Friday, March 01, 2013

ပြည်ထောင်စုဖလားဖွင့်ပွဲ အခမ်းအနား စီမံမှုအချို့ဝေဖန်ခံရ

Photo: ပြည်ထောင်စုဖလားဖွင့်ပွဲ အခမ်းအနား စီမံမှုအချို့ဝေဖန်ခံရ
Friday, March 1, 2013

၂၇ ကြိမ်မြောက် ဆီးဂိမ်းစ်အကြို ပြိုင်ပွဲအဖြစ် ကျင်းပပြုလုပ်သော
ပြည်ထောင်စုဖလား ဖွင့်ပွဲအခမ်းအနားတွင် စီမံခန့်ခွဲမှု အချို့ကို ပရိသတ်များက ကျေနပ်မှုမရှိဘဲ ဝေဖန်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

“ကျမတို့ကို နေ့လည် ၃ နာရီကတည်းက ခေါ်ထားတယ်။ ဖွင့်ပွဲက
၅ နာရီမှ ဆိုပေမယ့် ပြန်ချင်တဲ့အချိန်လည်း ပြန်လို့မရဘူး။ အမိန့်
မရဘဲ မထွက်ရဘူးဆိုပြီး ဂိတ်ပေါက်တွေအားလုံး ပိတ်ထားတယ်”
ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ၀န်ထမ်း တစ်ဦးက ပြောကြားသည်။

ဖွင့်ပွဲအခမ်းအနား ကျင်းပသည့် ည ၈ နာရီဝန်းကျင်အချိန်ထိ ဂိတ်
တံခါးများ အားလုံး ပိတ်ထားပြီး အထက်မှ ခွန့်ပြုမိန့်မချမချင်း ပြင်ပ
သို့ ထွက်ခွင့်မပေးနိုင်ဟု လုံခြုံရေး ရဲဝန်ထမ်းများက ပြင်ပသို့ ထွက်ခွာချင်သည့် သူများကို ပြောကြားသည်ဟု သိရသည်။

မကွေးတိုင်း ကိုယ်စားပြုအဖြစ် လာရောက် ယှဉ်ပြိုင်နေသော အားကစားသမားတစ်ဦးက“ကျွန်တော်ဆို ထိုးပစ်ချင်နေတာ။
အခုထိလည်း ထမင်းမစားရသေးဘူး။ ဗိုက်တွေလည်း ဆာနေပြီ။ ထွက်ချင်တိုင်း ထွက်လို့မရလို့လေ” ဟု ပြောကြားသည်။

ပရိသတ်တစ်ဦးက “နိုင်ငံခြားသားတွေလည်း ထွက်ခွင့်မရလို့
ဂိတ်ပေါက်မှာ ထိုင်စောင့်နေကြတယ်။ နိုင်ငံတကာကိုသာ အဲဒီအကြောင်းတွေ လိုက်ပြောရင် တကယ်ကို ရှက်စရာ ကောင်းမှာပဲ” ဟု ပြောကြားသည်။

ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခွင့်ပေးသော အချိန်တွင်လည်း နာမည်စာရင်း ပေးပြီမှသာ ထွက်ခွာခွင့်ပြုကြောင်း အဆိုပါ ဖွင့်ပွဲ အခမ်းအနားသို့ သွားရောက် သတင်းယူသော သတင်းထောက် တစ်ဦးက ပြောကြားသည်။

မီဒီယာသမားများကိုလည်း ခွဲခြားဆက်ဆံမှုရှိပြီး Sky Net, MRTV4, MNTV နှင့် အားကစားဝန်ကြီးဌာနမှ မှတ်တမ်းယူသော သူများကို
သာ ကွင်းအတွင်း ဓါတ်ပုံနှင့် ရုပ်သံ ရိုက်ကူးခွင့်ပြုကာ အခြားမီဒီယာ
များကို ကွင်းပြင်ပမှသာ ရိုက်ခွင့်ပြုခဲ့ကြောင်း သတင်းထောက် များက ပြောကြားသည်။

“ကျွန်တော့်ကို ကွင်းအတွင်းကနေ လာပြီး ခေါ်သွားတယ်။ ကွင်းထဲမှာ
Sky Net, MRTV4, MNTV နှင့် အားကစားဝန်ကြီးဌာနကပဲ ရိုက်ခွင့် ရှိတယ်လို့ ၂ ပွင့်နဲ့ ရဲဝန်ထမ်းက ပြောတယ်။ ဘာကြောင့်လဲလို့
ပြန်မေးတော့ လုံခြုံရေးကြောင့် မရိုက်ခိုင်းတာလို့ ပြောတယ်”ဟု အခမ်းအနားသို့ သတင်းရယူရန် သွားသော သတင်းထောက် တစ်ဦးက ပြောကြားသည်။

ပြည်ထောင်စုဖလား ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့
ညနေ ၅ နာရီအချိန်က စတင်းကျင်းပခဲ့ပြီး ပရိသတ် ၂ သောင်း ကျော် လာရောက် အားပေးကြကြောင်း သိရသည်။

ဟိန်းသူ

ဓာတ်ပုံ - ဟိန်းသူ
The Myanma Age၂၇ ကြိမ်မြောက် ဆီးဂိမ်းစ်အကြို ပြိုင်ပွဲအဖြစ် ကျင်းပပြုလုပ်သော
ပြည်ထောင်စုဖလား ဖွင့်ပွဲအခမ်းအနားတွင် စီမံခန့်ခွဲမှု အချို့ကို ပရိသတ်များက ကျေနပ်မှုမရှိဘဲ ဝေဖန်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။“ကျမတို့ကို နေ့လည် ၃ နာရီကတည်းက ခေါ်ထားတယ်။ ဖွင့်ပွဲက၅ နာရီ မှ ဆိုပေမယ့် ပြန်ချင်တဲ့အချိန်လည်း ပြန်လို့မရဘူး။ အမိန့်မရဘဲ မထွက်ရဘူးဆိုပြီး ဂိတ်ပေါက်တွေအားလုံး ပိတ်ထား တယ်”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ၀န်ထမ်း တစ်ဦး က ပြောကြားသည်။ ဖွင့်ပွဲအခမ်းအနား ကျင်းပသည့် ည ၈ နာရီဝန်းကျင်အချိန်ထိ ဂိတ်တံခါးများ အားလုံး ပိတ်ထားပြီး အထက်မှ ခွန့်ပြုမိန့်မချမချင်း ပြင်ပသို့ ထွက်ခွင့်မပေးနိုင်ဟု လုံခြုံရေး ရဲဝန်ထမ်းများ က ပြင်ပသို့ ထွက်ခွာချင်သည့် သူများကို ပြောကြားသည်ဟု သိရသည်။

အိန္ဒိယက မြန်မာနှင့် လမ်းတည်ဆောက်ရေး တိုးမြှင့်မည်

Photo: အိန္ဒိယက မြန်မာနှင့် လမ်းတည်ဆောက်ရေး တိုးမြှင့်မည်
Friday, March 1, 2013

အိန္ဒိယ က မြန်မာအပါအ၀င် အာဆီယံနိုင်ငံများနှင့် လွယ်ကူစွာ ဆက်သွယ်သွားလာနိုင်ရန် လမ်းပိုင်း တည်ဆောက်ရေးကို တိုးမြှင့် သွားမည်ဖြစ်ကြောင်း Express News Service တွင် ဖော်ပြထားသည်။ အိန္ဒိယ ဘဏ္ဍာရေး ၀န်ကြီး P Chidambaram က ဘတ်ဂျက် ဆိုင်ရာ မိန့်ခွန်းတခုတွင် အရှေ့မျှော်မူဝါဒအရ အာဆီယံ အပါအ၀င် အခြားအာရှနိုင်ငံများ နှင့် ဆက်သွယ်နိုင်ရန် မိမိတို့ နိုင်ငံ၏ အရှေ့မြောက်ပိုင်းဒေသ လမ်းများ၊ မြန်မာနှင့်ဆက်စပ် လမ်းများကို တိုးမြှင့်တည်ဆောက် ရန် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့နှင့် ညှိနှိုင်းထားကြောင်း ပြောသည်။

ဧရာဝတီ
အိန္ဒိယ က မြန်မာအပါအ၀င် အာဆီယံနိုင်ငံများနှင့် လွယ်ကူစွာ ဆက်သွယ်သွားလာနိုင်ရန် လမ်းပိုင်း တည်ဆောက်ရေးကို တိုးမြှင့် သွားမည်ဖြစ်ကြောင်း Express News Service တွင် ဖော်ပြထားသည်။ အိန္ဒိယ ဘဏ္ဍာရေး ၀န်ကြီး P Chidambaram က ဘတ်ဂျက် ဆိုင်ရာ မိန့်ခွန်းတခုတွင် အရှေ့မျှော် မူဝါဒအရ အာဆီယံ အပါအ၀င် အခြားအာရှနိုင်ငံများ နှင့် ဆက်သွယ်နိုင်ရန် မိမိတို့ နိုင်ငံ၏ အရှေ့မြောက် ပိုင်းဒေသ လမ်းများ၊ မြန်မာနှင့်ဆက်စပ် လမ်းများကို တိုးမြှင့်တည်ဆောက် ရန် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေး ဘဏ်တို့နှင့် ညှိနှိုင်းထားကြောင်း ပြောသည်။

ကျည်ကာကားနှင့် နောက်ဆုံးပေါ်ဇိမ်ခံကား ၀ယ်ယူရန်လွှတ်တော်မှ အတည်ပြု

Photo: ကျည်ကာကားနှင့် နောက်ဆုံးပေါ်ဇိမ်ခံကား ၀ယ်ယူရန်လွှတ်တော်မှ အတည်ပြု
Friday, March 1, 2013

ယနေ့ကျင်းပသော ပြည်ထောင်စု လွှတ်တော်တွင် ကျည်ကာကားနှင့် ဇိမ်ခံကား ဝယ်ရန် အတည်ပြုလိုက်ပြီ ဖြစ်ကြောင်းသိရသည်။

ကျည်ကာကားနှင့် စိမ်ခံကားဝယ်ယူရန် ၂၀၁၃ .၁၄ ဘဏ္ဍာနှစ်အတွက် အစိုးရတောင်းခံငွေမှ ၅၀ရာခိုင်နုန်း ဖြတ်တောက်ရန် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးမင်းဆွေမှ ပြောကြားခဲ့ပြီးလွှတ်တော်ကိုယ်စားလှယ် အချို့မှ လက်ခံ ခဲ့သော်လည်း ယနေ့တွင် အတည်ပြုလိုက်ပြီ ဖြစ်သည်။

ယင်းကားများဝယ်ယူရန် အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး
ဝန်ကြီးဌာန၏တင်ပြသည့် ဘတ်ဂျက်ငွေမှာ ၁၈၄၇၀.၅၀၄ မီလီယံဖြစ်သည်။

ah
Popular Myanmar News Journal
ယနေ့ကျင်းပသော ပြည်ထောင်စု လွှတ်တော်တွင် ကျည်ကာကားနှင့် ဇိမ်ခံကား ဝယ်ရန် အတည်ပြု လိုက်ပြီ ဖြစ်ကြောင်းသိရသည်။ကျည်ကာကားနှင့် စိမ်ခံကားဝယ်ယူရန် ၂၀၁၃ .၁၄ ဘဏ္ဍာနှစ်အတွက် အစိုးရတောင်းခံငွေမှ ၅၀ရာခိုင်နုန်း ဖြတ်တောက်ရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းဆွေမှ ပြော ကြားခဲ့ပြီးလွှတ်တော်ကိုယ်စားလှယ် အချို့မှ လက်ခံ ခဲ့သော်လည်း ယနေ့တွင် အတည်ပြု လိုက်ပြီ ဖြစ် သည်။
ယင်းကားများဝယ်ယူရန် အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏ တင်ပြသည့် ဘတ်ဂျက်ငွေမှာ ၁၈၄၇၀.၅၀၄ မီလီယံဖြစ်သည်။

ah
Popular Myanmar News Journal

နန်းခင်ဇေယျာအား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ သံတမန်ခန့်လိုက်ပြီ

Photo: နန်းခင်ဇေယျာအား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ သံတမန်ခန့်လိုက်ပြီ
Friday, March 1, 2013

ဆုများရှင် နန်းခင်ဇေယျာအား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ သံတမန်အဖြစ် ဖေဖော်ဝါရီ ၂၈ ရက်ညနေပိုင်းက ခန့်အပ်လိုက်ပြီ
ဖြစ်ကြောင်းသိရသည်။

ဘောလုံးအဖွဲ့ချုပ်က နန်းခင်ဇေယျာအား ဆီးဂိမ်းပြိုင်ပွဲပြီးသည်အထိ သံတမန်အဖြစ် တစ်နှစ်ခန့်အပ်လိုက်ခြင်းဖြစ်ပြီး၊ ၄င်းအနေဖြင့် မြန်မာအသင်း ဂျာစီအကျီဝတ်၍ ဆီးဂိမ်းတွင် ပရိသတ်နှင့် ဓာတ်ပုံရိုက်ပေးခြင်း၊ ကံစမ်းမဲအစီအစဉ်များတွင်ပါဝင်ပေးခြင်းများကို အခကြေးငွေမယူပဲ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူကပြောသည်။

"ဒီနေ့ညနေမှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ မီဒီယာဒါရိုက်တာ
ဦးစိုးမိုးက ညီမထံကိုဆက်သွယ်လာပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ သံတမန်အဖြစ် တာဝန်ယူပေးနိုင်၊ မပေးနိုင်ဆိုပြီး ဆက်သွယ်
အကြောင်းကြားလာခဲ့ပါတယ်။ ညီမအနေနဲ့ အဆိုပါကမ်းလှမ်းချက်
ကိုရရှိချိန်မှာပဲ ဂုဏ်ယူစွာနဲ့ လက်ခံခဲ့ပါတယ်။ ဘောလုံးအားကစား အပါအ၀င် မြန်မာနိုင်ငံအားကစား အဆင့်အတန်းမြင့်မားရေးအတွက် ကိုယ်တတ်နိုင်သလောက် ဆောင်ရွက်ပေးချင်နေတဲ့ ညီမအတွက်တော့ ဒီအခွင့်အရေးဟာ တကယ့်အဖိုးတန်အခွင့်အရေးဖြစ်တယ်လို့ ယုံကြည်ပါတယ်။

