Friday, January 24, 2020

တပ်မတော်ပိုင် မြန်မာစီးပွားရေး ကော်ပိုရေးရှင်းမှ ထုတ်လုပ်သည့် ကားတာယာများကို အမေရိကန်၊ ရုရှားနှင့် နိုင်ငံများစွာကို တင်ပို့ရောင်းချ

Image may contain: 7 people, people standing and indoorNo photo description available.

တပ်မတော်ပိုင် မြန်မာစီးပွားရေးကော်ပိုရေးရှင်းမှ ထုတ်လုပ်သည့် ကားတာယာများကို အမေရိကန်၊ ရုရှားနှင့် နိုင်ငံများစွာကို တင်ပို့ရောင်းချနေကြောင်း တပ်မတော်မှသတင်းထုတ်ပြန်လိုက်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ၊ အင်းစိန်မြို့နယ်၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်း တာယာစက်ရုံ (ရွာမ)မှ TRI STAR အမှတ်တံဆိပ် Truck & Bus Bias တာယာ၊ Truck & Bus Radial တာယာ၊ Passenger Car Radial တာယာနှင့် Special တာယာ၊ အမျိုးအစား ၄ မျိုးခွဲ၍ လူစီးယာဉ်များ၊ Expressယာဉ်များ၊ Bus ယာဉ်များ၊ ကုန် တင်ယာဉ်များ၊ မြေသယ်ယာဉ်များစသည့် မော်တော်ယာဉ်အမျိုးမျိုးအတွက် နိုင်ငံတကာအဆင့်မီ တာယာများ အား အရည်အသွေးမြင့်မားစွာထုတ်လုပ်လျက်ရှိပြီး ပြည်ပမှ သွင်းကုန်များကို အစားထိုးထုတ်လုပ်နိုင်သည့် သာမက အမေရိကန်၊ ပါရာဂွေး၊ နယူးဂီနီ၊ ဘရာဇီး၊ ပါကစ္စတန်၊ ကိုလံဘီယာ၊ မလေးရှား၊ နီပေါ၊ ဗီယက်နမ်၊ ရုရှားနှင့် ထိုင်ဝမ်နိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ် ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိ ကြီးများနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့လိုက်ပါပြီး မြန်မာစီးပွားရေး ကော်ပိုရေးရှင်း တာယာစက်ရုံ(ရွာမ)သို့ ပြည်တွင်း၊ ပြည်ပစျေးကွက်သို့ ဖြန့်ဖြူးရောင်းချနေမှု အခြေအနေများ အား စစ်ဆေးခဲ့အပြီး အထက်ပါအတိုင်းသတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
Image may contain: 1 person
Image may contain: 3 people, people sitting, people standing, living room and indoor
(Unicode)
တပ်မတော်ပိုင် မြန်မာစီးပွားရေး ကော်ပိုရေးရှင်းမှ ထုတ်လုပ်သည့် ကားတာယာများကို အမေရိကန်၊ ရုရှားနှင့် နိုင်ငံများစွာကို တင်ပို့ရောင်းချ
…………………………………………………………

နေပြည်တော်၊ ဇန်နဝါရီ - ၂၃
တပ်မတော်ပိုင် မြန်မာစီးပွားရေးကော်ပိုရေးရှင်းမှ ထုတ်လုပ်သည့် ကားတာယာများကို အမေရိကန်၊ ရုရှားနှင့် နိုင်ငံများစွာကို တင်ပို့ရောင်းချနေကြောင်း တပ်မတော်မှသတင်းထုတ်ပြန်လိုက်သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ၊ အင်းစိန်မြို့နယ်၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်း တာယာစက်ရုံ (ရွာမ)မှ TRI STAR အမှတ်တံဆိပ် Truck & Bus Bias တာယာ၊ Truck & Bus Radial တာယာ၊ Passenger Car Radial တာယာနှင့် Special တာယာ၊ အမျိုးအစား ၄ မျိုးခွဲ၍ လူစီးယာဉ်များ၊ Expressယာဉ်များ၊ Bus ယာဉ်များ၊ ကုန် တင်ယာဉ်များ၊ မြေသယ်ယာဉ်များစသည့် မော်တော်ယာဉ်အမျိုးမျိုးအတွက် နိုင်ငံတကာအဆင့်မီ တာယာများ အား အရည်အသွေးမြင့်မားစွာထုတ်လုပ်လျက်ရှိပြီး ပြည်ပမှ သွင်းကုန်များကို အစားထိုးထုတ်လုပ်နိုင်သည့် သာမက အမေရိကန်၊ ပါရာဂွေး၊ နယူးဂီနီ၊ ဘရာဇီး၊ ပါကစ္စတန်၊ ကိုလံဘီယာ၊ မလေးရှား၊ နီပေါ၊ ဗီယက်နမ်၊ ရုရှားနှင့် ထိုင်ဝမ်နိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ် ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိ ကြီးများနှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့လိုက်ပါပြီး မြန်မာစီးပွားရေး ကော်ပိုရေးရှင်း တာယာစက်ရုံ(ရွာမ)သို့ ပြည်တွင်း၊ ပြည်ပဈေးကွက်သို့ ဖြန့်ဖြူးရောင်းချနေမှု အခြေအနေများ အား စစ်ဆေးခဲ့အပြီး အထက်ပါအတိုင်းသတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
#PeopleMedia

No comments:

Post a Comment

My Blog List