Friday, January 02, 2015

အစိုးရနှင့် ကျောင်းသားတပ်မတော် တွေ့ဆုံ ဆွေးနွေး


ပြည်ထောင်စု ၀န်ကြီးဦးအောင်မင်းဦးဆောင်တဲ့ အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်း အဖွဲ့နဲ့ ရဲဘော် သံခဲဦး ဆောင်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ် ဒီအက်ဖ်) တို့ နေပြည်တော်မှာ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ကေအန်ယူအဖွဲ့ ဗိုလ်ရှုသဘင် အခမ်းအနား တက်ရောက်မည်




အစ္စရေးအာဏာရ လီကွတ်ပါတီခေါင်းဆောင်အဖြစ် ၀န်ကြီးချုပ် နေတန်ယာဟုကို ထပ်မံရွေးချယ်


အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုဟာ အာဏာရ လီကွတ်ပါတီခေါင်းဆောင် အဖြစ် ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁ ရက်နေ့က ထပ်မံအရွေးခံခဲ့ရပါတယ်။ မဲရလဒ် ၈၀ ရာခိုင်နှုန်းကျော်နဲ့ အပြတ်အသတ်အနိုင်ရလိုက်တာ ကြောင့် လာမယ့် မတ် ၁၇ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ၃ နှစ်ဆက်တိုက် ၀န်ကြီးချုပ် သက်တမ်းအတွက်နဲ့ ၄ ကြိမ်မြောက် အစ္စရေးဝန်ကြီးချုပ်ရာထူးအတွက် ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရရှိသွားတာ လည်း ဖြစ်ပါတယ်။

ဗိုလ်ရှုသဘင်အခမ်းအနား ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည် မဟုတ်


ပြည်သူ့လွှတ်တော်တရားဥပဒေစိုးမိုးရေး တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဟာ ဇန်န၀ါရီ ၄ ရက်လွတ်လပ်ရေးနေ့ နေပြည်တော်မှာ ပြုလုပ်ကျင်းပမယ့် ဗိုလ်ရှုသဘင်အခမ်းအနားကို တက်ရောက်မှာ မဟုတ်ဘူးလို့ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့်က ပြောပါတယ်။

အကယ်ဒမီဆုရုပ် ပြန်သိမ်းခံရတယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ စန္ဒယားတင်ဝင်းလှိုင်


ရုပ်မြင်သံကြားမှာ မြန်မာ့ဂီတတခေတ်ပေါ်ထွန်းခဲ့သော ကာလပေါ်တေးဂီတများကို “ခြေခြေမြစ်မြစ် နှစ်နှစ် ကာကာ”ဟူသောကဏ္ဍမှာ တပတ်တခါ တင်ဆက်နေသူက ငယ်စဉ်ကလေးဘ၀ကတည်းက ဂီတလောက ရုပ်ရှင် လောကမှာ ကျင်လည်ကျက်စားခဲ့သူ စန္ဒယားတင်ဝင်းလှိုင်။သူ့ကဏ္ဍလာ လျှင် မြန်မာသီချင်းကို ချစ်ခင်စွဲလန်းသူများ၊ တခေတ်က ထိုသီချင်းများကို စွဲလန်းခဲ့သူများသည် တကူးတကအချိန်ပေး၍ စောင့်မျှော်ကြည့်ရှုရသည်။ 

လက်ပံတောင်းတစ်ကျော့ပြန်ပဋိပက္ခတွင် တရုတ်နိုင်ငံသားကိုးဦး ဒဏ်ရာရခဲ့၍ တောင်သူများကို အမှုဖွင့်


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်း ခြံစည်းရိုး ကာရံခြင်း တားဆီးရာမှ စတင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် ဒေသခံများကြောင့် တရုတ်နိုင်ငံသား ကိုးဦးထိခိုက်ဒဏ်ရာရခဲ့၍ ဒေသခံတောင်သူများကို ဆားလင်းကြီး မြို့နယ် ရဲတပ်ဖွဲ့စခန်း၌ ဒီဇင်ဘာ ၃၀ ရက်တွင် အမှုဖွင့်တိုင်ကြား လိုက်ကြောင်း သတင်းရရှိသည်။

မွတ်စလင်ဆန့်ကျင်ရေးဆန္ဒပြမှုများ ကျောခိုင်းကြရန် ဂျာမန်ဝန်ကြီးချုပ် တိုက်တွန်း



ဂျာမန်အဓိပတိ အိန်ဂျလာမာကယ်က ဂျာမန်ပြည်သူတွေအားလုံး ကြီးထွား လာနေတဲ့ မွတ်စလင်ဆန့်ကျင်ရေး ဆန္ဒပြ မှုတွေကို ကျောခိုင်းကြဖို့ ဒီဇင်ဘာလ ၃၁ ရက်နေ့က တိုက်တွန်းလိုက်ပါတယ်။ ဒါ့အပြင် ဥရောပရဲ့ အကြီးဆုံး စီးပွား ရေးနိုင်ငံ ဂျာမနီအနေနဲ့ ပဋိပက္ခတွေနဲ့ စစ်ပွဲတွေကနေ ထွက်ပြေးလာတဲ့ လူတွေကို ကြိုဆိုရမယ်လို့လည်း ပြောပါတယ်။ ဂျာမန်ဝန်ကြီးချုပ်ရဲ့ နှစ်သစ်မိန့်ခွန်းဟာ မကြုံစဖူး စကားလုံးတွေ ပြင်းထန်နေ ပြီး ယူကရိန်းကို ကျူးကျော်တဲ့ ရုရှားကိုလည်း ပြစ်တင်ရှုတ်ချပါတယ်။