ညီမရဲ့ ပရိသတ်များဟာလည်း မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းကို အရှေ့တောင်အာရှပြိုင်ပွဲများတင်မက နိုင်ငံတကာပြိုင်ပွဲအရပ်ရပ်မှာပါ
အောင်မြင်မှု ရရှိစေချင်လိမ့်မယ်လို့ ညီမယုံကြည်ပါတယ်။

အနီးစပ်ဆုံးအနေနဲ့ ယခုကျင်းပတော့မယ့် AFC Challenge Cup ပြိုင်ပွဲမှာ နိုင်ငံတကာပြိုင်ဖက်များကို ညီမတို့ မြန်မာ့လက်ရွေးစင်
အသင်းဖြတ်ကျော်အနိုင်ရရှိဖို့အတွက် ၁၂ယောက်မြောက်ကစားသမား
အဖြစ် ကွင်းထဲအထိ ညီမနဲ့အတူ သွားရောက်အားပေးကြရအောင်နော်... " ဟု နန်းခင်ဇေယျာက သူ၏ facebook စာမျက်နှာတွင် ယမန်နေ့ ညနေပိုင်းက ရေးသားခဲ့သည်။

ဓာတ်ပုံ - Nang Khin Zay Yar Facebook
Popular Myanmar News Journalဆုများရှင်နန်းခင်ဇေယျာအား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ သံတမန် အဖြစ် ဖေဖော်ဝါရီ ၂၈ ရက်ညနေပိုင်းက ခန့်အပ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ ဘောလုံးအဖွဲ့ချုပ်က နန်းခင်ဇေယျာအား ဆီးဂိမ်းပြိုင်ပွဲပြီး သည်အထိသံတမန်အဖြစ်တစ်နှစ်ခန့်အပ်လိုက်ခြင်းဖြစ်ပြီး၊ ၄င်းအေ နြ ဖင့် မြန်မာအသင်း ဂျာစီအကျီဝတ်၍ ဆီးဂိမ်းတွင် ပရိ သတ်နှင့် ဓာတ်ပုံရိုက်ပေးခြင်း၊ ကံစမ်းမဲအစီအစဉ်များတွင်ပါဝင်ပေးခြင်းများကို အခကြေးငွေမယူပဲကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူကပြောသည်။

ဖုန်းကတ် ဈေးကျတော့မယ်လို့ သမ္မတ အာမခံ

Photo: ဖုန်းကတ် ဈေးကျတော့မယ်လို့ သမ္မတ အာမခံ
Friday, March 1, 2013

ရှေ့လထဲ မိုဘိုင်းဖုန်း ဆင်မ်ကတ် ဈေးချပေးနိုင်ဖို့ စီစဉ်နေပြီလို့ သမ္မတဦးသိန်းစိန်က ဒီကနေ့ ထုတ်လွှင့်တဲ့ သူ့ရဲ့ ရေဒီယို
မိန့်ခွန်းထဲမှာ ပြောသွားပါတယ်။

"မကြာခင် ကာလမှာ လက်ရှိ ဆက်သွယ်ရေး အခြေခံ အဆောက်အအုံ
များကို အခြေခံပြီး တိုးချဲ့ပေးနိုင်မယ့် မိုလ်ဘိုင်းဖုန်း အရေအတွက်ကို သက်သာတဲ့ ဈေးနှုန်းတစ်ရပ်နဲ့ လာမည့် ဧပြီလအတွင်းမှာ ရောင်းချပေး
နိုင်အောင် စီစဉ် ဆောင်ရွက်လျက် ရှိပါတယ်"

"သက်သာတဲ့ ဈေးနှုန်း" က ဘယ်လောက်လဲ ဆိုတာ သမ္မတ မိန့်ခွန်းထဲမှာ ထည့်မပြောသွားပါဘူး။

ရန်ကုန်မှာ GSM ဆင်မ်ကတ် တခု ပေါက်ဈေးက နှစ်သိန်း ဖြစ်ပါတယ်။

နှစ်သောင်းနဲ့ရောင်းမယ်လို့ သတင်းထွက်နေကြောင်း တချို့က ဆိုပါတယ်။ အဲဒါဆိုရင် ဈေး ဆယ်ဆ ကျသွားတဲ့ သဘောပါ။

ဆင်မ်ကတ် တခု နှစ်သောင်း ဆိုတာ ၀ယ်ချင်သူတွေဘက်က လတ်တလော ပေးချင်တဲ့ဈေးလည်း ဖြစ်နိုင်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ကတ်တခု ငါးထောင်နဲ့ရောင်းဖို့ စီစဉ်မယ်လို့ ကုမ္ပဏီတခုက အော်ချက် ထုတ်ဖူးပါတယ်။ ခုချိန်ထိတော့ ဖုန်းကတ်ဈေး ငါးထောင်အထိ ချပေးဖို့တော့ အရိပ်အယောင် မမြင်ရသေးပါ။

သို့သော်လည်း ဆက်သွယ်ရေးအတွက် ကြိုးစားနေပါတယ်လို့ သမ္မတဦးသိန်းစိန်က ပြောပါတယ်။

"ဆက်သွယ်ရေးကဏ္ဍကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စနစ်တကျ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ အစီအမံများ ထားရှိပြီး တစိုက်မတ်မတ် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ် ... ဒီစီမံကိန်းတွေဟာ လာမည့် တစ်နှစ်၊ နှစ်နှစ်အတွင်း အကောင်အထည်ပေါ်လာမှာ ဖြစ်ပါတယ်" လို့ ဦးသိန်းစိန်ရဲ့ ရေဒီယိုမိန့်ခွန်း ထုတ်လွှင့်ချက်မှာ ဖော်ပြထားပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ ကြံ့ခိုင်ရေးပါတီအစိုးရက ၂ နှစ်အတွင်း ဆင်မ်ကတ်ဈေး ကျပ်ထောင်ဂဏန်းဖြစ်အောင် လုပ်ပေးမယ် ဆိုရင် ကြံ့ခိုင်ရေးပါတီက ၂၀၁၅ ရွေးကောက်ပွဲမှာ ထောက်ခံမဲ အများအပြားရမယ်လို့ ယူဆရပါတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ဆင်မ်ကတ် တခု ပေါက်ဈေးက ကျပ် တထောင်ထက် မပိုပါ။

ဆင်းမ်ကတ် အခမဲ့ ဝေငှတာမျိုးကိုလည်း မကြာခဏ တွေ့ရပါတယ်။

ဧရာဝတီရှေ့လထဲ မိုဘိုင်းဖုန်း ဆင်မ်ကတ် ဈေးချပေးနိုင်ဖို့ စီစဉ်နေပြီလို့ သမ္မတ ဦးသိန်းစိန်က ဒီကနေ့ ထုတ်လွှင့်တဲ့ သူ့ရဲ့ ရေဒီယို မိန့်ခွန်း ထဲ မှာ ပြော သွားပါတယ်။
"မကြာခင် ကာလမှာ လက်ရှိ ဆက်သွယ်ရေး အခြေခံ အဆောက်အအုံ
များကို အခြေခံပြီး တိုးချဲ့ပေးနိုင်မယ့် မိုလ်ဘိုင်းဖုန်း အရေအတွက်ကို သက်သာတဲ့ ဈေးနှုန်းတစ်ရပ်နဲ့ လာမည့် ဧပြီလအတွင်း မှာ ရောင်း ချပေးနိုင်အောင် စီစဉ် ဆောင်ရွက်လျက် ရှိပါတယ်"

ရခိုင်ပြည်နယ်၊စစ်တွေမြို့တွင် အိုးမဲ့အိမ်မဲ့ ဒုက္ခသည်၎ဝဝဝကျော်အတွက် အိမ်အလုံး၆ဝဝကျော် တည်ဆောက်

Photo: ရခိုင်ပြည်နယ်၊စစ်တွေမြို့တွင် အိုးမဲ့အိမ်မဲ့ ဒုက္ခသည်၎ဝဝဝကျော်အတွက် အိမ်အလုံး၆ဝဝကျော် တည်ဆောက်
Friday, March 1, 2013
   
ရခိုင်ပြည်နယ်၊စစ်တွေမြို့တွင် အိုးမဲ့အိမ်မဲ့ ဒုက္ခသည်များအတွက် အိမ်အလုံးရေ၆ဝဝကျော်ကို ရခိုင်ပြည်နယ်အစိုးရနှင့် ပြည်ထောင်စု
အစိုးရတို့၏ ရံပုံငွေဖြင့် တည်ဆောက်ပေးနေကြောင်း ရခိုင်ပြည်နယ်
အစိုးရအဖွဲ့မှ သိရသည်။

''ပြည်ထောင်စုအစိုးရနဲ့ကျွန်တော်တို့အစိုးရအဖွဲ့ရဲ့ရံပုံငွေနဲ့ဆောက်ပေးနေတာ ဖြစ်ပါတယ်။လွန်ခဲတဲ့ တစ်လလောက်က ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေကို တင်ဒါခေါ်ပြီး ဆောက်နေတာပါ။တချို့တစ်ဝက်ကတော့ ပြီးနေပြီ။မြေရောအိမ်ရောကို အပိုင်ပေးတာဆိုပေမယ့် ရောင်းစားခွင့်တော့ မရှိပါဘူး'' ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊သတင်းထုတ်ပြန်ရေးနှင့် စာတမ်းပြုစုရေး ဆပ်ကော်မတီမှ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောပါသည်။
    
ရခိုင်ပြည်နယ်အတွင်း မောင်တော၊မြောက်ဦး၊မင်းပြား၊ရသေ့တောင်၊
ရမ်းဗြဲ၊ပေါက်တောနှင့် ကျောက်တော်မြို့နယ်များတွင် အကြမ်းဖက်မှုကြောင့် မီးလောင်ပျက်စီးခဲ့သည့် နေအိမ်များကိုသာ ပြန်လည် တည်ဆောက်
ပေးနေခြင်းဖြစ်သည်ဟု သိရသည်။

ရခိုင်ပြည်နယ်၊စစ်တွေမြို့အတွင်း အကြမ်းဖက်မှုများကြောင့် နေအိမ်များ မီးလောင်ပျက်စီးခဲ့သည့် အိုးမဲ့အိမ်မဲ့ ဒုက္ခသည် ၄ဝဝဝကျော်အတွက် အိမ်အလုံးရေ ၆၆၉လုံးကို တည်ဆောက်ပေးနေခြင်းဖြစ်ပြီး မူလတန်းကျောင်းများနှင့် ဆေးပေးခန်းများကိုပါ ထည့်သွင်း
တည်ဆောက်သွားရန်ရှိကြောင်း သိရသည်။

ထို့ပြင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊သတင်းထုတ်ပြန်ရေးနှင့် စာတမ်းပြုစုရေး ဆပ်ကော်မတီမှ ဥက္ကဌဦးလှသိန်းကလည်း '' ကျွန်တော်တို့ဆောက်နေတာ အိမ်အလုံးရေ စုစုပေါင်း၆၆၉လုံးရှိတယ်။သတ်မှတ်ထားကတော့ မတ်လ
လောက်မှာ အပြီးဆောက်ဖို့ပါပဲ။ဒါပေမယ့် မိုးမကျခင် အပြီးဆောက်
သွားဖို့ရှိတယ် ''ဟုပြောပါသည်။

စစ်တွေမြို့တွင် လက်ရှိ တည်ဆောက်နေသည့် အိမ်အလုံး၆ဝဝကျော်အား ရခိုင်ဒုက္ခသည်များနှင့် ဘင်္ဂါလီဒုက္ခသည်များအနက် မည့်သည့်
ဒုက္ခသည်များအား မည်သည့်ပုံစံဖြင့် ခွဲဝေပေးမည်ကို မသိရှိရ
သေးကြောင်းလည်း ဦးလှသိန်း၏ ပြောကြားချက်အရ သိရသည်။

ရခိုင်ပြည်နယ်တွင် ဇွန်လအတွင်းက ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ဒုက္ခသည်စခန်းများတွင် ဘင်္ဂါလီဒုက္ခသည် အိမ်ထောင်စုပေါင်း ၇ဝဝဝကျော်တွင် လူဦးရေ ၄ဝဝဝဝကျော်ရှိပြီး ရခိုင်တိုင်းရင်းသား ဒုက္ခသည်အိမ်ထောင်စုပေါင်း ၇ဝဝကျော်တွင် လူဦးရေ၃၅ဝဝ
ရှိကြောင်းနှင့် နေရပ်စွန့်ခွာပြေးသူ တစ်သိန်းသုံးသောင်းကျော်ခန့်ရှိကြောင်း လူမှုဝန်ထမ်းဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ - ရခိုင်တွင် ဒုက္ခသည်များအတွက် အိမ် ၃၀၀၀ ကျော် ထပ်ဆောက်မည်  (အောင်မြကျော် - Rakhine Citizen Journalists)

Eleven Media Groupရခိုင်ပြည်နယ်၊စစ်တွေမြို့တွင် အိုးမဲ့အိမ်မဲ့ ဒုက္ခသည်များအတွက် အိမ်အလုံးရေ၆ဝဝကျော်ကိုရခိုင်ပြည်နယ်အစိုးရနှင့် ပြည်ထောင်စု အစိုးရ တို့ ၏ ရံပုံငွေဖြင့် တည်ဆောက်ပေးနေကြောင်း ရခိုင်ပြည်နယ်
အစိုးရအဖွဲ့မှ သိရသည်။ ''ပြည်ထောင်စုအစိုးရ နဲ့ကျွန်တော်တို့အစိုး ရအဖွဲ့ရဲ့ရံပုံငွေ နဲ့ဆောက်ပေးနေတာ ဖြစ်ပါတယ်။လွန်ခဲတဲ့ တစ် လလောက်က ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေကို တင်ဒါခေါ် ပြီး ဆောက်နေတာပါ။တချို့တစ်ဝက်ကတော့ ပြီးနေပြီ။မြေရော အိမ်ေ ရာကို အပိုင်ပေးတာဆိုပေမယ့် ရောင်းစားခွင့်တော့ မရှိပါဘူး'' ဟု

အစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ပတ်သက်၍ အကြံပြုစာ ပေးပို့နိုင်ကြောင်း ထုတ်ပြန်

Photo: အစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ပတ်သက်၍ အကြံပြုစာ
ပေးပို့နိုင်ကြောင်း ထုတ်ပြန်
Friday, March 1, 2013

ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့သို့ အစိုးရဌာနများ၊ အဖွဲ့အစည်းများနှင့် စပ်လျဉ်း၍ အကြံပြုချက်များ
ပေးပို့နိုင်ကြောင်း နိုင်ငံတော်သမ္မတရုံးက ယနေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။

ပြည်သူတို့၏ ၀န်ဆောင်မှုလုပ်ငန်းများကို သွက်လက်မြန်ဆန်စွာ
ဆောင်ရွက်ပေးနိုင်ရေးနှင့် ပြည်သူ့ဗဟိုပြု ကောင်းမွန်သည့် အုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်ပြီး မြန်ဆန်သွက်လက်သည့် အုပ်ချုပ်ရေးယန္တရားဖြင့် လူမှုစီးပွားရေး တိုးတက်စေရေးတို့အတွက်
ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့ကို
ပြည်ထောင်စုအစိုးရက ဖေဖော်ဝါရီ ၂၂ ရက်တွင် ဖွဲ့စည်းခဲ့သည်။

အဆိုပါ အဖွဲ့သည် လက်တွေ့ကွင်းဆင်းလေ့လာ အကဲဖြတ်ချက်များကို
ဖေဖော်ဝါရီ ၂၅ ရက်မှ စတင်ဆောင်ရွက်နေသည့်အတွက် ပြည်သူများက အကြံပြုချက်များရှိလျှင် အဖွဲ့ဝင်များထံ ဆက်သွယ်ပေးပို့နိုင်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဆက်သွယ်ရမည့် ပုဂ္ဂိုလ်များမှာ ဦးဇော်ဦး ဖုန်း-၀၉-၄၂၅၂၈၈၈၈၉ နှင့် အီးမေးလ် mdri.cesd@gmail.com ၊ ဦးကျော် ဖုန်း-၀၁-၃၈၁၇၈၇၊ ဦးတင်မောင်သန်း ဖုန်း-၀၁-၆၅၄၇၇၀၊ ဦးဇော်သန်းသင်း ဖုန်း-၀၆၇-၄၀၉၁၄၅ တို့ဖြစ်ကြောင်း သိရှိရသည်။

7Day News Journalပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့သို့ အစိုးရဌာနများ၊အဖွဲ့အစည်းများနှင့် စပ်လျဉ်း၍ အကြံပြုချက်များ ပေးပို့ နိုင်ကြောင်း နိုင်ငံတော်သမ္မတရုံးက ယနေ့ရက်စွဲဖြင့် သတင်းထုတ်ပြန် သည်။
ပြည်သူတို့၏ ၀န်ဆောင်မှုလုပ်ငန်းများကို သွက်လက်မြန်ဆန်စွာဆောင် ရွက်ပေးနိုင်ရေးနှင့် ပြည်သူ့ဗဟိုပြု ကောင်းမွန်သည့် အုပ်ချုပ်ရေး စနစ် ကို ဖော်ဆောင်ပြီး မြန်ဆန်သွက်လက်သည့် အုပ်ချုပ်ရေးယန္တရားဖြင့် လူမှုစီးပွားရေး တိုးတက်စေရေးတို့အတွက်ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်း များ စွမ်းဆောင် ရည် အကဲဖြတ်အဖွဲ့ကိုပြည်ထောင်စုအစိုးရက ဖေဖော်ဝါရီ ၂၂ ရက်တွင် ဖွဲ့စည်းခဲ့သည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲအကြိုကာလနှင့် ဖြေဆိုချိန်ကာလ များအတွင်း လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရန် သဘာဝဓာတ်ငွေ့ တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးကြိုးပမ်းဆောင်ရွက်

Photo: တက္ကသိုလ်ဝင်တန်းစာမေးပွဲအကြိုကာလနှင့် ဖြေဆိုချိန်ကာလ
များအတွင်း လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရန် သဘာဝဓာတ်ငွေ့
တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးကြိုးပမ်းဆောင်ရွက်
Friday, March 1, 2013

စွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံတော်၏ စွမ်းအင်လိုအပ်ချက်ကို အဘက်ဘက်မှဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိရာ တက္ကသိုလ်ဝင်တန်း စာမေးပွဲအကြိုကာလနှင့် ဖြေဆိုချိန်ကာလများအတွင်း ကျောင်းသား/ကျောင်းသူများ အဆင်ပြေလွယ်ကူစွာ စာပေလေ့ကျင့်ကျက်မှတ်နိုင်ရေး လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်ဖြန့်ဖြူးနိုင်ရန် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့်ညှိနှိုင်း၍ သဘာဝဓာတ်ငွေ့ တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးအတွက် အောက်ဖော်ပြပါစက်ရုံများသို့ သဘာဝဓာတ်ငွေ့ ဖြန့်ဖြူးမှု ခေတ္တရပ်ဆိုင်းပြီး ကုန်းတွင်းသဘာဝဓာတ်ငွေ့ ကုဗပေ ၁၀ သန်းနှင့် ကမ်းလွန်သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၃၀ အား ဖြန့်ဖြူးပေးထားပါကြောင်း အသိပေးအပ်ပါသည်-

(၁) အမှတ်(၁)ဓာတ်မြေသြဇာစက်ရုံ(စလေ)
(၂) ကျောက်ဆည် ဆင်မင်း(၁)နှင့်ဆင်မင်း(၂)ဘိလပ်မြေစက်ရုံ
(၃) စက်မှုဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဘိလပ်မြေစက်ရုံ(ကျောက်ဆည်)
(၄) စက်မှုဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ချောက်နှင့်ကျောက်ဆည်ဒေသ
များမှ စက်ရုံငယ်(၈)ရုံ
(၅) ကြံခင်းဘိလပ်မြေစက်ရုံ
(၆) သရက်ဘိလပ်မြေစက်ရုံ
(၇) ကျောက်ဆွယ်ကျိုးသံမဏိစက်ရုံ

Ministry of Energy, Myanmarစွမ်းအင်ဝန်ကြီးဌာနသည် နိုင်ငံတော်၏ စွမ်းအင်လိုအပ်ချက်ကို အဘက်ဘက်မှဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိရာ တက္ကသိုလ်ဝင် တန်းစာမေးပွဲအကြိုကာလနှင့် ဖြေဆိုချိန်ကာလများ အတွင်း ကျောင်း သား/ကျောင်းသူများ အဆင်ပြေလွယ်ကူစွာ စာပေလေ့ကျင့် ကျက်မှတ် နိုင်ရေး လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်ဖြန့်ဖြူးနိုင်ရန် စွမ်းအင်ဝန် ကြီးဌာနအနေဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့်ညှိနှိုင်း၍ သဘာဝ ဓာတ်ငွေ့တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး အတွက် အောက်ဖော်ြ ပပါစက်

လက်ရွေးစင် အသင်းမှ ပြဿနာအတွက် ကျော်ကိုကိုအား ရန်ကုန် အသင်း ဒဏ်ရိုက်~ဦးဇော်ဇော်နှင့် ပတ်ဆောင်ဟွာတို့ကို ကျော်ကိုကို သွားရောက် တောင်းပန်ခဲ့

Photo: လက်ရွေးစင် အသင်းမှ ပြဿနာအတွက် ကျော်ကိုကိုအား ရန်ကုန်
အသင်း ဒဏ်ရိုက်~ဦးဇော်ဇော်နှင့် ပတ်ဆောင်ဟွာတို့ကို ကျော်ကိုကို သွားရောက် တောင်းပန်ခဲ့
Friday, March 1, 2013

လက်ရွေးစင် အသင်းမှ ပြန်ပို့ခြင်း ခံခဲ့ရသည့် ကျော်ကိုကို၏ လုပ်ရပ်များ
အပေါ် ရန်ကုန် ယူနိုက်တက် အသင်း၏ စည်းကမ်းထိန်းသိမ်းရေး
ကော်မတီမှ လစာငွေ (၁)လစာ ဖြတ်တောက်ခြင်းဖြင့် ဒဏ်ရိုက်လိုက်ပြီ
ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ ဒဏ်ရိုက်ခဲ့ခြင်းနှင့် ပတ်သက်၍ ရန်ကုန် အသင်းပိုင် ၀က်ဘ်ဆိုက်
တွင် " မြန်မာ့ လက်ရွေးစင် အသင်း နည်းပြချုပ် နှင့် အုပ်ချုပ်/ နည်းပြအဖွဲ့ ၀င်များကို လေးစား မှုအားနည်းခဲ့သည့် မြန်မာ့ လက်ရွေးစင် နှင့် ရန်ကုန်
ယူ နိုက်တက် အသင်း တိုက်စစ်မှူး ကျော်ကိုကို အား ၁ လစာ ဒဏ်ငွေ ရိုက်ခဲ့ပြီး နောက်ဆုံး အကြိမ်အဖြစ် ပြင်းထန်စွာ သတိပေးလိုက်
ပြီဖြစ်သည်"ဟု ဖော်ပြထားသည်။

ကျော်ကိုကို၏ ပြဿနာ ဟိုးလေးတကျော် ဖြစ်ခဲ့ပြီးနောက် ရန်ကုန် ယူနိုက်တက် အသင်း၏ အထွေထွေ အတွင်းရေးမှူး ဦးဇွဲလှိုင်မှီက ကစားသမား၏ အသင်းပုံရိပ်ကို ထိခိုက်စေသည့် စည်းကမ်းပိုင်း အားနည်းမှုများအတွက် အရေးယူမှုပြုလုပ်သွားမည် ဖြစ်ကြောင်း
ပြောကြားခဲ့ရာ ပြောခဲ့သည့် အတိုင်း တရားဝင် အရေးယူမှု
ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ထိုအရေးယူမှုမှာ ရန်ကုန် ယူနိုက်တက်၏ သမိုင်းတစ်လျှောက် ပထမဆုံး အရေးယူမှုဖြစ်ခဲ့ရာ ထိုကဲ့သို့ အရေးယူရခြင်းနှင့် ပတ်သက်၍ ရန်ကုန် ယူနိုက်တက် အထွေထွေ အတွင်းရေးမှူး ဦးဇွဲလှိုင်မှီက "ကစားသမား ကို နစ်နာစေလို တဲ့သဘော လုံးဝ မပါပါဘူး။ ဘောလုံး သမားတွေ အခုထက်ပိုပြီး နိုင်ငံ အတွက် ပေးဆပ်ချင် လာအောင်၊ အချိန် မရွေး၊ နေရာ မရွေး နိုင်ငံ့အတွက် အမြဲတမ်း အဆင်သင့် ဖြစ်နေအောင် အမြဲတမ်း သွန်သင်နေ ပါတယ်။ ဒီလို ဖြစ်သွားတဲ့ အတွက်လည်း စိတ် မကောင်း
ပါဘူး။ ကျော်ကိုကို အနေနဲ့လည်း အခုအချိန်မှာ သူ့အမှား ကိုသိပြီး တာဝန်ရှိသူ တွေကို တောင်းပန်ပြီးပါ ပြီ။ သူ့ကို စံပြအနေနဲ့ ပြစ်ဒဏ်ချ ခဲ့တာဖြစ်ပြီး နောင်တစ်ချိန်မှာ အလား တူဖြစ်ရပ်မျိုး ဖြစ်ရင် ဘယ်သူ့ကို 
မဆို အရေးယူ သွားမယ် ဆိုတဲ့ အကြောင်း ပြောချင် ပါတယ်"ဟု
ပြောကြားခဲ့ကြောင်း ygnutd.com တွင် ဖော်ပြထားသည်။

ကလပ်အသင်း၏ ပြစ်ဒဏ်ချမှတ်မှုကို ကာယကံရှင် ကစားသမား
ကလည်း ကျေနပ်လက်ခံကြောင်း ပြောကြားခဲ့ပြီး၊ နောက်တစ်ကြိမ် ထပ်မဖြစ်ရန် သတိထားသွားမည်ဟု ကတိပြုခဲ့သည်။ 

ထို့အပြင် ကျော်ကိုကိုသည် ၎င်း၏ အပြုအမူများအတွက်
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်နှင့် လက်ရွေးစင် အသင်းနည်းပြချုပ် ပတ်ဆောင်ဟွာတို့အား ယမန်နေ့က လူကိုယ်တိုင် သွားရောက် တောင်းပန်ခဲ့ကြောင်း သိရသည်။

Written by Admin Team
Soccer Myanmarလက်ရွေးစင် အသင်းမှ ပြန်ပို့ခြင်း ခံခဲ့ရသည့် ကျော်ကိုကို၏ လုပ်ရပ် များ အပေါ် ရန်ကုန် ယူနိုက်တက် အသင်း၏ စည်းကမ်းထိန်းသိမ်းရေး
ကော်မတီမှ လစာငွေ (၁)လစာ ဖြတ်တောက်ခြင်းဖြင့် ဒဏ်ရိုက်လိုက်ပြီ
ဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ ဒဏ်ရိုက်ခဲ့ခြင်းနှင့် ပတ်သက်၍ ရန်ကုန် အသင်းပိုင် ၀က်ဘ်ဆိုက်တွင် " မြန်မာ့ လက်ရွေးစင် အသင်း နည်းပြချုပ် နှင့် အုပ်ချုပ်/ နည်းပြအဖွဲ့ ၀င်များကို လေးစား မှုအားနည်းခဲ့သည့် မြန်မာ့ လက်ရွေးစင် နှင့် ရန်ကုန်ယူ နိုက်တက် အသင်း တိုက်စစ် မှူး ကျော်ကိုကို အား ၁ လစာ ဒဏ်ငွေ ရိုက်ခဲ့ပြီး နောက်ဆုံး အကြိမ်အဖြစ် ပြင်းထန်စွာ သတိပေးလိုက်
ပြီဖြစ်သည်"ဟု ဖော်ပြထားသည်။

ထိုင်းအစိုးရသည် နိုင်ငံတောင်ပိုင်းရှိ သူပုန်များနှင့် စေ့စပ်ဆွေးနွေးမှု ပြုလုပ်ရန် စီစဉ်ထားသည်ဟုဆို

Photo: ထိုင်းအစိုးရသည် နိုင်ငံတောင်ပိုင်းရှိ သူပုန်များနှင့်
စေ့စပ်ဆွေးနွေးမှု ပြုလုပ်ရန် စီစဉ်ထားသည်ဟုဆို
Friday, March 1, 2013

ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ဆယ်စုနှစ် များစွာအကြာ ဖြစ်ပွားလျက် ရှိသည့် သောင်းကျန်းမှု များနှင့် အကြမ်းဖက် မှုများအား ဖြေရှင်း
ဆောင်ရွက်ရေး နည်းလမ်း တစ်ရပ်အဖြစ် အဆိုပါ ဒေသမှ မွတ်ဆလင် စစ်သွေးကြွ များအဖွဲ့နှင့် စေ့စပ် ဆွေးနွေးမှု ပြုလုပ်ရန် ထိုင်းအစိုးရ က
စီစဉ် ထားကြောင်း ဖေဖော်ဝါရီ ၂၇ ရက်နေ့ ဆင်ဟွာ သတင်းတစ်ပုဒ် အရ သိရသည်။

မလေးရှား အာဏာပိုင် များ၏ အကူအညီ ဖြင့် ထိုင်းနိုင်ငံ တောင်ပိုင်းမှ မွတ်ဆလင် သောင်းကျန်းသူ အဖွဲ့အချို့ နှင့် ငြိမ်းချမ်းရေး
ဆွေးနွေးမှု ပြုလုပ်ရန် ထိုင်းအစိုးရ က စီစဉ်လျက် ရှိကြောင်း ထိုင်း အမျိုးသား လုံခြုံရေး ကောင်စီ ( NSC ) အတွင်းရေးမှူးချုပ် Paradorn Pattanatabutr က ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ပြောကြား ခဲ့သည်။ 

မလေးရှား နိုင်ငံနှင့် ထိစပ်လျက် ရှိသော နယ်စပ် ဒေသရှိ ပြည်နယ်များတွင် လွန်ခဲ့သော လအနည်းငယ် အတွင်း အကြမ်းဖက်မှု တိုးမြင့်
ဖြစ်ပွားခဲ့ပြီး နောက် စစ်သွေးကြွ အဖွဲ့ ၅ ဖွဲ့ခန့်နှင့် ငြိမ်းချမ်းရေး
ဆွေးနွေးမှု ပြုလုပ်ရေး ကမ်းလှမ်းရန် ထိုင်းအစိုးရ က စီစဉ် ခဲ့သည်။

ထိုင်း အစိုးရ အနေဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု အတွက် ကြိုတင် သတ်မှတ်ချက် များနှင့် တောင်းဆိုချက် များကို လိုက်လျော သွားမည် ဖြစ်သော်လည်း ထိုင်းနိုင်ငံ တောင်ပိုင်းစွန်း ဒေသများအား သီးခြား လွတ်လပ်သည့် နိုင်ငံတစ်ခု အဖြစ် ခွဲထွက်ခွင့် ကိုမူ လုံးဝ သဘောတူမည် မဟုတ်ကြောင်း Pattanatabutr က ပြောကြား ခဲ့သည်။ 

ထိုင်းအစိုးရက တွေ့ဆုံ ဆွေးနွေးရန် စာရင်း သွင်းထားသည့်
သောင်းကျန်းသူ ခေါင်းဆောင် များတွင် Barisan Revolusi National
( BRN ) အဖွဲ့၏ အမာခံ ခေါင်းဆောင် ၂ ဦး ဖြစ်သော Masae Useng နှင့် Sapae-ing Basor တို့ ပါဝင်ကြောင်း နှင့် မလေးရှား နိုင်ငံက ကမကထပြု
ဆောင်ရွက် ပေးရန် သဘောတူ ညီထားကြောင်း သိရှိရသည်။

The Myawady Dailyထိုင်းနိုင်ငံ တောင်ပိုင်းတွင် ဆယ်စုနှစ် များစွာအကြာ ဖြစ်ပွားလျက် ရှိသည့် သောင်းကျန်းမှု များနှင့် အကြမ်းဖက် မှုများအား ဖြေရှင်း
ဆောင်ရွက်ရေး နည်းလမ်း တစ်ရပ်အဖြစ် အဆိုပါ ဒေသမှ မွတ်ဆလင် စစ်သွေးကြွ များအဖွဲ့နှင့် စေ့စပ် ဆွေးနွေးမှု ပြုလုပ်ရန် ထိုင်းအစိုးရ က
စီစဉ် ထားကြောင်း ဖေဖော်ဝါရီ ၂၇ ရက်နေ့ ဆင်ဟွာ သတင်းတစ်ပုဒ် အရ သိရသည်။

ထိုင်းအစိုးရ နှင့် BRN သူပုန်အဖွဲ့တို့ ငြိမ်းချမ်းရေး လက်မှတ်ရေးထိုး

Photo: ထိုင်းအစိုးရ နှင့် BRN သူပုန်အဖွဲ့တို့ ငြိမ်းချမ်းရေး လက်မှတ်ရေးထိုး
Friday, March 1, 2013

ထိုင်းအစိုးရ နှင် Barisan Revolusi Nasional_BRN သူပုန် အဖွဲ့သည် နိုင်ငံတောင်ပိုင်း တွင် ဆိုးရွားစွာ ဖြစ်ပျက် နေခဲ့သည့်
သောင်းကျန်းမှု များကို အသုံးသတ်ရန် ရည်ရွယ်၍ ငြိမ်းချမ်းရေး
ဆွေးနွေးမှုများ လုပ်ဆောင်ရန် သဘောတူ ခဲ့ကြပြီး ပထမဆုံး အကြိမ် 
အဖြစ် လူသိရှင်ကြား သဘောတူ စာချုပ်ကို ဖေဖော်ဝါရီ ၂၈ ရက်တွင် လက်မှတ် ရေးထိုး ခဲ့ကြောင်း သိရသည်။

အဆိုပါ သမိုင်းဝင်မည့် စာချုပ်ကို ထိုင်းဝန်ကြီးချုပ် ရင်လပ် ရှင်နာဝပ် ထရာ မလေးရှား နိုင်ငံသို့ သွားရောက် လည်ပတ်ခြင်း မပြုမီ ကွာလာလမ်ပူ မြို့၌ BRN သူပုန် အဖွဲ့မှ ကိုယ်စားလှယ် တစ်ဦး နှင့် ထိုင်း တာဝန်ရှိ သူတို့ လက်မှတ် ရေးထိုး ခဲ့ခြင်း ဖြစ်သည်။

ဖေဖော်ဝါရီ ၂၈ ရက် နှောင်းပိုင်းတွင် ထိုင်းဝန်ကြီးချုပ် ရင်လပ် သည် မလေးရှား ၀န်ကြီးချုပ် နာဂျစ် ရာဇာတ် နှင့် တွေ့ဆုံပြီး မလေးရှား နိုင်ငံ၏ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသ နှင့် ကပ်လျက် ရှိသော ထိုင်းနိုင်ငံ နယ်စပ် တစ်လျှောက်တွင် ၉ နှစ်ကြာ ဖြစ်ပွား ခဲ့သည့် သောင်းကျန်းမှု များကို အဆုံးသတ်ရေး အပါအ၀င် နှစ်စဉ် ဆွေးနွေးပွဲများ ပြုလုပ်ရန် နှင့် စစ်သွေးကြွ နှင့် ထိုင်းအစိုးရ အကြား စေ့စပ် ဆွေးနွေးမှု များကို မလေးရှား နိုင်ငံတွင် လက်ခံ ကျင်းပရေး တို့နှင့် ပတ်သက်ပြီး
ဆွေးနွေးမှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။

ထိုင်းနယ်စပ် နှင့် မလေးရှား နိုင်ငံ၏ မွတ်ဆလင် အများစု နေထိုင်ရာ
ဒေသတွင် တိုက်ခိုက်မှုများ ဖြစ်ပွား နေခဲ့သည်မှာ ၉ နှစ် ကြာမြင့် ခဲ့ပြီဖြစ်ပြီး ဒေသခံ ပြည်သူ ၅၅၀၀ ကျော်၏ အသက်များ ဆုံးရှုံး ခဲ့ရကြောင်း သိရသည်။

ယင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ လုပ်ဆောင်ရေး သဘောတူ စာချုပ်ချုပ်ဆို ရာတွင် BRN အဖွဲ့မှ ခေါင်းဆောင် ဟက်ဆန်တိုင်ဘ် နှင့် ထိုင်းအမျိုးသား လုံခြုံရေး ကောင်စီမှ အတွင်းရေးမှူးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ပါရာဒွန် ပက်တနာသာ ဘူတာ တို့ ပါဝင် လက်မှတ် ရေးထိုး ခဲ့ကြောင်း သိရှိရသည်။

The Myawady Dailyထိုင်းအစိုးရ နှင် Barisan Revolusi Nasional_BRN သူပုန် အဖွဲ့ သည် နိုင်ငံတောင်ပိုင်း တွင်ဆိုးရွားစွာ ဖြစ်ပျက် နေခဲ့ သည့် သောင်း ကျန်း မှု များကို အသုံးသတ်ရန် ရည်ရွယ်၍ ငြိမ်းချမ်းရေးဆွေးနွေး မှုများ လုပ်ဆောင်ရန် သဘောတူ ခဲ့ကြပြီး ပထမဆုံး အကြိမ် အဖြစ် လူသိ ရှင်ကြား သဘောတူ စာချုပ်ကို ဖေဖော်ဝါရီ ၂၈ ရက်တွင်လက်မှတ် ရေး ထိုး ခဲ့ကြောင်း သိရသည်။

မီဒီယာများ ညီလာခံသတင်းတက်ရောက်ယူနိုင်ရန်အတွက် ဖိတ်စာများ ထုတ်ယူနိုင်

Photo: မီဒီယာများ ညီလာခံသတင်းတက်ရောက်ယူနိုင်ရန်အတွက်
ဖိတ်စာများ ထုတ်ယူနိုင်
Friday, March 1, 2013

၂၀၁၃ ခုနှစ်၊ မတ်လ ( ၉ ) ရက်တွင် ရန်ကုန်မြို့ ၊ ဗဟန်းမြို့နယ်၊
ရွေဂုံတိုင်လမ်းမ ၊ တော်ဝင်နှင်းဆီတွင် ကျင်းပတော့မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ နိုင်ငံလုံးဆိုင်ရာညီလာခံ ဖွင့်ပွဲအခမ်းအနားကို တက်ရောက် သတင်းယူနိုင်ရန်အတွက် E.Mail ဖြင့်သော်လည်းကောင်း ၊ တယ်လီဖုန်းဖြင့်ဆက်သွယ်သော်
လည်းကောင်း၊ ဆက်သွယ်ထားရှိသော သတင်းမီဒီယာများ ၂၀၁၃ ခုနှစ် ၊ မတ်လ (၂ - ၃ ) ရက်နေ့ နံက် (၁၀)နာရီမှ (၁၂)နာရီ အတွင်း သတင်းအချက်အလက်ဆပ်ကော်မတီ ( တော်ဝင်နှင်းဆီ ) တွင် လာရောက်ထုတ်ယူနိုင်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည် ။

NLD Congress

၂၀၁၃ ခုနှစ်၊ မတ်လ ( ၉ ) ရက်တွင် ရန်ကုန်မြို့ ၊ ဗဟန်းမြို့နယ်၊ ရွေဂုံတိုင်လမ်းမ ၊ တော်ဝင်နှင်းဆီတွင် ကျင်းပတော့မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ နိုင်ငံလုံးဆိုင်ရာညီလာခံ ဖွင့်ပွဲအခမ်းအနားကို တက်ရောက် သတင်းယူနိုင်ရန်အတွက် E.Mail ဖြင့်သော်လည်းကောင်း ၊ တယ်လီဖုန်းဖြင့်ဆက်သွယ်သော်
လည်းကောင်း၊ ဆက်သွယ်ထားရှိသော သတင်းမီဒီယာများ ၂၀၁၃ ခုနှစ် ၊ မတ်လ (၂ - ၃ ) ရက်နေ့ နံက် (၁၀)နာရီမှ (၁၂)နာရီ အတွင်း သတင်းအချက်အလက်ဆပ်ကော်မတီ ( တော်ဝင်နှင်းဆီ ) တွင် လာရောက်ထုတ်ယူနိုင်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည် ။

NLD Congress

လူ့ဦးနှောက်နှင့် ပက်သက်၍ မှတ်သားဖွယ်ရာ အချို့ 

Photo: လူ့ဦးနှောက်နှင့် ပက်သက်၍ မှတ်သားဖွယ်ရာ အချို့ 
Friday, March 1, 2013

၁။ ဦးနှောက်တွင် Pain receptors မပါရှိသဖြင့် နာကျင်သော ဝေဒနာကို မခံစားနိုင်ပါ။

၂။ ဦးနှောက်တွင် တစ်မိနစ်တိုင်း Neuron ပေါင်း ၂သိန်းခွဲ မွေးဖွားသည်။

၃။ မွေးစမှစ၍ ယနေ့တိုင် ယနေ့တိုင် ဦးနှောက်အရွယ်အစား လုံးဝ မပြောင်းလဲပါ။

၎။ ဦးနှောက်သည် ခန္ဓာကိုယ်တစ်ခုလုံးတွင် ရှိသော အောက်ဆီဂျင်များမှ ၂၀ ရာခိုင်နှုန်းကိုသာ အသုံးပြုသည်။

၅။ ဦးနှောက်ထဲသို့ ၈- ၁၀ စက္ကန့်အတွင်း သွေးမစီးလျှင် မူးမေ့နိုင်သည်အထိ ဖြစ်လာနိုင်ပြီး ဆက်လက်မရရှိပါက သေဆုံးနိုင်သည်။

၆။ အိပ်ပျော်နေချိန် အိပ်မက်ပေါင်း မြောက်များစွာ မက်သော်လည်း နိုးထလာသည့် အခါ ဦးနှောက်က အိပ်မက်မှ ဖြစ်ရပ် အနည်းငယ်ကိုသာ ပြန်လည် အမှတ်ရ ဖော်ထုတ်ပေးသည်။

၇။ အဲလ်ဘတ်အိုင်းစတိုင်းသည် ဦးနှောက်၏ ၄၀ ရာခိုင်နှုန်းကို အသုံးပြုခဲ့ပြီး သမိုင်းတစ်လျှောက် ဦးနှောက်၏ အသုံးဝင်မှုအပေါ် အများဆုံး အသုံးချနိုင်ခဲ့သူ အဖြစ် စံချိန်တင်ထားသည်။

၈။ ကိုယ့်ကိုယ်ကို ကလိထိုး၍ မရယ်နိုင်အောင် ဦးနှောက်က မိမိ ခြေလက်များ၏ အထိအတွေ့ကို မှတ်သားထားသည်။

