Thursday, January 23, 2020

တိုင်းအစိုးရနှင့် မြို့တော်စည်ပင် လုပ်ထုံးလုပ်နည်း မှားယွင်းမှုများ ပြန်လည်ပြုပြင်သင့်


Image may contain: 1 person, sitting and indoor
ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီတို့၏ ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ လုပ်ထုံးလုပ် နည်း မှားယွင်းမှုများကို ပြန်လည်ပြုပြင် သင့်ကြောင်း တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ပြော ကြားသည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ဇန်န ဝါရီ ၂၂ ရက် နံနက် ၁၀ နာရီတွင် ကျင်းပ ခဲ့ရာ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာရေးနှစ် စာရင်းစစ်ချုပ် အစီရင်ခံစာအပေါ် ပြည် သူ့ငွေစာရင်းကော်မတီ၏ လေ့လာ တွေ့ ရှိချက် သဘောထား မှတ်ချက်အစီရင် ခံစာနှင့်ပတ်သက်၍ ဆွေးနွေးစဉ် လွှတ် တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ထည့်သွင်း အကြံပြု ပြောကြားခဲ့ခြင်းဖြစ် သည်။

ကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်း ဆွေးနွေးရာတွင် အစိုးရက ပြည်သူ့ဘဏ္ဍာ ငွေ သုံးစွဲမှုအခြေအနေ၊ ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းမလိုက်နာမှုကြောင့် ပြည်သူ့ဘဏ္ဍာငွေ ဆုံးရှုံးနစ်နာမှုများကို အဓိကထားတင်ပြခဲ့ပြီး ဝန်ကြီးများရုံး မြေနေရာကို အနော်မာအနုပညာအဖွဲ့ကုမ္ပဏီလီမိတက်အား အထူးအခွင့်အရေးပေးကာ BOT စနစ်ဖြင့် အငှားချထားခြင်းသည် လုပ်ထုံးလုပ်နည်းများ မှားယွင်းနေခြင်းဖြစ်ပြီး နိုင်ငံတော်ရငွေများ နစ်နာဆုံးရှုံးနေရကြောင်း၊ ကျပ်ဘီလီယံ ၃၀ သုံးစွဲကာLimited တင်ဒါခေါ်ယူကာ ဝယ်ယူခဲ့သည့် ၂၅ မဂ္ဂါဝပ်မီးစက်ကိစ္စသည်လည်း လုပ်ထုံးလုပ်နည်းများကို ချိုးဖောက်၍ တစ်ဦးတစ်ယောက်ကို အခွင့်အရေးပေးခြင်းသည် ပြည်သူ့ ဘဏ္ဍာငွေ ဆုံးရှုံးနစ်နာမှုရှိကြောင်း ထောက်ပြခဲ့သည်။

"ကျွန်မတို့ဟာ မိမိတို့ အစိုးရရဲ့ ဆောင်ရွက်ချက်တွေကိုဒါတွေကိုသတိပြု သင့်ပါတယ်လို့ ဒီနေရာကနေ တင်ပြလိုခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ လုပ်ထုံးလုပ်နည်း မှားယွင်းတာတွေကို ပြန်လည် ပြုပြင်သင့်ပါတယ်"ဟု ဒေါ်စန္ဒာမင်းက ပြောဆိုသည်။

ထို့ပြင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ဌာနအဖွဲ့အစည်းများသည် ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းအရ ၎င်းတို့၏ လုပ်ငန်းဆောင် ရွက်မှုများအား စီမံကြီးကြပ်ခြင်းနှင့်ငွေေကြးဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာ ဥပဒေနှင့်အညီ ဖြစ်စေရန် ဌာနတွင်း စာရင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဌာနတွင်းစာရင်းစစ်များ၏ စစ်ဆေးတွေ့ရှိချက်များကိုသက်ဆိုင်ရာ ဌာနအဖွဲ့အစည်း အကြီးအကဲများသို့ တင်ပြခြင်းများပြုလုပ်မှသာ သက်ဆိုင်ရာဌာန အကြီးအကဲများကလည်း မိမိဌာနအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်ချက် အခြေအနေမှန်များကို သိရှိနိုင်မည်ဖြစ်ပြီး စာရင်းစစ်ချုပ်၏ သီခြားစစ်ဆေး တွေ့ရှချက်များနှင့် ပေါင်းစပ်ညှိနှိုင်းနိုင်မည် ဖြစ်ကြောင်း လုပ်ထုံးလုပ်နည်းမှားယွင်းမှုကြောင့် နိုင်ငံတော်ဘဏ္ဍာ ဆုံးရှုံးနစ်နာပြီဆိုလျှင်လည်းအဂတိမြောက်ကြောင်း အင်းစိန် BPI စက်ရုံမှူးအမှုကို နမူနာယူသင့်ကြောင်းကိုလည်း ဒေါ်စန္ဒာမင်းက ထည့်သွင်းအကြံပြုခဲ့သည်။