တူနီးရှား သမ္မတသစ် ကျမ်းသစ္စာကျိန်ဆို



တူနီးရှားမှာ သမ္မတသစ် ဘီဂျီ ကိတ် အက်ဆပ်စီ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ကျမ်းသစ္စာ ကျိမ်ဆိုပါတယ်။ ဒါဟာ ၂၀၁၁ မှာ ပြုတ်ကျသွားတဲ့ အာဏာရှင် ဘင်အလီခေတ်အလွန် တူနီးရှားမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး နောက်ဆုံးအဆင့်ဖြစ် ပါတယ်။ အင်အလီကို လူထုဆန္ဒပြပွဲနဲ့ ဖြုတ်ချအပြီး ၄ နှစ်ကျော်အကြာမှာ သမ္မတသစ် ကျမ်းသစ္စာ ကျိမ်ဆိုတာ ဖြစ်ပါတယ်။

တောင်ကိုရီးယားနှင့် အဆင့်မြင့်ဆွေးနွေးပွဲများ ပြန်လုပ်မယ်ဟု နှစ်သစ်ကူး မိန့်ခွန်းတွင် ကင်ဂျုံအွန်း ပြော



မြောက်ကိုရီးယားနိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံက ကောင်းမွန်တဲ့ ဆက်ဆံရေး ထားရှိချင်တယ်ဆိုရင် မြောက်ကိုရီးယား ကလည်း အဆင့်သင့်ပါပဲလို့ ခေါင်းဆောင် ကင်ဂျုံအွန်း က နှစ်သစ်ကူးမိန့်ခွန်းမှာ ပြောဆိုလိုက်ပါတယ်။တကယ် ဆွေးနွေး ချင်တဲ့ ဆန္ဒ၊ အခြေအနေလည်းပေးနေပြီဆိုရင် တောင်ကို ရီးယားနိုင်ငံနဲ့ အဆင့်မြင့် တွေ့ဆုံဆွေးနွေးပွဲတွေ ပြန်မလုပ်နိုင် စရာအကြောင်း မရှိပါဘူးလို့ ကင်ဂျုံအွန်းက ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောဆိုခဲ့တာပါ။

အဲအေးရှားလေယာဉ်ရှာဖွေရေး ယမန်နေ့အထိ အလောင်း ၉ လောင်း ရှာတွေ့


အင်ဒိုနီးရှားရှာဖွေကယ်ဆယ်ရေးအရာရှိတွေက ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁ ရက်နေ့ အထိ အလောင်း ၉ လောင်း ရှာတွေ့ထားပြီလို့ ပြောပါတယ်။ အဲအေရှားလေကြောင်းလိုင်းပိုင် QZ8501 လေယာဉ်ဟာ အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာယာ ကနေ စင်ကာပူကို ပျံသန်းစဉ်ပျက်ကျခဲ့တာပါ။

အကြမ်းဖက်မှု ရပ်တန့်ရေး အင်းလျားကန်တွင် ပါဖောမန့်ပြုလုပ်


မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် ပြဿနာများအပေါ် အစိုးရမှ အကြမ်းဖက် ဖြိုခွင်းနေမှုများကို ရပ်တန့်ရေး လှုပ်ရှားမှုတစ်ခုကို ရန်ကုန်မြို့ရှိ လူငယ်အဖွဲ့အစည်း ငါးခု ပူးပေါင်းကာ ရန်ကုန်မြို့၊ အင်းလျားကန်ပေါင်တွင် ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၅ နာရီ ဝန်းကျင်တွင် ပြုလုပ်ခဲ့သည်။

သုံးရောင်ခြယ် ဒေါင်းအလံကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၌ လွှင့်တင်



ရန်ကုန်မြို့တော်၊ ပန်းဆိုးတန်းလမ်းနှင့် မဟာဗန္ဓုလပန်းခြံလမ်း အကြားရှိ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့က လက်ရှိတရားဝင် အသုံးပြုနေသည့် နိုင်ငံတော်အလံကို ဖြုတ်ချ၍ ဒေါင်းရုပ်ပါ သုံးရောင် ခြယ်အလံကို လွှင့်တင်ထားသည်ကို တွေ့ရှိရကြောင်း မျက်မြင်တွေ့ရှိသူများထံမှ သိရသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပထမဦးဆုံးအကြိမ် နှစ်သစ်ကူး နှုတ်ခွန်းဆက် စကား ပြောကြား


နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ် သက်တမ်း လေးနှစ်အတွင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပထမဆုံးအကြိမ် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ 

ပြည်တွင် လက်ပံတောင်းအရေး 'တစ်လေးလုံး' အချိန်ကိုက် ဆန္ဒပြ


လက်ပံတောင်းတောင်ဒေသတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ရာသော လယ်သူမကြီးဒေါ်ခင်ဝင်း အတွက် အမှုမှန်ဖော်ထုတ်အရေးယူရန် ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့တွင် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ နှစ်ဆယ်ခန့်က တစ်ရက်တစ်လ တစ်နာရီအချိန် အတိအကျ လမ်းလျှောက် ချီတက်ဆန္ဒပြ ခဲ့သည်။

