Saturday, May 10, 2014

မြန်မာနိုင်ငံသား ပြန်လည် လျှောက်ထားသူများကို စိစစ်ပေးနေဟု ဆို


အကြောင်းအမျိုးမျိုးကြောင့် ပြည်ပသို့ ထွက်ခွာသွားသူများ ပြည်ထောင်စု မြန်မာနိုင်ငံသားအဖြစ် ပြန် လည် လျှောက်ထားမှုကို စိစစ်ပေးနေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ကြီး ဦးခင်ရီ က ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာပြည်သူ့ကွန်ရက် ဒုတိယအကြိမ် စုံညီတွေ့ဆုံ


မြန်မာနိုင်ငံအနှံ့အပြားတွင်ရှိသော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာပြည်သူ့ကွန်ရက်အဖွဲ့ဝင်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ပြင်ဆင်ရေးနှင့်ပတ်သက်၍ ဒုတိယအကြိမ် စုံညီတွေ့ဆုံပွဲအား သင်္ဃန်ကျွန်း မြို့နယ်၊ဓမ္မပိယကျောင်းတိုက်၌ မေ ၁၀ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

SNLD စည်းရုံးရေးမှူးကို မတရားအသင်း ဆက်သွယ်မှုနဲ့ အမှုဖွင့်


ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်အခြေစိုက် အစိုးရ စစ်တပ်က ဖမ်းဆီးထားတဲ့ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ရဲ့ ရပ်ကွက်နဲ့ ကျေးရွာ (ရပ်/ကျေး) စည်းရုံးရေးမှူး ဦးအိုက်ကျိန်ကို မတရား အသင်းအဖွဲ့နဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇/၁ နဲ့ ယမန်ယူပြီး အမှုဖွင့်လိုက်ပြီ ဖြစ်တယ်လို့ ကျိုင်းတုံ မြို့နယ် ရဲစခန်းက အတည်ပြုပြောဆို လိုက်ပါတယ်။

ဗိုလ်ချုပ်ဂွမ်မော်က ကချင်တိုင်းရင်းသားများ လွတ်လပ်ရေးလိုချင်ကြောင်း ပြောဆိုလိုက်သဖြင့် ရှုပ်ထွေး မှုများ ပေါ်ပေါက်လာနိုင်သည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်ဒွဲဘူက ပြော


လက်ရှိအချိန်တွင် ကချင်ပြည်နယ်အတွင်း အစိုးရတပ်များနှင့် KIA တို့အကြား စစ်ရေးတင်းမာမှုရှိနေပြီး တိုက်ပွဲများလည်း အဆက်မပြတ် ဖြစ်ပေါ်နေသည်။ ထို့ပြင် KIA နှင့် ကချင်တိုင်းရင်းသားအချို့အကြား လူမျိုးစွဲအခြေခံသည့် ပြင်းထန်သော အယူအဆများရှိနေပြီး “ကချင်သီးသန့်နိုင်ငံတော်” သို့မဟုတ် “၀မ်ပေါင်နိုင်ငံတော်” ထူထောင်လိုခြင်း အယူဆများလည်း ကာလရှည်ကြာကတည်းက ရှိနေခဲ့သည်။ ထိုအချိန်တွင် အမေရိကန်ခရီးစဉ်မှ ပြန်ရောက်ခါစ ဗိုလ်ချုပ်ဂွမ်မော်က ကချင်တိုင်းရင်းသားများ လွတ်လပ်ရေးလိုချင်ကြောင်း ပြောဆိုလိုက်သဖြင့် ရှုပ်ထွေးမှုများ ပေါ်ပေါက်လာနိုင်ပါသည်။

မြစ်ဆုံအနီး တန်ဖဲကျေးရွာတွင် နေထိုင်သူ ၃၂ ဦးအား KIA က ဖမ်းဆီး ခေါ်ဆောင်သွားဟုဆို

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြစ်ဆုံအနီး တန်ဖဲကျေးရွာတွင် နေထိုင်သူ ၃၂ ဦး အား မေ ၇ ရက် ညပိုင်းတွင် ကေအိုင်အေမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အဆင့်မြင့် အရာရှိ တစ်ဦးက ပြောကြားသည်။

မန္တလေး လေဆိပ် စီမံကိန်းအတွက် သိမ်းဆည်းလယ်ယာမြေ များ ပြန်လည်ပေးအပ်


မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းအတွက် သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေထဲက အသုံမပြုဖြစ်တဲ့ မြေနေရာအချို့ ကို မှုလပိုင်ရှင်တွေဆီကို လာမယ့် ဇွန်လမှာ ပြန်လည် ပေးအပ်သွားမယ်လို့ သိရပါတယ်။

တိုင်းရင်သား ညီနောင်ပါတီတွေ ဥပဒေကြမ်းတစ်ခု တင်သွင်းမည်


ညီနောင် တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF က တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ကာကွယ်တဲ့ ဥပဒေကြမ်းတစ်စောင်ကို မကြာမီ လွှတ်တော်ကို တင်ပြသွားမှာဖြစ်ကြောင်း ဒီနေ့ ရန်ကုန်မြို့မှာ နှစ်ရက် ကြာကျင်းပနေတဲ့ NBF အဖွဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ ပြောပါတယ်။

