Saturday, September 12, 2015

ကရင်ပြည်သူ့ပါတီက ၄င်းတို့၏မူဝါဒ၊ သဘောထား၊လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ



ကရင်ပြည်သူပါတီဥက္ကဋ္ဌ စောထွန်းအောင်မြင့်က ၄င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၀ ရက် ညပိုင်းက ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီစဉ်များမှဟောပြောတင်ပြခဲ့ပါသည်။

အဆိုပါဟောပြောတင်ပြချက်အပြည့်စုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

ကယန်းအမျိုးသားတိုးတက်ရေးပါတီက ၄င်းတို့၏ မှုဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ


ကယန်းအမျိုးသားပါတီ ဗဟိုကော်မတီအထွေထွေအတွင်းရေးမှုး ဦးနန်းရီက၄င်းတို့ပါတီ၏ မူဝါဒ၊ သဘော ထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၀ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ် များမှ ဟောပြောတင်ပြခဲ့ပါသည်။

အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီက ၎င်းတို့၏မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို ဟောပြောတင်ပြ



ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီဥက္ကဋ္ဌ ဦးအေးကြိုင်က၄င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၁၀ ရက် ညပိုင်းက ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ ပါသည်။

အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

စကာင်္ပူရွေးကောက်ပွဲ အာဏာရပါတီ အနိုင်ရ


သောကြာနေ့ကကျင်းပခဲ့တဲ့ စကာင်္ပူအထွေထွေရွေးကောက်ပွဲမှာ လက်ရှိအာဏာရ ပြည်သူ့အက်ရှင်ပါတီ (PAP) က အမတ်နေရာ ၈၉နေရာ အတက် ၈၃နေရာကို အနိုင်ရခဲ့ပြီး ၁၉၆၅ လွတ်လပ်ရေးရပြီးနောက် ပိုင်း ရွေးကောက်ပွဲတိုင်းအနိုင်ရတဲ့ စံချိန်ကို ဆက်ထိန်း နိုင်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ၏ ကယားပြည်နယ် ၃ရက်တာမဲဆွယ်စည်းရုံးရေး ခရီးစဉ် ပြီးဆုံး



ပြောင်းလဲချိန်တန်ပြီဟု ဆိုသူများ မိမိကိုယ်တိုင် ပြောင်းလဲရန် လိုအပ်ဟု ဗိုလ်ချုပ်ကြီး (ငြိမ်း) ဝေလွင် ပြောကြား


လက်ရှိ နိုင်ငံရေး အခြေအနေကို ပြောင်းလဲသင့်ပြီဟု ပြောဆိုသူများသည် မိမိကိုယ်တိုင် ပြောင်းလဲရန် လိုအပ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးဝေလွင် က ပြောကြားသည်။

ခြိမ်းခြောက်မဲဆွယ်တာ ဥပဒေ နဲ့ဆန့်ကျင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော


ကယားပြည်နယ်မှာ ဒေသခံတွေကို ခြိမ်းခြောက်ပြီး မဲဆွယ်တာတွေ ရှိနေကြောင်းနဲ့ အဲ့ဒီလိုမဲဆွယ်မှုတွေ ဟာ ဥပဒေနဲ့ ဆန့်ကျင်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောပါတယ်။

ဘာသာရေးအရ ခွဲခြားမှုများ ညီညွတ်ရေးကို ခြိမ်းခြောက်နေ


မြန်မာနိုင်ငံမှာ ဘာသာရေးအရ ခွဲခြားဆက်ဆံမှုတွေ ပွါးများလာတာဟာ နိုင်ငံရဲ့ညီညွတ်ရေးကို ခြိမ်း ခြောက်နေ တယ်လို့ အရှေ့အာရှရေးရာ အမေရိကန် အထူးသံတမန် Mr. Daniel Russel က ပြောကြား လိုက်ပါတယ်။

