
အတွင်း စတင်မည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အား ၁၅၀ MVA အထိ လိုအပ်ချက်
ရှိမည်ဖြစ်ကြောင်း သိရသည်။

“အထူးစီးပွားရေးဇုန်တစ်ခုလုံးအတွက်ဆို လုပ်သားအင်အား ၂၃၀၀၀၀ အထိ ရနိုင်မှာပါ။ ပထမဆင့် အကောင်အထည်ဖော်မယ့် လုပ်ငန်းအတွက်ကတော့ လုပ်သားအင်အား ၄၅၀၀၀ အထိ အလုပ်အကိုင် ရရှိလာမှာပါ” ဟု ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန်သုံးခု အကောင်အထည်ဖော်မည်ဖြစ်ပြီး ထားဝယ်အထူးစီးပွားရေးဇုန်၊ သီလ၀ါအထူးစီးပွားရေးဇုန်နှင့် ကျောက်ဖြူ
အထူးစီးပွားရေးဇုန်တို့ ဖြစ်သည်။

Eleven Media Group
ဂျပန်နိုင်ငံ၏ ဒုတိယ၀န်ကြီးချုပ် Mr. Taro Aso သည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်တွေ့ ဆုံပြီး နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတိုးမြှင့်သွားရန် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း Yahoo သတင်းဌာန တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံခရီးစဉ်အတွင်း ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံအတွင်း စီးပွားရေးအရ လုပ်ကိုင်ရန်စီစဉ်ထားသည့် ကဏ္ဍများအပေါ် ထောက်ပံ့ပေးသွားရန် ဆွေးနွေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။ ဂျပန်နိုင်ငံ၏ ဒုတိယ၀န်ကြီးချုပ် Mr. Taro Aso သည် ဂျပန်နိုင်ငံ၏ ဘဏ္ဍာရေးဝန်ကြီးတာဝန်ကိုပါ ပူးတွဲ ထမ်းဆောင်နေပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးမည့်အပြင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့်ပါ တွေ့ဆုံဆွေးနွေးမည်ဟု အဆိုပါသတင်း တွင် ဖော်ပြထားပါသည်။

နိုင်ငံတကာ ပျံသန်းနေသည့်MAI လေကြောင်းလိုင်းမှ ပြည်တွင်း ခရီးစဉ်များတွင် ပျံသန်းရန်စီစဉ်

Photo: နိုင်ငံတကာ ပျံသန်းနေသည့်MAI လေကြောင်းလိုင်းမှ ပြည်တွင်း
ခရီးစဉ်များတွင် ပျံသန်းရန်စီစဉ်
Wednesday, 02 January 2013

နိုင်ငံတကာ ခရီးစဉ်များသာ ပျံသန်းနေသည့် Myanmar Airways International(MAI) လေကြောင်းလိုင်းသည် ပြည်တွင်းခရီးစဉ်များတွင် ပထမဆုံးအကြိမ် စတင်ပျံသန်းရန် စီစဉ်လျက်ရှိကြောင်း ယင်းလေကြောင်း
လိုင်းမှ Marketing Manager မအေးမရသာ၏ ပြောကြားချက်အရ သိရသည်။

“ပြည်တွင်းခရီးစဉ်တွေ ပျံသန်းခွင့်ရဖို့အတွက် သက်ဆိုင်ရာကို ခွင့်ပြုမိန့် တောင်းခံထားပါတယ်။ ခွင့်ပြုမိန့်တော့ မကျသေးပါဘူး။ ခွင့်ပြုမိန့်ရပြီးတာနဲ့ ပြည်တွင်းခရီးစဉ်တွေကို ပြေးဆွဲသွားမှာပါ” ဟု မအေးမရသာက ပြောကြားခဲ့သည်။

MAI လေကြောင်းလိုင်းသည် လက်ရှိတွင် ခရီးသည် ၁၀၀ ကျော်ဆံ့ AirBus လေယာဉ်များဖြင့် နိုင်ငံတကာခရီးစဉ်များကို ပျံသန်းလျက်ရှိပြီး အဆိုပါ AirBus လေယာဉ်များသာ ဆင်းသက်နိုင်သည့် ရန်ကုန်-မန္တလေးနှင့် ရန်ကုန်-နေပြည်တော် ခရီးစဉ်များကို စတင်ပျံသန်း ပြေးဆွဲသွားမည်ဟု သိရသည်။

