Thursday, January 23, 2020

ကျောက်မဲမြို့ မိုင်းတင်းကျေးရွာအုပ်စုမှ ရပ်ကျေးစာရေး အမျိုးသား တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

No photo description available.
ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့ မိုင်းတင်းကျေးရွာအုပ်စုမှ ရပ်ကျေးစာရေး အမျိုးသား တစ်ဦး ဇန်နဝါရီ ၂၂ ရက် ညပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာများရရှိကာ ကျောက်မဲဆေးရုံမှ လားရှိုးပြည်သူ့ ဆေးရုံကြီးသို့ ပြောင်းရွှေ့ ဆေးကုသမှုခံယူနေရကြောင်း လားရှိုးမြို့မ ရဲစခန်းမှ သိရှိရသည်။
ကျောက်မဲမြို့နယ် အမှတ်(၃)ရပ်ကွက်မှ ရပ်ကျေးစာရေး ဦးမြင့်ဦးကြွယ်သည် ၎င်းတာဝန်ထမ်းဆောင်နေသော မိုင်းတင်းကျေးရွာမှ နေရပ်သို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် မိုင်းတင်းကျေးရွာနှင့် နမ့်ဆော့ကျေးရွာကြား ဗြုန်းတောင်အနီး အရောက် ဆိုင်ကယ် ရပ်တန့်စောင့်ဆိုင်းနေသော လူနှစ်ဦးထဲမှ တစ်ဦးက ပစ္စတိုသေနတ်ဖြင့် ၆ ချက်ခန့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျောက်မဲ ဆေးရုံကနေ သေနတ်ဒဏ်ရာနဲ့ လူနာတစ်ဦး (ဇန်နဝါရီ ၂၂ ရက်) ည ၉ နာရီခွဲလောက်က ရောက်လာပါတယ်။ စိုးရိမ်ရတယ်လို့ သိရပါတယ်။ အခုတော့ ဆေးကုသနေပါတယ်။’’ဟု လားရှိုးမြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး မြင့်ကျော်က ပြောသည်။

ထိုသို့ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ယာဘက်နားရွက်၊ ဝမ်းဗိုက်(ချက်အနီး)တို့မှာ ဒဏ်ရာများရရှိခဲ့ပြီး ကျောက်မဲပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေရာမှ စိုးရိမ်ရသဖြင့် လားရှိုးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသမှု ခံယူနေရကြောင်း သိရသည်။

“ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှာလည်း ကြံခိုင်ရေးပါတီက မြို့နယ်အလုပ်အမှုဆောင် တစ်ဦးလည်း သေနတ်နဲ့ အပစ်ခံရလို့ သေဆုံးခဲ့တာရှိပါတယ်။ သူ့အရင်လကလည်း သုံးယောက် သေနတ်နဲ့ အပစ်ခံရတာ ရှိတယ်။’’ဟု ကျောက်မဲမြို့မှ ပရဟိတလုပ်ကိုင်နေသူ ဦးထွန်းတောက်က ပြောသည်။

အဆိုပါ သေနတ်ဖြင့် ပစ်ခတ်ခံရမှုနှင့် ပတ်သက်၍ ကျောက်မဲမြို့မ ရဲစခန်းမှ (ပ)၈/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ-၃၀၇/၁၁၄ တို့ဖြင့် အမှုဖွင့်ကာ တရားခံ ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
နောင် (မြစ်မခ)
zawgyi

No comments:

Post a Comment

My Blog List