၉။ ဦးနှောက်သည် ကွန်ပြူတာ CPU တစ်လုံးနှင့် တူပြီး သိသမျှ၊မှတ်သားသမျှကို Processing လုပ်ပြီး အဖြေထုတ်ပေးသည်။

--
Ref: medic-facts
International news for myanmar
--
http://www.innewsmyanmar.com/2013/02/blog-post_28.html

--၁။ ဦးနှောက်တွင် Pain receptors မပါရှိသဖြင့် နာကျင်သော ဝေဒနာကို မခံစားနိုင်ပါ။

၂။ ဦးနှောက်တွင် တစ်မိနစ်တိုင်း Neuron ပေါင်း ၂သိန်းခွဲ မွေးဖွားသည်။

၃။ မွေးစမှစ၍ ယနေ့တိုင် ယနေ့တိုင် ဦးနှောက်အရွယ်အစား လုံးဝ မပြောင်းလဲပါ။

၎။ ဦးနှောက်သည် ခန္ဓာကိုယ်တစ်ခုလုံးတွင် ရှိသော အောက်ဆီဂျင်များမှ ၂၀ ရာခိုင်နှုန်းကိုသာ အသုံးပြုသည်။

မြန်မာနိုင်ငံတွင် ဖို့ဒ်ကားများ ရောင်းတော့မည်

Photo: မြန်မာနိုင်ငံတွင် ဖို့ဒ်ကားများ ရောင်းတော့မည်
Friday, March 1, 2013

မြန်မာနိုင်ငံတွင် အမေရိကန်ကားကုမ္ပဏီ ဖို့ဒ်ကားများ ဖြန့်ဖြူးရန် ဖို့ဒ်ကားကုမ္ပဏီနှင့် သဘောတူ လက်မှတ်ရေးထိုးလိုက်ကြောင်း ဖို့ဒ်ကုမ္ပဏီနှင့် တွဲဖက်လုပ်ကိုင်မည့် မြန်မာနိုင်ငံဘက်မှ Capital Automotive ကုမ္ပဏီ အကြီးအကဲကပြောကြားသည်။

ရန်ကုန်မြို့၌ ပထမဦးဆုံးဖွင့်လှစ်မည့် ဖို့ဒ်ကားအရောင်းဆိုင်တွင် အိမ်စီးကားများနှင့် ပစ်ကပ်ကားများ ရောင်းချသွားမည်ဖြစ်ပြီး လာမည့်မေလမှာပင် အရောင်းပြခန်း စတင်ဖွင့်လှစ်သွားဖွယ်ရှိကြောင်း Capital Automotive မှ ဒါရိုက်တာဦးခင်ထွန်းကပြောသည်။

ဖို့ဒ်ကုမ္ပဏီ ပြောခွင့်ရပုဂ္ဂိုလ် နီးလ်မက်ကာသီကမူ ၎င်းတို့ကုမ္ပဏီအနေဖြင့် မြန်မာဈေးကွက်အတွင်း ၀င်ရောက်ရန် ပြင်ဆင်နေပြီး တွဲဖက်လုပ်ကိုင်မည့် ကုမ္ပဏီလည်း ရှိနေပြီဖြစ်ကြောင်း ပြောကြားသော်လည်း အသေးစိတ် အချက်အလက်များကိုမူ ပြောကြားခြင်းမရှိသေးပေ။

နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေသော မြန်မာနိုင်ငံတွင် အမေရိကန်နိုင်ငံမှ ပက်စီ၊ ကိုကာကိုလာ၊ GE ၊ Caterpillar နှင့် 
ဒိန်းမတ် အဖျော်ယမကာကုမ္ပဏီ Carlsberg တို့သည် ၎င်းတို့ကုန်ပစ္စည်းများ ဖြန့်ချိရန် ဒေသခံကုမ္ပဏီများနှင့် သဘောတူညီချက်များ ရရှိထားပြီဖြစ်သည်။

—Ref: AP
7Day News Journalမြန်မာနိုင်ငံတွင် အမေရိကန်ကားကုမ္ပဏီ ဖို့ဒ်ကားများ ဖြန့်ဖြူးရန် ဖို့ဒ်ကားကုမ္ပဏီနှင့် သဘောတူ လက်မှတ်ရေးထိုးလိုက်ကြောင်း ဖို့ဒ်ကုမ္ပဏီနှင့် တွဲဖက်လုပ်ကိုင်မည့် မြန်မာနိုင်ငံဘက်မှ Capital Automotive ကုမ္ပဏီ အကြီးအကဲကပြောကြားသည်။
ရန်ကုန်မြို့၌ ပထမဦးဆုံးဖွင့်လှစ်မည့် ဖို့ဒ်ကားအရောင်းဆိုင်တွင် အိမ်စီးကားများနှင့်ပစ်ကပ်ကားများရောင်းချသွားမည်ဖြစ်ပြီး လာမည့်မေ လမှာပင် အရောင်းပြခန်း စတင်ဖွင့်လှစ်သွားဖွယ်ရှိကြောင်း Capital Automotive မှ ဒါရိုက်တာဦးခင်ထွန်းကပြောသည်။

မအူပင်မြို့နယ်အတွင်း ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် နေရာမှ ရဲအင်အား ၂၀ဝ ခန့်အား မူလနေရပ် ဌာနသို့ ပြန်လည်ပို့ဆောင်

Photo: မအူပင်မြို့နယ်အတွင်း ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် နေရာမှ 
ရဲအင်အား ၂၀ဝ ခန့်အား မူလနေရပ် ဌာနသို့ ပြန်လည်ပို့ဆောင်
Friday, March 1, 2013

ဧရာဝတီတိုင်း ဒေသကြီး၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာ အုပ်စုရှိကျေးရွာ ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင်တို့ အကြား ပဋိပက္ခ အသွင်သည် ဖေဖော်ဝါရီ ၂၈ ရက် ညနေ ၅ နာရီဝန်းကျင်တွင်
ပြေလည်မှုရရှိခဲ့ပြီး ယင်းည ၁၀ နာရီတွင် ပလောင်ကျေးရွာအနီး ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် နေရာတွင် လုံခြံရေး တာဝန်ယူနေသည့် ရဲအင်အား ၂၀ဝ ခန့်အား မူလနေရပ်ဌာနသို့ ပြန်လည်ပို့ဆောင်လိုက်ပြီ ဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူး ဦးထွန်းမင်းက အတည်ပြု ပြောကြားခဲ့သည်။

ဖေဖော်ဝါရီလ ၂၆ ရက်က ထုတ်ပြန်ထားသည့် ပုဒ်မ ၁၄၄ အား ပြန်လည် ရုပ်သိမ်းနိုင်ရေး အထက်အဆင့်ဆင့်သို့ တင်ပြသွားမည် ဖြစ်ကြောင်းနှင့် လက်ရှိအချိန်တွင် အဆိုပါနေရာတွင် ရဲအင်အား ၈၀ ဝန်းကျင်မှ လုံခြံရေးတာဝန် ဆက်လက်ထမ်းဆောင်လျက် ရှိကြောင်း သိရသည်။

ဓာတ်ပုံ - မူလဌာနေသို့ ပြန်လည်ထွက်ခွာရန် စောင့်ဆိုင်းနေသည့် ရဲတပ်ဖွဲ့ဝင်များအား ဖောဖော်ဝါရီလ ၂၈ ရက် ညနေပိုင်းက တွေ့ရစဉ်

Eleven Media Groupဧရာဝတီတိုင်း ဒေသကြီး၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာ အုပ်စု ရှိကျေးရွာ ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင်တို့ အကြား ပဋိပက္ခ အသွင် သည် ဖေဖော်ဝါရီ ၂၈ ရက် ညနေ ၅ နာရီဝန်းကျင်တွင်ပြေ လည်မှု ရရှိခဲ့ပြီး ယင်းည ၁၀ နာရီတွင် ပလောင်ကျေးရွာအနီး ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် နေရာတွင် လုံခြံရေး တာဝန်ယူနေသည့် ရဲအင်အား ၂၀ဝ ခန့်အား မူလနေရပ်ဌာနသို့ ပြန်လည်ပို့ဆောင်လိုက်ပြီ ဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူး ဦးထွန်းမင်းက အတည်ပြု ပြောကြားခဲ့သည်။

Thursday, February 28, 2013

တရုတ်နိုင်ငံ၏ မြန်မာမဟာဗျူဟာ အချိန်အဆအလွဲ China’s Strategic Misjudgement on Myanmar (By Yun Sun)

အပစ်အခတ်ရပ်စဲပြီး သုံးလအကြာ ဂါဇာရှိ စစ်သွေးကြွ အဖွဲ့တစ်ဖွဲ့က အစ္စရေးသို့ ဒုံးကျည်ဖြင့် ပစ်ခတ်

အင်္ဂါဂြိုဟ်သို့ စုံတွဲတစ်တွဲအား စေလွှတ်ရန် သူကြွယ်ကြီး Dennis Tito စီစဉ်နေ

မဲခေါင်မြစ် လူသတ်မှုအတွက် နော်ခမ်းနှင့် အပေါင်းအပါသုံးဦးကို မတ်လ ၁ ရက်နေ့တွင် သေဒဏ်စီရင်မည်

မန္တလေးတိုင်းဒေသကြီးအတွင်း တရားဝင်နေထိုင်သော နိုင်ငံခြားသားငါးထောင်ကျော်ရှိ

မုံးကိုးမြို့အဝင် တံတားအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွား

ယမန်နေ့ နံနက် ၁ဝ နာရီခွဲ အချိန် ခန့်တွင် မုံးကိုးမြို့ အနောက်ဘက် မြို့ဝင်တံတား အနီးရှိ အမှိုက်ပုံတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ အမှိုက်ပုံ အနီးချောင်း အတွင်း ငါးဖမ်း ဆော့ ကစား နေသော မုံးကိုးမြို့ အမှတ် (၂) ရပ်ကွက်နေ မောင်မာထက်ချို ၁၁ နှစ်၊ မောင်ဖာန်ကျုံး ၁၁ နှစ်၊ အမှတ် (၁)ရပ် ကွက်ေ န မောင် ရန်ပိန်းကွတ် ၁၃ နှစ်၊ မောင်ရန် ပိန်းခမ်း ၁၁ နှစ်၊ မောင်ယောက်ကျုံး ချိန် ၁၃ နှစ်နှင့် မောင်ရှိကျားကျင် ၁၁ နှစ်တို့ ခြောက်ဦး ဒဏ်ရာ အသီးသီး ရရှိကြသည်။

အဆိုပါ နေရာသို့ နယ်မြေခံ တပ်မတော် စစ်ကြောင်းမှ သွားရောက်၍ နယ်မြေရှင်းလင်း ဆောင်ရွက်ခဲ့ရာ ဗုံးပေါက်ကွဲသည့် နေရာ၏ မြောက်ဘက် မီတာ ၅ဝ ခန့် အကွာတွင် အသင့် တပ်ဆင် ထား သည့် ရှေ့ ထွက်မိုင်း တစ်လုံး ထပ်မံ တွေ့ရှိ ခဲ့သဖြင့် ၄င်းနေရာ၌ အန္တရာယ်ကင်းစွာ ဖောက်ခွဲ ဖျက်ဆီးခဲ့သည်။

ထိခိုက်ဒဏ်ရာ ရရှိကြ သူများကို နယ်မြေခံ စစ်ကြောင်းမှ မုံးကိုးမြို့ ပြည်သူ့ ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ပြီး မုံးကိုးမြို့ ပတ်ဝန်းကျင် နယ်မြေများ အတွင်း နယ်မြေ ရှင်းလင်းခြင်းများ ဆက်လက်ဆောင် ရွက်ပေးလျက် ရှိကြောင်း သတင်း ရရှိသည်။

http://bit.ly/13naBbI

မြန်မာ နိုင်ငံ ၏ နိုင်ငံရေး ပြုပြင် ပြောင်းလဲ မှုမှာ ရလဒ် ကောင်းများ ရရှိ ခဲ့ပြီးဖြစ် စီးပွားရေး ပြုပြင် ပြောင်းလဲမှု ပြုလုပ် ရာတွင် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများ ရရှိရန် လိုအပ်နေ

နော်ဝေနိုင်ငံ အော်စလိုမြို့၌ ရောက်ရှိနေသော ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ဖေဖော်ဝါရီ ၂၆ ရက် မွန်းလွဲ ၁၂  နာရီခွဲက အော်စလိုမြို့ ရှိ  Holmenkolln Park Hotel ၌ နော်ဝေနိုင် ငံ နိုင်ငံခြားရေး ဝန်ကြီး Mr. Espan Barth Eide နှင့် တွေ့ဆုံသည်။
ရှေးဦးစွာ နိုင်ငံတော် သမ္မတသည် Holmenkolln Park Hotel သို့ ရောက်ရှိ လာရာ နော်ဝေ နိုင် ငံ နို င်ငြံ ခားရေး ဝန်ကြီးက ကြိုဆို နှုတ်ဆက်ပြီး ဟိုတယ်ရှေ့ရှိ ရှုရပ်မှ အော်စလိုမြို့ ရှုခင်း ကို ပြသသည်။
ထို့နောက် ဟိုတယ်ဧည့်ခန်းမ၌ နော်ဝေနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးသည်။

ယူနိုက်တက် အတွက် ပွဲ ၁၀၀၀ ပြည့် ၀င်ကစားမည့် ဂစ်

 မန်ယူအသင်း ကစားသမားကြီး ဂစ်သည် လာမည့် စနေနေ့ နောဝှစ်ခ်ျနှင့် ပွဲတွင် ၀င်ကစား ဖြစ်ပါက ပွဲ ၁၀၀၀ မြောက် ပါဝင် ကစားသည့် ပွဲအဖြစ် စံချိန်တင်မည် ဖြစ်သည်။ ၃၉ နှစ် ရှိပြီဖြစ်သော ဂစ်သည် ၁၇ နှစ်သား အရွယ်တွင်ပရော်ဖက်ရှင်နယ် ကစားသမား အဖြစ် မန်ယူ အိမ်ကွင်းတွင် အဲဗာတန်ကို ၀း၂ ဖြင့် ရှုံးခဲ့သည့် ၁၉၉၁ မတ်လ ၂ ရက်နေ့ ပွဲစဉ်ဖြင့် စတင်ခဲ့သူ ဖြစ်ပြီး ပွဲ ၁၀၀၀ မြောက်မှာလည်း မန်ယူ အိမ်ကွင်း တွင်ပင် ဖြစ်သည်။ ယင်း ၁၉၉၁ ပွဲစဉ်တွင် ပွဲကစားချိန် ၃၈ မိနစ်၌ ဒင်းနစ်အာဝင် ဒဏ်ရာ ရသွား ခဲ့သဖြင့် ဂစ်က လူစားဝင် ကစားသမား အဖြစ် ကစား ခဲ့ရခြင်း ဖြစ်သည်။ ဂစ်မှာ မန်ယူ အတွက် ၉၃၂ ပွဲနှင့် အတူ ဝေလအသင်း၊ ဂရိတ်ဗြိတိန် အိုလံပစ် အသင်းတို့ အတွက်ပါ ကစားခဲ့သည်မှာ ၉၉၉ ပွဲ ရှိခဲ့ပြီဖြစ်သည်။ ဂစ်၏ ရာပြည့် ပွဲများမှာ-

