Thursday, December 05, 2013

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ဆုဗန်းကိုင်ဆောင် ရန်အတွက်အမျိုးသမီး(အိမ်ထောင်မရှိ)သူများ လျှောက်ထားနိုင်

Thursday, December 05, 2013

လျှောက်လွှာခေါ်ယူခြင်း

၁။ ၂ဝ၁၂ ခုနှစ်အတွက် ရန်ကုန်မြို့တွင် ကျင်းပမည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ဆုဗန်းကိုင်ဆောင်ရန်အတွက် အောက်ပါအရည်အချင်းနှင့်ကိုက်ညီသော အမျိုးသမီး(အိမ်ထောင်မရှိ) သူများ လျှောက်ထားနိုင်ပါသည်-

(က) ၂ဝ၁၃ခုနှစ်၊ ဒီဇင်ဘာ(၃၁)ရက်တွင် အသက်(၁၈)နှစ် ပြည့်ပြီးသူနှင့်အသက်(၂ဝ)မကျော်လွန်သူ

(ခ) အရပ်အမြင့်(ဖိနပ်မပါ) (၅)ပေ(၄)လက်မ မှ (၅)ပေ(၅)လက်မ အတွင်းဖြစ်ရမည်

မြန်​မာ​ရေ​လုပ်​သား ၈ ​ဦး​ကို ​သတ်​သူ​များ ​ထောင် ၉ ​လ​စီ ​ချ​မှတ်​ခံ​ရ

Thursday, December 05, 2013
အင်​ဒို​နီး​ရှား​နိုင်​ငံ ​ဘာ​လာဝမ်​ဆိပ်​ကမ်း​မြို့​က ​လူဝင်​မှု​ကြီး​ကြပ်​ရေး​ဌာ​န​မှာ ​အ​ထိန်း​သိမ်း​ခံ​ထား​ရ​တဲ့​  ​မြန်​မာ ​ရေ​လုပ်​သား ၈ ​ဦး ​ကို ​သတ်​မှု​နဲ့ ​ပတ်​သက်​ပြီး ​ရို​ဟင်​ဂျာ ၁၄ ​ဦး​ကို ​ထောင်​ဒဏ် ၉  ​လ​စီ​အ​ပြစ်​ပေး​လိုက်​တယ်​လို့ ​အေ​ဂျင်​စီ​သ​တင်း​တွေ​မှာ​ဖော်​ပြ​ပါ​တယ်။

ပြီး​ခဲ့​တဲ့ ​ဧ​ပြီ​လ​က ​ထိန်း​သိမ်း​ရေး​စ​ခန်း​မှာ  ​ပြင်း​ပြင်း​ထန်​ထန် ​ခိုက်​ရန်​ဖြစ်​ပွား​တဲ့​အ​တွက် ၈ ​ယောက် ​သေ​ဆုံး​ပြီး​  ၁၅ ​ယောက် ​ဒဏ်​ရာ ​ရ​သွား​ပါ​တယ်။

ကလေးစစ်သား ပပျောက်ရေး သဘောတူစာချုပ် သက်တမ်း ထပ်တိုးမည်

Thursday, December 05, 2013
မြန်မာ့တပ်မတော်၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများအကြား ချုပ်ဆိုထားသော ယခုနှစ်ကုန်တွင် ကုန်ဆုံးမည့် ၁၈ လကြာ ကလေးစစ်သား ပပျောက်ရေး သဘောတူစာချုပ်ကို အစိုးရနှင့် ဆွေးနွေးပြီး သက်တမ်း ထပ်မံတိုးသွားမည် ဖြစ်ကြောင်း ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ကလေးသူငယ်နှင့် လက်နက်ကိုင် ပဋိပက္ခ လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ Ms.Sylvie Lucas က ပြောကြားသည်။

