Thursday, June 04, 2020

ဗဟိုအမေရိကနှင့်တောင်အမေရိကတိုက်တွင် ရောဂါပြန့်ပွားမှုနှုန်း လျင်မြန်လာခြင်းက အထူးစိုးရိမ်ဖွယ်ရှိ


ဗဟိုအမေရိကနှင့်တောင်အမေရိကတိုက်နိုင်ငံများတွင် COVID-19 ရောဂါ ပြန့်နှံ့မှုနှုန်း လျင်မြန်လာခြင်းကို စိုးရိမ်ကြောင်း၊ ၎င်းနိုင်ငံများအနေဖြင့် အခြားနိုင်ငံများ၏ အောင်မြင်သည့် အတွေ့အကြုံဗဟုသုတများနှင့်မိမိဒေသရှိအခြေအနေများကို ပေါင်းစပ်ကာ ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို ဘက်စုံမပြတ်ဆောင်ရွက်သွားရန်အကြံပြုကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(WHO)က ဇွန် ၃ ရက်တွင် ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းအစိုးရ၏ သံစုံတီးဝိုင်းဝယ်ယူရန် ဘတ်ဂျက်တင်ပြမှု တိုင်းလွှတ်တော်ကိုယ်စားလှယ်များ ထောက်ပြ

ရန်ကုန်တိုင်းအစိုးရက ဌာနဆိုင်ရာဧည့်ခံပွဲများ၌ဖျော်ဖြေရန် သံစုံတီးဝိုင်းဝယ်ယူရန် ငွေကျပ် ၁၃၇ ဒဿမ ၄၃၅ သန်း လျာထားတင်ပြခဲ့မှုကို ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် အခြားသောဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ရုန်းကန်နေရချိန် သံစုံတီးဝိုင်းဝယ်ယူမှုကို စဉ်းစားသင့်ကြောင်း တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များက ယနေ့ (ဇွန် ၄ ရက်) တွင်ကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် ပြန်လည်ဆွေးနွေးခဲ့သည်။

လားရှိုးမြို့ အ.ထ.က(၃)စာသင်ကျောင်းတွင် FQ ဝင်နေသူများ နေရပ်ပြန်သွားခြင်းကြောင့် Quarantine Center အဖြစ် ပိတ်သိမ်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ နေရပ်အသီးသီးမှ ပြန်လာသူများအား Facility Quarantine Center ထားရှိသော နေရာ ၂ ခုမှ အ.ထ.က(၃)စာသင်ကျောင်းတွင် FQ ဝင်နေသူများ ဇွန် ၄ ရက်တွင် စောင့်ကြည့်ရက်ပြည့်ကာ နေရပ်ပြန်သွားခြင်းကြောင့် ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

အမှုနှင့်ပတ်သက်၍ အမှန်အတိုင်း ပြောမည်ဟု မင်းရာဇာ ဆို

အိမ်အကူမိန်းကလေးအား အဓမ္မပြုကျင့်မှု၊ မိန်းမကိုယ်အား အက်စစ်ဖြင့် ပက်မှုများဖြင့် အမှုဖွင့်ခံထားရသည့် သရုပ်ဆောင်မင်းရာဇာ(ခ) မင်းကိုကို၊ ၎င်း၏ဇနီးဖြစ်သူ မဖူးငုံပွင့်နှင့် မန်နေဂျာဆိုသူ ကိုအောင်လွင်စိုး (ခ) ရခိုင်လေးတို့ ၃ ဦးအား ယနေ့ ဇွန်လ ၄ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ် တရားရုံး၌ တတိယအကြိမ်မြောက် ရုံးထုတ်ခဲ့သည်။

NLD အစိုးရ လက်ထက်တွင် လဝက ဝန်ထမ်း (၁၅၀)ကျော်ကို အရေးယူထား

NLD အစိုးရလက်ထက် (၂၀၁၆)ခုနှစ် ဧပြီလကစပြီး လက်ရှိအထိ ဝန်ဆောင်မှုလျော့နည်းတာနဲ့ အဂတိလိုက်စားမှုကြောင့် ပြည်ထောင်စုအဆင့်ကနေ ခရိုင်အဆင့်အထိ လဝက ဝန်ထမ်း (၁၅၅) ဦးကို အရေးယူထားပြီးဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောပါတယ်။

