Friday, April 22, 2016

တိုင်းမ်မဂ္ဂဇင်းပါ ဒေါ်အောင်ဆန်းစုကြည်အကြောင်း အိုဘားမား ရေးသား


နာမည်ကြီး အမေရိကန် သတင်းမဂ္ဂဇင်း တိုင်းမ်တွင် ကမ္ဘာပေါ်ရှိ ဩဇာအရှိဆုံး လူ ၁၀၀ ကို နှစ်စဉ် ရွေးချယ်ဖော်ပြလျက်ရှိရာ ၂၀၁၆ ခုနှစ်အတွက် ရွေးချယ်မှုတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လည်း ပါဝင်ကာ အမေရိကန်သမ္မတ အိုဘားမားက ရေးသားပေးထားသည်။

“ဖားကန့်မှာနေထိုင်တဲ့ အမျိုးသမီးတွေရဲ့ ဘဝကို ကာကွယ်ပေးစေချင် တယ်”

ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများကို အကြီးအကျယ် လုပ်ကိုင်နေတဲ့ ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ယခင်စစ်အစိုးရ လက်ထက်က လုပ်ပိုင် ခွင့်ပေးထားတဲ့ ကုမ္ပဏီတွေက လုပ်ငန်းက ထွက်ရှိလာတဲ့ အကျိုးအမြတ်တွေ ကို လက်ဝါးကြီး အုပ်ထားတာကြောင့် ဒေသခံတွေအတွက် အကျိုးအမြတ် တစုံတရာမှ မရရှိဘဲ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းက ထွက်ရှိလာတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း ခံစားနေရပါတယ်။

ပလောင် (တအာင်း) တပ် နှင့် နယ်မြေအငြင်းပွားမှုအကြောင်း ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ်နှင့်တွေ့ဆုံမေးမြန်း


မြန်မာ့ရိုးရာ အခါသင်္ကြန် အတာပြောင်းတဲ့နှစ်သစ်ကူးမှာ ပလောင်အမျိုး သားလွတ်မြောက်ရေးတပ်ဦး၊ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် PSLF/TNLA က ထုတ်ပြန်ကြေငြာချက်တစောင် ထုတ်ပြန်ပါတယ်။ အဲဒီထုတ်ပြန်ကြေငြာချက်မှာ သျှမ်းပြည်တပ်မတော် RCSS/SSA အနေနဲ့ သျှမ်းပြည်မြောက်ပိုင်းအတွင်းမှ ၄င်းတို့ ဌာနချုပ်ရှိရာ ထိုင်းနယ်စပ် လွယ် တိုင်းလျဲန်းသို့ တပ်ဆုတ်ပြန်ဖို့ သတိပေးပြောကြားလိုက်ပါတယ်။

မြန်မာတစ်နိုင်ငံလုံးနီးပါး လာမည့် ၇၂ နာရီ အတွင်း မိုး ကြိုးပစ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်


မြန်မာတစ်နိုင်ငံလုံးနီးပါးတွင် နောက် ၇၂ နာရီအတွင်း မိုးတိမ်တောင်များ ဖြစ်ပေါ်ကာ မိုးသည်းထန်ခြင်း၊ မိုး ကြိုးပစ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပြီး ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း အထက်ပိုင်းတွင် အဆိုးရွား ဆုံးဖြစ်နိုင်ကြောင်း မိုးလေ၀သပညာရှင် ဦးထွန်းလွင်က သတိပေးပြော ကြားလိုက်သည်။

ဟံသာဝတီ ဦးဝင်းတင်ကို ဂုဏ်ပြုသည့်အနေနှင့် ပန်းခြံတည်ဆောက်မည်ဟု သူရဦးတင်ဦးဆို


ကွယ်လွန်သွားပြီ ဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ သဘာပတိဝင်တစ်ဦး ဖြစ်သူ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကို ဂုဏ်ပြုသည့်အနေနှင့် ပန်းခြံတည်ဆောက်သွားမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နာယက သူရဦးတင်ဦးက ပြောကြားသည်။

တရုတ် သမ္မတရှီကျင့်ဖျင်က စစ်သေနာပတိချုပ်အဖြစ် ရာထူးရယူ


လက်နက်ကိုင်စစ်တပ်အပေါ် ပိုင်ပိုင်နိုင်နိုင်ထိန်းချုပ်နိုင်ရန် တရုတ်သမ္မတရှီကျင့်ဖျင်က စစ်ရာထူးသစ်ကို ရယူခဲ့သည်။ပူးတွဲ စစ်ရေးကွပ်ကဲမှုစင်တာ၏ အကြီးအကဲ စစ်သေနာပတိချုပ်အဖြစ် သမ္မတရှီကျင့်ဖျင်က ရယူလိုက်ခြင်းဖြစ်သည်။ နိုင်ငံပိုင်သတင်းမီဒီယာတွင် သမ္မတရှီကျင့်ဖျင်အား ပြောက်ကျားစစ်ဝတ်စုံ ဝတ်ဆင်လျက် စင်တာသို့ လာရောက်လည်ပတ်မှုများကို ပြသသွားခဲ့သည်။

