Friday, May 29, 2015

ရွေးကောက်ပွဲဝင်မည်ဆိုပါက NLD နှင့် ရင်ဆိုင်မှုမရှိစေရန်ညှိနှိုင်းမည်ဟု ၈၈ (ငြိမ်း/ပွင့်) ခေါင်းဆောင်များပြော

မိမိတို့အင်အားစုထဲမှ ပုဂ္ဂိုလ်အချို့ လာမည့်ရွေးကောက် ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဆို ပါက မဟာမိတ်ဖြစ်သော NLD ပါတီနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်း မျိုးမဖြစ်စေရန် ညှိနှိုင်းဆောင်ရွက် မည်ဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း ခေါင်းဆောင်တစ်ဦးဖြစ် သူ ဦးမင်းကိုနိုင်က ပြောသည်။

ကြေညာချက်နိုင်ငံရေးနှင့် ထူးမခြားနားဇာတ်ကွက်


လက်ငင်း မြန်မာ့နိုင်ငံရေးသည် ကြေညာချက် များ၊ ကြေညာစာတမ်းများ၊ သဘောထားထုတ်ပြန် ချက်များ၊ မိန့်ခွန်းများနှင့် လုံးလည်ချာလည်လိုက်လျက်ရှိသည်။ အစိုးရများ၊ လွှတ်တော်များသည် အောက်ခြေကျောမွဲများ၏ အကျိုးစီးပွားကိုထိထိရောက်ရောက် မျက်နှာမူနိုင်ခြေ လျော့ပါးလျက်ရှိသည်။

NCCT နှင့် UPWC တို့ နိုင်ငံရေးမူဘောင် ဆွေးနွေး


ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်ရေး ကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရေးနှင့် နိုင်ငံရေး ဆွေးနွေးမှု မူဘောင်နှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်ဟု နှစ်ဖက်ခေါင်းဆောင်များကပြောသည်။

ကာချုပ်မှ မဟုတ်၊ ရဲဘော်မှ မဟုတ် စည်းမျဉ်းလက်ခံလျှင် မည်သူကို မဆိုပြည်ခိုင်ဖြိုးပါတီထဲ ပေးဝင်မည်ဖြစ်ဟုဆို


ပြည်ခိုင်ဖြိုးပါတီ၏ စည်းမျဉ်းစည်းကမ်း လက်ခံလိုက်နာသူ မည်သူကိုမဆို ပါတီ အတွင်းဝင်ရောက်နိုင်သည်ဟု ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးးဦးသိန်းဆွေက ပြောသည်။

ရွှေရေးထင်ထင် ပလပ်စတစ် ဆာဂျရီ မလုပ်ထားပါ



စာရေးဆရာမ၊ ကဗျာဆရာမ ရွှေရေးထင်ထင်နဲ့ ဧရာဝတီတွေ့ဆုံမေးမြန်းထားတဲ့ အင်တာဗျူးကဏ္ဍကို ဧရာဝတီသတင်းဌာနရဲ့ မြန်မာပိုင်းဝက်ဆိုဒ် မှာရော ဖေ့ဘုတ်စာမျက်နှာမှာပါ မနေ့က စတင်လိုက်ချိန်ကစလိုထူးခြားတာတခုကို တွေ့လာရပါတယ်။

ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဥပဒေ ပြည်သူ့ လွှတ်တော်က ပြင်ဆင်ချက်မရှိ အတည်ပြု


ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အရေးကြီးသော ပုဒ်မများကို ပြင်ဆင်နိုင်ရန် လိုအပ်နေသည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တင်သွင်းခဲ့သည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်မရှိ ယနေ့ အတည်ပြုခဲ့သည်။ “ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနဲ့ စပ်လျဉ်းပြီး ပြည်သူ့လွှတ်တော် ၁၂ ကြိမ်မြောက် အစည်းအဝေး ၄၉ ရက်မြောက်နေ့ဖြစ်သော ၂၀၁၅ မေလ ၂၁ ရက်တွင် ဥပဒေကြမ်း ကော်မတီက အစီရင်ခံစာ ဖတ်ကြား ရှင်းလင်း တင်ပြခဲ့ပါတယ်။

IS နှင့်ပေါင်းပြီး အများပြည်သူ နေရာများကို တိုက်ခိုက်မည့် စင်ကာပူ ဆယ်ကျော်သက် အဖမ်းခံရ


