Saturday, February 22, 2014

ဓာတ်ရှင်ရိုက်သူများ ဇာတ်ကားကြီးဟာ ထူးထူးခြားခြား မျှော်လင့်နေကြ သူတွေအတွက် ထူးခြားမှုတွေ ယူဆောင်လာလိမ့်မယ်လို့ ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်



ပရိသတ်တွေအတွက် လျှို့ဝှက်မှုနဲ့ အံ့သြဆန်းကြယ်မှုတွေကို ယူဆောင်လာမယ့် ဓာတ်ရှင်ရိုက်သူ များဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို အတွေးအခေါ်အယူအဆ ထူးခြားလှပါတယ်ဆိုတဲ့ ဒါရိုက်တာညိုမင်းလွင်က ပုံဖော်ရိုက်ကူးနေပြီး ဇာတ်ကားအရေအတွက် အထွက်ကြဲပေမဲ့ ရိုက်သမျှဇာက်ကားတိုင်းကလဲ ပရိသတ်ရင်ထဲ ထင်မှတ်ကျန်နေစေခဲ့တဲ့ ကားတွေကိုသာ ရွေးချယ်ရိုက်ကူး
တတ်တဲ့ ဒိတ်ဒိတ်ကြဲအဆိုတော်စိုင်းစိုင်းခမ်းလှိုင်အပြင် မကြာသေးခင်ကမှ ပူပူနွေးနွေး အကယ်ဒမီ ရရှိထားတဲ့ ဖွေးဖွေးနဲ့ ဒီဇာတ်ကားကြီး အတွက် ပေါင်းစပ်လိုက်တဲ့အခါ သူတို့ရဲ့ ဖန်တီးမှုသဘော တရားတွေဟာ ပရိသတ်ကို ဘယ်လောက်ထိ ဆွဲဆောင်နိုင်မလဲ ဆိုတဲ့အကြောင်း စိုင်းစိုင်းကို မေးကြည့်ဖြစ် တဲ့အခါ ‘အခုရိုက်နေတဲ့ ကားလေးက ဓာတ်ရှင်ရိုက်သူများတဲ့။ ဒါရိုက်တာ ကိုညိုမင်းလွင်၊ မင်းသမီး ကဖွေးဖွေးပါ။ 

လက်ပံတောင်းတောင်အနီးမြို့သစ်တည်ဆောက်ရေးအတွက် လယ်မြေများ သိမ်းဆည်းရောင်ချမှုများရှိ


စစ်ကိုင်းတိုင်းဒေသကြီး ယင်းမပင်ခရိုင် လက်ပတောင်းတံကြေးနီစီမံကိန်းအနီး မြို့သစ် တည်ဆောက်ရေး အတွက် လယ်ယာမြေများအား သိမ်းဆည်း၍ ရောင်းချမှုများရှိကြောင်း ယင်းမပင် ခရိုင် အုံတုံပင်ကျေး ရွာနေ သိမ်းဆည်းခံ လယ်သမား (၁၇) ဦးက ဖေဖော်ဝါရီ ၂၁ ရက်နေ့ကရန်ကုန်မြို့ ကျောက်တံတား မြို့နယ်ရှိ မြန်မာဂျာနယ်လစ်နက်ဝက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ပြောကြားသည်။

ဒေါက်တာအောင်ထွန်းသက်အား ဗြိတစ်ရှ် ကိုလံဘီယာ တက္ကသိုလ်(UBC)မှ ဂုဏ်ထူးဆောင် ပရော်ဖက်ဆာဘွဲ့ချီးမြှင့်

ဗြိတစ်ရှ် ကိုလံဘီယာ တက္ကသိုလ်(UBC)သည် ဂုဏ်ထူးဆောင် ပရော်ဖက်ဆာဘွဲ့တစ်ခုအား မြန်မာနိုင်ငံမှ ပရော်ဖက်ဆာ ဒေါက်တာအောင်ထွန်းသက်ကို မင်းရဲကျော်စွာလမ်း၊UMSCCI တွင် ဖေဖော်ဝါရီ ၂၁ရက်က ချီးမြှင့်ခဲ့သည်။