"၁၇ နှစ်အရွယ် လူငယ်တစ်ဦး ရရှိမည့်အမွေများထဲမှ ကျပ်သိန်းပေါင်း ၉၅ဝဝ ဖားအောက်တောရသို့ အပြီးအပြတ်လှူဒါန်း"


မန္တလေးမြို့မှ အသက် ၁၇ နှစ်အရွယ်လူငယ်တစ်ဦးက ၎င်းရရှိမည့်အမွေများထဲမှ ငွေကျပ်သိန်းပေါင်း ၉၅ဝဝ ကို ပြင်ဦးလွင်ရှိဖားအောက်တောရသို့ လှူဒါန်းလိုက်ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့နယ် ကျောက်ဖျာ ဒိုးကျေးရွာရှိ ဖားအောက်တောရ ဗုဒ္ဓတက္ကသိုလ်တွင် အသုံးပြုရန် ရန်ကုန်၊ လှိုင်မြို့နယ်ရှိ နေအိမ်နှင့်မြေအပါအဝင် အကျိုးခံစားခွင့် အားလုံးကာလတန်ဖိုး ကျပ်သိန်း
၉ဝဝဝ၊ မန္တလေးပြည်ကြီးတံခွန် ပွဲရုံတန်း အဆောင် ၂ အခန်း ၃၊ ၂ ထပ်တိုက် ကာလတန်ဖိုး ကျပ် သိန်း ၅ဝဝ ခန့်တို့ကိုအပြီးအပြတ် လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ရှေးဟောင်း သိမ်တော်ကြီး ဒေသခံ အဆက်ဆက်တို့ ထိန်းသိမ်းထား



လက်ရာ သေသပ် ကောင်းမွန်ပြီး ထူးခြားလှပသည့် ရှေးဟောင်း သိမ်တစ်ခုကို ပဲခူး တိုင်း ဒေသ ကြီး ရေတာရှည် မြို့နယ် ပိတောက်ကုန်း ကျေးရွာအုပ်စု ကျွန်းကုန်း ကျေးရွာ တွင် တွေ့ရှိခဲ့သည်။
အဆိုပါ သိမ်ကြီး၏ ခုနှစ်သက္ကရာဇ် အတိအကျ မရှိသော်လည်း ရှေးအစဉ် အဆက် သိမီသူများ၏ လက်ဆင့် ကမ်း ပြောပြချက်များ အရ နှစ်ပေါင်း တစ်ရာကျော် ရှိပြီ ဖြစ်ကြောင်း သိရသည်။ နှစ်ပေါင်း ရာကျော် ရှိခဲ့သည့် သမိုင်းဝင် မယ်ဒက်ကယ် ဘုရားကြီး ဖြစ်ပေါ်လာသည့် အကြောင်း အရာနှင့် ဆက်စပ်နေသော ပိတောက် ကုန်း၊ ကျွန်းကုန်းနှင့် ကျေးရွာ အများ အပြားတွင် ရှေးဟောင်း စေတီ ပုထိုး၊ သာသနိက အဆောက်အအုံ များစွာ ယနေ့ထက်တိုင် မြင်တွေ့ နေရဆဲ ဖြစ်သည်။

NEW I-PAD 128GB နေပြည်တော် ဈေးကွက်အတွင်း ဝင်ရောက်လာ

Photo: NEW I-PAD 128GB နေပြည်တော် ဈေးကွက်အတွင်း ဝင်ရောက်လာ

နေပြည်တော် ကွန်ပျူတာ ဈေးကွက်အတွင်း ယခု ရက်ပိုင်းတွင် i-PAD ကို Storage များများနဲ့ အသုံးပြုချင် သူများအတွက် New i-PAD 128GB ဝင်ရောက်လာသည်။

ယခင်က ထွက်ပေါ် ပြီးသော New i-PAD နှင့် အရည်အသွေး၊ လုပ်ဆောင်မှု၊ အရွယ်အစား စတာတွေ တူညီပေမယ့် အခု ထပ်ရောက်လာသည့် New i -PAD က တစ်မူ ထူးခြားကြောင်း သိရသည်။

Storage Memory 128 GB ပါရှိ၍ တချို့သော Ultra Book တွေနဲ့တောင် ညီမျှနေသည်။ 4G အမျိုးအစား Cellular ဖြစ်တာနှင့် အညီ GSM , CDMA SIM Card တွေလည်း ထည့်သွင်း အသုံး ပြုနိုင်ကြောင်း သိရသည်။

iOS အနေဖြင့်လည်း Version 6.1.2 ကို Jailbreak လုပ်၍ အသုံး ပြုနိုင်ပြီး ကွန်ပျူတာ ပစ္စည်း  အရောင်းဆိုင် များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။

http://bit.ly/YCqAyV

နေပြည်တော် ကွန်ပျူတာ ဈေးကွက်အတွင်း ယခု ရက်ပိုင်းတွင် i-PAD ကို Storage များများနဲ့ အသုံးပြုချင် သူများအတွက် New i-PAD 128GB ဝင်ရောက်လာသည်။
ယခင်က ထွက်ပေါ် ပြီးသော New i-PAD နှင့် အရည်အသွေး၊ လုပ်ဆောင်မှု၊ အရွယ်အစား စတာတွေ တူညီပေမယ့် အခု ထပ်ရောက်လာသည့် New i -PAD က တစ်မူ ထူးခြားကြောင်း သိရသည်။

တရုတ် နိုင်ငံလုပ် Type 056 အမျိုးအစား ပထမဆုံး ပြည်တွင်းဖြစ် ဖရီးဂိတ် သင်္ဘောကို ရှန်ဟဲမြို့၌ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ရေတပ်ဖွဲ့သို့ လွှဲပြောင်း ပေးအပ်

Photo: တရုတ် နိုင်ငံလုပ် Type 056 အမျိုးအစား ပထမဆုံး ပြည်တွင်းဖြစ် ဖရီးဂိတ် သင်္ဘောကို ရှန်ဟဲမြို့၌ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ရေတပ်ဖွဲ့သို့ လွှဲပြောင်း ပေးအပ်

တရုတ် နိုင်ငံလုပ် Type 056 အမျိုးအစား ပထမဆုံး ပြည်တွင်းဖြစ် ဖရီးဂိတ် သင်္ဘောကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နေ့လယ်ပိုင်းတွင် ရှန်ဟဲမြို့၌ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ရေတပ်ဖွဲ့သို့ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရှိရ ပါသည်။

မျိုးဆက်သစ် ဖရီးဂိတ် သင်္ဘောဖြစ်သည့် အဆိုပါ သင်္ဘောသည် ရေဒါဖြင့် ဖမ်းယူ ထောက်လှမ်းနိုင်ရန် ခက်ခဲပြီး လျှပ်စစ်သံလိုက် များနှင့် အံဝင်ခွင်ကျ ဖြစ်စေရန် တီထွင် ထားကြောင်း အစီရင်ခံစာ တစ်ခုတွင် ဖော်ပြထား ပါသည်။ ယခု ဖရီးဂိတ် သင်္ဘောသစ်သည် ယခင် Type 053 အမျိုး အစား ဖရီးဂိတ် သင်္ဘော အမျိုးအစားတွင် အသုံးပြုရသည့် သင်္ဘော အဖွဲ့သားများ၏ သုံးပုံတစ်ပုံ ကိုသာ အသုံးပြုရန် လိုအပ်ကြောင်းနှင့် ယခု သင်္ဘောကို အခြား သင်္ဘောများအား အစောင့်အရှောက် ပေးခြင်းနှင့် ရေငုပ်သင်္ဘော တိုက်ဖျက်ရေး လုပ်ငန်းများတွင် အဓိကထား အသုံးပြု သွားမည် ဖြစ်ကြောင်း သိရှိရ ပါသည်။

http://bit.ly/13nD3tO
တရုတ် နိုင်ငံလုပ် Type 056 အမျိုးအစား ပထမဆုံး ပြည်တွင်းဖြစ် ဖရီးဂိတ် သင်္ဘောကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နေ့လယ်ပိုင်းတွင် ရှန်ဟဲမြို့၌ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ရေတပ်ဖွဲ့သို့ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရှိရ ပါသည်။

ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့ အတွင်း ပါဝင် ထမ်းဆောင် နိုင်ရန် အတွက် ဗီယက်နမ် ပြည်သူ့တပ်မတော်၏ ပြင်ဆင်မှုများ

Photo: ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့ အတွင်း ပါဝင် ထမ်းဆောင် နိုင်ရန် အတွက် ဗီယက်နမ် ပြည်သူ့တပ်မတော်၏ ပြင်ဆင်မှုများ

၂ဝ၁၄ ခုနှစ် အစောပိုင်းတွင် ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့ အတွင်း ပါဝင် ထမ်းဆောင် နိုင်ရန် အတွက် ဗီယက်နမ် ပြည်သူ့တပ်မတော်၏ ပြင်ဆင်မှုများအား ကုလသမဂ္ဂ၏ ငြိမ်းချမ်းမှု ထိန်းသိမ်း ရေးဆိုင် ရာဌာနမှ အကူအညီနှင့် အတွေ့အကြုံများ မျှဝေသွားမည် ဖြစ်ကြောင်း အရာရှိကြီး တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့ ပါသည်။ 

အဆိုပါ ပြောကြားချက်အား ဗီယက်နမ် ဒုတိယ အမျိုးသား ကာကွယ်ရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး Nguyen Chi Vinh က ကုလသ မဂ္ဂ၏ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ဆိုင်ရာ လက်ထောက် အတွင်းရေးမှူးချုပ် Edmond Mullet နှင့် ဟနွိုင်း မြို့တွင် တွေ့ဆုံမှု အပြီး ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။ Edmond Mullet သည် ဗီယက်နမ် နိုင်ငံသို့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့ထိ အလည်အပတ် ရောက်ရှိနေကြောင်း ဗီယက်နမ် သတင်း အေဂျင်စီ၏ အဆိုအရ သိရှိရ ပါသည်။ 

ကုလသမဂ္ဂ၏ စောင့် ကြည့် လေ့လာရေးတွင် တာဝန် ထမ်းဆောင် မည့် ဗီယက်နမ် အရာရှိများ ကိုလည်း လေ့ကျင့် သင်ကြား ပေးသွားမည် ဖြစ်ကြောင်း Vinh က ပြောကြားခဲ့ ပါသည်။

http://bit.ly/V9oRRA၂ဝ၁၄ ခုနှစ် အစောပိုင်းတွင် ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့ အတွင်း ပါဝင် ထမ်းဆောင် နိုင်ရန် အတွက် ဗီယက်နမ် ပြည်သူ့တပ်မတော်၏ ပြင်ဆင်မှုများအား ကုလသမဂ္ဂ၏ ငြိမ်းချမ်းမှု ထိန်းသိမ်း ရေးဆိုင် ရာဌာနမှ အကူအညီနှင့် အတွေ့ အကြုံများ မျှဝေသွားမည် ဖြစ်ကြောင်း အရာရှိကြီး တစ်ဦး ၏ ပြောကြား ချက်ကို ကိုးကား၍ ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့ ပါသည်။
အဆိုပါ ပြောကြားချက်အား ဗီယက်နမ် ဒုတိယ အမျိုးသား ကာကွယ်ရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး Nguyen Chi Vinh က ကုလသ မဂ္ဂ၏

ဂျော်ဒန်ရောက် မြန်မာအလုပ်သမားများ ဆန္ဒပြမှု မပြေလည်သေး

Photo: ဂျော်ဒန်ရောက် မြန်မာအလုပ်သမားများ ဆန္ဒပြမှု မပြေလည်သေး

လင်းသန့်| February 27, 2013 |

ဂျော်ဒန်နိုင်ငံတွင် မြန်မာအလုပ်သမား ထောင်နှင့်ချီ ရှိသည့် အထည်ချုပ် စက်ရုံတရုံ၌ အလုပ်သမား ရပိုင်ခွင့်များအတွက် ဆန္ဒပြ တောင်းဆိုနေသည်မှာ ၁၄ ရက်ရှိပြီဖြစ်ပြီး ပြေလည်မှု တစုံတရာ မရရှိသေးကြောင်း သတင်းရရှိသည်။

“ကျနော်တို့ မြန်မာအလုပ်သမားတွေ တောင်းဆိုနေတာက မြန်မာလူမျိုးတွေနဲ့ ကိုက်ညီတဲ့ အစားအသောက်တွေကိုပဲ ကျွေးဖို့၊ ဂျော်ဒန် အလုပ်သမား အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေက လူမျိုးရေးခွဲခြား ဆက်ဆံနေတာတွေ ရပ်တန့်ပေးဖို့၊ လက်ရှိ လုပ်အားခ လစာ ၁၅၅ ဒီနာ (အမေရိကန် ဒေါ်လာ ၂၁၈ ဒေါ်လာခန့်) က အရမ်း နည်းလွန်းနေလို့ တလကို ၂၀၀ ဒီနာ ( အမေရိကန် ဒေါ်လာ ၂၈၂ ဒေါ်လာခန့်) အထိ တိုးပေးဖို့တွေလည်း ပါတယ်” ဟု ဂျော်ဒန် ရောက် ဆန္ဒပြ မြန်မာ အလုပ်သမား တဦးဖြစ်သူ ကိုကျော်ဇင်ဦးက ဧရာဝတီသို့ ပြောသည်။

