Thursday, January 09, 2014
ဗြိတိန်နိုင်ငံ အခြေစိုက် စီးပွားရေးဆိုင်ရာ သုတေသနနှင့် အကြံပေး အဖွဲ့အစည်း တစ်ခုဖြစ်သည့် Maplecroft အဖွဲ့အစည်းက ထုတ်ပြန်သည့် ၂၀၁၄ ခုနှစ်အတွက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် အကောင်းဆုံး နိုင်ငံများ စာရင်းတွင် မြန်မာ ပါဝင်သည်ဟု ဇန်နဝါရီလ ၈ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့သည်။
၂၀၁၄ ခုနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး၊ ကုန်သွယ်ရေး လုပ်ငန်းများ ပိုမို အရှိန်မြှင့်နိုင်ရန် အတွက် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပတ်ဝန်းကျင်ကောင်း တစ်ရပ်ကို မြန်မာအစိုးရက အကောင်းဆုံး ဖန်တီးပေးနိုင်ခဲ့ကြောင်း ယင်းအဖွဲ့အစည်းက ထုတ်ပြန် ကြေညာထားသည်။