Friday, February 26, 2016

ရက္ခိုင့်တပ်မတော်''ရန်ကုန်''ကို ထိုးဖောက်နေ ပြီလား


မြန်မာနိုင်ငံရဲ့ မြို့တော်ရန်ကုန်ဟာ ၂ဝဝ၅ခုနှစ် နိုဝင်ဘာ၆ရက် တနင်္ဂနွေ နေ့ နံနက်၆နာရီ ၃၇မိနစ်မှာ ဝန်ကြီးဌာနတွေရဲ့ ပထမဦးဆုံးသော ယာဉ်တန်းတွေ ''အောင်ပြီ''လို့ ကြွေးကြော်ပြီး ထွက်ခွာခြင်းနဲ့ အတူ နေပြည် တော်ကိုမြို့တော် အဖြစ်လွှဲပြောင်းပေးခဲ့ရပါတယ်။ အစိုးရ မင်းတွေ ရုံးစိုက်ရာမြို့ဖြစ်တဲ့နေပြည်တော်ဟာ မြို့တော်လို့ ခေါ်ဝေါ် သမုတ်ခဲ့ပေ မယ့်လည်း နိုင်ငံတကာ သံရုံးတွေ အခြေစိုက်ရာမြို့၊ ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်း ကြောင်းတည်ရှိရာမြို့ဖြစ်တဲ့ ရန်ကုန်ဟာမြန်မာ့ စီးပွားရေးရဲ့ အသည်းနှလုံးပါပဲ၊ လူဦးရေ(၆)သန်းကျော်ရှိပြီး မြန်မာနိုင်ငံရဲ့ လူဦးရေအထူထပ်ဆုံးဒေသတစ်ခုဖြစ်ပါတယ်။ Mega City ဖြစ်တဲ့ ရန်ကုန်မြို့ဟာ တစ်နိုင်ငံလုံးရဲ့ရွှေ့ပြောင်းလုပ်သား တွေအများဆုံး အခြေချနေထိုင်ရာမြို့တစ်မြို့ဖြစ်နေပါတယ်။

ထိုင်းအစိုးရကို မြန်မာ Hacker တွေ ဆက်လက်တိုက်ခိုက်


ဇန်နဝါရီလအစောပိုင်းက ထိုင်းအစိုးရရဲ့ အင်တာနက်စာမျက်နှာတွေကို ဖေါက်ထွင်းဝင်ရောက်ပြီး အချက်အလက်တွေ ယူလိုက်တဲ့အဖွဲ့ဟာ နယ်စပ်အခြေစိုက် မြန်မာအစိုးရဆန့်ကျင်ရေး ပြုလုပ်နေတဲ့အဖွဲ့တွေ ကို နှစ်ရှည်လများ တန်ပြန်လုပ်ဆောင်နေတဲ့ The Blink Hackers ဆိုတဲ့ အဖွဲ့ဖြစ်ကြောင်း အဲဒီအဖွဲ့ရဲ့ ဖေ့ဘွတ် စာမျက်နှာမှာ ဖေါ်ပြထားတယ်လို့ ရိုက်တာသတင်းမှာ မနေ့ကဖေါ်ပြလိုက်ပါတယ်။

ကမ္ဘာ့စီးပွားရေး ကျဆင်းနေပြီး အခက်အခဲနှင့် ရင်ဆိုင်ရမည်ဟု အိုင်အမ်အက်ဖ် သတိပေး


ကမ္ဘာ့စီးပွားရေး ဆက်လက်ကျဆင်းနေပြီး ရှေ့မှာ ခက်ခဲတဲ့ စီးပွားရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရဖို့ များနေတယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) က သတိပေးလိုက်ပါတယ်။ လတ်တလော ကမ္ဘာ့ အဓိကငွေကြေးတွေ မတည်မငြိမ်ဖြစ်နေပြီး စတော့ဈေးကွက်တွေနဲ့ ပိုင်ဆိုင်မှုတန်ဖိုးတွေ ထိုးကျနေချိန်မှာ အိုင်အမ်အက်ဖ်က အခုလို သတိပေး ပြောဆိုခဲ့တာပါ။

ကုလက မြောက်ကိုရီးယားကို ဒဏ်ခတ်မှု တရုတ်-အမေရိကန် သဘောတူ


မြောက်ကိုရီးယားနိုင်ငံပေါ် ပြစ်ဒဏ်ခတ်မယ့် ကုလသမဂ္ဂ လုံခြုံရေးကောင် စီရဲ့ ဆုံးဖြတ်ချက်မူကြမ်းအပေါ် အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ ဖေဖော်ဝါရီ ၂၄ ရက်နေ့က သဘောတူကြတယ်လို့ ကောင်စီသတင်းရင်းမြစ်ကို ကိုးကားပြီး ဂျပန်ကျိုဒိုသတင်းက ဒီနေ့ဖော်ပြပါတယ်။

ဆိုင်းငံ့ထားသည့် လုပ်ငန်း ၆၈ ခုစာရင်း အစိုးရထုတ်ပြန်

နောင်အစိုးရတက်လာမှ စီမံလုပ်ဆောင်နိုင်ဖို့ အချို့ကိစ္စရပ်များကို လက်ရှိအစိုးရက ဆိုင်းငံ့ထားတယ်ဆိုပြီး လုပ်ငန်းပေါင်း ၆၈ ခု စာရင်းကို အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြလာ တဲ့ ကိစ္စရပ်များအနက်မှ အချို့ကိစ္စရပ်များကို နောင်အစိုးရ တာဝန်ယူစဉ် စဉ်းစားစီမံ ဆောင်ရွက်နိုင်ရန်အတွက် အကြောင်းအရာများအလိုက် ဆိုင်းငံ့ထားတယ်ဆိုပြီး ဆိုင်းငံ့ထားတဲ့ လုပ်ငန်းတွေကို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

အရေးကြီးအဆိုမှာ နောက်ကွယ်က အကျိုးစီးပွားတွေ ပါနေတယ်လို့ ယူဆတယ် – သမ္မတရုံး ဒု-ညွှန်ချုပ် ဦးဇော်ဌေး