နိုင်ငံတော် သမ္မတနှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံ

အမျိုးသားအဆင့် စီးပွားရေးလုပ်ငန်းများ အကောင်ထည်ဖော်ရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များ အခက်အခဲများ အားသိရှိစေရန်အတွက် ဖေဖော်ဝါရီ ၂၂ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် စီးပွားရေးလုပ်ငန်း ရှင်များနှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့ တွေဆုံခဲ့ကြသည်။

ဒလိုင်းလားမားကို သမ္မတ အိုဘားမား အိမ်ဖြူတော်တွင် လက်ခံ တွေ့ဆုံ၊ တရုတ်အစိုးရ ပြင်းထန်စွာ ကန့်ကွက်


တိဘက်ဒေသ လွတ်လပ်ရေးအတွက် တက်ကြွစွာ လှုပ်ရှားသည့် ပုဂ္ဂိုလ်နှင့် ဘာသာရေး ခေါင်းဆောင်ဖြစ် သူ ဒလိုင်းလားမားကို အမေရိကန် သမ္မတ ဘားရက် အိုဘားမားက အိမ်ဖြူတော်တွင် လက်ခံ တွေ့ဆုံမည် ဖြစ်သည်ဟု အမေရိကန်အစိုးရ အရာရှိကြီးများက ပြောကြားကြောင်း BBC သတင်းဌာနက ရေးသား ဖော်ပြသည်။ 

နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ထိုင်းတွင် ဖုန်းရောင်းအားကျဆင်း


နိုင်ငံရေးတည်ငြိမ်မှု ကင်းမဲ့နေသော ထိုင်းနိုင်ငံ၏ စမတ်ဖုန်းဈေးကွက်ရောင်း အားမှာ ရာခိုင်နှုန်း ၃ဝ အထိ ကျဆင်း သွားခဲ့ကြောင်း သိရသည်။နိုင်ငံရေး မတည်ငြိမ်မှုကို ထိန်းချုပ် နိုင်ခြင်းမရှိပါက နိုင်ငံအတွင်းရှိ မိုဘိုင်းလ် အရောင်းဆိုင် ၁ဝဝ နီးပါး ပိတ်ပစ်ဖွယ်ရှိ နေကြောင်း သတင်းများအရ သိရသည်။

မြို့မိမြို့ဖများ လှူဒါန်းထားသော ပျဉ်းမနားရှိ ပေါင်းလောင်းအားကစားကွင်းကို အားကစားဝန်ကြီး ဦးတင့်ဆန်းက နေပြည်တော်FCအသင်း ကွင်းပိုင်အဖြစ် သိမ်းယူထားမှုကြောင့် ဒေသခံအားကစား သမားများ ဆန္ဒပြတောင်း ယူမည်


နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်ရှိ ပေါင်းလောင်း အားကစားကွင်းကို အားကစားဝန်ကြီး ဦးတင့်ဆန်းက နေပြည်တော်FC အသင်းကွင်းပိုင်အဖြစ် သိမ်းယူထားမှုကြောင့် ဒေသခံအားကစားများ ဆန္ဒပြတောင်းယူ သွားမည်ဖြစ်ကြောင်း ဒေသခံ အားကစားသမားဟောင်း အဖွဲ့အစည်းထံမှ သိရသည်။

အနုပညာကြေးတွေထဲက ရရှိတဲ့ငွေတွေကို လိုအပ်တဲ့ ပရဟိတဂေဟာတွေ ကို လှူဒါန်းသွားမယ်လို့ ဆိုတဲ့ သရုပ်ဆောင်ဂျူဂျူးကေ

