Wednesday, December 31, 2014

သမ္မတဦးသိန်းစိန် ဒုတိယသက်တမ်း ဆက်လက် ယှဉ်ပြိုင်မည်


၂ဝ၁၅ အလွန် အစိုးရသစ် သက်တမ်းတွင် သမ္မတ မလုပ်လို တော့ကြောင်း ပြောကြားခဲ့ဖူးသည့် ဦးသိန်းစိန် က လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် စာရင်းပေးထားသည်ဟု ပြည်ခိုင်ဖြိုးပါတီမှ သိရ သည်။

မြန်မာအာဏာပိုင်များ ဘင်္ဂါလီဟု သတ်မှတ်ထားသူများကို နိုင်ငံသားပေးရေး ကုလ တိုက်တွန်း


မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေကို နိုင်ငံသားအဖြစ် အပြည့်အ၀ သတ်မှတ်ပေးဖို့နဲ့ သူတို့တွေကို နိုင်ငံတလွှား လွတ်လပ်စွာ သွားလာလှုပ်ရှား ခွင့်ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းတဲ့ အဆိုတရပ်ကို ကုလသမဂ္ဂ အထွေထွေညီလာခံကနေ အတည်ပြု လိုက်ပါတယ်။

မြန်မာပြည်အပြောင်းအလဲ အောင်မြင်မယ်လို့ အာမ မခံနိုင်ကြောင်း အိုဘားမား ပြော


မြန်မာပြည်အပြောင်းအလဲဟာ အောင်မြင်မယ်လို့ အာမ မခံနိုင်ဘူးလို့ အမေရိကန် သမ္မတ ဘာရတ် အိုဘားမားက အမေရိကန်အခြေစိုက် အန်ပီအာ မီဒီယာနဲ့ အင်တာဗျူးမှာ ပြောပါတယ်။ အမေရိကန် နိုင်ငံခြားရေးမူဝါဒအကြောင်းနဲ့ ပြည်တွင်း ပေါ်လစီတွေအကြောင်း ကျယ်ကျယ်ပြန့်ပြန့် မေးမြန်းဖြေကြား ချက်ထဲမှာ မြန်မာပြည်အကြောင်းကို ထည့်သွင်း ပြောကြားသွားတာ ဖြစ်ပါတယ်။။

တက္ကသိုလ် ဆရာများ ရာထူးတိုးနှင့် ပြောင်းရွှေ့မိန့်ကြောင့် နစ်နာမှုအတွက် ဝန်ကြီးဌာနနှင့် တိုက်ရိုက်ဖြေရှင်းမည်


ပညာရေးဝန်ကြီးဌာန၏ တက္ကသိုလ်ဆရာ၊ ဆရာမများ ရာထူးတိုးခြင်းနှင့် ပြောင်းရွှေ့ခြင်းအမိန့်စာကြောင့် နစ်နာမှုများနှင့် ပတ်သက်ပြီး ဝန်ကြီးဌာနနှင့် တိုက်ရိုက်ဖြေရှင်းသွားမည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာများ အဖွဲ့ချုပ်က အတွင်းရေးမှူး ဒေါက်တာ အာကာမိုးသူက မဇ္ဈိမကို ပြောသည်။

ပြန်ကြားရေးနှင့် Weekly Eleven အမှု ဆက်တိုက် စစ်ဆေးရန် ဖိအားပေးခံနေရ


ပြန်ကြားရေး ဝန်ကြီးဌာနနှင့် Weekly Eleven အမှု ၇ ကြိမ်မြောက် ရုံးချိန်းတွင် အမှုကို တရားသူကြီးက အချိန် ၂ နာရီခန့်ကြာ စစ်ဆေးမေးမြန်းခဲ့ပြီး နောက်ရက်တွင် မနားဘဲ အမှုကို ဆက်တိုက် စစ်ဆေးရန် တောင်းဆိုသဖြင့် ယမန်နေ့က ကန့်ကွက်ခဲ့ရကြောင်း သတင်းရရှိသည်။

မန္တလေး ပဋိပက္ခနှင့် ပတ်သက်သည့် တရားခံ ၁၁ ဦးအား ထောင်ဒဏ် ၁၀ နှစ်ကျော်စီ ချမှတ်

    
ယခုနှစ် ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့သော မန္တလေး ပဋိပက္ခတွင် အသတ်ခံခဲ့ ရသော ကိုထွန်းထွန်း အမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးထားသည့် တရားခံ ၁၁ ဦးကို ယမန်နေ့၌ မန္တလေးခရိုင် တရားရုံးတွင် ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

စည်ပင် ရွေးကောက်ပွဲက ၂၀၁၅ ရွေးကောက်ပွဲကို ထင်ဟပ်စေသလား

  
မကြာခင်ကမှ ကျင်းပပြီးစီးခဲ့တဲ့ စည်ပင်ရွေးကောက်ပွဲလို နည်းစနစ်မကျတာမျိုးနဲ့ ပြဿနာများစွာရှိခဲ့တာမျိုး နောင်ရွေးကောက်ပွဲတွေမှာ မဖြစ်အောင် ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့ လိုအပ်တယ်လို့ နိုင်ငံရေး အသိုင်း အ၀ိုင်းက ဝေဖန်ပြောဆိုနေကြပါတယ်။

