Thursday, January 23, 2020

မြို့လည်ကောင်လမ်းမများ နှင့် အမည်တပ်လမ်းမများပေါ်ရှိ ယာဉ်ရပ်နားသည့်နေရာများတွင် ပစ္စည်းများ၊ အတားအစီးများ တွေ့ရှိပါက နယ်လှည့်Fawကားများဖြင့် သိမ်းဆည်းနေကြောင်း မြို့တော်ဝန်ပြော

Image may contain: 3 people
ရန်ကုန်မြို့၊မြို့လည်ကောင်လမ်းမများ နှင့် အမည်တပ်လမ်းမများပေါ်ရှိ ယာဉ်ရပ်နားသည့်နေရာများတွင် ပစ္စည်းများ၊အတားအစီးများ တွေ့ရှိပါက ခရိုင်နယ်လှည့်Fawကားများဖြင့် သိမ်းဆည်းနေကြောင်း မြို့တော်ဝန်ဦးမောင်မောင်စိုးကပြောသည်။

ဆက်လက်၍ "မြို့နယ်စည်ပင်သာယာရေး ကော်မတီများအနေဖြင့် မြို့လယ်ကောင်ရှိ လမ်းမကြီး၊ အမည်တပ်လမ်းနှင့် နံပါတ်တပ် လမ်းများပေါ်တွင်ရှိသော အတားအဆီးများအား စဉ်ဆက်မပြတ် စစ်ဆေးလျက်ရှိပြီး စိစစ်တွေ့ရှိပါက ခရိုင်၊မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးက ခရိုင်လှည့်ရှင်းယာဉ် Faw ကားများဖြင့် ယာဉ်ရပ်နားရန် နေရာဦးသည့် ပစ္စည်းများ၊ အတားအဆီးများကို သိမ်းဆည်း ဆောင်ရွက်လျက် ရှိပါတယ်။”ဟု ယ‌နေ့ ဇန်နဝါရီ ၂၂ရက် လွှတ်တော်အစည်းအဝေးတွင်၎င်းကပြောကြားခဲ့သည်။
၂၀၁၈ခုနှစ်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေ၏ လမ်း၊တံတား၊စင်္ကြံနှင့် ရေမြောင်းများဆိုင်ရာ တားမြစ်ချက်များ ပုဒ်မ(၃၁၅)၊ ပုဒ်မခွဲ(စ)တွင် “မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ အများပြည်သူဆိုင်ရာ လမ်း၊စင်္ကြ ံအပေါ်တွင် ကုန်ပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်း၊ အိမ်ထောင်ပရိဘောဂ၊ ပစ္စည်းများစုပုံခြင်း၊ ရောင်းချခြင်း၊ ခင်းကျင်းခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ ထားရှိခြင်း မပြုရ”ဟု ပြဋ္ဌာန်းထားပြီး ပြစ်ဒဏ်များအဖြစ် ပထမအကြိမ် ကျူးလွန်မှုအတွက် ငွေဒဏ်ကျပ်(၁)သိန်းမှ ကျပ်(၅)သိန်းအထိ ချမှတ်နိုင်ပြီး ဆက်လက် ဖောက်ဖျက်ကျူးလွန်ပါက ထောင်ဒဏ်(၃)လအထိ ချမှတ်နိုင်ကြောင်း၊ ပုဒ်မ(၃၁၅)၊ ပုဒ်မခွဲ(ဎ)တွင် “မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း အများပြည်သူဆိုင်ရာ လမ်းပေါ်တွင် ယာဉ်သွားလာခြင်း၊ ရပ်နားခြင်းကို အနှောင့်အယှက်ဖြစ်စေသည့် အတားအဆီးမပြုရ” ဟု ပြဋ္ဌာန်းထားပြီး ပြစ်ဒဏ်များအဖြစ် ပထမအကြိမ် ကျူးလွန်မှုအတွက် ငွေဒဏ်ကျပ်(၁)သိန်းမှ ကျပ်(၅)သိန်းအထိ ချမှတ်နိုင်ပြီး ဆက်လက် ဖောက်ဖျက်ကျူးလွန်ပါက ထောင်ဒဏ်(၃)လအထိ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်ဟု သိရသည်။

ဇော်မင်းနိုင်

No comments:

Post a Comment

My Blog List