ဥရောပသို့ ဆန်တင်ပို့ရေး မြန်မာနှင့် ကမ္ဘောဒီးယား အပြိုင် ဖြစ်လာနိုင်

Thursday, December 05, 2013
ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများသို့ ဆန်တင်ပို့ရာတွင် အရှေ့တောင်အာရှ နိုင်ငံများအနက် ကမ္ဘောဒီးယား နိုင်ငံသည် မြန်မာနိုင်ငံနှင့် အပြိုင်ဆန် တင်ပို့သည့် နိုင်ငံ ဖြစ်လာနိုင်ကြောင်း စီးပွားရေးနှင့် ကူးသ န်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးတိုးေ အာ င်မြင့် က ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဖိလစ်ပိုင်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်

Thursday, December 05, 2013
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဖိလစ်ပိုင်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ရန် ဒီဇင်ဘာ ၄ ရက် နံနက် ၁၀ နာရီက နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာသွားကြောင်း နိုင်ငံတော်သမ္မတရုံး ၀က် ဘ်ဆိုက် စာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။

သမ္မတ၏ ယခုခရီးစဉ်သည် ဖိလစ်ပိုင် သမ္မတနိုင်ငံသမ္မတ မစ္စတာဘီနင်နိုဘတ်စ် အကွီနို(၃)၏ ဖိတ်ကြား ချက်အရ သွားရောက်ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၆ ရက်ထိ သုံးရက်ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

Wednesday, December 04, 2013

တပ်မတော်သည် “ပြည်ထောင်စု တပ်မတော်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောဆို

Wednesday, December 04, 2013

လက်ရှိ “တပ်မတော်သည် တိုင်းရင်းသား လူမျိုး အားလုံးပါဝင် ဖွဲ့စည်းထားသည့် ပြည်ထောင် စုတပ်မေ တာ်” ဖြစ်ကြောင်း ကာကွယ် ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောဆိုကြောင်း ယမန်နေ့ ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။

ယခုရက်ပိုင်း သွားရောက်နေသည့် ကာကွယ်ရေး ဦးစီးချုပ်၏ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း သံတွဲတပ်နယ် မှ အရာရှိ၊ စစ်သည် များကို ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

ဂန္ဒီအထိမ်းအမှတ် အဆောက်အအုံ အထပ်မြင့် ကွန်ဒိုဆောက်လုပ်ခြင်း အိန္ဒိယသံရုံး ကန့်ကွက်ဟုဆို

Wednesday, December 04, 2013 

ရန်ကုန်မြို့ ကုန်သည်လမ်းနှင့် ဗိုလ်အောင်ကျော်လမ်း ထောင့်ရှိ ဂန္ဒီ အထိမ်းအမှတ် အဆောက်အအုံ (ဂန္ဒီ ဟော) ကို အထပ်မြင့် အဆောက်အအုံအဖြစ် ပြန်လည်ဆောက်လုပ်ခြင်း မပြုရန် သက်ဆိုင်ရာ အဖွဲ့ အစ ည်းများထံ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယသံရုံးက ကန့်ကွက်စာ ပေးပို့ထားကြောင်း ရန်ကုန် မြို့ပြအမွေ အနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ (Yangon Heritage Trust) မှ ဒါရိုက်တာ ဒေါ်မိုးမိုးလွင်က The Voice သို့ ပြောကြားသည်။

သမ္မတအရည်အချင်း ဥပဒေပုဒ်မ ပြင်သင့်၊ မသင့် ကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်မည်

Wednesday, December 04, 2013

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင် နိုင်ခွင့် အတွက် အတားအဆီး ဖြစ်နေသော ဖွဲ့စည်းပုံ အခြေခံဥပဒေ နိုင်ငံတော် သမ္မ တနှ င့် ဒုတိယသမ္မတများ အရည်အချင်း သတ်မှတ်ချက် ပုဒ်မ (၅၉(စ)) ကို ပြင်ဆင်ရန် သင့်၊ မသင့် ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုကော်မတီအစည်း အဝေးတွင် ဆုံးဖြတ်မ ည် ဖြ စ်ကြောင်း အဆိုပါ ပါတီ၏ ဗဟိုကော်မတီဝင် ဦးအောင်သိန်းလင်းက ပြောကြားသည်။ 

ရိုး​ရာ​ခြင်း​လုံး​ပြိုင်​ပွဲ ​မြန်​မာ ​အ​မျိုး​သား​/​အ​မျိုး​သ​မီး ​နှစ်​သင်း​လုံး ​ဗိုလ်​လု​ပွဲ​တက်