တရုတ် နယ်စပ်မှ မြန်မာ ၇ သောင်း မဲပေးခွင့် ဆုံးရှုံး


တရုတ်-မြန်မာနယ်စပ် ရွှေလီနဲ့ ကြယ်ဂေါင်မြို့တွေကို တရားမဝင်သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံ သား ရွှေ့ပြောင်းအလုပ်သမား ၇ သောင်းကျော်လောက်က မဲပေးခွင့်ဆုံးရှုံးနိုင်ဖွယ် ရှိနေတဲ့အ တွက် မူဆယ်မြို့ NLD ပါတီက ရွေးကောက်ပွဲကော်မရှင်နဲ့ ညှိနှိုင်းပြီး ရွှေ့ပြောင်းအလုပ်သမား တွေ မဲပေးခွင့်ရဖို့ ကြိုးစားသွားမယ် လို့ ပြောပါတယ်။

ကာကွယ်ရေးဝန်ကြီးဟောင်း ဦးဝေလွင် မဲဆွယ်


ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ကာကွယ်ရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က မိမိအနေနဲ့ မဲရဖို့အတွက် ကျေးရွာ ၁၆ ရွာ မီးလင်းရေးအတွက် လှူဒါန်းခဲ့တာမဟုတ်ကြောင်းနဲ့ အဲဒီအလှူ ကြောင့် မဲပေးတာမျိုး မလုပ်ကြဖို့ကို ဒေသခံတွေနဲ့ တွေ့ဆုံစဉ် ပြောကြားပါတယ်။

၂ဝ၁၅ ရွေးကောက်ပွဲနောက်ပိုင်း တာဝန်မထမ်းဆောင်တော့ဘူးလို့ ဦးတင်အေး ပြောကြား


ဒီလာမယ့် ရွေးကောက်ပွဲပြီး နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ တာဝန်ထမ်းဆောင်ပေးဖို့ တောင်းဆို လာရင် မိမိအနေနဲ့ ငြင်းဆန်သွားမှာ ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောပါတယ်။

ဒုက္ခသည်အရေး ဥရောပရောက် မြန်မာတွေရဲ့အမြင်


ထောင်ပေါင်းများစွာသော အရှေ့အလယ်ပိုင်း ဒုက္ခသည်တွေကို ခွဲဝေ လက်ခံကြဖို့ EU ဥရောပသမဂ္ဂက တိုက်တွန်းခဲ့ပြီးနောက်ပိုင်း - ဒီဒုက္ခသည် တွေကို လက်ခံပေးမယ့် နိုင်ငံတွေလည်း ရှိလာနေသလို၊ ငြင်း ဆန်တဲ့ နိုင်ငံတွေလည်း ရှိခဲ့ပါတယ်။

မိမိအခွင့်အရေးအတွက် တာဝန်တရပ်အနေနဲ့ မဲပေးဖို့ ဒေါ်စု တိုက်တွန်း


အစိုးရရဲ့ဆုံးဖြတ်ချက်တွေဟာ လူတိုင်းရဲ့ ဘဝကို လွှမ်းမိုးမှုရှိတာကြောင့် မိမိတို့ရဲ့ အခွင့်အရေးအတွက် လူတိုင်း တာဝန်တရပ်အနေနဲ့ ရွေးကောက် ပွဲမှာ တက်တက်ကြွကြွ မဲပေးဆုံးဖြတ်ဖို့ လိုတယ်လို့ NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ကယားပြည်နယ် လွိုင်ကော်မြို့မှာ မနေ့ညနေပိုင်းက ဟောပြော ခဲ့ပါတယ်။ ဒါဟာ တိုင်းရင်းသားတွေရဲ့ မဲပေးခွင့် အသိ ပညာကို ပိုဖြစ်စေတယ်လို့ ဒေသခံတွေက ဆိုပါ တယ်။ 

မက္ကာမြို့ ဗလီပြိုကျမှု လူ ၈၇ ဦး သေ


မူဆလင်တွေ အထွတ်အမြတ်ထားရာ မက္ကာမြို့မှာရှိတဲ့ အကြီးဆုံးဗလီဝတ် ကျောင်းမှာ မျက်နှာကျက်ကနေ ၀န်ချီစက်ကြီးတခု ရုတ်တရက်ကြီး ပြုတ်ကျခဲ့တာကြောင့် အနည်းဆုံး လူ ၈၇ ဦး သေဆုံးပြီး ၁၈၇ ဦး ဒဏ် ရာတွေ ရရှိခဲ့တယ်လို့ ဆော်ဒီတာဝန်ရှိသူတွေ က ပြောဆိုခဲ့ပါတယ်။