တရုတ်မကြောက်ရတဲ့ ကမ္ဘာ့အဆင့်မီ နိုင်ငံခြားရေး မူဝါဒ



မြန်မာ့နိုင်ငံခြားရေး မူဝါဒကို ပြန်ပြောင်းကြည့်လိုက်လျှင် ရင်နာဖွယ်များကို တွေ့ခဲ့ရသည်။ အဆိုးဆုံးမှာ စစ်အာဏာရှင်များနှင့် ၎င်းတို့၏ အဆွယ်အပွား များက တိုင်းပြည်ကို အုပ်ချုပ်ခဲ့ချိန်တွင် ဖြစ်သည်။ ညံ့ဖျင်းသော၊ မသမာသော၊ ကိုယ်ကျိုးကြည့်သော၊ သားတူညီများ ကောင်းစားရေးကိုသာ ဆောင်ရွက်သော၊ လူထုကို မျက်နှာမမူခဲ့သောခေတ်တွင် တိုင်းပြည်၏ ဂုဏ်သိက္ခာသည်လည်း ကမ္ဘာ့ အလယ်တွင် လုံးလုံး ကျဆင်းသွားခဲ့သည်။ ထိုသူတို့သည်ကား မတရား ချမ်းသာသွားခဲ့သည်။ တိုင်းပြည်ကား ဆင်းရဲမွဲတေမှုတွင် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစာရင်းသို့ ရောက်ရှိခဲ့ပြီး၊ အာရှဒေသ၏ ဒုတိယအဆင်းရဲဆုံး နိုင်ငံအဖြစ်သို့ သက်ဆင်းခဲ့သည်။

လီဆူးတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် ဦးဂျေယောဝူက မြစ်ဆုံဆည် စီမံကိန်းအား လုံးဝဆန့်ကျင်သည်ဟု ဆို


မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကြောင့် အနောက်နိုင်ငံများမှ စီးပွားရေး လုပ်ငန်းများ ၀င်ရောက်လာမှု မြင့်တက်လာသော်လည်း တရုတ်နိုင်ငံသည် ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၁၅.၄ ဘီလီယံခန့်ဖြင့် အများဆုံး ရင်းနှီးမြှုပ် နှံသူအဖြစ် ပြတ်သားစွာ ရပ်တည်လျက် ရှိနေဆဲဖြစ်သည်။

ပါကစ္စတန် ထိပ်တန်း စစ်ဗိုလ်ချုပ်တွေ ရာထူးက ဖယ်ရှား


ပါကစ္စတန်နိုင်ငံမှာ အရှိန်အ၀ါကြီးတဲ့ စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး Raheel Sharif ဟာ ထိပ်ပိုင်းအရာရှိ တစ်စုကို အကျင့်ပျက်ခြစားမှု စွဲချက်တွေနဲ့ ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။ ရာထူးကနေ ထုတ်ပယ်လိုက်တဲ့အထဲမှာ ဒုတိယ ဗိုလ်ချုပ်ကြီး တစ်ဦး၊ ဗိုလ်ချုပ် တစ်ဦး၊ ဗိုလ်မှုးချုပ် သုံးဦးနဲ့ ဗိုလ်မှုးကြီးတစ်ဦးတို့ ပါဝင်ပြီး၊ တစ်နှစ်ကြာ စစ်တပ်တွင်း စုံစမ်းစစ်ဆေးမှုတွေက လုပ်ပြီးတဲ့နောက် သူတို့ဟာ လဘ်ယူခဲ့တဲ့အတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့တာလို့ စစ်တပ်ထဲက သတင်းရင်းမြစ်တွေက ဗွီအိုအေကို အတည်ပြု ပြောကြားခဲ့ပါတယ်။

ရာသီဥတု သဘောတူညီချက် ကမ္ဘာ့ ခေါင်းဆောင်တွေ လက်မှတ်ထိုးမည်


ကမ္ဘာ့ ခေါင်းဆောင်တွေဟာ ရာသီဥတုပြောင်းလဲမှုရဲ့ သက်ရောက်မှုတွေကို အရှိန်နှေးသွားအောင် လုပ်ဖို့နဲ့ ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်မှု တွေကို ကုစားဖို့အတွက် သမိုင်းဝင် လုပ်ဆောင်ချက်ကို သောကြာနေ့ကျရင် ကုလသမဂ္ဂမှာ စတင်တော့မှာ ဖြစ်ပါတယ်။

IS ကို တိုက်ဖို့ ကန်နဲ့ ပင်လယ်ကွေ့ ခေါင်းဆောင်များ ညီညွတ်


IS အစွန်းရောက်အဖွဲ့ကို ခြေမှုန်းရေးနဲ့ ပဋိပက္ခပြည့်နေတဲ့ အရှေ့ အလယ်ပိုင်းဒေသ တည်ငြိမ်ရေး ကြိုးပမ်းမှုတွေမှာ အမေရိကန် ပြည်ထောင်စုနဲ့ ပင်လယ်ကွေ့နိုင်ငံတွေကြား တညီတညွတ်ထဲ ဆက်ရှိနေပါတယ်လို့ သမ္မတ ဘရာ့ခ် အိုဘားမားက ပြောလိုက်ပါတယ်။

