Friday, January 24, 2020

အရှေ့တောင်အာရှ နိုင်ငံများ၏ ပညာရေး အဆင့် သတ်မှတ်ချက် မြန်မာ အဆင့် ၇ တွင် ရပ်တည်


Image may contain: 6 people, people sitting, table, child and indoor
အရှေ့တောင်အာရှ အာဆီယံဒေသတွင်း နိုင်ငံများ၏ ၂၀၂၀ ခုနှစ်အတွက် ပညာရေး အဆင့်အတန်း သတ်မှတ်မှုကို ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံက အဆင့် ခုနစ်နေရာတွင် ရပ်တည်ခဲ့သည်။
အဆိုပါ စစ်တမ်းထုတ်ပြန်ချက်ကို အမေရိကန် မီဒီယာ ကုမ္ပဏီတစ်ခုဖြစ်သည့် US News က ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး စင်ကာပူနိုင်ငံသည် အာဆီယံနိုင်ငံများအနက် ပညာရေး အဆင့်အတန်း အမြင့်ဆုံးဖြစ်ပြီး ယခုထုတ်ပြန်ချက်တွင် ဘရူနိုင်း၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံတို့၏ အချက်အလက်များ မပါဝင်ခဲ့ပေ။

စစ်တမ်းတွင် နိုင်ငံပေါင်း ၈၀ ကို ဖော်ပြထားပြီး ယင်းထဲတွင် စင်ကာပူနိုင်ငံက အဆင့် ၁၉၊ မလေးရှားက အဆင့် ၃၉၊ ထိုင်းက အဆင့် ၄၈၊ ဖိလစ်ပိုင်က အဆင့် ၅၂၊ အင်ဒိုနီးရှားက အဆင့် ၅၅၊ ဗီယက်နမ်က အဆင့် ၆၄ တို့နောက် မြန်မာနိုင်ငံက အဆင့် ၇၁ နေရာတွင်သာ ရပ်တည်နေခဲ့သည်။

ယခုထုတ်ပြန်ခဲ့သည့် စစ်တမ်းမှာ နိုင်ငံတစ်နိုင်ငံ၏ ပြည်သူ့ပညာရေး စနစ် ဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံတွင်းရှိ တက္ကသိုလ်များသို့ တက်ရောက်နိုင်သူ ဦးရေ (ပြည်တွင်း/ပြည်ပ အပါအဝင်)၊ အဆင့်မြင့်သော ပညာအဆင့်တန်း ဖြစ်လာစေရန် နိုင်ငံတော်က ချမှတ်ထားမှု စသော အဓိက အချက် သုံးချက်ကို အခြေခံကာ အဆင့်အတန်း သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

အချို့နိုင်ငံများသည် ပညာရေးအသုံးစရိတ် သုံးစွဲမှုတွင် အခြားနိုင်ငံများနှင့် စာလျှင် နည်းပါးခြင်းကြောင့် ပညာရေး နောက်ကျခြင်းဖြစ်ကြောင်း UNDP ၏ (ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်) ၂၀၁၂ မှ ၂၀၁၇ အထိ ဖော်ပြထားသော အစီရင်ခံစာတွင် ဖော်ပြထားပြီး ဥပမာအားဖြင့် အစိုးရက ပညာရေးအတွက် သုံးစွဲမှုတွင် ကမ္ဘောဒီးယားက ဂျီဒီပီ၏ ၁.၉ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံက ၂.၂ ရာခိုင်နှုန်းနှင့် လာအိုနိုင်ငံက ၂.၉ ရာခိုင်နှုန်းနှင့် အင်ဒိုနီးရှားနိုင်ငံက ၃.၆ ရာခိုင်နှုန်း ပျမ်းမျှ သုံးစွဲခဲ့ကြောင်း UNDP ၏ အစီရင်ခံစာက ဖော်ပြထားသည်။

ယနေ့ ဇန်နဝါရီ ၂၄ ရက်နေ့သည် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးများအတွက် ပညာရေးကို ဂုဏ်ပြုသည့် အပြည်ပြည်ဆိုင်ရာ ပညာရေး အထိမ်းအမှတ်နေ့ ဖြစ်သည်။