ဂျော်ဒန်နိုင်ငံ Ramtha မြို့ ဟာဆမ်စက်မှုဇုံရှိ အထည်ချုပ် စက်ရုံတခုဖြစ်သော Centuary Miracle Apparel Mfg. Co.,Ltd ၌ မြန်မာ အလုပ်သမားများထဲတွင် အမျိုးသမီး အလုပ်သမ ၁၂၀၀ ကျော်ရှိပြီး အမျိုးသား အလုပ်သမား ၁၀၀ ကျော်ရှိကြောင်း၊ ယခုအထိ ဆန္ဒပြနေသည်မှာ ၁၄ ရက်ရှိနေပြီ ဖြစ်ကြောင်း၊ ဂျော်ဒန်နိုင်ငံတွင် မြန်မာသံရုံး မရှိ၍ အစ္စရေးနိုင်ငံရှိ မြန်မာ သံရုံးကို ဖုန်းဆက် အကူအညီ တောင်းခဲ့ကြောင်း သူက ဆက်ပြောသည်။

“အစ္စရေး သံရုံးက သူတို့အနေနဲ့ ဂျော်ဒန်ကို လူကိုယ်တိုင် လာဖို့ အခက် အခဲဖြစ်နေတော့ သူတို့က ဖုန်းနဲ့ပဲ လှမ်းဖြေရှင်း ပေးပါ့မယ်ဆိုတာ ပြောပါတယ်” ဟု ကိုကျော်ဇင်ဦးက ဆိုသည်။

အစ္စရေးနိုင်ငံရှိ မြန်မာသံရုံးသို့ ဧရာဝတီက တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့ရာ ဆက်သွယ်၍ မရပေ။

အဆိုပါ မြန်မာ အလုပ်သမားများအား ဂျော်ဒန်သို့ ပို့ဆောင်ပေးခဲ့သည့် အလုပ်သမား အေဂျင့်များဖြစ်သော ကိုစိုင်း၊ မနန်း၊ မသူဇာ တို့အား ဆက်သွယ်ကာ ၀င်ရောက် ညှိနှိုင်း ကူညီဖြေရှင်းပေးရန် ကမ်းလှမ်းခဲ့ သော်လည်း ကိုစိုင်းဆိုသည့် အေးဂျင့်ကသာ လာရောက်ကူညီ ဖြေရှင်းပေး နေကြောင်း၊ သို့သော် ပြေလည်မှု တစုံတရာ ယခုအထိ မရသေးကြောင်း သိရသည်။

“ကိုစိုင်းက ပထမ ကျနော်တို့နဲ့ လာညှိနှိုင်းတယ်။ သူကလည်း ဖြေရှင်း ပေးနိုင်တဲ့ အခြေအနေမရှိတော့ မပြေလည်သေးပါဘူး။ သူနဲ့ မပြေလည်နိုင်လို့ အလုပ်ရှင်နဲ့ တိုက်ရိုက်တွေ့ချင်တယ် ပြောခဲ့တယ်။ ကျနော်တို့မှာ ဘာသာ စကား အခက်အခဲလည်း ရှိတယ်။ နောက် ဘာအလုပ်သမား အဖွဲ့အစည်းမှ လည်း ဒီမှာ မရှိဘူး” ဟု ကိုကျော်ဇင်ဦးက ဆိုသည်။

ဂျော်ဒန်ရောက် မြန်မာ အလုပ်သမား ဆန္ဒပြမှုနှင့် ပတ်သက်၍ ယနေ့ထုတ် ကြေးမုံသတင်းစာ၌ ဂျော်ဒန်နိုင်ငံ အထည်ချုပ်စက်ရုံ၌ ကျွေးမွေးသည့် အစားအသောက် မပြေလည်၍ လူ ၃၀ စတင် ဆန္ဒပြခဲ့ရာ ကြီးထွားလာခဲ့ ကြောင်း၊ အဆိုပါ အလုပ်သမားများ အားလုံးမှာ တရားမ၀င် အေဂျင်စီများ၏ စီစဉ်ဆောင်ရွက်မှုဖြင့် သွားရောက်သူများ ဖြစ်ကြောင်း၊ သို့သော် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနအနေဖြင့် အဆိုပါ အခက်အခဲများ ပြေလည်ရေး စီစဉ်နေကြောင်း ဖော်ပြထားသည်။

ယမန်နေ့က အလုပ်ရှင်နှင့် တိုက်ရိုက် တွေ့ဆုံဆွေးနွေးရန် တောင်းဆိုမှုကြောင့် အလုပ်ရှင် ပါဝင်သည့် အစည်းအဝေးပွဲသို့ အလုပ်သမား ကိုယ်စားလှယ် ၂၁ ဦးကို ဖိတ်ခေါ် ဆွေးနွေးခဲ့သော်လည်း အလုပ်ရှင်ဘက်က မရိုးသားချက်များ ရှိသည့်အတွက် ဆွေးနွေးပွဲ ပျက်ပြယ်သွားခဲ့ကြောင်းလည်း သိရသည်။

ဂျော်ဒန်နိုင်ငံ အလုပ်သမား ဥပဒေအရ ဆန္ဒပြမည်ဆိုပါက ၁၄ ရက် ကြိုတင်ကာ အလုပ်ရှင်ထံ ခွင့်ပြုချက် တောင်းခံရမည်ဖြစ်ပြီး နို့တစ်စာအရ ၄၈ နာရီအတွင်း လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ရန်နှင့် မ၀င်ရောက်ပါက ပထမ တရက် အတွက် ဂျော်ဒန် ဒီနာ ၅၀၊ နောက်ရက်များတွင် တရက်လျှင် ဂျော်ဒန်ငွေ ၅ ဒီနာအား အလုပ်သမားက ပေးဆောင်ရမည်ဖြစ်ပြီး ဆန္ဒပြသည့် ရက်များ အတွက် လစာပေးမည် မဟုတ်ကြောင်း၊ အလုပ်သမားများအား အလုပ် ဆက်လုပ်ရန် ဆန္ဒမရှိပါက စက်ရုံမှ အပြန်လေယာဉ်လက်မှတ် ၀ယ်ပေးမည်ဖြစ်ကြောင်း ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

ဂျော်ဒန်နိုင်ငံရှိ အထည်ချုပ် စက်ရုံတွင် အလုပ်သမား ရပိုင်ခွင့်များအတွက် ဆန္ဒပြနေကြသော မြန်မာအလုပ်သမားများ (ဓာတ်ပုံ – ကျော်ဇင်ဦး)

ဧရာဝတီဂျော်ဒန်နိုင်ငံတွင် မြန်မာအလုပ်သမား ထောင်နှင့်ချီ ရှိသည့် အထည် ချုပ် စက်ရုံတရုံ၌ အလုပ်သမား ရပိုင်ခွင့်များအတွက် ဆန္ဒပြ တောင်း ဆိုနေ သည်မှာ ၁၄ ရက်ရှိပြီဖြစ်ပြီး ပြေလည်မှု တစုံတရာ မရ ရှိသေးေ ကြာင်း သတင်းရရှိသည်။
“ကျနော်တို့ မြန်မာအလုပ် သမားတွေ တောင်းဆိုနေ တာ က မြန်မာ လူမျိုးတွေနဲ့ ကိုက်ညီတဲ့ အစားအသောက်တွေကိုပဲ ကျွေးဖို့၊ ဂျော်ဒန် အလုပ်သမား အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေက လူမျိုးရေးခွဲခြား ဆက်ဆံနေတာတွေ ရပ်တန့်ပေးဖို့၊ လက်ရှိ လုပ်အားခ လစာ ၁၅၅ ဒီနာ

CYBER POWER INVERTER

Photo: CYBER POWER INVERTER

Cyber Power အမှတ် တံဆိပ် Inverter တစ်မျိုး ဖြစ်ပါတယ်။  Cyber Power က အသစ်ထွက် ရှိလာတဲ့ EPS လို့ခေါ်တဲ့ inverter အမျိုးအစား တစ်ခု ဝင်ရောက်လာပါတယ်။ ဒီပစ္စည်းနဲ့ မိမိတို့ရဲ့ အိမ်မှာရှိတဲ့ လျှပ်စစ် မီးချောင်း၊ ကွန်ပျူတာ၊ 32" LCD TV, ပန်ကာ၊ ရေခဲသေတ္တာ၊ ရေမော်တာ စတဲ့ ပစ္စည်းတွေကို ရုတ်တရက် မီးပျက်သွားတဲ့ အချိန်မှာ တစ်စက္ကန့်လေးမှ ရပ်တန့်ခြင်းမရှိဘဲ  အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

 သာမန် inverter တွေထက် ထူးခြားတာက waveform တွေထဲမှာ အဆင့်မြင့် ဆုံးဖြစ်တဲ့ pure sine wave ကို ထုတ်ပေးနိုင်တာ ဖြစ်ပါတယ်။ Stepped sine wave ကို ကွန်ပျူတာနဲ့ တွဲဖက်ပြီး သုံးတဲ့ UPS တွေက လက်ခံနိုင်ခြင်း မရှိပါဘူး။ ဒါကြောင့်  မီးပျက်သွားတဲ့အချိန်မှာ ရိုးရိုး inverter တွေက UPS တွေကို ဆက်လက်အားဖြည့်ပေးနိုင်စွမ်း မရှိနိုင်ဘူးလို့ သိရပါတယ်။ Cyber Power ကထွက်ရှိတဲ့ EPS ကတော့ UPS တွေကို မီးပျက်သွားတဲ့ အချိန်မှာ ဆက်လက် အားဖြည့်ပေးနိုင်ခြင်းကြောင့် UPS ရဲ့ life time ကို ရှည်ကြာစေပြီး မိမိတို့ရဲ့ အလုပ်တွေကို ကွန်ပျူ တာနဲ့ အချိန်ကြာ ရှည်စွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပန်ကာဖွင့်တဲ့ အခါမှာလည်း တဂျီဂျီ အသံမြည်နေတာ မျိုးကိုလည်း ကြုံတွေ့ရမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။  ဒါ့အပြင် သူနဲ့ တွဲဖက်ပြီး သုံးတဲ့ပစ္စည်းတွေရဲ့ power supply ကို ထိခိုက်ခြင်း မရှိတဲ့အတွက် မိမိတို့ရဲ့ ပစ္စည်းတွေကိုလည်း ရေရှည်ခံစေမှာ ဖြစ်တယ်လို့ သိရပါတယ်။ Europe ကနေ Certified ရထားတဲ့ ပစ္စည်း ဖြစ်ပါ တယ်။ ဈေးနှုန်းက ၆၈၉,၀၀၀ ကျပ်ဖြစ်ပြီး၊ စိတ်ပါဝင်စားသူတွေ အနေနဲ့ ဖုန်း- ၃၇၆၁၈၀ သို့ ဆက်သွယ်စုံစမ်း ဝယ်ယူ အသုံးပြုနိုင်ပါတယ်။

ကိုအောင်
From : Yatanarpon

http://bit.ly/XF4loGCyber Power အမှတ် တံဆိပ် Inverter တစ်မျိုး ဖြစ်ပါတယ်။ Cyber Power က အသစ်ထွက် ရှိလာတဲ့ EPS လို့ခေါ်တဲ့ inverter အမျိုးအစား တစ်ခု ဝင်ရောက်လာပါတယ်။ ဒီပစ္စည်းနဲ့ မိမိတို့ရဲ့ အိမ်မှာရှိတဲ့ လျှပ်စစ် မီးချောင်း၊ကွန်ပျူတာ၊32"LCD TV, ပန်ကာ၊ ရေခဲသေတ္တာ၊ ရေမော်တာ စတဲ့ ပစ္စည်းတွေကို ရုတ်တရက် မီးပျက်သွားတဲ့ အချိန်မှာ တစ်စက္ကန့် လေးမှ ရပ်တန့်ခြင်းမရှိဘဲ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
သာမန် inverter တွေထက် ထူးခြားတာက waveform တွေထဲမှာ အဆင့်မြင့် ဆုံးဖြစ်တဲ့ pure sine wave ကို ထုတ်ပေးနိုင်

Wednesday, February 27, 2013

မြန်မာနိုင်ငံအပြောင်းအလဲကို အမေရိကန် သုတေသီတွေသုံးသပ်

မြန်မာ့ပြုပြင်ပြောင်းလဲရေးကိုသုံးသပ်ခြင်းဆို တဲ့ခေါင်း စဉ်နဲ့  ဆွေးနွေးပွဲ တရပ်ကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်က John Hopkins တက္ကသိုလ် လက်အောက်ခံ Brookings Institute မှာ ဖေဖေါ်ဝါရီလ ၂၆ ရက်က ပြုလုပ်ခဲ့ပါတယ်။
အဲဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံကိုယ်စားလှယ်ဟောင်း Priscilla Clapp- Brookings Institute က ဧည့်ပါမောက္ခ Lex Rieffel- အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေအဖွဲ့ IMF ရဲ့အာရှ-ပစိဖိတ် ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Anoop Singh နဲ့ အမေရိကန်-အာဆီယံ စီးပွါးရေးကောင်စီ ဥက္ကဌ Frances Zwenig တို့က ဦးဆောင်ဆွေးနွေးခဲ့တာပါ။

"ဆယ်တန်းစာမေးပွဲဖြေဖို့ ကားရိုက်တွေနားထားသူ စိုးပြည့်သဇင်”



စိုးပြည့်သဇင်ကဇာတ်ကားရိုက်ကူးမှုနဲ့အနုပညာအလုပ်တွေကို ဖေေ ဖာ် ဝါရီ လ မှစပြီး ခဏ နားထားတယ်လို့ သိရပါတယ်။ ဒါရိုက် တာ မျိုးထူး၊ကျော်ရဲအောင် တို့နဲ့ ဗီဒီယို ဇာတ်ကားရိုက်ကူး ခဲ့ပြီးေ နာက် ၁ဝ တန်း စာမေးပွဲဖြေဆိုဖို့ အတွက်ခဏနား လိုက် တာဖြစ် တယ် လို့ ပြောပြလာ တာကြောင့် ”စိုးပြည့်ဖော်ဝါရီလကစပြီး ကားရိုက်တွေ ခဏ နားထားပြီး စာမေးပွဲ အတွက် ပြင်ဆင်နေတယ်။ စာမေးပွဲက ရန်ကုန်မှာပဲဖြေမှာပါ။ စိုးပြည့်က လည်း အနုပညာ အလုပ်တွေနဲ့ ဆိုတော့ ပညာရေးဘက်ကို မလုပ်နိုင် ဘူး ဖြစ်နေတာ။ ၁ဝတန်းက လည်း စာကျက်ချိန်ပေးနိုင်မှ အခုတောင်မှ စာကျက်ချိန်က ဒီတစ် လပဲ သေသေချာချာရှိတာ။ စိုးပြည့်အတွက် အခက် အခဲတွေရှိ ပါတယ်။ ကိုယ် တတ်နိုင်သလောက်တော့ ကြိုးစားပြီးဖြေမှာပါ။ အရင်ကတည်းက ကိုယ်ရတဲ့အချိန်ကို ရသလို ခရီးသွားရင်တောင်