ထောင်နှင့်ချီသော လက်ပတောင်းအရေးမန္တလေးဆန္ဒပြပွဲ အစိုးရဖြုတ်ချရေးတောင်းဆို



လက်ပတောင်းတောင် ကြေးနီစီမံကိန်းတိုးချဲ.မှုတွင် လုံခြုံရေးအဖွဲ.များ၏ ပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦးသေဆုံးခဲ့သည်ကိုမကျေ နပ်သော ဆန္ဒပြပွဲများ ဆက်တိုက်ပေါ်ပေါက်နေရာ စီမံကိန်းရပ်ဆိုင်းရေးတောင်းဆိုချက်များအပြင် ဆန္ဒပြသမားများက သမ္မတ ဦးသိန်းစိန်၏ အစိုးရအားဖြုတ်ချရန် ယနေ့မန္တလေးတွင်ပြုလုပ်သော ဆန္ဒပြပွဲတွင်ကြွေးကြော်ခဲ့ကြသည်။

ဇန်န၀ါရီလလယ်တွင် MPT ဖုန်းဘီလ် လျှော့မည်ဖြစ်ပြီး ၂၅ ကျပ်နှင့် ၅၀ ကြားဖြစ်မည်



မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)က တစ်မိနစ်ဖုန်းပြောဆိုခ လျှော့ချနိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိပြီး ဇန်နဝါရီလလယ်ပိုင်းတွင် ဖုန်းပြောဆိုခတရား ၀င်ကြေညာကာ လျှော့ချသွားမည်ဟု စီးပွားရေးဌာနမှ တာဝန်ရှိ သူတစ်ဦး ဦးစောထူးသာက မဇ္ဈိမကို ပြောသည်။ဦးစောထူးသာက "ဇန်နဝါရီလထဲမှာပဲ လျှော့ချပေးဖို့ စီစဉ်နေပါတယ်။ လလယ်ပိုင်းလောက် ဖြစ်ပါမယ်။ ပြည်သူလူထုအတွက် သက် သာတဲ့ နှုန်းထားနဲ့ ၀န်ဆောင်မှု ဖြစ်အောင် ဆောင်ရွက်နေပါတယ်" ဟု ဆိုသည်။

သမ္မတအိမ်တော်တွင် သတင်းယူမည့် သတင်းထောက်များ ဇန်နဝါရီ ၁၅ နောက်ဆုံးထားလျှောက်ထားရမည်



သမ္မတအိမ်တော်တွင် သတင်းရယူလိုသည့် သတင်းထောက်များအနေဖြင့် ဇန်နဝါရီ ၁၅ ရက်နောက်ဆုံးထား၍ ရန်ကုန်မြို့၊ အမှတ် ၄ ဝင်္ကဘာလမ်းရှိ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲတွင် လျှောက်ထားရမည်ဖြစ်သည်ဟု ပြန်ကြားရေး ဝန်ကြီးဌာနက ဇန်နဝါရီလ ၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။

၂၀၁၅ အတွက် နိုင်ငံတော်အကြီးအကဲတွေရဲ့ မှန်းချက် နှမ်းထွက်ကိုက်ပါ့မလား



သမ္မတ ဦးသိန်းစိန်ဦးဆောင်သည့် အစိုးရသက်တမ်း၏ နောက်ဆုံးလက် ကျန်နှစ်ဖြစ်သော ၂၀၁၅ ခုနှစ်တွင် ငြိမ်းချမ်းရေးဖြစ်စဉ်အပါ အဝင် ဖြေရှင်း စရာများစွာရှိနေသည့် နိုင်ငံရေး အကြပ်အတည်းများကို ထိရောက်စွာ ဖြေရှင်းမည်ဟု သမ္မတဦးသိန်းစိန်က ၂၀၁၅ နှစ်သစ်စစ်ချင်းမှာပင် ပြည်သူလူထုကို ကတိပြုလိုက်သည်။ 

၂၀၁၅ နှစ်သစ်ကို ဆန္ဒပြပွဲများဖြင့် မြန်မာပြည်သူများ ကြိုဆို


၂၀၁၅ ခုနှစ်၏ ပထမဆုံးနေ့ ဇန်န၀ါရီ ၁ ရက်တွင် မြန်မာနိုင်ငံ၏ မြို့များဖြစ်သည် ရန်ကုန်၊ မန္တလေးမြို့၊ ညောင်ရွှေမြို့နှင့် စစ်ကိုင်းမြို့တို့တွင် ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခဲ့ကြသည်။ လက်ပံတောင်းပဋိပက္ခ၊ ခြောက်ပွင့်ဆိုင်တွေ့ဆုံမှုသည် တိုင်းရင်းသားများအတွက် လုံလောက်သော တွေ့ဆုံမှုမဟုတ်၊ အလုပ်သ မားပြဿနာ စသည့် အရေးကိစ္စများနှင့် ပတ်သက်၍ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။

ပြည်ထောင်စုနေ့မှာ အပစ်ရပ်လက်မှတ် ထိုးနိုင်မှာလား



တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် (NCA)ကို ၂၀၁၅ ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့တွင် လက်မှတ်ရေးထိုး ရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တို့၏ ကိုယ်စားလှယ် အဖွဲ့ဘက်ကရော၊ အစိုးရကိုယ်စားလှယ်များကပါ တိုက် တွန်းနေကြသည်။