ဦးသိန်းစိန် အစိုးရလက်ထက် အောင်မြင်သော ပြုပြင်ပြောင်းလဲရေး ကဏ္ဍကို ထောက်ပြရန်မရှိဟု ဒေါ်အောင်ဆန်းစုကြည်ဆို


အစိုးရသက်တမ်း လေးနှစ်နီးပါး ရှိလာပြီဖြစ်သော နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် အောင်မြင်သော ပြုပြင်ပြောင်းလဲရေး ကဏ္ဍကို ထောက်ပြရန် မရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ပါလက်စတိုင်းအရေး ဆုံးဖြတ်ချက်မူကြမ်းတရပ်ကို လုံခြုံရေးကောင်စီ ပယ်ချ


ပါလက်စတိုင်း နယ်နိမိတ် အများအပြားကို သိမ်းပိုက်ထားသည့် အစ္စရေးများ သုံးနှစ်အတွင်း အပြီးသတ် ဖယ်ရှားပေးရေး ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပယ်ချလိုက်သည်။ အာရပ် ၂၂ နိုင်ငံနှင့် ပါလက်စတိုင်းအာဏာပိုင်များ သဘောတူညီခဲ့ပြီးနောက် ယင်းဆုံးဖြတ်ချက်မူကြမ်းကို ဂျော်ဒန်နိုင် ငံက အဆိုတင်သွင်း ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ 

အီရန်တွင် အမေရိကန် သံရုံး ပြန်ဖွင့်ရေး ကိစ္စ အဆင်သင့် မဖြစ်သေးဟု အိုဘားမားပြော


အီရန်၏ နျူကလီးယား မူဝါဒနှင့် ပတ်သက်၍ ကွဲပြားမှု များစွာ ရှိနေသေး သောကြောင့် အမေရိကန် အနေဖြင့် အီရန်တွင် သံရုံးသစ် ပြန်ဖွင့်လှစ်ရေး ကိစ္စမှာ အဆင့်သင့် မဖြစ်နိုင် သေးကြောင်း အမေရိကန် သမ္မတ ဘားရက် အိုဘားမားက ပြောကြား လိုက်သည်။

ပျောက်ဆုံး Air Asia မှ ရုပ်အလောင်း ၄၀ ကျော်ရှာတွေ့



တနင်္ဂနွေနေ့က မုန်တိုင်းကျနေချိန်အတွင်း ပျက်ကျသွားတဲ့ AirAsia လေကြောင်းလိုင်းက ခရီးသည်တင် ဂျက်လေယာဉ်ရဲ့ အပျက်အစီး အစအနတွေကို တွေ့ရတဲ့ ပင်လယ်ထဲကနေ အလောင်း ၄၀ ထက်မနည်းကို ပြန်ဆယ်ယူရရှိထားပြီလို့ အင်ဒိုနီးရှား တာဝန်ရှိသူတွေက ပြောပါတယ်။

ကုလ မြန်မာ့အရေး ဆုံးဖြတ်ချက် HRW ကြိုဆို


၆၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်ကို လူ့အခွင့်အရေးအဖွဲ့တွေ က ကြိုဆိုလိုက်ပါတယ်။ အထူးသဖြင့် လူမျိုးရေး၊ ဘာသာရေးအပေါ် ခွဲခြားဆက်ဆံတဲ့ မူဝါဒကို အဆုံးသတ် ဖို့ မြန်မာအစိုးရကို ကုလသမဂ္ဂက တိုက်တွန်းလိုက်တာ ဖြစ်တယ်လို့ HRW လူ့အခွင့်အရေးအဖွဲ့က ပြောပါ တယ်။ 

ရုရှားအတိုက်အခံခေါင်းဆောင် ဖမ်းဆီးခံရ


ရုရှားအတိုက်အခံခေါင်းဆောင် Alexei Navalny ကို လိမ်လည်မှုနဲ့ ထောင်ဒဏ်ချမှတ်ခြင်း ခံခဲ့ရတာကို ကန့်ကွက်ဆန္ဒပြခဲ့ကြသူတွေနဲ့ Navalny ဟာ သွားရောက်ပူးပေါင်းခဲ့ပြီး မကြာခင်မှာ ရဲက သူ့ကို ထိန်းသိမ်း လိုက်ပါတယ်။

နိုင်ငံ့ဝန်ထမ်းများ အဂတိတရားကင်းရှင်းရေးမှာ ဂုဏ်သိက္ခာနှင့်လျော်ညီသော လစာချီးမြှင့်ငွေများရရှိရန် လိုအပ်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းပြော


