Friday, November 07, 2014

ကိုပါကြီးသေဆုံးမှု တပ် ၃ တပ် ပါဝင်ပတ်သက်နေပြီး တပ်အားလုံးကို စစ်တယ် – ဦးစစ်မြိုင်


ကိုပါကြီးသေဆုံးမှု စစ်ဆေးနေတဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ဟာ သူတို့ရဲ့ ၃ ရက်ကြာ စစ်ဆေး ခဲ့တာတွေ နေပြည်တော်ကို ပေးပို့လိုက်ပြီး နေပြည်တော်က နိုဝင်ဘာ ၅ ရက် ရက်စွဲနဲ့ သတင်းထုတ်ပြန် လိုက်ပါတယ်။

အချစ်ရေးက ပျော်ရွှင်နေရပါတယ်လို့ ဆိုလိုက်တဲ့ မိုးယုစံ



လက်ရှိ အချစ်ရေးနဲ့ပတ်သတ်ပြီး စိတ်ချမ်းသာပြီး ပျော်ရွှင်နေရပါတယ်လို့ ဖွင့်ဟပြောပြလာတဲ့ မိုးယုစံဟာ အင်နာနေရှယ် နယ် မော်ဒယ်လ်လို့ အများက အသိအမှတ်ပြုခြင်းခံရတဲ့ နာမည် ၃ လုံးပိုင်ရှင် မော်ဒယ်လ် သရုပ်ဆောင်နဲ့ ချစ်ကြိုက်နေ သူပါ။ အချစ်ရေးကို ဘယ်သူနဲ့ဆိုတာ တရားဝင် မဖွင့်ဟခဲ့ပေမဲ့ သူမက “ အချစ်ရေးကတော့အေးဆေးပါပဲ။ ခုချိန်မှာ ပျော်ရွှင်နေပါတယ်”တဲ့။

အနုပညာနဲ့ ပတ်သက်ပြီး ကိုယ့်ကိုသတ်တာမျိုး လုံးဝလက်မခံနိုင်ပါဘူး ဆိုလိုက်တဲ့ မေမြင့်မိုရ်

   
အနုပညာခြေလှမ်း ခပ်စိပ်စိပ်လျှောက်လှမ်းလာခဲ့သူ မေမြင့်မိုရ်ဟာ ပရိသတ်တွေ အားပေးလက်ခံလာတဲ့ အသစ်တွေထဲက တစ်ယောက်ဆိုပေမယ့် သူမတတ်အားသမျှ အစွမ်းကုန်ကြိုးစားလာသူတစ်ယောက်ပါ။ ခုဆိုရင် ဘယ်ရည်းစားကို အချစ်ဆုံးလဲ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးပြီးသွားသူမို့ အဲ့ဒီက ရရှိ လာတဲ့ အတွေ့အကြုံ၊ သင်ခန်းစာတွေနဲ့ ပတ်သက်ပြီး မေးဖြစ်ကြည့်တဲ့အခါ “ညီမ ရိုက်ခဲ့တဲ့ ရုပ်ရှင်ဇာတ် ကားကြီး တွေထဲမှာ မှော်ကျောက်စာ ပြီးရင် ဘယ်ရည်းစားကို အချစ်ဆုံးလဲက ဒုတိယမြောက်ရုပ်ရှင် ဇာတ် ကား ပေါ့။ 

မြန်မာသံတော်ဆင့်ဂျာနယ်ကို သတင်းမီဒီယာဥပဒေသစ်ဖြင့် တရားစွဲရန် သမ္မန်စာပို့


ပြန်ကြားရေးဝန်ကြီးဌာနက မြန်မာသံတော်ဆင့်ဂျာနယ်ကို သတင်းမီဒီယာဥပဒေ သစ်နဲ့ တရားစွဲဖို့ နိုဝင်ဘာ ၅ ရက်နေ့က သမ္မန်စာပို့လိုက်ပါတယ်။ အများအကျိုးစီးပွားအလို့ငှာ မဟုတ်ဘဲ လူတဦး ဒါမှမဟုတ် အဖွဲ့ အစည်းတခုကို ဂုဏ်သိက္ခာကျဆင်းအောင် ရေးသားပြောဆိုခြင်းပြုလျင် စွဲဆိုနိုင်တဲ့ မီဒီယာဥပဒေ ပုဒ်မ ၂၅ (ခ) နဲ့ တရားစွဲဆိုဖို့ သမ္မန်စာပို့လာတယ်လို့ သံတော်ဆင့်ဂျာနယ် တာဝန်ခံ အယ်ဒီတာ ဦးအောင်ထွန်းလင်း က ပြောပါတယ်။

၅၉ ကြိမ်မြောက် ရင်ပြည်နယ်နေ့ စတင်ဖွင့်လှစ်


၅၉ ကြိမ်မြောက် ကရင်ပြည်နယ်နေ့ ဖွင့်ပွဲအခမ်းအနားကို ဒီကနေ့ မနက် ၇ နာရီလောက်က ပြုလုပ်ခဲ့ပါ တယ်။ ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းကိုယ်တိုင် အခမ်းအနားကို လာရောက် ဖွင့်လှစ်ခဲ့တယ်လို့ အခမ်းအနားတက်ရောက်သူ ဒေသခံ ဦးကျော်မင်းစိန် က ပြောပါတယ်။

