Saturday, July 05, 2014

ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး ကြိုးပမ်းမည်


ထိုင်း-မြန်မာနယ်စပ်တနေရာမှာ ဇူလိုင်လ ၃ ရက်နေ့မှ ၄ ရက်နေ့အထိ နှစ်ရက်ကြာ ကျင်းပပြုလုပ်ခဲ့တဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFCနဲ့ ပြည်တွင်းဒီမိုကရေစီ အင်အားစုများ တွေ့ဆုံဆွေးနွေးပွဲမှာ သဘောထားချမှတ်ချက် ၅ချက်နဲ့ သဘောထား ထုတ်ပြန်ချက် ၆ချက် ရရှိသွားခဲ့တယ် လို့ သိရပါတယ်။

“ သီတဂူဆရာတော်ဘုရားကြီး၏ သြ၀ါဒကောက်နှုတ်ချက် ”



လူတို့ရဲ့ဘဝသက်တမ်းဟာ နှစ်ပေါင်းတစ်ရာပြည့်အောင် မနေကြရပါဘူး။ နှစ်ပေါင်းတစ်ရာဆိုတဲ့ ကာလဟာလည်း အလွန်တိုတောင်းတဲ့ ကာလလေးဖြစ်ပါတယ်။ အလွန်တရာတိုတောင်းစွာ အသက်ရှင်ကြရသော ကျွန်ုပ်တို့၏ ဘဝတစ်ခု
အတွင်းမှာ ကျွန်ုပ်တို့လူသားတွေဟာ လူမျိုးရေး, ဘာသာရေး, စီးပွားရေး, နိုင်ငံရေးတစ်ခုခုကို အကြောင်းပြုပြီး ပြိုင်ဆိုင်ခြင်း,ငြင်းခုန်ခြင်း, တိုက်ခိုက်ခြင်း, ရန်ငြိုးဖွဲ့ခြင်း, မကျေနပ်ခြင်း, မရောင့်ရဲခြင်း,ထိတ်လန့်ခြင်း, တုန်လှုပ်ခြင်း, စိုးရိမ်ပူပန်ခြင်းတို့ဖြင့် အသက်ရှင် နေထိုင်ကြမယ်ဆိုလျှင် ဘယ်လူမျိုးတို့၏ဘဝမှာမှ ဘဝအနှစ်သာရနှင့် ဘဝအဓိပ္ပါယ် ရရှိနိုင်ကြမှာ မဟုတ်ပါဘူး။ 

တိတ်တဆိတ်သင့်ကို စိတ်ဖိစီးမှုတွေပေးနေတဲ့ အနီးကပ်ရန်သူများ


ဒီတလော ရက်တော်တော်များများမှာ သင်စိတ်ညစ်ပြီး ဖိအားတွေများနေတယ်လို့ ခံစားရပါသလား။ သင့်အလုပ် ဒါမှမဟုတ် သင့်အိမ်က တူလေးတွေကို အပြစ်ပုံချဖို့ လွယ်ကူပါလိမ့်မယ်။ ဒါပေမယ့် အောက်မှဖော်ပြထားတဲ့ အချက်လေးတွေကို သတိထားပြီး ပြန်စဉ်းစားမယ်ဆိုရင် သင့်ရဲ့ ရန်သူကို သင်ဖော်ထုတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

လုံလောက်စွာ အိပ်ချိန်မရှိသူများ ဖြစ်လာနိုင်သော ရောဂါများ


တစ်ညတာအတွက် ၇ နာရီ ဒါမှမဟုတ် ၉ နာရီ အိပ်ဖို့ အချိန်မရသူတွေဖြစ်လာနိုင်သောရောဂါများကတော့

(၁) မျက်ကွင်းများ ညိုလာပါလိမ့်မယ်။

(၂) မှတ်ဥာဏ်လျော့နည်း လာပါလိမ့်မယ်။

(၃) ခေါင်းမူး ခေါင်းကိုက်ဖြစ်လာပါလိမ့်မယ်။

ဂျပန်စစ်ဝါဒအကြောင်း တောင်ကိုရီးယား၌ တရုတ်သမ္မတ သတိပေး



တရုတ်သမ္မတရှီကျင့်ဖျင်က ဂျပန်စစ်ဝါဒီကို တောင်ကိုရီးယားနိုင်ငံ၌ သတိပေး ပြောကြားလိုက်ပြီး စစ်ဝါဒ အောက်တွင် တရုတ်နှင့် တောင်ကိုရီးယားနှစ်နိုင်ငံ လုံးခံစားခဲ့ရပုံကို မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်း ပြောကြားလိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