ဒီချုပ်ရုံးအဆောက်အအုံသစ်ဆောက်လုပ်ရေး လုပ်ငန်းရှင်များ လျှောက်ထားနိုင်



အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ရုံးချုပ် အ သစ်ဆောက်လုပ်ရန် မြန်မာနိုင်ငံ သား၊ တိုင်းရင်းသားလုပ်ငန်းရှင် များ ဆောက်လုပ်ခွင့်လျှောက် ထားနိုင်ကြောင်း ကြေညာချက် ထုတ်ပြန်သည်။ ထိုသို့ ကြေညာချက်မှာ မြန်မာနိုင်ငံသားဖြစ်သော် လည်း တိုင်းရင်းသားမဟုတ်သူ လူမျိုးခြားများ ဆောက်လုပ်ခွင့်မရနိုင်ဟူသော သဘောသက်ရောက်နေသည့် အပေါ် NLD တာဝန်ရှိသူအချို့က ရှင်းလင်းရန် ငြင်းဆိုခဲ့သည်။

မိမိပိုင်တောင်ယာ၌ နေထိုင်သော်လည်း ကျူးကျော်ဟုဆိုကာ နေပြည်တော် တရားရုံးက ပုဒ်မ ၂၆ ဖြင့် ၇၄ နှစ်အရွယ် တောင်သူတစ်ဦးအား ထောင်ဒဏ်ချမှတ်


၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် နေပြည်တော် စည်ပင်သာယာတရားရုံးက ပုဒ်မ ၂၆ ဖြင့် ၇၄ နှစ်အရွယ် တောင်သူတစ်ဦးအား ထောင်တစ်လ ချမှတ်ခဲ့ကြောင်း သိရသည်။နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ကုလားကြီးကုန်းကျေးရွာရှိ ဒေသခံတောင်သူများမှ မိမိတို့ပိုင်ဆိုင်သည့် လယ်ယာမြေများပေါ် တွင်နေ ထိုင်ကြသည့် အိမ်ထောင်စု ၅ဝ ကျော် အား နေပြည်တော်စည်ပင်က ကျူးကျော်အ ဖြစ်သတ်မှတ်ကာ တရားစွဲဆိုထားသည့် တောင်သူ ၃ဝ ကျော်ရှိကြောင်း၊ အဆိုပါ တောင်သူ ၃ဝ ဦးထဲမှ အသက် ၇၄ နှစ်ရှိ တောင်သူ ဦးအောင်ဝင်းအား ဇန်ဝါရီ ၁ ရက် တွင် နေပြည်တော်စည်ပင်သာယာတရားရုံးမှ ထောင်ဒဏ် တစ်လချမှတ်ပြီး ရမည်းသင်း ထောင်သို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်း တရားလွှတ်တော်တွင် လွှင့်ထူထားသည့် ကဒေါင်းပါ သုံးရောင်ခြယ်အလံ လက်သည်မပေါ်သေး



ရန်ကုန်မြို့လယ်ရှိ တိုင်း ဒေသကြီး တရားလွှတ်တော်၌ ဇန်နဝါရီ ၁ ရက်က နိုင်ငံတော် အလံအစား ‘‘ကိုးမြီးကွက် ကဒေါင်း’’ ပုံစံပါ သည့်သုံးရောင် ခြယ်အလံကိုလွှင့်ထူထားပြီး လူအများသတိထားမိချိန်တွင် ပြန်လည်ဖြုတ်သိမ်းသွားခဲ့သည်။အဆိုပါအလံကို မဟာဗန္ဓု လလမ်းအတွင်းရှိ ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော် (ဟိုက်ကုတ်)တစ်ခုတည်းတွင် သာ လွှင့်ထူထားခြင်းဖြစ်ပြီး အနီး နားရှိ မြို့တော်ခန်းမအပါအဝင် အစိုးရအဆောက်အအုံအားလုံး၌ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြဋ္ဌာန်းထားသည့် သုံး ရောင်ခြယ်ပေါ်၌ ကြယ်ဖြူပါရှိ သည့် နိုင်ငံတော် အလံကိုသာ လွှင့်ထူထားခဲ့သည်။

Thursday, January 01, 2015

စိန်ခေါ်မှုများပြည့်နေသော ၂၀၁၅ ကို လှမ်းမျှော်ကြည့်ခြင်း



နှစ်သစ် ၂၀၁၅ သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေးအတွက် အရေးကြီးသော နှစ်တစ်နှစ်ဖြစ်ပြီး နိုင်ငံ့အနာဂတ်ကို အဓိက အဆုံးအဖြတ်ပေးမည့်နှစ်လည်း ဖြစ်သည်။ လက်ရှိနိုင်ငံရေးခေါင်းဆောင်များကြား ပုဂ္ဂိုလ်ရေးအားပြိုင်မှုများလည်း ပိုမိုပြင်းထန်လာနိုင် သည်။ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလတွင် ပါတီချင်းအားပြိုင်မှုများမှတစ်ဆင့် ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများ ဖြစ် လာနိုင်သည်။