ဖေဖော်ဝါရီ ၂၅ ရက်နေ့က ပြည်သူ့လွှတ်တော်မှာ တင်သွင်းပြီး ဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့တဲ့ အရေးကြီးအဆိုဟာ အချက်အလက် မှားယွင်းမှုတွေရှိသလို အဆိုနောက်ကွယ်က အစီအစဉ်တွေကို သုံးသပ်နေတယ်လို့ သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက တုံ့ပြန်ပါတယ်။

ကချင်လူထု ဘိန်း ဆန့်ကျင်ရသည့် အကြောင်း


ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါးအန္တရာယ်ဟာ လူမျိုးတုန်းစေတဲ့ အဆင့် ထိရောက် နေတာကြောင့် ဘိန်းပပျောက်ရေး လူထုကိုယ်တိုင် အုံကြွ လှုပ်ရှားလာကြ တာဖြစ်တယ်လို့ ကချင်လူထု အခြေပြု အဖွဲ့အစည်းတွေက ပြောပါတယ်။ ကချင်ဒေသမှာ မူးယစ်ဆေးဝါးပြပဿနာဟာ နှစ်ပေါင်း များစွာကြာမြင့်ခဲ့ပေမဲ့ အစိုးရ၊ စစ်တပ်နဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေ ဘက်က ထိထိရောက်ရောက်နှိမ် နင်းဖြေရှင်းပေးနိုင်ခြင်း မရှိခဲ့ဘူးလို့ ဒေသခံတွေက ဗွီအိုအေကိုပြောပါတယ်။ လက်ရှိ ကချင်လူထုရဲ့ ဘိန်းပပျောက်ရေးလှုပ်ရှားမှု ဘာကြောင့် ဖြစ်လာရသလဲဆိုတာကို ဆက်သွယ်မေးမြန်း ထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကိုပြောပြမှာပါ။

ဆီးရီးယား အရေး ရုရှား အပေါ် ကန် သံသယရှိ


ဆီးရီးယားပဋိပက္ခကို ငြိမ်းချမ်းစွာဖြေရှင်းရေး ရုရှားက အပြည့်အဝ လေးစား လိုက်နာပါ့မလားဆိုပြီး အမေရိကန် ထိပ်တန်း ထောက်လှမ်းရေး အရာရှိ တွေကြား စိုးရိမ်မှုတွေ ကြီးထွားလာနေပါတယ်။ဆီးရီးယားအရေးမှာ ရုရှားဟာ ထဲထဲဝင်ဝင်ပါဝင်ပတ်သက်နေပြီး၊ ဆီးရီးယား သမ္မတ Bashar al Assad အစိုးရကို ပိုမို အားကောင်း လာစေအောင် မကြာ ခင်မှာ ထပ်မံလုပ်ဆောင် လာနိုင်တယ်လို့ - အမျိုးသားထောက်လှမ်းရေး ဌာန အကြီးအကဲ James Clapper က လွှတ်တော် အမတ်တွေကို ကြာသပတေးနေ့မှာ ပြောဆိုခဲ့တာပါ။

ကမ္ဘောဒီးယား လုံခြုံရေး အတွက် တရုတ်ဆီက စစ်သင်္ဘော တောင်းခံ


ကမ္ဘောဒီးယားရေကြောင်းပိုင်နက်ကို ကာကွယ်ဖို့ အကူအညီလိုနေတဲ့ အတွက် တရုတ်နိုင်ငံက စစ်သဘောင်္နှစ်စင်းကို တောင်းထားကြောင်း ကမ္ဘောဒီးယား ကာကွယ်ရေးအရာရှိတွေက ပြောပါတယ်။ ကမ္ဘောဒီးယား ရေတပ်ဗိုလ်ချုပ် Tea Vinh က တရုတ်ရေတပ်ဗိုလ်ချုပ်ကြီး Yu Manjian နဲ့တွေ့ဆုံချိန်မှာ အခုလို ခေတ်မီ စစ်သင်္ဘောနှစ်စင်း တောင်းခဲ့တာပါ။

လက်ရှိ အစိုးရသည် ပထမကြိမ် လွှတ်တော်ကိုသာ တာဝန်ခံမည် လွှတ်တော်သို့ အစိုးရ လာမရှင်းတော့


ကျင်းပနေသည့် ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးများတွင် အဆိုးများ၊ မေးခွန်းများ တင်သွင်းကာ လက်ရှိအစိုးရကို မေးခွန်းထုတ်မှု များအတွက် တိုက်တွန်းမှုများအတွက် လက်ရှိအစိုးရသည် ကျင်းပဆဲ ပထမအကြိမ်ကိုသာ တာဝန်ခံရမည်ဖြစ်ပြီး လွှတ်တော် အစည်းအဝေး များသို့ လက်ရှိအစိုးရအဖွဲ့ဝင်များ တက်ရောက်ရန် ဆိုင်းငံ့ထားသည်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူနှင့် ပြန်ကြားရေး ဝန်ကြီးဌာနဝန်ကြီး ဦးရဲထွဋ်က ပြောသည်။

ဝန်ကြီး ဦးအောင်မင်း ကို ငြိမ်းချမ်းရေး ဆက်လုပ်ရန် PI အဖွဲ့ တိုက်တွန်း


သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ဒု ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သူ ဝန်ကြီး ဦးအောင်မင်း ကို အစိုးရသစ် လက်ထက်တွင်လည်း ငြိမ်းချမ်းရေး လုပ်ငန်းများ ဆက်လက် လုပ်ကိုင်ရန် ပြည်ထောင်စု သိပ္ပံ အဖွဲ့ Pyidaungsu Institute (PI) က တိုက်တွန်းလိုက်သည်။

ငြိမ်းချမ်းရေးမရရင် ဘာမှ ဆက်လုပ်လို့ မရဘူး


ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းများ ဦးဆောင်နေတဲ့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက လက်ရှိ အစိုးရသက်တမ်း မ ကုန်ဆုံးခင် တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယခုအပတ်အတွင်း လာရောက်တွေ့ဆုံ ခဲ့ပါတယ်။