မန္တလေးပဋိပက္ခ အစိုးရကိုင်တွယ်မှုအပေါ် မေးခွန်းထုတ်


မိတ္ထီလာအရေးအခင်းအပြီး တစ်နှစ်ကျော်အကြာတွင် ဖြစ်ပွားခဲ့သည့် မန္တလေးပဋိပက္ခကို လုံခြုံရေးအရာရှိ များနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအပါအ၀င် အစိုးရအရာရှိများက နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်ပါ့
မလားဆို သည့်အပေါ် ပြည်သူအားလုံးနှင့် ကမ္ဘာက စောင့်ကြည့်နေသည်။

ဒီမိုကရေစီ အစိုးရသစ်ဆိုသော်လည်း အကျဉ်းထောင်များမှာ ထူးခြားစွာ ပြောင်းလဲခြင်းမရှိဟု ကိုဇော်ဖေ ဆို


ဒီမိုကရစီအစိုးရသစ်ဆိုသော်လည်း သရက်အကျဉ်းထောင် အတွင်းရှိအခြေအနေများမှာထူးခြားစွာပြောင်း လဲလာခြင်းမရှိသေးကြောင်း ပြီးခဲ့သည့် ဇူလိုင်လ (၄)ရက်နေ့က သရက်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာခဲ့သူမကွေး DVB သတင်းထောက် ကိုဇော်ဖေ(ခေါ်)ကိုသူရသက်တင် မှ  အောင်လံမြို့သို့ ရောက်စဉ်မီဒီယာများအားပြောပြခဲ့သည်။

ဒီမိုကရေစီစနစ်ကာလတွင် အချိုးကျ ကိုယ်စားပြုစနစ်ဖြစ်သည့် PRစနစ်ကို မကျင့်သုံးသင့်


မြန်မာနိုင်ငံ၌ လက်ရှိကျင့်သုံး၊ အကောင်အထည်ဖေါ်နေသည့် ဒီမိုကရေစီစနစ် ကာလတွင် အချိုးကျကိုယ် စားပြုစနစ်ဖြစ်သည့် PRစနစ်ကို မကျင့်သုံးသင့်ဟု ရှစ်လေးလုံး အရေးတော်ပုံတွင်ပါဝင်လှုပ်ရှားခဲ့သူ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်တွင် နေထိုင်သော နိုင်ငံရေးသမားဟောင်းကြီး ဦးမြဦးမှ ပြောကြား ခဲ့သည်။

အဖွဲ့ချုပ်တွင် လူငယ်များအား နေရာမပေးဘဲ တာဝန်ပဲပေးမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ပြော




ပြည်သူ့အကျိုးကိုသာ အဓိကထား လုပ်ဆောင်နေသော အဖွဲ့ချုပ်တွင် လူငယ်များအား နေရာမပေးဘဲ တာဝန်များသာပေး အပ်၍ အဖွဲ့ချုပ်၏ လုပ်ငန်းများကိုသာ လုပ်ဆောင်ခိုင်းသွားမည်ဖြစ်ကြောင်း ဇူလိုင် ၅ရက်က ရွှေဂုံတိုင်လမ်း၊တော်ဝင်နှင်း ဆီခန်းမတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစု ကြည် မှ ပြောကြားလိုက်ခြင်းဖြစ်သည်။

လူငယ်များ၏ သတ္တိနှင့်သစ္စာရှိမှုကို ဒေါ်အောင်ဆန်းစုကြည်မှ ကျေးဇူးတင်စကားပြောကြား




ရန်ကုန်တိုင်းဒေသကြီး ၊ဗဟန်းမြို့နယ်တွင်းရှိတော်ဝင်နှင်းဆီစားသောက် ဆိုင်တွင်ဇူလိုင် ငါးရက်နေ့ကနံနက် ကိုးနာရီ ကျင်းပသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပထမအကြိမ်နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင်အဖွဲ့ချုပ်ဥက္ကဌ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဌ နိုဘယ်ငြိမ်းချမ်းရေး ဆုရှင်ဒေါ်အောင်ဆန်းစုကြည်မှ လူငယ်များ၏ သတ္တိနှင့်သစ္စာရှိမှုကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

ဝန်ကြီးဦးအုန်းမြင့်နှုတ်ထွက်ပေးရေး ဦးဆောင်ဆန္ဒဖော်ထုတ်ခဲ့သူ ဒီချုပ် အတွင်းရေးမှုးထောင်တစ်လကျ


ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းတွင် မွေးမြူရေးနှင့် ရေလုပ်ငန်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီိးဌာနပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် ရာထူးမှ  နှုတ်ထွက်ပေးရေး ဦးဆောင် ဆန္ဒဖော်ထုတ်ခဲ့သူ များထဲတွင် ပါဝင်သူတစ်ဦးဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်လံမြို့နယ်တွဲဘက် အတွင်းရေးမှုး ကိုမြတ်ကိုအား ဇူလိုင်လ(၄)ရက်နေ့ နေ့လည်တစ်နာခွဲခန့်တွင် အလုပ်နှင့် ထောင်ဒဏ် တစ်လ အမိန့်ချမှတ် ခဲ့ကြောင်း သိရှိရသည်။