မြန်မာ နိုင်ငံတွင် ကောင်းမွန်သောအုပ်ချုပ် ရေး၊ သန့်ရှင်းသောအစိုးရဖြစ် စေရေးမှာ နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် အဂတိ တရားကင်းရှင်းရန်လိုအပ်ပြီး ယင်း အတွက်ကိုလည်း ဂုဏ်သိက္ခာနှင့်လျော် ညီသော လစာချီးမြှင့်ငွေများ ရရှိရန် လိုအပ်ကြောင်း ပြည်ထောင်စု လွှတ် တော်နာယကသူရဦးရွှေမန်း ကပြော ကြားသည်။

လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒထုတ်ဖော်မှုဖြင့် ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ ဒေါ်နော်အုံးလှ အပါအဝင် သုံးဦးကို အင်းစိန်ထောင်ပို့


ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ တရုတ်သံရုံးရှေ့တွင် ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒထုတ်ဖော်ခဲ့သူများအနက် ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ ဒေါ်နော်အုံးလှ၊ ဒေါ်စိန်ထွေးတို့ကို ပုဒ်မ ခုနစ်ခုဖြင့် ဒီဇင်ဘာလ ၃၀ ရက်နေ့က ဖမ်းဆီး၍ ဒဂုံမြို့နယ် တရားရုံးချုပ် ရီမန်ဖြင့် အင်စိန် ဗဟိုအကျဉ်းထောင် ပို့လိုက်ကြောင်း တရားရုံးထံမှ စုံစမ်းသိရှိရသည်။

နိုင်ငံတော်သမ္မတလစာ ကျပ်သိန်း ၅၀ နည်းပါးသေးဟု သူရဦးရွှေမန်းပြောကြား


နိုင်ငံရေးအာဏာယူထားသည့် နိုင်ငံရေးသမားများ အဂတိကင်းစွာ တိုင်းပြည် တာဝန်ထမ်းဆောင်နိုင်ရန် အတွက် လစာလုံလောက်ရန် လိုအပ်နေပြီး လက်ရှိနိုင်ငံတော်သမ္မတ၏ လစာကျပ်သိန်း ၅၀ မှာ နည်းပါးသေးသည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက လွှတ်တော်ကိုယ်စားလှယ်များ၊ အသင်းအဖွဲ့များနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။

အစ္စရေးတပ်များ ပါလက်စတိုင်းက ဆုတ်ခွာပေးရေးအဆို ကုလ လုံခြုံရေးကောင်စီ ပယ်ချ


အဆိုပြုချက်အရ ၁၉၆၇ ခုနှစ်က အစ္စရေးတပ်တွေဟာ အနောက်ဘက်ကမ်း၊ အရှေ့ဂျေရုစလင်နဲ့ ဂါဇာ ကမ်းမြောင်ဒေသကနေ ပြန်ဆုတ်ပေးရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေးသဘောတူညီချက်ကို ၁၂ လအတွင်း အပြီးသတ်ဖို့လည်း တောင်းဆို ထားပါတယ်။။

လေးဘက်နာအတွက် သဘာဝဆေးကောင်းတစ်လက်


လေးဘက်နာ၊ အဆစ်မြစ်နာနှင့် အကြောရောဂါဝေဒနာများအတွက် သဘာဝဆေးနည်းကောင်းလေးကို ကျန်းမာရေးသတင်းများမှ မျှဝေပေးလိုက်တယ်။

ဆေးနည်း-

၂၀၁၅ ရွေးကောက်ပွဲ ၀င် မ၀င် NLD မဆုံးဖြတ်ရသေး


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲဝင်မယ်၊ မ၀င်ဘူးဆိုတာကို ဆုံးဖြတ်ချက် မချ ရသေးသလို စောင့်ကြည်အုန်းမှာဖြစ်တဲ့ အကြောင်း အတိုက်အခံခေါင်းဆောင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ အဖွဲ့ချုပ်ရုံးမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆို ခဲ့ပါတယ်။

ငြိမ်းချမ်းရေးနဲ့ ဆက်စပ်တာက ဖွဲ့စည်းပုံပြင်ဆင်ရေး ခက်နေတာက သူရဦးရွှေမန်း


တစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်တဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲမှု ဖြစ်စဉ်တွေကို ကြည့်မယ်ဆိုရင် ငြိမ်းချမ်းရေးက နီးတစ်ခါဝေးတစ်လှည့် အတက်အကျ အနိမ့်အမြင့်အလိုက် သွားနေတာတွေကို မြင်တွေ့ ရပါတယ်။ဆွေးနွေးမှုတွေ စတင်ခဲ့တဲ့ ၂ဝ၁၃ ခု နှစ် မြစ်ကြီးနားဆွေးနွေးမှုကစတင်လို့ ရေတွက်ကြည့်မယ် ဆိုရင် ပြီးခဲ့တဲ့ စက်တင်ဘာလဆွေးနွေးပွဲဟာ ခြောက်ကြိမ်မြောက်ဆွေးနွေး ပွဲဖြစ်ခဲ့ပြီး တကယ်လို့ ဇန်နဝါရီ လဆွေးနွေးမှုတွေ ဖြစ်လာခဲ့မယ်ဆိုရင် ခုနစ်ကြိမ်မြောက် ဖြစ်လာတော့မှာပါ။