ပြည်သူလူထုကို တင်ပြနိုင်ဖို့ရာအတွက် အခွင့်အလမ်းကောင်းတခုလို့ မြင်ပါတယ်


ယနေ့ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်တွင် ပုလဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဦးသိန်းစိန် အစိုးရ၏ ဆောင်ရွက်မှုများကို ဝေဖန်ထောက်ပြသည့် အရေးကြီးအဆိုတရပ်ကို တင်သွင်းခဲ့သည်။ နိုင်ငံတော် အစိုးရက ရွေးကောက်ပွဲပြီးနောက်ပိုင်း ဆောင်ရွက်နေသော နိုင်ငံပိုင်မြေ၊ နိုင်ငံပိုင် စက်ရုံများ၊ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများအား အလျင်စလို ငှားရမ်းလွှဲပြောင်း ရောင်းချမှု၊ ပုဂ္ဂလိကပိုင် ပြုလုပ်မှု၊ စီမံကိန်းများကို နေရာတကျ မစီမံဘဲ အစောတလျင် ခွင့်ပြုနေမှု၊ ကျူးကျော်များကို အတင်းအဓမ္မ ဖယ် ရှားမှု၊ နိုင်ငံပိုင် သယံဇာတများကို လိုအပ်သော ဆောင်ရွက်မှုများ၊ သဘောတူ ညှိနှိုင်းများ မပြုလုပ်ဘဲ အစိုးရတာဝန် မလွှဲပြောင်းမီ အလျှင်အမြန် စီမံခန့်ခွဲ နေမှု စသည်တို့ကို နိုင်ငံတော်နှင့် နိုင်ငံသားတို့ အကျိုးအတွက် အသေးစိတ် စိစစ်ဟန့်တား၍ ထိန်းကျောင်း တည့်မတ်ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆို ဖြစ်သည်။

အစိုးရသစ်အကူးအပြောင်းကာလ၌ နိုင်ငံပိုင်သယံဇာတများကို အစိုးရ ဘက်မှ သဘောတူညှိနှိုင်းမှုမပြုဘဲ အလျင်အမြန်စီမံခန့်ခွဲနေမှုအပေါ် စိစစ်ဟန့်တား၍ ထိန်းကျောင်းတည့်မတ်ပေးပါရန် အရေးတကြီးအဆိုတင်


နိုင်ငံတော်အစိုးရမှ ရွေးကောက်ပွဲပြီးနောက်ပိုင်း ဆောင်ရွက်နေသော နိုင်ငံပိုင်မြေ၊ နိုင်ငံပိုင်စက်ရုံများ၊ နိုင်ငံပိုင်စီးပွာရေးလုပ်ငန်းများအား အလျင် စလို ငှားရမ်းရောင်းချလွဲပြောင်းမှု၊ ပုဂ္ဂလိကပိုင်ပြုလုပ်မှု၊ စီမံကိန်းများကို နေရာတကျမစီမံဘဲ အဆောတလျင်ခွင့်ပြုနေမှု၊ ကျူးကျော်များကို အဓမ္မဖယ်ရှားမှု နိုင်ငံပိုင်သယံဇာတများကို လိုအပ်သောဆောင်ရွက်မှုများ သဘောတူညှိနှိုင်းမှုများမပြုလုပ်ဘဲ အစိုးရတာဝန်မလွဲပြောင်မီ အလျင် အမြန်စီမံခန့်ခွဲနေမှုစသည်များကို နိုင်ငံတော်နှင့် နိုင်ငံသားအကျိုးအတွက် အသေးစိတ်စိစစ်ဟန့်တား၍ ထိန်းကျောင်းတည့်မတ်ပေးပါရန် အရေးကြီး အဆိုတရပ်ကို ဖေဖော်ဝါရီ ၂၅ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ပုလဲမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်မှ တင်သွင်းခဲ့သည်။

Thursday, February 25, 2016

နိုင်ငံရေး မလျှော့မတင်း စောင်းကြိုးညင်းရမည့် NLD နှင့် စိန်ခေါ်မှု ကစားကွက်များ


NLD အနေဖြင့် ရွေးကောက်ပွဲ အနိုင်ရလဒ် တရားဝင်အကျိုးဖြစ်ထွန်းရန် ဖွဲ့စည်းပုံကို ပစ်မှတ်ထားဖို့ လိုအပ်သည်။ ပြီးခဲ့သည့် ငါးနှစ်အတွက် မြန်မာနိုင်ငံ၏ အသွင် ကူးပြောင်းရေး အဓိက မာတိကာက တရားဥပဒေ စိုးမိုးမှု တည်ဆောက်နိုင်ရေးဖြစ်သည်။ နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်း လဲမှုများကို တွန်းအားပေးခြင်းဖြင့် သမ္မတ ဦးသိန်းစိန်က သူ၏အစိုးရကို တရားဝင်ဖြစ်စေခဲ့သည်။ ပို၍ အရေးကြီးသည်က ၂၀၀၈ ဖွဲ့စည်းပုံ အောက်မှပင် နိုင်ငံရေး စီမံခန့်ခွဲမှုများကို ဖန်တီးခဲ့ခြင်းပင်ဖြစ်သည်။

“တပ်မတော်နဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေ၊ ငြိမ်းချမ်းရေး လုပ်ငန်းဦးဆောင် အကောင်အထည်ဖော်မယ့် အင်န်အယ်လ်ဒီ အစိုးရနဲ့ အပြည့်အ၀ ပူးပေါင်း ဆောင်ရွက် ပေးကြပါ”


ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၂၃ ရက်နေ့က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဗထူးမြို့က တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်းမှာ သင်တန်းသား အရာရှိတွေနဲ့ တွေ့ဆုံ စကားပြောခဲ့ပါတယ်။ ဒီ ပြောစကားတွေထဲမှာ သမိုင်းကြောင်းဆိုင်ရာ ကိစ္စတွေ၊ တပ်မတော်ပိုင်းဆိုင်ရာ ကိစ္စတွေအပြင် ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ပြောဆိုချက်တွေလည်း ပါဝင်ပါတယ်။ တပ်မတော်ရဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်မှုအကြောင်း ဝေဖန်သုံးသပ်ကြည့်ကြရအောင်ပါ။