စစ်တပ်ကိုချုပ်ကိုင်ဖို့ တရုတ်သမ္မတ စစ်ရာထူးသစ် ရယူ


တရုတ်သမ္မတ ရှီ ကျင့်ပင်ဟာ ပူးတွဲ စစ်ဆင်ရေး ကွပ်ကဲမှုဌာနရဲ့ ဦးစီးချုပ် ဆိုတဲ့ ရာထူးအသစ်နဲ့အတူ တရုတ်စစ်တပ်ရဲ့ ဦးစီးချုပ် နေရာကို ပိုပြီးတော့ တိုက်ရိုက်ကျတဲ့ နည်းလမ်းနဲ့ ရယူလိုက်ပါတယ်။သမ္မတရှီရဲ့ ရာထူးအသစ်ကို ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တွေက ထွက်လာတဲ့ သတင်းတွေမှာ ဖော်ပြထားတာပါ။ အဲဒီသတင်းတွေ ထဲမှာ သမ္မတရှီက စစ်ဆင်ရေးကွပ်ကဲမှုဌာနရဲ့ လက်မောင်းတံဆိပ်ပါတဲ့ တိုက်ပွဲဝင်စစ်ဝတ်စုံကို ၀တ်ဆင်ထားတာ ပထမဆုံး အကြိမ် တွေ့ကြရပါတယ်။

နိုင်ငံတော်အလံဖြုတ်ချမှုဖြင့် မြင်းခြံတွင် ဖမ်းဆီးခံထားရသည့် ကျောင်းသား နှစ်ဦး လွတ်မြောက်



အမျိုးသားပညာရေးဥပဒေ ဆန့်ကျင်ကန့်ကွက်ဆန္ဒထုတ်ဖော်သည့် ကျောင်းသားသပိတ်စစ်ကြောင်းသည် မြင်းခြံမြို့သို့ ရောက်ရှိစဉ် နိုင်ငံတော်အလံဖြုတ်ချပြီး ခွပ်ဒေါင်းအလံ ပြောင်းလဲလွှင့်တင်ခဲ့သည်ဟူသောစွပ်စွဲချက်ဖြင့် မြင်း ခြံထောင်တွင် ဖမ်းဆီးခံထားရသည့် ကျောင်းသား ၂ ဦးကို ဧပြီလ ၂၁ရက် နေ့ ညနေ ၅နာရီတွင် ပြန်လည်လွတ်မြောက်ခွင့်ပေးလိုက်ကြောင်း မြင်းခြံ မြို့နယ်တရားရုံးထံမှ သိရှိရသည်။

အမေရိကန် ဒေါ်လာ ၂၀ တန် ငွေစက္ကူတွင် ကျွန်စနစ် ဖျက်သိမ်းရေး လှုပ်ရှားသူ အမျိုးသမီး Harriet Tubman ၏ ပုံအား ထည့်သွင်းရန် အမေရိကန် စီစဉ်


အမေရိကန် သမိုင်းကြောင်းတွင် ကျွန်စနစ် ဖျက်သိမ်းရေး အမျိုးသမီး တက်ကြွလှုပ်ရှားသူ တစ်ဦး ဖြစ်သည့် အမေရိကန်- အာဖရိကန် လူမျိုး Harriet Tubman ၏ ကိုယ်တစ်ပိုင်း ရုပ်ပုံအား အမေရိကန် ဒေါ်လာ ၂၀ တန် ငွေစက္ကူ၏ ရှေ့ဖက် မျက်နှာစာတွင် ထည့်သွင်း ဖော်ပြရန် အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဋ္ဌာနက စီစဉ်နေကြောင်း ဘဏ္ဍာရေး ဝန်ကြီး ဂျက်ကော့ဘ်လျူ (Jacob Lew) က ဧပြီလ ၂၀ ရက်က ကြေညာ လိုက်သည်။

ဝန်ကြီးဌာနများ၏ ဖွဲ့စည်းပုံ ပြင်ဆင် ရေးဆွဲရေး အချိန်ဆောလျင်စွာ ပြီးစီးနိုင်ဟု နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဆို


ပြင်ဆင်ဖွဲ့စည်းခဲ့သည့် ဝန်ကြီးဌာနများ၏ ဖွဲ့စည်းပုံပြင်ဆင် ရေးဆွဲရေးသည် မှန်းထားသည့် အချိန်ထက် ဆောလျင်စွာ ပြီးစီးနိုင်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ နိုင်ငံတော်သမ္မတ အိမ်တော်တွင် ကျင်းပသော ဝန်ကြီးဌာနများ၏ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ညှိနှိုင်း အစည်းအဝေးတွင် ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတကာသံတမန်များ ယနေ့တွေ့မည်


နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာသံတမန်များနှင့် ဧပြီ ၂၂ ရက် မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ရှိ နိုင်ငံခြားရေးဝန်ကြီးရုံး လောကနတ်ခန်းမ၌ တွေ့ဆုံသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