Koh Tao လူသတ်မှု DNA မကိုက်ညီဟု ထိုင်းမှုခင်းဆရာဝန်ကြီး ထွက်ဆို


ထိုင်းနိုင်ငံ ကော့တောင်ကျွန်းလို့ ခေါ်တဲ့ လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံသား အလုပ်သမား နှစ်ဦးကို စွဲချက်တင်ထားရတဲ့အမှု DNA ပြန်စစ်တဲ့အခါမှာ ပထမတကြိမ်စစ်ချက်နဲ့ ကွဲလွဲနေပါတယ်။ ထိုင်း နိုင်ငံက နံမည်ကျော် မူခင်းဆေး ဆရာဝန် ဒေါက်တာပွန်ထစ်က စွပ်စွဲခံရသူတွေရဲ့  မျိုးရိုးဗီဇတွေကို ပြန် လည်စစ်ဆေးပြီး တရားခွင်မှာ လာရောက် ထွက်ဆိုရာမှာ စွပ်စွဲခံရသူတွေရဲ့ DNA ကို မတွေ့ရတဲ့ အကြောင်း ထွက်ဆိုသွားခဲ့ တာပါ။ 

ရေဘေးသင့်ဒေသ စိုက်ပျိုးမြေ ပြန် ထူထောင်မှု USAID စိုးရိမ်


ရေဘေးသင့်ဒေသတွေမှာ စိုက်ပျိုးရာသီအမီ လယ်ယာမြေပြန်လည်ထူ ထောင်ဖို့ အရေးတကြီး လိုအပ်နေ ပြီး ဒီအတွက် စိတ်ပူမိတယ်လို့ အမေရိကန်ပြည်ထောင်စု ဖွံ့ဖြိုးမှုအေဂျင်စီ မြန်မာရုံးခွဲဒါရိုက်တာက ပြောဆို လိုက်ပါတယ်။ မြန်မာပြည် တ၀ှမ်း ရေဘေးဒဏ် ခံခဲ့ရတဲ့ ပြည်သူတွေ အတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေကို ကွင်းဆင်းလေ့လာပြီးတဲ့ နောက်မှာ အခုလို ပြောဆို လိုက်တာလည်း ဖြစ်ပါတယ်။ 

9/11 အောက်မေ့ဖွယ် အမေရိကန် တဝှမ်း ပြုလုပ်


အကြမ်းဖက်သမားတွေရဲ့ စက်တင်ဘာလ ၁၁ ရက် တိုက်ခိုက်မှု ၁၄ နှစ်မြောက် နှစ်ပါတ်လည် အောက်မေ့ ဖွယ် အခမ်းအနားတွေကို အမေရိကန်ပြည်ထောင်စုမှာ ဒီကနေ့ ကျင်းပနေပါတယ်။သောကြာနေ့ မနက်ပိုင်း အိမ်ဖြူတော် မြက်ခင်းပြင်မှာ ကျင်းပတဲ့ အောက်မေ့ဖွယ် အခမ်းအနားကို သမ္မတ Barack Obama ဟာ ဇနီးဖြစ်သူMichelle Obama တခြား အိမ်ဖြူတော် အရာရှိတွေနဲ့ အတူ တက်ရောက်ပါတယ်။

ရွေးကောက်ပွဲပြီးရလဒ် လိုက်နာရေး ကန်အလေးထား


မြန်မာနိုင်ငံမှာ လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲအပြီး အာဏာလွှဲပေးဖို့  ပျက်ကွက်မှုမရှိအောင် ဆောင် ရွက်ဖို့ အမေရိကန်အစိုးရမှာ အစီအစဉ် ရှိထားတယ်လို့ နိုင်ငံခြားရေး အရာရှိကြီးတဦးက ပြောကြားလိုက်ပါ တယ်။