ဆက်လက်၍ဘီလီလံ၂၀ အကုန်အကျခံ တည်ဆောက်နေသော်လည်း အရည်အသွေး ကြီးကြပ်စစ်ဆေးရေး ကော်မတီကလုပ်ငန်းလွှဲပြောင်း လက်ခံနိုင်မှု မရှိသေးသည့် ခေတ်မီ မီးပွိုင့်စက်များ တပ်ဆင်ခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ၁၀၀ ရာခိုင်နှုန်း ငွေအပြီး ပေးချေလိုက်ခြင်းသည် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းကိုမလိုက်နာသည့်အပြင် ပြည်သူ့ ဘဏ္ဍာငွေသာ ဆုံးရှုံးနစ်နာမှု ဖြစ်ရကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရင်းနှီးထည့်ဝင်ထားသော YBS ကုမ္ပဏီ နှစ်ခုမှာ ယာဉ်၊ စက်ပစ္စည်းဆိုလျှင် ၂၀ရာခိုင်နှုန်းနှင့် ငါးနှစ် တန်ဖိုးလျှော့ပြရမည်ဖြစ်၍ ငါးနှစ် သက်တမ်းကုန်ဆုံးပြီးချိန်တွင် ယင်းကုမ္ပဏီနှစ်ခုမှာ အမြတ်ရရမည်ဟု ဒေါ်စန္ဒာမင်းက ပြောကြားခဲ့ သည်။

"ကျပ်သန်းပေါင်း ၅၄ ဘီလီယံ ရင်းနှီးမြှုပ်နှံဖို့ တောင်းခံထားသော်လည်း မူလလုပ်ငန်းရည်ရွယ်ချက်တွေ ပျောက်ကွယ်သွားတယ်။ မည်သည့်စီမံကိန်းကိုမှ အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်းမရှိဘဲနဲ့ ၅၄ဘီလီယံကနေပြီးတော့ အတိုးရ ငွေတွေကို ရန်ကုန်မက်ထရိုပိုလီတန်ကုမ္ပဏီက စိတ်ကြိုက်သုံးစွဲနေခြင်းဟာ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းတွေရဲ့ ငွေလုံး ငွေရင်းအသုံးစရိတ်များ သုံးစွဲဖို့အတွက် ပြဋ္ဌာန်းထားတဲ့ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများတွေမှာ ရန်ပုံငွေ လွှဲပြောင်း သုံးစွဲခြင်းကိစ္စများ၏ ခေါင်းစဉ် ပြောင်းလဲသုံးစွဲခြင်း ကိစ္စများအတွက် ပြဋ္ဌာန်းထားချက်တွေနဲ့ သွေဖည် နေခြင်းဖြစ်ပါတယ်"ဟု ဒေါ်စန္ဒာမင်းကလွှတ်တော်သို့ တင်ပြခဲ့သည်။

ငွေပင်လယ် ကုန်းတွင်းဆိပ်ကမ်းစီမံကိန်းသည် မြေသိမ်းဆည်းခံပြည်သူများက ၂၀ အချိုး ၈၀ ကို လက်မခံသေးသည့်စီမံကိန်းတစ်ခု ဖြစ်သော်လည်း ထိုစီမံကိန်းအတွက် ၉၆ ဒသမ၄၀ သန်း သုံးစွဲထားခြင်းသည် ပြည်သူ့ဘဏ္ဍာငွေ နစ်နာဆုံးရှုံးမှုဖြစ်နေသကဲ့သို့ မြေပြင်တွင် ပိုင်ဆိုင်မှု အငြင်းပွားမှု ဖြစ်နေသည့်ဆူးလေဘုရားလမ်းရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနရုံးဟောင်းပြုပြင်ခြင်း လုပ်ငန်းအတွက် ငွေကျပ် ၁၉၂ ဒသမ ၃၆၃သန်း သုံးစွဲထားမှု၊ ရန်ကုန်မြို့သစ်စီမံကိန်းအတွက် တိုင်းအစိုးရမတည်ငွေ ၁၀ဘီလီယံ မှ NYDC က ၁၂ ဒသမ ၃၈ ရာခိုင်နှုန်းသုံးစွဲမှုတို့သည်လည်း ပြည်သူ့ဘဏ္ဍာငွေ နစ်နာဆုံးရှုံးမှုများဖြစ်ကြောင်း ဒေါ်စန္ဒာမင်းက ထည့်သွင်း ဆွေးနွေးခဲ့သည်။

သတင်း - နောင်လေး
(Unicode Version)