Friday, April 08, 2016

အဘခေတ်က ခရိုနီတွေကို အစ်မခေတ်မှာ ဘယ်လိုထိန်းမလဲ


စစ်အာဏာရှင်အဆက်ဆက် အုပ်ချုပ်ခံခဲ့ရသည့် မြန်မာနိုင်ငံတွင် ခရိုနီဟူသော လူတန်းစား တရပ်ပေါ်ပေါက်ခဲ့သည်။ အာဏာရှိသူများနှင့်ပူးပေါင်းကာစီးပွားရေးလုပ်ခဲ့ကြသည့် ခရိုနီများကြောင့် နိုင်ငံတော်အတွက် အမှန်တကယ်ရရှိမည့် အခွန်ငွေများ ဆုံးရှုံးနစ်နာခဲ့ရ သည်။ နှစ်ပေါင်းများစွာ အမြစ်တွယ် ခဲ့သည့် ခရိုနီအရင်းရှင်စနစ်(Crony Capitalism) လုံးဝအမြစ်ပျောက်သွားရန် NLD အစိုးရအနေဖြင့် အစွမ်းကုန် ကြိုးပမ်းရမည်ဖြစ်သည်။

ပနားမားလျှို့ဝှက်ဘဏ်စာရင်းပေါက်ကြားမှု ထိုင်းတွင် လူ ၁၆ ဦးကို စုံစမ်းစစ်ဆေး


ပနားမားလျှို့ဝှက်ဘဏ်စာရင်း ပေါက်ကြားမှုမှာ ပါဝင်ခဲ့တဲ့ လူသိများ စီးပွားရေးသမားတွေနဲ့ နိုင်ငံရေးသမားဟောင်းတွေ အပါအဝင် လူ ၁၆ ယောက်ကို စုံစမ်းစစ်ဆေးနေပြီလို့ ထိုင်းနိုင်ငံ ငွေကြေးခဝါချမှု တိုက်ဖျက် ရေးအဖွဲ့ (AMLO) က ထိပ်တန်း အရာရှိတဦးက ဒီနေ့ ပြောဆိုလိုက်ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ဖို့ စိစစ်ဆောင်ရွက်နေဆဲပါ- ဦးဇော်ဌေး


နိုင်ငံရေးအကျဉ်းသားလွတ်ရေးအတွက် နိုင်ငံတော်သမ္မတရုံးနဲ့ ပြည်ထဲရေးဝန်ကြီးဌာန အကြား ပူးပေါင်းဆောင်ရွက်နေတယ်လို့ သမ္မတရုံးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဒီဗွီဘီကို ပြောပါတယ်။ မနေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က မြန်မာ့နှစ်သစ်ကူးအခါသမယတွင် နိုင်ငံရေးအကျဉ်းသားတွေ၊ နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး အမှုရင်ဆိုင်ရတဲ့ ကျောင်းသူကျောင်းသားတွေ လွတ်မြောက် ရေးကို ကြိုးပမ်းသွားမယ်လို့ ထုတ်ပြန်အပြီး ညနေပိုင်းမှာ စတင်ဆောင်ရွက် တာလို့ သူက ပြောပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wang Yi နှင့်တွေ့ဆုံခြင်း


'တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့အိမ်နီးချင်းကောင်းဖြစ်တဲ့အတွက် မြန်မာ နိုင်ငံကို ထောက်ခံပံ့ပိုးမှုတွေ၊ ကူညီမှုတွေ ဆက်လက်ပေးသွားမှာဖြစ်ပါတယ်'မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးအလည်အပတ်ရောက်ရှိနေသည့် တရုတ်ပြည် သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန် ကြီးတရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wang Yi နှင့်တွေ့ဆုံခြင်း နှင့်တွေ့ဆုံကာ မြန်မာနိုင်ငံသို့ လာရောက်ရသည့်ရည်ရွယ်ချက်၊ မြန်မာပြည်သူပြည်သားများအပေါ်ထားရှိသည့်သဘောထားများနှင့်ပတ်သက်ပြီး တွေ့ဆုံမေးမြန်း ဖြေကြားချက်များကို ဖော်ပြအပ်ပါသည်။

အစိုးရအဖွဲ့ဆောင်ရွက်မည့်ကိစ္စရပ်တိုင်းကို ပြည်သူ့ဆန္ဒပါဝင်နိုင်အောင် ကြိုးပမ်းသွားမည်ဟု ၀န်ကြီးချုပ်ပြောကြား


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဆောင်ရွက်မည့် ကိစ္စရပ်များတွင် ပြည်သူ့ဆန္ဒသဘောထားများ ပါဝင်နိုင်အောင်ကြိုး ပမ်းသွားမည်ဖြစ်ကြောင်း ဧပြီ ၈ ရက်နေ့က ရန်ကုန်တိုင်းလွှတ်တော်ရုံးတွင် ပြုလုပ်သော သတင်း မီဒီယာနှင့် တွေ့ဆုံပွဲ တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောသည်။

ခရစ်ယာန်ဘုရားကျောင်းဝင်း စေတီတည်ခြင်းကိစ္စ ကရင်ဘာသာရေးခေါင်း ဆောင်များ လက်တွဲဖြေရှင်းမည်