အိုဘားမား နှင့် ရီပတ်ဘလစ် ကန်ခေါင်းဆောင်တို့ ပူးပေါင်းဆောင် ရွက်မည်ဟု လွှတ်တော်တွင် ကတိပြုခဲ့ကြ


ဝါရှင်တန်၊ နိုဝင်ဘာ ၆။ အမေရိကန် မဲဆန္ဒရှင် များအား အားမလို အားမရ ဖြစ်စေသည့် နိုင်ငံရေး အကျပ် အတည်းများ အဆုံး သတ်သွား အောင်ကြိုးပမ်းမည်   ဖြစ်ကြောင်း အမေရိကန် အထက်လွှတ်တော်၏ ရီပတ်ဘလစ်ကန် ခေါင်းဆောင်သစ် နှင့် အမေရိကန် သမ္မတ အိုဘားမားတို့ နှစ်ဦးလုံးက ကတိပြုခဲ့ကြ သည် ဟု နိုဝင်ဘာ ၆ ရက်က အေအက်ဖ်ပီသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

ဆုပေးမှာလား ၊ ဒဏ်ပေးမှာလား မစ္စတာ အိုးဘားမား



“နိုင်ငံရေး ပရဟိတကိုပဲ တဖက်တလမ်းက ဝင်ရောက်ဖြည့်ဆည်း ဆောင်ရွက်မယ်”


မြန်မာ အမျိုးသမီးများ လုပ်ငန်းအခွင့်အလမ်း ဖွံ့ဖြိုးရေးအသင်း (ယာယီ) တည်ထောင်သူ ဒေါ်ကေခိုင်အောင် ခင်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ကိုယ်စားလှယ် အနေဖြင့် ရန်ကုန်မြို့ လသာမြို့နယ် မဲဆန္ဒနယ်တွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးသူ တဦးဖြစ်သည်။

လိပ်ကျွန်းလူသတ်မှု ဖမ်းဆီးခံ မြန်မာနှစ်ဦး၏ မိဘများကို ရန်ကုန်သို့ လိုက်ပို့သူ အမည်ပျက်စာရင်း သွင်းခံထားရ



ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုတွင် စွပ်စွဲဖမ်းဆီးခံထားရသည့် မြန်မာနှစ်ဦး၏ မိဘများကို ရန်ကုန်မြို့တော်သို့ လိုက်ပါ ပို့ဆောင်ပေးသည့် မြန်မာသံရုံး၏ ကိုယ်စားလှယ် ဦးကျော်သောင်း အမည်ပျက်စာရင်း အသွင်းခံထားရသည်ကို တွေ့ရှိခဲ့ ရကြောင်း ကာယကံရှင်က The Voice သို့ ပြောကြားသည်။

ကိုပါကြီးအလာင်းကို ညနေ ၅ နာရီ ဂူသွင်းသင်္ဂြိုဟ်မည်


ဒီကနေ့ မနက်က ကိုပါကြီးဇနီး ဒေါ်သန္တာကိုယ်တိုင် ဦးစီးသယ်ယူလာတဲ့ ကိုပါကြီး အလောင်း ဒီကနေ့ ညနေပိုင်းလောက် ရန်ကုန်ကို ရောက်ရှိမှာဖြစ်တဲ့အတွက် အလောင်းကို ညနေ ၅ နာရီ ဂူသွင်းသင်္ဂြိုဟ်ဖို့ စီစဉ်ထားတယ်လို့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး အမျိုးသမီး ကွန်ရက်အဖွဲ့ဝင် နော်အုန်းလှက ပြောပါတယ်။

မုဒိမ်းကျင့်သတင်းများ အသားပေးဖော်ပြဟု ၀န်ကြီးပြောကြားချက် အိန္ဒိယတွင် ဆန္ဒပြ


အိန္ဒိယတောင်ပိုင်း ကာနာတာကာပြည်နယ်က ပြည်ထဲရေးဝန်ကြီး ကေဂျေ ဂျော့ခ်ျက ရုပ်သံလွှင့်ဌာနတွေ ဟာ လူကြည့်များအောင် သတင်းကောင်းတွေ ပြရမယ့်အစား ကလေးတွေ မုဒိမ်းကျင့်ခံရတဲ့ သတင်းတွေကို တိုးပြီး အစီရင်ခံနေကြောင်း သတင်းထောက်တွေကို ပြောခဲ့လို့ နိုဝင်ဘာလ ၆ ရက်နေ့က စပြီး အိန္ဒိယမှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

ခိုတောင်းကျွန်းအမှု စွဲချက်တင်မတင် တစ်လအတွင်း ဆုံးဖြတ်မည်


ထိုင်းနိုင်ငံမှာ ခိုတောင်းကျွန်း လူသတ်မှုနဲ့ပတ်သက်ပြီး မသင်္ကာမှုနဲ့ဖမ်းဆီး ထိန်းသိမ်းခံနေရတဲ့ မြန်မာ လူငယ်နှစ်ဦးအပေါ် စွဲချက်တင်မတင် အစိုးရရှေ့နေတွေက တစ်လအတွင်း ဆုံးဖြတ်မယ်လို့ သိရပါတယ်။အမှုနဲ့ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့ရဲ့ နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ ၈ဝ ရာနှုန်း ပြီးစီးသွားပြီဖြစ်ကြောင်း၊ ဒါကြောင့် မောင်ဇော်လင်းနဲ့ မောင်ဝင်းဇော်ထွန်းတို့ကို နောက်ထပ်ချုပ်ရက် နှစ်ကြိမ်အတွင်း စုံစမ်းစစ်ဆေး မှုတွေအားလုံး ပြီးစီးသွား မယ်လို့ မျှော်လင့်ရကြောင်း အစိုးရရှေ့နေတစ်ဦးကိုကိုးကားပြီး ဘန်ကောက်ပို့စ် သတင်းကဖော်ပြပါတယ်။