မောင့်ချစ်သူ ကလီယိုပါထရာ အိပ်မက် ပစ်တိုင်းထောင် နဲ့ Play Boy



တောင်ကိုရီးယားနှင့် နယ်စပ်အနီးတွင် ဘက်စုံပူးပေါင်း စစ်ရေးလေ့ကျင့်မှုကြီးတစ်ခု မြောက်ကိုရီးယားပြုလုပ်


မြောက်ကိုရီးယား စစ်တပ်၏ ဘက်စုံပူးပေါင်း စစ်ရေးလေ့ကျင့်မှုကြီး တစ်ခုကို စောင့်ကြည့်ခဲ့ပြီးနောက် မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းက မိမိတို့၏ နယ်ခြားဒေသများကို ထိပါးလာသည့် ရန်သူတိုင်း အတွက် ခါးခါးသီးသီး နောင်တရသွားစေမည်ဟု တောင်ကိုရီးယားကို ရည်ရွယ်ခြိမ်းခြောက်လိုက် သည်။

မဟာသန္တိသုခကျောင်းတိုက် သံဃာငါးပါး ဇူလိုင် ၁၈ တွင် ရုံးချိန်းထပ်ခေါ်


မဟာသန္တိသုခကျောင်းတိုက်မှ သံဃာငါးပါးကို ဇူလိုင်၁၈ရက်တွင် ထပ်မံရုံးချိန်ခေါ်ဆိုလိုက်ပြီး အမှုရင်ဆိုင်
နေသော တရားရုံးအပေါ်သို့ ဖိအားပေးမှုရှိနေကြောင်း အင်္ဂလန်ဆရာတော်ဦးဥတ္တရက မိန့်ကြားလိုက် သည်။ မဟာသန္တိသုခကျောင်း တိုက်နှင့် ပတ်သက်ပြီး ဖမ်းဆီး အရေးယူခံထားသော  သံဃာ တော်ငါးပါးကို ဇူလိုင် ၄ ရက်က တတိယအကြိမ်ရုံးချိန်းထုတ်စစ် ဆေးရာသံဃာတော်နှစ်ပါးကို စစ်ဆေးခဲ့ပြီး လာမည့် ဇူလိုင် ၁၈ ရက်တွင် ထပ်မံရုံးချိန်းဆင့်ခေါ်လိုက် ခြင်းဖြစ်သည်။

ဆီနီဂေါ သမ္မတက ဝန်ကြီးချုပ်ကို ရာထူးမှ ထုတ်ပယ်


ဒေသတွင်း ရွေးကောက်ပွဲ တစ်ခုတွင် အရေးနိမ့်ခဲ့သည့် ရလဒ်ထွက်ပေါ်လာပြီးနောက် ဆီနီဂေါ သမ္မတက ဝန်ကြီးချုပ်ဖြစ်သူအား ရာထူးမှ ရုတ်တရက် ထုတ်ပယ်လိုက်သည်။ ဇူလိုင်လ (၄)ရက်နေ့တွင် ဝန်ကြီးချုပ် အေမင်နေတာ တိုရေးကို သမ္မတ မက္ကီဆောလ်က ရာထူးမှ ဖယ်ရှားကြောင်း အမိန့်ထုတ်ပြန်ခဲ့ပြီး အဆိုပါ အမိန့်စာ၏ မိတ္တူတစ်စောင်ကို AFP သတင်းဌာနက ရရှိခဲ့သည်။

မန္တလေးတွင် အဓိကရုဏ်းများရပ်တန့်ရေး ဂရပ်ဖစ်တီရေးဆွဲ


မန္တလေးမြို့တွင်ဖြစ်ပွား နေသည့် လူမျိုးရေး၊ ဘာသာရေး အမုန်းပွားစေသည့် ဖြစ်ရပ်များ အမြန်ဆုံးရပ် တန့်စေရေး ရည်ရွယ်၍ မြို့တွင်းရှိနံရံ အလွတ်အချို့တွင် ‘အဓိကရုဏ်းများရပ်’ စာသားနှင့် ဘာသာ မတူသည့် လက်နှစ်စုံလက်ဆွဲနေသည့် ဂရပ်ဖစ်တီပန်းချီများကို လူငယ်တစ်ဦးက လိုက်လံရေးဆွဲနေသည်။

သန္တိသုခပြဿနာ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့် ဝင်ရောက်ရှင်းလင်းရန် ရွှေညဝါဆရာတော် တောင်းဆို