NDF က ပြည်သူ့ဆန္ဒ စစ်တမ်းကောက်ယူနေဟုဆို


လာမည့်လွှတ်တော်တွင် လူထုကြုံတွေ့နေရသည့် အခက်အခဲများကို တင်ပြနိုင်ရန် နိုင်ငံတစ်ဝန်း ပြည်သူ့ ဆန္ဒစစ်တမ်း ကောက်ယူ လှုပ်ရှားမှုများကို အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ (NDF)က ပြုလုပ်လျက်ရှိ ကြောင်း သတင်းရရှိသည်။

စစ်သီချင်းကို နှစ်သစ်လက်ဆောင်ပေးမယ့် ဖြူဖြူကျော်သိန်း



ပရိသတ်များအတွက် ၂၀၁၅ နှစ်သစ်လက်ဆောင်အနေ ဖြင့် စစ်သီချင်းကို အွန်လိုင်းမှ ယနေ့ စတင်ဖြန့်ချိပေးမည်ဟု ဖြူဖြူကျော်သိန်း က ပြောသည်။ ‘‘ဒီသီချင်းကို You Tube မှာ အမ်စတာဒမ်ပွဲတုန်းကဆိုထားတာကို ပရိသတ်တွေတော်တော် ကြိုက်ကြတယ်။ အဲဒီ တုန်းက တော့ အယ်လ်လွန်းဝါနဲ့ဆိုထားတာ။ အခုက နာမည်ကျန်နေရစ်မယ် အခွေမှာပါမယ့်တစ်ယောက် တည်းဆိုထားတဲ့ဗားရှင်း နဲ့ဖြန့်ပေး မှာပါ’’ဟု ၎င်းက ပြောသည်။

ပရိသတ်တွေနဲ့ ပရဟိတအစီအစဉ်လုပ်ဖို့ ကြိုးစားနေတဲ့ မိုးစက်ဝိုင်


၂၀၁၅နှစ်ဆန်းတွင် ပရိသတ်များနှင့်အတူ လှူဒါန်းနိုင်မည့် ပရဟိတအစီအစဉ်တစ်ခုအ ကောင်အထည်ဖော်နိုင်ရန် ကြိုးစားနေသည် ဟု မိုးစက်ဝိုင်ကပြောသည်။ ‘‘မိုးစက်ကို အားပေးတဲ့ ပရိ သတ်တွေပါဝင်နိုင်မယ့် ပရဟိတအစီအစဉ်တစ်ခုလုပ်နိုင်အောင် ကြိုးစားပြီး စီစဉ်နေပါတယ်။ အစီ အစဉ်အတိအကျကို မကြာခင်အ သိပေးသွားပါမယ်’’ဟု မိုးစက်ဝိုင် ကပြောသည်။

သိပ္ပံနှင့် နည်းပညာတက္ကသိုလ်များ ဂျပန်နှင့် ပူးပေါင်းပြီး မာစတာဘွဲ့ပေးမည်



သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန လက်အောက်၌ ဖွင့်ထားသော တက္ကသိုလ် များတွင် မာစတာတန်း တက်ရောက်နေသူများ အတွက် ဂျပန်နိုင်ငံရှိ တက္ကသိုလ်တစ်ခုနှင့် ပူးပေါင်းပြီး မာစတာဘွဲ့ပေးမည့် အစီအစဉ်ကို ၂၀၁၅ ခုနှစ်တွင် စတင်မည်ဟု ပူးပေါင်းမည့် ဂျပန်နိုင်ငံ၊ မီယာဇာကီ အမျိုးသား တက္ကသိုလ်၊ အင်ဂျင်နီယာဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာ သီသီဇင်က ပြောသည်။

၂၀၁၅-၁၆ ပညာသင်နှစ်တွင် ငွေကျပ် သန်းလေးသောင်းကျော် သုံးကာ အခမဲ့ပညာ သင်ပေးမည်


ပညာရေးကဏ္ဍ တိုးတက်လာစေရန်အတွက် နိုင်ငံတော်က ငွေကျပ်သန်းပေါင်း လေးသောင်းကျော် အသုံးပြုကာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းတို့ကို အခမဲ့ ပညာသင်စနစ်ဖြစ်စေရန် လျာထား ဆောင်ရွက်လျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန့်ရှင်းက ပြောကြားသည်။

ကျပ်သိန်းပေါင်း သုံးသောင်းကျော် လိမ်လည်ခဲ့သူ၏ အိမ်နှင့်ဆိုင်ကို ကမ္ဘောဇဘဏ် ကြေညာချက်ကပ်


မုံရွာမြို့တွင် ဟိုးလေးကျော်ကျော် ဖြစ်နေသော ကျပ်သိန်းပေါင်း သုံးသောင်းကျော် လိမ်လည်ခဲ့သူဟု ဆိုသူ ပိုင်ဆိုင်သည့် အေးသာယာရပ်ကွက် အုန္နဲပင်လမ်းရှိ ချမ်းသာအောင် အိမ်ဆောက်ပစ္စည်းဆိုင် နှစ်ထပ်အ ဆောက်အအုံနှင့် မြေသည် ကမ္ဘောဇဘဏ်တွင် အပေါင်ထား၍ ချေးငွေယူထားသည့် အဆောက်အအုံ ဖြစ်ကြောင်း ယင်းဘဏ်က ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ကြေညာချက် လာကပ်သည်ဟု မျက်မြင်တွေ့ရှိသူ ဒေသခံများက ပြောကြားသည်။ 