COVID-19 မူလအစမှာ တရုတ်နိုင်ငံဖြစ်သည်ဟူ၍ ထရမ့်ထောက်ခံသူများက တွစ်တာပေါ်တွင် ဝါဒဖြန့်

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်အား ထောက်ခံသူများ ဖြစ်ဖွယ်ရှိသည့် တွစ်တာအသုံးပြုသူအုပ်စု ၃၀ ခန့်က ရီပက်ဘလစ်ကန်ပါတီ သို့မဟုတ် လက်ယာအစွန်းရောက် လျှို့ဝှက်ပူးပေါင်းကြံစည်မှုအယူအဆ QAnon ဖြင့် ကိုရိုနာဗိုင်းရပ်စ်သည် တရုတ်နိုင်ငံက ဖန်တီးထားသော ဇီဝလက်နက်တစ်ခုဖြစ်သည်ဟူသော ကောလာဟလများကို ဝါဒဖြန့်ခဲ့ကြကြောင်း သုတေသနအသစ်တစ်ခုအရ သိရသည်။

တက္ကသိုလ်ဝင်တန်း သင်ရိုးလျော့ချမှုနှင့် သင်ကြားမှုပုံစံ ပြောင်းလဲရန်န် ပြင်ဆင်နေ

Covid-19 ကြောင့် (၂၀၂၀- ၂၀၂၁) ပညာသင်နှစ်မှာ ကျောင်းတက်ချိန်တွေ လျော့နည်းမှာ ဖြစ်တဲ့အတွက် တက္ကသိုလ်ဝင်တန်း သင်ရိုးညွှန်းတန်းတွေ လျှော့ချတာနဲ့အတူ သင်ကြားမှုပုံစံကိုလည်း ပြောင်းလဲသွားမှာ ဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။

Wednesday, June 03, 2020

ပုဏ္ဏားကျွန်းတွင် မိုင်းခွဲတိုက်ခိုက်ခံရကြောင့် လုံခြုံရေးတပ်ဖွဲ့တချို့ ကျဆုံး၊ ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့အဝင် ကင်းချောင်းတံတားအနီး၌ ဇွန် ၂ ရက် နံနက်ပိုင်းတွင် AA က လုံခြုံရေးတပ်ဖွဲ့ဝင်များကို ရီမုမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့သည့်အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ပါ ကျဆုံးဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

ပဉ္စမအသုတ်အဖြစ် လုပ်ငန်း ၃၀၀ နီးပါးအား COVID-19 Fund မှ ကျပ် ရှစ်ဘီလီယံကျော် ထုတ်ချေး

ပဉ္စမအသုတ်အဖြစ် လုပ်ငန်း ၂၉၀ အား COVID-19 Fund မှ ကျပ် ၈ ဒဿမ ၇၃၃၅ ဘီလီယံကို ထုတ်ချေးသွားမည်ဖြစ်ကြောင်း COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက သတင်း ထုတ်ပြန်သည်။

စောဒေးဗစ်လား အာမခံလျှောက်ထားမှု ပယ်ချခံရ (Unicode)

ခရစ်တရားဟောဆရာ စောဒေးဗစ်လားအား ယနေ့ ဇွန် ၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်တရားရုံး၌ ဒုတိယအကြိမ် ရုံးထုတ်သည်။

မန္တလေတိုင်းအတွင်း COVID-19 ရောဂါ အတည်ပြုလူနာသစ် မတွေ့ရှိသည်မှာ ရက်(၄၀)ကျော် ရှိလာ

မန္တလေးမြို့ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန၌ ဇွန်(၁)ရက်နှင့်(၂)ရက်များအတွင်း စစ်ဆေးခဲ့သည့် COVID-19 ရောဂါဆိုင်ရာ ဓါတ်ခွဲနမူနာ (၂၆၉)ခုလုံး ရောဂါပိုး တွေ့ရှိခြင်းမရှိဘဲ Negative အဖြေထွက်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ကမ္ဘာတစ်ဝှမ်း ၁၁၅၂၁၅ ဦး ထပ်မံကူးစက်ပြီး ဘရာဇီးတွင် စံချိန်တင် သေဆုံးသည့်နေ့ရက်ဖြစ်လာ

ကမ္ဘာတစ်ဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသည် မေလ ၂ ရက်က ၁၁၅၂၁၅ ဦး ထပ်မံကူးစက်ခဲ့ပြီး လူပေါင်း ၄၆၆၉ ဦး သေဆုံးခဲ့ရာ ယင်းနေ့မတိုင်မီက သေဆုံးသူ ၃၀၁၇ ဦးနှင့် နှိုင်းယှဉ်ပါက သေဆုံးနှုန်းသည် ၅၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။