ထာဝရမန္တလေးဇာတ်ကားနဲ့ ပရိသတ်တွေရဲ့အားပေးမှုပိုမိုရရှိလာသော မော်ဒယ်လ်၊ သရုပ်ဆောင် ဂျူဂျူးကေကို လတ်တလောအနုပညာလှုပ်ရှားမှုနဲ့အတူ သူမရဲ့ပရဟိတလုပ်ငန်းအကြောင်း မေးမြန်းဖြစ်ခဲ့တဲ့အခါ ‘ညီမလတ်တလောမှာတော့ တယောပွဲတွေ ဖျော်ဖြေပေးဖို့ရှိပါတယ်။

ဂျပန်နိုင်ငံကနေ ဧည့်လမ်းညွှန်ဘဝအကြောင်း ရိုက်ကူးဖို့ ကမ်းလှမ်းခြင်း ခံရတဲ့ နန်းခင်ဇေယျာ


မြန်မာအလှမယ်တစ်ယောက်ဖြစ်တဲ့ နန်းခင်ဇေယျာက အနုပညာ၊ ပရဟိတ နှင့် ဧည့်လမ်းညွှန်အစရှိတဲ့ ကဏ္ဍမျိုးစုံအလုပ်တွေကို ကျွမ်းကျင်စွာ ပါဝင်ဆောင်ရွက်နေသူ တစ်ဦးပဲဖြစ်ပါတယ်။ 

၁၃၀၀ ပြည့်အရေးတော်ပုံ အာဇာနည် ၁၇ ဦးကို မန္တလေးမှာ ဂုဏ်ပြု



၁၃၀၀ ပြည့် အရေးတော်ပုံ ၇၅ နှစ်မြောက် စိန်ရတုအခမ်းအနားနဲ့ အဲဒီအရေးတော်ပုံကာလအတွင်းက မန္တလေးမြို့မှာ ကျဆုံးသွားတဲ့ အာဇာနည် ၁၇ ဦးကို ဂါရ၀ပြုတဲ့ အခမ်းအနားကို မန္တလေးမြို့မှာ ဒီနေ့ကျင်းပခဲ့ပါတယ်။

ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခ မလေးရောက် မြန်မာတွေ စိုးရိမ်


မြန်မာနိုင်ငံမှာ အစ္စလမ် ဘာသာဝင် မွတ်စလင် လူမျိုးတွေနဲ့ ဗုဒ္ဓ ဘာသာဝင်တွေအကြား ပဋိပက္ခတွေ ထပ်မံဖြစ်ပွားမှာကို စိုးရိမ် နေတယ်လို့ မလေးရှား နိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာ အလုပ်သမားတွေ ပြောပါတယ်။

ကွာခြားယူနစ် ကောက်ခံခြင်းအတွက် မြစ်ခြေဒေသခံ ၁၀၀ ကျော် ဒုတိယအကြိမ် ဆန္ဒပြ



မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် သရက်တောအုပ်စု ဒေသခံ ၁၀၀ ကျော်တို့က ကွာခြားယူနစ် ဝန်ပိုပြစ်ဒဏ် ပပျောက်ရန် ဖေဖော်ဝါရီလ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် မြစ်ခြေ လျှပ်စစ်ရုံးနှင့် ပခုက္ကူခရိုင် လျှပ်စစ်ရုံးသို့ သွားရောက်ကာ ဆန္ဒပြ တောင်းဆိုခဲ့ကြောင်း သရက်တောအုပ်စု ဒေသခံများထံမှ သိရသည်။

ဂလက်စဂို တက္ကသိုလ်၏ ပါမောက္ခချုပ် အဖြစ် စနိုဒန်အား ရွေးချယ်ခန့်အပ်



အမေရိကန် ပြည်ထောင်စု၏ လျှို့ဝှက် ထောက်လှမ်းရေး အစီအစဉ် များနှင့် အင်တာနက် ဆက်သွယ်ရေး အစီအစဉ် များကို လူသိရှင်ကြား ထုတ်ဖော်ခဲ့သည့် အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီမှ အမှုထမ်းဟောင်း တစ်ဦးဖြစ်သူ အက်ဒ်ဝပ် စနိုဒန်အား စကော့တလန် နိုင်ငံ ဂလက်စဂို တက္ကသိုလ်၏ ပါမောက္ခချုပ် အဖြစ် ဖေဖော်ဝါရီ ၁၈ ရက်က ရွေးချယ်ခန့်အပ် ခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