မြောက်ကိုရီးယားကို ဒဏ်ခတ်အရေးယူမှုဆုံဖြတ်ချက်မူကြမ်း ကုလတွင် အမေရိကန်နှင့် တရုတ်သဘောတူ


နျူကလီးယားစမ်းသပ်မှုကြောင့် မြောက်ကိုရီးယားအပေါ် လုံခြုံရေးကောင်စီ က ဒဏ်ခတ်အရေးယူမှုကို တိုးချဲ့မည့် ဆုံးဖြတ်ချက်မူကြမ်းနှင့် ပတ်သက်၍ အမေရိကန်နှင့် တရုတ်တို့ သဘောတူညီမှုရရှိခဲ့ပြီး လာမည့်ရက်အနည်းငယ် အတွင်း မဲခွဲဆုံးဖြတ်မည်ဟု မျှော်လင့်ရကြောင်း အိမ်ဖြူတော်က ဖေဖော်ဝါရီ ၂၄တွင်ပြောသည်။

RCSS/SSA ကို တိုက်ပွဲဖြစ်သည့်နေရာမှ ဆုတ်ခွာပေးရန် UPWC ညှိနှိုင်း


ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲဖြစ်ပွားနေသည့် နေရာမှ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီရှမ်းပြည် တပ်မတော်(RCSS/SSA) က ယခုရက်ပို်င်း အတွင်း ဆုတ်ခွာပေးရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ် ငန်းကော်မတီ (UPWC) မှ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက ညှိနှိုင်းခဲ့သည် ဟု သိရသည်။

ဦးအောင်မင်းအား ငြိမ်းချမ်းရေးတွင် ဆက်လက် လုပ်ဆောင်ရန် ပြည်ထောင်စုအင်စတီကျူအဖွဲ့က တိုက်တွန်း


ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ဦးအောင်မင်းအား တက်လာမည့် အစိုးရသစ် လက်ထက်တွင်လည်း ငြိမ်းချမ်းရေးတွင် ပါဝင် လုပ်ဆောင်ရန် ပြည်ထောင်စု အင်စတီကျူအဖွဲ့ (Pyidawngsu Institute )က တိုက်တွန်းခဲ့သည်ဟု ပြည်ထောင်စု သိပ္ပံအဖွဲ့မှ ဒါရိုက်တာ ဦးခွန်ဆိုင်းက ပြောသည်။

တိုင်းပြည်အပေါ် သစ္စာမဲ့မှု၊ ပြည်ပနိုင်ငံအပေါ် သစ္စာခံမှု၊ တပ်မတော်အပေါ် သစ္စာမဲ့မှုများကြောင့် နိုင်ငံ့အရေးကိစ္စများတွင် များစွာရှုပ်ထွေးခဲ့ဟု တပ်ချုပ်ပြော


တိုင်းပြည်အပေါ် သစ္စာမဲ့မှု၊ ပြည်ပနိုင်ငံအပေါ် သစ္စာခံမှု၊ တပ်မတော် အပေါ်သစ္စာမဲ့မှုများကြောင့် နိုင်ငံ့အ ရေးကိစ္စများတွင် များစွာ ရှုပ်ထွေးခဲ့ ကြောင်း တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က ပြောကြားလိုက်သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ၂ဝ၁၆ခုနှစ် ဖေဖော်ဝါရီ ၂၃ရက် က တပ်မတော်(ကြည်း)ဗိုလ်သင်တန်း ကျောင်း(ဗထူး)စစ်ရာထူးခန့်ထားရေး ခန်းမဆောင်တွင် ဗထူးတပ်နယ်မှသင် တန်းသားအရာရှိများအား တွေ့ဆုံအ မှာစကားပြောကြားရာ၌ ထိုသို့ပြောကြား ခဲ့ခြင်းဖြစ်သည်။

လိပ်ကျွန်းတွင် ဒေးဗစ်မေလာ ဦးခေါင်းဒဏ်ရာကြောင့်သေဆုံးဟု ဗြိတိန် မှုခင်းအရာရှိ အတည်ပြု


ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းမှာ အသတ်ခံရတဲ့ ဒေးဗစ်မေလာဟာ ပြင်းထန်တဲ့ ဦးခေါင်းဒဏ်ရာကြောင့် သေဆုံးသွားတာလို့ ဗြိတိန်နိုင်ငံက သေမှုသေခင်း စုံစမ်းစစ်ဆေးရေးအရာရှိက သုံးသပ်ပြောပါတယ်။ ၂၀၁၄ ခုနှစ် စက်တင်ဘာလ လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ဒေးဗစ် မေလာနဲ့ ဟန်နာ ၀ှစ်သာရစ်တို့ အသတ်ခံရပြီး ဒီလူသတ်မှုအတွက် မြန်မာ လူငယ် ၂ ဦးကို ထိုင်းတရားရုံးက သေဒဏ် ချမှတ်ထားပါတယ်။

အရေးကြီးအဆိုတင်သွင်းစဉ် အမတ် ၂၀ ပျောက်နေသည့်အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သတိပေး

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ၁၁ ရက် မြောက်နေ့ နေ့လယ်ပိုင်းမှာ အရေးကြီးအဆိုကို ဆွေးနွေးရန်သင့်မသင့် မဲခွဲဆုံးဖြတ်စဉ် မဲပေးခွင့်ရှိသူ စာရင်းထဲက ၂၀ ဦး ပျောက်နေတဲ့အတွက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက သတိပေးလိုက်ပါတယ်။