ရန်ကုန်တိုင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးအဖြစ် ဦးရဲမင်းဦး အား လွှတ်တော်မှ အတည်ပြုခန့်အပ်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးအဖြစ် ဒီကနေ့ ဇွန်လ ၃ ရက်နေ့ ရန်ကုန်တိုင်းလွှတ်တော်အရေးပေါ်အစည်းအဝေးတွင် နေပြည်တော် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦး အား အတည်ပြုခန့်အပ်လိုက် ခြင်းဖြစ်သည်။

လူမှုကွန်ယက်တွင်သံဃာကို ဆဲဆိုပုတ်ခတ်သူကို ထောင် ၁ နှစ် ၉ လချ

လူမှုကွန်ယက်မှာ သံဃာတွေကို ဆဲဆိုပုတ်ခတ်လို့ဆိုပြီး တရားစွဲခံရတဲ့ Kyaw Win Thant ဖေ့ဘုတ်အကောင့်ပိုင်ရှင်ဆရာဝန်ကို မေ ၂ ရက်က ထောင် တစ်နှစ်ကိုးလ အမိန့်ချလိုက်ပါတယ်။

တပ်ချုပ်၊ အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် အစိုးရနှင့် တပ်ခေါင်းဆောင်များကို လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် အာဂျင်တီးနားတွင် တရားစွဲရန် နီးစပ်လာပြီဟု ထုတ်ပြန်

ရခိုင်ပြည်နယ်တွင် လူမျိုးတုန်းသတ်ဖြတ်မှုများ ဖြစ်ပွားခဲ့သည်ဟုဆိုကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် မြန်မာအစိုးရနှင့်တပ်မတော် ခေါင်းဆောင်များကို အာဂျင်တီးနားနိုင်ငံ တရားရုံးတွင် တရားစွဲရန် နီးစပ်လာပြီဖြစ်ကြောင်း ဗြိတိန်အခြေစိုက် ရိုဟင်ဂျာအဖွဲ့အစည်း(BROUK) က ထုတ်ပြန်ပြောဆိုသည်။

ကမ္ဘာတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ (၆၅)သိန်းနီးပါးရှိလာ

ကမ္ဘာတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် လူပေါင်း(၃)သိန်း(၈)သောင်းကျော် သေဆုံးခဲ့ပြီဖြစ်ပါတယ်။ ကူးစက်သူစုစုပေါင်းလည်း တိုးလာပြီး ဒီကနေ့ဆိုရင် (၆၅)သိန်းနီးပါးရှိလာပြီလို့ Worldometer ဝက်ဘ်ဆိုက်မှာ ဖော်ပြပါတယ်။

မြန်မာ့ဆိုက်ဘာလုံခြုံရေးအတွက်ပစ္စည်း တောင်ကိုရီးယားကုမ္ပဏီရောင်းမည်

မြန်မာအစိုးရရဲ့ အင်တာနက်ဆိုက်ဘာလုံခြုံရေးဌာနကို တောင်ကိုရီးယား SK Telecom ကုမ္ပဏီက ပစ္စည်းကိရိယာတွေနဲ့ အကြံဉာဏ်ပေးတဲ့ ဝန်ဆောင်မှုကို ရောင်းချမယ်လို့ ကိုရီးယား ဂျွန်အန်းနေ့စဉ် သတင်းတပုဒ်မှာ မနေ့ညက ဖော်ပြထားပါတယ်။

Tuesday, June 02, 2020

ထရမ့်၏ အငြင်းပွားဖွယ်ပို့စ်များ ဖြုတ်ချရန်ငြင်းဆိုခဲ့မှုကြောင့် မက်ခ်ဇူကာဘာ့ဂ်ကို ဝန်ထမ်းများ ဒေါသထွက်

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ အငြင်းပွားဖွယ်ပို့စ်တွေကို ဖြုတ်ချဖို့ ငြင်းဆန်ခဲ့တာကြောင့် Facebook စီအီးအို မက်ခ်ဇူကာဘာ့ဂ်ကို သူ့ကုမ္ပဏီဝန်ထမ်းတွေက စိတ်ဆိုးဒေါသထွက်ခဲ့ကြတယ်လို့ အခုလ(၂)ရက် CNN သတင်းမှာဖော်ပြထားပါတယ်။