အသက် ၁၉ နှစ်အရွယ် စင်ကာပူ ဆယ်ကျော်သက်တစ်ဦးသည် IS စစ်သွေးကြွများနှင့် သွားရောက်ပူးပေါင်းရန်နှင့် စင်ကာပူရှိ အများပြည်သူနေရာများကို တိုက်ခိုက်ရန် ပြင်ဆင်နေခြင်းကို ဖော်ထုတ်သိရှိရပြီး ဖမ်းဆီးထားကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။ အရီဖီအဇင်ပူထရာနောဂျာသည် အကြမ်းဖက်မှုဆက်စပ်ဖြင့် စင်ကာပူတွင် အဖမ်းခံရသူများတွင် အငယ်ဆုံးဖြစ်ကာ ပထမဆုံး IS နှင့် ဆက်စပ်သည့် တရားခံဟု ယူဆရသူလည်း ဖြစ်သည်။

NLD လွှတ်တော်ကိုယ်စားလှယ်လောင်း အရည်အချင်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ချမှတ်



“ပါတီအပေါ်မှာ သစ္စာရှိတဲ့ အစဉ်တစိုက် လိုက်ပါလုပ်ဆောင်ခဲ့သူ ဖြစ်ရမယ်၊ အဲဒီအရည်အချင်းတူနေရင် အမျိုးသမီးတိုင်းရင်းသားနဲ့ လူငယ်တွေကို ဦးစားပေးမယ်...”

၆ ပွင့်ဆိုင် ဆွေးနွေးပွဲ အောင်မြင်မှု ရနိုင်မှာလား


အခုရက်ပိုင်း သတင်းထောက်တွေက အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို အမေး ဆုံး မေးခွန်းတစ်ခု ကတော့ ၆ ပွင့်ဆိုင် ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ပါပဲ။ ၆ ပွင့်ဆိုင် ဆွေးနွေးပွဲတွေ ဘယ်တော့ ပြန်စမလဲ၊ အခြေအနေ ဘယ်လိုလဲ၊ ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုများ ထင်မြင်သလဲ စတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ၆ ပွင့်ဆိုင် ဆွေးနွေးပွဲ အောင်အောင်မြင်မြင် ကျင်းပနိုင်ရေးကိစ္စ သမ္မတ ဦးသိန်းစိန်ဘက်က တက်တက်
ကြွကြွ မရှိဘူးလို့ဖြေပါတယ်။

နိုင်ငံရေးမူဘောင်ရေးဆွဲရန် လက်နက်ကိုင်အင်အားစုများ ဆွေးနွေး


အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ် တွေဟာ ထိုင်းနိုင်ငံချင်းမိုင်မှာ တွေ့ဆုံပြီး အပစ်အခတ်ရပ်စဲပြီးနောက် ဆက်လက်လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကို အစပျိုးလုပ် ဆောင်နိုင်ဖို့အတွက် ဆွေးနွေး
ခဲ့ကြပါတယ်။

အော်စကာ မင်းသား Forest Whitaker မြန်မာပြည် ရောက်


မြန်မာနိုင်ငံ ကို ရောက်နေတဲ့ UNESCO ချစ်ကြည်ရေး သံတမန် အော်စကာ ဆုရှင် Forest Whitaker က မြန်မာ့ အရပ်ဖက် အဖွဲ့အစည်း ခေါင်းဆောင်တွေ ၊ နိုင်ငံရေး ခေါင်းဆောင်တွေ နဲ့မြန်မာ့ ငြိမ်းချမ်းရေး နောက် လူမျိုးရေး ဘာသာရေး ပြဿနာတွေ နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။ 

အိုဘားမားရဲ့ သမီးကို နွားတွေ၊ ဆိတ်တွေနဲ့ တင်တောင်းမယ့် ရှေ့နေ


ကင်ညာနိုင်ငံသား ရှေ့နေတစ်ဦးက အမေရိကန်သမ္မတအိုဘားမားရဲ့ သမီးနှစ်ဦးထဲက အသက် ၁၆ နှစ်အရွယ် သမီးကြီး မာလီယာကို သူပိုင်ဆိုင်တဲ့ သိုးတွေ၊ နွားတွေနဲ့ တင်တောင်ဖို့ ဆန္ဒရှိကြောင်း ပြောလိုက်ပါတယ်။ ဖိလစ်ကစ်ပရိုနိုလို့ အမည်ရတဲ့ အဲဒီအမျိုးသားက နွားအကောင်ငါးဆယ်၊ သိုးအကောင်း ၇၀ ၊ ဆိတ်အကောင် ၃၀ နဲ့အတူ အိုဘားမားရဲ့သမီးကို လက်ထပ်ခွင့်ရဖို့ တင်တောင်းချင်တာ ဖြစ်ပါတယ်။

မပြောင်းလဲသေးသည့် ခုနစ်နှစ်သား ဖွဲ့စည်းပုံ အခြေခံဥပဒေ


ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သည့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (န.အ.ဖ) အစိုးရလက်ထက်က အစပြုပြီး အသက်ဝင်လာခဲ့သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျင့်သုံးလာခဲ့သည်မှာ ၂၀၁၅ ခုနှစ်၊ မေလ ၂၉ ရက်တွင် သက်တမ်းအားဖြင့် (၇) နှစ်တိတိ ပြည့်ခဲ့ပြီ ဖြစ်သည်။