၂၀၁၅ ခုနှစ်ဟာ သမိုင်းတွင်မယ့်နှစ်ဟု သမ္မတပြော


လွတ်လပ်ရေးရပြီးနောက်ပိုင်း အဓိကကျတဲ့ နိုင်ငံရေးအင်အားစုအားလုံး အင်တိုက်အားတိုက် ပါဝင်ယှဉ်ပြိုင် ကြမယ့်ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ်မှာ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်တော့မှာ ဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။

ချင်းချောင်း နန်းတော်ကို “ယဉ်ကျေးမှု ဗဟိုဋ္ဌာန” အဖြစ် ဖွင့်လှစ်မည်


ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်းမပေါ်ရှိ နှစ် ၁၀၀ ပြည့်တော့မည့် ရှေးဟောင်း အဆောက်အအုံ ချင်းချောင်း နန်းတော်ကို မြန်မာ့ရိုးရာ “ယဉ်ကျေးမှု ဗဟိုဋ္ဌာန” (Culture Centre) အဖြစ် ဖွင့်လှစ်သွားမည် ဟု ယဉ်ကျေးမှု ဝန်ကြီးဋ္ဌာန အနုပညာ ဦးစီးဌာနက ပြောသည်။

မြေနိမ့်ရာ လှံစိုက်ခံနေရဆဲ လယ်သမားများ


နိုင်ငံတဝန်းက လယ်သမားတွေဟာ နှစ်ပေါင်းများစွာက အကြောင်းအမျိုးမျိုးနဲ့ မတရားသိမ်းဆည်းခံခဲ့ကြရတဲ့ လယ်ယာမြေတွေကို ပြန်လိုချင်တာကြောင့် ထွန်တုံးတိုက်ပွဲ ဆင်နွှဲခြင်း၊ သိမ်းဆည်းခံမြေတွေမှာ သီးနှံဝင် စိုက်ခြင်းနဲ့ ကျူးကျော်ဝင်ရောက်ခြင်း စတဲ့ လှုပ်ရှားမှုတွေကြောင့် ပုဒ်မပေါင်းများစွာ နဲ့ ဖမ်းဆီးထောင်ချ ခံနေကြရပါတယ်။

လက်ပံတောင်းတင်းမာမှု သတ္ထုတွင်းဝန်ကြီး တွေ့ဆုံဖြေရှင်းလို



လက်ပံတောင်းတောင် ဒေသခံတွေက ကိုယ့်လယ်မြေ ပြန်ရရေး သပိတ်စခန်း ဖွင့်ထားတဲ့အတွက် နှစ်ဘက်ပြေလည်မှုတွေရဖို့် အကောင်အထည်ဖော်ရေး ကော်မတီ ဥက္ကဌလည်းဖြစ်တဲ့ သတ္ထုတွင်းဝန်ကြီးနဲ့ ဒေသခံသံဃာဖြစ်တဲ့ ဦးတိက္ခဥာဏ ဦးဆောင်ပြီး ဆွေးနွေးခဲ့ပေမဲ့ ပြေလည်မှု မရခဲ့ပါဘူး။

ယီမင် အသေခံဗုံးခွဲတိုက်ခိုက်မှု ၃၃ ဦးသေဆုံး



ယီမင်နိုင်ငံ အလယ်ပိုင်းမှာ ရှီရိုက်မူဆလင် ဟူသီသူပုန်အဖွဲ့တွေ စုဝေးနေချိန်မှာ အသေခံ ဗုံးခွဲသမားတဦးက ၀င်ရောက်တိုက်ခိုက်လို့ လူ ၃၃ ယောက်ထက် မနည်း သေဆုံးခဲ့ပါတယ်။ တမန်တော် မိုဟာမတ်ရဲ့ မွေးနေ့ အထိန်းအမှတ် Ibb မြို့က ယဉ်ကျေးမှုဌာနမှာ အခမ်းအနား ကျင်းပနေစဉ် ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာပဲ တိုက်ခိုက်ခံရတာပါ။ ဒဏ်ရာရရှိခဲ့သူတွေထဲမှာတော့ ဒေသ အုပ်ချုပ်ရေးမှူးလည်း ပါဝင်ပါတယ်။

ဖိလစ်ပိုင်မုန်တိုင်း သေဆုံးမှု ၅၃ ဦးအထိ တိုးလာ



ဖိလစ်ပိုင်နိုင်ငံမှာ အပူပိုင်းမုန်တိုင်း Jangmi ကြောင့် သေဆုံးသူဦးရေ ၅၃ ယောက်အထိ ရှိသွားပြီလို့ အစိုးရအရာရှိတွေက ပြောပါ တယ်။မုန်တိုင်းကြောင့် တိုင်းပြည်အလယ်ပိုင်းနဲ့ တောင်ပိုင်းပြည်နယ်တွေမှာ ရေကြီးမှု နဲ့ မြေပြိုမှုတွေ ဖြစ်နေပါတယ်။ တောင်ပိုင်း Mindanao ကျွန်း ကနေ မုန်တိုင်း ထွက်ခွာချိန် အင်္ဂါနေ့က သေဆုံးသူ အများစု ရှိခဲ့တာပါ။ 

နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC အဖွဲ့ဝင်ဖြစ်ရေး ပါလက်စတိုင်းလျှောက်ထား



