နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဇန်နဝါရီ(၂၁)ရက် နေ့လယ် (၂)နာရီ (၄၅)မိနစ်က ခန္တီးမြို့ကတဆင့် ဟုမ္မလင်း လေဆိပ်ကို ရောက်ရှိခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနကဖော်ပြပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်းက မြို့နယ်တချို့နဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကိုသွားရောက်ပြီး လူထုတွေ့ဆုံပွဲ တွေပြုလုပ်ဖို့အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ပိုင်းမှာ နေပြည်တော်ကနေ အထူးလေယာဉ်နဲ့ ထွက်ခွာခဲ့တာပါ။ ခန္တီးမြို့ကို မနက်(၁၀)နာရီခန့်မှာရောက်ရှိခဲ့ပြီး ခန္တီးမြို့ ကတဆင့် နန်းယွန်းမြို့ကို တပ်မတော် ရဟတ်ယာဉ်နဲ့ ဆက်လက်ထွက်ခွာခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် နေ့လယ်ပိုင်းမှာ ဟုမ္မလင်းမြို့ကိုရောက်ရှိခဲ့တာပါ။
No comments:
Post a Comment