နိုင်ဂျီးရီးယား ကျောင်းသူများ ပြန်ပေးဆွဲခံရမှုအပေါ်တွင် မစ်ရှဲလ်အိုဘားမားမှ ပြစ်တင်ရှုံချခဲ့

အမေရိကန် သမ္မတ ဘားရက်အိုဘားမား၏ ဇနီးဖြစ်သူ မစ်ရှဲလ်အိုဘားမားမှ ပြီးခဲ့သော လအတွင်းက နိုင်ဂျီး ရီးယား ကျောင်းသူများပြန်ပေးဆွဲခံရမှုကိုပြစ်တင်ရှုံချ ပြောဆိုသွားခဲ့သည်။ ပုံမှန်အားဖြင့် သမ္မတ ကတော်များသည် နိုင်ငံခြားရေးရာ မူဝါဒများအကြောင်းကို ပြောဆိုလေ့ မရှိသော်လည်း မစ္စ အိုဘားမား မှာ နိုင်ဂျီးရီးယားကျောင်းသူပေါင်း ၂၀၀ ကျော် ပြန်ပေးဆွဲခံရမှုမှ လွတ်မြောက်ရေး အတွက် ဦးဆောင်ပြော ဆို လှုပ်ရှားသူဖြစ်လာခဲ့သည်။

သမ္မတပူတင် ခရိုင်းမီးယားရောက်

ယူကရိန်း နိုင်ငံဆီကနေ ခရိုင်းမီးယား ကျွန်းဆွယ်ကို ပြီးခဲ့တဲ့ မတ်လတုန်းက သိမ်းယူပြီးချိန်ကစလို့ အခု ပထမဆုံး အကြိမ်အဖြစ်နဲ့ ရုရှား သမ္မတ Vladimir Putin ခရိုင်း မီးယားကို ရောက်ရှိနေပါတယ်။ ပင်လယ်နက်အတွင်းက ရုရှားရေတပ် အခြေစိုက်ရာ ခရိုင်းမီးယားရဲ့ ဆိပ်ကမ်းမြို့ Sevastopol မှာ ကျင်းပမယ့် ဒုတိယကမ္ဘာစစ်အတွင်း ရုရှားတို့ရဲ့ အောင်ပွဲနေ့ စစ်ရေးပြ ချီတက်ပွဲနဲ့ အခမ်းအနားကို မစ္စတာ ပူတင် တက်ရောက်ဖို့ ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။

ရွေးကောက်ပွဲမှာ ကန့်သတ်မယ်ဆိုတာ မဟုတ်မှန်ကြောင်း ဦးတင်အေးပြောကြား

၂၀၁၅ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်မှာ ကိုယ်စားလှယ်လောင်းတစ်ဦးသာ မဲဆွယ်ခွင့် ရှိတယ်ဆိုတာ မဟုတ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က NLD ပါတီရဲ့ မေးမြန်းချက်ကို ပြန် လည်ဖြေကြားတယ်လို့ NLD ပါတီ ပြောခွင့်ရသူ ဦးဥာဏ်ဝင်းကပြောပါတယ်။

RCSS/SSA နဲ့ ဆက်သွယ်သူ မတရားသင်းပုဒ်မနဲ့ တရားစွဲခံရ

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်အတွင်းက စစ်တပ်က ဖမ်းဆီးခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီဝင်ကို ဒီကနေ့ ကျိုင်းတုံရဲစခန်းကို ပြန်လည်လွှဲပြောင်းလိုက်ပြီး အစိုးရနဲ့ အပစ်ရပ်ထား တဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA တောင်ပိုင်းနဲ့ ဆက်သွယ်လို့ ဆိုပြီး မတရား သင်းနဲ့ ဆက်သွယ်တဲ့ ပုဒ်မ ၁၇(၁)နဲ့ အမှုဖွင့်ထားပါတယ်။ ရှမ်းပြည်နယ် အရှေ့ပိုင်းက SNLD ပါတီဥက္ကဋ္ဌ ကတော့ ပြည်သူတယောက်အနေနဲ့ မလိုလားအပ်ဘဲ ဓားစာခံဖြစ်ရတယ်လို့ ပြောပါတယ်။ 
 

တောင်တရုတ် ပင်လယ် ပြဿနာ ပြေလည်ရေး မြန်မာ ဦးဆောင်ဆွေးနွေးမည်


အာဆီယံဥက္ကဋ္ဌ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင် နိုင်ငံတချို့နှင့် တရုတ်နိုင်ငံအကြား ပိုင်ဆိုင်မှု အငြင်း ပွား နေသည့် တောင်တရုတ်ပင်လယ်ပိုင်ဆိုင်မှု ပြဿနာ ပြေလည်ရေး လိုက်နာရမည့် ကျင့်ဝတ် (Code of Conduct for South China Sea) ပေါ်ထွန်းရေး နေပြည်တော် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် ဦးဆောင် ဆွေးနွေး သွားမည်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်က ပြောသည်။

ဖွဲ့စည်းပုံပြင်ရေး ဦးစားပေးလုပ်ရန် ကေအန်ယူကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း