အဲအေးရှားလေယာဉ် ခရီးသည်အလောင်း ၃ လောင်းသာ ဆယ်ယူနိုင်သေး


ခရီးသည် အလောင်းပေါင်း ၄၀ ကို တွေ့ရှိတယ်လို့ ရေတပ်က အစောပိုင်းမှာ ပြောခဲ့ပေမယ့် အခုအချိန် အထိ အလောင်း ၃ လောင်းကိုပဲ ပြန်ဆယ်နိုင် ပါသေးတယ်။ ဒီဇင်ဘာလ ၂၈ ရက်နေ့က ပျက်ကျခဲ့တဲ့ အဲအေးရှားလေယာဉ်ကို ဂျားဗား ပင်လယ်ပြင်မှာ အပူတပြင်း ရှာဖွေနေပါတယ်။

စည်ပင်ရွေးကောက်ပွဲကုန်ကျစရိတ် အသေးစိတ်ထုတ်ပြန်မည်မဟုတ်ဟုဆို



စည်ပင်ရွေးကောက်ပွဲ ကုန်ကျစရိတ် အသေးစိတ်ကို ထုတ်ပြန်ပေးနိုင်မည် မဟုတ် ကြောင်း သတင်းရရှိသည်။ ရန်ကုန် မြို့တော်စည်ပင် သာယာရေးကော်မတီ အဆင့်ဆင့်ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၇ ရက်ကပြုလုပ်ခဲ့ပြီးသော်လည်း သုံးစွဲမှုကုန်ကျစရိတ်ကို ထုတ်ပြန်ရန် လိုအပ်မည်မဟုတ်ဟု စည်ပင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ရုံးတာဝန်ခံ ဦးဇင်မင်းလှိုင်က ပြောသည်။

နှစ်သစ်ကူးညတွင် ကရ၀ိက်ဥယျာဉ်ပုံမှန်ထက် အချိန်တိုးဖွင့်မည်



ယခုနှစ် ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးညတွင် ကန်တော်ကြီးရှိ ကရ၀ိက် ဥယျာဉ်ကို ပုံမှန်ပန်းခြံပိတ်ချိန်ထက် အချိန်တိုး၍ ဖွင့်လှစ်သွားမည်ဖြစ်ပြီး လုံခြုံရေးအင်အားကိုလည်း တိုးမြှင့်သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။ နှစ်သစ်ကူးည အထိမ်း အမှတ်အဖြစ်ကရ၀ိက်ဥယျာဉ်အတွင်း ပျော်ပွဲရွှင်ပွဲ များစွာရှိသောကြောင့် ဥယျာဉ်ကို ည ၂ နာရီကျော်အထိ ဖွင့်လှစ်ပေးသွား မည်ဖြစ်သည်။

တရုတ်သံရုံးအနီး လက်ပံတောင်းတောင်အရေး ဆန္ဒပြသူများ ရုန်းရင်း ဆန်ခတ်ဖြစ်၍ ဦးဆောင်သူ သုံးဦးကို တရားစွဲဆို



တရုတ်သံရုံးအနီး လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ကန့်ကွက်ဆန္ဒပြမှုတွင် လုံခြုံရေး တပ်ဖွဲ့နှင့် ဆန္ဒပြသူတို့ ရုန်းရင်းဆန်ခတ်ဖြစ်မှုကြောင့် ဦးဆောင်သူ ခေါင်းဆောင် သုံးဦးကို ပုဒ်မ ခုနစ်ခုဖြင့် ရန်ကုန်အနောက်ပိုင်း ခရိုင် ဒဂုံမြို့နယ် တရားရုံးတွင် တရားစွဲဆိုလိုက်ကြောင်း သတင်း ရရှိသည်။