ယန်းသန်းငါးထောင်ကို သက်သာသည့်အတိုးဖြင့်ဂျပန်ချေးပေးမည်

များပြားသည့် ငွေကြေးပမာဏဖြစ်သော မြန်မာကျပ်ငွေ သန်းခြောက်သောင်းလေးထောင်ခန့် ရှိ ဂျပန်ယန်းသန်းငါးထောင်ကို သက်သာသည့်အတိုးဖြင့် မြန်မာနိုင်ငံမှ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (Small and Medium Enterprises, SMEs)ကို ငွေချေးမည်ဟု ဂျပန်အစိုးရကကြေညာလိုက်သည်။

ရွေးကောက်ပွဲကို တနိုင်ငံလုံး တပြေးညီကျင်းပပေးဖို့ UNA တိုက်တွန်း

၂၀၂၀ ရွေးကောက်ပွဲကို နိုဝင်ဘာလမှာကျင်းပမယ်ဆိုရင် တနိုင်ငံလုံးက မဲဆန္ဒနယ်အကုန်လုံး တပြေးညီကျင်းပပေးဖို့ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဇွန်လ ၁ ရက်နေ့နေ့စွဲနဲ့ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

လှိုင်သာယာတွင် ကိုဗစ်ရောဂါဆိုင်ရာ ညွှန်ကြားချက်ကို မလိုက်နာဘဲ စက်ရုံ ဖွင့်လှစ်သည်ဟုဆိုကာ လူမှုကွန်ရက်ပေါ်တင်ခဲ့မှု အပြန်အလှန် အမှုဖွင့်

လိူင်သာယာမြို့နယ်ရှိ Gallant Ocean အအေးခန်းစက်ရုံသည် ကိုဗစ် ၁၉ရောဂါနှင့် ပတ်သက်ပြီး ပြန်လည်ဖွင့်လှစ်ရာတွင် သက်ဆိုင်ရာကျန်းမာရေးဝန်ကြီးဌာန ညွန်ကြားချက်ကို မလိုက်နာဘဲ စက်ရုံဖွင့်လှစ်ကြောင်း လူမှုကွန်ရက် ပေါ်တွင် ရေးသားဖော်ပြခဲ့ခြင်းကြောင့် အလုပ်သမားအရေးလှုပ်ရှားသူတစ်ဦး၊ စက်ရုံအလုပ်သမားတစ်ဦးနှင့် စက်ရုံမန်နေဂျာတို့အကြားအပြန်အလှန် အမှုဖွင့်ဖြစ်ပွားနေကြောင်း အလုပ်သမားအရေးဆောင်ရွက်သူ ဒေါ်လှလှကပြောဆိုသည်။

ရန်ကုန်ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို သတိပေးရုံဖြင့် မလုံလောက်ဘဲ ဥပဒေချိုးဖောက်ပါက အရေးယူရန် လိုအပ်ဟု တက်ကြွလှုပ်ရှားသူများပြော

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကို ကိုဗစ်ကာလ ဗဟိုက ချမှတ်ထားသော စည်းကမ်းများနှင့် အမိန့် ညွှန်ကြားချက်များကို လိုက်နာရန်နှင့်NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က သတိပေးကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယဥက္ကဋ္ဌ ၂ ဒေါက်တာဇော်မြင့်မောင်က မေလ ၃၁ ရက်နေ့က ပြောဆိုလိုက်ရာ ဥပဒေနှင့် စည်းကမ်းများကို ချိုးဖောက်ပါက သတိပေးရုံဖြင့် မလုံလောက်ဘဲ အရေးယူရန်လိုအပ်ကြောင်း တက်ကြွလှုပ်ရှားသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုကြသည်။

လျှပ်စစ်ဝန်ထမ်းများမှ အိမ်အရောက် မီတာဖတ်မည်

ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်း လျှပ်စစ်ဝန်ထမ်းများမှ ပြည်သူများနှင့်အတူ အိမ်အရောက် မီတာဖတ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ကမ္ဘာတစ်ဝှမ်း နေ့စဉ်ကူးစက်မှု တစ်သိန်းအထက်တွင် ရှိနေဆဲ COVID 19