NCA ကာလ အကောင်အထည်ဖော်မှု အခြေအနေ သတင်းစာ ရှင်းလင်း


အပစ်ခတ်ရပ်စဲရေး စာချုပ် လက်မှတ်ထိုးပြီးပါက တိုက်ပွဲကာလအတွင်းမှာ မတရား အသင်း ဆက်သွယ်မှု ပုဒ်မတွေနဲ့ ဖမ်းခံရသူ တွေအပြင် တိုက်ပွဲတွင်း ဖမ်းဆီးခံထားရတဲ့ စစ်သုံ့ပန်းတွေကို ပြန်လွှတ်ပေးသွား မယ်လို့ မြန်မာငြိမ်း ချမ်းရေး လုပ်ငန်းကော်မတီ က ငြိမ်းချမ်းရေး လုပ်ငန်းဆိုင်ရာ ညှိနှိုင်းရေးမှုး ဒေါက်တာ မင်းဇော်ဦးက ပြောဆိုလိုက်ပါတယ်။ 

ဦးရွှေမန်း ဖြူးမှာ မဲဆွယ်စည်းရုံး


၂၀၁၅ရွေးကောက်ပွဲအတွက် တရားဝင်မဲဆွယ်စည်းရုံးခွင့်ကို စက်တင်ဘာလ (၈)နေ့က စတင်ခဲ့ပြီးနောက် အာဏာရပါတီနဲ့ အတိုက်အခံပါတီကြီးတွေရဲ့ ထိတ်ပိုင်းခေါင်းဆောင်တွေဟာ သက်ဆိုင်ရာ နယ်မြေတွေ မှာ အပြိုင်အဆိုင် စည်းရုံးနေကြပါပြီ။ သြဂုတ်လက ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီဥက္ကရာထူးကနေ ဖယ်ရှားခံလိုက်ရ တဲ့ သူရဦးရွှေမန်းဟာ သူရင်ဆိုင်ခဲ့ရ တဲ့ဖြစ်ရပ်ကြောင့်  ဒေသခံတွေရဲ့စာနာထောက်ခံမှုတွေပိုပြီးရခဲ့ တယ် လို့ မနေ့ကစတင်တဲ့ ဖြူးမြို့နယ်စည်းရုံးရေးခရီးစဉ်မှာ ပြောသွားပါတယ်။ 

Friday, September 11, 2015

မြန်မာ့တပ်မတော်သည် အစ္စရေးတပ်မတော်နှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်သွားမည်


မြန်မာနိုင်ငံအနေဖြင့် ရန်သူနိုင်ငံဟူ၍ မရှိသော်လည်း မိမိနိုင်ငံကိုကာကွယ်ရန်အတွက် တပ်မတော်ကိုစွမ်း ရည်ရှိရန် တည်ဆောက်နေပြီး အစ္စရေးတပ်မတော်နှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ဆောင် ရွက်သွားမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောသည်။

ပြောင်းလဲဖို့လိုပြီဆိုတဲ့ ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဝန်ထမ်းဘဝမှာ ဘယ်လို အလွဲတွေနဲ့ တွေ့ကြုံခဲ့သလဲ



မန္တလေး ဆေးတက္ကသိုလ် အငြိမ်းစား ပါမေက္ခချုပ် ဒေါက်တာ သန်းဝင်းက အပြောင်းအလဲ လုပ်ဖို့လိုပြီဟု ပြောဆိုလိုက်သည်။ သူသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြုကာ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁)၊  (ချမ်းအေးသာဇံ၊ အောင်မြေသာစံ ၊ပုသိမ်ကြီး)တို့မှ အမျိုးသားလွှတ်တော်အမတ် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်သည်။

အိုင်အက်စ်တို့ အီရတ်နှင့် ဆီးရီးယားတွင် ဓာတုလက်နက်များ ထုတ် လုပ်နေကြောင်း အမေရိကန်အရာရှိ ပြော


အိုင်အက်စ်စစ်သွေးကြွများအနေဖြင့် အီရတ်နှင့် ဆီးရီးယားရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများတွင် ဓာတု လက်နက်များ ထုတ်လုပ်နေကြောင်း အမေရိကန် အစိုးရအဖွဲ့က ယုံကြည်လျှက်ရှိသည်။ အစ္စလာ မ္မစ်စစ်သွေးကြွတို့က အဆိုပါနှစ်နိုင်ငံနယ်စပ် နှစ်ဖက်စလုံးတွင် အရေပြားကို လောင်ကျွမ်းစေသည့် ဓာတု ပစ္စည်းအမှုန့်များနှင့် တိုက်ခိုက်ခဲ့သည့် အထောက်အထားများကို တွေ့ရှိထားသည်ဟု အမေရိကန်အရာရှိ တစ်ဦး က ပြောကြားသည်။