“လက်ရှိမှာ AirBus လေယာဉ်တွေပဲ ရှိတဲ့အတွက် ဒီလေယာဉ်တွေ ဆင်းနိုင်တဲ့ မြို့တွေကိုပဲ စတင်ပြေးဆွဲသွားမှာပါ။ နောက်ပိုင်းမှာ ပြည်တွင်းက တခြားမြို့တွေကို ခရီးစဉ်တွေ ပြေးဆွဲနိုင်ဖို့ ATR အမျိုးအစား လေယာဉ်တွေ ထပ်မံဝယ်ယူသွားဖို့ ရှိပါတယ်” ဟု မအေးမရသာက ပြောကြားခဲ့သည်။

MAI လေကြောင်းလိုင်းသည် နိုင်ငံတကာခရီးစဉ်များ ပျံသန်းလျက်
ရှိသည့် လေကြောင်းလိုင်း ဖြစ်သည့်အတွက် safety ပိုင်းကိုနိုင်ငံတကာ
သတ်မှတ်စံနှုန်းများအတိုင်း လိုက်နာလုပ်ဆောင်လျက်ရှိသည်။ ယခု ပြည်တွင်းခရီးစဉ်များ ပျံသန်းရန် စီစဉ်ရာတွင်လည်း ယင်းသို့
နိုင်ငံတကာ စံသတ်မှတ်ချက်များအတိုင်း လိုက်နာ၍ ခရီးစဉ်များကို
ပြေးဆွဲသွားမည်ဟု သိရသည်။

MAI လေကြောင်းလိုင်းသည် လက်ရှိတွင် ရန်ကုန်မှ တိုက်ရိုက် ဘန်ကောက်၊ စင်ကာပူ၊ ကွာလာလမ်ပူ၊ ဆီယမ်ရိ၊ ဂယာ၊ ကွမ်ကျိုး၊ ဘန်ကောက်-စင်ကာပူ-ဘန်ကောက်၊ မန္တလေး-ဂါယာ-မန္တလေး ခရီးစဉ်များကို ပျံသန်းလျက်
ရှိသည့်အပြင် မန္တလေးမှ ဘန်ကောက်၊ စင်ကာပူ၊ ကူမင်းမြို့များသို့
ပြေးဆွဲရန် စီစဉ်လျက်ရှိပြီး ၂၀၁၃ ခုနှစ် ဇန်န၀ါရီ လဆန်းပိုင်းတွင် ရန်ကုန်မှ ဟောင်ကောင်သို့ တိုက်ရိုက်ခရီးစဉ် ပျံသန်းသွားမည်ဖြစ်သည်။

MAI လေကြောင်းလိုင်းသည် လက်ရှိတွင် AirBus အမျိုးအစား လေယာဉ်
ရှစ်စင်းဖြင့် ခရီးစဉ်များ ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

Eleven Media Group
နိုင်ငံတကာ ခရီးစဉ်များသာ ပျံသန်းနေသည့် Myanmar Airways International(MAI) လေကြောင်းလိုင်း သည် ပြည်တွင်းခရီးစဉ်များတွင် ပထမဆုံးအကြိမ် စတင်ပျံသန်းရန် စီစဉ်လျက်ရှိကြောင်း ယင်းလေကြောင်းလိုင်းမှ Marketing Manager မအေးမရသာ၏ ပြောကြားချက်အရ သိရသည်။

“ပြည်တွင်းခရီးစဉ်တွေ ပျံသန်းခွင့်ရဖို့အတွက် သက်ဆိုင်ရာကို ခွင့်ပြုမိန့် တောင်းခံထားပါတယ်။ ခွင့်ပြုမိန့်တော့ မကျသေးပါဘူး။ ခွင့်ပြုမိန့်ရပြီးတာနဲ့ ပြည်တွင်းခရီးစဉ်တွေကို ပြေးဆွဲသွားမှာပါ” ဟု မအေးမရသာက ပြောကြားခဲ့သည်။ MAI လေကြောင်းလိုင်းသည် လက်ရှိတွင် ခရီးသည် ၁၀၀ ကျော်ဆံ့ AirBus လေယာဉ်များဖြင့် နိုင်ငံတကာခရီးစဉ်များကို ပျံသန်းလျက်ရှိပြီး အဆိုပါ AirBus လေယာဉ်များသာ ဆင်းသက်နိုင်သည့် ရန်ကုန်-မန္တလေးနှင့် ရန်ကုန်-နေပြည်တော် ခရီးစဉ်များကို စတင်ပျံသန်း ပြေးဆွဲသွား မည်ဟု သိရသည်။