နီဗားဒါးပြည်နယ် သမ္မတလောင်း ပဏာမရွေးပွဲတွင် ဒေါ်နယ်ထရမ့် အနိုင်ရ

ရီပတ်ဘလီကန်ပါတီမှာ သမ္မတလောင်း ဒေါ်နယ်ထရမ့် (Donald Trump) ဟာ နီးဗားဒါးပြည်နယ် သမ္မတလောင်း ပဏာမရွေးပွဲမှာလည်း အသာအယာပဲ အနိုင်ရရှိသွားပြီး ရီပတ်ဘလီကန် သမ္မတလောင်းအဖြစ် ဆက်ပြီးဦးဆောင်နေပါတယ်။ဒေါ်နယ်ထရမ့်ဟာ ဒီအရင် နယူးဟမ်းရှိုင်းယားပြည်နယ်နဲ့ တောင်ကယ်ရို လိုင်းနားပြည်နယ်တို့မှာပါ အနိုင်ရရှိထားပြီးဖြစ်လို့ ပြည်နယ် ၃ ခု ဆက်တိုက် အနိုင်ရရှိခဲ့တာပါ။

အနာဂတ်နိုင်ငံအတွက် ပညာတတ်များစွာလိုအပ်နေဟု ကာချုပ်ပြောကြား

မြန်မာနိုင်ငံမှာ ၂၀၀၄ မှ ၂၀၁၄ ခုနှစ် ၁၀နှစ်တာကာလအတွင်း သူငယ်တန်း ကနေ ၁၀ တန်း အောင်ပြီး တက္ကသိုလ်ပညာဆည်းပူးနိုင်သူ ၁၀၀ မှာ ၁၀ ဦးသာရှိပြီး အနာဂတ်နိုင်ငံတော်အတွက် ပညာတတ်များစွာ လိုအပ်နေတယ် လို့ မြန်မာတပ်မတော်အကြီးအကဲက ပြောပါတယ်။

အာဏာလွှဲပြောင်းရေး ဆွေးနွေးပွဲ အောင်မြင်ချောမွေ့သည်ဟု ဦးဝင်းထိန်ဆို


ဖေဖော်ဝါရီ ၂၄ရက် မွန်းလွဲ ၂နာရီကျော်တွင် နိုင်ငံတော် အာဏာလွှဲပြောင်း ရေးအတွက် NLD ပါတီနှင့် အစိုးရအဖွဲ့ နိုင်ငံတော်အကြီးအကဲ တာဝန်လွှဲ ပြောင်းမှု အထောက်အကူပြု ကော်မတီတို့ တွေ့ဆုံဆွေးနွေးခဲ့ရာ အောင်မြင် ချောမွေ့သည့် ဆွေးနွေးပွဲ ဖြစ်သည်ဟု NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန် က News Watch သို့ ပြောသည်။

ရခိုင်တောင်ပိုင်း အခြေပြု ပါတီသစ်တရပ် ဖွဲ့စည်းမည်

ရခိုင်ပြည်နယ် တောင်ပိုင်းဒေသ မြို့နယ်များကို အခြေပြုထားတဲ့ ပါတီသစ်တရပ်ကို ဖွဲ့စည်းရန် ပြင်ဆင်မှုမှာ ၇၀ ရာခိုင်နှုန်းထိ ပြီးစီးနေပြီး ဖြစ်ကြောင်း ပါတီသစ်ရဲ့ အမည်မဖော်လိုသေးတဲ့ တာဝန်ခံက အတည်ပြု ပြောကြားပါတယ်။ “ကျနော်တို့ အစည်းအဝေး ၄ ကြိမ်ထက်မနည်း ပြုလုပ်ပြီးပါပြီ။ ရခိုင်တောင်ပိုင်းဒေသဘက်ကို လက်ရှိ ရခိုင်ပါတီကြီးတွေက နေရာပေးမှု အားနည်းတယ်။ ကျနော်တို့ ပါတီတရပ်လိုအပ်နေပါတယ်။ လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ၀င်ရောက် အရွေးခံနိုင်ဖို့ထိ မျှော်မှန်းထားပါ တယ်။”

NLD အစိုးရ နှင့် မီဒီယာအလားအလာ


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာမကြာခင် ဖွဲ့စည်းလာတော့မယ့် NLD အစိုးရလက်ထက်မှာ မီဒီယာလွတ်လပ်ခွင့်၊ လွတ်လပ်စွာ သတင်းရယူခွင့်၊ လုံခြုံစိတ်ချစွာ ရေးသားဖော်ထုတ်နိုင်ခွင့်တွေ ဘယ်လောက်ထိ ရရှိလာနိုင်ပါသလဲ။ မီဒီယာတွေဟာ ဒီမိုကရေစီ ဘောင်အတွင်းမှာ ထိုက်တန်သောနေရာကို ရရှိလာနိုင်ပါသလား ဆိုတာ ၀ါရင့်မီဒီယာသမားတွေ ဖြစ်ကြတဲ့ ဦးကျော်ရင်မြင့်၊ ဧရာဝတီ ဦးအောင်ဇော်တို့နဲ့ ဦးကျော်ဇံသာ တို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

တရားရုံးချုပ်တရားသူကြီး အမည်တင်သွင်းဖို့ အိုဘားမားပြင်ဆင်


မကြာမီက ကွယ်လွန်ခဲ့တဲ့ နိုင်ငံတော်တရားရုံးချုပ် တရားသူကြီး Antonin Scalia ရဲ့ လစ်လပ်တဲ့နေရာကို အစားထိုး ခန့်အပ်နိုင်ဖို့ သမ္မတ Barack Obama နဲ့ အထက်လွှတ်တော်က ဒီမိုကရက်တစ် ပါတီဝင်တွေက ဆက်လက် လုပ်ဆောင်သွားမယ်လို့ အလေးအနက် ပြောကြားခဲ့ကြပါတယ်။