Wednesday, December 04, 2013
၂၇ ​ကြိမ်​မြောက် ​အေ​ရှ့​တောင်​အာ​ရှ ​အား​က​စား​ပြိုင်​ပွဲ ​ရိုး​ရာ​ခြင်း​လုံး​ပြိုင်​ပွဲ ​အ​ခြေ​ခံ​အ​တွဲ ​အ​မျိုး​သား​ပွဲ​စ​ဉ်​နဲ့ ​အ​မျိုး​သ​မီး​ပွဲ​စ​ဉ်​တွေ​ကို ​ဒီ​နေ့ ​နေ​ပြည်​တော်​မှာ ​ကျင်း​ပ​နေ​ပြီး ​မြန်​မာ​နိုင်​ငံ​နဲ့ ​ထိုင်း​နိုင်​ငံ​က ​အ​မျိုး​သား​နဲ့​အ​မျိုး​သ​မီး ၂ ​သင်း​စ​လုံး ​ဗိုလ်​လု​ပွဲ ​တက်​ရောက်​သွား​ပါ​တယ်။

မွတ်ဆလင်များကို မိတ်ဆွေဖြစ်အောင် စည်းရုံးမည်ဟု ဦးဝီရသူ ထုတ်ပြန်ကြေညာ

Wednesday, December 04, 2013

မြန်မာနိုင်ငံတွင် နေထိုင်ပြီး တိုင်းတစ်ပါးကို ချစ်ခင်သော မွတ်ဆလင် များကို စောင့်ကြည့်၍ မိတ်ဆွေဖြ စ်အောင် စည်းရုံးသွားမည် ဖြစ်ကြောင်း အမျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေး လုပ်ဆောင်နေသည့် မစိုးရိမ် တို က်သစ် ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။

အစ္စလာမ်နှင့် ဗုဒ္ဓဘာသာကြား အတူယှဉ်တွဲ နေထိုင်ရေးအတွက် ဒီဇင်ဘာလ ၃ ရက်နေ့က သင်္ဃန်း ကျွန်းမြို့နယ် ငါးကျမ်းပြန် ကျောင်းတိုက်တွင် ဆရာတော် ဦးဝီရသူနှင့် ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး သံတမန်ကွန်ရက် တာဝန်ခံ အစ္စလာမ် ဘာသာဝင် ဦးရွှေကြည်တို့ ပြုလုပ်သည့် ဆွေးနွေးပွဲတွင် အဆိုပါ အချက် အပါအဝင် အချက်သုံးချက်ကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ကြသည်။

NLD နှင့် USDP ပါတီဝင်များ တရုတ်သို့ လေ့လာရေးသွားမည်

Wednesday, December 04, 2013 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)တို့မှ ကိုယ် စားလှယ်များ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဒီဇင်ဘာလဒုတိယပတ်အတွင်း လေ့လာရီးတော် စယ်းမယ်ရေ သွားရောက်မည်ဟု အဆိုပါ ပါတီတို့၏ တာဝန်ရှိသူများက မဇိ္ဈမကို ဒီဇင်ဘာ၂ရက်တွင် အတည်ပြု ပြော သည်။

NLD သည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဖိတ် ကြားချက်အရ ဒီဇင်ဘာ ၈ ရက်တွင်သွား ရောက်မည်ဖြစ်ပြီး USDP သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ၏ ဖိတ်ကြား ချက်အရ ဒီဇင်ဘာ ၅ ရက်တွင် ခရီးစဉ်စတင်မည်ဖြစ်သည်။

ချက်စ်ပြိုင်ပွဲတွင် ဆူညံပါက ဒေါ်လာ ၅၀၀ ပေးရမည်

Wednesday, December 04, 2013 

၂၇ ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲအတွင်း ထည့်သွင်းကျင်းပမည့် စစ်တုရင်အား ကစားနည်း ပြိုင်ပွဲတွင် ပြိုင်ပွဲကျင်းပနေသည့် အချိန်အတွင်း ဆူညံမှုများပြုလုပ်ပါက ဒဏ်ငွေ ဒေါ်လာ ၅၀၀ ပေးဆောင်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမောင်မောင်လွင်ကပြောသည်။