Sea Gameအမှီ အဝယ်လိုက်နေတဲ့ မန်းအိမ်ခြံမြေဈေးကွက်

Photo: Sea Gameအမှီ အဝယ်လိုက်နေတဲ့ မန်းအိမ်ခြံမြေဈေးကွက်
Wednesday, 02 January 2013

နှစ်သစ်ကူးကာလအတွင်း မန္တလေးမြို့ထဲဘက်တွင် အိမ်ခြံမြေအရောင်း အ၀ယ် သွက်လာပြီး ထောင်ကြီးပိုင်းအထိ ဈေးရှိလာကြောင်း မန္တလေးမြို့ရှိ အိမ်ခြံမြေအကျိုးဆောင် အသိုင်းအ၀ိုင်းမှသိရှိရသည်။

မြို့ထဲလူစည်ကားသည့် ၇၁ကနေ ၈၁ အကြားအိမ်ခြံမြေများ အရောင်း အ၀ယ် သွက်နေပြီး သိန်းထောင်ဂဏန်းနဲ့ အရောင်းအ၀ယ် ဖြစ်ကြကြောင်း၊ အဓိက ၀ယ်လက်များသည် (Sea Game)အမှီ ကုမ္ပဏီများ ဖွင့်ဖို့အတွက်
ဖြစ်ကြောင်း၊ ရန်ကုန်မြို့မှ အ၀ယ်တွေ ဆင်းလာကြသလို ၀ယ်ရောင်းတွေ လည်း အဝယ်များလာကြောင်း ၀ါရင့်အိမ်ခြံမြေပွဲစားတစ်ဦးက ဆိုသည်။

“ဝယ်ရောင်း အများစုကလာမယ့် အရှေတောင်အာရှ(Sea Game) ပြိုင်ပွဲ ကာလမှာ အိမ်ခြံမြေ အ၀ယ်လိုက်လာမယ်လို့ ခန့်မှန်းပြီး ၀ယ်ကြတာ။
နေရာကောင်းတွေကို အဓိကထား ဝယ်နေကြတယ်။ ပိုင်ဆိုင်မှု ခိုင်မာ လာ
လေလေ ရရှိထားတဲ့နေရာတွေ တဖြည်းဖြည်း ဈေးပိုကောင်း လာလေလေ ပဲ”ဟု အိမ်ခြံမြေပွဲစား ကိုပိုင်လင်းအောင်က ပြောကြားသည်။

(၂၀၁၂)တွင် မန္တလေးမြို့ရှိ အိမ်ခြံမြေအရောင်းအ၀ယ်များ သိသိသာသာ
အေးခဲ့သော်လည်း ၂၀၁၃ နှစ်စပိုင်းလောက်တွင် အိမ်ခြံမြေ အရောင်းအ၀ယ် များ တစ်ဖြေးဖြေးသွက်လာသည်နှင့်အညီ နှစ်သစ်ကူးပြီးလျှင်လည်း ယခု ထက် ပိုမိုသွက်လာနိုင်ကြောင်း (SeaGame) ပြိုင်ပွဲပြီးလျှင်လည်း ဈေးနှုန်း အပြောင်းအလဲ ရှိလာနိုင်င်ကြောင်း ဝါရင့်ပွဲစားများက ခန့်မှန်းကြကြောင်း သိရသည်။

မြို့သစ်မှ ဧကကွက်များတွင် ရောင်းအ၀ယ်နည်းနေသော်လည်း လိုက်လံ စုံစမ်းသူများ ရှိနေပြီး အရောင်းအ၀ယ် နည်းပါးနေသည်ဟု သိရသည်။

မောင်ထိန်လင်း
The Myanma Age
နှစ်သစ်ကူးကာလအတွင်း မန္တလေးမြို့ထဲဘက်တွင် အိမ်ခြံမြေအရောင်း အ၀ယ် သွက်လာ ပြီး ထောင်ကြီး ပိုင်းအထိ ဈေးရှိလာကြောင်း မန္တလေးမြို့ရှိ အိမ်ခြံမြေအကျိုးဆောင် အသိုင်းအ၀ိုင်းမှသိရှိရသည်။