ဆိုင်ကလုန်းအဖြစ် ရောက်ရှိနိုင်သည့် မုန်တိုင်းငယ် မြန်မာနိုင်ငံဘက် ရွေ့လျားခြင်း မရှိ


နိုဝင်ဘာလ ၇ ရက်နေ့ မနက် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ သိသိသာသာ မရွေ့တဲ့အတွက် မြန်မာနိုင်ငံ ပုသိမ်မြို့ အနောက်တောင်ဘက် မိုင် ၄၈၀ လောက် အကွာ၊ အိန္ဒိယနိုင်ငံ ပို့ဘလဲ(လ်)ယားမြို့ရဲ့ အနောက်မြောက် မိုင် ၃၇၀ လောက် နဲ့ ဗီဇာကာပတ္တ နမ်မြို့ရဲ့ အရှေ့တောင်ဘက် မိုင် ၃၁၀ လောက် အကွယ် ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ မိုးဇလက သတင်း ထုတ်ပြန်ပါတယ်။

လစ်ဗျား တူဗဟုမြို့ ပါလီမန်ကို ဖျက်သိမ်း


လစ်ဗျားနိုင်ငံ ထရီပိုလီမြို့တော်ကနေ တိုက်ပွဲတွေကြောင့် ပြောင်းရွှေ့သွားတဲ့ ပါလီမန်ကို တရားမ၀င်လို့ ဖျက်သိမ်းလိုက်ကြောင်း ထရီပိုလီမြို့တော် ဗဟိုတရားရုံးက နိုဝင်ဘာ ၆ ရက်နေ့မှာ ကြေညာပါတယ်။ကုလ သမဂ္ဂအပါအ၀င် နိုင်ငံတကာက ထောက်ခံထားတဲ့ အရင်လစ်ဗျားပါလီမန်ဟာ ထရီပိုလီမြို့တော်တိုက် ပွဲတွေ ပြင်းထန်ချိန် ပြီးခဲ့တဲ့ ဇွန်လက နိုင်ငံအရှေ့ပိုင်းက တူဗဟုမြို့မှာ ပြောင်းရွှေ့ ဖွဲ့စည်းခဲ့တာပါ။

ဘင်လာဒင်ကို ပစ်သတ်သူ ထုတ်ဖေါ်ပြောကြား



၂၀၁၁ ခုနှစ်တုံးက ပါကစ္စတန်နိုင်ငံမှာ ပုန်းအောင်းနေတဲ့ အယ်လ်ကိုက်ဒါး အကြမ်းဖက် အုပ်စု ခေါင်းဆောင် အိုစမာ ဘင်လာဒင် ရဲ့ ခြံဝန်းကို သန်းခေါင်ယံ အချိန် ၀င်ရောက်စီးနင်းတိုက်ခိုက်ရာမှာပါဝင်ခဲ့သလို ဘင်လာဒင်ကို ပစ်သတ် ခဲ့တဲ့သူဟာ သူဖြစ်ကြောင်း အမေရိကန်ရေတပ်ကွန်မန်ဒို စစ်ပြန်တယောက်က ထုတ်ဖေါ် ပြောဆိုလိုက်ပါတယ်။

အမေရိကန်-မြန်မာ ဆက်ဆံရေး ဒီမိုကရေစီ လူ့အခွင့်အရေး အဓိက ထားမည်



မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး နဲ့ ဒီမိုကရေစီ အတွက် ဆောင်ရွက်ပေးနေတဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ ကြာသပတေးနေ့က သမ္မတ အိုဘားမားရဲ့ လက်ထောက် အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် Benjamin Rhodes တို့ တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီ့လို တွေ့ဆုံတဲ့အချိန်မှာ မြန်မာနိုင်ငံအပေါ် ထားရှိမယ့် အမေရိကန်ရဲ့ မူဝါဒဟာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို အလေးထားတဲ့ အကြောင်း မစ္စတာ Rhodes ကဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ 