တရားဥပဒေစိုးမိုးရေးနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စတွေ အဓိကထားလုပ်ဆောင်ဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ကို တိုက်တွန်းပြောဆို လိုက်ပါတယ်။

သန်းခေါင်စာရင်း အပြီးသတ် ရလဒ် မထုတ်ပြန်မီ တိုင်းရင်းသား ပြဿ နာ ဖြေရှင်းရန် တောင်းဆို


နှစ်ပေါင်း သုံးဆယ်ကျော်အတွင်း တစ်ကျော့ပြန် ကောက်ယူသည့် သန်းခေါင်စာရင်း အပြီးသတ် ရလဒ် များကို မထုတ်ပြန်မီ တိုင်းရင်းသား ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များနှင့် တွေ့ဆုံကာ တိုင်းရင်းသား ပြဿနာများကို ဖြေရှင်းပေးရန် လိုအပ်ကြောင်း၂၀၁၄ သန်းခေါင်စာရင်း ဆိုင်ရာ ချင်အမျိုးသား အထောက်အကူပြု ကော်မတီ ညှိနှိုင်းရေးမှူး ဆလိုင်းအိုက်ဇက်ခင်က ပြောကြားသည်။

ပြုပြင်ပြောင်းလဲရေး ရှေ့တိုးဖို့ တပ်မတော်ရဲ့ ထောက်ခံမှု လိုကြောင်း ကန်လက်ထောက်ဝန်ကြီး ပြော


အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အရပ်ဖက်လုံခြုံရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Sarah Sewall ဟာ မြန်မာနိုင်ငံကိုရောက်ရှိနေပြီး ၊ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် ၊ မြန်မာအစိုးရ ဒု-သမ္မတ ဦးဥာဏ်ထွန်း၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအ၀င် အစိုးရ ထိပ်တန်း တာဝန်ရှိသူတွေနဲ့လည်းတွေ့ဆုံ ခဲ့ပါတယ်။
 

ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဟောပြောမည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒ သဘောထားရယူပွဲ မအူပင်မြို့၌ ယနေ့ ပြုလုပ်မည်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဟောပြောမည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒသဘောထား ရယူပွဲကို ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့၌ ယနေ့ (မေ ၁၀ ရက်) တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ သိရသည်။

Friday, May 09, 2014

မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ကို ဂုဏ်ပြု၍ ပန်းပုထုမည်


မြန်မာနိုင်ငံ၏ မိုးလေဝသပညာရှင် တစ်ဦးဖြစ်သူ ဒေါက်တာထွန်းလွင်ကို ဂုဏ်ပြုသောအားဖြင့် မေလ ၁၃ ရက်နေ့ ကဆုန်လပြည့်နေတွင် ပုံတူပန်းပုရုပ် ထုလုပ်ခြင်းနှင့် ပုံတူရေးဆွဲခြင်းကို ပြုလုပ်မည် ဖြစ်ကြောင်း ပန်းပုပညာရှင် ဦးကျော်ကျော်မင်းက ပြောကြားသည်။

ဝန်ကြီးချုပ် နုတ်ထွက်ပေးလိုက်ရတဲ့ ထိုင်းဒီမိုကရေစီ


ထိုင်းနိုင်ငံရေးလောကမှာ အငြင်းပွားဖွယ် နိုင်ငံရေးသမား သက်ဆင်ရှင်န၀ပ်ရဲ့ “ကိုယ်ပွားကလေး” ရာထူးကနေ ဆင်းပေးလိုက်ရပြန်ပါပြီ။ ဒါပေမယ့် ထိုင်းနိုင်ငံရေး ပြဿ  နာ ပိုကောင်းသွားမယ်လို့တော့ ဘယ်သူမှ မမျှော်လင့်ကြပါဘူး။

မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်သစ် အစားထိုး ခန့်အပ်



ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးသံကိုယ်စားလှယ် သောမတ် အိုဟေး ကင်တားနားနေရာကို တောင်ကိုးရီးယားနိုင်ငံက ကလေးစိတ်ပညာရှင်နဲ့ တရားဝင် အစားထိုး ခန့်အပ်လိုက်ပါတယ်။တောင်ကိုးရီးယားနိုင်ငံက ကလေးစိတ်ပညာရှင် မစ္စ ရန်ဟီးလီ(Yang Hee Lee)ကို ဇွန် ၁ ရက်နေ့ကစတင်ပြီး မြန်မာပြည်ဆိုင်ရာ လူ့အခွင့် အရေးအထူးသံတမန်အဖြစ် ကုလသမဂ္ဂက တာဝန်ပေး ခန့်အပ်လိုက်ပါတယ်။

RCSS/SSA ရုံးစစ်ဆေးခံရမှု အစိုးရစစ်တပ်မှ လက်တုန့်ပြန်ခြင်းဟုဆို


သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် ဖိုင်ခယ်ကျေးရွာ အုပ်ချုပ်ရေးမှူး နေအိမ်မှပျောက်ဆုံးသွားမှုသည် RCSS/SSA ၏ လက်ချက်ဟု အစိုးရတပ်ပြောဆို စွပ်စွဲကာ လက်တုန့်ပြန်သည့်အနေဖြင့် SNLD ၏ ကျေးရွာ (ရုံးခွဲ)ဥက္ကဌအား ဖမ်းဆီးရိုက်နှက်ခြင်း၊ RCSS/SSA ဆက်ဆံရေးရုံးအား ရှောင်တခင်စစ်ဆေး ရခြင်းဖြစ် သည်ဟု စစ်ထောက်လှမ်းရေးအသိုင်းအဝိုင်းကပြောပါသည်။