မှော်ဘီက ထူးခြား ရှေးဟောင်းဘုရားဆင်းတုများ ဖူးမျှော်သူတွေနဲ့ စည်ကား

Wednesday, December 04, 2013 
ရန်ကုန်က ကားနဲ့ သွားရင် သိပ်မဝေးတဲ့ မှော်ဘီမြို့နယ်က တချိန်က လူအသွားအလာ နည်းတဲ့  အောင်ဇ ဗ္ဗူတောရ ဓမ္မရိပ်သာကျောင်းဟာ အခုတော့ ဘုရားဖူးတွေနဲ့ စည်ကားနေပါတယ်။ 

ဖြစ်စဉ်ကို ကျမ မေးကြည့်တော့မှ ဗုဒ္ဓဘာသာကို ကြည်ညိုလွန်တဲ့ အတွက် ဂျပန်နိုင်ငံသား မစ္စတာ Kasu yuki Kumano ဟာ အောင်ဇဗ္ဗူတောရ ဓမ္မရိပ်သာကျောင်းကို သူ့မှာ လက်ဝယ် သိမ်းဆည်းထား တဲ့ေ ရှး ဟောင်း ဘုရား ဆင်းတုတော်တွေကို လှူဒါန်းခဲ့ပြီး ထူးခြားတဲ့ ရှေးဘုရား ဆင်းတုတော်တွေ ကို အခုလို အများ သူငါ ဖူးခွင့်ရတာဖြစ်ပါတယ်လို့ သိရပါတယ်။ 

Tuesday, December 03, 2013

ဆီးဂိမ်းဘောလုံးပွဲ လက်မှတ်ရောင်းကောင်း

Tuesday, December 03, 2013

ရန်ကုန်မှာ ကန်မယ့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) အုပ်စု ခ ဘောလုံးပွဲစဉ် လက်မှ တ် တွေကို ဒီဇင်ဘာ ၂ ရက်နေ့ကစ ကြိုတင်ရောင်းချပေးခဲ့ရာမှာ အချိန်တိုအတွင်း လက်မှတ်ေ တွ ရောင်းကုန် သွားပြီး လူအများအပြား လက်မှတ် ၀ယ်မရကြဘူးလို့ ကိုယ်တိုင် သွားဝယ်သူေ တွ က ပြောပါတယ်။

ဆီးဂိမ်းပြိုင်ပွဲတွေအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ကျပ်ငွေ ၂ ဘီလီယံခွဲ သုံးမည်

Tuesday, December 03, 2013
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဟာ ဆီးဂိမ်းပြိုင်ပွဲ အဆင့်ဆင့်အတွက် ကျပ်ငွေ သန်း ၁၇၀၀ နီးပါး သုံးစွဲခဲ့ပြီး ဆီးဂိမ်း ပြီးတဲ့အထိ စုစုပေါင်း ကျပ်ငွေ နှစ်ဘီလီယံခွဲ အသုံးပြုမယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဦးဇော်ဇော်က သတင်းထောက်တွေကို ပြောပါတယ်။

ဒီအထဲမှာ အမျိုးသားအသင်းအတွက် ကျပ်ငွေ သန်း ၈၀၀၊ အမျိုးသမီးအသင်းအတွက် ကျပ်ငွေ သန်း ၈၄၀၊ ဖူဆယ်ဘောလုံးအသင်းအတွက် ကျပ်ငွေ သန်း ၂၀၀ လောက် သုံးထားပြီးဖြစ်တယ်လို့ သူက ပြောပြပါ တယ်။

"N ကိုင်ရာ ရဲ့ မင်္ဂလာပွဲအစီအစဉ်"