မြို့ထဲလူစည်ကားသည့် ၇၁ကနေ ၈၁ အကြားအိမ်ခြံမြေများ အရောင်း အ၀ယ် သွက်နေပြီး သိန်းထောင်ဂဏန်းနဲ့ အရောင်းအ၀ယ် ဖြစ်ကြကြောင်း၊ အဓိက ၀ယ်လက်များသည် (Sea Game)အမှီ ကုမ္ပဏီများ ဖွင့်ဖို့အတွက်ဖြစ်ကြောင်း၊ ရန်ကုန်မြို့မှ အ၀ယ်တွေ ဆင်းလာကြသလို ၀ယ်ရောင်းတွေ လည်း အဝယ်များလာကြောင်း ၀ါရင့်အိမ်ခြံမြေပွဲစားတစ်ဦးက ဆိုသည်။

(၁၅) ကြိမ်မြောက် နိုင်ငံတကာမီးပုံးပျံစီးခြင်းများကို မန္တလေးတောင်၊ ဦးပိန်တံတားနှင့် တောင်သမန်အင်း အနီးဝန်းကျင်တို့တွင် မီးပုံးပျံခြောက်လုံးဖြင့် ပျံသန်းမှုများ ဆောင်ရွက်

Photo: (၁၅) ကြိမ်မြောက် နိုင်ငံတကာမီးပုံးပျံစီးခြင်းများကို မန္တလေးတောင်၊ ဦးပိန်တံတားနှင့် တောင်သမန်အင်း အနီးဝန်းကျင်တို့တွင် မီးပုံးပျံခြောက်လုံးဖြင့် ပျံသန်းမှုများ ဆောင်ရွက်  
Wednesday, 02 January 2013 

(၁၅) ကြိမ်မြောက် နိုင်ငံတကာမီးပုံးပျံစီးခြင်းများကို မန္တလေးတောင်၊ ဦးပိန်တံတားနှင့် တောင်သမန်အင်း အနီးဝန်းကျင်တို့တွင် ဒီဇင်ဘာလ ၃၀၊ ၃၁ ရက်နေ့က မီးပုံးပျံခြောက်လုံးဖြင့် ပျံသန်းမှုများ ဆောင်ရွက်ခဲ့သည်။

Golden Express Tours ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီလီမိတက်မှ ကြီးမှူး၍ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်ပြီး ဆွစ်ဇာလန်နိုင်ငံမှ Mr. Peter Blaser ဦးဆောင်ကာ ဂျာမနီ၊ ပြင်သစ်နှင့် ဗြိတိန်နိုင်ငံတို့မှ နိုင်ငံခြားသားအဖွဲ့ဝင် ၂၈ ဦးတို့သည် ဒီဇင်ဘာလ ၂၁ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး ၂၃၊ ၂၄၊ ၂၅ ရက်နေ့တို့တွင် အင်းလေး၊ ညောင်ရွှေနှင့် ရွှေညောင်အနီးတစ်ဝိုက်တွင် မီးပုံပျံစီးနင်းပျံသန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“ဒီနှစ်မန္တလေးမှာ စုစုပေါင်း သုံးကြိမ်ပျံသန်းစီးခဲ့တယ်။ ပထမနှစ်ကြိမ်က ဦးပိန်တံတားကနေ မနက်ပိုင်းမှာ စပြီးပျံတယ်။ အမရပူရတစ်ဝိုက်မှာ ၀ဲပြီးတော့ ကန်ပတ်လမ်းမှာ ဆင်းတယ်။ နောက်ဆုံးအကြိမ်က စွမ်းဟိုတယ်ကနေ ညနေပိုင်းတက်ပြီး မန္တလေးတောင်မြောက်ဘက်
တစ်ဝိုက်မှာ ဆင်းတယ်။ ဒီနှစ်လေကြောင်းက စိတ်ကြိုက်မတွေ့တာနဲ့ စစ်ကိုင်းဘက်ကို မဆင်းနိုင်ခဲ့ဘူး။ မီးပုံးပျံပျံသန်းရာမှာ ပိုပြီး
ဆွဲဆောင်မှုရှိဖို့အတွက် လေထီးခုန်သမားနှစ်ဦးလည်း ပါတယ်။ အင်းလေးမှာတော့ ခုန်ဖြစ်ခဲ့တယ်။ မန္တလေးမှာက ရာသီဥတုအခြေအနေရ မခုန်ဖြစ်ခဲ့ဘူး” ဟု Golden Express Tours ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီလီမိတက်မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးတင့်နောင်က ပြောကြားပါသည်။

