Saturday, September 15, 2012

နှစ်ဘက် တိုက်ပွဲ ပြင်းထန်နေတဲ့ စစ်တလင်းဒေသ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များတို့၏ ငြိမ်းချမ်းရေးခရီးစဉ် အောင်မြင်ပါစေ



လေးစားစရာကောင်းသော ခေါင်းဆောင် နောက်ဆုံး ရရှိတဲ့ သတင်းအရ ကချင်ပြည်နယ်မှာ ရောက်ရှိနေတဲ့ ကိုမင်းကိုနိုင် ၊ ကိုပြုံးချို ၊ ကိုမာကီး၊ ကိုသက်ဇော် တို့နဲ့ DVB သတင်းထောက် တစ်ဦးတို့ဟာ မနက်ဖြန်မှာ တိုက်ပွဲ ပြင်းထန်နေတဲ့ ဖားကန့် ဒေသ နှစ်ဘက် တိုက်ပွဲကြားထဲကို ဖြတ်ဝင်ကြတော့မှာ ဖြစ်ပါတယ်။ 
အဲဒီနေရာမှာ ဒေသပေါင်းစုံက အလုပ်လာရောက် လုပ်ကိုင်နေသူပေါင်း တစ်သိန်းခွဲကျော် ပိတ်မိနေပြီး

ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကြောင့် တိုင်းရင်းသားကျေးရွာတရွာ မပြိုပျက်စေလို (ပေးစာ)


ကျွန်တော်တို့ လောင်းဒုံ တိုင်းရင်းသားကျေးရွာသည် မူဆလင်ကျေးရွာများကြားထဲတွင် တည်ရှိသဖြင့် မူဆလင် များ တနေ့နေ့ တချိန်ချိန်တွင် သူတို့၏ ၀င်ရောက်ဖျက်ဆီးမှုကြောင့် ကျေးရွာပြိုပျက်ရမည့်

ဦးသိန်းစိန်နှင့် အမေရိက အချိုးအကွေ့



ဦးသိန်းစိန်နှင့် အမေရိက အချိုးအကွေ့သမ္မတ ဦးသိန်းစိန် စက်တင်ဘာ လကုန်တွင် အမေရိကသို့ သမ္မတအဖြစ် ပထမဆုံးအကြိမ် သွားရောက်မည့် ခရီးစဉ်သည် မြန်မာ-အမေရိက ဆက်ဆံရေးတွင် အရေးကြီးသော အချိုးအကွေ့ ဖြစ်သောေ ကြာင့် ထိုခရီးစဉ်ကို နှစ်ဘက်စလုံးက ပိုင်ပိုင်နိုင်နိုင် အသုံးချသင့်သည်။တစ်ခုတည်းသော မဟာအင်အားကြီးနိုင်ငြံ ဖစ်ပြီး နိုင်ငံတကာ တွင် သြဇာကြီးမား လှသည့်
အမေရိကန်၏ မီးစိမ်းသည် ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ နိုင်ငံတကာ စံနှုန်း ဖြစ်နေသောကြောင့် မြန်မာ့ ပြုပြင် ပြောင်းလဲရေး နိုင်ငံတကာ ယုံကြည် စိတ်ချမှု ရရန်၊ ရင်းနှီးမြုပ်နှံမှုနှ

NDFပါတီကို အာရှ တိုက်နိုင်ငံရေး ပါတီများ အသင်းဝင် အဖြစ် တရုတ် ကွန်မြူနစ်ပါတီ ဖိတ်ခေါ်

NDF ပါတီကို အာရှ တိုက်နိုင်ငံရေး ပါတီများ အသင်းဝင် အဖြစ် တရုတ် ကွန်မြူနစ်ပါတီ ဖိတ်ခေါ်
၂၀၁၀ အထွေထွေ ရွေးကောက်ပွဲဝင် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ ကို အာရှတိုက် နိုင်ငံရေး ပါတီ များ အသင်းဝင် အဖြစ် ဝင်ရောက်ရန်ဖိတ်ခေါ်ကြောင်း တရုတ် ပြည်သူ့သမ္မတ နိုင်ငံ မှ နိုင်ငံတကာ ဆက်ဆံရေး ဒုတိယဝန်ကြီး Mr.Ai Ping က စက်တင်ဘာလ ၁၁ ရက်နေ့တွင် ပြောကြားသည်။
အဆိုပါ ကွန်မြူနစ် ပါတီ ဗဟို ကော်မတီဝင်နှင့် နိုင်ငံတကာ ဆက်ဆံရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး Mr.Ai Ping သည် စက်တင်ဘာလ ၁၁ ရက်နေ့ တွင် NDF ပါတီ ခေါင်းဆောင်များနှင့် ရန်ကုန်မြို့တော်ရှိ NDF

၁၀၀% လာရောက်ရင်းနှီးမြှုပ်နှံလိုသူများနှင့် ပြည်တွင်းလုပ်ငန်းရှင်များ စိုးရိမ်ချက်


 မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေသည့် နိုင်ငံခြားရင်း နှီးမြှုပ်နှံသူများသည် ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံခွင့် ရရှိရန် မျှော်လင့်နေကြောင်း ပြည်ပလုပ်ငန်းရှင်များက ပြောသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ အများစုမှာ ဘဏ်လုပ်ငန်း၊ ရေနံ၊ သဘာဝဓါတ်ငွေ့၊ စွမ်းအင်နှင့် ခရီးသွားကဏ္ဍများကို အများဆုံး စိတ်ဝင်စားလျက်ရှိကြပြီး ယင်းလုပ်ငန်းများတွင် ရာနှုန်းပြည့် လုပ်ကိုင်ခွင့် ရရှိလိုကြောင်း မြန်မာနိုင်ငံတွင် ဖက်စပ်လုပ်ကိုင်နေသော Yoma Strategic Holdings မှာ အမှုဆောင်ဥက္ကဋ္ဌ Mr. Serge Pun ကနေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗားရှင်း စင်တာတွင်

မောင်းတောမှာ ရခိုင်တိုင်းရင်းသား တစ်ဦးကို ဘင်္ဂါလီ ကုလားတွေ ၀ိုင်းရိုက်



ဓားဖြင့်အခုတ်ခံရသူအမည်မှာ ဦးအောင်လှဖြူ၊ အသက်(၆၂)နှစ် ဦးခေါင်းဒါးဒဏ်ရာရှိပါသည်။ ယခုလက်ရှိ မောင်တောဆေးရုံကိုရောက်ရှိနေပါသည်။ သတင်းအား

၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ အဖွဲ့ဝင်အချို့မှာ စက်တင်ဘာ ၁၆ ရက်တွင် ဖားကန့်မြို့သို့ သွားရောက်မည်



၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကျောင်းသားခေါင်းဆောင်များဖြစ်သော ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်၊ ကိုပြုံးချို နှင့် အဖွဲ့ဝင်အချို့မှာ စက်တင်ဘာ ၁၆ ရက်တွင် ဖားကန့်မြို့သို့ သွားရောက်၍ ထိုဒေသတွင်း
ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည်များ ရင်ဆိုင်နေရသော လူနေမှုဘ၀အခြေအနေ များ ကို သွားရောက်လေ့လာကာ၊ သွားရောက်အားပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များမှာ ဖားကန့်ဒေသတွင် နှစ်ရက်နေထိုင်မည်ဖြစ်ပြီး စက်တင်ဘာ ၁၈ တွင် မိုးကောင်းမြို့သို့ ဆက်လက်သွားမည်ဖြစ်ပြီး စက်တင်ဘာ ၁၉ ရက်တွင်မှ ရန်ကုန်သို့ ပြန်လာမည်
ဖြစ်သည်။ တိုက်ပွဲများဖြစ်ပွားနေသော ဖားကန့်ဒေသသို့ သွားရောက်ရန် ၈၈ မျိုးဆက်ကျောင်းသား

ထပ်ပြောရဦးမယ်…. အဘစိန်ရေ


၇ - ၉ - ၂ဝ၁၂ ရက်နေ့ ရန်ကုန်မြို့ စံတော်ချိန် ၁၆း ၃ဝ နာရီ၊ အမေရိကန်နိုင်ငံ နယူးယောက်မြို့ စံတော်ချိန် (၆း ဝဝ) နာရီအချိန် ကျွန်တော့် ထံသို့ ရောက်ရှိလာသော အီးမေးလ်စာ တစ်စောင်ကြောင့် ကျွန်တော်အထူး တုန်လှုပ် သွားခဲ့သည်။ အကြောင်းမှာ ယင်းနေ့တွင် နာရေးကူညီမှု အသင်း (ရန်ကုန်) တွင် နာရေးကူညီမှု ဈာပန လမ်းကြောင်းမှာ စံချိန်သစ် တင်သွားခဲ့ကြောင်းပင်ဖြစ်သည်။ ယခုလို မိုးရာသီ အေးမြသော အချိန်ကာလများတွင် ယခင့်ယခင် နှစ်များစွာက ဘဝတစ်ပါးသို့ ပြောင်းသွားသူ ဦးရေသည်

“ရိုဟင်ဂျာအမည်ခံ ခိုးဝင်ဘင်္ဂလီများ စိမ့်ဝင်နေဆဲ


အမေရိကား ကို မလာဘဲ စစ်ပွဲတွေ ဖြစ်နေတဲ့ ကချင်ပြည်နယ်ကို သွားတဲ့ ခေါင်းဆောင်.



" ကိုမင်းကိုနိုင် ဟာ ခုရက်ပိုင်းအတွင်းမှာ အမေရိကန်နိုင်ငံမှာ ဆု သွားယူစရာရှိတဲ့ခရီးစဉ်ကိုတောင်ဖျက်ပြီး ကချင်လူထုဆီ အရောက်လာခဲ့တာဖြစ်ပါတယ်။"
နောက်ဆုံးရရှိတဲ့သတင်းအရ ကချင်ပြည်နယ်မှာရောက်ရှိနေတဲ့ ကိုမင်းကိုနိုင်၊ ကိုပြုံးချို၊ကိုမာကီး၊ ကိုသက်
ဇော်(ခ)ဇောက်ထိုး တို့နဲ့DVB သတင်းထောက် တစ်ဦးတို့ဟာမနက်ဖြန်မှာ တိုက်ပွဲပြင်းထန နေတဲ့် ဖားကန့်

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားမြင်ကွင်း(ဓါတ်ပုံ- TheVoiceWeekly)

 
 


မူးယစ်ဆေးဝါး တိုက်ဖျက်ရေး မှာ မြန်မာ ပျက်ကွက် နေဆဲ ဟု အမေရိကန်ကြေညာ

s_m31_RTR2Y5IN

 မြန်မာ၊ဘိုလီဗီးယား၊ဗင်နီဇွဲလား (၃)နိုင်ငံ သည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက်
ပျက်ကွက်သော နိုင်ငံများအဖြစ် အမေရိကန်အစိုးရက  နာမည်ပျက်စာရင်းတွင် သောကြာနေကထည့်
သွင်းလိုက်သည်။
မြန်မာနိုင်ငံသည် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို တိုးတက်အောင်ဆောင်ရွက်နေမှုကြောင့် အမေရိကန်
အစိုးရမှ ပိတ်ဆို့တားဆီးထားသော အရာများကိုလျော့ပေါ့ပေးပြီး ၂နိုင်ဆက်ဆံရေးလည်းတိုးတက်လာခဲ့

ကောင်းနေသော မြန်မာနိုင်ငံမှလူငယ်တို့၏ အနာဂတ်

ကျွန်တော့်ညီ အသက်၁၈ မပြည့်သေးဘူး ၊ ဆေးလိပ်ပေါ်ပေါ်တင်တင်သောက်နေပြီ။ Night Club တွေတတ်နေပြီ၊ ပါတီတွေ တတ်တယ်၊ အရက်တွေသောက်နေပြီ။ အဲဒါတွေ သိတော့မှ အသိတရားရတယ်။ အစက ကိုယ်နဲ့မဆိုင်သလိုပဲ ဂရုမစိုက်ခဲ့ဘူး။အတ္တကြီးတယ်ပဲ ပြောရတော့မှာပေါ့။ သူ့လို လူငယ်တွေ မြန်မာနိုင်ငံမှာ ဘယ်လောက်များနေပြီလဲ လို့။
ဝန်ခံပါတယ်။ ကျွန်တော်လည်း ၁၀ တန်းကျောင်းသား ဘ၀မှာ ဆေးလိပ်စသောက်တယ် အရက်စသောက်နေပြီ။ဒါတောင် ကျွန်တော် ၁၀တန်းမှ ဒါတွေ စလုပ်တာ နောက်တောင်ကျနေပြီ၊ ကျောင်းက တစ်ခြားသူတွေဆို ချောင်းဆိုးပျောက်ဆေးတွေ သောက်တယ်၊ကျောင်းကို Beer ယူပြီးသောက်တာ

မြောက်ဥက္ကလာပ လူသတ်မှု ၂၃ ဦးကို ဖမ်းဆီး ရမိခဲ့ပြီး ၁၂ ဦးကို တရားခံပြေးအဖြစ် ကြေညာ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်း မြို့နယ်
သုဝဏ္ဏရှိ အရှေ့ပိုင်းခရိုင် တရား ရုံး၌
 ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂ အရ
စစ်ဆေး လျက်ရှိသော မြောက်ဥက္ကလာပ မြို့နယ် နွယ်သာကီလမ်းထိပ်၌ ဖြစ်ပွားခဲ့ သော

 လူသတ်မှုကို အရှေ့ပိုင်းခရိုင် တရားရုံးမှ စီရင်ပိုင် ခွင့်တူညီသော သင့်တော်ရာ
ခရိုင်တရားရုံးတစ်ခုခုသို့ လုံခြုံရေးအရ ပြောင်းရွှေ့စစ်ဆေးခွင့်ပြု ပါရန် ရန်ကုန်
တိုင်းဒေသကြီး တရား လွှတ်တော်သို့ သက်ဆိုင်ရာက ဩဂုတ်လ ပထမသီတင်းပတ်

ကလေးမြို့နယ်ထဲမှာ ခိုးဝင်ဘင်္ဂလီ ဆယ်ယောက်ကို ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်းမြောက်ပိုင်း၊ ကလေးမြို့နယ်၊
 ပေါက်တောရွာမှာ ခိုးဝင်လာသူ ဘင်္ဂလီကုလား
အယောက် သုံးဆယ် အနက်က ဆယ်ယောက်ကို
မနေ့က စက်တင်ဘာလ ၁၄-ရက်နေ့
ညခုနစ်နာရီခန့်မှာ ဖမ်းမိခဲ့တယ်။