တိုင်းအစိုးရနှင့် မြို့တော်စည်ပင် လုပ်ထုံးလုပ်နည်း မှားယွင်းမှုများ ပြန်လည်ပြုပြင်သင်

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီတို့၏ ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ လုပ်ထုံးလုပ် နည်း မှားယွင်းမှုများကို ပြန်လည်ပြုပြင် သင့်ကြောင်း တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ပြော ကြားသည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ဇန်န ဝါရီ ၂၂ ရက် နံနက် ၁၀ နာရီတွင် ကျင်းပ ခဲ့ရာ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာရေးနှစ် စာရင်းစစ်ချုပ် အစီရင်ခံစာအပေါ် ပြည် သူ့ငွေစာရင်းကော်မတီ၏ လေ့လာ တွေ့ ရှိချက် သဘောထား မှတ်ချက်အစီရင် ခံစာနှင့်ပတ်သက်၍ ဆွေးနွေးစဉ် လွှတ် တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ထည့်သွင်း အကြံပြု ပြောကြားခဲ့ခြင်းဖြစ် သည်။

ကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်း ဆွေးနွေးရာတွင် အစိုးရက ပြည်သူ့ဘဏ္ဍာ ငွေ သုံးစွဲမှုအခြေအနေ၊ ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းမလိုက်နာမှုကြောင့် ပြည်သူ့ဘဏ္ဍာငွေ ဆုံးရှုံးနစ်နာမှုများကို အဓိကထားတင်ပြခဲ့ပြီး ဝန်ကြီးများရုံး မြေနေရာကို အနော်မာအနုပညာအဖွဲ့ကုမ္ပဏီလီမိတက်အား အထူးအခွင့်အရေးပေးကာ BOT စနစ်ဖြင့် အငှားချထားခြင်းသည် လုပ်ထုံးလုပ်နည်းများ မှားယွင်းနေခြင်းဖြစ်ပြီး နိုင်ငံတော်ရငွေများ နစ်နာဆုံးရှုံးနေရကြောင်း၊ ကျပ်ဘီလီယံ ၃၀ သုံးစွဲကာLimited တင်ဒါခေါ်ယူကာ ဝယ်ယူခဲ့သည့် ၂၅ မဂ္ဂါဝပ်မီးစက်ကိစ္စသည်လည်း လုပ်ထုံးလုပ်နည်းများကို ချိုးဖောက်၍ တစ်ဦးတစ်ယောက်ကို အခွင့်အရေးပေးခြင်းသည် ပြည်သူ့ ဘဏ္ဍာငွေ ဆုံးရှုံးနစ်နာမှုရှိကြောင်း ထောက်ပြခဲ့သည်။

"ကျွန်မတို့ဟာ မိမိတို့ အစိုးရရဲ့ ဆောင်ရွက်ချက်တွေကိုဒါတွေကိုသတိပြု သင့်ပါတယ်လို့ ဒီနေရာကနေ တင်ပြလိုခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ လုပ်ထုံးလုပ်နည်း မှားယွင်းတာတွေကို ပြန်လည် ပြုပြင်သင့်ပါတယ်"ဟု ဒေါ်စန္ဒာမင်းက ပြောဆိုသည်။

ထို့ပြင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ဌာနအဖွဲ့အစည်းများသည် ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းအရ ၎င်းတို့၏ လုပ်ငန်းဆောင် ရွက်မှုများအား စီမံကြီးကြပ်ခြင်းနှင့်ငွေကြေးဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာ ဥပဒေနှင့်အညီ ဖြစ်စေရန် ဌာနတွင်း စာရင်းစစ်ဆေးခြင်းလုပ်ငန်းမြား ဆောငျရှကျခွငျး၊ ဌာနတှငျးစာရငျးစစျမြား၏ စစျဆေးတှေ့ရှိခကြျမြားကိုသက်ဆိုင်ရာ ဌာနအဖွဲ့အစည်း အကြီးအကဲများသို့ တင်ပြခြင်းများပြုလုပ်မှသာ သက်ဆိုင်ရာဌာန အကြီးအကဲများကလည်း မိမိဌာနအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်ချက် အခြေအနေမှန်များကို သိရှိနိုင်မည်ဖြစ်ပြီး စာရင်းစစ်ချုပ်၏ သီခြားစစ်ဆေး တွေ့ရှချက်များနှင့် ပေါင်းစပ်ညှိနှိုင်းနိုင်မည် ဖြစ်ကြောင်း လုပ်ထုံးလုပ်နည်းမှားယွင်းမှုကြောင့် နိုင်ငံတော်ဘဏ္ဍာ ဆုံးရှုံးနစ်နာပြီဆိုလျှင်လည်းအဂတိမြောက်ကြောင်း အင်းစိန် BPI စက်ရုံမှူးအမှုကို နမူနာယူသင့်ကြောင်းကိုလည်း ဒေါ်စန္ဒာမင်းက ထည့်သွင်းအကြံပြုခဲ့သည်။