ကရင်ပြည်နယ်အတွင်း ခရစ်ယာန်ဘုရားကျောင်းဝင်း၌ စေတီတည်ခြင်း ကိစ္စအပေါ် ကရင်ဘာသာရေး ခေါင်းဆောင်များ လက်တွဲဖြေရှင်းသွား မည်ဟု ဧပြီ ၆ ရက်နေ့၊ ဖားအံမြို့၊ တော်ဝင်ရတနာ ဟိုတယ်၌ ပြုလုပ်သည့် ကရင်ဘာသာရေးခေါင်းဆောင်များနှင့် ကရင်အမျိုးသားစည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကော်မတီတို့ တွေ့ဆုံပွဲအပြီး ထုတ်ပြန်ချက်ရလဒ်တွင် ဖော်ပြထားသည်။

ကရင်ပြည်နယ်စာရင်းစစ်ချုပ်အဖြစ် ရန်ကုန်နှစ်သစ်ကူး ဗဟိုကော်မတီမှ အထွေထွေအတွင်းရေးမှူး စောလှထွန်း ခန့်အပ်ခံရ


ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကျင်းပရေး ဗဟိုကော်မတီ (မဟာ ရန်ကုန်)၊ အထွေထွေအတွင်းရေးမှူး စောလှထွန်းကို ကရင်ပြည်နယ် စာရင်းစစ်အချုပ်အဖြစ် ယနေ့(ဧပြီ ၇ရက်နေ့) ပြုလုပ်သည့် ဒုတိယအကြိမ်၊ ပြည်နယ်လွှတ်တော် ၇ ရက်မြောက်နေ့အစည်းအဝေးတွင် အတည်ပြုခန့်အပ် လိုက်ပြီဖြစ်သည်။

ဝင်းရော်ဒေသရှိ ကရင်စာပေ သင်ကြားသော ကျောင်းဆရာများကို ထောက်ပံ့ငွေတိုးပေးမည်ဟု ပြော


ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်းရော်ဒေသရှိ အစိုးရ ကျောင်းများ၌ ကရင်တိုင်းရင်းသား စာပေ သင်ကြားသော ကျောင်းဆရာများကို လာမည့် စာသင်နှစ်တွင် ထောက်ပံ့ငွေများတိုးပေးမည်ဟု ဧပြီ ၂ရက်နေ့က တောင်ဒီးကျေးရွာ ဘုန်းကြီးကျောင်း၌ ပြုလုပ်သည့် ကရင်နှင့် အစိုးရပညာရေးဋ္ဌာနတို့ ပညာရေးနှီးနှော ဖလှယ်ပွဲတွင် ဝင်းရေးမြို့နယ် ကရင်ပညာရေးဋ္ဌာန(KED)က ပြောသည်။

မြန်​မာနိုင်​ငံတွင်​ နိုင်​/ကျဉ်း လုံးဝမရှိ​စေရဟု ​ဒေါ်​အောင်​ဆန်းစုကြည်​​ပြော


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီး ​ဒေါ်​အောင်​ဆန်းစုကြည်​သည်​ ​မြန်​မာနိုင်​ငံတွင်​ နိုင်​ငံ​ရေးအကျဉ်းသား လုံးဝမရှိ​စေရဟု ​ကနေဒါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Stephane Dion နှင့် ဧပြီ ၇ရက်က တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း Stephane Dionက သတင်း ထောက် များအား ပြောသည်။

အသစ်ခန့်အပ်ခံရတဲ့ ရခိုင်ဝန်ကြီးတစ်ဦး ပါတီမှ ထုတ်ပယ်ခံရဖွယ်ရှိ


ဧပြီ ၇ ရက်နေ့တွင် ပြည်နယ်လွှတ်တော်မှ အတည်ပြု ခန့်အပ်ခဲ့ကြသည့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ၀န်ကြီး ၇ ဦးမှ ၁ ဦးကို မိခင်ပါတီမှ ထုတ်ပယ် နိုင်ဖွယ်ရှိကြောင်း ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က မဇ္ဈိမကို ပြောကြားခဲ့သည်။

အင်းစိန်ထောင်တွင် လာရောက်စောင့်စားသူများပြားသော်လည်း မျှော်လင့်ထားသူများမပါခဲ့


ယနေ့ ဧပြီလ ၈ ရက်နေ့တွင် အင်းစိန်ထောင်မှအကျဉ်းသားများလွတ် မြောက်မည်ဟု သတင်းများထွက်ပေါ်ခဲ့သည့်အတွက် နိုင်ငံရေးအကျဉ်းသား များ၏ မိသားစုဝင်များ အလုပ်သမားများ၏ မိသားစုဝင်များက လာရောက် စောင့်စားနေသေည်လည်း မျှော်လင့်ထားသူများ မပါလာကြောင်း စောင့်စား နေသူများက ပြောသည်။

ကျပ် ၅၀၀ တန် ထီလက်မှတ် ဆုကြေးတွင် ကျပ်သိန်း ၁၀၀၀၀ အပြင် ကျပ်သိန်း ၅၀၀၀ နှင့် ကျပ်သိန်း ၁၀၀၀ ဆုကြေးများ လည်း ပါဝင်မည်