အလောင်းတော် ကဿပသွား တောလမ်းမှာ ရွာသားတစ်ယောက်ကတွေ့လို့ သတင်းပို့တဲ့အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ အရံမီးသတ်တပ်ဖွဲ့ဝင်တွေက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြတာဖြစ်တယ်။  ပေါက်တောရွာ အုပ်ချုပ်ရေးမှူးအိမ်မှာ ခေတ္တ ထိန်းသိမ်းထားပြီးနောက် ကလေးမြို့ရဲစခန်းက စက်လှေနဲ့ လာခေါ်သွားခဲ့တယ်။
ဖမ်းမိတဲ့ ဆယ်ကျော်သက်အရွယ် ဘင်္ဂလီ ဆယ်ယောက်ကို လမ်းပြခေါ်လာခဲ့သူ ဗုဒ္ဓဘာသာဝင် ဗမာလူမျိုး

ခက်ခက်ခဲခဲ ရုန်းကန် ရသည့်တိုင် မန်ယူ အနေဖြင့် ချန်ပီယံ ဖြစ်လာနိုင်ဟု ဂစ်မှတ်ချက်ပြု

မန်ချက်စတာ ယူနိုက်တက် ဝါရင့် တောင်ပံ ကစားသမားကြီး ရိုင်ယန်ဂစ်က မိမိတို့ အသင်း အနေဖြင့် ခက်ခဲ ကြမ်းတမ်းသော အခြေအနေ များထဲတွင် အမှတ်ပေး ချန်ပီယံ ဘွဲ့ကို အောင်မြင်စွာ ရယူနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
မန်ယူ အသင်းသည် ပရီးမီးယားလိဂ် ရာသီ အဖွင့် ပွဲစဉ်တွင် အဲဗာတန် အသင်းကို အရေး နိမ့်ခဲ့သလို နောက်ထပ် (၂)ပွဲတွင်လည်း နောက်မှ လိုက်ကစားကာ အနိုင် ရရှိထားသည်။ ဝေလ တောင်ပံလူ ဂစ်သည် ယခုဘောလုံး ရာသီတွင် မန်ယူအတွက် ပါဝင် ကစားပေး ရသေးခြင်း မရှိသေးသော်လည်း ဝီဂန်နှင့် ကစားမည့် စနေည ပွဲစဉ်တွင် ပါဝင်လာဖွယ် ရှိနေသည်။ ဂစ်က မန်ယူသည် သမိုင်းဝင် အကြိမ်(၂၀)မြောက် အမှတ်ပေး ချန်ပီယံ ဘွဲ့ကို မျှော်လင့်ထားပြီး လွယ်လွယ်ကူကူ မဖြစ်နိုင်သည်ကိုမူ

ဒေါ်လာခြောက်သန်းကိစ္စ ၈၈ မျိုးဆက်ကျောင်းသားများ ငြင်းဆို

ပြည်တွင်းဂျာနယ်တစ်ခုတွင် အတိ အလင်း
ဖော်ပြခဲ့သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့်
ပတ်သတ်ပြီး ၈၈ မျိုးဆက် များထံမှ အမေရိကန်
ဒေါ်လာ ခြောက် သန်း စီးဆင်းနေပြီဟူသော
 ဖော်ပြချက် အပေါ် ၈၈ မျိုး ဆက်ကျောင်းသား
များ က ယခုလ ၈ ရက်နေ့ တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် အတိအလင်း
 ငြင်းဆိုလိုက်သည်။
ယင်းဂျာနယ်၏ ဖော်ပြချက်အရ ဏှီု ဆိုသောအဖွဲ့အစည်းမှတဆင့် ၈၈ မျိုးဆက်ကျောင်းသားများထံသို့ ဒေါ်လာခြောက်သန်းစီးဆင်း နေပြီ ဆိုခြင်းမှာ

အတွေ့အကြုံ တိုးပွားစေရန် ဘာကလေကို ရှက်ဖီးလ်သို့ အဲဗာတန် အငှားစေလွှတ်

အဲဗာတန် အသင်းမှ လူငယ် ကွင်းလယ် ကစားသမားလေး ရော့စ်ဘာကလေသည် ပွဲထွက် ကစားခွင့် အတွေ့အကြုံ ရှာမှီးရန်အတွက် ချန်ပီယံရှစ် ကလပ်အသင်း ရှက်ဖီးလ် ဝက်နက်စ်ဒေးသို့ အငှား ပြောင်းရွှေ့သွားပြီ ဖြစ်သည်။
အသက်(၁၈)နှစ်ရှိ ဘာကလေသည် ဝိန်းရွန်နီ နောက်ပိုင်းတွင် အဲဗာတန် လူငယ် စီမံကိန်းမှ ထွက်ပေါ်လာသည့် အတောက်ပဆုံး သွေးသစ်အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသော်လည်း နောက်ပိုင်းတွင် ပွဲထွက်နေရာ ပျောက်ဆုံးကာ မှေးမှိန်လာခဲ့ရသည်။ အဲဗာတန် မန်နေဂျာ ဒေးဗစ်မိုယက်စ်သည် ပြီးခဲ့သည့် ဘောလုံးရာသီ အစောပိုင်းက ပထမ အသင်း ပွဲထွက် လူစာရင်းတွင် အသုံးပြုခဲ့သော

ဖားကန့်တွင် လက်နက်ကြီးကျ၍ ဒေသခံ ၁ဦးသေ ၈ဦးဒဏ်ရာရ ( သတင်းအပြည့်အစုံ)

ကချင်ပြည်နယ် ဖားကန့် မြို့နယ် မှော်ဝှမ်း
ကချင်နှစ်ခြင်းဘုရားကျောင်းရှိ ဒုက္ခသည်စ
ခန်းနှင့် အစိုးရမူလွန်ကျောင်း ကြားတွင်
စက်တင်ဘာလ ၁၃ ရက် ကြာသပတေးနေ့

 ညနေ ၅ နာရီချိန် ပြင်းထန်သည့် လက်နက်ကြီး ပေါက်ကွဲလွင့်စင်လာသောကြောင့်
 ဒေသခံ ၈ ဦး ဒဏ်ရာ ရပြီး ၁ ဦးသေဆုံးသွားခဲ့ကြောင်း သိရသည်။
မြန်မာအစိုးရတပ်များ တပ်ချထားသော ရွာအနီးနေရာတ၀ိုက်တွင် လက်နက်ကြီးလက်နက်ငယ်များ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ဗုံးပေါက်ကွဲမှုနှင့် သေနတ်များဆက်တိုက်ပစ်ဖောက်လာချိန်
အဆိုပါဒေသခံ ၅ ဦး ကို ထိခိုက်ပြီး ၉ တန်းကျောင်းသူ မဂျာဆိုင်းအိန် (Ja Seng Ing) ကို အမြောက်

ပုသိမ်မြို့နယ် NLD ရုံး ဗဟိုက 'အသိအမှတ်မပြု'