အိန္ဒိယနိုင်ငံ၏ အကြီးမားဆုံး လေယာဉ်တင်သင်္ဘော စစ်ဆင်ရေးတာဝန် စတင်ထမ်းဆောင်


အိန္ဒိယနိုင်ငံ၏ အကြီးမားဆုံး လေယာဉ်တင်သင်္ဘော INS Vikramaditya မှာ MIG 29K တိုက်လေယာဉ် အုပ်စုနှင့်အတူ စစ်ဆင်ရေး တာဝန်များကို ပထမဆုံးအကြိမ် စတင်တာဝန် ထမ်းဆောင်နေပြီ ဖြစ်ကြောင်း Brahmand သတင်းတွင် ဖော်ပြထားသည်။

ယင်းလပ်အစိုးရ ဆန်ဝယ်ယူရေး တာဝန်မဲ့လုပ်ခဲ့ဟု ထိုင်းအမျိုးသာ ကော်မတီပြော



ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ် ရှင်နာဝပ်ထရာဟာ အစိုးရရဲ့ ဆန်ဝယ်ယူရေးအ စီအစဉ်မှာ တာဝန်မဲ့ လုပ်ဆောင် မှုတွေ ရှိခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ထိုင်းအမျိုးသားကော်မတီက မေ ၈ ရက်နေ့က စစ်ဆေးတွေ့ ရှိခဲ့ ပါတယ်။ အမှုကို ထိုင်းလွှတ်တော်မှာ စစ်ဆေးကြားနာမှာ ဖြစ်ပြီး ပြစ်မှုခိုင်လုံရင် နိုင်ငံရေးလုပ်ကိုင်ခွင့် ပိတ်ပင်ခံရဖို့ ရှိနေပါတယ်။

ဘရုဆလီ ရဲ့ မှတ်သားဖွယ် စကား



ဘရုဆလီကို အများစုသိကြမှာပါ။ ကွယ်လွန်သွားပြီ ဖြစ်တဲ့ ဟောင်ကောင်ဖွား ကမ္ဘာကျော် သိုင်းပညာရှင်နဲ့ အနုပညာရှင် တစ်ဦး ဖြစ်ပါတယ်။ 

သူပြောခဲ့တဲ့ စကားက ဒီလိုပါ။ 

'သိရုံနဲ့ မလုံလောက်သေးဘူး။ ကျင့်ကြံ အားထုတ်ဖို့ လိုအပ်တယ်။ ဆန္ဒ ရှိရုံနဲ့ မလုံလောက်ဘူး။ လက်တွေ့ အကောင် အထည် ဖော်ရန်လိုအပ် တယ်။'

နန်းခင်ဇေယျာနှင့် ခင်ဝင့်ဝါ အငြိမ့်ကမည်



Zillion Business Services Ltd မှ ကြီးမှူးကျင်းပ သော Miss Myanmar Internet အငြိမ့်ကို နန်းခင်ဇေယျာ၊ ခင်ဝင့်ဝါတို့နှင့်အတူ အာရှ၏ ဟာသအဖွဲ့တို့က ဇွန် ၁ ရက်တွင် ပြည်သူ့ရင်ပြင် People Parks & People Square ကွင်း(၂)၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။ 

ရန်ကုန် - မန္တလေးအမြန်လမ်းတွင် အမြန်နှုန်းတိုင်းစက် အလုံး ၂ဝ ထပ် တပ်မည်



ယာဉ်မတော်တဆမှုများဖြစ်ပွားနေသည့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းနှင်နေ သူများကို ပိုမိုအရေးယူ နိုင်ရန် အမြန်နှုန်းတိုင်းတာသည့် စက် အလုံးနှစ်ဆယ်နှင့် ယာဉ်အရှိန်တိုင်း ကိရိယာလေးလုံး ထပ်မံတပ်ဆင်သွား မည်ဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ တပ်ဖွဲ့မှူးရဲမှူးကြီး နေဝင်းက ပြောသည်။ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် တစ်နာရီ ကီလို၁ဝဝအတွင်းသာ မောင်းနှင်ခွင့်ပြုထားသော်လည်း စည်းကမ်းမဲ့မောင်းနှင်သူ များကြောင့် ယာဉ်မတော်တဆမှုများ မကြာခဏဖြစ် နေသဖြင့် အရှိန်ပြင်းမောင်းနှင်နေသူ များကို ယခုထက် ပိုမိုအရေး ယူနိုင်ရန် တပ်ဆင်ရခြင်းဖြစ်ကြောင်း သိရသည်။