ခိုးဝင်ဘင်္ဂါလီ ၂၀၀ ကျော်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများဟု ဘင်္ဂလားဒေ့ရှ်အစိုးရ အတည်ပြု


မြန်မာအစိုးရက ကယ်တင်ထားသည့် ဘင်္ဂါလီ ၂၀၀ ကျော်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ ဖြစ်သည်ဟု စစ်တွေမြို့အခြေစိုက် ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးမှ ကောင်စစ်ဝန်က အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ ရခိုင်ပြည်နယ် ဦးစီးမှူး ဦးခင်စိုးက ပြောကြားသည်။

ယူကရိန်းနှင့် နယူးဇီလန်ပွဲများတွင် မြန်မာအသင်း အမှတ်ရနိုင်ကြောင်း နည်းပြချုပ် ပြောကြား


မြန်မာအသင်းသည် မကြာမီ ကျင်းပတော့မည့် ယူ ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အုပ်စုကျွတ်ရေး ကြိုးစားနေသည်နှင့်အညီ ယူကရိန်း၊ နယူးဇီလန်တို့နှင့် ယှဉ်ပြိုင်ရမည့်ပွဲများမှ အမှတ်ရအောင် ယူနိုင်မည်ဟု ခန့်မှန်းထားကြောင်း နည်းပြချုပ်ဂတ်စ်ဇီက The Voice သို့ ပြောကြားသည်။

White card မဲပေးခွင့် မရှိကြောင်း လွှတ်တော် အတည်ပြု


၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြင်ဆင်သည့် ဥပဒေကြမ်း အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကြမ်းတွင် ယာယီ သက်သေခံ လက်မှတ်(White card) ကိုင်ဆောင်ထားသူများ မဲပေးခွင့် မပြုကြောင်း မေလ ၂၈ ရက် က ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေး၌ အတည်ပြုလိုက်သည်။

လွှတ်တော်မီဒီယာခန်း ပိတ်မှုကို ဝေဖန်၍ ဦးလှဆွေကို ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ခေါ်ယူသတိပေး


ပြည်ထောင်စုလွှတ်တော်တွင် မီဒီယာများ သတင်းယူရန် သတ်မှတ်ထားသော အခန်းကိုပိတ်၍ ဓာတ်ပုံနှင့် ဗီဒီယို ရိုက်ကူး၍မရသော နေရာသို့ ရွှေ့ပြောင်းလိုက်ခြင်းနှင့် ပတ်သက်၍ ဝေဖန်ခဲ့သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေကို ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးနန္ဒကျော်စွာက ခေါ်ယူတွေ့ ဆုံကာ သတိပေးခဲ့ကြောင်း ဦးလှဆွေက ပြောကြားသည်။

The Lady ရုပ်ရှင်ဇာတ်ကားတွင် ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်ထားသူ မီရှဲယို မြန်မာနိုင်ငံသို့ ယနေ့ရောက်မည်


 ဟောင်ကောင်မင်းသမီး မီရှဲယို မြန်မာနိုင်ငံသို့ ယနေ့ လာရောက်မည်ဖြစ်ကာ နှစ်ရက် ကြာ နေထိုင်သွားမည်ဖြစ်ကြောင်း သိရသည်။မင်းသမီးမီရှဲယိုသည် မြန်မာနိုင်ငံတွင်ပြုလုပ်မည့် ''Memory International Film Heritage Festival 2015'' ရုပ်ရှင်ပွဲတော်သို့ အထူးဧည့်သည်တော် အဖြစ် အခမ်းအနားဖွင့်လှစ်ပေးရန်နှင့် ကော့မှူးခရီးစဉ်သွား ရောက်ရန်အတွက် လာရောက်ခြင်းဖြစ်ကြောင်း သိရသည်။

မဆလပါတီဝင်ဟောင်းများ ကရင်ပါတီသစ်ထူထောင်


ကရင်ပြည်နယ် ဘားအံမြို့အခြေစိုက် ကရင်ပါတီသစ်တခုဖြစ်တဲ့   ‘စည်လုံးညီညွှတ်သော ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ’ ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုဖို့  မနေ့ မေလ ၂၇ ရက်နေ့က လျှောက်ထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာ ထားပါတယ်။

လူမှောင်ခိုဂိုဏ်းများနှင့် ဆက်နွှယ်သည်ဟု ယုံကြည်ရသည့် မလေးရှား ရဲအရာရှိ ၁၂ ဦး စုံစမ်းစစ်ဆေးခံနေရ