ဧရာဝတီတိုင်းမြို့တော် ပုသိမ်မြို့တွင် ဖွင့်လှစ်ထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မြို့နယ်ရုံးကို 'အသိအမှတ်မပြု' ကြောင်း ပါတီဗဟိုဌာနချုပ်က ကြာသပတေးနေ့တွင် ထုတ်ပြန်ကြေညာ လိုက်သည်။ပါတီ ဗဟိုညီလာခံ ကျင်းပရေးကော်မရှင်၏ ထုတ်ပြန်မှုတရပ်တွင် ပုသိမ်မြို့ အမှတ် ၅၇၂ စကားဝါလမ်း အမှတ် ၃ ရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် ရုံးသည် “အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အသိအမှတ်မပြုသဖြင့် တရားဝင်ရှိနေသော အဖွဲ့ချုပ် ရုံးခန်း မဟုတ်ပါ” ဟု ဖော်ပြပါရှိသည်။
အဆိုပါရုံးကို အဖွဲ့ချုပ်နာယက ဦးတင်ဦး ကိုယ်တိုင် ဇန်နဝါရီလအတွင်းက လာရောက် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သော် လည်း သြဂုတ်လ ၂၅ ရက်နေ့က ပုသိမ်မြို့တွင် ပါတီဝင်အချို့၏ ပါတီဗဟိုကို ဝေဖန်သော သတင်းစာရှင်းလင်းပွဲ တခု ပြုလုပ်ပြီးနောက် ဗဟိုမှ ယခုကဲ့သို

“တနိုင်ငံလုံး စစ်ပွဲရပ်” လှုပ်ရှားမှု ပြုလုပ်မည်



ကချင်စစ်ပြေး ဒုက္ခသည်စခန်းတခုမှ အဘွားအိုတဦး (ဓာတ်ပုံ – ဧရာဝတီ)

ပြည်တွင်းစစ် ရပ်တန့်ပြီး လူ့အခွင့်အရေး အပြည့်အဝ ရရှိရေး၊ ငြိမ်းချမ်းရေးကို လက်တွေ့ အကောင်အထည် ဖော်ရေးတို့အတွက် “တနိုင်ငံလုံး စစ်ပွဲရပ်” ဆိုသည့် အရပ်ဖက် အဖွဲ့အစည်းများ၏ လှုပ်ရှားမှုကို စက်တင်ဘာ ၂၁ ရက်နေ့တွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် ပြုလုပ်သွားမည်ဟု သိရသည်။
စက်တင်ဘာလ ၂၁ ရက်နေ့သည် “အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့” ဖြစ်ပြီး စစ်ပွဲနှင့်

အခက်ကြုံသော် လည်း အမေရိ ကန် နောက်ဆုတ် မည်မဟုတ်

လစ်ဗျားနိုင်ငံမှာ အသတ်ခံခဲ့ရတဲ့ အမေရိကန်သံတမန် ၄ ယောက်ရဲ့ ရုပ်ကလပ်များအား အမေရိကန်ကို လွှဲပြောင်းပေးတဲ့ အခမ်းအနားမှာ သမ္မတ Barack Obama မိန့်ခွန်းပြောနေစဉ်
လစ်ဗျားနိုင်ငံမှာ အသတ်ခံခဲ့ရတဲ့ အမေရိကန်သံတမန် ၄ ယောက်ရဲ့ အလောင်းတွေ အမေရိကန်ကို လွှဲပြောင်းပေးတဲ့ အခမ်းအနားမှာ သမ္မတ Barack Obama က အမေရိကန်ပြည်ထောင်စုအနေနဲ့

ကြေးနီးစီမံကိန်း ရပ်မည်မဟုတ်

မုံရွာမြို့အနီး လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး ဆန္ဒပြနေသူများ
မုံရွာမြို့လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ဖို့ ဒေသခံ တောင်သူတွေရော လယ်သမားတွေရော ပြည်သူ့အကျိုးဆောင် ကွန်ယက်ကပါ ထိန်းသိမ်းခံရာက လွတ်လွတ်ချင်း ဆက်တိုက် ဆန္ဒပြကန့်ကွက်နေပေမယ့် မြန်မာနိုင်ငံ ဦးပိုင်လီမီတက်ကတော့ ဒီ စီမံကိန်းကို ရပ်တန့်ဖို့မရှိဘူးလို့ တုန့်ပြန်လိုက်ပါတယ်။ ဒါပေမယ့်လို့ ဒေသခံတွေနဲ့ ဥပဒေလမ်းကြောင်းအရ ညိနှိုင်းဆောင်ရွက်သွားဖို့ ရှိတယ်လို့ပြောပါတယ်။ ရိုက်တာသတင်းဌာနက ပေးပို့တဲ့သတင်းကို ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။ ဒေသခံ လယ်သမားတွေက စီမံကိန်းရပ်ဖို့ အတွက် ဆန္ဒပြကန့်ကွက်နေကြပေမယ့်လို့ သူတို့အနေနဲ့ကတော့

KIO ဆီက ကလေး စစ်သား လွတ်ရေး ဆွေးနွေး

ကချင် လွတ်လပ်ရေး အဖွဲ့နဲ့ မြန်မာအစိုးရ ကြား တိုက်ပွဲတွေ အတွင်း KIO ဖမ်းမိထား တဲ့ ကလေး စစ်သား ၁၀ ဦး လောက်ကို ILO က လွှဲယူပြီး မိဘတွေဆီ ပြန်အပ် နိုင်ဖို့KIO ရော အစိုးရနဲ့ပါ ဆွေးနွေး နေ ပါတယ်။ အခြေအနေကို ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် ရန်ကုန် ရုံး ဆက်သွယ်ရေး အရာရှိ Steve Marshall ကို ဘီဘီစီက မေးကြည့်တော့ ခုလို ပြောပါတယ်။
ILO ။ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အစိုးရနဲ့ KIO ၂ ဘက်စလုံးကို ကျနော်တို့ တင်ပြ ထားပါတယ်။ ဒါပေမယ့်

Friday, September 14, 2012

အွန်လိုင်း ဘဏ်စနစ်နှင့် လုံခြုံရေး ကဒ်များ ပြုလုပ်ခြင်း တစ်နေရာတည်း အပြီးသတ် ဝန်ဆောင်မည်

နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခြင်း အပါအဝင် ပုဂ္ဂလိက ဘဏ်များ၏ အွန်လိုင်း ဝန်ဆောင်မှုများ အတွက် အဓိက လိုအပ်ချက်များ ဖြစ်သော ငွေအသွင်းအထုတ် စက်များ တပ်ဆင်ခြင်းနှင့် လုံခြုံရေးကဒ်များပြုလုပ်ခြင်းကို Be One Group of Companies က တစ်နေရာတည်း အပြီးသတ် ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

“နယ်စည်းမခြား ဝန်ကြီး ဦးအောင်မင်း” နှင့် တွေ့ဆုံခြင်း (ပထမပိုင်း)

Friday, September 14, 2012

              သမ္မတရုံးဝန်ကြီး ဦးအောင်မင်း (ဓာတ်ပုံ – Steve Tickner / The Irrawaddy)

တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် အဓိက လုပ်ဆောင်နေသူတဦးဖြစ်သည့် မီးရထားဝန်ကြီး ဦးအောင်မင်းသည် ပြီးခဲ့သည့် သြဂုတ်လကုန်တွင် သမ္မတရုံးဝန်ကြီးဌာန ဝန်ကြီးတဦးအဖြစ် ခန့်အပ်ခြင်းခံရသည်။ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌလည်း ဖြစ်သူ ဦးအောင်မင်းနှင့် ဧရာဝတီ မဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်တို့ နေပြည်ေ တ်ာတွင် တွေ့ဆုံမေးမြန်းခဲ့သည်။ မိမိကိုယ်ကိုယ် “နယ်စည်းမခြား ဝန်ကြီး” ဟု ပုံဖော် ပြောဆိုသွားသော သမ္မတရုံး ဝန်ကြီးသစ် ဦးအောင်မင်းအနေဖြင့် လုပ်ဆောင်မည့် တာဝန်များ၊ တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် ကြုံရသည့် စိန်ခေါ်မှုများ၊ ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် စစ်တပ်၏ အခန်းကဏ္ဍ၊ နယ်စပ်ရှိ ဒုက္ခသည်များ နေရပ်ပြန်ရေး ကိစ္စများကို မေးမြန်းထားပါသည်။

ဂျေးဇီးနှင့်ဘီယွန်းစ်တို့ သမ္မတအိုဘားမား၏ မဲဆွယ်လှုပ်ရှားမှုတွင် ပါဝင်ကူညီမည်

Friday, September 14, 2012

လေးသောင်းတန်ပြီး လက်မှတ် နှစ်စောင်ကိုသာ ရောင်းချမည်ဟု ဆိုသည်။ ထိုပွဲမတိုင်မီ ဘီယွန်းစ်က အိုဘားမားကို လိုလားသူများထံ emailပေးပို့ ဖိတ်ကြားထားခဲ့သည်။ ဂျေးဇီးရော၊ ဘီယွန်းစ်ပါ လက်ရှိ အမေရိကန် သမ္မတကို ဒုတိယသက်တမ်း အနိုင်ရရန် မျှော်လင့်နေကြပြီး အနီးကပ် ကူညီပေးသွားရန်ဘီယွန်းစ်နှင့် ဂျေးဇီးတို့ ဇနီးမောင်နှံသည် အမေရိကန် သမ္မတ ဘာရတ် အိုဘားမား ပြန်လည် ရွေးကောက်ပွဲဝင်မည့် မဲဆွယ် လှုပ်ရှားမှုတွင် ပါဝင် ကူညီသွားမည်ဟု သိရသည်။ ကမ္ဘာကျော် ဂီတစုံတွဲသည် အမေရိကန်၏ သမိုင်းတစ်လျှောက် ပထမဆုံး လူမည်း သမ္မတအဖြစ် မှတ်တမ်းဝင်နိုင်ခဲ့သည့် အိုဘားမား၏ ရွေးကောက်ပွဲ ရန်ပုံငွေ တိုးမြှင့်နိုင်ရန် ကူညီသွားမည် ဖြစ်သည်။

ကန်ဝန်ကြီး Joseph Yunနှင့်အဖွဲ့ ဘင်္ဂလာတွင် စုံစမ်းလျက်ရှိနေပြီ

Friday, September 14, 2012

အမေရိကန်နိုင်ငံမှ အာရှပစိဖိတ်ရေးရာ ဒုတိယလက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Joseph Yunနှင့် အဖွဲ့ဝင် (၃) ဦး ဘင်္ဂလားဒေ့ခ်ျနိုင်ငံ နယ်စပ်မြို့နယ်များအတွင်းရှိ ဘင်္ဂလီမူဆလင် ဒုက္ခသည်များ စခန်းသို့ ယနေ့ (ဗုဒ္ဓဟူး) ညနေဘက် သွားရောက်လေ့လာ ကြည့်ရှုရန် ယမန်နေ့က ဒက္ကားမြို့တော်သို့ ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကခရီးစဉ် ထုတ်ပြန်ချက်။


Friday, September 14, 2012

လက်ပန်းတောင်းတောင် လက်ရှိ အခြေအနေ ဒေါ်အောင်ဆန်းစုကြည် ဖုန်းဆက်မေးမြန်း

Friday, September 14, 2012

လက်ရှိ လက်ပန်းတောင်းတောင် ကိစ္စကို ဒီချုပ်ဥက္ကဋ္ဌအနေဖြင့် စိတ်ဝင် စားမှုရှိကြောင်းနှင့် အဖမ်းခံရသူများ
အတွက် စိုးရိမ်နေကြောင်း ယင်းအရေးတွင် ပါဝင်ဆောင်ရွက်နေသည့် ဒီချုပ် ပုလဲမြို့နယ် ပြည်သူ့လွှတ်ေ တာ် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်အား ဒေါ်အောင်ဆန်းစုကြည်က ဆက်သွယ်ခဲ့ခြင်းနှင့် ပတ်သက် ၍ ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။

ဗန်ပါစီ၏ နေရာတွင် အစားထိုးရန် ဒရော့ဘာကို အာဆင်နယ် သဘောကျ လျက်ရှိ

Friday, September 14, 2012


အာဆင်နယ် အသင်းသည် ရော်ဘင် ဗန်ပါစီ၏ နေရာတွင် အစားထိုးရန် အတွက် ပွဲအတွေ့ အကြုံရှိပြီး ဂိုးသွင်း စံချိန်မြင့် မားသည့် ကစားသမား တစ်ဦးကို အလောတကြီး ရှာဖွေ လျက်ရှိကြောင်း သိရသည်။
၎င်းတို့သည် လက်ရှိတွင် ရှန်ဟိုင်း ရှန်ဟွာ အသင်းမှ ဒီဒီ ရာဒရော့ ဘာအား သဘောကျ နှစ်ခြိုက် လျက်ရှိ သည်။

NCGUB ဖျက်သိမ်းကြောင်းထုတ်ပြန်ကြေညာချက်

Friday, September 14, 2012

 

  

"ချွေးအလွန်အကျွံ ထွက်ခြင်းကို ဘယ်လို ကုသမလဲ"

Friday, September 14, 2012

ချွေးအလွန် အကျွံ ထွက်ခြင်း Hyperhidrosis ဆိုတာ ကတော့ အေးနေတဲ့ အချိန်နဲ့ အနားယူနေ စဉ်မှာ ချွေးများ ထွက်နေခြင်း  ဖြစ်ပါ တယ်။  ချွေးအလွန် အကျွံ ထွက်ခြင်းဟာ ချွေးဂလင်းအိတ်
အလုပ်လုပ်မှုများတဲ့ သူတွေမှာ ဖြစ်တတ်ပြီး အခြားသော ကျန်းမာရေးပြဿနာ တစ်ခုခုကြောင့် ဥပမာ- စိတ်လှုပ်ရှားခြင်း၊  နှလုံးရော ဂါ၊ သွေးဆုံးခြင်း သို့မဟုတ် ကင်ဆာ ရောဂါ ခံစားနေရသူတွေ
မှာလည်း ဖြစ်တတ်ပါတယ်။

မွတ်ဆလင် ဘုရားကို စော်ကားသဖြင့် အမေရိကန် သံအမတ်ကြီး အသတ်ခံရသော်လည်း ဗုဒ္ဓဘုရား ကို စော်ကားမှု ကို အမေရိကန် လုပ်သမျှ အထင်ကြီးသည့် ဗုဒ္ဓ မြန်မာများ ငြိမ်နေ