ရွှေ့ပြောင်းလုပ်သားတွေအတွက် ပန်းရောင်ကဒ် ထိုင်းအစိုးရ ထုတ်ပေးမည်


ထိုင်းနိုင်ငံ အစိုးရ၀န်ကြီးများ အစည်းဝေးကနေ ၂၀၁၆ ခုနှစ်အတွက် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများအရေးကို ဆုံးဖြတ်ချက်ချ ရာမှာ ထိုင်းနို်င်ငံမှာရှိတဲ့ အလုပ်သမားတွေအတွက် သက်တမ်း ၂ နှစ်ရှိတဲ့ ပန်းရောင်ကဒ်ကို လုပ်ပေးမှာဖြစ်ပြီး ၄ ကြိမ်အထိ မိခင်နိုင်ငံကိုမပြန်ဘဲ သက်တမ်းတိုးနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် မြန်မာအစိုးရက တောင်းဆိုထားတဲ့ မည်သူမည်ဝါဖြစ်ကြောင်း CI (Certificate of Identity) ထုတ်ပေးမယ့်ကိစ္စနဲ့ နိုင်ငံကူးလက်မှတ်တွေ ထပ်မံ အသုံးပြုခွင့်ပေးတာ မပါဝင်ဘူးလို့ ရွှေ့ပြောင်းအလုပ်သမားရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ဖိနှိပ်တဲ့ဥပဒေတွေ ပယ်ဖျက်ပေးဖို့ မြန်မာကို AI တိုက်တွန်း


မကြာမီ သက်တမ်းကုန်ဆုံးတော့မယ့် မြန်မာအစိုးရလက်ထက် အတွင်း နိုင်ငံရေး အကျဉ်းသားတွေကို ဆက်လက် ဖမ်းဆီးထားတဲ့ ကိစ္စအပါအ၀င် တခြားဖိနှိပ်ချုပ်ခြယ်တဲ့ ဥပဒေတွေ ရှိနေသေးတဲ့အပေါ်နဲ့ စစ်ဖြစ်နေတဲ့ ဒေသတွေမှာ အပြစ်မဲ့ အရပ်သားပြည်သူတွေ အသက်ဆုံးရှုံးနေရတဲ့ ဖြစ်ရပ်တွေအပေါ် Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာ ခွင့် အဖွဲ့ကြီးအနေနဲ့ စိုးရိမ်ပူပန်ကြောင်း ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ထုတ်ပြန်တဲ့ နှစ်ပတ်လည် လူ့အခွင့်အရေး အစီရင်ခံစာမှာ ဖော်ပြထားပါ တယ်။

မီဒီယာတင်းကျပ်တဲ့ တရုတ်သမ္မတရဲ့ ခြေလှမ်း


တရုတ်နိုင်ငံမှာ အင်တာနက်အွန်လိုင်းပေါ်တင်တဲ့ အကြောင်းအရာတွေ အပေါ် တင်းကျပ်တဲ့ဥပဒေသစ်တခု ပြဌာန်းလိုက်တာနဲ့ နိုင်ငံပိုင်းသတင်း ဌာန ရုံးချုပ်တွေကို သမ္မတသွားကြည့်တာတွေဟာ လူ့အဖွဲ့အစည်းအပေါ် ထိန်းချုပ်တာတွေပိုလုပ်ဖို့ သမ္မတ ရှီကျင့်ဖျင်ရဲ့ ကြိုးပမ်းချက်အရိပ်လက္ခဏာ တွေဖြစ်တယ်လို့ လေ့လာသူတွေ ကပြောပါတယ်။

လက်နက်စွန့်ရေး အပေါ် တိုင်းရင်းသားအဖွဲ့တွေအမြင်


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဒီမိုကရေစီ စနစ်ကို လက်ခံတယ်ဆိုရင် လက်နက်တွေစွန့်ပြီး တရားဥပဒေ နဲ့အညီ တောင်းဆို မှုတွေပြုလုပ်ကြဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုချက်ကို တပ်မတော်ပိုင်မြ၀တီ သတင်းစာ မှာဖေါ်ပြထားပါတယ်။တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့လက်နက်စွန့်ရေး ပြောဆိုမှုအပေါ် တိုင်းရင်းသားအဖွဲ့တွေဘယ်လိုအမြင်သဘောထားရှိပြီး ဘယ်လိုတုန့်ပြန်မှုတွေရှိနေပါသလဲဆိုတာကို ဗွီအိုအေထိုင်းအခြေစိုက် သတင်းထောက်နိုင်ကွန်းအိန် ကနေ သတင်းပေးပို့ထားပါတယ်။

နီပေါ လေယာဉ် ပျက်ကျပြီး လူ ၂၃ ဦး သေဆုံးဟု အတည်ပြု


နီပေါနိုင်ငံ Tara Air လေကြောင်းလိုင်း၏ Pokhara မှ Jomsom သို့ ပျံသန်းလာသော Twin Otter လေယာဉ်သည် နီပေါနိုင်ငံ အနောက်ဘက် ဧရိယာတွင် ပျက်ကျ၍ လိုက်ပါလာသောခရီးသည် ၂၃ဦးတို့ သေဆုံးခဲ့ ကြောင်း သတင်းရရှိသည်။အဆိုပါ လေယာဉ်မှာ ထွက်ခွာသွားပြီး ၁၀မိနစ်ခန့်တွင် လေကြောင်းထိန်း သိမ်းရေးစခန်းနှင့် အဆက်အသွယ် ပြတ်တောက်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံသား ပြန်လည် လျှောက်ထားမှု ၂ နှစ်ကျော် ကြာသော်လည်း တိုးတက်မှု မရှိသေး


သမ္မတ ဦးသိန်းစိန် အစိုးရ၏ ဖိတ်ခေါ်မှုဖြင့် မြန်မာနိုင်ငံသားအဖြစ် ပြန်လည် လျှောက်ထားခဲ့သည်မှာ ၂ နှစ်ကျော် ကြာမြင့်နေပြီ ဖြစ်သော်လည်း ယနေ့အချိန်အထိ နိုင်ငံသား ပြန်လည်ဖြစ်ခွင့်မရသေးကြောင်း လူ့အခွင့် အရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်နေသူများက ပြောဆိုကြသည်။