ကမ္ဘာတစ်ဝှမ်း ကိုရိုနာဗိုင်းရပ်စ် COVID 19 ကူးစက်နှုန်းသည် နေ့စဉ် တစ်သိန်းနှင့်အထက် ရှိနေဆဲ ဖြစ်ပြီး ယမန်နေ့က လူပေါင်း ၁၀၈,၇၆၈ ဦး အသစ်ထပ်မံကူးစက်ခဲ့ပြီး ၃,၀၁၇ ဦး ထပ်မံသေဆုံးခဲ့သည်။

မြန်မာနိုင်ငံ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု

အကြမ်းဖက်မှုများ အဆုံးသတ်ရေး စစ်တပ်ကို အသုံးပြုသွားမည်ဟု ဒေါ်နယ်ထရမ့် ခြိမ်းခြောက်

နိုင်ငံတွင်း အဓိကရုဏ်းများနှင့် အကြမ်းဖက်မှုများ ဖြစ်ပွားနေလျက်ရှိပြီး အကြမ်းဖက်မှုများ ဆက်လက်ရှိနေမည်ဆိုပါက စစ်တပ်ကို အသုံးပြုသွားမည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ပြောဆိုလိုက်သည်။

AAနှင့်ARSAအဖွဲ့ပူးပေါင်းပြီးမူးယစ်ဆေးဝါးသယ်ဆောင်မှုကိုဖမ်းဆီးရမိ

AA အဖွဲ့နှင့် ဆက်စပ်ပတ်သက်သောစိတ်ကြွရူးသွပ်ဆေးပြားများ ဖော်ထုတ်ဖမ်းဆီးရမိပြီးAA နှင့် ARSA အကြမ်းဖက်အဖွဲ့များပူးပေါင်း၍ တရားမဝင် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုများ ရုပ်လုံးပေါ်လာကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဇွန်၂ရက်တွင်ထုတ်ပြန်လိုက်သည်။

YBS နှင့် အငှားယာဉ်တိုက်မှုဖြစ်ပွား ယာဉ်ပေါ်ပါ သုံး ဦးသေဆုံး

မေလ ၂ ရက် နံနက် ၆နာရီကျော်က YBS - 40 နှင့် အငှားယာဉ်တိုက်မှုဖြစ်ပွားရာ ယာဉ်ပေါ်ပါ သုံး ဦးသေဆုံးခဲ့ကြောင်းသိရသည်။

ဗိုလ်တထောင်စေတီတော်ဘက်စုံပြုပြင်ရေးလုပ်ငန်းများ ဝန်ကြီးဌာနခွင့်ပြုချက်ဖြင့် ပြန်လည်ဆောင်ရွက်

ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်မြတ်ကြီးရဲ့ ဘက်စုံပြုပြင်ရေး လုပ်ငန်းတွေကို ခေတ္တရပ်နားထားရာကနေ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ ပြန်လည်စတင်ဆောင်ရွက် နေတယ်လို့ အလှည့်ကျဂေါပကအဖွဲ့ဝင်၊ ဘက်စုံပြုပြင်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးမျိုးမြင့်က ပြောပါတယ်။

ရန်ကုန်တိုင်း စီမံ/ ဘဏ္ဍာဝန်ကြီးအဖြစ် နေပြည်တော် ဒုမြို့တော်ဝန် အမည်စာရင်းတင်သွင်း ခံရ

ဇွန်လ (၂)ရက်နေ့ကကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး ၊ ဒုတိယအကြိမ်မြောက် အရေးပေါ်အစည်းအဝေး (ပထမ) နေ့တွင် နေပြည်တော်ဒုမြို့တော်ဝန် ဦးရဲမင်းဦး အားရန်ကုန်တိုင်း စီမံ/ဘဏ္ဍာဝန်ကြီးအဖြစ် ခန့်အပ်ရန်ရန်ကုန်တိုင်း ဝန်ကြီးချုပ်က အမည်စာရင်းတင်သွင်းခဲ့ကြောင်း သိရသည်။

Sex Education နှင့် ပတ်သက်၍ ဥပဒေပိုင်းဆိုင်ရာတွေ အဆင်သင့်ဖြစ်နေပြီလားဟု တပ်ကိုယ်စားလှယ်မေးခွန်းထုတ်