မြန်မာ့ လူ့အခွင့်အရေး ဆုံးဖြတ်ချက် ကုလမှာ တင်သွင်း



မြန်မာနိုင်ငံမှာ ဒီမိုကရေစီထွန်းကားဖို့နဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် နိုင်ငံရေးနဲ့ စီးပွါးရေး ပြုပြင် ပြောင်းလဲ မှုတွေ လုပ်ဆောင်နေတာကို EU ဥရောပသမဂ္ဂက ကြိုဆိုလိုက်ပေမယ့် ရခိုင်ပြည်နယ်ထဲက ဆိုးဝါးတဲ့ အခြေ အနေတွေလို လူ့အခွင့်အရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ နဲ့ မြန်မာနိုင်ငံ တွင်း သတင်းသမားတွေနဲ့ လူ့အခွင့်ရေး လုပ်ဆောင် သူတွေကို အန္တရာယ် မရှိအောင် လုပ်ဆောင်ပေးဖို့ တောင်းဆို လိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်ရေး ဆိုင်ရာနဲ့ ပတ်သက်ပြီး ကြာသပတေးနေ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ လိုက်နာစရာမလိုတဲ့ ဆုံးဖြတ်ချက်မူကြမ်း တင်သွင်းပြီး အခုလို တောင်းဆိုလိုက်တာဖြစ်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေး ထားပါတယ်။

အခြေခံဥပဒေ ပုဒ်မ ၄၃၆ အား ပြင်ဆင်ရေးကို လျစ်လျူပါက လွှတ်တော်သည့် လွှတ်တော်ဆောင်ပုဒ်နှင့် မကိုက်ညီ ဟုဆို


၄၃၆ပြင်ဆင်ရေးအတွက် ပြည်သူ၅သန်းက လက်မှတ်ရေးထိုးထားခြင်းကို လျစ်လျူပါက လွှတ်တော်သည့် လွှတ်တော်ဆောင်ပုဒ်နှင့်မကိုက်ညီဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူလွှတ်တော် ကိုယ်စား လှယ် ဒေါ်အောင်ဆန်းစုကြည် က နိုဝင်ဘာ ၅ရက်က ပြောသည်။

တောင်ကိုရီးယား လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်မှု ကို အတုယူလို သဖြင့် ဒေးဒေါင်လယ်ယာသုံး စက်ပစ္စည်းများ ကန်ဒေါ်လာ သန်း ၁၀၀ ဖိုး ကို ချေးငွေဖြင့် ၀ယ်ယူ


တောင်ကိုရီးယားအခြေစိုက် ဒေးဒေါင် စက်မှုလုပ်ငန်းကုမ္ပဏီသည် မြန်မာသို့ လယ်ယာသုံးစက်ကိရိယာ များထောက်ပံ့ရန် နှစ်စဉ်ဝမ်ဘီလီယံ ၁၀၀ တန်ဖိုးရှိ နှစ်ရှည်ကန်ထရိုက်ရရှိခဲ့သည်။ Kioti ကုန်အမှတ် တံဆိပ် ဖြင့် လူသိများသည့် ဒေးဒေါင်သည် တရုတ်နှင့်ဂျပန်မှ ပိုမိုကြီးမားသည့် ပြိုင်ဘက်များကိုကျော် လွန်ကာ ကန်ထရိုက်ရရှိခဲ့ခြင်းဖြစ်သည်။ တရုတ်အစိုးရက ဒေါ်လာသန်း ၃၀၀ ချေးပေးမည်ဟု ကမ်းလှမ်း ခဲ့သော်လည်း မြန်မာ သမ၀ါယမ၀န်ကြီးဌာနနှင့် သမ္မတရုံးတို့ တောင်ကိုရီးယား ကုမ္ပဏီကို ရွေးချယ် ခဲ့ခြင်းဖြစ်သည်။

ရာသီဥတုဆိုးဝါးမှုကြောင့် တောင်ကြီး မိုးပုံးပျံပွဲ ရပ်ဆိုင်း


ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ကျင်းပနေတဲ့ တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကို ရာသီဥတုဆိုးဝါးနေတာ ကြောင့် ဒီကနေ့ ရပ်ဆိုင်းလိုက်ပါတယ်။ မိုးဆက်တိုက်ရွာပြီး မြူတွေဆိုင်းနေတာကြောင့် မီးပုံးပျံလွှတ်တင် မယ့် အစီအစဉ်နဲ့ မြို့အတွင်း လှည့်လည်ပြသမယ့် မီးပဒေသာကပွဲကိုပါ ရပ်ဆိုင်းလိုက်တာဖြစ် တယ်လို့ ပွဲကျင်းပရေးကော်မတီအဖွဲ့ဝင် ဦးသန်းရွှေက ပြောပါတယ်။

အိုဘားမားအရေး နှင့် မြန်မာ့အရေး


အမေရိကန်ကို ရန်လုပ်တဲ့ စစ်အာဏာရှင်စနစ် ကွယ်ပျောက်ပြီး အမေရိကန်နဲ့ လက်တွဲလိုတဲ့ အစိုးရ မြန်မာပြည်မှာ ပေါ်ထွက်လာတာဟာ နိုင်ငံခြားရေး လမ်းစဉ် အောင်မြင်မှုတခု ဖြစ်တယ်လို့ သမ္မတ အိုဘားမား က လွန်ခဲ့တဲ့ မေလကုန်ပိုင်းက West Point စစ်တက္ကသိုလ်မှာ ပြောသွားပါတယ်။ 

ဒေါ်စု သမ္မတ ဖြစ်ခွင့်ရရေး အိုဘားမားကို လွှတ်တော်အမတ်တွေ ဖိအားပေး


ရှေ့သီတင်းပတ် မြန်မာနိုင်ငံကို သွားရောက်မယ့် သမ္မတ အိုဘားမား အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတရာထူးနေရာ ဝင်ရောက်ခွင့် ရနိုင်ရေးအတွက် မြန်မာအစိုးရကို ဖိအားပေးတောင်းဆိုဖို့ အမေရိကန် ဥပဒေပြုလွှတ်တော် အမတ် တွေက တိုက်တွန်းနေကြပါတယ်။

