Friday, January 24, 2020

အစိုးရအလုပ်လုပ်သည့် အချိန် သွားသည့်လာသည့်နေရာတွင် ယခင်ကလောက် လွတ်လွတ်လပ်လပ် မရှိ ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား


Image may contain: 1 person, standing
ပြည်သူလူထုနဲ့ထိတွေ့ဖို့က တာဝန်တစ်ခုဖြစ်သလို ကျွန်မအတွက် စိတ်ချမ်းသာမှု တစ်ခုလည်း ဖြစ်ပါတယ်။ အစိုးရအလုပ်လုပ်သည့်အချိန် သွားသည့် လာသည့်နေရာတွင် ယခင်ကလောက် လွတ်လွတ်လပ်လပ် မရှိတော့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တမူးမြို့ဒေသခံများနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့သည်။
“တကယ်တော့ အစိုးရ အလုပ်လုပ်တဲ့အချိန်မှာ အရင်တုန်းကလောက် သွားတဲ့၊ လာတဲ့နေရာမှာ လွတ်လွတ်လပ်လပ် မရှိပါဘူး။ အရင်တုန်းက ကားလမ်းကသွား မယ်ဆိုရင် လမ်းကရွာလေးတွေကိုရပ်ပြီး ရွာသူရွာသားတွေနဲ့ စကားပြောရတာ အင်မတန်မှ တန်ဖိုးရှိ ပါတယ်။ ရွာသူရွာသားတွေကလည်း သူတို့ စိတ်ထဲမှာရှိတဲ့ လိုအပ်ချက်ကလေးတွေ၊ စိုးရိမ် မှုလေးတွေကို ပွင့်ပွင့်လင်းလင်း ပြောနိုင်ပါတယ်။ ကျွန်မတို့ကလည်း ကျွန်မတို့ရဲ့ ရည်ရွယ် ချက်တွေနဲ့ နိုင်ငံရေးအမြင်တွေကို ဖလှယ်နိုင် ပါတယ်။”ဟုဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

ထို့အတူ နိုင်ငံရေး လုပ်နေသူသည် ပြည်သူများနှင့် နိုင်ငံရေးဖလှယ်ဖို့က တာဝန် တစ်ခုဖြစ်ကြောင်း၊ ယင်းတာဝန်ကို လိုလိုလားလား ထမ်းဆောင်နေသည်ဟုလည်း ၎င်းကဆိုသည်။

“တာဝန် တစ်ခုကို ကျေပွန်ဖို့ဆိုရင် ဒီတာဝန်ထမ်းဆောင်ရတဲ့ စိတ်ဓာတ်ဟာ တကယ့်ကို လိုလိုလား လား ရှိရမယ်။ မလုပ်ချင်လုပ်ချင်နဲ့ လုပ်နေလို့မဖြစ်ပါဘူး။ ဒီကိစ္စကို လုပ်တော့မယ်ဆိုရင် စိတ်ပါလက်ပါနဲ့ ကိုယ့်ရဲ့ ဦးနှောက်၊ နှလုံးသားနဲ့ ကာယအစွမ်းတွေ အားလုံးကို သုံးရပါ မယ်။ ဒါမှတာဝန်ကို ကျေပွန်အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။

ပြည်သူလူထုနဲ့ထိတွေ့ဖို့က တာဝန်တစ်ခုဖြစ်သလို ကျွန်မအတွက် စိတ်ချမ်းသာမှု တစ်ခုလည်း ဖြစ်ပါတယ်။”ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်

ပြည်သူနှင့် မထိတွေ့ပါက တာဝန်မကျေရာရောက်ကြောင်း၊ ပြည်သူအချင်းချင်းလည်း ယင်းစိတ်မျိုး ထားစေချင်ကြောင်း ၊ တစ်ဦးနှင့် တစ်ဦး နီးနီးကပ်ကပ် ဆက်ဆံရန် တစ်ဦးအပေါ် တစ်ဦး စေတနာ၊မေတ္တာထားရန်မှာ တာဝန်တစ်ခုဖြစ်သည်။ ယင်းတို့ကို ကျေပွန်စွာထမ်းဆောင်ခြင်းဖြင့် စိတ်ချမ်းသာမှုများ ရရှိနိုင်သည်ဟုလည်း ၎င်းက ဆိုသည်။

“တစ်ယောက်တည်းအတွက် မဟုတ်ဘဲနဲ့ အများအတွက် စဉ်းစားပါ။ တစ် ကနေစပြီး ရေတွက်လို့မရတဲ့ ဂဏန်းအထိပြေးတဲ့ စိတ်ဓာတ်တစ်ခုကို မေတ္တာ၊ စေတနာတွေနဲ့ အတူ အချင်းချင်းအပေါ်မှာထားကြပါလို့ တောင်းဆိုချင်ပါတယ်။”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားခဲ့သည်။

The Ladies News
အစိုးရအလုပ်လုပ်သည့် အချိန် သွားသည့်လာသည့်နေရာတွင် ယခင်ကလောက် လွတ်လွတ်လပ်လပ် မရှိ ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြာ
--- --- ---
ပြည်သူလူထုနဲ့ထိတွေ့ဖို့က တာဝန်တစ်ခုဖြစ်သလို ကျွန်မအတွက် စိတ်ချမ်းသာမှု တစ်ခုလည်း ဖြစ်ပါတယ်။
.