Friday, September 14, 2012

 

မွတ်ဆလင် ဘုရားကို စော်ကားသဖြင့် အမေရိကန် သံအမတ်ကြီး အသတ်ခံရသော်လည်း ဗုဒ္ဓဘုရား ကို စော်ကားမှု ကို အမေရိကန် လုပ်သမျှ အထင်ကြီးသည့် ဗုဒ္ဓ မြန်မာများ အမေရိကန် သံရုံးရှေ့တောင် လူစုဖြင့် မသွားရဲကြပေ။မိုဟာမက် ကို စော်ကား သည့် ဗွီဒီယိုကြောင့် လစ်ဗျားနိုင်ငံ ဘန်ဂါဇီမြို့တွင် ဖြစ်ပွားသော အစ္စလန် ဘာသာဝင်များ၏ တိုက်ခိုက်မှုအတွင်း လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ခရစ္စတိုဖာ စတီဗင်နှင့် သံရုံးဝန်ထမ်း ၃ ဦးသေဆုံးသွားကြောင်း Reuters သတင်းက ပြောကြားသည်။ ခရစ္စတိုဖာနှင့် သံရုံးဝန်ထမ်း ၃ ဦးသည် ဘန်ဂါဇီမြို့တွင် အစိုးရစစ်တပ်နှင့် သူပုန်များကြား ဖြစ်ပွားသော တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ခြင်း ဖြစ်သည်။ သူပုန်များက ဘန်ဂါဇီမြို့ရှိ အမေရိကန် ကောင်စစ်ဝန်ရုံးအား ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမေရိကန်သံအမတ်နှင့် ဝန်ထမ်း ၃ ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒဏ်ရာများနဲ့ ဆားလင်းကြီး လက်ပံတန်းတောင်


Friday, September 14, 2012

လတ်တလော မြန်မာပြည်ရေးရာတွေကြားထဲ အထင်ကရဖြစ်ရပ်များထဲမှာ ကြေးနီတောင်စီမံကိန်းဒေသက အကြောင်းအရာတွေလည်း ပါဝင်ပါတယ်။ ဧရာဝတီသတင်းထောက် ဂျေပိုင်က စီမံကိန်းဒေသကို သွားရောက်ပြီး မြင်ကွင်းတွေကို အခုလို မှတ်တမ်းတင်ထားပါတယ်။


ကြေးနီတောင်စီမံကိန်းရှိတဲ့ လက်ပံတန်းတောင်ကို မုံရွာဘက်က တွေ့မြင်နေရပါတယ်။

ညီကတရားခံ အကိုကတရားလိုသေသူကဇနီးဖြစ်တဲ့ဝမ်းနည်းဖွယ်ရာ လူသတ်မှု ကွင်းပေါင်းကျေးရွာတင်ဖြစ်ပွား

Friday, September 14, 2012

 

မကွေးတိုင်းဒေသကြီး မကွေးခရိုင် တောင်တွင်းကြီးမြို့နယ် ဆက်သွားရဲစခန်းပိုင် ရဲစခန်းအနောက်မြောက် ဘက် ၁၇ မိုင်ခန့် အကွာ ယာကြီးတောအုပ်စုကွင်းပေါင်းကျေးရွာတွင် လူသတ်မှုဖြစ်ပွားကြောင်းသတင်း ရရှိခဲ့သည်။ဖြစ်စဉ်မှာ ၁၁.၉.၂၀၁၂ နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်ခန့်က ဆက်သွားရဲစခန်းပိုင် ယာကြီးတောအုပ်စုကွင်းပေါင်းကျေးရွာတွင် ဓားခုတ်မှုဖြစ်ပွားနေကြောင်း သတင်းအရ ဆက်သွားရဲစခန်းမှ စခန်းမှူးရဲအုပ်ထွန်းထွန်းအောင်ဦးစီးသော ရဲတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ပွားရာ အရပ်သို့သွားရောက်

စက်မှုဝန်ကြီးဌာနပိုင် အလှကုန်ပစ္စည်းစက်ရုံ(သုဝဏ္ဏ)အား မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်သို့ မြေတန်ဖိုး ၂၅ ရာခိုင်နှုန်းလျော့ချပေးကာ ကျပ်သန်း ၁၄၀၀၀ ကျော်ဖြင့် အပြီးအပြတ် ရောင်းချခဲ့

Friday, September 14, 2012

စက်မှုဝန်ကြီးဌာနပိုင် အလှကုန်ပစ္စည်းစက်ရုံ(သုဝဏ္ဏ)အား မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်သို့ ၎င်းစက်ရုံ ၏ မြေတန်ဖိုး ၂၅ ရာခိုင်နှုန်း လျော့ချပေးကာ ကျပ်သန်း ၁၄၅၂၀ ဒသမ ၅၆၀ ဖြင့် နိုင်ငံပိုင်ပစ္စည်းများအား ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မ ရှင်က အပြီးအပြတ် ရောင်းချခဲ့ကြောင်း သတင်းရရှိသည်။

တရားမဝင် ဝင်ရောက်လာသည့် ကျူးကျော် ဘင်္ဂလီ သုံးဦး ဖမ်းဆီးရမိ

Friday, September 14, 2012

 

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့ ရေကျော်ရပ်ကွက် တောင်ပိုင်း မီးရထား သံလမ်းအနီးတွင် စက်တင် ဘာ ၄ ရက်မွန်းလွဲ ၂   နာရီခွဲက   ကောလင်းမြို့   စက်ရုံလယ်ပြင်   အုပ်ချုပ်ရေးမှူး၏   သတင်းပေးချက် အရ  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့်သတင်း တပ်ဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့ကသံလမ်းအနီးလ မ်းလျှော က်ေ  နသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသားသုံးဦးအား ဖမ်းဆီးရမိသည်။

Israel အမျိုးသမီး တစ်ယောက် Palestine ကောင်လေးကို ကာကွယ်ခဲ့တဲ့ သတင်းဟာ ကမ္ဘာ့ လူသား သန်းပေါင်း မြောက်များစွာကို အမြင်သစ်ပေးခဲ့...

