Friday, January 24, 2020

ရန်ကုန်ဆေးရုံကြီးတွင် ဝူဟန်ကော်ရိုနာ အဆုတ်ရောင်ဗိုင်းရပ်စ်ရောဂါပိုးသံသယလူနာတစ်ဦး ရောက်ရှိဟု သတင်းထွက်ပေါ်လာ


No photo description available.
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တရုတ်နိုင်ငံမှ စတင်ကူးစက်ပျံ့ပွားနေသော ဝူဟန်ကော်ရိုနာအဆုတ်ရောင်ရောဂါပိုး Wuhan coronavirus ကူးစက်ခံရသည်ဟု သံသယရှိသော တရုတ်လူနာတစ်ဦး ရောက်ရှိလာသည်ဆိုသော သတင်းများ ထွက်ပေါ်လျက်ရှိပြီး ကျန်းမာရေးဝန်ကြီးဌာနဘက်သို့ မေးမြန်းသောအခါ တစ်စုံတစ်ရာမှတ်ချက်ပြု ပြောဆိုခြင်းမရှိသေးပေ။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာနေဝင်းထွန်းကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းရာ ၎င်းက သံသယလူနာတွေ့ရှိသည်ဆိုသော သတင်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်ပြုပြောဆိုခြင်းမပြုဘဲ သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိမ့်မည်ဟု ပြောဆိုသည်။

"အဲဒါက ကျန်းမာရေးဝန်ကြီးဌာနဘက်က ထုတ်ပြန်ပါလိမ့်မယ်။ ကျနော်တို့ ဆေးရုံအနေနဲ့ သတင်းထုတ်ပြန်လို့ မရပါဘူး။ အားလုံးရဲ့ ကိုယ်စား ကျန်းမာရေးဝန်ကြီးဌာနဘက် ထုတ်ပြန်ပါလိမ့်မယ်။ ကျနော်တို့က ဆေးရုံအနေနဲ့ ထုတ်ပြန်ခွင့်မရှိပါဘူး" ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနအနြေဖင့် ဝူဟန်ကော်ရိုနာ အဆုတ်ရောင် ရောဂါပိုး သံသယလူနာ တွေ့ရှိဆိုသော သတင်းနှင့်ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းသော်လည်း တစ်စုံတစ်ဦးမှ တာဝန်ခံဖြေဆိုခြင်းမရှိသေးသဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပါ

ယခင်က ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်အြဖစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ယခု ဧရာဝတီတိုင်းတွင် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်နေသော ဒေါက်တာသောင်းလှိုင်ကမူ ဝူဟန်အဆုတ်ရောင်ရောဂါပိုး သံသယရှိလူနာ မရှိသေးဟုသာ သိရှိထားကြောင်းပြောဆိုသည်။

"လောလောဆယ်တော့ မတွေ့သေးဘူးပြောပါတယ်။ သေချာအောင်တော့ ရုံးချုပ်မေးလိုက်ပါတယ်။ ဒေါက်တာဒေါ်ခင်ခင်ကြီးတို့ကို ဖုန်းဆက်လိုက်ပါ။ အားတဲ့အခါကိုင်ပါလိမ့်မယ်။မရှိသေးဘူးလို့ သိထားတာပါ။ (တရုတ်ကသံသယလူနာရောက်နေတယ်လို့ သတင်းကြားလို့ပါ) အဲဒါတော့ ကျနော်လည်း မသိသေးဘူးဗျ" ဟု ဒေါက်တာသောင်းလှိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။

ကျန်းမာရေးဝန်ကြီးဌာနက လက်ရှိ မြန်မာနိုင်ငံတဝန်း တရုတ်နှင့် ထိစပ်နေသည့် နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်များ၊ လေဆိပ်များတွင် သေချာစွာ စောင့်ကြပ်စစ်ဆေးမှုများဆောင်ရွက်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ကျန်းမာရေးနှင့်အားကစားဝန်ြကီးဌာနက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့တွင် ဖြစ်ပွားလျက်ရှိသော Viral Pneumonia ရောဂါနှင့်ပတ်သက်၍ ပြည်သူများအကြား သတင်းအမှန် ရရှိပြီး စိုးရိမ်မှုလျော့ကျစေရန် ကျန်းမာရေးနှင့်အားကစားဝန်ြကီးဌာန၏ တရားဝင် Website (www.mohs.gov.mm) နှင့် Myanmar CDC Facebook Page (fb.me/MyanmarCDC) တို့တွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့်လည်း ကျန်းမာရေးနှင့်အားကစားဝန်ြကီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များကို စနစ်တကျ လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်ကြောင်း ကြေညာချက်ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှ စတင်ပျံ့နှံ့လာသော ကိုရိုနာ ဗိုင်းရပ်စ်ပိုးကြောင့် တရုတ်ပြည်တွင် ကူးစက်ခံရသူ ဦးရေ ၈၃၀၊ သေဆုံးသူ ၂၅ ဦးအထိရှိလာပြီဖြစ်ပြီး အခြားသောနိုင်ငံများသို့လည်း ပျံ့နှံ့လျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရန်ကုန်လေဆိပ်တွင် ကျန်းမာရေးဦးစီးဌာနက ရောဂါလေ့လာစောင့်ကြည့်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။ 
Photo Credit- Myanmar CDC

No comments:

Post a Comment

My Blog List