ထိုင်းနယ်စပ်အနီးရှိ သစ် တောထဲတွင် လူသေအလောင်းများ မြှုပ်နှံထားသည့် သင်္ချိုင်း နေရာများ တွေ့ရှိပြီးနောက် လူ မှောင်ခိုလုပ်ငန်းနှင့် ဆက်နွှယ် သည်ဟု ယူဆရသော ရဲအရာရှိ ၁၂ ဦးကို မလေးရှားတွင် စုံစမ်းစစ်ဆေးနေကြောင်း သတင်းရရှိသည်။နိုင်ငံမြောက်ပိုင်း ဝမ်ကီလီ ယန်ရှိ လူသူအရောက်အပေါက် နည်းသည့် တောနက်ထဲတွင် လူ မှောင်ခိုသမားများ အသုံးပြုခဲ့ သည်ဟု ယူဆရသော တောတွင်း စခန်း တစ်နေရာ၌ လူအများ အစုလိုက်အပြုံလိုက် မြှုပ်နှံထားရာ သင်္ချိုင်းမြေကျင်း ၁၃၉ ခု ကို အာဏာပိုင်များကရှာဖွေ တွေ့ရှိခဲ့ သည်။

ဘင်္ဂါလီ လှေစီးဒုက္ခသည်များအရေး ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆိတ်မနေရန် ဒလိုင်းလားမား တိုက်တွန်း


ဘင်္ဂါလီဒုက္ခသည်များကို အကူအညီပေးနိုင်ရန် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပိုမိုအားစိုက်ဆောင်ရွက်သင့် ကြောင်း တိဗက်သာသနာပိုင် ဘုန်းတော် ကြီး ဒလိုင်းလားမားက တိုက်တွန်း ပြောကြားလိုက်သည်။

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံ အနောက်ပိုင်း ဒေသများကိုစွန့်ခွာထွက်ပြေးပြီး ပင်လယ်ထဲတွင် မျောပါနေသည့် ဘင်္ဂါလီ လှေစီးဒုက္ခသည်များ အရေးနှင့် ပတ်သက်၍ နိုင်ငံတကာ အာရုံစိုက်မှုများ မြင့်တက်လာချိန်၌ ဒလိုင်းလားမား ဘုန်းတော်ကြီးက ၎င်းကဲ့ သို့ပင် နိုဗယ်ငြိမ်းချမ်းရေး ဆုရှင်တစ်ဦးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

လူငယ်သိပ္ပံတီထွင်ဆုရ မြန်မာကလေးငယ် ၂ ဦးကို ချင်းမိုင်ခရိုင်ဝန် တွေ့ဆုံ

  


ကျပ်တစ်သောင်းတန်ငွေစက္ကူအသစ် ထုတ်ဝေမည်


လုံခြုံရေးအဆင့်မြှင့်ထားသော ကျပ်တစ်သောင်းတန် ငွေစက္ကူအသစ်ကို ၂၀၁၅ ဇူလိုင် ၁ ရက်တွင် စတင်ထုတ်ဝေမည် ဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ် ပြန်ကြေညာသည်။

၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့၏ဆုံးဖြတ်ချက်


Thursday, May 28, 2015

၁၉၉၀ ရွေးကောက်ပွဲအပြီး လွှတ်တော်ခေါ်ယူခြင်း မရှိသောကြောင့် တပ်မတော်အစိုးရ အဖွဲ့ဝင်ဟောင်းများကို တရားစွဲမည်ဟုဆို


၁၉၉၀ အထွေထွေရွေးကောက်ပွဲအပြီး လွှတ်တော်ခေါ်ယူခြင်း မရှိသောကြောင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အဖွဲ့ဝင်ဟောင်း များကို တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ အတွင်းရေးမှူး ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။

ဝန်ကြီးချုပ်ယာဉ်တန်းကိုပင် လက်နက်အပြည့်အစုံဖြင့်ခြိမ်းခြောက်လာခြင်းက ငြိမ်းချမ်းရေးအတွက်စိုးရိမ်စရာ ဖြစ်လာပြီလား


၂၀၁၅ ခုနှစ်၊ မေလ ၂၄ ရက်နေ့က ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းနဲ့ သံဃနာယကဆရာတော်များပါဝင်တဲ့ ယာဉ်တန်းကို DKBA (KKO) အဖွဲ့က ကော့ကရိတ်-မြ၀တီ (အာရှလမ်းသစ်) ပေါ်မှာ အာပီဂျီအပါအ၀င် လက်နက်ကြီး တွေကို အသင့်အနေအထားပြင်ဆင်ပြီး ခြိမ်းခြောက်မှုတစ်ခုပြုလုပ်ခဲ့တယ်ဆိုတဲ့ သတင်းဟာ Social Media တွေကနေ တစ်ဆင့် ပျံ့နှံ့လာခဲ့ပြီးတဲ့နောက် အဲဒီလုပ်ရပ်နဲ့ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအပေါ်မှာ ပြည်သူ တွေရဲ့ ဝေဖန်ရှုတ်ချမှုတွေမြင့်တက်ခဲ့တာကို တွေ့မြင်လာရပါတယ်။