သံဃာတော်ငါးပါး တရားဆွဲဆို ခံထားရသော မဟာသန္တိသုခကျောင်းတိုက် ပြဿနာနှင့် ပတ်သတ်ပြီး ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့် ဝင်ရောက် ရှင်းလင်းပေးရန် ရွှေညဝါဆရာတော် ဦးပညာဝံသနှင့် မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောကတ္ခကို့က တောင်းဆိုလိုက်သည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ထုတ်ပြန်ချက် ဝေဖန်မှုများ ထွက်ပေါ်


ဇူလိုင်လ ၁ ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် မန္တလေးမြို့ ပဋိပက္ခ ဖြစ်ပွားနေမှု အခြေအနေကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အွန်လိုင်းစာမျက်နှာတွင် ဖော်ပြခဲ့သော သတင်းထုတ်ပြန်ချက်များနှင့် ပက်သတ်၍ ဝေဖန်မှုများ ထွက်ပေါ်နေကြောင်း နိုင်ငံရေး၊ ဘာသာရေး အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

ကန်လူဝင်မှုကြီးကြပ်ရေး ဥပဒေပြင်ဖို့ သမ္မတ အိုဘားမား ကတိပြု


အမေရိကန် လွှတ်လပ်ရေးနေ့ ဇူလိုင်လ ၄ ရက်နေ့က အမေရိကန်သမ္မတ အိမ်ဖြူတော်မှာ ကျင်းပတဲ့ နိုင်ငံသားသစ် ၂၅ ယောက်အတွက် အထူး ကျမ်းသစ္စာဆိုပွဲ အခမ်းအနားမှာ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ သမ္မတ Barack Obama က ထပ်လောင်း တိုက်တွန်းလိုက်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားတွင် ရှာကီရာ ဖျော်ဖြေမည်


ဘရာဇီးနိုင်ငံမှာ ကျင်းပလျက်ရှိတဲ့ ၂၀၁၄ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားမှာ နာမည်ကျော် ပေါ့ပ်အဆိုတော် ရှာကီရာ ပါဝင်ဖျော်ဖြေမယ်လို့ CNA သတင်းဌာနမှာ ဖော်ပြထားပါတယ်။၂၀၁၀ ကမ္ဘာ့ ဖလားပြိုင်ပွဲ အဖွင့်သီချင်းဖြစ်တဲ့ This Time For Africa ကို သီဆိုခဲ့တဲ့ ရှာကီရာဟာ ဇူလိုင်လ ၁၃ ရက်နေ့မှာ ကျင်းပမယ့် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားမှာ ကမ္ဘာကျော် ဂီတာသမား ကားလို့စ်ဆန်တားနား၊ ရက်ပ်အဆိုတော် ဝိန်းကလက်ဖ်ဂျင်းတို့နဲ့ အတူ ပါဝင်ဖျော်ဖြေမှာ ဖြစ်ပါတယ်။

ထိုင်းအာဏာသိမ်း ဒုတိယခေါင်းဆောင်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံ


ထိုင်းနိုင်ငံ၏ အာဏာသိမ်း ဒုတိယခေါင်းဆောင် တစ်ဦးဖြစ်သော ဗိုလ်ချုပ် Tanasak Patimapragorn နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ဇူလိုင်လ ၄ ရက်နေ့တွင် တွေ့ဆုံခဲ့ကြောင်း ထိုင်းအခြေစိုက် The Nation သတင်းစာတွင် ဖော်ပြထားသည်။

မန္တလေး ဆူပူမှုမှာ အမည်မသိ အင်အားစုတွေ ပါဝင်နေ


မန္တလေးမြို့မှာ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း ဆူပူအကြမ်းဖက် မှုတွေကြောင့် သေဆုံး ခဲ့ရသူရဲ့ နာရေးကို သောကြာနေ့ ကပြုလုပ်ခဲ့ရာမှာ တုတ်တွေ ကိုင်ထားတဲ့ လူအုပ်တချို့ဟာ အသုဘချရာ လမ်းတလျောက် အကြမ်းဖက် လုပ်ရပ်တွေကို ကျူးလွန်ခဲ့တယ်လို့ မျက်မြင်သက်သေတွေကပြောပါတယ်။ ဒီလူအုပ်တွေဟာ ဘယ်သူ၊ ဘယ်ဝါတွေမှန်းမသိ အုပ်စုဖွဲ့ တုတ်၊ ဓါးတွေကိုင် အော်ဟစ် အကြမ်းဖက် ခဲ့ကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။ အကြောင်းစုံကို မအင်ကြင်းနိုင်က တင်ပြမှာပါ။