ပြန်ပေးငွေ များဖြင့် စစ်သွေးကြွများ လက်နက် ၀ယ်ယူနိုင်ခြင်း အပေါ် ဖိလစ်ပိုင် စစ်တပ် သတိပေး


ဖိလစ်ပိုင်နိုင်ငံတွင် အစ္စလာမစ် သူပုန်အဖွဲ့က ၎င်းတို့ဖမ်းဆီးထားသူများကို လွှတ်ပေးခြင်းဖြင့် ဒေါ်လာငွေ သန်းပေါင်း များစွာ တောင်းခံ ရရှိထားသည်ဟု ဖော်ပြထားသော ဗီဒီယိုဖိုင် တစ်ခုကို အွန်လိုင်းတွင် ပြသခဲ့ပြီးနောက်ပိုင်း အဆိုပါ သူပုန်များသည် ယင်းငွေ များဖြင့် လက်နက် အမြောက်အမြား  ၀ယ်ယူ အသုံးပြု သွားနိုင်သည်ဟု ဖိလစ်ပိုင် စစ်တပ်က နိုဝင်ဘာ ၅ ရက် သတိပေးချက် ထုတ်ပြန်လိုက်သည်ဟု သိရသည်။

ဟောင်ကောင်ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များကြား တိုက်ခိုက်မှုများ ထပ်မံဖြစ်ပွား


ရက်သတ္တပတ် နှစ်ပတ်ကျော်ကြာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ဒီမိုကရေစီ လိုလားသော ဟောင်ကောင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များကြား နိုဝင်ဘာလ ၆ ရက်နေ့အစောပိုင်းက တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည် သိရသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတနေရာအတွက် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ယှဉ်ပြိုင်နိုင်စေရန် မြန်မာအစိုးရအား သမ္မတအိုဘားမားက ဖိအားပေးဖို့ အမေရိကန်လွှတ်တော်အမတ်များ တိုက်တွန်း


၂ဝ၁၅ ရွေးကောက်ပွဲတွင် သမ္မတနေရာအတွက် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ယှဉ်ပြိုင်နိုင်စေရန် မြန်မာအစိုးရအား သမ္မတအိုဘားမားက ဖိအားပေးဖို့ အမေရိကန်လွှတ်တော်အမတ်များက တိုက်တွန်းလိုက်ကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။

ဥပဒေအရာရှိ (အစိုးရရှေ့နေ) များကို တိုင်ကြားသည့် တိုင်ကြားစာများအပါအ၀င် ၂၀၁၄ ခုနှစ် သြဂုတ်လကုန်အထိ ပြည်သူများထံမှ တိုင်ကြားစာပေါင်း ၁၀၃၀၀ ကျော် ရောက်ရှိခဲ့ကြောင်း တရားစီရင်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ပြောကြား



ပြည်သူ့လွှတ်တော်ရှိ တရားစီရင်ရေးဆိုင်ရာကော်မတီသို့ ကော်မတီစတင်ဖွဲ့စည်းချိန်မှ ၂ဝ၁၄ ခုနှစ် ဩဂုတ်လကုန် အထိ ပြည်သူများထံမှ ဥပဒေအရာရှိများ (အစိုးရရှေ့နေ) ကို တိုင်ကြားသည့်တိုင်ကြားစာများအပါအဝင် တိုင်ကြား စာပေါင်း ၁ဝ၃ဝဝ ကျော် ရောက်ရှိခဲ့ကြောင်း တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီဥက္ကဠ သူရဦးအောင်ကိုက ပြောကြားသည်။

ဂျီဟတ် ဝါဒီတွေ စစ်တိုက်ဖို့ သင်္ဘောနဲ့ အရှေ့အလယ်ပိုင်းကိုသွား



အင်တာပို နိုင်ငံတကာ ရဲတပ်ဖွဲ့ရဲ့အဆိုအရ အရှေ့ အလယ်ပိုင်း စစ်ဖြစ်နေတဲ့ နိုင်ငံတွေကို ဘာသာရေး စစ်ဆင်နွှဲမယ့် ဂျီဟတ်ဝါဒီတွေက အခုအခါ လေကြောင်းအစား ပင်လယ်ကူး ခရီးသည်တင် သင်္ဘောတွေနဲ့ သွားကြတယ်လို့ဆိုပါတယ်။ 

ကုရ်အာန်ကျမ်းစာအား မထေမဲ့မြင်ပြုမှုဖြင့် ပါကစ္စတန် ကိုယ်ဝန်ဆောင် ဇနီးသည်နှင့် အမျိုးသား လူအုပ်ဖြင့် သတ်ဖြတ်ခံခဲ့ရ