Tuesday, December 03, 2013
တေးသံရှင် Nကိုင်ရာက အောက်တိုဘာလ ထဲမှာ သူမရဲ့ဖခင်ဖြစ်သူ ဆုံးပါး သွားတာကြောင့် သူ့ရဲ့ မင်္ဂလာ ပွဲကိုလည်း ရွှေ့ဆိုင်း ခဲ့ရပြီး အနုပညာ အလုပ်တွေ လည်း ရပ်နား ထားခဲ့ပါတယ်။ အခု နိုဝင်ဘာလ ထဲမှာေ တာ့ Nကိုင်ရာက အနုပညာ အလုပ်တွေကို ပြန်လည် လှုပ်ရှားနေပြီး မင်္ဂလာပွဲ ကိုတော့ ဇန်နဝါရီနဲ့ ဖေဖော် ဝါရီ ထဲမှာစီ စဉ်ထားတယ် လို့သိရပါတယ်။

အမျိုးသမီးများကို ကာကွယ်စောင့်ရှောက်ရေးဥပဒေ လွှတ်တော်သို့တင်ပြမည်ဟု သမ္မတကတိပြု

Tuesday, December 03, 2013
မြန်မာနိုင်ငံအတွင်း ပဋိပက်္ခ များဖြစ်ပွားခဲ့သည့် ဒေသများ၌ အမျိုးသမီးများကို ကာကွယ် စောင့်ရှောက်ခြင်း သည်လုပ်ဆောင် သင့်သည့်အချက်တစ်ခုဖြစ်သည့် အတွက် အမျိုးသမီးများကို ကာ ကွယ်စော င့်ရှော က် ရေးဥပဒေကို လွှတ်တော်သို့တင်ပြပေးမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကတိပြုပြောဆိုခဲ့သည်။
နိုဝင်ဘာ ၃၀ ရက်၊ ရန်ကုန် တက္ကသိုလ် စိန်ရတုခန်းမ၌ကျင်းပ ခဲ့သော တည်ငြိမ်အေးချမ်း သည့် နိုင် ငံ တော်တည်ဆောက်ရေးတွင် လူထုအခြေပြုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍဆိုသည့် အရပ်ဘက် လူ မှုအဖွဲ့အ စည်းများနှင့် တွေ့ဆုံ ဆွေးနွေးပွဲ၌ အမျိုးသမီးကဏ္ဍ ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့သည့် ကျား/မရေး ရာ တန်းတူညီမျှရေး ကွန်ရက်မှ ဒေါ်မေစံပယ်ဖြူ၏ ဆွေးနွေးချက်များကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က ပြန်လည် ဆွေးနွေးပြောဆိုခဲ့ခြင်းဖြစ်သည်။

ထားဝယ် အထူးစီးပွားရေးဇုန် အတွင်းအပြင် လျော်ကြေးငွေ ကျပ် ၃၀၇ ဘီလီယံပေးရန် ကျန်ဟုဆို

Tuesday, December 03, 2013
ထားဝယ် အထူးစီးပွားရေးဇုန် အတွင်းအပြင် သတ်မှတ်ဧရိယာ အတွင်းရှိ ဒေသခံများနှင့် လယ်မြေ စိုက်ခင်း များ အတွက် လျော်ကြေးငွေများ ပေးလျက်ရှိရာ ခန့်မှန်းငွေကျပ် ၃၀၇ ဘီလီယံခန့် ပေးရန် ကျန်သေးကြော င်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ဒုတိယ ဝန် ကြီး ဦးဘုန်းဆွေက ပြောကြားသည်။

မင်းသားကြီး မလုပ်ရသဖြင့် ပတ်မကြီး ထိုးဖောက်သည့် နိမ့်ကျသည့် စိတ်ဓာတ်များကို ဖျောက်ဖျက်ရန် သမ္မတဦးသိန်းစိန် ပြောကြားကြောင်း အစိုးရ သတင်းစာတွင် ဖော်ပြ

