Thursday, January 23, 2020

မူဆယ်မြို့၌ တရားမဝင်နေထိုင်သည့် တရုတ်နိုင်ငံသား ၄၂ ဦးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဖမ်းဆီးလိုက်ပြီ

Image may contain: outdoor

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် တရားမဝင်ရောက်ရှိနေသူ တရုတ်နိုင်ငံသား ၄၂ ဦးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

ဇန်နဝါရီ (၁၉) ရက်နေ့ ညနေ ၇ နာရီခန့်က မူဆယ်မြို့ ကောင်းမုတုံရပ်နေ လောက်စော (ခ) အားရှင်အိမ်မှာ လောင်းကစားလုပ်နေတယ်ဆိုတဲ့သတင်းအရ ပူးပေါင်းအဖွဲ့နဲ့အတူဝင်ရှာကြတာပါ၊ အိမ်ရှင်က လောက်စော(ခ) အားရှင်ကို အိမ်မှာတွေ့တယ် အိမ်ရဲ့ ယာဖက်မီးဖိုဆောင်မှာ တရုတ်နိုင်ငံသား ၄၂ ယောက်ကိုတွေ့ရတယ် နယ်စပ်ပေါက်က ခိုးဝင်လာကြတာလို့ စစ်ဆေးပေါ်ပေါက်တယ် အိမ်ရှင်ကို လောင်ကစားမှုနဲ့ အမှုဖွင့်တယ် တရုတ်နိုင်ငံသားတွေက လဝကပုဒ်မနဲ့ အမှုဖွင့်လိုက်တယ်'' ဟု မူဆယ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။
တရုတ်နိင်ငံသား ၄၂ ဦးအနက် ကျား ၃၈ ဦး၊ မ ၄ ဦး ဖြစ်ပြီး နယ်စပ်ရှိ တရားမဝင်ခိုးပေါက်မှ မူဆယ်မြို့ပေါ်သို့ ခိုးဝင်လာခြင်းဖြစ်ကြောင်း အဆိုပါ ရဲအရာရှိက ဆက်လက်ပြောကြားသည်။ အဆိုပါတရုတ်နိုင်ငံသားများမှာ တရားမဝင်ဝင် ရောက်လာသူများဖြစ်ကြောင်း ပေါ်ပေါက်သဖြင့် လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မ ၁၃ (၁) အရ အမှုဖွင့်ထားကြောင်း၊ လူဝင်မှုကြီးကြပ်ရေးဌာနက လုပ်ငန်းဆောက်ရွက်ပြီးပါက တရားရုံးသို့ အမှုစွဲတင်ပို့မှာဖြစ် ကြောင်းသိရသည်။
Juno
(Unicode)
မူဆယ်မြို့၌ တရားမဝင်နေထိုင်သည့် တရုတ်နိုင်ငံသား ၄၂ ဦးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဖမ်းဆီးလိုက်ပြီ
…………………………………………………………………

မူဆယ်၊ ဇန်နဝါရီ-၂၃
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် တရားမဝင်ရောက်ရှိနေသူ တရုတ်နိုင်ငံသား ၄၂ ဦးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
ဇန်နဝါရီ (၁၉) ရက်နေ့ ညနေ ၇ နာရီခန့်က မူဆယ်မြို့ ကောင်းမုတုံရပ်နေ လောက်စော (ခ) အားရှင်အိမ်မှာ လောင်းကစားလုပ်နေတယ်ဆိုတဲ့သတင်းအရ ပူးပေါင်းအဖွဲ့နဲ့အတူဝင်ရှာကြတာပါ၊ အိမ်ရှင်က လောက်စော(ခ) အားရှင်ကို အိမ်မှာတွေ့တယ် အိမ်ရဲ့ ယာဖက်မီးဖိုဆောင်မှာ တရုတ်နိုင်ငံသား ၄၂ ယောက်ကိုတွေ့ရတယ် နယ်စပ်ပေါက်က ခိုးဝင်လာကြတာလို့ စစ်ဆေးပေါ်ပေါက်တယ် အိမ်ရှင်ကို လောင်ကစားမှုနဲ့ အမှုဖွင့်တယ် တရုတ်နိုင်ငံသားတွေက လဝကပုဒ်မနဲ့ အမှုဖွင့်လိုက်တယ်'' ဟု မူဆယ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။
တရုတ်နိင်ငံသား ၄၂ ဦးအနက် ကျား ၃၈ ဦး၊ မ ၄ ဦး ဖြစ်ပြီး နယ်စပ်ရှိ တရားမဝင်ခိုးပေါက်မှ မူဆယ်မြို့ပေါ်သို့ ခိုးဝင်လာခြင်းဖြစ်ကြောင်း အဆိုပါ ရဲအရာရှိက ဆက်လက်ပြောကြားသည်။ အဆိုပါတရုတ်နိုင်ငံသားများမှာ တရားမဝင်ဝင် ရောက်လာသူများဖြစ်ကြောင်း ပေါ်ပေါက်သဖြင့် လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မ ၁၃ (၁) အရ အမှုဖွင့်ထားကြောင်း၊ လူဝင်မှုကြီးကြပ်ရေးဌာနက လုပ်ငန်းဆောက်ရွက်ပြီးပါက တရားရုံးသို့ အမှုစွဲတင်ပို့မှာဖြစ် ကြောင်းသိရသည်။
Juno
#PeopleMedia #မူဆယ်

No comments:

Post a Comment

My Blog List