သဘာဝနည်းဖြင့် သည်းခြေကျောက်ကို ဖယ်ရှားနိုင်



သည်းခြေ၌ ကျောက်တည်သော ရောဂါလက္ခဏာတစ်ခုမှာ အစာများများစားပြီးနောက် ဝမ်းဗိုက်ပြည့် အင့် ဖောင်းကားလာကာ အစာမကြေသလို ခံစားရမည်။ ရောဂါပြင်းထန်ပါက အသည်းတစ်ဝိုက်တွင် နာကျင်မှုကို ခံစားရမည်ဖြစ်ကြောင်း သိရသည်။
သဘာဝနည်းဖြင့် သည်းခြေကျောက် ဖယ်ရှားနည်းမှာ ပထမငါးရက်တွင် နေ့စဉ် ပန်းသီးဖျော်ရည် (Apple Juice) လေးခွက်သောက်ပါ။ သို့မဟုတ် ပန်းသီး လေး-ငါးလုံး စားပါ။ (ပန်းသီးဖျော်ရည် သို့မဟုတ် ပန်းသီး မိမိနှစ်သက်ရာ စားသောက်နိုင်သည်။) ပန်းသီးဖျော်ရည်သည် သည်းခြေ ကျောက် ကို ပျော့စေနိုင်သည်။ ထို ငါးရက်အတွင်း အစား အစာကိုလည်း ပုံမှန်စားသုံးရန် ဖြစ်သည်။

ခြောက်ရက်မြောက်နေ့တွင် ညစာမစားဘဲ ထိုနေ့ညနေ ၆ နာရီတွင်မှ ဆားခါးတစ်ဇွန်း ကို ရေနွေး တစ်ဖန်ခွက်နှင့် သောက်ပါ။ ည ၈ နာရီတွင် ဆားခါးတစ်ဇွန်း ထပ်သောက်ပါ။ ဆားခါးသည် သည်းခြေ အိတ်ပြွန်များကို ပွင့်စေပါသည်။
ည ၁၀ နာရီတွင် သံလွင်ဆီ(သို့မဟုတ်) နှမ်းဆီပန်ကန်လုံး တစ်ဝက်ကို လတ်ဆတ်သော သံပရာ ရည်ြ ဖင့်  ရော၍ သောက်ပါ။ သေချာစွာ ရောမွှေပြီးမှ သောက်ပါ။ ဆီသည် သည်းခြေကျောက် များ ကို ချောမွေ့စွာ ထွက်နိုင် စေသည်။ နောက်တစ်နေ့ ဝမ်းသွားသောအခါတွင် ဝမ်းထဲ၌ အစိမ်းေ ရာင် ကျောက်တုံးကလေးများကို တွေ့ရမည်။ ပန်းသီးသည် ဆေးဖက်ဝင် သဘာဝဓာတ် စာဖြစ်ပြီး ဘေး ထွက် ဆိုးကျိုးများကိုလည်း မဖြစ်ပေါ်စေ နိုင်ကြောင်း သိရသည်။

Health

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်း မြို့နယ် ယက်မ ကျေးရွာ အနီး သစ်ပါးလွှာ စက်ရုံတွင် အစာ အဆိပ်သင့်မှု ဖြစ်ရာ အလုပ်သမား (၆) ဦး သေဆုံး

Photo: စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်း မြို့နယ် ယက်မ ကျေးရွာ အနီး
သစ်ပါးလွှာ စက်ရုံတွင် အစာ အဆိပ်သင့်မှု ဖြစ်ရာ အလုပ်သမား (၆)
ဦး သေဆုံး
Wednesday, February 27, 2013

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ လ ၂၆ ရက်နေ့ ၁၁ နာရီ ၃၀ မိနစ် အချိန်ခန့်တွင် 
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်း မြို့နယ် ယက်မ ကျေးရွာ အနီး
လပြည့်နဂါး ကုမ္ပဏီ၊ သစ်ပါးလွှာ စက်ရုံတွင် အလုပ်သမား  ကျား (၁၈) ဦး
နှင့် မ (၁၅) ဦး စုစုပေါင်း အလုပ်သမား (၃၃) ဦးတို့ နေ့လည်စာအား
ဆတ်သားခြောက်ချက် ၊ ဘူးသီး ဟင်းချိုရည်၊ ပဲနှပ်တို့ နှင့် စားသုံးခဲ့ရာ 
အစာအဆိပ်သင့်သဖြင့် နေ့လည် ၁ နာရီ ၃၀ မိနစ် အချိန် ခန့်တွင် ထမံသီ တိုက်နယ် ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရှိရသည်။ 

အစာအဆိပ်သင့်မှုကြောင့် နေ့လည် ၂ နာရီ မှ ည ၅ နာရီ အတွင်း မုံရွာမြို့  နယ် နှင့် ဟုမ္မလင်း မြို့ နယ် များမှ လာရောက် အလုပ်လုပ်ကိုင်နေသော
ကျောက်ဒိုး (၁၉) နှစ်၊ စိုးနိုင်ထွန်း (၂၉) နှစ်၊ ဖိုးလပြည့် (၁၉)နှစ်၊
ပြည့်စုံဖြိုး (၁၈) နှစ် ၊ ကျော်မျိုးအောင် (၁၈) နှစ်၊ စည်သူ (၂၅) နှစ် အလုပ်သမား ကျား (၆) ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

သတင်း အပြည့်အစုံအား ဆက်လက် ဖော်ပြပါမည်။၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ လ ၂၆ ရက်နေ့ ၁၁ နာရီ ၃၀ မိနစ် အချိန် ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်း မြို့နယ် ယက်မ ကျေးရွာ အနီးလပြည့်နဂါး ကုမ္ပဏီ၊ သစ်ပါးလွှာ စက်ရုံတွင် အလုပ်သမား ကျား (၁၈) ဦးနှင့် မ (၁၅) ဦး စုစုပေါင်း အလုပ်သမား (၃၃) ဦးတို့ နေ့လည်စာ အားဆတ်သားခြောက်ချက် ၊ ဘူးသီး ဟင်းချိုရည်၊ ပဲနှပ်တို့ နှင့် စားသုံး ခဲ့ရာ အစာအဆိပ်သင့်သဖြင့် နေ့လည် ၁ နာရီ ၃၀ မိနစ် အချိန် ခန့်တွင် ထမံသီ တိုက်နယ် ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရှိရသည်။

ငွေလဲနှုန်းကို မျက်ကွယ်ပြုနေသော အစိုးရအား သူရဦးရွှေမန်း မေးခွန်းထုတ်

Photo: ငွေလဲနှုန်းကို မျက်ကွယ်ပြုနေသော အစိုးရအား သူရဦးရွှေမန်း
မေးခွန်းထုတ်
Wednesday, February 27, 2013

အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေ တရားဝင်လဲလှယ်ခွင့်ပြုခဲ့သည့်
အချိန်မှ ယနေ့အထိ တစ်ဒေါ်လာလျှင် ၈၅၀ ကျပ်ဝန်းကျင်သာရှိနေပြီး အစိုးရက ပြည်သူများ အကျိုးရှိသောနှုန်းသို့ရောက်အောင် ထိန်းညှိပေးခြင်း မရှိသည့်အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက
ပြည်ထောင်စုလွှတ်တော်တွင် မေးခွန်းထုတ် ဆွေးနွေးခဲ့သည်။

“နိုင်ငံ့ဝန်ထမ်းနှင့် အလုပ်သမားများ၏ တစ်ဦးချင်းဝင်ငွေကို
နိုင်ငံခြားငွေဖြင့် ဖော်ပြရာမှာ အမြင်ကောင်းကောင်း ကိန်းဂဏန်း များအောင် တစ်ဒေါ်လာငွေလဲနှုန်း ၈၅၀ ကျပ်ဝန်းကျင်မှာပဲ ထားနေတာလား။ ၉၅၀၊ ၁၀၀၀ ကျပ် ၀န်းကျင်ထားရှိမှ နိုင်ငံနဲ့ ပြည်သူအတွက် ကောင်းမှာကို သိလျက်နဲ့ မျက်ကွယ်ပြုနေတာလား” ဟု သူရဦးရွှေမန်းက ယနေ့
ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားခဲ့သည်။

ထို့အပြင် နိုင်ငံစီးပွားရေးကောင်းစေရန် ငွေလဲနှုန်းကို သင့်လျော်သကဲ့သို့ ထိန်းညှိပေးပြီး ကိုယ့်နိုင်ငံငွေ မလိုအပ်ဘဲ တန်ဖိုး မမြင့်အောင်လုပ်ပြီး စီးပွားရေး တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သော နိုင်ငံများကို
တွေ့မြင်နေရပါလျက် မိမိနိုင်ငံက ထိုနိုင်ငံများကဲ့သို့ ဘာကြောင့်
မကျင့်သုံးနိုင်သည်ကိုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

ယခု ငွေလဲနှုန်းကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လက်ခစား CMP လုပ်သားများ အခက်အခဲဖြစ်နေကြောင်း၊ သက်ဆိုင်ရာအနေဖြင့် တာဝန်ယူရန်၊ တာဝန်ခံရန် အခက်အခဲရှိနေလျှင်လည်း လွှတ်တော်က တာဝန်ယူ၊ တာဝန်ခံဆောင်ရွက်ရန် လိုသည်ဟုလည်းဆိုသည်။ အကယ်၍ ဆောင်ရွက်ရမည်ဆိုပါက လိုအပ်သော ညှိနှိုင်းဆုံးဖြတ်
ဆောင်ရွက်မှုများ အမြန်လုပ်ဆောင်ရန် လိုအပ်ကြောင်း ယင်းက တင်ပြပြောကြားသည်။

ငွေလဲနှုန်းသည် ၉၅၀ နှင့် ၁၀၀၀ ကျပ်ဝန်းကျင်တွင် သင့်လျော်ပြီး ယင်းသို့ဖြစ်လာရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ယမန်နှစ်က ပြုလုပ်သော အခမ်းအနား တစ်ခုတွင် ပြောကြားခဲ့ဖူး
သည်။

ငွေလဲလှယ်နှုန်းသည် ယမန်နှစ်အစောပိုင်းက ၈၂၀ ကျပ်ဝန်းကျင်နှုန်း
ရှိခဲ့ပြီး နှစ်ဝက်ကာလတွင်မူ ၈၈၀ ကျပ်အထိ ရောက်ရှိခဲ့ကာ ထို့နောက်ပိုင်းတွင် တဖြည်းဖြည်း ပြန်လည်ကျဆင်းပြီး
လောလောဆယ်တွင် ကျပ် ၈၆၀ ကျော် ရှိသည်။

အောက်စ်ဖို့တက္ကသိုလ်မှ ပညာရှင်များက မြန်မာ့စီးပွားရေး ပြန်လည်
ဦးမော့ရန် မြန်မာနိုင်ငံသို့ လာရောက်လေ့လာပြီး ငွေလဲနှုန်းကို တစ်ဒေါ်လာလျှင် ၁၀၀၀ ၀န်းကျင်နှင့်အထက် သတ်မှတ်ရန် လွန်ခဲ့သည့်နှစ်အနည်းငယ်က အကြံပြုခဲ့သည်။ ထို့ပြင် နိုင်ငံတကာ
ငွေကြေးနှင့် ဘဏ်ပညာရှင်များကလည်း အလားတူ အကြံပြုခဲ့ဖူးသည်။

ကျပ်ငွေတန်ဖိုး မာသောကြောင့် ပို့ကုန်လုပ်ငန်းများ အားလုံးရသော
ဒေါ်လာတန်ဖိုးနည်း၍ ဆန်၊ ပဲမျိုးစုံ၊ ရေထွက်ကုန် စသော ကုန်စည်များ
ဈေးကျခြင်းနှင့် ရင်ဆိုင်ရကြောင်း ပို့ကုန်လုပ်ငန်းရှင်များက ဆိုသည်။
ဒေါ်လာတန်ဖိုးကျသော်လည်း သွင်းကုန်အများစုမှာ ဈေးမကျသည့်
အတွက် ပြည်သူများမခံစားရဟု လုပ်ငန်းရှင်များက ထောက်ပြသည်။

နေပြည်တော်ရှိ ဆန်စက်လုပ်ငန်းရှင် ကိုနေစိုးက “မြန်မာက ဆန်တင်ပို့ကုန်ကို အများကြီး ပြောနေပေမယ့် ဈေးမရှိတော့ လယ်သမားတွေအတွက် မက်လုံးမရှိဘူး ဖြစ်နေတယ်။
ဒေါ်လာဈေးကောင်းလို့ စပါးဈေးမြောက်လာရင်တော့ လယ်ယာထွက်ကုန်တိုးလာမှာပဲ။ အခြားအကျိုးသက်ရောက်မှုတွေ
ကိုတော့ ကျွန်တော် မပြောလိုပါဘူး” ဟု ပြောသည်။

7Day News Journalအမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေ တရားဝင်လဲလှယ်ခွင့်ပြုခဲ့သည့်
အချိန်မှ ယနေ့အထိ တစ်ဒေါ်လာလျှင် ၈၅၀ ကျပ်ဝန်းကျင်သာရှိနေပြီး အစိုးရက ပြည်သူများ အကျိုးရှိသောနှုန်းသို့ရောက်အောင် ထိန်း ညှိပေြး ခင်း မရှိသည့်အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကပြည်ထောင်စုလွှတ်တော် တွင် မေးခွန်း ထုတ် ဆွေးနွေး ခဲ့သည်။
“နိုင်ငံ့ဝန်ထမ်းနှင့် အလုပ်သမားများ၏ တစ်ဦးချင်းဝင်ငွေကိုနိုင် ငံခြားေ ငွဖြင့် ဖော်ပြရာမှာ အမြင်ကောင်းကောင်း ကိန်းဂဏန်း များအောင် တစ်ဒေါ်လာငွေလဲနှုန်း ၈၅၀ ကျပ်ဝန်းကျင်မှာပဲ ထားနေတာလား။ ၉၅၀၊

My Blog List