ကြိုပို့ဘတ်စ်စီးတဲ့ လွှတ်တော်ဥက္ကဋ္ဌ

ပုသိမ် – မုံရွာလမ်းမကြီးပေါ်တွင် ကြိုပို့ဘတ်စ်ကားတစီး ပုသိမ်မှ ကြံခင်း မြို့ဆီသို့ ဦးတည်မောင်းနှင်နေသည်။ ၆၈ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကျင်းပမည့် ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့သို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ခရီးနှင်နေခြင်းဖြစ်သည်။

RCSS/SSA တပ်များ ပြန်ဆုတ်ရန် တပ်မတော် သတိပေး


ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲနှင့် နမ့်ဆန်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားနေသည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) တပ်ဖွဲ့များကို မူလနေရာသို့ ပြန်လည်ဆုတ်ခွာရန် တပ်မတော်က သတိပေး အကြောင်းကြားလိုက်သည်။

အာရှပစိဖိတ်ဒေသမျိုးဆက်ပွားကျန်းမာရေးနှင့် အခွင့်အရေးဆိုင်ရာ ညီလာခံတွင် မေဘရဏီသော်ပါဝင်ဆွေးနွေး


မြန်မာနိုင်ငံတွင် ပထမ ဆုံးအကြိမ်ကျင်းပသည့် အာရှနှင့် ပစိဖိတ်ဒေသ မျိုးဆက်ပွားကျန်း မာရေးနှင့် အခွင့်အရေးဆိုင်ရာညီ လာခံ၌ နိုင်ငံကိုယ် စားပြုအောင်မြင်ကျော်ကြား လူငယ်အမျိုးသမီး တစ်ဦးအနေဖြင့် တက် ရောက် ဆွေးနွေးခွင့်ရရှိခဲ့ကြောင်း မေဘရဏီသော်က ပြောသည်။

ကျောင်းသားများ အင်းစိန်ထောင်သို့ ပြောင်းရွှေ့ခွင့်ရရေးတင်ပြမည်


ရန်ကုန်မြို့တွင် ရုံးထုတ်စစ်ဆေးနေသောကြောင့် သာယာဝတီထောင်၌ ဖမ်းဆီးခံ ထားရသည့် ကျောင်းသားနှင့်ဝန်းရံ ပြည်သူများကို အင်းစိန် ထောင်သို့ ပြောင်းရွှေ့နိုင်ရန် တင်ပြမည်ဖြစ် ကြောင်း သတင်းရရှိသည်။ သာယာဝတီထောင်အတွင်း ဖမ်းဆီးထားသည့် ကျောင်းသား များအနက် ကိုမင်းသွေးသစ်၊ ကိုနန္ဒစစ်အောင်၊ မဖြိုးဖြိုးအောင် အပါအ၀င် ကျောင်းသား အချို့ကို ရန်ကုန်မြို့ရှိ မြို့နယ်ရဲတပ်ဖွဲ့ များက အမှုဖွင့်တရားစွဲဆိုမှုများ ရှိပြီး တစ်ပတ်လျှင် လေးရက်ခန့် ရန်ကုန်မြို့သို့ ရုံးထုတ်စစ်ဆေးမှု များရှိနေခြင်း ကြောင့် အင်းစိန် ထောင်သို့ ပြောင်းရွှေ့နိုင်ရန် တင်ပြမည်ဖြစ်ကြောင်း ကျောင်းသား ခေါင်းဆောင်များကပြောသည်။

လွှတ်တော်တွင် တင်ပြဆွေးနွေးမှုများ ပါတီမူဝါဒအတိုင်းဆောင်ရွက်ရန် ဒီချုပ်အမတ်များအား ဒေါ်အောင်ဆန်းစုကြည်မှာကြား


လွှတ်တော်တွင် မေးခွန်းများ၊ အဆိုများတင်ပြဆွေးနွေးခြင်းများကို ပါတီက ချမှတ်ထားသော မူဝါဒများအတိုင်း ဆောင်ရွက်ကြရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ တိုင်းဒေသကြီးနှင့် ပြည်နယ်တာဝန်ခံလွှတ်တော်ကိုယ်စားလှယ် များအား ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က မှာကြားကြောင်း သတင်းရ ရှိသည်။

မွန်အမျိုးသားနေ့သို့ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် သ၀ဏ်လွှာပေးပို့



(၆၉) ကြိမ်မြောက် မွန်အမျိုးသားနေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်က ပထမဆုံး အကြိမ်ဂုဏ်ပြုသ၀ဏ်လွှာ ပေးပို့ ခဲ့ကြောင်း မွန်အမျိုးသားကျင်းပ ရေးကော်မတီမှ သတင်းရရှိသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို မွန်အမျိုးသား နေ့တွင် ဂုဏ်ပြုသ၀ဏ် လွှာပေးပို့ရန် ဖေဖော်ဝါရီ တတိယပတ်ကတောင်းဆို ခဲ့သော်လည်း နိုင်ငံတော်သမ္မတ၏ သ၀ဏ်လွှာ ရောက်ရှိခဲ့ခြင်းမရှိကြောင်း မွန်အ မျိုးသားနေ့ ကျင်းပရေးကော်မတီ မှ တာဝန်ရှိသူက ပြောသည်။

Tuesday, February 23, 2016

အသွင်ကူးပြောင်းရေးကာလ သတိရှိရန် ဒေါ်အောင်ဆန်းစုကြည်ပြော


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီက သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ် လွှတ်တော် ဥက္ကဌများနှင့် ဒုဥက္ကဌ များကို ယနေ့ နေပြည်တော် ပြည်သူ့လွှတ်တော်ဝင်း ကော်မတီဆောင် I-12 တွင် ခေါ်ယူတွေ့ဆုံပြီး တိုင်းပြည် ဒီမိုကရေစီ အသွင်းကူပြောင်းနေစဉ် ကိစ္စရပ်တိုင်းတွင် ဥပဒေနှင့်အညီ သတိရှိစွာ လုပ်ဆောင်ရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