အဆိုပါ မီးပုံးပျံအဖွဲ့အသုံးပြုသည့် မီးပုံပျံတစ်လုံးချင်း၏ အရွယ်
အစားမှာ ၂၀၀၀ မှ ၃၀၀၀ ကုဗမီတာရှိပြီး အလေးချိန်မှာ ၃၀၀ ကီလိုဂရမ်
ရှိကြောင်း၊ မြေပြင်မှ အများဆုံးအမြင့်ပေ ၃၀၀၀ ပျံသန်းစီးနင်းခဲ့ကြောင်း သိရသည်။

“မီးပုံးပျံတွေက အမြင့်ကိုပျံနိုင်သလို အောက်ဆိုရင်လည်း ၂၊ ၃ ပေလောက် အကွာအဝေးမှာတင် ရှပ်ပျံလို့ရတယ်။ အင်းလေးတုန်းက ရေပြင်နဲ့ကပ်ပြီး အင်းသူ၊ အင်းသားတွေရဲ့ လူနေမှုဘ၀တွေကို အနီးကပ်မှတ်တမ်းတင်
ဓာတ်ပုံတွေ ရိုက်ကြတယ်။ အပေါ်စီးကနေ ရှုခင်းတွေကြည့်တယ်။ စိတ်ဝင်စားစရာ တစ်ခုခုတွေ့ရင် အောက်ကိုဆင်းပြီး အနီးကပ်
လေ့လာကြတယ်၊ မီးပုံးပျံကတော့ လေကြောင်းအတိုင်းပဲ သွားလို့ရတယ်။ မီးပုံးပျံတစ်လုံးစီမှာ အနိမ့်အမြင့်ထိန်းချုပ်တဲ့ ပိုင်းလော့တစ်ယောက်စီ ပါတယ်” ဟု Golden Express Tours ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီ
လီမိတက်မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ယင်းကဲ့သို့ မီးပုံးပျံစီးနင်းပျံသန်းခြင်းများကို ၁၉၉၈ ခုနှစ်မှစတင်၍ ယခုနှစ်တွင် (၁၅) ကြိမ်မြောက်အဖြစ် အင်းလေး၊ မန္တလေး၊ ပုဂံနှင့်
မကွေးဒေသများသို့ သွားရောက်ကာ မီးပုံးပျံစီးနင်းပျံသန်းခြင်းများ
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

Eleven Media Group
(၁၅) ကြိမ်မြောက် နိုင်ငံတကာမီးပုံးပျံစီးခြင်းများကို မန္တလေးတောင်၊ ဦးပိန်တံတားနှင့် တောင်သမန်အင်း အနီးဝန်းကျင်တို့တွင် ဒီဇင်ဘာလ ၃၀၊ ၃၁ ရက်နေ့က မီးပုံးပျံခြောက်လုံးဖြင့် ပျံသန်းမှု များ ဆောင်ရွက် ခဲ့သည်။

Golden Express Tours ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီလီမိတက်မှ ကြီးမှူး၍ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်ပြီး ဆွစ်ဇာလန်နိုင်ငံမှ Mr. Peter Blaser ဦးဆောင်ကာ ဂျာမနီ၊ ပြင်သစ်နှင့် ဗြိတိန်နိုင်ငံတို့မှ နိုင်ငံခြားသားအဖွဲ့ဝင် ၂၈ ဦးတို့သည် ဒီဇင်ဘာလ ၂၁ ရက်နေ့ က မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး ၂၃၊ ၂၄၊ ၂၅ ရက်နေ့တို့တွင် အင်းလေး၊ ညောင်ရွှေနှင့် ရွှေညောင်အနီး တစ်ဝိုက်တွင် မီးပုံပျံစီးနင်းပျံသန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကြက်ဥအစိမ်း ၂၈ လုံး ဖောက်သောက်သည့် လူငယ်တစ်ဦး သေဆုံး

Photo: ကြက်ဥအစိမ်း ၂၈ လုံး ဖောက်သောက်သည့် လူငယ်တစ်ဦး သေဆုံး
Wednesday, 02 January 2013