Friday, September 14, 2012
Israel အမျိုးသမီး တစ်ယောက် Palestine ကောင်လေးကို ကာကွယ်ခဲ့တဲ့ သတင်းဟာ ကမ္ဘာ့ လူသား သန်းပေါင်း မြောက်များစွာကို အမြင်သစ်ပေးခဲ့ပါတယ်။ ထိုမျှမက နှစ်ပေါင်းများစွာ ရန်သူလို ဆက်ဆံနေခဲ့ကြတဲ့ Israel နဲ့ Palestine ကြားမှာ ငြိမ်းချမ်းရေး ဆေး တစ်ခွက်လဲ ဖြစ်ခဲ့ပါ တယ်။ ပြီးခဲ့သော မေလ ၂၀၊ ၂၀၁၂ နေ့၊ ဂျေရူဆလင်နေ့မှာ ဖြစ်ခဲ့တာပါ။

နိုင်ငံခြားရေးဌာနကို မိုးကျရွှေကိုယ်တွေ ၀င်စီးပြီ

Friday, September 14, 2012

သမ္မတဦးသိန်းစိန်က နိုင်ငံခြားရေးဝန်ကြီးဌာနအတွက် ညွှန်ချုပ်သစ်တွေ ခန့်အပ်ရာမှာ မိုးကျရွှေကိုယ်တွေ ပါဝင်နေကြောင်း ဒီကနေ့ သတင်းစာများမှာ တွေ့ရပါတယ်။ဗိုလ်မှူးကြီးဝင်းလှိုင်၊ ဗိုလ်မှူးကြီး သူရိန်သန့်စင် တို့ကို ညွှန်ချုပ်များအဖြစ် ခန့်လိုက်တာပါ။

သံရုံးတိုက်ခိုက်ခံရမှု စုံစမ်းဖော်ထုတ်ရေး လစ်ဗျား အမေရိကန် ပူးပေါင်းဆောင်ရွက်မည်

Friday, September 14, 2012

လစ်ဗျားက အမေရိကန်နိုင်ငံ သားတွေကို ကာကွယ်စောင့်ရှောက်ဖို့ အမေရိကန်ရေတပ် Destroyer အမျိုးအစား ဖျက်သင်္ဘောနှစ်စီးစေလွှတ်လိုက်ပါပြီ။

အ၀တ်လဲခန်းထဲမှာ hidden camera (လျှို့ဝှက် ကင်မရာ) တပ်ဆင်ထားမထား ဘယ်လိုသိနိုင်မလဲ

Friday, September 14, 2012


အ၀တ်အထည်စတိုးဆိုင်ကြီးတွေနဲ့ ပလာဇာတွေရဲ့ အ၀တ်အစားလဲခန်း (အ၀တ်အထည်အသစ်တွေကို စမ်းသပ်ဝတ်ဆင်ကြည့်တဲ့အခန်း) တွေမှာ မသမာသူတွေက hidden camera (လျှို့ဝှက် ကင်မရာ) တွေ တပ်ဆင်ထားနိုင်ပါတယ်။ ကင်မရာတွေဟာ သေးငယ်လွန်းတာကြောင့် ဘယ်နားမှာတပ်ဆင်ထားလဲ ဆိုတာ တော်ရုံတန်ရုံမသိနိုင်ပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ အလွယ်ကူဆုံး နည်းလမ်းကတော့ မိမိမှာပါလာ တဲ့ mobile phone နဲ့စမ်းသပ်တဲ့နည်းပါပဲ။

အရေးကြီး....အထူးသတင်း(UN မှ ရိုဟင်ဂျာကို မြန်မာတိုင်းရင်းသားအဖြစ် လက်ခံလာရန် စည်းရုံးရေးဆင်းလျက်ရှိ)

Friday, September 14, 2012


 အခု UN က တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ အရေးပါတဲ့ခေါင်းဆောင်တွေ ပေါက်ရောက်တဲ့လူတွေကို ရိုဟင်ဂျာအရေးကို ထောက်ခံပေးဖို့(ရိုဟင်ဂျာကိုမြန်မာတိုင်းရင်းသားအဖြစ်လက်ခံလာဖို့)လိုက်လံစည်းရုံးနေတယ်လို့ သတင်းရရှိထားပါတယ် ... UN က ရိုဟင်ဂျာအရေးနဲ့ပက်သက်ပြီး 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ဖွံ့ဖြိုးရေး အစီအစဉ်အပတ်စဉ်(၁)သင်တန်းဆင်းပွဲ

Friday, September 14, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူငယ်ဖွံ့ဖြိုးရေးအစီအစဉ်အရအပတ်စဉ်(၁)သင်တန်းဆင်းပွဲကိုယနေ့ မွန်းလွဲ (၂) နာရီကရန်ကုန်မြို့၊အနောက်ရွှေဂုံတိုင်လမ်းရှိအဖွဲ့ချုပ်ဌာနချုပ်သင်တန်းခမ်းမတွင်ကျင်းပခဲ့သည်။

ဟိန္ဒူ၊ ခရစ်ယာန်၊ အစ္စလာမ်နဲ့ ဗုဒ္ဓဘာသာ၊ ဘာသာကြီးလေးခု အပါအဝင် ဘာသာပေါင်းစုံ ဆုတောင်းပွဲ တရပ်ကို ဒီကနေ့ မနက်ပိုင်း က ရန်ကုန် ဗဟန်းမြို့နယ်မှာ ရှိတဲ့ Chatrium Hotel မှာ ကျင်းပခဲ့

Friday, September 14, 2012

ဟိန္ဒူ၊ ခရစ်ယာန်၊ အစ္စလာမ်နဲ့ ဗုဒ္ဓဘာသာ၊ ဘာသာကြီးလေးခု အပါအဝင် ဘာသာပေါင်းစုံ ဆုတောင်းပွဲ တရပ်ကို ဒီကနေ့ မနက်ပိုင်း က ရန်ကုန် ဗဟန်းမြို့နယ်မှာ ရှိတဲ့ Chatrium Hotel မှာ ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားကို မြန်မာနိုင်ငံ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအသင်းက ဦးစီး ကျင်းပတာဖြစ်ပြီး မြန်မာနိုင်ငံ အတွင်း ဘာသာ အယူဝါဒ အမျိုးမျိုး ကိုးကွယ်ကြတဲ့ ပြည်သူတွေ အနေနဲ့ ငြိမ်းချမ်းစွာ အတူယှဉ် တွဲ နေထိုင်ကြဖို့ အဓိက ရည်ရွယ်ပြီး ကျင်းပတာလို့ သိရပါတယ်။

တောင်ကြီးမြို့ သစ်တောရပ်ကွက်မှာရှိတဲ့ ထင်းရှူးမြိုင် ဘုန်းတော်ကြီး ကျောင်းကိုအာဏာပိုင်အဖွဲ့စည်းတွေ အဓမ္မ၀င်ရောက် ဖျက်ဆီးခဲ့

Friday, September 14, 2012

 

တောင်ကြီးမြို့

 တောင်ကြီးမြို့ သစ်တောရပ်ကွက်မှာရှိတဲ့ ထင်းရှူးမြိုင် ဘုန်းတော်ကြီးကျောင်း ကို ဒိကနေ့နေ့လည် ပိုင်းက မြို့ နယ် သံဃမဟာနာယက အဖွဲ့အပါအ၀င် ရာနဲ့ချီတဲ့ အာဏာပိုင်အဖွဲ့စည်းတွေ အဓမ္မ၀င်ရောက် ဖျက်ဆီးခဲ့တဲ့ အတွက် မြို့ခံ ဒါယကာဒါယိကာမတွေ မကြေမနပ် ဖြစ်နေကြတယ်လို့ စုံစမ်းသိရပါတယ်။