နိုင်ငံရေးဆွေးနွေးပွဲ အတွက် ပြင်ဆင်ဖို့ NCCT ဆွေးနွေးဆုံးဖြတ်


ကရင်ပြည်နယ် လော်ခီးလာမှာကျင်းပမယ့် တိုင်းရင်းသားလက်နက်ကိုင် တော် လှန်ရေးအဖွဲ့တွေရဲ့ ထိပ်သီးခေါင်းဆောင် အစည်းအဝေးမှာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပြီးရင်၊ ဆက်လက် ဖြတ်ကျော်ရ မယ့် နိုင်ငံရေးဆွေးနွေးပွဲ အခက်အခဲတွေအပါအဝင်၊ စည်းစနစ်ကျဖို့ မူဘောင်ရေးဆွဲ တင်ပြသွားမယ်လို့ NCCT ခေါင်းဆောင်တွေ ဆွေးနွေးဆုံးဖြတ်ခဲ့ပါတယ်။

နမ့်စန်မြို့နယ်မှာ တပ်သားသစ်စုဆောင်းတာကြောင့် ထွက်ပြေးသူတွေ များလာနေ


ရှမ်းပြည်တပ်မတော်တောင်ပိုင်း RCSS/SSAအဖွဲ့က ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်နဲ့ နမ့်စန်မြို့နယ်တွေ ကကျေးရွာတွေမှာ တပ်သားသစ် အတင်းအဓမ္မစုဆောင်းနေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေသူ လူငယ်တွေဟာ နမ့်စန်မြို့မှာ ခိုလှုံနေကြပြီး ဒီကနေ့အထိ တစ်ထောင်နီးပါးလောက်ရှိမယ်လို့ ထွက်ပြေး လာကြသူ လူငယ်တွေက ပြောပါတယ်၊

ကုလနှင့် နိုင်ငံတကာ မီဒီယာများအားကန့်ကွက်ဆန္ဒပြပွဲ ရဟန်းရှင်လူ ၁ဝဝဝ ကျော် ပူးပေါင်းပါဝင်



ရွှေ့ပြောင်း ဘင်္ဂလီများအား နိုင်ငံသားအဖြစ် လုပ်ကြံလိမ်ညာ စွပ်စွဲမှုများနှင့် ပတ်သက်၍ ကုလသမဂ္ဂနှင့် နိုင်ငံတကာမီ ဒီယာများအား ရဟန်း၊ ရှင်လူ ပြည်သူ ၁ဝဝဝ ကျော် က မေလ ၂၇ ရက် ယနေ့တွင် ရန်ကုန်မြို့တွင် ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။ ကန့်ကွက် ဆန္ဒပြပွဲကို ဗိုလ်စိန်မှန် ကွင်းမှ နေ့လည် တစ်နာ ရီခွဲတွင် ကျိုက္ကဆံ လူထု ဟစ်တိုင်အထိ ကြွေးကြော်သံများ ကြွေးကြော်ကာ ချီတက် ကန့်ကွက်ဆန္ဒပြခဲ့ ကြသည်။ ကြွေးကြော်သံများမှာ “ ခိုးဝင် ဘင်္ဂလီ အားပေးသူ (တို့ရန်သူ)” ၊ “ ကုလသမဂ္ဂ( ဘက်မလိုက်ရ)” ၊ “ မတရားဖိအား (တို့ မလိုလား)” ၊ “ ရိုလိမ်ညာ မြန်မာမှာမရှိ” စ သည်တို့ ဖြစ်ကြသည်။

တောင်တရုတ်ပင်လယ်သည် အမေရိကန်အမျိုးသားလုံခြုံရေးအတွက် အလွန်အရေးပါဟု အိမ်ဖြူတော်ပြောကြား


တောင်တရုတ်ပင်လယ်ရှိ အခြေအနေသည် အမေရိကန်အမျိုးသားလုံခြုံရေးအကျိုးစီးပွားအတွက် အလွန်အရေးပါသည်ဟု အိမ်ဖြူတော်က ပြောကြားလိုက်သည်။ "တောင်တရုတ်ပင်လယ်က လုံခြုံရေးအခြေအနေဟာ သေရေးရှင်ရေး တမျှအရေးကြီးကြောင်း (အမေရိကန်) သမ္မတက မကြာခဏပြောကြားလေ့ ရှိပါတယ်။ ဒါဟာ အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေးအတွက် အလွန်အရေးပါပါတယ်"ဟု အိမ်ဖြူတော်ပြန်ကြားရေးအတွင်းဝန် ဂျော့ရှ်အာနက်စ်က ၄င်း၏နေ့စဉ် သတင်း စာရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