နိုင်ငံရေးပါတီများ မိမိတို့ထိန်းချုပ်နယ်မြေအတွင်း လွတ်လပ်စွာမဲဆွယ် စည်းရုံးခွင့် ရှိသော်လည်း လုံခြုံရေးအာမခံမည်မဟုတ်ကြောင်း TNLA ပြော


ယခုလထဲတွင် နိုင်ငံရေးပါတီများ၂ဝ၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးရေး သဏ္ဌာန် များ ပြုလုပ်ကြတော့မည် ဖြစ်သည့်အတွက် မိမိတို့ထိန်းချုပ်နယ် မြေအတွင်းသို့ လွတ်လပ်စွာ မဲဆွယ် စည်းရုံးခွင့်ရှိသော်လည်း လုံခြုံရေး အာမခံပေးသွားမည်မဟုတ်ကြောင်း တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်ဦး (PSLF/ TNLA) ကပြောသည်။

အနာဂတ်မျိုးဆက်သစ်အတွက်စဉ်းစားပြီး မဲပေးရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း


မြန်မာနိုင်ငံ၏ အနာဂတ်မျိုး ဆက်သစ်များအတွက် စဉ်းစားပြီး မဲ ပေးကြရန် အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။ ''ကျွန်မတို့ရဲ့ အနာဂတ်၊ ကျွန်မတို့ မျိုးဆက်သစ်တွေရဲ့ အနာဂတ်အတွက် စဉ်းစားပြီး မဲပေးကြဖို့ ကျွန်မ တိုက်တွန်းလိုပါတယ်''ဟု လူမှုကွန် ရက်မီဒီယာမှတစ်ဆင့် ထုတ်ပြန်သည့် သူ၏မိန့်ခွန်းတွင် တိုက်တွန်းပြောဆို သွားသည်။

ကုလသမဂ္ဂရုံးရှေ့မှာ ပါလက်စတိုင်းအလံ လွှင့်ခွင့်ရ


ကုလသမဂ္ဂရုံး အဆောက်အအုံ အရှေ့မှာ ပါလက်စတိုင်း အလံ လွှင့်ထူခွင့် ပြုမယ့် အဆိုပြုချက် တရပ်ကို ထောက်ခံကြောင်း ကုလသမဂ္ဂအထွေထွေညီလာခံမှာ မဲခွဲဆုံးဖြတ်ခဲ့ ကြပါတယ်။ အပြတ်အသတ် ထောက် ခံမဲ နဲ့ အတည်ပြုခဲ့တဲ့ အဲဒီ ဆုံးဖြတ်ချက် အရ အဖွဲ့ဝင် မဟုတ်တဲ့ လေ့လာသူ နိုင်ငံတွေ အနေနဲ့ ပါလက် စတိုင်းနဲ့ the Holy See နှစ်နိုင်ငံရဲ့ အလံတွေကို တခြားအဖွဲ့ဝင် နိုင်ငံတွေရဲ့ အလံတွေနဲ့ အတူ ယှဉ်တွဲ လွှင့်ထူခွင့် ရတော့မှာ ဖြစ်ပါတယ်။

အစ္စရေးလုပ် မြန်နှုန်းမြင့် ကြားဖြတ်တိုက်ခိုက်ရေး ရေယာဉ်ကို တပ်ချုပ် စီးနင်းလေ့လာ


နှစ်ပေါင်း ၆၀ အတွင်း အစ္စရေးနိုင်ငံသို့ တပ်မတော်အကြီးအကဲတစ်ဦး၏ ပထမဆုံးခရီးစဉ်အဖြစ် ရောက် ရှိနေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာ့တပ်မတော် (ရေ)အတွက် မှာယူထားသည့် မြန်နှုန်းမြင့်ကင်း လှည့်ကြားဖြတ်တိုက်ခိုက်ရေးရေယာဉ် Super Dvora Mark III ကို Ashdod ရေတပ်စခန်းဌာနချုပ် (Ashdod Naval Base) တွင် စက်တင်ဘာ ၈ ရက်က လိုက်ပါစီးနင်း ခဲ့ကြောင်း ၎င်း၏ လူမှုကွန်ရက်စာ မျက်နှာ၌ ဖော်ပြထားသည်။