တိုင်းရင်းသားတပ်ပေါင်းစုရဲ့စစ်ရုံး KIA နယ်မြေမှာ ဖွင့်ထား


ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ရဲ့ စစ်ရုံးကို KIA ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မှာ ဖွင့်ထားပြီလို့ သိရပါ တယ်။ ဖေဖော်ဝါရီလ ကတည်းက ရုံးဖွင့်လှစ်ထားတာဖြစ်ပေမယ့် ငြိမ်းချမ်းရေးလုပ်ငန်း ထိခိုက်မှုရှိမှာ စိုးရိမ်တဲ့အတွက် ဒီသတင်းကို လျှို့ဝှက်ထားတာဖြစ်ကြောင်း တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ရဲ့ တွဲဘက်အတွင်းရေးမှူး ၂ ခွန်ဥက္ကာက ကြာသပတေးနေ့မှာ ပြောပါတယ်။

အလွှာပေါင်းစုံတက်ရောက်သော မတူဖိုရမ်မှ သဘောထား(၁၈)ချက်အား ထုတ်ပြန်ကြေငြာ


ချင်းပြည်နယ်၊ မတူပီမြို့နယ်၌ မတူဖိုရမ်တစ်ခုအား ဧပြီ(၁၅)ရက်မှ (၁၇)ရက်အထိ ကျင်းပခဲ့ကြောင်းသိရ သည်။ ယင်းမတူဖိုရမ်တွင်အလွှာအသီးသီးမှာ ကိုယ်စားလှယ်(၃၇၉)ဦးကျော်တက်ရောက်ခဲ့ရာတွင် ရရှိ ခဲ့သော သဘောထား (၁၈)ချက်ကို မေ ၈ ရက်က MJNရုံးတွင် မတူဖိုရမ်ကျင်းပရေးကော်မတီမှ ထုတ်ပြန် ခဲ့ကြောင်း သိရသည်။

ဗီယက်နမ် သင်္ဘောနှစ်စင်းကို တရုတ်သင်္ဘော ရည်ရွယ်ချက်ရှိရှိ ဝင်တိုက် တောင်တရုတ်ပင်လယ် တင်းမာမှုမြင့်တက်


တောင်တရုတ်ပင်လယ် အငြင်းပွား ရေပြင်တွင်းရှိ ဗီယက်နမ်သင်္ဘော နှစ်စင်းကို တရုတ်သင်္ဘောက ရည်ရွယ်ချက်ရှိရှိ ဝင်တိုက်ခဲ့သည်ဟု ဗီယက်နမ် နိုင်ငံက စွပ်စွဲလိုက်ပြီး တောင်တရုတ် ပင်လယ်ပြင်တွင်းရှိ အငြင်းပွားမှုများ တလိပ်လိပ် မြင့်တက်လာကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။ 

ဘန်ကောက်အဲဝေး နေပြည်တော်ခရီးစဉ်တိုးချဲ့ ပြေးဆွဲ


ထိုင်းနိုင်ငံက ဘန်ကောက်အဲဝေး လေကြောင်းလိုင်းက ဘန်ကောက်- နေပြည်တော် ခရီးစဉ်တွေကို အကြိမ်ရေ တိုးချဲ့ပျံသန်းသွားတော့မှာဖြစ်တယ်လို့ လေကြောင်းလိုင်းအကြီးအကဲက ပြောပါတယ်။ယခင်က တပတ်ကို ၅ ကြိမ်သာ ပျံသန်းခဲ့တဲ့ ဘန်ကောက်- နေပြည်တော် ခရီးစဉ်တွေကို အအခု မေလ ၅ ရက်နေ့က နေ မေလ ၃၀ ရက်နေ့အတွင်း တပတ်ကို ၇ ကြိမ်ထိ အကြိမ်ရေတိုးချဲ့ပျံသန်းပြေးဆွဲပေးတော့မှာဖြစ်တဲ့ အကြောင်း ဘန်ကောက်ပို့စ် သတင်းတခုက ဖော်ပြထားပါတယ်။ 

မျက်နှာကို တစ်လ တစ်ကြိမ် ဆေးကြောသင့်ပါတယ်


မျက်နှာ အသားအရေဟာ လူတစ်ယောက်အတွက် အရေးကြီးဆုံး ဖြစ်ပါတယ်။ ဒါ့ကြောင့် မည်သူမဆို မျက်နှာကို အလေးထားသင့်ပါတယ်။ ဆေးကြောတာက မိမိဘာသာ အိမ်မှာ မျက်နှာသစ်တာကို ဆိုလိုတာ မဟုတ်ပါဘူး။ မျက်နှာအကြောများကို နှိပ်နယ်ပေးခြင်း မျက်ရိုးများကို နှိပ်နှယ်ပေးခြင်း မျက်နှာ ပေါင်တင်ခြင်း စသည်တို့ကို ပြုလုပ်ပေးခြင်း ဖြစ်ပါတယ်။ မိမိအဆင်ပြေမယ့်ဆိုင် (သို့) အိမ်မှာဖြစ်ဖြစ် လုပ်ပေးနိုင်ပါတယ်။ 

