Thursday, January 23, 2020

ကန်ဒေါ်လာ သန်း၄၀၀ ကျော်တန်ဖိုးရှိ စင်္ကာပူ-မြန်မာ-အိန္ဒိယ ရေအောက် ကေဘယလ် စီမံကိန်းစတင် တည်ဆောက်

No photo description available.
စင်္ကာပူ-မြန်မာ-အိန္ဒိယ သုံးနိုင်ငံအကြား စွမ်းအားမြင့် ရေအောက်ကေဘယ် စီမံကိန်း (MIST) ကို စတင်တည်ဆောက် နေပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏သတင်းထုတ်ပြန်ချက်များအရသိရသည်။

အဆိုပါ စီမံကိန်းကို ကမ္ဘာ့ထိပ်တန်းနည်းပညာ ဝန်ဆောင်မှုလုပ်ငန်းစု ကြီးဖြစ်သော NTT Ltd က အမေရိကန်ဒေါ်လာ သန်း ၄၀၀ ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်သည်။
အဆိုပါ စီမံကိန်းဆောင်ရွက်နိုင်ခြင်းကြောင့် အင်တာနက် ဒေတာအချက်အလက် အသုံးပြုနိုင်မှုအတွက် အမြန်နှုန်းတိုးမြှင့်နိုင်တော့မည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်နေသည့် သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍ၏ လိုအပ်ချက် များအတွက် ဒစ်ဂျစ်တယ်နည်းပညာ ဖြေရှင်းချက်များအား အရှိန်အဟုန်မြှင့် တိုးချဲ့လုပ်ဆောင်သွားနိုင်တော့မည်ဖြစ်ကြောင်း နှင့် အရှေ့တောင် အာရှ ဒေသတွင်းတွင် ဆောင်ရွက်နေသည့် နိုင်ငံတကာ ရေအောက်ကေဘယ် တည်ဆောက်ရေး မဟာဗျူဟာ မြောက်စီမံကိန်း၏ အစိတ်အပိုင်းလည်းဖြစ်ကြောင်းသိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍသည် နှစ်စဉ် ခြောက်ရာခိုင်နှုန်းမှ ၁၂ ရာခိုင် နှုန်းအထိ တိုးတက်လျက်ရှိကြောင်း၊ ယင်းတိုးတက် မှု သည် ဖွံ့ဖြိုးဆဲ အာရှနိုင်ငံအများစု၏ အသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP) တိုးတက်မှုနှုန်းထက်ပင် မြင့်မားလျက်ရှိကြောင်း သိရသည်။
ဇေဝေယံ/ Myanmar Harp

No comments:

Post a Comment

My Blog List