“တကယ်တော့ အစိုးရ အလုပ်လုပ်တဲ့အချိန်မှာ အရင်တုန်းကလောက် သွားတဲ့၊ လာတဲ့နေရာမှာ လွတ်လွတ်လပ်လပ် မရှိပါဘူး။ အရင်တုန်းက ကားလမ်းကသွား မယ်ဆိုရင် လမ်းကရွာလေးတွေကိုရပ်ပြီး ရွာသူရွာသားတွေနဲ့ စကားပြောရတာ အင်မတန်မှ တန်ဖိုးရှိ ပါတယ်။ ရွာသူရွာသားတွေကလည်း သူတို့ စိတ်ထဲမှာရှိတဲ့ လိုအပ်ချက်ကလေးတွေ၊ စိုးရိမ် မှုလေးတွေကို ပွင့်ပွင့်လင်းလင်း ပြောနိုင်ပါတယ်။ ကျွန်မတို့ကလည်း ကျွန်မတို့ရဲ့ ရည်ရွယ် ချက်တွေနဲ့ နိုင်ငံရေးအမြင်တွေကို ဖလှယ်နိုင် ပါတယ်။”ဟုဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

ထို့အတူ နိုင်ငံရေး လုပ်နေသူသည် ပြည်သူများနှင့် နိုင်ငံရေးဖလှယ်ဖို့က တာဝန် တစ်ခုဖြစ်ကြောင်း၊ ယင်းတာဝန်ကို လိုလိုလားလား ထမ်းဆောင်နေသည်ဟုလည်း ၎င်းကဆိုသည်။

“တာဝန် တစ်ခုကို ကျေပွန်ဖို့ဆိုရင် ဒီတာဝန်ထမ်းဆောင်ရတဲ့ စိတ်ဓာတ်ဟာ တကယ့်ကို လိုလိုလား လား ရှိရမယ်။ မလုပ်ချင်လုပ်ချင်နဲ့ လုပ်နေလို့မဖြစ်ပါဘူး။ ဒီကိစ္စကို လုပ်တော့မယ်ဆိုရင် စိတ်ပါလက်ပါနဲ့ ကိုယ့်ရဲ့ ဦးနှောက်၊ နှလုံးသားနဲ့ ကာယအစွမ်းတွေ အားလုံးကို သုံးရပါ မယ်။ ဒါမှတာဝန်ကို ကျေပွန်အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။

ပြည်သူလူထုနဲ့ထိတွေ့ဖို့က တာဝန်တစ်ခုဖြစ်သလို ကျွန်မအတွက် စိတ်ချမ်းသာမှု တစ်ခုလည်း ဖြစ်ပါတယ်။”ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

ပြည်သူနှင့် မထိတွေ့ပါက တာဝန်မကျေရာရောက်ကြောင်း၊ ပြည်သူအချင်းချင်းလည်း ယင်းစိတ်မျိုး ထားစေချင်ကြောင်း ၊ တစ်ဦးနှင့် တစ်ဦး နီးနီးကပ်ကပ် ဆက်ဆံရန် တစ်ဦးအပေါ် တစ်ဦး စေတနာ၊မေတ္တာထားရန်မှာ တာဝန်တစ်ခုဖြစ်သည်။ ယင်းတို့ကို ကျေပွန်စွာထမ်းဆောင်ခြင်းဖြင့် စိတ်ချမ်းသာမှုများ ရရှိနိုင်သည်ဟုလည်း ၎င်းက ဆိုသည်။

“တစ်ယောက်တည်းအတွက် မဟုတ်ဘဲနဲ့ အများအတွက် စဉ်းစားပါ။ တစ် ကနေစပြီး ရေတွက်လို့မရတဲ့ ဂဏန်းအထိပြေးတဲ့ စိတ်ဓာတ်တစ်ခုကို မေတ္တာ၊ စေတနာတွေနဲ့ အတူ အချင်းချင်းအပေါ်မှာထားကြပါလို့ တောင်းဆိုချင်ပါတယ်။”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားခဲ့သည်။

The Ladies News

No comments:

Post a Comment

My Blog List