နှိပ်ခံခြင်း၏ ကောင်းကျိုးများ


တစ်နေကုန် ထိုင်နေရတဲ့ သူတွေပဲ ဖြစ်ဖြစ် တစ်နေကုန် လမ်းလျောက် နေရတဲ့ သူပဲဖြစ်ဖြစ် သိမှတ်သင့် ပါတယ်။ တကယ်တော့ အနှိပ်ခံ ခြင်းဟာ ခန္ဓာကိုယ်အတွက် အထူးပင် ကောင်းမွန်စေပါတယ်။ အညောင်း ထိုင် နေရသူများဟာ အနှိပ်ခံ ပေးခြင်းဖြစ် အကြောများ ပြေစေနိုင်ပါတယ်။

မျိုးစောင့်ဥပဒေ ပြဌာန်းရေး ရဟန်းသံဃာနဲ့ သက်ဆိုင်သလား


အမျိုးသားရေးဝါဒ နဲ့ ဗုဒ္ဓ၀ါဒဟာ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ပါတယ်။ ဥပမာ - ဂေါတမဗုဒ္ဓ နဲ့ ရှင်ဒေ၀ဒတ္တ တို့ဟာ သာကီဝင်မင်းမျိုးမှ ဆင်းသက်လာသူများ ဖြစ်ကြပြီး ဝမ်းကွဲ ညီအကိုလည်း တော်စပ်ကြပါတယ်။ ဒါပေမယ့် ဗုဒ္ဓဘုရားရှင်က အဂ္ဂသာဝကနှစ်ပါးကို ရွေးချယ်ရာမှာ ရှင်ဒေဝဒတ်ကို မရွေးချယ်ဘဲ ဗြဟ္မဏ အနွယ်မှ လာတဲ့ ရှင်သာရိပုတ္တရာ နဲ့ ရှင်မောဂ္ဂလာန် တို့ကို သာရွေးချယ်ခဲ့ပါတယ်။ 

ဆီးရီးယား အတိုက်အခံခေါင်းဆောင် အမေရိကန်အစိုးရကို လက်နက်အကူညီတောင်း


ဆီးရီးယား အတိုက်အခံခေါင်းဆောင် အာမန်ဂျာဘာက ဆီးရီးယားလေတပ်ကို တွန်းလှန်ရာမှာ ကူညီဖို့ လက်နက်တွေ ပံ့ပိုးရေး အမေရိကန်အစိုးရကို တောင်းဆိုလိုက်ပါတယ်။သူဟာ ဆီးရီးယားတော်လှန်ရေးနဲ့ အတိုက်အခံတပ်အတွက် အမျိုးသားညွန့်ပေါင်းအဖွဲ့ရဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။

ဆုပန်ထွာက ကြေးမုံသတင်းစာကနေ သတိပေးပြီ



EU ၏ ငြိမ်းချမ်းရေး အကူအညီ ထိရောက်စွာ သုံးစွဲဟု သံအမတ်ကြီးပြော



ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်များတွင် အဓိက ထောက်ပံ့နေသူ ဖြစ်သည့် ဥရောပသမဂ္ဂ (EU) ၏ ငြိမ်းချမ်းရေးအကူအညီများကို ထိရောက်စွာ သုံးစွဲနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ်ကြီး Roland Kobia က ပြောကြားသည်။ မေလ ၉ ရက်နေ့တွင် ကျရောက်မည့် ဥရောပသမဂ္ဂနေ့ အထိမ်းအမှတ်အဖြစ် သတင်းမီဒီယာ အချို့နှင့် မေလ ၈ ရက်နေ့ က တွေ့ဆုံစဉ် The Voice ၏ မေးမြန်းမှုကို ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

စစ်တွေတွင် ညကိုးနာရီ နောက်ပိုင်း လမ်းပေါ် ရှိသူများကို ဖမ်းမည်


ပဋိပက္ခများ မကြာခဏ ဖြစ်ပွားလေ့ရှိသည့် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ညမထွက်ရအမိန့်ကို ချိုးဖောက် ကာ ည ၉ နာရီကျော်တွင် လမ်းပေါ်ထွက်သူများ ရှိနေသဖြင့် လာမည့် ရက်သတ္တတစ်ပတ်မှ စတင်ကာ ညကိုးနာရီ နောက်ပိုင်း လမ်းထွက်သူများကို ဖမ်းဆီးအရေးယူသွားမည် ဖြစ်ကြောင်း စစ်တွေမြို့နယ် မြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။

ရွှေတောင်မြို့နယ်တွင် ဒုတိယအကြိမ် လေပြင်းတိုက်ခတ်ခံရ၍ နေအိမ် ၄၀ ကျော် ထပ်မံပျက်ဆီး



ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင် ရွှေတောင်မြို့နယ်တွင် မေလ (၈) ရက်နေ့ ညနေပိုင်းက ဒုတိယအကြိမ် လေဆင်နှာမောင်း တိုက်ခတ်၍ နေအိမ် ၄၀ ကျော် ထပ်မံပျက်ဆီးသွားကြောင်း ဒေသခံများထံက သိရှိရသည်။