ငွေကျပ် ၅၀၀ တန်ထီလက်မှတ်များအတွက် အမြင့် ဆုံးဆုကြေးအဖြစ် ကျပ်သိန်း ၁၀၀၀၀ အပြင် ကျပ်သိန်း ၅၀၀၀ နှင့် သိန်း ၁၀၀၀ ဆုကြေးများလည်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။ယင်းဆုကြေးများအပြင် အထူးဆုကြီးစနစ်အဖြစ် ကျပ်သိန်း ၁၀၀၊ သိန်း ၅၀ နှင့် ၁၀ သိန်းတို့လည်း ပါဝင် မည်ဖြစ်ကာ ကျပ် ၂၀၀ တန်ထီလက် မှတ်များ၏ဆုကြေးတွင် ပါဝင်သည့် ဝေေ၀ဆာဆာပဒေသာ ဆုမဲ စနစ်ဖြစ် သော ကျပ်သုံးသိန်း၊ နှစ်သိန်း၊ တစ် သိန်းနှင့် ငါးသောင်းတို့လည်း ပါဝင် မည်ဖြစ်သည့်အပြင် ဆုမဲအရေအတွက် ကိုလည်း ယခင်ထက် တစ်သောင်း ကျော် တိုးမြှင့်သွားရန် စီစဉ်ထား ကြောင်း ပြည်တွင်း အခွန်များဦးစီး ဌာန အောင်ဘာလေသိန်းဆုဌာန ခွဲမှ သိရသည်။

စွမ်းအင်မလုံလောက်မှုကြောင့် စနေ၊တနင်္ဂနွေအပြင် သောကြာကိုပါ ဗင်နီဇွဲလားတွင် ရုံးပိတ်ရက်သတ်မှတ်


မီးမကြာခဏပြတ်တတ်တဲ့ နိုင်ငံ ဗင်နီဇွဲလားမှာ စွမ်းအင်ချွေတာဖို့ရန် အတွက် သောကြာနေ့ကိုပါ ရုံးပိတ်ရက်များအဖြစ် သတ်မှတ်မယ်လို့ သမ္မတ နီကိုလပ်စ်မာဒူရို က အမိန့်ကြေညာလိုက်တယ်ပါတယ်။ လာမယ့် ၂ လ အထိ ဒီကိစ္စက အကျုံးဝင်နေဦးမှာ ဖြစ်ပြီးတော့ အားလပ်ရက် များများရရှိမှာ ဖြစ်ပါတယ်လို့ မာဒူရို က ပြောကြားခဲ့ပါတယ်။

"ရခိုင်ပြည်နယ် အစိုးရမှာ လုပ်ပိုင်ခွင့် မရှိဘူး"


ရခိုင်ပြည်နယ်ဖွံ့ဖြိုးမှုနောက်ကျနေသဖြင့် ပြည်ထောင်စုအစိုးရကဂရုတစိုက် ဆောင်ရွက်ပေးရန် လိုအပ်သည်ဟု ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ နှစ်ကြိမ်ဆက်တိုက် ရွေးချယ်ခံရသူ ဦးဘရှိန်က ပြောသည်။ Myanmar Now နှင့် မကြာသေးခင်က နေပြည်တော်တွင် တွေ့ဆုံစဉ် ရခိုင်အမျိုးသားပါတီဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် အသက် ၇ဝ အရွယ် ဦးဘရှိန်က ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ရခိုင်အမျိုး သားပါတီအတွင်း ဖြစ်ပေါ်နေသော အခြေအနေ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ဆက်ဆံရေး၊ အစိုးရအဖွဲ့သစ်၏အနေအထား၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ပဋိပက္ခ တို့အကြောင်း ပြောပြခဲ့သည်။

ပနားမားလျှို့ဝှက်ဘဏ်စာရင်း ပေါက်ကြားမှုတွင် မြန်မာများ ပါဝင်


မကြာသေးခင် ရက်ပိုင်းက သန်းချီအချက်အလက်တွေနဲ့အတူ ပေါက်ကြား လာတဲ့ ပနားမား လျှို့ဝှက်အထောက်အထားတွေထဲမှာ မြန်မာနိုင်ငံက လူသိများတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကုမ္ပဏီတွေလည်း ပါဝင်နေပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ဆက်နွှယ်နေတဲ့သူတွေထဲမှာတော့ ဦးအေးဇော်ဝင်း၊ ဦးမိုးမြင့်(ခ) မိုက်ကယ်မိုးမြင့်၊ ဒေါက်တာဥမ္မာမိုးမြင့်၊ ဦးကျော်ဝင်း၊ ဦးဌေးမြင့် တို့ ပါဝင်တယ်လို့ နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုဆိုင်ရာ သတင်းထောက် အဖွဲ့ရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ယနေ့ အင်းစိန်ထောင်တွင် အကျဉ်းသားများ လွှတ်မည့်စာရင်း အယောက် ၂၈၀ ကို လတ်တလောကပ်



ဆီးရီးယား လုပ်သား ၃၀၀ IS ဖမ်းဆီးခေါ်ဆောင်


ဆီးရီးယား နိုင်ငံ ဒမတ်စကပ် မြို့တော်ရဲ့ အရှေ့မြောက်ပိုင်းမှာ ဘိလပ်မြေ စက်ရုံ လုပ်သား ၃၀၀ လောက်ကို အိုင်အက်စ် စစ်သွေးကြွတွေက ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဆီးရီးယား အစိုးရ ရုပ်သံကပြော ပါတယ်။