ပါကစ္စတန်နိုင်ငံ လာဟိုးမြို့ တော်နဲ့ ၃၇ မိုင်အကွာမှာတည်ရှိတဲ့ Kot Radha Kishan မြို့ မှာ ပြီးခဲ့တဲ့ အဂါင်္နေ့ က ကိုယ်ဝန်ဆောင် ဇနီးသည်နှင့် အမျိုးသားကို ကုရ်အာန်ကျမ်းစာကို မထေမဲ့မြင် ပြုတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူဦးရေ အယောက် ၄၀ ကျော်တဲ့ လူအုပ်ကြီးက အုပ်စုဖွဲ့ သတ်ဖြတ်ခဲ့ပါတယ်။ 

ကိုပါကြီးအလောင်းကို ၂၄ နာရီအတွင်း သင်္ဂြိုဟ်ရန် စည်ပင်က မိသားစုထံစာပို့



ကိုပါကြီးအလောင်းကို ရင်ခွဲစစ်ဆေးပြီးချိန်ကစပြီး ၂၄ နာရီအတွင်း သင်္ဂြိုဟ်ဖို့ မွန်ပြည်နယ် စည်ပင်သာယာ
ရေး ကော်မတီက စာထုတ်ပြန်ပြီး ကိုပါကြီးရဲ့ ဇနီးဒေါ်သန္တာဆီကို ပေးပို့ထားတယ်လို့ ဒီမိုကရေစီနဲ့ငြိမ်းချမ်း
ရေး အမျိုးသမီးကွန်ရက်အဖွဲ့ဝင် နော်အုန်းလှက ပြောပါတယ်။

တရုတ်ခရီးစဉ်တွင် နှစ်နိုင်ငံကောင်းကျိုး ဆွေးနွေးမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော


အတိုက်အခံပါတီခေါင်း ဆောင်တစ်ဦးအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပထမဆုံး အကြိမ်သွား ရောက်မည့်ခရီးစဉ်တွင် နိုင်ငံနှစ်နိုင်ငံ ကောင်းရာ ကောင်းကျိုးများကိုသာ ဆွေးနွေးမည်ဟု ဒေါ်အောင်ဆန်း စုကြည်ကပြောကြားလိုက်သည်။

အာဆီယံထိပ်သီးအစည်းအဝေးတက်မည့် နိုင်ငံ့ခေါင်းဆောင် ၁၈ ဦး လုံခြုံရေး ရဲမှူးကြီး ၁၈ ဦး တာဝန်ယူမည်



အာဆီယံထိပ်သီးအ စည်းအဝေးတက်ရောက်မည့် နိုင်ငံ့ခေါင်းဆောင် ၁၈ ဦး၏ လုံခြုံရေးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးကြီး ၁၈ ဦးက တစ်ဦးချင်း တာဝန်ယူမည်ဖြစ်ကြောင်း သတင်း ရရှိသည်။ နိုဝင်ဘာ ၉ ရက်မှ ၁၂ ရက် အထိ နေပြည်တော်တွင် ကျင်းပ မည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ ဥရောပနှင့် အာရှမှ အင်အားကြီး ရှစ်နိုင်ငံဖြစ်သည့် အမေရိကန်၊ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ကိုရီးယား၊ ဂျပန်၊ နယူးဇီလန်နှင့် သြစတြေးလျနိုင်ငံတို့မှ ခေါင်း ဆောင်များ တက်ရောက်မည် ဖြစ်သည်။ 

နိုင်ငံရေး ထိပ်သီး ဓာတ်ပြုမှု အပေါ် ပလေယာ တို့၏ သဘောထား



ရွေ့ပြောင်း အလုပ်သမား အခွင့်အရေး ဆောင်ရွက်သူကို လဝက ခြိမ်းခြောက်


ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းမြန်မာ အလုပ်သမားများရဲ့ တရားမျှတရေးအတွက် လိုက်ပါဆောင်ရွက် ပေးနေတဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ (MAT) ဒါရိုက်တာ ဦးကျော်သောင်းကို လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာန (လ၀က) ဝန်ထမ်းတွေက ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။

Thursday, November 06, 2014

ဘာကီနာဖာဆိုစစ်တပ်နှင့် အာဖရိကခေါင်းဆောင်များ အရပ်သားအစိုးရဖွဲ့ရေး ဆွေးနွေး



အနောက်အာဖရိကနိုင်ငံ ခေါင်းဆောင်တွေနဲ့ ဘာကီနာဖာဆို စစ်တပ်ခေါင်းဆောင်တွေ နိုဝင်ဘာလ ၅ ရက်နေ့က တွေ့ဆုံပြီး အသွင် ကူးပြောင်းရေးအတွက် အရပ်သားအစိုးရဖွဲ့စည်းရေး ဆွေးနွေးခဲ့ကြပါတယ်။ နိုင်ဂျီးရီးယား၊ ဂါနာနဲ့ ဆီနီဂေါသမ္မတတို့က ဒုဗိုလ်မှူးကြီး ဇီဒါနဲ့ တဦးချင်းဆီ တွေ့ဆုံခဲ့ကြပြီး အရပ်သားအစိုးရဖွဲ့စည်ရေး စစ်တပ်ကို စည်းရုံးကြ ပါတယ်။