Tuesday, December 03, 2013

မင်းသားကြီး မလုပ်ရသဖြင့် ပတ်မကြီး ထိုးဖောက်သည့် နိမ့်ကျသည့် စိတ်ဓာတ်များကို ဖျောက်ဖျက်ရန် လို အပ်ကြောင်း နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က ပြောကြားကြောင်း ဒီဇင်ဘာ ၂ ရက်ထုတ် အစိုးရ သတ င်းစာတွင် ဖော်ပြထားသည်။ ဒီဇင်ဘာ ၁ ရက်က ဧရာဝတီတိုင်း ဒေသကြီး ငွေဆောင်မြို့နယ်ခွဲမှ ကျောင်း ကုန်းမြို့နယ် အောင်မင်္ဂလာ အဆင့်မြင့်စံပြ လယ်ယာဧက ၁၀၀ တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ အင်အား ၁၂၀၀ ကျော်မှ ဆိုင်ကယ်စီးရေ ၃၁၀၊ မီးတန်းယာဉ် ၇၂ စီးတို့ဖြင့် လမ်းကြောင်း ရှင်းလင်းရေးနှင့် ဧည့်ကြိုပို့ရေး လုပ်ဆောင်မည်

Tuesday, December 03, 2013
မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ယာဉ်ထိန်းရဲတပ် ဖွဲ့ဝင် အင်အား ၁၂၀၀ ကျော်မှ မော်တော်ဆိုင်ကယ် အစီးရေ ၃၁၀ စီး၊ မီးတန်းယာဉ် ၇၂ စီးတို့ကို အ သုံးပြုသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ် ဖွဲ့ဌာနချုပ် ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ရဲမှူး ကြီး ကျော်ထွေးက ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

အဆိုပါ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ အနေဖြင့် လမ်းကြောင်းရှင်းလင်းရေး၊ ဧည်ကြိုပို့ရေး လုပ်င န်းများကို ဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ဖခင်ကို ထောင်ချလိုက်သည့်အတွက် သမီးဖြစ်သူအဆိပ်သောက်

Tuesday, December 03, 2013

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တွင် ဖခင်ဖြစ်သူကို လူသတ်မှုဖြင့် ထောင်ဒဏ်ချလိုက်သည့်အတွက် အ သက် ၁၆ နှစ်အရွယ်သမီးဖြစ်သူက စိတ်ဓာတ်ကျကာ ကြွက်သတ်ဆေးသောက်၊ သေကြောင်းကြံ စည်ခဲ့ သည်ဟု ကောလင်းမြို့နယ် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဒီဇင်ဘာ ၂ ရက်တွင် မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် အဆိပ်သောက်ခဲ့သည့်ဆယ်တန်းကျောင်းသူကို ကောလင်းမြို့န ယ် ပြည်သူ့ဆေးရုံကြီး တွင်ေ ဆးကုသမှုခံယူလျက်ရှိပြီး ဆေးရုံကြီးမှ ဖုန်းဆက်သွယ်အကြောင်းကြားခဲ့ရာမှတစ်ဆင့် ရဲဌာနမှသိရှိ ခဲ့ခြ င်း ဖြစ်သည်။

ရိုဟင်ဂျာ/ဘင်္ဂါလီတို့ကို နိုင်ငံသားပြုရေးကို ရန်ကုန်မှာ ကန့်ကွက်

Tuesday, December 03, 2013 
ရိုဟင်ဂျာ/ဘင်္ဂါလီတို့ကို နိုင်ငံသားအဖြစ်သတ်မှတ်ပေးရေး ဆိုတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ တိုက်တွန်းချက်ကို ကန့်ကွက်တဲ့ ဟောပြောပွဲတခု တနင်္ဂနွေနေ့က ရန်ကုန်မှာ ကျင်းပခဲ့ပါတယ်။ 

ဗဟန်းမြို့နယ်မှာပြုလုပ်တဲ့ အခမ်းအနားမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို ကန့်ကွက်ကြောင်း ပိုစ တာများ ချိတ်ဆွဲခြင်း၊ ဟောပြောခြင်းများ ပြုလုပ်ခဲ့ကြတာ တွေ့ရပါတယ်။
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ တိုက်တွန်းချက်သတင်းကို http://burma.irrawaddy.org/news /2013/11/20/51169.html မှာ ဖတ်နိုင်ပါတယ်။ 

မြန်မာအစိုးရက အဲဒီ တိုက်တွန်းမှုကို ပယ်ချထားပါတယ်။

တနင်္ဂနွေနေ့က ပြုလုပ်တဲ့အခမ်းအနားမှာ - မြန်မာပြည်တိုင်းရင်းသား ၁၃၅ မျိုးပဲ ရှိတယ်၊ ထပ်တိုးဖို့ မကြိုး စားနဲ့၊ ဘယ်လူမျိုးမှ လက်မခံ ဆိုတဲ့ စာတန်းပါ တီရှပ် ၀တ်ဆင်သူ အများအပြား တွေ့ခဲ့ရပါတယ်။