ကယားတွင် အမတ်လောင်းအချို့ စည်းရုံးရေး ဖိလုပ်နေသည့်အကွက် ကြိုမြင်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


မဲဆန္ဒနယ် ဧရိယာကျဉ်းသဖြင့် ကယားပြည်နယ်တွင် အမတ်လောင်းအချို့ စည်းရုံးရေး ဖိလုပ်နေသည့် အကွက်ကို ကြိုမြင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား သည်။

SNLD ကိုယ်စားလှယ်လောင်း စိုင်းအောင်မြင့်ဦးနှင့် တွေ့ဆုံခြင်း


ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရှမ်းတိုင်းရင်းသားများ ဒီမို ကရေစီအဖွဲ့ချုပ် (SNLD) မှ ဝင်ရောက်ယှဉ်ပြိုင်မည့် အမတ်လောင်းမှာ စိုင်းအောင်မြင့်ဦး ဖြစ်သည်။ စိုင်းအောင်မြင့်ဦး ဝင်ရောက်ယှဉ်ပြိုင်မည့် ဝိုင်းမော်မြို့နယ် သည် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် အစိုးရတပ်များအကြား တိုက်ပွဲဖြစ်ပွားနေသည့် နေရာတခုလည်း ဖြစ်သည်။

ဘန်ကောက်ဗုံးခွဲမှု ကြိုးကိုင်သူ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးနိုင်ဟု ထိုင်းရဲတပ်ဖွဲပြော


ဘန်ကောက်ဗုံးခွဲမှု နောက်ကွယ်မှ ကြိုးကိုင်သူဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးသွားပြီဟု ယုံကြည် တဲ့ အတွက် နိုင်ငံတကာရဲတပ်ဖွဲ့(အင်တာပိုလ်)ကို အကူအညီတောင်းကာ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များ ထံမေး မြန်းထား ကြောင်း ထိုင်းရဲတပ်ဖွဲ့ ပြောဆိုချက်ကို ကိုးကား၍ Bangkok Post သတင်းက ဆိုပါတယ်။

တသီးပုဂ္ဂလ ဝင်ပြိုင်တဲ့ ပါတီဝင်တွေကို အရေးယူမယ်လို့ NLD ပြော


NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကနေ နှုတ်ထွက်ခြင်း မရှိဘဲ လာမယ့် ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ရင် ပါတီတွင်း စည်းကမ်းနဲ့ အရေးယူမယ်လို့ NLD ပါတီ ဗဟို ရွေး ကောက်ပွဲ အောင်နိုင်ရေး အဖွဲ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလောင်းသူရ ဦးရွှေမန်း သူ့၏ ဇာတိ ဖြူးမြို့နယ်၌ မဲဆွယ်စည်းရုံးရေး ဆင်း



ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အစ္စရေး ခရီးစဉ်



အိုင်အက်စ်တို့ ဖမ်းဆီးထားသော ဓားစာခံအတွက် ရွေးကြေးပေးမည် မဟုတ်ဟု နော်ဝေပြောကြား


ဇန်န၀ါရီလကတည်းက ဆီးရီးယားတွင် ဓားစာခံအဖြစ် အဖမ်းဆီးခံထားခဲ့ရ သည့် နော်ဝေနိုင်ငံသား အမျိုးသားတစ် ယောက်မှာ အိုင်အက်စ်အကြမ်းဖက် သမားများ၏ လက်ထဲတွင်ရှိနေဆဲဟု ယုံကြည်ရကြောင်းနှင့် ပြန်လွှတ်ပေး ရန် အတွက် အိုင်အက်စ်တို့၏ ရွေးကြေးတောင်းဆိုမှုကိုလည်း အလျှော့ပေး သွားမည်မဟုတ်ကြောင်း ၀န်ကြီးချုပ် အာနာ ဆိုးဘာ့က စက်တင်ဘာ ၉ရက်နေ့တွင် ပြောကြားခဲ့သည်။