KNU နှင့် RCSS/SSA အပစ်အခတ်ရပ်စဲရေး စာချုပ်နှင့် မကိုက်ညီသည့် လုပ်ရပ်ရှိဟု ဆို


အစိုးရနှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA) ချုပ်ဆိုထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့အနက် ၂ ဖွဲ့သည် NCA ပါ အချက်များနှင့်မကိုက်ညီသည့် လုပ်ရပ်တချို့ကို လုပ်ဆောင်မှုရှိကြောင်း သတင်းရရှိသည်။ ယင်း တိုင်းရင်းသား လက်နက်ကိုင် ၂ ဖွဲ့သည် ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင် စီ (RCSS/SSA) တို့ ဖြစ်သည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို အသရေဖျက်သည်ဟု စွပ်စွဲခံရသူ ကြံ့ခိုင်ရေး ပါတီဝင်ကို စွဲချက်တင်ပြီ


ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကို ညစ်ညမ်းပုံအဖြစ်ပြင်ဆင်၍ လူမှုကွန်ရက်တွင် ဖြန့်ဝေခဲ့သည့်ဆိုသော ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ်မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီခေါင်းဆောင် ဦးသန်းထွန်းကို ကန်ကြီးထောင့်မြို့နယ် တရားရုံးက ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ) ဖြင့် ယနေ့ စွဲချက် တင်လိုက်ကြောင်း သတင်းရရှိသည်။

RCSS/SSA နှင့် အစိုးရအဖွဲ့ ထိုင်းနိုင်ငံတွင်တွေ့ဆုံ



ဆီးရီးယား ပြည်တွင်းစစ်ရပ်စဲဖို့ အမေရိကန်- ရုရှားသဘောတူညီချက်ရရှိ


ဆီးရီးယား ပြည်တွင်းစစ်ရပ်စဲဖို့ ရုရှားနဲ့ အမေရိကန်အကြား သဘောတူညီမှု ရရှိပြီဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောဆိုလိုက်ပြီး သွေးမြေကျအောင် တိုက်ခိုက်မှုများ ရပ်ဆိုင်းဖို့ နှစ်နိုင်ငံအကြား အကြိမ်ကြိမ် ဆွေးနွေးခဲ့ကြောင်း၊ အမေရိကန်သမ္မတ အိုဘားမားနဲ့ ရုရှား သမ္မတပူတင်တို့ တယ်လီဖုန်းနဲ့ ဆွေးနွေးခဲ့တာဖြစ်ပြီး၊ သမ္မတပူတင်အနေနဲ့ နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှုကို အလေးထားသလို အကြမ်းဖက်မှု ဆန့်ကျင်ရေးကို နှစ်နိုင်ငံစလုံးက လုပ်ဆောင်သလို ဆီးရီးယားအရေးကိုလည်း လုပ်ဆောင် သင့်တယ်လို့ ဆိုလိုက်ပါတယ်။

သံလွင်မြစ်ပေါ် တည်ဆောက်မည့် ရေကာတာ စီမံကိန်း အစိုးရသစ် ဦးစားပေးဖြေရှင်းရန် တောင်းဆို

လာမည့် အစိုးရသစ်လက်ထက် သံလွင်မြစ်ပေါ် တည်ဆောက်မည့် ရေကာတာ စီမံကိန်းနှင့် ပတ်သက်ပြီး ဦးစားပေး ဖြေရှင်းပေးရန် သံလွင်မြစ်ထိန်းသိမ်းကာကွယ်ရေးကွန်ရက်က ယမန်နေ့က သဘောထား ထုတ်ပြန်လိုက်သည်။ အစိုးရသစ်သည် တိုင်းရင်းသား အခွင့်အရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စုစနစ် ထူထောင်မည်ဟု ကတိကဝတ်များ ပေးခဲ့သဖြင့် တိုင်းရင်းသားတို့၏ အသက်အိုးအိမ်ကို ထိခိုက်စေနိုင်သည့် သံလွင်ရေကာတာ စီမံကိန်းကို ရပ်ဆိုင်းရန်နှင့် ပြသာနာများကို ဖြေရှင်းပေးရန် တောင်း ဆိုလိုက်ခြင်း ဖြစ်သည်။

ကိုယ်ပိုင်နေအိမ်ကို မီးရှို့ ရာမှ ပုသိမ်တွင် နေအိမ် ၃ လုံး ပြာကျ


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ် ၇ နယ်မြေ၊ အောင်သိဒ္ဓိရပ်ကွက် မီးရထားသံလမ်း ဘေးတွင် နေထိုင်သူတဦးက ၎င်းနေထိုင်သည့် နေအိမ်ကို ပြန်လည်မီးရှို့ရာမှတဆင့် ယနေ့ နံနက်ပိုင်းက ပုသိမ်မြို့ရှိ နေအိမ် ၃ လုံး မီးလောင်ကျွမ်းပြာကျသွားကြောင်း သတင်းရရှိသည်။

ခေါင်းဆောင်ကောင်းနှင့် ခွင့်လွတ်ခြင်း အကျိုးတရား


တောင်အာဖရိက အမျိုးသားခေါင်းဆောင် နယ်ဆင်လ်မင်ဒဲလားသည် နှစ် ၂၀ ခန့်ကြာ အကျဉ်းကျနေရာမှ ပြန်လည် လွတ်မြောက်လာသည့်အခါ ယင်းကို ဖမ်းဆီး အကျဉ်းချခဲ့သည့် အပါ့သိုက်အစိုးရကို ခွင့်လွှတ်ခဲ့သည်။ မြန်မာ့ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း နေအိမ်အကျယ်ချုပ်ဖြင့် ၁၅ နှစ်ခန့်ကြာ ထိန်းသိမ်းခံထားရခြင်းမှ ၂၀၁၀ တွင် ပြန်လွတ်လာခဲ့ပြီးနောက် ယင်းအား ထိန်းသိမ်းခဲ့သည့် စစ်အစိုးရကို ခွင့်လွှတ်ခဲ့ပြီး တိုင်းပြည်အနေဖြင့် “ပြန်လည်သင့်မြတ်ရေး လိုအပ်ပြီး လက်တုံ့ပြန်မှုများ မလိုအပ်” ဟု ပြောကြားခဲ့သည်။

My Blog List