အခြေခံပညာ ဒသမတန်းတွင် သင်ကြားမည့် Sex Education နှင့် ပတ်သက်လို့ အခြားနိုင်ငံများတွင် Sex and Relation Education Guidance နှင့် ပတ်သက်သည့် ဥပဒေတွေရှိပြီး မြန်မာနိုင်ငံမှာရော ဥပဒေ ပိုင်းဆိုင်ရာတွေ အဆင်သင့်ဖြစ်နေပြီလားဟု တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်ကြီး သိမ့်ဂီၤထွေးအောင် မေးခွန်းထုတ်ကာ တင်ပြခဲ့ခြင်း ဖြစ်သည်။

ခပ်ခွာခွာနေခြင်းနဲ့ နှာခေါင်းစည်းတပ်ခြင်းများကြောင့် Covid-19 ကူးစက်မှုအန္တရာယ် လျော့ကျစေနိုင်

လူတစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေခြင်းတွေနဲ့ နှာခေါင်းစည်းတပ်ခြင်းတွေက Covid-19 ကူးစက်မှု အန္တ့ရာယ်လျော့ကျစေနိုင်တယ်ဆိုတဲ့ လေ့လာတွေ့ရှိချက်အသစ်တစ်ခုကို အခုလ(၁)ရက်နေ့က ထုတ်ဝေတဲ့ Lancet ဆေးပညာဂျာနယ်မှာ ဖော်ပြထားပါတယ်။

UNICEF မှဝယ်ယူထားသည့် ပုံမှန်ကာကွယ်ဆေး တစ်သန်းကျော်နှင့် ကိုဗစ်-၁၉ ရောဂါပိုးစမ်းသပ်ကိရိယာများ ရန်ကုန်မြို့သို့ရောက်ရှိ

ပုံမှန်ကာကွယ်ဆေးပမာဏ တစ်သန်းကျော်နဲ့ ကိုဗစ်-၁၉ ရောဂါပိုးစမ်းသပ်ကိရိယာ (test kits)တွေ သယ်ဆောင် လာတဲ့ အထူးလေယာဉ်ဟာ ဇွန်(၁)ရက်က ရန်ကုန်မြို့ကိုရောက်ရှိခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနကထုတ်ပြန် ပါတယ်။

ကမ္ဘာတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ (၆၃)သိန်းကျော် ရှိလာ

ကမ္ဘာတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် လူပေါင်း(၃)သိန်း(၈)သောင်းနီးပါး သေဆုံးခဲ့ပြီဖြစ်ပါတယ်။ ကူးစက်သူစုစုပေါင်းလည်း တိုးလာပြီး ဒီကနေ့ဆိုရင် (၆၃)သိန်းကျော်လာပြီလို့ Worldometer ဝက်ဆိုက်မှာ ဖော်ပြပါတယ်။

မအူပင်အမတ်အား ထိုင်ခုံတွင် ပြန်မထိုင်ပါကအရေးယူမည်ဟု လွှတ်တော်ဒုဥက္ကဋ္ဌ သတိပေးခဲ့ရ

မအူပင်မဲဆန နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်း(ဝဲပုံ)အား လွှတ်တော်ထိုင်ခုံတွင် ပြန်မထိုင်ပါက အရေးယူမည်ဟု ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က သတိပေးခဲ့သည်။

ရခိုင် AA ၊ကိုးကန့် MNDAA နှင့်တအာင်း TNLA မဟာမိတ် ၃ ဖွဲ့က အပစ်အခတ်ရပ်စဲရန် တပ်မတော်ကို ကမ်းလှမ်း


ရခိုင် AA ၊ ကိုးကန့် MNDAA နှင့် တအာင်း TNLA တို့ မဟာမိတ် ၃ ဖွဲ့က တပ်မတော်ကို အပစ်အခတ်ရပ်စဲရေးအတွက် ကမ်းလှမ်းသည့် ကြေညာချက်တစ်ရပ်ကို ဇွန်လ ၁ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ကြေညာသည်။

Monday, June 01, 2020

ယခုဘဏ္ဍာနှစ်အတွက် မျှော်မှန်းထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ပြည့်မီနိုင်

လက်ရှိဘဏ္ဍာနှစ်အတွက် နိုင်ငံခြားရင်းနှီးမြှုုပ်နှံမှု စီးဝင်မှုမှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၁ ဘီလီယံကျော် စီးဝင်ပြီးဖြစ်၍ နိုင်ငံခြားရင်းနှီးမြှုုပ်နှံမှု မျှော်မှန်းချက်ဖြစ်သည့် အမေရိကန်ဒေါ်လာ ၅ဒသမ ၈ဘီလီယံကို ပြည့်မီနိုင်မည်ဟု မျှော်မှန်းကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှသိရသည်။