ရုံးခွန်၊ တံဆိပ်ခေါင်းခွန်များ ထက်ဝက်လျှော့ချရန် စီစဉ်နေ


လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှစတင်၍ ရုံးခွန်၊ တံဆိပ်ခေါင်းခွန်များကို မူလကောက်ခံနေသည့်နှုန်းမှ ထက်ဝက်လျှော့ချကောက် ခံရန် စီစဉ်နေကြောင်း ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေရေးကြေးရေးဆိုင် ရာ ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောသည်။

စစ်တွေမြို့တွင်း ၀င်ရောက်သည့် မလေးရှား ၃ ဦးကို ပြန်ပို့


စစ်တွေမြို့ရှိ အစ္စလမ် ဘာသာဝင်များ နေထိုင်သော အောင်မင်္ဂလာ ရပ်ကွက် အတွင်းသို့ ဖေဖော်ဝါရီ ၂၀ ရက်က ၀င်ရောက်ခဲ့ သည့် မလေးရှား နိုင်ငံသား ၃ ဦးကို ရန်ကုန်မြို့သို့ ပြန်ပို့လိုက်ကြောင်း သိရသည်။

“သူတို့ထဲက ၁ ဦးက ကုန်သည် လိုလို၊ အင်ဂျင်နီယာ လိုလိုနဲ့ဗျ၊ ကုန်သည်ဆိုလည်း ဘာလို့ ဓာတ်ပုံတွေ၊ ဘာတွေ သွားရိုက်ရတာ လဲ၊ အောင်မင်္ဂလာ ရပ်ကွက်က ၂ ဘက် လူမျိုးစုတွေ နီးနီးကပ်ကပ် ရှိနေတဲ့ နေရာဆိုတော့ အကဲဆတ်တဲ့ နေရာ၊ နိုင်ငံခြား သတင်း ဌာနတွေက ကျနော့်ဆီ နောက်ဆုံးလာတာ New York Time က လူတွေပါ”ဟု ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင်က ဧရာဝတီသို့ ပြောသည်။

Friday, February 21, 2014

ပညာရေးစနစ်ပြုပြင်ရေး ဒေါ်အောင်ဆန်းစုကြည်နဲ့ဆွေးနွေး




မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER က ကိုယ်စားလှယ် တွေဟာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဌ ဒေါက်တာချမ်းငြိမ်းနဲ့ အခြားတာဝန်ရှိသူတွေကို မနေ့နေ့ လည် ၂ နာရီကနေ ၄ နာရီထိ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို လူစုလူဝေး စီမံခန့်ခွဲရေးသင်တန်း အီးယူပို့ချ




မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လူ့အခွင့်အရေး လေးစားလိုက်နာမှု အားကောင်းလာဖို့နဲ့ နိုင်ငံသားတိုင်းရဲ့ ဒီမိုကရေစီ အခွင့်အရေးကို အသိအမှတ်ပြုနိုင်ဖို့ ရည်ရွယ်ပြီး ဥရောပသမဂ္ဂအဖွဲ့က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေကို “လူစုလူဝေး စီမံခန့်ခွဲမှုသင်တန်း” ပေးခဲ့ကြောင်း မြန်မာနိုင်ငံအခြေစိုက် ဥရောပ သမဂ္ဂရုံးခွဲက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောထားပါတယ်။