ဘဝမှာအမဲစက်မရှိခဲ့ဆိုသူ ဦးမြတ်ဟိန်း နိုင်နိုင်ရှုံးရှုံး ဒေသအကျိုး ဆောင်ရွက်မည်ဟု ကတိပြုမဲဆွယ်



ရခိုင်တွင် ရေဘေးကြောင့် ရွေးကောက်ပွဲကို စိတ်ဝင်စားမှု နည်း


ရခိုင်ပြည်နယ်အတွင်း ရခိုင်အမျိုးသားပါတီတခုလောက်ပဲ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေ လုပ်နေပြီး ဒေသခံလူထုကတော့ ရေဘေးကြောင့် ရွေးကောက်ပွဲကို စိတ်ဝင်စားမှုနည်းနေသေးတယ်လို့ ပါတီကိုယ်စား လှယ်လောင်းတွေက ပြောပါတယ်။

ကိုးကန့် ၊ တအာင်း၊ ရခိုင်တပ်ဖွဲ့များ ပိုမိုပူးပေါင်းဆောင်ရွက်ရန်သဘောတူ


ရခိုင့်တပ်မတော်၊ ကိုးကန့်တပ်ဖွဲ့ (မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်ဖွဲ့) နဲ့ တအာင်းပလောင် လွတ်မြောက်ရေးတပ်ဦး ၃ ဖွဲ့ရဲ့ ၂ ရက်ကြာ မဟာမိတ်ထိပ်သီးအစည်းအဝေးမှာ နိုင်ငံရေး၊ စစ်ရေး ပိုမို ပူးပေါင်းဆောင် ရွက်ဖို့ သဘောတူညီခဲ့ပါတယ်။

ဧရာဝတီမြစ်ရေ ပြန်တက်လာသဖြင့် စပါးစိုက်ခင်းအချို့ နှစ်ခါပြန်ရေမြုပ်


ပြီးခဲ့သည့် ရေကြီးကာ လရေနစ်မြုပ်ခဲ့သော လယ်ယာ မြေများကို ကိုယ့်စရိတ်ဖြင့် ကိုယ်ပြန်လည်  စိုက်ပျိုး ခဲ့ပြီး  ယခုသုံးလေးရက်အတွင်း မြစ်ရေပြန် တက်လာခြင်းကြောင့် စပါးခင်းအချို့ နှစ်ခါ ပြန်ရေမြုပ်ခဲ့ ကြောင်း သတင်းရရှိသည်။

လာမည့် ရွေးကောက်ပွဲ၏ အဓိကပြဿနာများ


မြန်မာနိုင်ငံတွင် အနှစ်ငါးဆယ်ကျော်မှ ပြောစမှတ်တွင်စရာ ဖြစ်လာမည့် နိုဝင်ဘာ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးလှုပ်ရှားမှုများကို စက်တင်ဘာ ၈ ရက်၌ စတင်လိုက်ပြီ ဖြစ်ပါသည်။ မြန်မာနိုင်ငံကို သက်တမ်းကြာရှည်စွာ အုပ်ချုပ်ခဲ့သူ စစ်ခေါင်း ဆောင်များက အရပ်သားအစိုးရ တစ်ရပ်ကို အာဏာပေးခဲ့ သည်မှာ လေးနှစ်ကျော်ကြာပြီ ဖြစ်ပါ သည်။ 

ပြည်နယ်တွေမှာ NLD ဝင်ပြိုင်တာ တိုင်းရင်းသား အကျိုး အတွက်


တိုင်းရင်းသားဒေသတွေမှာ NLD ၀င်ရောက်ယှဉ်ပြိုင်တာဟာ ဗဟိုအစိုးရတရပ်အနေနဲ့ တိုင်းရင်းသား အခွင့်အရေးအပြည့်အဝ ကာကွယ်ပေးဖို့ အတွက်ဖြစ်တယ်လို့ ကယားပြည်နယ် စည်းရုံးရေး ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် ကပြောဆို လိုက်ပါတယ်။ 