အငြိမ်းစားဝန်ထမ်းတွေ နေပြည်တော်မှာ လပေးစနစ်နဲ့ တိုက်ခန်းဝယ်နိုင်မည်

အငြိမ်းစား နိုင်ငံ့ဝန်ထမ်းတွေကို နေပြည်တော်မှာ အိမ်ခန်းတွေ အရစ်ကျနဲ့ ရောင်းချပေးမယ်လို့ နေပြည်တော် စည်ပင်သာယာရေးကော်မတီက ကြေညာထားပါတယ်။

လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်အား ဖြုတ်ချရန်ကြိုးစားမှုနှင့်နောက်ဆုံးရလဒ်ကို ပြည်သူ့လွှတ်တော်က ထုတ်ပြန်ကြေညာ

လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်အား ဖြုတ်ချရန်ကြိုးစားမှုနှင့် နောက်ဆုံးရလဒ်ကို ပြည်သူ့လွှတ်တော်က ယခုကဲ့သို့ ထုတ်ပြန်ကြေညာလိုက်သည်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ပြန်လည်ဖွင့်လှစ်

ဇွန်လတစ်ရက်နေ့မှစတင်ပြီး စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်တွေကို ပြန်လည်ဖွင့်ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ ဆိုင်တွေကို ညကိုးနာရီအထိ ဖွင့်ခွင့်ပြုထားတာဖြစ်ပါတယ်။

ဖေ့စ်ဘွတ်ခ်သည် တရားမျှတမှုအတွက် လူမည်းအသိုင်းအဝိုင်းနှင့်အတူ ရပ်တည်ကြောင်း ဇူကာဘက်ဆို

ပြီးခဲ့သည့် အပတ်က နာကျင်မှုအဖြစ်အပျက်များသည် လူတိုင်းကို ဂုဏ်သိက္ခာရှိရှိ၊ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရန်နှင့် လွတ်လပ်စွာ နေထိုင်နိုင်ရန် မိမိတို့တိုင်းပြည်သည် ဘယ်လောက်ဝေးဝေး သွားရဦးမည်ကို သတိပေးနေသည်ဟု ဇူကာဘတ်က သူအကောင့်တွင် ရေးသားထားသည်။

ရန်ကုန်တွင် Mask မတပ်၍ အရေးယူခံရသူ (၃၀၀၀)ကျော်ရှိ

ကိုဗစ်-၁၉ ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးမှာ Mask မတပ်လို့ အရေးယူခံရသူ (၃၀၀၀)ကျော် ရှိတယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကျပ်သိန်းတစ်သောင်းခွဲဆုကို စစ်တွေမြို့မှ တတိယတန်းကျောင်းသူလေးဆွတ်ခူး

(၁၆)ကြိမ်မြောက် ကျပ်တစ်ထောင်တန် အောင်ဘာလေထီ ကျပ်သိန်းတစ်သောင်းခွဲဆုကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရွာကြီးတောင်ရပ်ကွက်မှာနေတဲ့ တတိယတန်းကျောင်းသူလေးကဆွတ်ခူးခဲ့ပါတယ်။ ကံထူးရှင် သမီးငယ်ဟာ ဦးအောင်ဆန်းဝင်းနဲ့ ဒေါ်မေကြီးဖြူတို့ရဲ့ သမီး မကြည်ဖြူစင်သိန်းဖြစ်ပြီး (ဃ-၃၁၃၁၀၂)နံပါတ်နဲ့ ကျပ်သိန်းတစ်သောင်းခွဲဆုကိုဆွတ်ခူးခဲ့တာပါ။

လွှတ်တော်ဥက္ကဋ္ဌ ရာထူးတွင် ဆက်တာဝန်ယူခွင့်ရသည့် ဦးတီခွန်မြတ်ကို ကွန်ဂရက်ကျူလေးရှင်းလုပ်ရန် ပျက်ကွက်ခဲ့ဟု ကြံ့ခိုင်ရေးအမတ် ဦးမောင်မြင့် ပြော