လှေစီး ဒုက္ခသည် ၂၀၀ မှာ မိမိနိုင်ငံသား ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန် အတည်ပြု ဟုဆို


လှေစီး ဒုက္ခသည် ၂၀၀ မှာ မိမိနိုင်ငံသားများ ဖြစ်ကြောင်း ရခိုင်ပြည်နယ် စစ်တွေမြို့ အခြေစိုက် ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးမှ ကောင်စစ်ဝန်  မိုဟာမက် မဟာဘူရာမန်က တစ်ဦးချင်း စစ်ဆေးပြီးနောက် အတည်ပြု လိုက်ပြီဖြစ်သည်ဟု ရခိုင်ပြည်နယ် လ.ဝ.က ဦးစီးမှူး ဦးခင်စိုးက မဇ္ဈိမကို ပြောသည်။

မလေးရှားတွင် လူမှောင်ခိုမှုနှင့် ပတ်သက်သည့် လူသေမြုပ်နှံထားရာ နေရာများ များစွာတွေ့ခဲ့ရမှုတွင် ရဲ ၁၂ ဦးကို သံသယဖြစ်ကာ စစ်ဆေးနေ


မလေးရှားနိုင်ငံ မြောက်ဖက်အစွန်းဖျား နယ်မြေတွင် လူမှောင်ခိုမှုနှင့် ပတ်သက်သည့် လူသေမြုပ်နှံထား   သည့်နေရာပေါင်းများစွာကို တွေ့ရှိမှုတွင် ရဲ ၁၂ ဦးကို သံသယဖြစ်ကာ စုံစမ်းစစ်ဆေးလျက်ရှိသည်။ ၎င်းတို့အ နက်မှ လေးဦးမှာ ပြီးခဲ့သည့် နှစ်အစောပိုင်းကတည်းက ထောက်လှမ်းစုံစမ်းမှုများ အမျိုးမျိုးပြု     လုပ်ပြီး ဖမ်းဆီးထားသူများ ဖြစ်ကြသည်။

ဗိုလ်ကြီးဟောင်း နေမျိုးဇင်နှင့် ဒေါ်နော်အုန်းလှတို့ကို ကျောက်တံတား တရားရုံးတွင် ရုံးထုတ်


ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်အတွင်းက ကျောက်တံတားမြို့နယ်အတွင်း ဆန္ဒဖော်ထုတ်မှုများဖြင့် ဗိုလ်ကြီးဟောင်းနေမျိုးဇင်နှင့် ဒေါ်နော်အုန်းလှတို့ကို ပုဒ်မ ၁၈ နှစ်မှုစီဖြင့် မေ ၂၇ ရက်၊ နံနက်ပိုင်းက ကျောက်တံတား မြို့ နယ် တရားရုံးတွင် ရုံးထုတ်ခဲ့သည်ဟု ကျောက်တံတားမြို့မ ရဲစခန်းက ရဲအရာရှိ တစ်ဦးက ပြောသည်။

မိုဘိုင်းဖုန်း ကြိုတင်ငွေဖြည့်မှုမှ ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းကောက်ခံ မည့် အစီအစဉ်အား ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ဆိုင်းငံ့


မိုဘိုင်းဖုန်း ကြိုတင်ငွေဖြည့်မှုမှ ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း ကောက်ခံမည့် အစီအစဉ်အား လက်ရှိ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ဆိုင်းငံ့ရန် ပြည်ထောင်စုလွှတ်တော်မှ မေ ၂၇ ရက်တွင် ဆုံးဖြတ်ခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မန္တလေးတိုင်းဒေသကြီး အမရပူရ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက “နိုင်ငံတော်အတွင်း မိုဘိုင်းဖုန်းသုံးစွဲသူ အများပြည်သူတို့၏ ဖုန်းခေါ်ဆိုခ ကြိုတင်ပေးသွင်းငွေများထဲမှ ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း ဖြတ်တောက်ကောက်ခံမည့်ကိစ္စကို ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ဆိုင်းငံ့ထားရန် ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း” အရေးကြီးအဆိုအပေါ် လွှတ်တော်ကိုယ်စားလှယ်ခြောက်ဦးက ဆွေးနွေးခဲ့ပြီးနောက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၏ ဆန္ဒရယူခဲ့ရာတွင် ကန့်ကွက်သူမရှိသဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။

သူရဦးရွှေမန်း ရွေးကောက်ပွဲဝင်ရန် သေချာသော်လည်း သမ္မတဦးသိန်းစိန် ပြန်အရွေးခံရန်မှာ မသေချာသေးဟုဆို


ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သူရ ဦးရွှေမန်း ၂ဝ၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် သေချာနေ သော် လည်း နိုင်ငံတော်သမ္မတဦးသိန်းစိန် ရွေးကောက်ပွဲဝင်ရန် မသေချာဟု ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှု ဆောင်တစ်ဦးက ရန်ကုန်တိုင်းမ်ဂျာ နယ်သို့ ပြောသည်။

လှေစီး ဒုက္ခသည်အရေး ဖိအားပေးမှု ဆန့်ကျင် ဆန္ဒပြပွဲ ရန်ကုန်တွင် ကျင်းပ



တပ်သားသစ် စုဆောင်းနေ၍ နမ့်စန်ရှိ ရွာသားများ တိမ်းရှောင်


ရှမ်းပြည်နယ်တောင်ပိုင်း၊နမ့်စန်မြို့နယ်၊ သိန်းဆယ် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ရှမ်းလက်နက် ကိုင် တပ်ဖွဲ့မှ တပ်သားသစ် စုဆောင်းမှုများ ပြုလုပ်နေသဖြင့် ရွာသားများ ထွက်ပြေးနေရကြောင်း သိရ သည်။

NLD နှင့်အပြိုင် ပါတီထောင်၍ ရွေးကောက်ပွဲ ၀င်မည်မဟုတ်ဟု ၈၈ ပြော


၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အနေဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) နှင့်အပြိုင် စင်ပြိုင်နိုင်ငံရေးပါတီတခုထူထောင်၍ ရွေးကောက်ပွဲဝင်မည်မဟုတ်ဘဲ NLD နှင့်ညှိနှိုင်း၍ နိုင်ငံရေးလှုပ်ရှားမှုများ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောသည်။

၁၉၉၀ ရွေးကောက်ပွဲ ငွေရတု အခမ်းအနား ကျင်းပ


၁၉၉၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ငွေရတု အခမ်းအနားကို ရန်ကုန်မြို့၊ ယုဒသန်ရိပ်သာ ခန်းမတွင် ယနေ့ နေ့လည်ပိုင်းက ကျင်းပခဲ့သည်။ ၁၉၉၀ ရွေးကောက်ပွဲအပြီး ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေပါ ပြဌာန်းချက်အတိုင်း ဆောင်ရွက်ပေးခဲ့ခြင်း မရှိသည့် တာဝန်ရှိခဲ့သူ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အဖွဲ့ဝင်များကို ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့က တရားလိုပြုလုပ်ပြီး တရားစွဲဆိုသွားမည်ဟု ထုတ်ပြန်ကြေညာသည်။

Elizabeth ဘုရင်မကြီး နိုင်ငံ့လမ်းစဉ် လွှတ်တော်မှာချပြ


ဗြိတိန်နိုင်ငံရဲ့ Elizabeth ဘုရင်မကြီးဟာ ဥရောပသမဂ္ဂမှာ ဗြိတိန်နိုင်ငံ အနေနဲ့ ဆက်နေမလား၊ နှုတ်ထွက်မလားဆိုတဲ့ ဆန္ဒခံယူပွဲ ပြုလုပ်မယ်ဆိုတဲ့ ကတိ အပါအ၀င် ရှေးရိုးစွဲ Conservative အစိုးရရဲ့ လုပ်ငန်းစဉ်တွေကို ချခင်းပြတဲ့ အစဉ်အလာ မိန့်ခွန်းတရပ်ကို ပါလီမန်မှာ ပြောကြားသွားပါတယ်။

လှေစီးပြေးဒုက္ခသည်အရေး ဘန်ကောက်ညီလာခံမှာ ခိုင်မာတဲ့အဖြေရှာဖို့ HRW တိုက်တွန်း


အရှေ့တောင်အာရှဒေသမှာ ဖြစ်ပွားနေတဲ့ လှေစီးပြေးသူများရဲ့ အရေးကိစ္စ နဲ့ပတ်သက်ပြီး ပင်လယ်တွင်းမှာ မျောနေတဲ့လူတွေကို ကယ်တင်ရေး၊ ချွင်းချက်မရှိ ဒီလူတွေကို ကမ်းတက်ခွင့်ပြုရေး၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ အနေနဲ့ ခိုလှုံခွင့်တောင်းဆိုသူတွေရဲ့ အခွင့်အရေးတွေအတွက် အကာကွယ် ပေးဖို့ ၀င်ရောက် ဆောင်ရွက်တဲ့နေရာမှာ ကြန့်ကြာမှုမဖြစ်စေရေး စတာ တွေကို မေလ ၂၉ ရက်နေ့မှာ ဆွေးနွေးဖို့အတွက် အစိုးရတာဝန်ရှိသူတွေဟာ ဘန်ကောက်မြို့မှာ စုဝေးရောက်ရှိနေကြပြီလို့ HRW လူ့အခွင့်အရေး အဖွဲ့ကြီးက မနေ့က ပြောလိုက်ပါတယ်။