ပြိုင်ပွဲမတိုင်မီ ခြေတစ်လှမ်းကြိုဦးထားသော ပါတီကြီးများ


လာမည့် ၂၀၁၅ နိုဝင်ဘာတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ပါတီကြီးအချို့က လွန်ခဲ့သည့် လအနည်းငယ်မှစ၍ စကားမျိုးစုံဖြင့် မဲဆွယ် စည်းရုံးမှုများ လုပ်ကိုင်နေကြပြီ ဖြစ်သည်။ သို့သော် ထိုကဲ့သို့ စည်းရုံးရေးလုပ်နေသော နိုင်ငံရေးပါတီအချို့၏ စည်းရုံးရေး လုပ်ငန်းများသည် အုပ်ချုပ်ရေးပိုင်းက ခွင့်ပြုပြီး တစ်စုံတစ်ရာကန့်ကွက်မှုမရှိ သဖြင့် စည်းကမ်းနှင့် ညီသည်ဟု ပြောနိုင်ကြောင်း ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်းလင်းပွဲမှ အမေးအဖြေများ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၃၀ ရက်တွင်ပြည်တွင်းပြည်ပ သတင်းထောက် များနှင့်တွေ့ဆုံ၍ အချိန် လေးဆယ့် ငါးမိနစ်ကြာသတင်း စာရှင်းလင်း ပွဲတစ်ရပ်ပြုလုပ်ခဲ့ သည်။ သတင်းစာရှင်းလင်း ပွဲ၏ ခေါင်းစဉ်ကို သတ်မှတ်ထားခြင်းမရှိဘဲ သတင်း ထောက်များ မေးမြန်း သော မေးခွန်းများအားလုံးကို ဖြေကြား ပေးခဲ့သည်။ သတင်းစာရှင်းလင်းပွဲတွင်  Education Digest၊ ပြည်သူ့ခေတ်၊ ပေါ်ပြူလာနယူး၊ မဇ္ဈိမ၊စံတော်ချိန်၊ 7 Day Daily၊ TheVoice၊ MITV၊  5 Plus၊ AP၊ AFP၊ CCTV၊ ကုမုဒြာ၊ နိပွန် TV၊ ယူမီယူရီ၊ဧရာဝတီ၊ The Farmer သတင်းဌာနများက မေးခွန်းများမေးမြန်း ခဲ့ပြီး   စာဖတ်ပရိသတ်များအတွက် အမေးအဖြေများကို ကောက်နုတ်ဖော်ပြပေး လိုက်ရပါသည်။

Tuesday, December 30, 2014

တရုတ်သံရုံးအနီး လက်ပံတောင်းဆန္ဒပြပွဲ ဦးဆောင်သူ ၇ ဦးကို ၀တ္တရားနှောင့်ယှက်မှုဖြင့် အမှုဖွင့်

   
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတွင် လူထိခိုက်သေဆုံးမှု ရှိခဲ့သော အကြမ်းဖက် ဖြိုခွင်းမှုကို ဆန့်ကျင် ကန့်ကွက်သည့်အနေဖြင့်  ဆန္ဒပြပွဲတခု ရန်ကုန်မြို့ ပြည်ထောင်စု ရိပ်သာလမ်းရှိ တရုတ် ပြည်သူ့ သမ္မတနိုင်ငံသံရုံးအနီးတွင် ယမန်နေ့က ပြုလုပ်ခဲ့ပြီး ယင်းဆန္ဒပြပွဲဦးဆောင်သူ ၇ ဦးကို ဒဂုံမြို့နယ်၊ ရဲစခန်းက တာဝန်ဝတ္တရား နှောင့်ယှက်မှု ဖြင့် အမှု ဖွင့်လိုက် ကြောင်း သတင်းရရှိသည်။

လုံခြုံရေး အင်အားအဖြစ် တာဝန်ချထားခြင်း မပြုရန် ကြက်ခြေနီအသင်း တောင်းဆို

   
ကြက်ခြေနီ တပ်ဖွဲ့ဝင်များသည် လူမှုဂရုဏာ လုပ်ငန်း၏ အရံအင်အား ဖြစ်သဖြင့် နိုင်ငံတော်၏ လုပ်ငန်း များတွင် လုံခြုံရေး အင်အားအဖြစ် တာဝန်ချထားခြင်းများ မပြုလုပ်ရန် ပြည်နယ်နှင့်တိုင်း အစိုးရများထံ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ညှိနှိုင်း တောင်းဆိုထားကြောင်း သိရသည်။

လက်ပံတောင်းတောင်အရေး ရင်အေးဖွယ်မရှိပြီ


မကြာမီက မီဒီယာသတင်းစဉ်တခုမှာ “ဝမ်ပေါင်သည် လူထုအခြေပြု၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို တာဝန် ယူ လုပ်ဆောင်လျက်ရှိ” ဆိုတဲ့ ခေါင်းစီးနဲ့ ဆောင်းပါးလိုလို၊ ကြော်ငြာချက်လိုလို ဒီဇင်ဘာ ၄ ရက်နေ့က ပါရှိလာတယ်။ မုံရွာသား စာပေသမားတယောက်အနေနဲ့ မေးစရာမေးခွန်းတွေ ပေါ်ထွက်လာတာက ဘယ်လို လူတန်းစားတွေကို အခြေပြုပြီး လုပ်ဆောင်ပေးနေပါသလဲ။ ဒေသဖွံ့ဖြိုးရေးတွေ တိုးတက်အောင် တာဝန်ယူ လုပ်ဆောင်ပေးနေတယ်ဆိုတာမှာ ဒီနေရာက မုံရွာမြို့ကြီးနဲ့ ချင်းတွင်းမြစ်ခြားပြီး တမိုင်ပျော့ပျော့ သာဝေးတဲ့ နေရာဖြစ်တယ်။ အဲဒီနေရာက ယခင် ကာလတွေမှာ အညာဒေသရဲ့ သဘာဝ စိမ်းလန်းစိုပြေ ရာသီဥတုအခြေအနေကို ပြုပြင်ထိန်းသိမ်းပေးခဲ့တဲ့ ပတ်ဝန်းကျင်ဒေသကြီး၊ အခုတော့ ကန္တာရလွင်ပြင်ကြီး ဖြစ်နေပါ ပကောလား။