နိုင်ငံရေးနဲ့ ဘာသာရေး ခွဲခြားလိုတဲ့ ဘင်္ဂလားဒေရှ့် ကျောင်းသား အသတ်ခံရ


ဘင်္ဂလားဒေ့ရှ်နိုင်ငံက တက်ကြွလှုပ်ရှားသူ ကျောင်းသားတစ်ဦးကို ဓါးကိုင် ထားတဲ့ လူတစုက ဒက္ကားမြို့တော်မှာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပါတယ်။ဘွဲ့လွန်ပညာသင်ယူနေတဲ့ ဥပဒေကျောင်းသား Nazmuddin Samad အနေနဲ့ Jagannath တက္ကသိုလ်ကအပြန် ဗုဒ္ဓဟူးနေ့မှာ ဓါးနဲ့ခုတ်ခံရပြီး မော်တော်ဆိုင်ကယ် သမားတွေရဲ့ ပစ်ခတ်မှုကိုလဲ ထပ်ခံလိုက်ရပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေလွှတ်မယ့်ကိစ္စ လူ့အခွင့်အရေးအဖွဲ့တွေကြိုဆို


မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ၊ နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး အမှုရင်ဆိုင်နေ ရသူတွေ လွတ်မြောက်ရေး NLD အစိုးရက ဦးစားပေး ဆောင်ရွက်သွားမယ်ဆိုတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ကြေညာချက်ကို လူ့အခွင့်အရေးအဖွဲ့တွေက ကြိုဆိုလိုက်ကြပြီး၊ ဒီကြေညာချက်အတိုင်း အကောင်အထည် ဖော်ဖို့ကို လည်း မျှော်လင့်နေကြပါတယ်။ 

ဂရိနိုင်ငံရှိ ရွှေ့ပြောင်း ဒုက္ခသည်တွေကို ပုပ်ရဟန်းမင်း တွေ့ဆုံမည်


ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်စ်ဟာ ဂရိနိုင်ငံ၊ Lesbos ကျွန်းမှာ နေရာချပေးထားတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေကို ဧပြီလ ၁၆ ရက်နေ့ မှာသွားတွေ့မယ်လို့ ဗာတီကန်နန်းတော်က ဒီကနေ့ထုတ်ပြန် ကြေညာပါတယ်။ခရစ်ယာန်အော်အိုဒေါ့က်စ် ဘုရားကျောင်း ဂိုဏ်းချုပ်ဘုန်းတော်ကြီး Bartholomew နဲ့ ဂရိသမ္မတ Prokopis Pavlopoulos တို့ရဲ့ ဖိတ်ကြားချက်ကို လက်ခံပြီး သွားရောက်မှာဖြစ်တယ်လို့ ဗာတီကန်နန်းတော်က ပြောပါတယ်။ ဘုန်းတော်ကြီး Bartholomew, အေသင်နဲ့ ဂရိနိုင်ငံလုံးဆိုင်ရာ ဂိုဏ်းချုပ် ဘုန်းတော်ကြီး Jerome II တို့လည်း ပုပ်ရဟန်းမင်းနဲ့အတူ Lesbos ကျွန်းကို သွားကြမှာပါ။

တရုတ်နဲ့ ဆက်ဆံရေး NLD အစိုးရ အခက်တွေ့နေပြီလား


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဦးဆောင်တဲ့ အစိုးရသစ် အနေနဲ့ ဒေသတွင်းက သြဇာကြီးမားတဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးမှာ စိန်ခေါ်မှုတွေ ရှိလိမ့်မယ်လို့ အကဲခတ်တွေက သုံးသပ်နေကြပါတယ်။ အစိုးရသစ်နဲ့တွေ့ဖို့ ထိပ်ဆုံးက ရောက်လာတဲ့ တရုတ်နိုင်ငံကတော့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးတွေ ဆက်လက်တိုးမြှင့်သွားဖို့ ကတိပြု ပြောကြားထားတာပါ။

ပြည်အကျဉ်းထောင်မှ လွတ်ရက်စေ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးလွတ်



၂၀၀၆ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ငွေကြေးခ၀ါချမှုနှင့် ပတ်သက်၍ ပြစ်မှု ၂၁ မှု အရေးယူခဲ့ကာ ကျူးလွန်သူသုံးဦးကို ဖမ်းဆီးအရေးယူခဲ့ပြီး နိုင်ငံ့ ဘဏ္ဍာအဖြစ် သိမ်းဆည်းငွေ ကျပ်သန်းပေါင်း ၂၃၁၆၆ ကျော်အထိ ရှိနေကြောင်း သိရ