ပါလက်စတိုင်းသမ္မတ Mahmoud Abbas ဟာ နိုင်ငံတကာရာဇ၀တ်မှုခုံရုံး ICC မှာ ပါဝင်ဖို့ တရားဝင် တောင်းဆိုလိုက်ပြီး ဒါဟာ အစ္စရေးလ်နိုင်ငံကို စစ်ရာ ဇ၀တ်မှု ကျူးလွန်တဲ့နိုင်ငံအဖြစ် တရားစွဲဆိုနိုင်ဖို့ ကြိုးပမ်းမှုတရပ်လည်းဖြစ် ပါတယ်။ မစ္စတာ Abbas ဟာ နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံးအပေါ် အသိအမှတ်ပြုတဲ့ သဘောတူညီချက်ကို ဗုဒ္ဒဟူးနေ့မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

မြန်မာ့ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်သူတွေဘက် အမေရိကန်ရပ်တည်


အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားက သူ့ရဲ့သမ္မတသက်တမ်း နောက်ဆုံး ၂ နှစ်ကို ချဉ်းနင်း ၀င်ရောက်လာချိန်မှာ ၂၀၀၉ ခု သူ သမ္မတတာဝန် ထမ်းဆောင်စဉ်ကထက် အခုဆိုရင် နိုင်ငံရဲ့စီးပွားရေးဟာ အားကောင်းလာ နေတာ တွေ့ရတဲ့အတွက် ပြည်တွင်းနဲ့ နိုင်ငံခြားရေးရာမှာ ရေရှည်ဦးစားပေး လုပ်ဆောင်ရမယ့် ကိစ္စရပ်တွေကို သူ့အနေနဲ့ အလေးပေး လုပ်ဆောင်ခွင့် ရလာတယ်လို့ ပြောခဲ့ပါတယ်။

AirAsia ပျက်ကျလေယာဉ် သေဆုံးသူတွေအလောင်း Surabaya ကို စသယ်ဆောင်



ပျက်ကျသွားတဲ့ AirAsia လေယာဉ်ကနေ ပထမဆုံး ပြန်ရခဲ့တဲ့ အလောင်း ၂ လောင်းဟာ အင်ဒိုနီးရှားနိုင်ငံ Surabaya မြို့ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီကျန်ရစ်တဲ့ ရုပ်အလောင်းတွေကို အင်ဒိုနီးရှား မှုခင်းဆေးပညာကျွမ်းကျင် သူတွေက စစ်ဆေးကြမှာဖြစ် ပါတယ်။

ဒုသမ္မတ(၁) ဒေါက်တာစိုင်းမောက်ခမ်း၏ နှစ်သစ်မိန့်ခွန်း


ဒုသမ္မတ(၂) ဦးဥာဏ်ထွန်း၏ နှစ်သစ်မိန့်ခွန်း


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ နှစ်သစ်ကူး နှုတ်ခွန်းဆက် စကား


ချစ်ခင်လေးစားရပါသော တိုင်းရင်းသား ပြည်သူလူထု အပေါင်းခင်ဗျာ-

တိုင်းရင်းသား ပြည်သူတို့ရဲ့ မျိုးဆက်များဖြင့် ဖွဲ့စည်းထားတဲ့ တပ်မတော်ရဲ့ အကြီးအကဲ တစ်ယောက် အနေဖြင့် တပ်မတော်ကိုယ်စား တိုင်းရင်းသား ပြည်သူများ အားလုံးကို ၂၀၁၄ နှစ်ဟောင်းကုန်လို့ ၂၀၁၅ နှစ်သစ်ကူး အခါသမယမှာ “ နှလုံး စိတ်ဝမ်း အေးချမ်းကြပါစေ” “မင်္ဂလာအပေါင်းနှင့် ခညောင်း ပြည့်စုံ ပါစေ”လို့ ဦးစွာ ဆုမွန်ကောင်းတောင်း နှုတ်ခွန်းဆက်သ ပါတယ်။

သွေးထိုးမှုများ နားမယောင်ကြရန် လယ်သမားများအား သူရဦးရွှေမန်းထပ်ပြော



လယ်သမားများအနေ ဖြင့် သွေးထိုးမှုများ နားမယောင်ကြရန်နှင့် ဥပဒေနားလည်သည့် အဖွဲ့အစည်းများထံ ချဉ်းကပ်၍ လယ်မြေများ ပြန်လည်ရရှိရေး ဆောင်ရွက်ကြရန် လိုအပ်ကြောင်း သူရဦးရွှေမန်းက မှော်ဘီမြို့တွင် ပြုလုပ်သည့် တောင်သူတွေ့ဆုံပွဲ၌ ပြော ကြားလိုက်သည်။

ပြည်သူသို့ အစီရင်ခံခြင်း ခေါင်းစဉ်ဖြင့် သမ္မတမိန့်ခွန်း ယနေ့လွှင့်မည်


၂၀၁၄ အတွင်း ဖြစ်ပေါ် ခဲ့သည့် နိုင်ငံတော်အခြေအနေနှင့်ပတ်သက်၍နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြည်သူများသို့ အစီရင်ခံ တင်ပြချက်ကို ယနေ့(ဇန်န၀ါရီ ၁ ရက်)နံနက်မှစတင်ကာ ပြည်တွင်းအခြေစိုက်အသံလွှင့်ဌာနများမှ တစ်ဆင့်ပြောကြားမည် ဖြစ်ပြီးမြန်မာ့ရုပ်မြင်သံကြားမှလည်း ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Wednesday, December 31, 2014