ဆီးရီးယား ဒုက္ခသည် တသောင်း ကန် လက်ခံမည်


ဆီးရီးယားနိုင်ငံက အကြမ်းဖက်မှုတွေကြောင့်ထွက်ပြေးလာကြတဲ့ ဒုက္ခသည်အနည်းဆုံး ၁ သောင်းလောက် ကို လာမယ့်နှစ်အတွင်းမှာ လက်ခံသွားမှာဖြစ် သလို၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကိုလည်း တိုးမြှင့်ပေးအပ် သွားမှာဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စုက ကြာသပတေးနေ့မှာ ပြောဆိုလိုက်ပါ တယ်။

မြန်မာသင်္ဘောသား ပါရှိတဲ့ မလေးရှား သင်္ဘောပြန်ပေးဆွဲ ခံရတာဖြစ်နိုင်


ပျောက်ဆုံးနေတာ တပတ်ကြာလာနေပြီး ပင်လယ်ဓားပြတွေပေါတဲ့ တောင်တရုတ် ပင်လယ်ပြင်မှာ ပြန် ပေးဆွဲခံရတာ ဖြစ်နိုင်တယ်လို့ စိုးရိမ်နေရတဲ့ ကုန်တင်သင်္ဘောတစင်းကို မလေးရှားအာဏာပိုင်တွေ မနေ့ ကြာသ ပတေးနေ့က လိုက်လံရှာဖွေနေကြပါတယ်။

နယ်သာလန် လူ့အခွင့်အရေးဆု ဆန်ခါတင် စာရင်းထဲ ဖြိုးဖြိုးအောင် ပါဝင်


၂၀၁၅ခုနှစ်အတွက် နယ်သာလန် နိုင်ငံခြားရေး ဝန်ကြီးက ပေးအပ်တဲ့ Human Rights Tulip ဆု ရွေးချယ် ခံရတဲ့ ဆန်ခါတင်စာရင်းထဲမှာ မြန်မာနိုင်ငံက ဖမ်းဆီးခံ ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်လည်း ပါဝင်ပါတယ်။ အခုပေးအပ်တဲ့ဆုဟာ ဘယ်လောက်ထိ အရေးပါပြီး မဖြိုးဖြိုးအောင်ကို ဘာကြောင့် အမည် စာရင်း တင်သွင်းရသလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ ရှားဖောင်က စုစည်း တင်ပြပေးပါ့မယ်။

သြစတြီးယားနဲ့ ဟန်ဂေရီထဲ ဒုက္ခသည် အမြောက်အများ ၀င်ရောက်


သြစတြီးယားနဲ့ ဟန်ဂေရီနိုင်ငံ ၂ နိုင်ငံစလုံးရဲ့ နယ်စပ်တွေကို ညတွင်းချင်းပဲ ကျော်ဖြတ်လာတဲ့ ဒုက္ခသည် တွေဟာ သိပ်ကိုများနေပြီး ဒါဟာ ရွှေ့ပြောင်း ဒုက္ခသည် ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ ဥရောပနိုင်ငံတွေထဲ က ကနဦးနိုင်ငံ တွေဆီ ဝင်ရောက်လာတဲ့ ဒုက္ခသည်အရေအတွက် အများဆုံးအဖြစ် စံတင်သွားပါတယ်။

ဂျပန်ရေကြီးမှု အရေးပေါ် ကယ်ဆယ်ရေး များ ဆောင် ရွက်နေ


ဂျပန်နိုင်ငံအလယ်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာ ပြင်းထန်တဲ့ မိုးရွာသွန်းမှုကြောင့် ဒီကနေ့ ကြာသပတေး နေ့မှာ ဂျပန်အာဏာပိုင်တွေက လူထောင်နဲ့ ချီပြီး ဘေးလွတ် ရာပြောင်းရွှေ့စေခဲ့ပါတယ်။ အချိန်မှီမပြေးနိုင် ပဲ ပိတ်မိနေသူတွေ ကိုလည်း အပူတပြင်း ကယ်ဆယ်ပေးနေပါ တယ်။ အဆိုးဆုံး ခံရတဲ့နေရာကတော့ တိုကျိမြို့တော် အရှေ့မြောက်ဘက် ကီလီုတာ ၅၀ လောက်အကွာက Joso မြို့ ဖြစ်ပါတယ်။

My Blog List