မြန်မာနိုင်ငံတွင် ငွေကြေးခ၀ါချမှုနှင့် ပတ်သက်၍ ၂၀၀၆ ခုနှစ်မှ ၂၀၁၅ ခုနှစ် အတွင်း ပြစ်မှုပေါင်း ၂၁ မှု အရေးယူခဲ့ကာ ကျူးလွန်သူသုံးဦးကို ဖမ်းဆီး အရေးယူခဲ့ပြီး နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းငွေ စုစုပေါင်း ကျပ်သန်းပေါင်း ၂၃၁၆၆ ဒဿမ ၂၈ အထိ ရှိနေသည်ဟု မြန်မာငွေကြေးဆိုင်ရာ စုံစမ်း ထောက်လှမ်းရေးတပ်ဖွဲ့ (Myanmar Financial Intelligence Unit) မှ ဧပြီ ၇ ရက်တွင် ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ်၌ ပြုလုပ်သည့် ငွေကြေးခ၀ါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု စနစ်အတွင်း သတင်းပို့ အဖွဲ့အစည်းများ၏ အခန်းကဏ္ဍဆိုင်ရာ အသိပညာပေးဟောပြော ပွဲမှ သိရသည်။

ရေပူဆရာတော် အနေဖြင့် ကျောက်မျက်အရိုင်းရရှိရန် လုပ်ဆောင်ခြင်း မဟုတ်ဘဲ ဘုရားဒါယိကာ ဆိုသူတစ်ဦးက မကျေနပ်၍ အမှုဖြစ်ပေါ်လာ သည်ဟု တရားလိုပြသက်သေ ထွက်ဆို


ရေပူဆရာတော်အနေဖြင့် ကျောက်မျက်အရိုင်း ရရှိရန် လုပ်ဆောင်ခြင်း မဟုတ်ဘဲ စေတီဟောင်းများ ရှင်းလင်းမှုကို ဘုရားဒါယိကာ ဆိုသူတစ်ဦးက မကျေနပ်၍ တိုင်တန်းရာမှ အမှုဖြစ်ပေါ်လာသည်ဟု ကျောက်မျက်မှုနှင့်ပတ် သက်ပြီး တရားလိုပြသက်သေ ထွေအုပ်စာရေးက ထွက်ဆိုခဲ့သည်။

ဦးသက်ဝေ ပြန်လည်လွှတ်မြောက်လာ

နိုင်ကျဉ်းအချို့အပါအဝင် အကျဉ်းသားလေးထောင်ကျော် ယနေ့လွတ်မည်


နိုင်ငံရေးအကျဉ်းသားအချို့ အပါအဝင် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များမှ အကျဉ်းသား လေးထောင်ကျော်ကို ယနေ့ (ဧပြီ ၈ ရက်)တွင် လွှတ်ပေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းလုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောကြားသည်။

Thursday, April 07, 2016

နိင်ငံရေးအကျဉ်းသားတွေ ၊ဖမ်းဆီးခံ ကျောင်းသားကျောင်းသူတွေ အမြန်ဆုံးလွတ်မြောက်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ယနေ့ ဘာပြောလိုက်ပြီလဲ


အစိုးရသစ်၏ ပထမဆုံးအစိုးရအဖွဲ့အစည်းအ ဝေး သမ္မတအိမ်တော်တွင် ကျင်းပမည်


အရပ်သားအစိုးရသစ် အစိုးရအဖွဲ့များ ယနေ့ နေ့လည် ၂ နာရီ၌ နေပြည်တော်ရှိသမ္မတအိမ် တော်တွင် အသည်းအဝေးတစ်ရပ်ကျင်းပမည် ဖြစ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကို ထောက်ပံ့ရန် အစိုးရသစ်၏ အစီအစဉ်များအပေါ် မူတည်ဟုဆို


ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကို ထောက်ပံ့ရေးများပြုလုပ်ပေးရန် အစိုးရသစ်၏ ရှေ့ဆက်မည့်အစီအစဉ်များ အပေါ်တွင်သာ မူတည် စဉ်းစားသွားမည်ဖြစ် ကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ အကြံပေးဒေါ်ကြည်ပြာချစ်စော က ပြောဆိုလိုက်သည်။

ကရင်ပြည်နယ်ဝန်ကြီးချူပ်က မူးယစ်ဆေးဝါး၊ ပညာရေး၊ ကျန်းမာရေး ကိစ္စများနှင့် လယ်ယာမြေကိစ္စရပ်များ အဓိကထား ဆောင်ရွက်မည်


မူးယစ်ဆေးဝါး၊ ပညာရေး၊ ကျန်းမာရေးကိစ္စများနှင့် လယ်ယာမြေ ကိစ္စရပ်များကို အဓိကထား ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ကရင်ပြည်နယ်ဝန်ကြီးချူပ်သစ် ဒေါ်နန်းခင်ထွေးမြင့်က ပြောဆိုလိုက်သည်။

■နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေပြဋ္ဌာန်း■


(၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၆။)

၁၃၇၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက်

(၂၀၁၆ ခုနှစ်၊ ဧပြီလ ၆ ရက်)

ဒေါ်စုနဲ့ မြန်မာသမ္မတသစ်ကို အိုဘားမား ချီးကျူး


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဦးဆောင်ပြီး မြန်မာနိုင်ငံမှာ အရပ်သားအစိုးရတရပ်ကို ထူထောင်နိုင်ခဲ့တဲ့အတွက် အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက ချီးကျုးတဲ့အကြောင်း ဧပြီလ ၆ ရက်နေ့က ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတသစ် ဦးထင်ကျော်တို့ကို တယ်လီဖုန်းဆက် ပြောကြားခဲ့ပါတယ်။

My Blog List