The Irrawaddy (Burmese Version)

Monday, December 02, 2013

“ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်မှ တိုင်းပြည်တိုးတက်မှာလား “

Monday, December 02, 2013 

မြန်မာပြည် မတိုးတက်ဘူးဟုပြောသည်၊ အဆင်းရဲဆုံးနိုင်ငံ(LDC)ထဲမှာ ပါနေသည်ဟုပြောသည်။ အရှေ့ တောင်အာရှမှာ ဖွံ့ဖြိုးမှုနောက်အကျဆုံးဟုပြောသည်။ မှန်ပါသည်။ ပြော သာပြောနေကြသ ည်။ နိုင် ငံအတွ က်၊ တိုင်းပြည်အတွက် ကြိုးစားပြီး လုပ်ပေးတဲ့သူက မရှိသလောက်ဖြစ်နေသည်။ တိုင်းပြည် အတွက် အ ခြေခံ အုတ်မြစ်တွေ ပြင်ဆင်ချမှတ်ပေးပြီး တည်ဆောက်ပြုပြင်မှုတွေ ပြုလုပ်ပေးတဲ့အတွက် လွှတ်တော် အဖွဲ့အစည်းကြီး ပေါ်လာသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ကို ပြည်သူက အတ  ည်ပြုေ ပးခဲ့ပြီးသဖြင့် နောက်ဆက်တွဲ ဒီမိုကရေစီ မျိုးစေ့စတင် ဖွံ့ဖြိုးလာခြင်းဖြစ်သည်။ constitutions အရ မြန်မာနိုင်ငံတွင် လွှတ်တော် ၃ ရပ်ကို ဖွဲ့စည်းထားခြင်းဖြစ်သည့် ပြည်ထောင် စုဖြစ်ပြီး ပြင် သ စ်နိုင်ငံကဲ့သို့ပင် ဗဟိုမှ အရာ ရာကို ကြီးကြပ်ကွပ်ကဲသည့် Unitary စနစ်ဖြစ်သည်။ ယခင်က ရှမ်းပြည်နယ် တွင် စော်ဘွားများ အုပ်ချုပ် သော်လည်း ဗဟိုအစိုးရမှ ကွပ်ကဲမှုရှိခဲ့မှု အနေအထားဖြစ်ပါသ ည်။ ၁၉၇၄ ခုနှစ် consitutions သည် programmatic ဖြစ်ပြီး Libral democratic institutions ဖြစ်သည့်အတွက် ဗြိတိန်နိုင်ငံနှင့် မတူညီပေ။ ယခု ၂၀၀၈ constitutions သည် neutral ဖြစ်ပါသည်။

အတိတ်ကဖြစ်ရပ်တွေကိုပြန်သတိရဖို.လိုပြီ

Monday, December 02, 2013 
မြန်မာနိုင်ငံမှာ ကြီးပြင်းလာတဲ. တိုင်းရင်းသား လက်နက်ကိုင်အဖွဲ.အစည်းတွေနဲ.. စစ်တပ်အတွင်းမှာ ရှိတဲ. စစ်သားတိုင်းရဲ. တူညီသော ရည်မှန်းချက်ဟာ ငြိမ်းချမ်းရေး ရရှိဖို.ပဲ ဖြစ်ပါတယ်။ဘယ်သူတွေ ဘယ်လိုပဲ ငြိ မ်းချမ်းရေး လိုချင်ပါတယ် ပြောဆိုပါစေ။ လက်တွေ.ကျကျ တိုက်ပွဲဝင်နေရတဲ. စစ်သားတွေလောက် ဘ ယ် သူကမှ ငြိမ်းချမ်းရေးကို အလိုမရှိကြပါဘူး။ ထိုသို. ငြိမ်းချမ်းရေးကို အကောင်အထည် ဖော်ဆောင် ရန်အ တွက် နှစ်ဖက်စလုံးမှ အပစ်အခတ် ရပ်ဆဲရေး မူကြမ်းကို ရေးဆွဲ ကြရပါတယ်။ ထိုသို. ရေးဆွဲ ရာတွ င် နှစ်ဦး နှစ်ဖက်လုံး သဘောတူ လက်ခံနိုင်ဖို.မှာလည်း အလွန် အရေးပါလှပါသည်။ 