နေတိုး စစ်ရှုံးပြီဟု တာလီဘန် ကြေညာ


အာဖဂန်နစ္စတန်ရှိ တာလီဘန်အဖွဲ့က အမေရိကန် ဦးဆောင်သည့် မဟာမိတ်အဖွဲ့ ဖြစ်သော နေတိုး စစ်ရှုံးပြီ ဟု ကြေညာလိုက်သည်။တိုက်ဖျက်ချေမှုန်းရေး မစ်ရှင်ကို နေတိုးက တရားဝင် အဆုံးသတ်လိုက်ပြီး နောက်တနေ့တွင် ယခုလို ကြေညာခဲ့ခြင်း ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲဝင် မဝင် မကြေငြာသေး


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ကျင်းပမည့်အချိန်ကို တရားဝင်ကြေငြာပြီးမှသာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ရွေးကောက်ပွဲ ဝင်၊ မဝင်ကို အသိပေးထုတ်ပြန်မည်ဟု အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပါတီဌာနချုပ်၌ ယနေ့ပြုလုပ်သော မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားလိုက်သည်။

အကယ်ဒမီပွဲက ရယ်စရာကောင်းတယ်ဆိုတဲ့ နေတိုး



အကယ်ဒမီဆုနှင့် လွဲ ချော်ခဲ့ရသော နေတိုးက အကယ် ဒမီပွဲတက်နေစဉ် တစ်လျှောက်လုံး ခံစားချက်သုံးမျိုး ခံစားခဲ့ရ ကြောင်း ပြောကြားသည်။ ‘‘ပွဲကို ကျွန်တော်ပြန်သုံးသပ် ပေးရရင်တော့ ပထမပိုင်းမှာ ပျော်စရာကောင်းနေ တယ်။ ဒုတိယ ပိုင်းမှာ အရမ်းဝမ်း သာဖို့ ကောင်းတယ်။ နောက်ဆုံးမှာတော့ ရယ်စရာကောင်းနေပါတယ်။ ဒါကျွန် တော့် ခံစားမှုပါ’’ ဟု နေတိုးက ၎င်း၏ အကယ်ဒမီ ခံစားချက်ကို ပြောသည်။

ဦးပိန်တံတားပြင်ဆင်ရန် ငါးလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုးရေးဦးစီး အားဖြည့်မည်



အမရပူရမြို့နယ် တောင်သမန်အင်းရှိ ဦးပိန်တံတားကို ရှေးဟောင်းသုတေသန ဦးစီးဌာနက ရှေးမူမပျက်ပြင်ဆင် ရန် စီစဉ်နေပြီး ငါးလုပ်ငန်းဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုး ရေးဦးစီးဌာနများကပါ ပူးပေါင်းပါဝင်ပြင်ဆင်ကြမည်ဖြစ်ကြောင်းကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးမျိုးနိုင် အောင်က ပြောသည်။

လွှတ်တော်ပုံမှန်အစည်းအဝေးများ ဇန်နဝါရီ ၁၉ တွင်ပြန်စမည်



အခြေခံဥပဒေပြင်ဆင် ရေးဥပဒေကြမ်း အပြီးသတ် ဆွေးနွေးအတည်ပြုရန်နှင့် ပထမအကြိမ် လွှတ်တော်သက်တမ်းအတွက် နောက် ဆုံးရေးဆွဲအတည်ပြုပေး ရမည့် ဘတ်ဂျက်ကိစ္စရပ် များကို တင်ပြဆွေးနွေးမည့်ပထမ အကြိမ်လွှတ်တော် သက်တမ်း၏ (၁၂) ကြိမ်မြောက်ပုံမှန်အစည်း အဝေးများကို ၂၀၁၅ ဇန်နဝါရီ ၁၉ ရက်တွင် ကျင်းပမည်ဖြစ် ကြောင်းသတင်းရရှိသည်။

လက်ပံတောင်းအရေး ကူညီနိုင်ရန် ဒေသခံများနှင့် မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက်တို့ ဆွေးနွေးမည်



ဥပဒေဆိုင်ရာ ကိစ္စရပ်များ အကူအညီပေးနိုင်ရန် ဥပဒေပညာရှင်များနှင့် သဘာဝပတ်ဝန်းကျင် ပညာရှင်များ ပါဝင်သည့် အရပ်ဘက် အဖွဲ့အစည်းများက ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၃ ရက် တွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဒေသခံ များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်မှ တရားလွှတ် တော်ရှေ့နေ ဦးကြီးမြင့်က မဇ္ဈိမကို ပြောသည်။

စည်ပင်ရွေးကောက်ပွဲ ရလဒ်ထွက်ပေါ်ပြီးနောက် မြို့တော်ခန်းမရှေ့ ကန့်ကွက်မှုများပြုလုပ်



ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ရွေးကောက်ပွဲ အနိုင်အရှုံးစာရင်း ကြေညာမှုပြုလုပ်ပြီးနောက် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်း အချို့က မြို့တော်ခန်းမရှေ့တွင် ကန့်ကွက်ရှုတ်ချမှုများ ပြုလုပ်ခဲ့ကြသည်။ “အနိုင် အရှုံးကြောင့် ဆန္ဒပြတာ မဟုတ်ပါဘူး။ 