ကြက်ဥ အစိမ်း ၂၈ လုံးကို တစ်ပြိုင်နက်တည်း ဖောက်သောက်ပြီး လက်စွမ်းပြတဲ့ တူနီရှားမှ အသက် ၂၀ လူငယ် Dhaou Fatnassi ဟာ သေဆုံးခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ လကုန်ပိုင်းလောက်က ဖြစ်ပြီး သူငယ်ချင်းများနဲ့ အလောင်းအစား လုပ်ခြင်း ဖြစ်ပါတယ်။ အလောင်းအစားအရ သူဟာ ကြက်ဥ အစိမ်း၂၈ လုံး စလုံးကို တစ်ပြိုင်နက် တည်း ဖောက်သောက်ပြ ပါတယ်။ ၂၈ လုံး စလုံး သောက်ပြီး မိနစ်ပိုင်းတင်ပဲ ဝမ်းဗိုက်မှ နာလာပြီး ဆေးရုံကို အမြန်ပို့ဆောင်လိုက်ရပါတယ်။ ဆရာဝန်ကိုတောင် မတွေ့လိုက်ရပါဘူး။ ဆေးရုံကိုလည်း ရောက်၊ အသက်လည်း ပျောက် ခဲ့ပါတယ်။

ကြက်ဥတစ်လုံးမှာ အဟာရဓာတ်ပေါင်း ၃၈ မျိုးဝန်းကျင်လောက် ပါရှိ ပါတယ်။ သို့ပေမယ့် အများဆုံးကေတာ့ ရေ ၇၅ ဂရမ်၊ ပရိုတိန်းဓာတ် ၁၂.၆ ဂရမ်၊ အဆီ ၁၀.၆ ဂရမ်နဲ့ ကာဘွန်ဟိုက်ဒရိတ် ၁.၁၂ ဂရမ် ပါရှိပါတယ်။ အနှစ်ချုပ်လိုက်ရင် ကြက်ဥတစ်လုံးဟာ စွမ်းအင် ၁၅၅ ကီလိုကယ်လိုရီ 
(647 kJ) ပေးစွမ်းနိုင်ပါတယ်။

ယင်းဟာ တစ်လုံးတည်းမှာ ပါရှိတဲ့ စွမ်းအင် ဖြစ်ပါတယ်။ ဒါကို တစ်လုံး တည်း မဟုတ်ပဲ တစ်ပြိုင်နက်တည်း ၂၈ လုံးစားတော့ ဖြစ်လာမယ့် ဆိုးကျိုး က လုံးဝ မတွေးရဲ စရာပဲ ဖြစ်ပါတယ်။ တန်ဆေးလွန်ဘေးဆိုသလို၊ မိတ်ဆွေ အပေါင်းအသင်းတွေ မြောက်ပေးတိုင်းလည်း ဘယ်အစားအစာ ကိုမှ အလွန် အကျွံမစားမိဖို့ အရေးကြီးတာမို့ ကွယ်လွန်သွားတဲ့ လူငယ်လေးက သင်ခန်း စာ ယူစရာအဖြစ် ကျန်ရှိစေခဲ့ပါတယ်။
--
Ref: health-care
International news for myanmar
ကြက်ဥ အစိမ်း ၂၈ လုံးကို တစ်ပြိုင်နက်တည်း ဖောက်သောက်ပြီး လက်စွမ်းပြတဲ့ တူနီရှားမှ အသက် ၂၀ လူငယ် Dhaou Fatnassi ဟာ သေဆုံးခဲ့ကြောင်း သိရပါတယ်။ပြီးခဲ့တဲ့ ဒီဇင်ဘာ လကုန်ပိုင်းလောက် က ဖြစ်ပြီး သူငယ်ချင်းများနဲ့ အလောင်းအစား လုပ်ခြင်း ဖြစ်ပါတယ်။ အလောင်းအစားအရ သူဟာ ကြက်ဥ အစိမ်း၂၈ လုံး စလုံးကို တစ်ပြိုင်နက်တည်း ဖောက်သောက်ပြပါတယ်။ ၂၈ လုံး စလုံး သောက်ပြီး မိနစ်ပိုင်း တင်ပဲ ဝမ်းဗိုက်မှ နာလာပြီး ဆေးရုံကို အမြန်ပို့ဆောင်လိုက်ရပါတယ်။ ဆရာဝန်ကိုတောင် မတွေ့လိုက် ရပါဘူး။ ဆေးရုံကိုလည်း ရောက်၊ အသက်လည်း ပျောက် ခဲ့ပါတယ်။

My Blog List