အာဆီယံဥက္ကဌ ကြေညာချက်မူကြမ်းပေါက်ကြား


ရှေ့သီတင်းပတ်မှာ ကျင်းပမယ့် ASEAN ထိပ်သီးညီလာခံမှာ ထုတ်ပြန်မည့် ဥက္ကဌရဲ့ ကြေညာချက် မူကြမ်း ပေါက်ကြားသွားခဲ့ရာမှာ တောင်တရုတ်ပင်လယ် အရေးကိစ္စမှာ လိုက်နာကျင်သုံးရမယ့် စည်းကမ်းတွေနဲ့ ပတ်သက်လို့ တိုးတက်မှုတွေရရှိပြီး အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ပင်လယ်ပြင် ရေပိုင်နက် အငြင်းပွားမှုကို တရုတ်နိုင်ငံနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ တောင်းဆိုထားတာတွေ ရေး သားထားပါတယ်။

သမ္မတနဲ့ အမေရိကန်လွှတ်တော်ကြား ပူးပေါင်းဆောင်ရွက်သွားမည်


အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားနဲ့ အသစ်တက်လာတဲ့ အထက်လွှတ်တော် ရီပတ်ပလစ်ကန် အမတ်အများစုရဲ့ ခေါင်းဆောင်တို့ဟာ သူတို့အနေနဲ့ အမြဲတမ်း သဘောတူညီမှု မရနိုင်ဘူး ၀န်ခံလိုက်ပေမဲ့ ဥပဒေမူကြမ်းတွေကို အတည်ပြုရာမှာ ပူးပေါင်းလုပ်ဆောင်ကြမယ်လို့ ကတိပြုလိုက်ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် တရုတ်သွားတောလား


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သုံးသပ်ချက်အစီအစဉ်မှာ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဒီဇင်ဘာလအတွင်း တရုတ်နိုင်ငံကို သွားဖြစ်မယ်လို့ ပါတီခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဥာဏ်ဝင်း က အတည်ပြုပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီကိစ္စကို ညှိနှိုင်းဆဲလို့ ပြောပါတယ်။ မည်သို့ပင်ဖြစ်စေကာမူ ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်ကို သွားမယ့်ကိစ္စဟာ မြန်မာနိုင်ငံရဲ့  နိုင်ငံရေး၊ စီးပွားရေး အလားအလာတွေပေါ်မှာ ဘယ်လို ရိုက်ခတ်မှု ရှိနိုင်သလဲဆိုတာကို မြန်မာ့အရေးသုံးသပ်သူ ဦးအောင်ခင်၊ ဧရာဝတီ ဦးအောင်ဇော်တို့နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

လိပ်ကျွန်းလူသတ်မှု ဘာသာပြန်ပေးသူ ကိုကမာနှင့် မေးမြန်းချက်


ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် လိပ်ကျွန်း (ခိုတောင်ကျွန်း) မှာ ပြီးခဲ့တဲ့ စက်တင်ဘာ လလယ်ပိုင်းက လူသတ်မှုနဲ့ပတ်သက်လို့ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတဲ့ မြန်မာလူငယ်သုံးဦးနဲ့ ရဲတပ်ဖွဲ့အကြား ဘာသာပြန်ပေးတဲ့ ကိုကမာကို ဒီဗွီဘီသတင်းထောက် ကိုအးနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

လိပ်ကျွန်း စွပ်စွဲဖမ်းဆီးခံ မြန်မာ ၂ ဦးကို ထိုင်းရဲ ၆ နာရီကြာ စစ်ဆေး


ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး ဖမ်းဆီးချုပ်နှောင်ခံ ထားရတဲ့ မြန်မာအလုပ်သမား ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ ၂ ဦးကို အမှတ် ၈ တိုင်းဒေသ ရဲတပ်ဖွဲ့က ၆ နာရီဆက်တိုက် စစ်ဆေး ရာမှာ ပြစ်မှုတစုံတရာ ကျူးလွန်ခြင်းမရှိကြောင်း ငြင်းဆန်ဖြေကြားကြတယ်လို့ စွပ်စွဲခံနှစ်ဦးဘက်က ရှေ့နေ က ပြောပါတယ်။

အမေရိကန်ရွေးကောက်ပွဲ မြန်မာသတင်းသမားတချို့ လေ့လာခွင့်ရ


အင်္ဂါနေ့ကကျင်းပတဲ့ အမေရိကန်လွှတ်တော် သက်တမ်းဝက် ရွေးကောက်ပွဲတွေမှာ ရီပတ်ပလစ်ကန်တွေ က အသာစီးရပြီး လွှတ်တော်နှစ်ရပ်စလုံးကို ထိန်းချုပ်မှု ရသွားပါတယ်။ ဒါပေမဲ့ ဒီမိုကရက်ဖြစ်တဲ့ အမေရိ ကန်သမ္မတ အိုဘားမားရဲ့ နောက်ဆုံးသက်တမ်း နှစ်နှစ်ကာလအတွင်း အရှေ့အလယ်ပိုင်း ဒေသနဲ့ယှဉ်ရင် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒမှာ အပြောင်းအလဲ ကြီးကြီးမားမားဖြစ် လာဖို့ မျှော်လင့်မထားကြဘူးလို့ အမေရိ ကန်ရွေးကောက်ပွဲမှာ ကိုယ်တိုင် လေ့လာခဲ့ကြတဲ့ မြန်မာသတင်းသမားတွေက ပြောပါတယ်။ 