အာဖဂန်ရှိ နိုင်ငံခြား တပ်ဖွဲ့များ၏ သမိုင်းမှတ်တိုင်အား အိုဘားမား ချီးကျူး



အာဖဂန်နစ္စတန်တွင် တိုက်ခိုက်ရေး လုပ်ငန်းစဉ် တရားဝင် အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည့် နေတိုးတပ်ဖွဲ့၏ သမိုင်းမှတ် တိုင်နှင့် ပတ်သတ်၍ အမေရိကန် သမ္မတ အိုဘားမားက ဒီဇင်ဘာလ ၂၈ ရက်က ချီးကျူး ပြောဆိုခဲ့သော်လည်း အာဖဂန် နစ္စတန် နိုင်ငံမှာ အန္တရာယ်ရှိသော နေရာတစ်ခု ဖြစ်နေဆဲ ဖြစ်ကြောင်း လည်း သတိပေးခဲ့သည်။

လက်ပံတောင်းသပိတ်စခန်း ဖယ်ရှားပေးရန် အာဏာပိုင်များ တောင်းဆို


လက်ပံတောင်းတောင်ဒေသ ဆည်တည်းရွာ မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်က ဝမ်ပေါင်ကုမ္ပဏီက သံဆူးကြိုးတွေချပြီး ခတ်ထားခဲ့တဲ့ ခြံစည်းရိုးတွေကို ရွာသားတွေက မနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့က ဖျက်ပြီး သပိတ်စခန်းဖွင့်ပြီး ဆန္ဒထုတ်ဖော်နေကြပါတယ်။

၁၂ ကြိမ်မြောက် လွှတ်တော်တွင် အခြေခံဥပဒေကို အပြီးပြင်မည်ဆို



ဇန်န၀ါရီ ၁၉ ရက်တွင် စတင်ကျင်းပမည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၂ ကြိမ်မြောက် အစည်းအဝေးများတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းများကို အပြီးအပြတ် ဆောင်ရွက်နိုင်မည်ဟု ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ချောင်းဦးမဲဆန္ဒနယ် အမတ် ဦးစောလှထွန်းက မဇ္ဈိမကို ပြောသည်။

မယ်စကြ၀ဠာပြိုင်ပွဲဝင်ရန် သျှားထွဋ်အိန္ဒြာ အမေရိကန်သို့ ထွက်ခွာ



အမေရိကန်ပြည်ထောင် စုတွင် ကျင်းပတော့မည့် ၂၀၁၄ အတွက် မယ်စကြ၀ဠာ ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြုဝင် ရောက်ယှဉ်ပြိုင် ရန် အလှမယ် သျှားထွဋ်အိန္ဒြာသည် တနင်္လာနေ့ နံနက်က ထွက်ခွာသွားပြီ ဖြစ်သည်။ မယ်စကြ၀ဠာပြိုင်ပွဲ နောက်ဆုံးအဆင့်ပြိုင်ပွဲ ကို အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါပြည် နယ် မီယာမီမြို့တွင် ၂၀၁၅ ဇန် န၀ါရီ ၂၅ ရက်၌ ကျင်းပ မည်ဖြစ် ပြီး ဇန်န၀ါရီ ၂၃ ရက်တွင် National Costume (ရိုးရာဝ ၀တ်စုံ) များဖြင့် ၀တ်ဆင်ယှဉ်ပြိုင် ရမည်ဖြစ်သည်။

အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံ အနာဂတ်ကို ဂါးဒီးယန်းသတင်းစာ၏အမြင်


မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ် ငန်းစဉ်များသည် အနောက်နိုင်ငံများ၏ လက်ခုပ် ဩဘာပေးခြင်းနှင့် ချီးမြှောက် အားပေးခြင်းကို ခံယူနေရပါသည်။ သို့သော် ထိုပြုပြင်ပြောင်း လဲရေးလုပ်ငန်းစဉ်များကို တရား ဥပဒေမြဲမြံစွာစိုးမိုး သည်အထိ၊ ခိုင်မာသော ဒီမိုကရေစီနိုင်ငံတစ် ခုပေါ်လာသည်အထိ  သယ် ဆောင် သွားနိုင်မည်လားဆိုသည်မှာတော့ ချိန်ဆစရာတွေ အများကြီးရှိနေ ပါသည်။ နောင်လာမည့် သီတင်းပတ် အနည်းငယ်သည် မြန်မာနိုင်ငံအတွက် အရေးကြီးသည့် အဆုံးအဖြတ်ပေးမည့် ကာလဖြစ်ပါသည်။

ဝမ်ပေါင်မှ ခြံစည်းရိုးခတ်အပြီး တစ်ပတ်ခန့်အကြာတွင် ဒေသခံများက ခြံစည်းရိုးကိုဖျက်၍ သပိတ်စခန်းဖွင့် ဆန္ဒပြ