ဘာသာရေးပဋိပက္ခ ဖြစ်စဉ်များ၌ သတင်းသမားများပင် အလွယ်တကူ မရရှိနိုင်သော သေဆုံးသူများ၏ လတ်လတ်ဆတ်ဆတ် ဓာတ်ပုံများ ထွက်ပေါ်နေခြင်းအပေါ် ဂျာနယ်လစ်များနှင့် သတင်းထောက်များ မေးခွန်းထုတ်



မန္တလေးမြို့ ပဋိပက္ခဖြစ်စဉ် အပါအ၀င် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်ခဲ့သော ဘာသာရေးပဋိပက္ခ ဖြစ်စဉ်များ၌ သတင်းသမား များပင် အလွယ်တကူ မရရှိနိုင်သော သေဆုံးသူများ၏ လတ်လတ်ဆတ်ဆတ်ဓာတ်ပုံများ ထွက်ပေါ်နေခြင်းအပေါ် ဂျာနယ်လစ်များနှင့် သတင်းထောက်များ မေးခွန်းထုတ်မှုများရှိနေကြောင်း စုံစမ်းသိရသည်။

ညမထွက်ရအမိန့်ကို မန္တလေးဘုရားကြီးပါ လိုက်နာနေရ



မန္တလေးမှာ ညမထွက်ရအမိန့် ထုတ်ထားတာကြောင့် မဟာမုနိ ရုပ်ပွားတော် ကြီးရဲ့ မျက်နှာတော်သစ်ချိန် မနက် ၄ နာရီ ခွဲ အစား မနက် ၅ နာရီ ပြောင်းလဲသွားတယ်လို့ သိရပါတယ်။မန္တလေးတိုင်းရဲ့ မြို့နယ် ခြောက်မြို့နယ်မှာ ပုဒ်မ ၁၄၄ ထုတ်ထားတာကြောင့် မဟာမုနိ ဂန္ဓကုဋိတိုက် တံခါးဖွင့်ချိန်ကို အရင်အချိန် မနက် ၄ နာရီ မဖွင့်နိုင်တော့ဘဲ မနက် ၅ နာရီ ပြောင်းလိုက်ရတာကြောင့် ဘုရားကြီး မျက်နှာတော်သစ်ချိန်လည်း ပြောင်းလဲသွားရတာ ဖြစ်ပြီး ည ၈ နာရီခွဲ မှာတော့ ဘုရားကြီး ဂန္ဓကုဋိတိုက် တံခါးတွေအားလုံး ပိတ်မှာဖြစ်တယ်လို့ ဘုရားဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးစိန်သင်က ဆိုပါတယ်။

ပုဒ်မ ၁၄၄ နယ်မြေအတွင်း ပုသိမ်ကြီးမြို့နယ်ကိုပါ ထည့်သွင်းခဲ့ပြီး လိုအပ်ပါက ပစ်ခတ်မည်ဟု တိုင်းရဲတပ်ဖွဲ့ ပြောကြား



မန္တလေးခရိုင်အတွင်း ဇူလိုင် ၃ ရက်က ထုတ်ပြန်ခဲ့သော ပုဒ်မ ၁၄၄ နယ်မြေစာရင်းတွင် ပုသိမ်ကြီးမြို့နယ်ကိုပါ ထည့်သွင်းလိုက်ပြီး လူစုလူဝေးဖြင့် ဆူပူမှုဖြစ်ပေါ်အောင် ပြုလုပ်ပါက ပစ်ခတ်နှိမ်နင်းသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

Friday, July 04, 2014

အာဏာသိမ်း ထိုင်းစစ်တပ်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ချီးကျူး


အာဏာသိမ်းဖို့ ထိုင်းစစ်ဗိုလ်ချုပ်တွေရဲ့ ဆုံးဖြတ်ချက်ကို ထိုင်းနိုင်ငံ အလည်အပတ်ရောက်ရှိနေတဲ့ မြန်မာ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ချီးကျူးပြောဆိုလိုက်တယ်လို့ ထိုင်းအခြေစိုက် ဘန်ကောက်ပို့စ် သတင်းစာက ရေးသားပါတယ်။

ဖမ်းထားသည့် တူရကီ ကားမောင်းသမား ၃၂ ဦးကို စစ်သွေးကြွများ ပြန်လွှတ်


အီရတ်နိုင်ငံတွင်းက လွန်ခဲ့တဲ့ ၃ ပတ်က အစ္စလာမစ် စစ်သွေးကြွတွေက ဖမ်းဆီးထားခဲ့တဲ့ တူရကီ ကုန်ကားမောင်းသူ ၃၂ ယောက်ကို မနေ့က ပြန်လွှတ်ပေးလိုက်ပါတယ်။ကုန်ကားမောင်းသူ ၃၂ ယောက်ကို ကောင် စစ်ဝန်ချုပ်က လက်ခံခဲ့ပြီး  တူရကီ အစိုးရက တခြား တာ့ခ်လူမျိုး တွေ ပြန် လွတ်ရေး သေသေချာချာ လုပ်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး အာမတ် ဒါဗူတိုလူက တူရကီမြို့တော် အန်ကာရာက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