တရုတ်ဝါရင့်သတင်းထောက်ကို လုံခြုံရေးအာဏာပိုင်တွေ ဖမ်းဆီး



တရုတ်နိုင်ငံမှာ နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ ၀ါရင့်သတင်းထောက်တစ်ဦးကို တရုတ်လုံခြုံရေး အာဏာပိုင်တွေ က ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ဇွန်လမှာ ကျရောက်မယ့် Tiananmen ရင်ပြင်အရေးအခင်း ၂၅နှစ်နှစ်ပတ်လည် မတိုင်ခင် ဝေဖန်ရေး သားမှုတွေကို ကြိုတင်တားဆီးတဲ့အနေနဲ့ အခုလိုမျိုး ဖမ်းဆီးမှုတွေ လုပ်ဆောင်တာ ဖြစ်တယ်လို့ ယူဆနေကြပါတယ်။

Australia Network ရဲ့ထိရောက်မှု အပေါ် နိုင်ငံခြားရေးဝန်ကြီး မေးခွန်းထုတ်


အေဘီစီ ​သတင်းဌာနရဲ့ ​အစိတ်ပိုင်းတစ်ခုဖြစ်တဲ့ ​Australia ​Network ​ဟာ ​အာရှပစိဖိတ် ​ဒေသတွင်း ​လုပ်ဆောင်နိုင်မှု ​ဘယ်လောက်ရှိသလဲ ​ဆိုတဲ့အပေါ် ​သြစတြေးလျ ​နိုင်ငံခြားရေးဝန်ကြီး ​ဂျူလီ ​ဘိရှော့ပ် ​ကမေးခွန်းထုတ်လိုက်ပါတယ်။

ဘရူနိုင်းစော်ဘွားကို လူ့အခွင့်အရေးသမားတွေ သပိတ်မှောက်မည်


လူ့အခွင့်အရေး အခြေအနေတွေအပေါ် စိုးရိမ်မှုတွေနဲ့အတူ အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်က နာမည်ကျော် Beverly Hill ဟိုတယ်ကို ပိုင်ရှင်ဖြစ်တဲ့ ဘရူနိုင်းစော်ဘွား အနေနဲ့ ပြန်လည်ရောင်းချပစ်ဖို့ Beverly Hills တာဝန်ရှိသူတွေ ဒီသီတင်းပတ်ထဲမှာပဲ တောင်းဆိုလိုက်ကြပါတယ်။

ဓာတ်ငွေ့ ဝယ်ယူမှု ငွေကြိုပေးဖို့ ယူကရိန်းကို ရုရှားတောင်းဆို


ယူကရိန်းနိုင်ငံအတွင်းဖြစ်ပေါ်နေတဲ့ နိုင်ငံရေးနဲ့ စီးပွားရေး မတည်ငြိမ်မှုတွေကြောင့် အစိုးရအနေနဲ့ ဘဏ္ဍာငွေကြေးအခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့ အချိန်မှာပဲ အနာဂတ် ဓါတ်ငွေ့ဝယ်ယူမှုတွေ အတွက် ငွေကြိုပေးရမယ်လို့ ရုရှားနိုင်ငံက အမိန့်ထုတ်ပြန်လိုက်ပါတယ်။ ယူကရိန်းနိုင်ငံဟာ ရုရှားထံက ဓါတ်ငွေ့တွေကို မှီခို အားထားနေရ တာဖြစ်ပါတယ်။

ရုရှားကို စီးပွားရေး ထပ်မံပိတ်ဆို့ရေး အမေရိကန် လွှတ်တော်အမတ်များ သဘောထားကွဲ


ယူကရိန်း နိုင်ငံရေးတွင် ဝင်ရောက် စွက်ဖက်မှုနှင့် ပတ်သက်ပြီး ရုရှားကို စီးပွားရေး ပိတ်ဆို့မှုအသစ်များ ထပ်မံချမှတ်ရေးနှင့် ပတ်သက်ပြီး အမေရိကန် အထက်လွှတ်တော် အမတ်များကြား သဘောထားကွဲလျက် ရှိသည်ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။

ယင်းလပ်ရှင်နာဝပ် နေရာကို ထိုင်းစီးပွား/ကူးသန်းဝန်ကြီး အစားထိုး ဝင်ရောက်မည်


ထိုင်းနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးတော်က မစ္စယင်းလပ်ရှင်နာဝပ်ကို အာဏာ အလွဲသုံးစားမှုဖြင့် ဝန်ကြီးချုပ် ရာထူးမှ နုတ်ထွက်ပေးရန် အမိန့်ချမှတ်လိုက်ပြီးနောက် အစိုးရအဖွဲ့က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးကို ဝန်ကြီးချုပ်သစ်အဖြစ် အစားထိုးတင်မြှောက်ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။

RCSS ရုံး ဝင်ရောက်စစ်ဆေးမှု ဖြေရှင်းချက်ပေးဖို့ အစိုးရထံ ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ်တောင်းဆို


သျှမ်းပြည်အရှေ့ပိုင်းကျိုင်းတုံမြို့ ရှိ သျှမ်းပြည်တပ်မတော် RCSS/SSA ကိုယ်စားလှယ် ဆက်ဆံရေး ရုံးအား တြိဂံစစ်တိုင်းရုံးမှ ရှောင်တခင်ဝင်ရောက်စစ်ဆေးမှုအား ဖြေရှင်းချက်ပေးရန် သျှမ်းပြည်တပ်မတော် ခေါင်းဆောင် ဒု - ဗိုလ်ချုပ်ကြီးယွက်စစ်က တောင်းဆိုလိုက်ပါသည်။