လက်ပံတောင်းတောင်အရေးနှင့် ပတ်သက်ပြီး တရုတ်သံရုံးရှေ့တွင် ဆန္ဒပြရာမှ ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များ ရုန်းရင်းဆန်ခတ်ဖြစ်ပွား



လက်ပံတောင်းတောင်စီမံကိန်း ပဋိပက္ခတွင် တောင်သူဒေါ်ခင်ဝင်း သေနတ်ထိ မှန်သေဆုံးခြင်း အမှုမှန် ဖော်ထုတ်ပေးရန်နှင့် ယင်းစီမံကိန်း လုံးဝရပ်ဆိုင်းပေးရန်အတွက် အရပ်ဖက်အဖွဲ့အစည်းများ၊ ဒီမိုကရေစီ အင်အားစုများနှင့် ပြည်သူအင်အား စုစုပေါင်း ၃ဝဝ ခန့်သည် ဒီဇင်ဘာ ၂၉ ရက် ညနေပိုင်းက ရန်ကုန် မြို့တော် ခန်းမရှေ့မှ တရုတ်သံရုံးရှေ့အထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။  

တက္ကသိုလ်များတွင် မကြာမီပြုလုပ်တော့မည့် ကျောင်းသားအသင်းအဖွဲ့ ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ တက္ကသိုလ်ကျောင်းသားသမဂ္ဂများ ရှင်းလင်း


မြန်မာတစ်နိုင်ငံလုံးရှိ တက္ကသိုလ်ကျောင်းများတွင် မကြာမီပြုလုပ်တော့မည့် ကျောင်းသားအသင်းအဖွဲ့များ ဖွဲ့စည်းခြင်းနှင့် ပတ်သက်ပြီး တက္ကသိုလ်ကျောင်း သားသမဂ္ဂများက ဒီဇင်ဘာ ၂၉ ရက်တွင် သတင်းစာရှင်း လင်းခဲ့သည်။

ရသေ့တောင်မှ ကျိုက်ထီးရိုးစေတီအထိ Cable Car ၀န်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ရန် ကိုရီးယားနှင့် မြန်မာကုမ္ပဏီတို့ ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် MIC ခွင့်ပြု


ရသေ့တောင်မှ ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်အထိ Cable Car ဝန်ဆောင် မှုလုပ်ငန်းကို ကိုရီးယား ကုမ္ပဏီတစ်ခုနှင့် နိုင်ငံသားပိုင်ကုမ္ပဏီတို့ ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအဖြစ်လုပ်ကိုင်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ ခွင့်ပြုမိန့်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် သတင်း ထုတ်ပြန်မှုအရ သိရသည်။

Monday, December 29, 2014

ပျောက်ဆုံးနေသည့် အဲအေးရှားလေယာဉ် ပင်လယ်ကြမ်းပြင်အောက် ရောက်နေခြင်း ဖြစ်နိုင်ဟုဆို


ပျောက်ဆုံးနေသည့် အဲအေးရှား လေယာဉ်သည် ပျက်ကျသွားပြီး ပင်လယ်သမုဒ္ဒရာ ကြမ်းပြင်တွင် နစ်မြုပ် နေခြင်း ဖြစ်နိုင်ကြောင်း အင်ဒိုနီးရှား အမျိုးသား ကယ်ဆယ်ရေးနှင့် ရှာဖွေရေး အေဂျင်စီ (BASARNAS)၏ အကြီးအကဲက မှတ်ချက်ပြု ပြောကြားခဲ့သည်။

လက်နက်ကိုင်ပဋိပက္ခ ဖြေရှင်းနိုင်မည်မဟုတ်ဟု ၀န်ကြီးဦးအောင်မင်းပြော


ပစ်ခတ်တိုက်ခိုက်မှုများကို ယာယီရပ်စဲသည့်အဆင့်မှ ခိုင်ခံ့သော အပစ်အခတ် ရပ်စဲရေးဖြစ်စေရန် တစ် နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘော တူညီချက် မူကြမ်းပါအချက်များကို နှစ်ဖက်စလုံးက အမြန်ဆုံး နိဂုံးချုပ် အကောင်အထည် ဖော်နိုင်ရန် အရေးကြီးကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ကပြောသည်။

အဲအေးရှားလေယာဉ် ပျောက်ဆုံးမှုကို MH370 ဖြစ်ရပ်နှင့် မနှိုင်းယှဉ်သင့်ဟု ဩစတြေးလျ ဝန်ကြီးချုပ် ပြောကြား


အဲအေးရှားလေယာဉ် ပျောက်ဆုံးနေသော အခြေအနေသည် မလေးရှား လေကြောင်းလိုင်းပိုင် MH370 ပျောက်ဆုံးမှုကဲ့သို့ ပဟေဠိဆန်ဆန် အခြေအနေမျိုး မဟုတ်နိုင်ကြောင်း ဩစတြေးလျ ဝန်ကြီးချုပ် တိုနီ အက်ဘော့တ်က ပြောကြားခဲ့သည်။

My Blog List