အကြီးအကျယ် အောင်မြင်မှု ရှိသည့် ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်လာလိမ့်မည်ဟု ဖီဖာဥက္ကဋ္ဌ ဆပ်ဘတ်လတ္တာ သုံးသပ်



ဖီဖာဥက္ကဋ္ဌ ဆပ်ဘတ်လတ္တာက ဘရာဇီးနိုင်ငံတွင် ကျင်းပလျက်ရှိသည့် ၂၀၁၄ ကမ္ဘာ့ဖလား ပြိုင်ပွဲသည် အကြီးအကျယ် အောင်မြင်မှုရှိသည့် ပြိုင်ပွဲတစ်ရပ် ဖြစ်လာမည် ဖြစ်ပြီး ဆန္ဒပြကန့်ကွက်မှုများနှင့် အခြေခံအဆေက်အဦ ပြဿနာများကို စိုးရိမ်ပူပန် နေသူများက ပြိုင်ပွဲကို ပျက်စီးစေနိုင်ကြောင်း အပြစ်တင် ဝေဖန်ခဲ့သည်။

ဘာသာရေးကို နိုင်ငံရေးတွင် အသုံးပြုနေပြီလား


သာသာရေးကို နိုင်ငံရေးတွင် အသုံးပြုနေပြီလားဆိုသည်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် စဉ်းစား မည့်ကိစ္စ ဖြစ်လာကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။ ‘‘အဖွဲ့ချုပ်က ကြေညာချက် ထုတ်တယ်။ ထုတ်ထုတ်ချင်း အတုထွက်လာတယ်။ ဘာသာရေးကို နိုင်ငံရေးအရ သုံးနေပြီလားဆိုတာ အဖွဲ့ချုပ်အနေနဲ့ အများကြီးစဉ်းစားရမယ့်ကိစ ဖြစ်လာတယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင် ၄ ရက်က ပြည်သူ့လွှတ်တော်အစည်းအဝေး မစတင်မီ မီဒီယာများကို ပြောကြားခဲ့ခြင်းဖြစ်သည်။

သရဖူသိမ်းမည့်ကိစ္စနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲလုပ်ကာ ဖြေရှင်းမည်ဟု မေမြတ်နိုးဆို


ပွဲဆူနေသော အာရှပစိဖိတ်အလှမယ် သရဖူသိမ်းခြင်း၊ မသိမ်းခြင်းကိစ္စနှင့်ပတ်သက်၍ လတ်တလော မည့်သည်မှတ်ချက်မျှမပေးလိုဘဲ ဘန်ကောက်သို့ ကြော်ငြာရိုက်ကူးပြီး ပြန်လာမှသာ သတင်းစာရှင်းလင်း ပွဲပြုလုပ်ကာ ဖြေရှင်းသွားမည်ဖြစ်ကြောင်း မေမြတ်နိုးကပြောသည်။

ထို့ကြောင့် ယောင်္ကျားဟု ခေါ်သည်



အမျိုးသား တစ်ယောက် ရှိတယ်။ သူက အမျိုးသမီး သုံးယောက်ထဲက တစ်ယောက်ကို လက်ထပ်ဖို့အတွက် ဘယ်လိုရွေးချယ်ရမလဲ ဆိုတာကို အချိန်အတော် ကြာအောင် စဉ်းစားနေပါတယ်။

ထိုသုံးယောက်ကို စာမေးပွဲစစ်ဖို့ သူဆုံးဖြတ်လိုက်ပါတယ်။ ဒါကြောင့် တစ်ယောက်စီကို ဒေါ်လာ ၅၀၀ စီပေး လိုက်ပါ တယ်။

ပထမ တစ်ယောက်

အရက်နှင့် နွားနို့ ရောသောက်မည့် ပထမဆုံး Milk Party ရန်ကုန်မြို့တော်တွင် ကျင်းပမည်


ရန်ကုန်မြို့တော်တွင် အရက်နှင့် နွားနို့ ရောသောက်မည့် Milk Party ကို အင်းယားလိပ် ဝင်းအတွင်းရှိ GTR II ကလပ်တွင် ဇူလိုင်လ ၄ ရက်၊ ညနေ ၄ နာရီ ၃၀ မိနစ်မှ ည ၁၀ နာရီ ၃၀ မိနစ်ထိ ကျင်းပမည် ဖြစ် ကြောင်း Trigger Entertainment မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ပြီးနောက် သရေခေတ္တရာ ရှေးဟောင်းဇုန်အတွင်းမှ မြေဈေး(၁၀)ဆ ခုန်တက်