ဆက်လက်၍ဘီလီလံ၂၀ အကုန်အကျခံ တည်ဆောက်နေသော်လည်း အရည်အသွေး ကြီးကြပ်စစ်ဆေးရေး ကော်မတီကလုပ်ငန်းလွှဲပြောင်း လက်ခံနိုင်မှု မရှိသေးသည့် ခေတ်မီ မီးပွိုင့်စက်များ တပ်ဆင်ခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ၁၀၀ ရာခိုင်နှုန်း ငွေအပြီး ပေးချေလိုက်ခြင်းသည် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းကိုမလိုက်နာသည့်အပြင် ပြည်သူ့ ဘဏ္ဍာငွေသာ ဆုံးရှုံးနစ်နာမှု ဖြစ်ရကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရင်းနှီးထည့်ဝင်ထားသော YBS ကုမ္ပဏီ နှစ်ခုမှာ ယာဉ်၊ စက်ပစ္စည်းဆိုလျှင် ၂၀ရာခိုင်နှုန်းနှင့် ငါးနှစ် တန်ဖိုးလျှော့ပြရမည်ဖြစ်၍ ငါးနှစ် သက်တမ်းကုန်ဆုံးပြီးချိန်တွင် ယင်းကုမ္ပဏီနှစ်ခုမှာ အမြတ်ရရမည်ဟု ဒေါ်စန္ဒာမင်းက ပြောကြားခဲ့ သည်။

"ကျပ်သန်းပေါင်း ၅၄ ဘီလီယံ ရင်းနှီးမြှုပ်နှံဖို့ တောင်းခံထားသော်လည်း မူလလုပ်ငန်းရည်ရွယ်ချက်တွေ ပျောက်ကွယ်သွားတယ်။ မည်သည့်စီမံကိန်းကိုမှ အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်းမရှိဘဲနဲ့ ၅၄ဘီလီယံကနပွေီးတော့ အတိုးရ ငှတှေကေို ရနျကုနျမကျထရိုပိုလီတနျကုမ်ပဏီက စိတ်ကြိုက်သုံးစွဲနေခြင်းဟာ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းတွေရဲ့ ငွေလုံး ငွေရင်းအသုံးစရိတ်များ သုံးစွဲဖို့အတွက် ပြဋ္ဌာန်းထားတဲ့ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများတွေမှာ ရန်ပုံငွေ လွှဲပြောင်း သုံးစွဲခြင်းကိစ္စများ၏ ခေါင်းစဉ် ပြောင်းလဲသုံးစွဲခြင်း ကိစ္စများအတွက် ပြဋ္ဌာန်းထားချက်တွေနဲ့ သွေဖည် နေခြင်းဖြစ်ပါတယ်"ဟု ဒေါ်စန္ဒာမင်းကလွှတ်တော်သို့ တင်ပြခဲ့သည်။

ငွေပင်လယ် ကုန်းတွင်းဆိပ်ကမ်းစီမံကိန်းသည် မြေသိမ်းဆည်းခံပြည်သူများက ၂၀ အချိုး ၈၀ ကို လက်မခံသေးသည့်စီမံကိန်းတစ်ခု ဖြစ်သော်လည်း ထိုစီမံကိန်းအတွက် ၉၆ ဒသမ၄၀ သန်း သုံးစွဲထားခြင်းသည် ပြည်သူ့ဘဏ္ဍာငွေ နစ်နာဆုံးရှုံးမှုဖြစ်နေသကဲ့သို့ မြေပြင်တွင် ပိုင်ဆိုင်မှု အငြင်းပွားမှု ဖြစ်နေသည့်ဆူးလေဘုရားလမ်းရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနရုံးဟောင်းပြုပြင်ခြင်း လုပ်ငန်းအတွက် ငွေကျပ် ၁၉၂ ဒသမ ၃၆၃သန်း သုံးစွဲထားမှု၊ ရန်ကုန်မြို့သစ်စီမံကိန်းအတွက် တိုင်းအစိုးရမတည်ငွေ ၁၀ဘီလီယံ မှ NYDC က ၁၂ ဒသမ ၃၈ ရာခိုင်နှုန်းသုံးစွဲမှုတို့သည်လည်း ပြည်သူ့ဘဏ္ဍာငွေ နစ်နာဆုံးရှုံးမှုများဖြစ်ကြောင်း ဒေါ်စန္ဒာမင်းက ထည့်သွင်း ဆွေးနွေးခဲ့သည်။

သတင်း - နောင်လေး

No comments:

Post a Comment

My Blog List