ကုလသမဂ္ဂ လူ့အခွင့်ရေး ကော်မရှင်မှ ဘင်္ဂါလီများကို တိုင်းရင်းသားအဖြစ် သတ်မှတ်ပေးရန် တောင်းဆိုမှုကို အမျိုးသား ကွန်ယက် (မြန်မာ) ကန့်ကွက်ပွဲ အခမ်းအနား ပြုလုပ်

Monday, December 02, 2013 

ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်မှ ဘင်္ဂါလီများကို တိုင်းရင်းသား မျိုးနွယ်စုအဖြစ် သတ်မှတ်ေ ပးရန် တောင်းဆိုမှုအား ကန့်ကွက်သည့် အခမ်းအနားကို ဒီဇင်ဘာ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် M3 ခန်းမ အနီး ဦးဝိစာရလမ်းနှင့် ရွှေတိဂုံ ဘုရားလမ်းထောင့်ရှိ ဘောလုံးကွင်းရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိ ရသည်။

"လ" စူးစမ်းရေးယာဉ် တရုတ်လွှတ်တင်

Monday, December 02, 2013 
တရုတ်နိုင်ငံရဲ့ ပထမဆုံး စူးစမ်းလေ့လာရေးယာဉ် လပေါ်ကို လွှတ်တင်လိုက်ပါပြီ။ ရည်မှန်းချက်ကြီးစွာနဲ့ အခု နောက်ဆုံး စမ်းသပ်လိုက်တဲ့ အာကာသအစီအစဉ်ဟာ ကမ္ဘာမှာ တရုတ်ရဲ့ ကျော်ကြားမှုအရှိန် အဟုန် ကို ထင်ဟပ်စေပါတယ်။

Jade Rabbit ကျောက်စိမ်းယုန်ကလေးလို့ နာမည်ပေးထားတဲ့ ဘီးတပ်ယာဉ်ငယ် တင်ဆောင်ထားတဲ့ Cha ng’e-3 Lunar စူးစမ်းရေးယာဉ်ကို စွမ်းအားမြှင့် ရော့ကက်ပေါ်တင်ပြီး တရုတ်နိုင်ငံအနောက် တောင်ပိုင်း Sichuan ပြည်နယ်၊ Xichang ဂြိုဟ်တုလွှတ်တင်စခန်းကနေ Greenwich စံတော်ချိန် 1730 - တရုတ်ဒေ သစံတော်ချိန် တနင်္လာနေ့ မနက်စောစောမှာ လွှတ်တင်ခဲ့တာပါ။

HIV/AIDS အတွက် သီးခြားဘဏ္ဍာငွေ ထုတ်ပေးရန် လွှတ်တော်တင်မည်

Monday, December 02, 2013 

အိတ်ခ်ျအိုင်ဗွီ ကာကွယ်ရေး၊ ကုသရေး လုပ်ငန်းစဉ်များအတွက် သီးခြား ဘက်ဂျက်တစ်ရပ်ကို လာမည့် ၂၀၁၄- ၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် လွှတ်တော်သို့ တင်ပြတောင်းခံသွားမည်ဟု ပြည်သူ့ လွှတ်တော်ကိုယ် စားလှယ် ဦးတင်မောင်ဦးက ဒီဇင်ဘာလ ၁ ရက်တွင် ပြောသည်။

ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင် ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးက “နိုင်ငံတကာမှာ အိတ်ခ်ျအိုင်ဗွီအတွက် သီးခြားဘက်ဂျက် ရှိတယ်။ ကျွန် တော်တို့နိုင်ငံမှာ အဲဒီလို သီးခြားမရှိသေးတဲ့အတွက် တင်ပြသွားမှာပါ” ဟု ပြောသည်။

My Blog List