ဆီးရီးယားအစိုးရနှင့် ပူးပေါင်းသူ လူ ၂၀ ကို IS စစ်သွေးကြွကွပ်မြက်


IS အစ္စလာမ်မစ် စစ်သွေးကြွတွေဟာ ဆီးရီးယားနိုင်ငံအတွင်းက သမိုင်းဝင်မြို့ဖြစ်တဲ့ Palmyra က ရှေးဟောင်း ရောမကပွဲကြီးနေရာမှာ လူ ၂၀ ကို သတ်ဖြတ်ပစ်လိုက်တယ်လို့ ဒီကိစ္စကို စောင့်ကြည့်နေတဲ့အဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

လူမှောင်ခိုမှုနဲ့ ဆက်နွယ်သံသယရှိသူ ရဲ ၁၂ ဦး မလေးရှားထိန်းသိမ်း


လူကုန်ကူးမှုနဲ့ ဆက်နွယ်မှု ရှိတယ်ဆိုတဲ့ သံသယနဲ့ မလေးရှား ရဲတပ်ဖွဲ့ဝင် ၁၂ ဦးကို ဖမ်းဆီးထိန်းသိမ်း လိုက်တယ်လို့ မလေးရှားအစိုးရအဖွဲ့ဝင် ၀န်ကြီးတဦးက ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရွှေ့ပြောင်းဝင်ရောက်သူတွေရဲ့ ရုပ်အလောင်းတွေ မြှုပ်နှံထားရာ နေရာ ၁၄၀ လောက်ရှိရာ လူမှောင်ခိုကူး စခန်းတွေနဲ့ ပတ်သတ်မှု ရှိတယ်ဆိုပြီး မလေးရှား ရဲတပ်ဖွဲ့ဝင်တွေကို ထိန်းသိမ်းခဲ့တာပါ။

လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ NLD နဲ့ ၈၈ သတိပေး



မြန်မာနိုင်ငံမှာ ဒီနှစ်နှောင်းပိုင်း ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ လွတ်လပ်ပြီး၊ တရားမျှတမှုရှိဖို့ လိုအပ်ချက်တွေ အများအပြား ရှိနေတယ်လို့ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်ကျောင်းသား တွေက သတိပေးလိုက်ပါတယ်။

လှေစီးပြေးသူတွေအရေး ကုလဝေဖန်ချက် မြန်မာတုံ့ပြန်


လှေစီးပြေးဒုက္ခသည်တွေအရေး တုံ့ပြန်ဆောင်ရွက်ရာမှာ အားနည်းတယ်လို့ ဝေဖန်တာခံခဲ့ရတဲ့ မြန်မာနိုင်ငံမှာ ပြဿနာကို ဖြေရှင်းဖို့ ကြိုးပမ်းမှုတွေကို ကုလသမဂ္ဂ တာဝန်ရှိသူတွေကိုယ်တိုင် တွေ့မြင်ခဲ့ပြီး ဖြစ်တဲ့ အကြောင်း မြန်မာအစိုးရ အဆင့်မြင့် အရာရှိတဦးက ပြောဆိုလိုက်ပါတယ်။

NLD နဲ့ တိုင်းရင်းသားပါတီများ ပြိုင်ဘက်ဖြစ်နေလား


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ တိုင်းရင်းသားပါတီတွေနဲ့ ယှဉ်ပြိုင် အရွေးခံမယ်ဆိုရင် တိုင်းရင်းသားပါတီတွေအတွက် နစ်နာနိုင်စရာအကြောင်း ရှိပါသလား။ တိုင်းရင်းတွေ လိုချင်နေတဲ့ အခွင့်အရေးတွေကိုကော NLD အနေနဲ့ မပြည့်အဝ ဖေါ်ဆောင်ပေးနိုင်လိမ့်မယ်လို့ တိုင်းရင်းသားပါတီတွေက ယုံကြည်ကြပါရဲ့ လား ဆိုတာတွေကို SNDP ကျားဖြူအမတ် ဦးရဲထွန်း၊ NLD ပြောခွင့်ရ ဒေါ်နန်းခင်ထွေးမြင့်၊ SNLD ကျားခေါင်းပါတီ ဝါရင့်ခေါင်းဆောင် တဦးဖြစ်တဲ့ စိုင်းညွန့်လွင်တို့နဲ့ ဦးကျော်ဇံသာတို့နဲ့ ဆွေးနွေးသုံးသပ်ထား ပါတယ်။

My Blog List