သမဝါယမ အသင်းစု ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပ

Friday, September 14, 2012

နေပြည်တော် ပျဉ်းမနား မြို့နယ် သမဝါယမ အသင်းစု ၂ဝ၁၁- ၂ဝ၁၂ ဘဏ္ဍာရေး နှစ်အတွက် အရပ်ရပ်ဆိုင်ရာ အစည်း အဝေးကို ယမန်နေ့ နံနက် ၉ နာရီက ပျဉ်းမနားမြို့ ဗိုလ်တောက်ထိန် လမ်းရှိ မြို့နယ် သမဝါယမ အသင်းစု ရုံး၌ ကျင်းပရာ သဘာပတိ အသင်းစု ဒါရိုက်တာ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က အဖွင့် အမှာ စကား ပြောကြား ခဲ့သည်။ 
ယင်းနောက် နေပြည်တော် သမဝါယမ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေး မှူး ဦးမောင်သောင်းနှင့် မြို့နယ် သမဝါယမ ဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်သာ တို့က အမှာ စကား ပြောကြား သည်။

ဒုက္ခသည်တွေနဲ့ပတ်သက်တဲ့ ထိုင်းနိုင်ငံမူဝါဒ HRW ဝေဖန်

Friday, September 14, 2012


ထိုင်းနိုင်ငံရဲ့ အစိုးရရဲ့ တဖက်သက် ဆုံးဖြတ်ချက်ချခဲ့တဲ့ မူဝါဒတွေကြောင့် ထိုင်းနိုင်ငံထဲက မြန်မာနိုင်ငံသား ဒုက္ခသည် ထောင်ပေါင်းများစွာဟာ ဖမ်းဆီးခံကြရတာနဲ့  နေရင်းနိုင်ငံကို ပြန်ပို့ခံရတဲ့ ဒုက္ခတွေကို ရင်ဆိုင်နေကြရတယ်လို့ နယူးယောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေး Human Rights Watch အဖွဲ့ကပြောဆိုလိုက်ပါတယ်။

ကိုမိုးသီးဇွန်နှင့်အဖွဲ့ အမေရိကန် သံအမတ်ကြီးနှင့်တွေ့ဆုံဆွေးနွေး

Friday, September 14, 2012
၈၈ ကျောင်းသား ခေါင်းဆောင်ဟောင်း ကိုမိုးသီးဇွန်နဲ့ အဖွဲ့ဟာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်နဲ့ ဒီနေ့မနက်က ရန်ကုန်မြို့မှာ တွေ့ဆုံပြီး ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ဒီတွေ့ဆုံမှုမှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီကျင့်စဉ် ဆိုင်ရာတွေကို ပြည်သူတွေ ကြားမှာရော တပ်မတော်သားတွေ ကြားမှာပါ သင်တန်းပေးဖို့ လိုအပ်တဲ့ အကြောင်း ပြောဆို ဖြစ်ကြတယ်လို့ ကိုမိုးသီးဇွန်က RFA ပြောပါတယ်။

၈၈ မျိုးဆက် ကိုဂျင်မီနှင့် စစ်ကိုင်းတိုင်း ၀န်ကြီးချုပ် တွေ့ဆုံဆွေးနွေး

Friday, September 14, 2012
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာ ဖြစ်ပွားနေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အရေးကိစ္စနဲ့ ပတ်သက်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနဲ့ စစ်ကိုင်းတိုင်း ၀န်ကြီးချုပ် ဦးသာအေးတို့ မနေ့ ညက တွေ့ဆုံဆွေးနွေး ခဲ့ပြီးနောက် ဒီကနေ့ မနက်ပိုင်းကစလို့ အဲဒီဒေသမှာ တပ်ဖြန့်ချထားတဲ့ လုံခြုံရေး တပ်တွေကို ဖယ်ရှားပေးလိုက်ပြီလို့ သိရပါတယ်။၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီဟာ ဖမ်းဆီးခံထားရသူတွေ ပြန်လွှတ်ပေးဖို့ ကိစ္စကိုလည်း ၀န်ကြီးချုပ် ဦးသာအေး ခေါင်းဆောင်တဲ့ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့နဲ့ အလေးထား ဆွေးနွေးခဲ့တယ်လို့ RFA ကို ဒီကနေ့ ပြောပါတယ်။

မြောက်ပိုင်းအရှုပ်တော်ပုံနှင့်တရားစွဲဆိုမှုအပေါ် မိုးသီးဇွန်လည်း တရားရင်ဆိုင်သင့်

Friday, September 14, 2012
ABSDF(မြောက်ပိုင်း) ပါဂျောင်စခန်းတွင် ဖြစ်ပွားခဲ့သော တပ်တွင်း ရှုပ်ထွေးမှုများနှင့် ပက်သက်၍ သတ်ဖြတ်ခံရသော မြောက်ပိုင်းရဲဘော်တို့၏ မိသားစုဝင်များနှင့် လွတ်မြောက်လာသူအချို့၏ တရားစွဲဆိုမှု အပေါ် ABSDF ဥက္ကဋ္ဌဟောင်း မိုးသီးဇွန်ရင်ဆိုင်သင့်သည်ဟု မြောက်ပိုင်းမှ လွတ်မြောက် လာသော ABSDF အဖွဲ့ဝင်ဟောင်းဦးညီညီကျော်က ပြောကြားသည်။

ဗမာပြည် ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဖိုးသံချောင်းသို့ ဆက်သွယ် မေးမြန်းချက်

Friday, September 14, 2012

ဗမာပြည် ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ (ဦး)ဖိုးသံချောင်း
ရဲဘော်သုံးကျိပ်ဝင် လည်းဖြစ်၊ ဗမာပြည်ကွန်မြူနစ် ပါတီခေါင်းဆောင် တစ်ဦးလည်းဖြစ်သူ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ၏ ကျန်းမာရေး သတင်းနှင့် မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက် သတင်းများကို ဗီအိုအေ၊ အာ(ရ)အက်(ဖ)အေ အသံလွှင့်ဌာနများမှ ကြားသိရသည့်အတွက် ဗမာပြည် ကွန်မြူနစ် ပါတီ၏ ပြောရေးဆိုခွင့် ရှိသူ ဖိုးသံချောင်းကို မြန်မာ အင်ဒီပဲန်ဒင့် ဂျာနယ် မှ အီးမေး(လ)ဖြင့် မေးမြန်းခဲ့ပါသည်။ ဖိုးသံချောင်း၏ ဖြေကြားချက်များမှ အချို့ကို စာဖတ် ပရိသတ်များ ဖတ်ရှု အကဲခတ်နိုင်ရန် ကောက်နုတ် ဖော်ပြ လိုက်ပါသည်။

မြန်မာပြည်အတွက် ဂြိုလ်တု လွှတ်တင်နိုင်တော့မယ်

Friday, 14 September 2012 00:32
 
ဂြိုလ်တုလွှတ်တင်ရေး ပြင်ဆင်တဲ့ အနေနဲ့ လာ မယ့် အောက်တိုဘာလ ဒုတိယပတ်မှာ အလုပ်ရုံ ဆွေးနွေးပွဲ တခု ဂျပန်နဲ့ မြန်မာ ပူးပေါင်းပြီး ကျင်းပဖို့ ရှိတယ်လို့ သတင်း တပုဒ်မှာ ဖော်ပြထားပါတယ်။မြန်မာနိုင်ငံ အတွက် သတင်းကဏ္ဍ၊ ဆက်သွယ်ရေး ဆိုင်ရာတွေနဲ့ တခြား ကဏ္ဍတွေအတွက် ဂျပန်အကူအညီ ယူပြီး ဂြိုလ်တု လွှတ်တင်ရေး အစီအစဉ်ရှိနေပါပြီ။

My Blog List