ဘန်ကောက်မှာ ဗုံးပေါက်ကွဲမှု ဆက်တိုက်ဖြစ်ပွား



ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဒီကနေ့ ကြာသပတေးနေ့ နံနက်ပိုင်းမှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ခဲ့ပါတယ်။ အဲဒီ M 79 လောင်ချာနဲ့ တိုက်ခိုက်ခံရမှုကြောင့် ပထမဆုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကတော့ ထိုင်း နိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးရဲ့ တရားသူကြီးတွေထဲက တဦးရဲ့ အိမ်ဖြစ်ပါတယ်။ 

"ဗီဒီယို လောကကြီး သာသာယာယာ ရှိနိုင်ပါစေ ဆိုတဲ့ ဂွမ်းပုံ"



ဂွမ်းပုံက ပြင်ဦးလွင်မှာ ဗီဒီယို ၂ကား ရိုက်ဖို့ ရောက်နေပါတယ်။ ရန်ကုန်မှာတော့ ရာသီဥတုက ပူတာမို့ ရာသီဥတု နဲ့လိုက်ဖက်မယ့် အဝတ်အစားက အစသေချာ ရွေးဝတ်ရပြီး ပြင်ဦးလွင်မှာတော့ ရာသီဥတု အေးချမ်းတာကြောင့် သက်သောင့်သက်သာ နဲ့ဇာတ်ကို ဝင်စားပြီး ရိုက်လို့ ရတယ်လို့ ပြောပါ တယ်။

တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမှု ငြိမ်းချမ်းရေးအတွက် စိုးရိမ်ဟု KNU ပြော


အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားမှုကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ထိခိုက်မည်ကို စိုးရိမ်ကြောင်း KNU ဒု ဥက္ကဌ ပဒိုနော်စီဖိုးရာစိန်က ပြောသည်။ ယမန်နေ့ ညနေပိုင်းက ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံခရစ်ယာန် အသင်းတော်များ ကောင်စီတွင် ကရင်ပြည်သူလူထုနှင့် ကရင်အမျိုးသား အစည်းအရုံး(KNU)တို့ တွေ့ဆုံရာတွင် အစိုးရနှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အကြား တိုက်ပွဲများ ဖြစ်ပေါ်နေမှုအပေါ် ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

နိုဗဲလ်ဆုနဲ့ ဆယ်လ်မွန်ငါး သို့မဟုတ် ဒလိုင်းလားမားရဲ့ နော်ဝေ ခရီးစဉ်


၁၉၈၉ ခုနှစ်ရဲ့ နိုဗဲလ်ငြိမ်းချမ်းရေး ဆုရှင် တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား မေလ ၇ ရက်နေ့ မနက် ၁၁ နာရီ လောက်မှာ အော်စလို ပါလီမန်ရှေ့ ရောက်လာမယ် လို့ သတင်းကြားထားတဲ့ အတွက် ၁၀ နာရီခွဲလောက် ကတည်းက အဲဒီရှေ့ကို ကျနော် ရောက်နေပါတယ်။ အော်စလို နွေဦးရာသီဟာ ဒီနေ့ကျမှ နေမသာဘဲ မိုးဖွဲဖွဲ့လေးရွာနေပြီး အပူချိန် ကလည်း ၄ ဒီဂရီ စင်တီဂရိတ် လောက်သာ ရှိတဲ့ အတွက် အေးစိမ့်စိမ့် ဖြစ်နေပါတယ်။

ဦးခင်ညွန့်အမှုကိစ္စနှင့် ဆက်နွှယ်ပြီး သိမ်းဆည်းခံခဲ့ရသော ပုလဲကွန်ဒို တိုက်(E)ကိစ္စ စုံခုံဖွဲ့စစ်ဆေးရာ စာချုပ်အရ Asia Express အပိုင်ဖြစ်နေ၍ နိုင်ငံတော်မှ တိုက်ခန်းဖိုးငွေ ပြန်မတောင်းဘဲ ရပ်လိုက်ခြင်းဖြစ်ကြောင်း သိရ


ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်၏ အမှုကိစ္စနှင့်ဆက်နွှယ်ပြီး သိမ်းဆည်းခံခဲ့ရသော ပုလဲကွန်ဒို တိုက်အမှတ် (E) ကိစ္စအပေါ် စုံခုံဖွဲ့စစ်ဆေးရာ တရားဝင်စာချုပ်များအရ တည်ဆောက်သူ Asia Express ကုမ္ပဏီက ပိုင်ဆိုင်နေသည့်အတွက် နိုင်ငံတော်မှလည်း တိုက်ခန်းဖိုးငွေ ပေးသွင်းခိုင်းမှု မပြုတော့ကြောင်း စုံခုံ ဖွဲ့စစ်ဆေးခဲ့မှုတွင် ပါဝင်သော တာဝန်ရှိသူအချို့နှင့်  Asia Express  ကုမ္ပဏီ တာဝန်ရှိသူများက ပြောကြား ခဲ့သည်။

My Blog List