အစိုးရ၏ အမျိုးသား မြေယာ အသုံးချမှု မူဝါဒ (မူကြမ်း) အဖွဲ့အစည်းများ ကန့်ကွက်


နိုင်ငံတကာ ရင်းနှီး မြုပ်နှံမှုနှင့် စီးပွားရေး လုပ်ငန်းရှင်များ၏ အခန်းကဏ္ဍကိုသာ ဦးစားပေးထားကာ အောက်ခြေ လယ်သမားများအား လစ်လျူရှူ့ ထားသည့် မြန်မာ နိုင်ငံ မြေယာ ခွဲဝေ အသုံးချမှု စီစစ် ဆောင်ရွက်ရေး ကော်မီတီမှ ရေးဆွဲ ထားသည့် အမျိုးသား မြေအသုံးချမှု မူဝါဒ (မူကြမ်း) အား ကန့် ကွက်ကြောင်း တိုင်းရင်းသား လူမျိုးများ လူထု ဖွံ့ဖြိုးရေး ဆုံရပ်နှင့် တိုင်းရင်းသားများ ရိုးရာ ဓလေ့ မြေယာ ကာကွယ်ရေး ကော်မီတီမှ နိုဝင်ဘာလ (၆) ရက်နေ့၌ ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

ပါကစ္စတန်တွင် ခရစ်ယာန်စုံတွဲကို မီးရှို့ မှုနှင့် ပတ်သက်ကာ ရွာသား ၅၀ ကိုဖမ်းဆီး


ပါကစ္စတန်နိုင်ငံ ကော့ရက်ဟာကစ်ရှန်းအရပ်တွင် ကိုရန်ကျမ်းကို မလေးမစားပြုသည်ဟုဆိုကာ ခရစ္စယာန် စုံတွဲကို အရှင်လတ်လတ် အုတ်ဖုတ်တွင် မီးရှို့သတ်ဖြတ်မှုတွင် ပါဝင်သူများအဖြစ် ရွာသား ၅၀ ကို ရဲက အောက်တိုဘာ ၅ ရက်က ဖမ်းဆီးခဲ့သည်။

၂၅ ကြိမ် အာဆီယံထိပ်သီးညီလာခံ အကြိုသုံးသပ်ချက်


အာဆီယံခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲနဲ့  အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲတွေကို ရှေ့သီတင်း ပတ်ထဲမှာပဲ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်နဲ့ လက်ခံကျင်းပတော့မှာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲတွေကို အမေရိကန်နဲ့ ရုရှားနိုင်ငံတွေက သမ္မတတွေအပြင် တရုတ်နိုင်ငံရဲ့ ထိပ်တန်းခေါင်းဆောင်နဲ့ အိန္ဒိယဝန်ကြီး ချုပ်တို့ပါ တက်ရောက်ကြမှာဖြစ်သလို အရှေ့တောင်အာရှ နိုင်ငံတွေက ခေါင်းဆောင်တွေလည်း တက် ရောက်ကြမှာ ဖြစ်ပါတယ်။

ခရစ်ယာန် မောင်နှံ သတ်ဖြတ်မှု ပါကစ္စတန်မှာ ၄၀ ကျော် ဖမ်းဆီး


ပါကစ္စတန်နိုင်ငံမှာ ကိုရန်ကျမ်းစာအုပ်ကို ထိခိုက်စော်ကားတယ်လို့စွပ်စွဲပြီး ခရစ်ယာန် ဘာသာဝင် ဇနီး မောင်နှံနှစ်ဦးကို သတ်ပစ် တဲ့အမှုနဲ့ ဆက်စပ်ပြီး လူ ၄၄ ယောက်ထက်မနည်းကို ပါကစ္စတန်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ လာဟိုးမြို့ အနောက်တောင်ဘက် ၃၇ မိုင်ကျော်အကွာ Kot Redha Kishan မြို့မှာ အဲဒီသတ်ဖြတ်မှုဖြစ်တာပါ။

အစိုးရဌာနများ၏ အကောင်အထည်ဖော်မှုများကို အန်အယ်ဒီ စောင့်ကြည့်ပြီး လွှတ်တော်တင်မည်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရပ်ကျေးကော်မတီ အဆင့်ဆင့်က စောင့်ကြည့်အဖွဲ့များဖွဲ့ကာ အစိုးရ၏ ဌာနအသီးသီး၏ လုပ်ငန်းအကောင် အထည်ဖော်မှုများကို လေ့လာပြီး လွှတ်တော်သို့ တင်ပြပေး မည်ဟု ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်က မဇ္ဈိမကို ပြောသည်။

တရုတ် သမ္မတလေယာဉ် မှောင်ခိုဆင်စွယ် သယ်ဆောင်



တရုတ်သမ္မတ ရှီ ကျင်းပင် ၂၀၁၃ ခုနှစ်မှာ တန်ဇန်နီးယားနိုင်ငံဆီ သွားချိန်တုန်းက သူ့ရဲ့ကိုယ်စားလှယ် အဖွဲ့ဝင်တဦး ဟာ အလေး ချိန်ကီလိုဂရမ် ထောင်ပေါင်း များစွာရှိတဲ့ ဆင်စွယ်တွေကို ၀ယ်ယူတယ်လို့ အစီရင်ခံစာအသစ် တခုက ပြောလိုက်ပါတယ်။

My Blog List