AS
Ref;AIPA
Isee Media
<Zawgyi>
အရှေ့တောင်အာရှ နိုင်ငံများ၏ ပညာရေး အဆင့် သတ်မှတ်ချက် မြန်မာ အဆင့် ၇ တွင် ရပ်တည်


အရှေ့တောင်အာရှ အာဆီယံဒေသတွင်း နိုင်ငံများ၏ ၂၀၂၀ ခုနှစ်အတွက် ပညာရေး အဆင့်အတန်း သတ်မှတ်မှုကို ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံက အဆင့် ခုနစ်နေရာတွင် ရပ်တည်ခဲ့သည်။

အဆိုပါ စစ်တမ်းထုတ်ပြန်ချက်ကို အမေရိကန် မီဒီယာ ကုမ္ပဏီတစ်ခုဖြစ်သည့် US News က ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး စင်ကာပူနိုင်ငံသည် အာဆီယံနိုင်ငံများအနက် ပညာရေး အဆင့်အတန်း အမြင့်ဆုံးဖြစ်ပြီး ယခုထုတ်ပြန်ချက်တွင် ဘရူနိုင်း၊ လာအို၊ ကမေ႓ာဒီးယားနိုင်ငံတို့၏ အချက်အလက်များ မပါဝင်ခဲ့ပေ။

စစ်တမ်းတွင် နိုင်ငံပေါင်း ၈၀ ကို ဖော်ပြထားပြီး ယင်းထဲတွင် စင်ကာပူနိုင်ငံက အဆင့် ၁၉၊ မလေးရှားက အဆင့် ၃၉၊ ထိုင်းက အဆင့် ၄၈၊ ဖိလစ်ပိုင်က အဆင့် ၅၂၊ အင်ဒိုနီးရှားက အဆင့် ၅၅၊ ဗီယက်နမ်က အဆင့် ၆၄ တို့နောက် မြန်မာနိုင်ငံက အဆင့် ၇၁ နေရာတွင်သာ ရပ်တည်နေခဲ့သည်။

ယခုထုတ်ပြန်ခဲ့သည့် စစ်တမ်းမှာ နိုင်ငံတစ်နိုင်ငံ၏ ပြည်သူ့ပညာရေး စနစ် ဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံတွင်းရှိ တက္ကသိုလ်များသို့ တက်ရောက်နိုင်သူ ဦးရေ (ပြည်တွင်း/ပြည်ပ အပါအဝင်)၊ အဆင့်မြင့်သော ပညာအဆင့်တန်း ဖြစ်လာစေရန် နိုင်ငံတော်က ချမှတ်ထားမှု စသော အဓိက အချက် သုံးချက်ကို အခြေခံကာ အဆင့်အတန်း သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

အချို့နိုင်ငံများသည် ပညာရေးအသုံးစရိတ် သုံးစွဲမှုတွင် အခြားနိုင်ငံများနှင့် စာလျှင် နည်းပါးခြင်းကြောင့် ပညာရေး နောက်ကျခြင်းဖြစ်ကြောင်း UNDP ၏ (ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်) ၂၀၁၂ မှ ၂၀၁၇ အထိ ဖော်ပြထားသော အစီရင်ခံစာတွင် ဖော်ပြထားပြီး ဥပမာအားဖြင့် အစိုးရက ပညာရေးအတွက် သုံးစွဲမှုတွင် ကမ္ဘောဒီးယားက ဂျီဒီပီ၏ ၁.၉ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံက ၂.၂ ရာခိုင်နှုန်းနှင့် လာအိုနိုင်ငံက ၂.၉ ရာခိုင်နှုန်းနှင့် အင်ဒိုနီးရှားနိုင်ငံက ၃.၆ ရာခိုင်နှုန်း ပျမ်းမျှ သုံးစွဲခဲ့ကြောင်း UNDP ၏ အစီရင်ခံစာက ဖော်ပြထားသည်။

ယနေ့ ဇန်နဝါရီ ၂၄ ရက်နေ့သည် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးများအတွက် ပညာရေးကို ဂုဏ်ပြုသည့် အပြည်ပြည်ဆိုင်ရာ ပညာရေး အထိမ်းအမှတ်နေ့ ဖြစ်သည်။

AS
Ref;AIPA

No comments:

Post a Comment

My Blog List