Tuesday, January 21, 2020

(ICJ) ရုံးချိန်းတက်ရောက်ရန် မြန်မာကိုယ်စားလှယ်အဖွဲ့ထွက်ခွာ


Image may contain: 5 people, people standing, suit and indoor
နိုင်ငံတကာတရားရုံး (ICJ) မှာ တရားစွဲဆိုခံထားရတဲ့ အမှုအပေါ် အဆုံးအဖြတ်ပြုတော့မှာ ဖြစ်တဲ့အတွက် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ နယ်သာလန်နိုင်ငံကို ဇန်နဝါရီ (၂၁) ရက်က ထွက်ခွာသွားခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အဆင့်မြင့် အရာရှိတစ်ဦးက အတည်ပြု ပြောကြားပါတယ်။
(ICJ) မှာ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတဲ့ ကိစ္စအပေါ် ဇန်နဝါရီ (၂၃) ရက်မှာ အဆုံးအဖြတ်ပြုတော့မှာ ဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေနဲ့အတူ ဥပဒေအကြံပေးတွေ၊ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိ သူတွေ လိုက်ပါသွားခဲ့တာပါ။
မြန်မာနိုင်ငံဘက်က အမှုလိုက်ပါဆောင်ရွက်တဲ့ ပါမောက္ခ မစ္စတာဝီလျှံရှေးဘတ် အပါအဝင် နိုင်ငံတကာ ဥပဒေပညာရှင်အဖွဲ့တွေလည်း အဆုံးအဖြတ်ပြုမယ့် အခုရုံးချိန်းကို လာရောက်မယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံဟာ လူမျိုးတုံး သတ်ဖြတ်မှု တားဆီးရေးနဲ့ အပြစ်ပေးရေးဆိုင်ရာ ကုလသမဂ္ဂပဋိညာဉ်ကို ချိုးဖောက်တယ်ဆိုပြီး အစ္စလာမ်မစ်နိုင်ငံများအဖွဲ့ (OIC) ရဲ့ကိုယ်စား ဂမ်ဘီယာနိုင်ငံက တရားလိုပြုလုပ်ကာ နိုင်ငံတကာ တရားရုံး (ICJ) မှာ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

No comments:

Post a Comment

My Blog List