ဦးတီခွန်မြတ်ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ရာထူးတာဝန်မှ ဖယ်ရှားပေးရန် ကြံ့ခိုင်ရေးပါတီမှ ဦးဆောင်ကြိုးပမ်းခဲ့မှု ယနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မဲခွဲ ဆုံးဖြတ်ခဲ့ရာ ရှုံးနိမ့်သွားပြီးနောက် ဦးတီခွန်မြတ်ကို ကွန်ဂရက်ကျူလေးရှင်းလုပ်ရန် ပျက်ကွက်ခဲ့ကြောင်း ကြံ့ခိုင်ရေးပါတီမှ ဦးမောင်မြင့်က ပြောဆိုသည်။

ပြည်သူ့လွှတ်တော်ဥက္ကဌအားတာဝန်မှ ရုပ်သိမ်းပေးရေးအဆိုကို NLDအမတ်များ ပြင်းပြင်းထန်ထန် ကန့်ကွက်ဆွေးနွေး

ကြံ့ခိုင်ရေးနှင့်တပ်ကိုယ်စားလှယ်များလက်မှတ်ရေးထိုးတင်ပြထားသော ပြည်သူ့လွှတ်တော်ဥက္ကဌအားတာဝန်မှ ရုပ်သိမ်းပေးရေးအဆိုကို NLDအမတ်များ ပြင်းပြင်းထန်ထန် ကန့်ကွက်ဆွေးနွေးခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်များ အသံထွက်ချင်တာကို ဥက္ကဌက ဖုံးဖိထားပြီး မျက်ကွယ်ပြုမည်ဆိုပါက အစိုးရက မျက်ဖြူစိုက်လေ ဆရာကြိုက်လေဟု တပ်ကိုယ်စားလှယ် ထောက်ပြ

လွှတ်တော်ကိုယ်စားလှယ်များ အသံထွက်ချင်တာကို ဥက္ကဌက ဖုံးဖိထားပြီး မျက်ကွယ်ပြုမည်ဆိုပါက အစိုးရက မျက်ဖြူစိုက်လေ ဆရာကြိုက်လေဟု တပ်မတော်သားလွှတ်တေ်ာကိုယ်စားလှယ် ဗိုလ်မှူးချုပ် ဝင်းမိုး က ထောက်ပြပြောဆိုလိုက်သည်။

ဦးတီခွန်မြတ်အား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတာဝန်မှရုပ်သိမ်းပေးရန် ပြည်ခိုင်ဖြိုးအမတ်၏အဆို ရှုံးနိမ့်

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် အရေးကြီးအဆိုများ တင်သွင်းခွင့်မရသည့်ကိစ္စနှင့် ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးတီခွန်မြတ်ကို တာဝန်မှရုပ်သိမ်းပေးရန် အဆိုကို ယနေ့ ဇွန် ၁ ရက်နေ့တွင်ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်မဲအများစုဖြင့် အဆိုရှုံးနိမ့်သည်။

အိန္ဒိယပြန်တပ်မတော်သား ၄ ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့ နံနက်ပိုင်းတွင် ကိုဗစ်ရောဂါလူနာ ၄ ဦးတွေ့ရှိကြောင်း ကြေညာခဲ့ပြီး ယင်းလူနာ ၄ ဦးမှာ အိန္ဒိပြန် တပ်မတော်သား ၄ ဦးဖြစ်နေကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ရခိုင်ပြည်နယ်မှ ကျပ်သိန်းတစ်သောင်းခွဲထီဆုရှင် စစ်ဘေးရှောင်ဒုက္ခသည်များအတွက် လှူဒါန်းမည်

၁၆ ကြိမ်မြောက် အောင်ဘာလေထီကျပ်သိန်းတစ်သောင်းခွဲ ဆုရှင်အဖြစ် ရခိုင်ပြည်နယ် စစ်တွေမြို့၊ ရွာကြီးတောင်ရပ်ကွက် ငပိန်လမ်းနေ ဦးအောင်ဆန်းဝင်းနှင့် ဒေါ်မေကြီးဖြူတို့၏ သမီး မကြည်ဖြူစင်သိန်းက ဃ ၃၁၃၁ဝ၂ ဂဏန်းဖြင့် ဆွတ်ခူးသွားပြီး စစ်ဘေးရှာင်ဒုက္ခသည်များအတွက် လှူဒါန်းမည်ဖြစ်ကြောင်း ဖခင်ဖြစ်သူ ဦးအောင်ဆန်းဝင်းက ပြောဆိုသည်။

My Blog List