ဓာတ်ပုံ - ကတုတ်ကျင်းထဲရောက် သတင်းသမား (ဒေါင်းမာန်ဟုန်)
လိုင်ဇာသို့ရောက်ရှိလာသည့်
ပြည်တွင်းပြည်ပသတင်းထောက်များ၏ သတင်းတင်ပြချက်များ၊ သတင်းဓာတ်ပုံများ နှင့် Video
File များသည် လိုင်ဇာဒေသတစ်ဝိုက်ရှိ တောင်ကုန်းများအား တိုက်ခိုက်ရာတွင် မိမိတို့အတွက်အလွန်
အသုံးဝင်ကြောင်း ကချင်ပြည်နယ်၊ ရှေ့တန်းစစ်မျက်နှာတွင် တာဝန်ထမ်းဆောင်နေသောအရာရှိတစ်ဦးမှ
ပြောကြားခဲ့သည်။ လဂျားယန်တို့၊ လိုင်ဇာအ၀င်ဝမုဒ်ဦးတို့ မိုးလဲချောင်းတံတားတို့ဆိုတာ
အရင်က ကျွန်တော်တို့ မရောက်ဖူးပါဘူး။ ဒါပေမယ့် Internet မှာ ABSDF က မင်းဌေးတို့ကလည်း
အဲဒီဒေသတစ်ဝိုက်ကဓာတ်ပုံတွေ ဗီဒီယိုတွေတင်ထားတော့ အဲဒီအချက် အလက်တွေကြည့်ပြီး ကြိုတင်စစ်ရေးသုံးသပ်ပြင်ဆင်နိုင်ခဲ့ပါတယ်။
ဒါအပြင် ပြည်တွင်းပြည်ပ သတင်းေ ထာက်တွေတင်တဲ့ ဓာတ်ပုံတွေကြည့်ပြီး KIA အဖွဲ့က ကတုတ်ကျင်းတွေဘယ်လိုအနေ
အထားရှိတယ်၊ ဘာလက်နက်တွေသုံးတယ်၊ ဘယ်လိုစစ်အသုံးအဆောင်ပစ္စည်းတွေရှိတယ်ဆိုတာခန့်မှန်းလို့ရပါ
တယ်လို့ ပြောဆိုခဲ့သည်။ ထို့ပြင်၎င်းက လဂျားယန်တိုက်ပွဲမှာ ကျွန်တော်တို့ကိုအများဆုံးကူညီသွားတာကတော့
ABSDF မြောက်ပိုင်းက ကိုမင်းဌေးကြီးပါဘဲ။ သူက တိုက်ပွဲဖြစ်နေချိန် မှာ နောက်ဆုံးအခြေ အနေတွေကို သူရဲ့
face book ကနေ update လုပ်နေတော့ ကျွန်တော်တို့ သူတို့ခေါင်းဆောင်ပြီး အုပ်စုတွေရှိနိုင်တဲ့ေ နရာ၊
သူတို့အဖွဲ့တွေ နေရာချထားနိုင်တဲ့နေရာကို ခန့်မှန်းရလွယ်သွားပါတယ်ဟု ပြောဆိုသွားသည်။