ဟန်လင်း ၊သရေခေတ္တရာနှင့်ဗိဿနိုးမြို့စသည့် ပျူမြို့ဟောင်းတို့အား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခံရပြီး နောက်ပိုင်းတွင် ပဲခူးတိုင်းအနောက်ပိုင်းရှိ သရေခေတ္တရာ ရှေ့ဟောင်းဇုန်အတွင်းရှိ မြေဈေးမှာ (၁၀)ခန့် ခုန်တက်သွားကြောင်း အိမ်ခြံမြေအကျိုးဆောင်များနှင့်ဒေသခံများထံမှ သိရှိရသည်။

နှစ်(၅၀၀)ပြည့်ပွဲသို့ ပုပ်ရဟန်းမင်းကြီး ကြွလာရန်မျှော်လင့်


လာမည့် နိုဝင်ဘာလအတွင်း ကျရောက်မည့် မြန်မာနိုင်ငံသို့ ကက်သလစ်ဘာသာရောက်ရှိခြင်း နှစ်(၅၀၀) ပြည့် ဂျုဗလီပွဲတော်သို့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ကြွရောက်နိုင်ရေး စီစဉ်နေလျှက် ရှိသည်ဟု သိရှိရသည်။

မြန်မာနိုင်ငံသို့ ပုပ်ရဟန်းမင်းကြီး လာရောက်နိုင်ရန်အတွက် အစိုးရပိုင်းက နိုင်ငံတော်အဆင့်ဖြင့် ဖိတ်ကြား မှသာ လာရောက်မည်ဖြစ်သောကြောင့် သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ကက်သလစ် ဘာသာမှ ခေါင်းဆောင်ပိုင်းတို့ တွေ့ဆုံဆွေးနွေးထားသည်ဟု သိရှိရသည်။

မန္တလေးခရိုင်တရားရုံးမှ စာရေးဦးတင်မောင်ဝင်း၏ သားမယာပြုကျင့်မှု ခံရခြင်းနှင့်ပတ်သက်၍ကာယကံရှင် မဟေမာကျော် မှ ရှင်းလင်း



မန္တလေးခရိုင်တရားရုံးမှ စာရေးဦးတင်မောင်ဝင်းသည် အချိုရည်ထဲတွင် အိပ်ဆေးများထည့်တိုက်ခဲ့ပြီး ပြင်ဦးလွင်မြို့ ရှိပုလဲတည်းခိုခန်း၌ အလိုမတူဘဲ သားမယားပြုကျင့်ခဲ့သောကြောင့် ၎င်းကိစ္စနှင့်ပတ်သက်၍ ကာယကံ မဟေမာကျော် သည် ဇူလိုင် ၃ရက်က MJN ရုံးတွင် ရှင်းလင်းပြောကြားခဲ့သည်။

မြောက်ကိုရီးယား အပေါ် ဒဏ်ခတ်မှု တချို့ ဂျပန်လျှော့ပေါ့မည်


ဂျပန်နိုင်ငံသားတွေကို မြောက်ကိုရီးယားက ပြန်ပေးဆွဲခဲ့တာနဲ့ ပါတ်သက်ပြီး ၂နိုင်ငံ ဆွေးနွေးပွဲတွေ ဆက်ကျင်းပနေချိန်မှာပဲ မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ အရေးယူဒဏ်ခတ်မှု တချို့ကို ဖြေလျော့ပေး မယ်လို့ ဂျပန်ဘက်က ပြောကြားလိုက်ပါတယ်။

လက်ရှိအာဏာရပါတီကို NSA က လျှို့ဝှက်ထောက်လှမ်းခဲ့ခြင်းနှင့် ပတ်သက်ပြီး အမေရိကန်သံအမတ်ကို အိန္ဒိယဆင့်ခေါ်


အိန္ဒိယနိုင်ငံ၏ လက်ရှိအာဏာရပါတီ ဖြစ်သော BJP ပါတီကို အမေရိကန် အမျိုးသားလုံခြုံရေး အေဂျင်စီက လျှို့ဝှက်ထောက်လှမ်းမှုများ ပြုလုပ်ခဲ့သည်ဟူသော စွပ်စွဲမှုများထွက်ပေါ်ခဲ့ပြီးနောက်တွင် အိန္ဒိယ အာဏာပိုင် များက အမေရိကန် သံအမတ်တစ်ဦးကို ဆင့်ခေါ်ခဲ့ကြောင်း BBC သတင်းဌာနတွင် ဖော်ပြထားသည်။

ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ မဟုတ်ဘူးလား


အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှု၊ လူထုလက်မှတ် ကောက်ခံမှုတွေဟာ လွှတ်တော်က ဖွဲ့စည်းထားတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး အကောင်အထည်ဖော်မှု ကော်မတီအပေါ် ဩဇာမသက် ရောက်နိုင်ဘူးလို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောပါတယ်။အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်(NLD)ပါတီနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ လုပ်ဆောင်နေတဲ့အပေါ် သူက အခုလို ပြောဆို လိုက်တာပါ။

UNFC နဲ့ ပြည်တွင်း ဒီမိုကရေစီအင်အားစုတွေ မဲဆောက်မှာ တွေ့ဆုံ


ပြည်တွင်း ဒီမိုကရက်တစ်အင်အားစု ၅ ဖွဲ့ကို ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ဖိတ်ကြားပြီး မြန်မာနိုင်ငံ ဒီမိုကရေ စီဖော်ဆောင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှုနဲ့ စစ်မှန်သောနိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုပေါ်ပေါက်ရေးတို့အတွက် ညှိနှိုင်းဆွေးနွေးပွဲတစ်ရပ်ကို ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့မှာ ဒီကနေ့ မနက်ပိုင်းက စတင်ကျင်းပပြုလုပ်ခဲ့ပါတယ်။

မုန်းတီးရေးဖြစ်ပေါ်စေမှု ရှောင်ရှား ကြဖို့ သမ္မတ ဦးသိန်းစိန် တိုက်တွန်း



အစိုးရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေအောင်မြင်ဖို့အတွက် ပြည်သူတွေအကြားမှာ မုန်းတီးမှုတွေဖြစ်စေမယ့် လှုံ့ဆော် မှုတွေနဲ့ ပြုမူပြောဆိုမှုတွေကို ရှောင်ရှားကြ ဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားပါတယ်။ အစိုးရရေဒီယိုကနေ လစဉ်ပြောနေကြ မိန့်ခွန်းမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ထည့်သွင်းပြော ကြားလိုက် တာဖြစ်ပါတယ်။

အခြေခံဥပဒေပြင်ဆင်ရေး တိုင်းရင်းသားတွေ ပူးပေါင်းဖို့ ကိုမင်းကိုနိုင် တိုက်တွန်း


တိုင်းရင်းသားတွေအနေနဲ့ ဒီမိုကရေစီအရေးဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှာ ပူးပေါင်းပါဝင်ပေး ကြဖို့ လိုအပ်ကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်က ဒီကနေ့ ပြောလိုက်ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ ဟုတ်ကြန့်တရုတ်ဘုံကျောင်းမှာ ပြုလုပ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဟောပြောပွဲမှာ ကိုမင်းကိုနိုင်က အခုလို ပြောကြား ခဲ့တာပါ။

မြန်မာကို အဖွဲ့ဝင်လောင်းလျာ နိုင်ငံအဖြစ် EITI အဖွဲ့ လက်ခံ


မက္ကဆီကိုနိုင်ငံ Mexico City မှာ ကျင်းပခဲ့တဲ့ EITI ခေါ် သဘာဝတွင်းထွက် သယံဇာတများ ပွင့်လင်းမြင် သာမှု ဖော်ဆောင်ရေးအဖွဲ့ရဲ့ ၂၇ ကြိမ်မြောက် အစည်းအဝေးမှာ မြန်မာနိုင်ငံကို အဖွဲ့ဝင်လောင်းလျာ နိုင်ငံအဖြစ် လက်ခံ လိုက်ပါတယ်။မြန်မာနိုင်ငံအနေနဲ့ ၄၄ နိုင်ငံပါဝင်တဲ့ EITI အဖွဲ့မှာ ပါဝင်ရေးအတွက် ပြီးခဲ့တဲ့ မေလက လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

ရပ်တည်ချက်မှန်ကန်သော်လည်း သမ္မတ၏အမိန့်ကို မနာခံဆိုသည့်သဘောနှင့် အဖမ်းခံရခြင်းဖြစ်ဟု အလွဲသုံးစားမှုဖြင့် အမှုဖွင့်အရေးယူခံထားရသူ သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့် ပြောကြား




ဇူလိုင် ၃ ရက် ရုံးထုတ်နေ့တွင် သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်အား တွေ့ရစဉ်


ရပ်တည်ချက်မှန်ကန်သော်လည်း သမ္မတရဲ့အမိန့်ကို မနာခံဘူးဆိုတဲ့သဘောနဲ့ အဖမ်းခံရတာပါဟု သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်က ဇူလိုင် ၃ ရက် နံနက် ၁ဝ နာရီခန့်က နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် တရားရုံးသို့ ရုံးထုတ်လာစဉ် မီဒီယာများ၏မေးချက်ကို ပြန်လည်ဖြေကြားခဲ့သည်။

My Blog List