ဆန္ဒပြသူတွေ သေဆုံးမှု ယူကရိန်း အိုလံပစ် အားကစားသမားတွေ ကန့်ကွက်




လူအများအပြား သေဆုံးခဲ့တဲ့အထိ ဆန္ဒပြပွဲတွေကို နှိမ်နင်းခဲ့တဲ့အပေါ် ကန့်ကွက်တဲ့ အနေနဲ့ ယူကရိန်း အားကစားမယ်တဦး ရုရှားနိုင်ငံမှာ ကျင်းပနေတဲ့ အိုလံပစ်အားကစားပွဲက ထွက်လိုက်ပါတယ်။ တိုင်းပြည်မှာ လူတွေ သေကြေနေတဲ့ အချိန်မျိုးမှာ သူ့အနေနဲ့ ဆက်လက် ယှဉ်ပြိုင်လိုစိတ် မရှိတော့တဲ့အကြောင်း အသက် ၂၄ နှစ်အရွယ် ရေခဲပြင်စကီးစီး ချန်ပီယံ Bogdana Matsotska ကပြောဆိုခဲ့တာပါ။ ဆိုချီမြို့က ဆောင်းရာသီ အိုလံပစ်ပွဲမှာ သူ့အတွက် တတိယပွဲစဉ်လည်းဖြစ်၊ အခွင့်အလန်း အကောင်းဆုံးလည်းဖြစ်တဲ့ သောကြာနေ့ စကီးစီးပွဲမှာ ဆက်မပြိုင်ဖို့ ဆုံးဖြတ်ချက်ကိုတော့ နည်းပြလည်းဖြစ်၊ ဖခင်လည်းဖြစ်သူ ကိုယ်တိုင်က အားပေးကြောင်းလည်း ပြောပါတယ်။

အဆုံးစီရင်ဆန္ဒပြသူ တိဘက်တွေအတွက် တရုတ်ပြည်မှာ အမိန့်သစ်ထုတ်




တရုတ်အစိုးရကို ဆန့်ကျင်တဲ့ အနေနဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင် ဆန္ဒပြကြသူ တိဘက်လူမျိုးတွေရဲ့ ဆွေမျိုးသားချင်းတွေနဲ့ ဆက်နွယ်သူတွေကို ပြင်းပြင်း ထန်ထန် အရေးယူဖို့ Sichuan ပြည်နယ်အာဏာပိုင်တွေက အမိန့်တရပ် ထုတ်ပြန်လိုက်ပါတယ်။ တရုတ်အင်တာနက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ Ruigai ခရိုင် အာဏာပိုင်တွေရဲ့ အပိုဒ် ၁၅ ပိုဒ်ပါ၊ အမိန့်စာထဲမှာတော့ ကိုယ့်ကိုယ်ကို သတ်သေကြသူတွေရဲ့ ဆွေမျိုးတွေ၊ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းနဲ့ ကိုးကွယ်တဲ့ ဘုရားကျောင်းတွေကိုပါ အရေးယူဖို့ ညွှန်ကြားထားတာပါ။

ငြိမ်းချမ်းရေး အကြောင်းပြ ကိုယ်ကျိုးရှာသူတွေ ရှိဟု KNU အရာရှိ ဝေဖန်



ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့ ဖြစ်စဉ်တွေဟာ အချိန်ကြာလာတာနဲ့အမျှ သိသိသာသာ တိုးတက်မှုမရှိဘဲ တဝဲ လည်လည်ဖြစ်နေတယ်လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ခေါင်းဆောင်တစ်ချို့က ပြောပါတယ်။ ဒါ့အပြင်ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်ဖော်ဆောင်နေ ချိန်မှာ ငြိမ်းချမ်းရေးကို အကြောင်းပြပြီး ကိုယ်ကျိုးရှာတဲ့ လုပ်ရပ်တွေလည်း ဆောင်ရွက် လာတာကို တွေ့မြင်ရတယ်လို့ KNU/KNLA ငြိမ်းချမ်းရေးကောင်စီရဲ့ ဗဟို ကော်မတီဝင်တစ်ဦးက ဒီကနေ့ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲ တစ်ရပ် ကျင်းပပြီး ပြောဆိုခဲ့ပါတယ်။ အပြည့်အစုံကိုတော့ အဲဒီသတင်းစာ ရှင်းလင်းပွဲမှာ ကိုယ်တိုင်သတင်းသွားယူထားတဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုအောင်ရဲမောင်မောင် က ပြောပြမှာပါ။

My Blog List