Thursday, January 23, 2020

“နိုင်ငံရေးပြိုင်ဘက်” လုပ်မယ်လို့ ပြည်ခိုင်ဖြိုးဥက္ကဋ္ဌပြော

Image may contain: 1 person
အတိုက်အခံဟု မသုံးလိုပဲ နိုင်ငံရေးပြိုင်ဘက်လုပ်မယ်လို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပဲခူးတိုင်းဒေသ ကြီး၊ ပြည်ခရိုင် ဇန်နဝါရီ ၂၂ ရက်က ပြုလုပ်သည့် လူငယ်ရေးရာတွေ့ဆုံပွဲတွင် ပြောဆိုသည်။

“ကျွန်တော်ကာလမှာ ကျွန်တော်သုံးတဲ့စကားလုံးတွေ သတိထားမိရင်ထားမိလိမ့်မယ်၊ ကျွန်တော် အတိုက်အခံ လို့ သိပ်မသုံးလိုဘူး။ ပြိုင်ဘက်လုပ်မယ်၊ နိုင်ငံရေးပြိုင်ဘက်။ သူဘယ်လောက်လုပ်နိုင်မလဲ ကိုယ်ဘယ်လောက် လုပ်နိုင်မလဲ၊ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအပေါ်မှာ သူဘယ်လောက်သစ္စာထားနိုင်မလဲ၊ ကိုယ်ဘယ်လောက် သစ္စာထားနိုင်မလဲ။ ကိုယ့်တိုင်းပြည် မပဲ့မပျက် မတိမ်းမစောင်းရေးအတွက် ကိုယ်ဘယ်လောက်လုပ်နိုင်မလဲ သူ ဘယ်လောက်လုပ်နိုင်မလဲ။ ကိုယ့်ယဉ်ကျေးမှုမပျက်ဖို့အတွက် ကိုယ်ဘယ်လောက်လုပ်နိုင်မလဲ သူဘယ် လောက်လုပ်နိုင်မလဲ ကိုယ့်တိုင်းပြည်စီးပွားရေးကောင်းအောင် ဘယ်လောက်လုပ်မလဲ လုံခြုံအောင် ဘယ် လောက်လုပ်ကြမလဲ အဲ့တာတွေ ပြိုင်တာကို လုပ်ချင်တယ်”ဟု ဦးသန်းဌေးကပြောသည်။
နိုင်ငံရေးကို သူများမကောင်းကြောင်း ကိုယ့်ကောင်းကြောင်းပြောဆို၍ ပုဂ္ဂိုလ်ရေးကျော်ကြားမှုနောက်လိုက်ပါက တိုင်းပြည်အနာဂတ်အတွက် မကောင်းနိုင်ကြောင်း ၎င်းကဆိုသည်။
Photo - Union Solidarity and Development Party
(Zawgyi)

#TheFifthWaveNews
Photo - Union Solidarity and Development Party

No comments:

Post a Comment

My Blog List