သမ္မတဦးသိန်းစိန် ဒုတိယသက်တမ်း ဆက်လက် ယှဉ်ပြိုင်မည်


၂ဝ၁၅ အလွန် အစိုးရသစ် သက်တမ်းတွင် သမ္မတ မလုပ်လို တော့ကြောင်း ပြောကြားခဲ့ဖူးသည့် ဦးသိန်းစိန် က လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် စာရင်းပေးထားသည်ဟု ပြည်ခိုင်ဖြိုးပါတီမှ သိရ သည်။

မြန်မာအာဏာပိုင်များ ဘင်္ဂါလီဟု သတ်မှတ်ထားသူများကို နိုင်ငံသားပေးရေး ကုလ တိုက်တွန်း


မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေကို နိုင်ငံသားအဖြစ် အပြည့်အ၀ သတ်မှတ်ပေးဖို့နဲ့ သူတို့တွေကို နိုင်ငံတလွှား လွတ်လပ်စွာ သွားလာလှုပ်ရှား ခွင့်ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းတဲ့ အဆိုတရပ်ကို ကုလသမဂ္ဂ အထွေထွေညီလာခံကနေ အတည်ပြု လိုက်ပါတယ်။

မြန်မာပြည်အပြောင်းအလဲ အောင်မြင်မယ်လို့ အာမ မခံနိုင်ကြောင်း အိုဘားမား ပြော


မြန်မာပြည်အပြောင်းအလဲဟာ အောင်မြင်မယ်လို့ အာမ မခံနိုင်ဘူးလို့ အမေရိကန် သမ္မတ ဘာရတ် အိုဘားမားက အမေရိကန်အခြေစိုက် အန်ပီအာ မီဒီယာနဲ့ အင်တာဗျူးမှာ ပြောပါတယ်။ အမေရိကန် နိုင်ငံခြားရေးမူဝါဒအကြောင်းနဲ့ ပြည်တွင်း ပေါ်လစီတွေအကြောင်း ကျယ်ကျယ်ပြန့်ပြန့် မေးမြန်းဖြေကြား ချက်ထဲမှာ မြန်မာပြည်အကြောင်းကို ထည့်သွင်း ပြောကြားသွားတာ ဖြစ်ပါတယ်။။

တက္ကသိုလ် ဆရာများ ရာထူးတိုးနှင့် ပြောင်းရွှေ့မိန့်ကြောင့် နစ်နာမှုအတွက် ဝန်ကြီးဌာနနှင့် တိုက်ရိုက်ဖြေရှင်းမည်


ပညာရေးဝန်ကြီးဌာန၏ တက္ကသိုလ်ဆရာ၊ ဆရာမများ ရာထူးတိုးခြင်းနှင့် ပြောင်းရွှေ့ခြင်းအမိန့်စာကြောင့် နစ်နာမှုများနှင့် ပတ်သက်ပြီး ဝန်ကြီးဌာနနှင့် တိုက်ရိုက်ဖြေရှင်းသွားမည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာများ အဖွဲ့ချုပ်က အတွင်းရေးမှူး ဒေါက်တာ အာကာမိုးသူက မဇ္ဈိမကို ပြောသည်။

ပြန်ကြားရေးနှင့် Weekly Eleven အမှု ဆက်တိုက် စစ်ဆေးရန် ဖိအားပေးခံနေရ


ပြန်ကြားရေး ဝန်ကြီးဌာနနှင့် Weekly Eleven အမှု ၇ ကြိမ်မြောက် ရုံးချိန်းတွင် အမှုကို တရားသူကြီးက အချိန် ၂ နာရီခန့်ကြာ စစ်ဆေးမေးမြန်းခဲ့ပြီး နောက်ရက်တွင် မနားဘဲ အမှုကို ဆက်တိုက် စစ်ဆေးရန် တောင်းဆိုသဖြင့် ယမန်နေ့က ကန့်ကွက်ခဲ့ရကြောင်း သတင်းရရှိသည်။

မန္တလေး ပဋိပက္ခနှင့် ပတ်သက်သည့် တရားခံ ၁၁ ဦးအား ထောင်ဒဏ် ၁၀ နှစ်ကျော်စီ ချမှတ်

    
ယခုနှစ် ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့သော မန္တလေး ပဋိပက္ခတွင် အသတ်ခံခဲ့ ရသော ကိုထွန်းထွန်း အမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးထားသည့် တရားခံ ၁၁ ဦးကို ယမန်နေ့၌ မန္တလေးခရိုင် တရားရုံးတွင် ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

စည်ပင် ရွေးကောက်ပွဲက ၂၀၁၅ ရွေးကောက်ပွဲကို ထင်ဟပ်စေသလား

  
မကြာခင်ကမှ ကျင်းပပြီးစီးခဲ့တဲ့ စည်ပင်ရွေးကောက်ပွဲလို နည်းစနစ်မကျတာမျိုးနဲ့ ပြဿနာများစွာရှိခဲ့တာမျိုး နောင်ရွေးကောက်ပွဲတွေမှာ မဖြစ်အောင် ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့ လိုအပ်တယ်လို့ နိုင်ငံရေး အသိုင်း အ၀ိုင်းက ဝေဖန်ပြောဆိုနေကြပါတယ်။

My Blog List