Thursday, September 24, 2015

သမ္မတဦးသိန်းစိန်သက်တမ်း ဆောင်ရွက်ချက်တွေအပေါ် တုံ့ပြန်မှု


နိုဝင်ဘာရွေးကောက်ပွဲကြီး နီးကပ်လာလို့ ၀င်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေ စတင် အပြိုင်အဆိုင် မဲဆွယ်လှုပ်ရှားနေချိန်မှာ သမ္မတ ဦးသိန်းစိန်က သူ့အစိုးရလက်ထက်အတွင်း မြန်မာနိုင်ငံမှာ  ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ တိုးတက်ခဲ့တဲ့အကြောင်း သမ္မတရုံးရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ မနေ့က ဗွီဒီယို ထုတ်ပြန်ထားပါတယ်။ ကုန်ဆုံးခါနီးဖြစ်တဲ့ သမ္မတသက်တမ်းအတွင်း အခုလို လုပ်ဆောင်မှုအပေါ် တုံ့ပြန်ချက်တွေ အမျိုးမျိုးထွက်ပေါ်လာတာကို မအင်ကြင်းနိုင် က စုစည်းတင်ပြထားပါတယ်။

မလေးရှားဝန်ကြီးချုပ် ဒေါ်လာ သန်း ၇၀၀ လွှဲပြောင်းမှု FBI စုံစမ်း


မလေးရှားအစိုးရပိုင် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေနဲ့ သက်ဆိုင်တဲ့ ငွေကြေး ခ၀ါချမှုတွေ ပြုလုပ်နေတယ်ဆိုတဲ့ စွပ်စွဲပြောဆိုမှုတွေနဲ့ ပတ်သက်လို့ FBI အမေရိကန်ဗဟိုအစိုးရ ထောက်လှမ်းရေးဌာနက စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဒီအမှုနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းကို ကိုးကားပြီး The Wall Street Journal မှာ ဖော်ပြထားပါတယ်။

အမတ်လောင်းမှားယွင်းဖော်ပြမိ၍ အမျိုးသားတိုးတက်ရေးပါတီ ဒီချုပ်အမတ်လောင်းကို ပြန်လည်တောင်းပန်


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းကို မိမိပါတီ၏ ကိုယ်စားလှယ် လောင်း ထင်မှတ်ကာ လူမှုကွန် ရက်စာမျက်နှာပေါ်တွင် မှားယွင်း ဖော်ပြခဲ့မိသည့်အတွက် အမျိုး သားတိုးတက်ရေးပါတီက ပြန် လည်တောင်းပန်ခဲ့သည်။

ဆီးရီးယားတွင် ရုရှားက သီးခြားလေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ရန် ပူတင် အသင့်ရှိနေ


ဆီးရီးယားတွင် အစ္စလာမ်မစ် နိုင်ငံတော်(အိုင်အက်စ်) စစ်သွေးကြွများကို ရုရှားလေတပ်ကသီးခြားစစ်ဆင်ရေးဖြင့် ဗုံးကြဲတိုက်ခိုက်ရန် ရုရှားသမ္မတ ဗလာဒီမာပူတင်က စီစဉ်ထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။ရုရှားသည် ဆီးရီးယားတွင် အိုင်အက်စ်တို့ကို အမေရိကန် ဦးဆောင်သည့် မဟာမိတ်များက ဗုံးကြဲနေသည့် စစ်ဆင်ရေးတွင် ပါဝင်ပူးပေါင်းရန် ကမ်းလှမ်းထားသည်။ သို့သော်လည်း အမေရိကန်ဘက်က ငြင်းဆန်ခဲ့ပါက ရုရှားတိုက်လေယာဉ်များက သီးခြားစစ်ဆင်ရေး ဆင်နွှဲသွားရန် ပူတင်က စိတ်ပိုင်းဖြတ်ထားကြောင်း Bloomberg သတင်းဌာနက ဖော်ပြခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)နှင့် သတင်းမီဒီယာများအား လက်ခံ တွေ့ဆုံ၍ မေးမြန်းမှုများကို ဖြေကြား



တပ်မတော်ကို နားလည်သူရွေးဖို့ ကာချုပ်တိုက်တွန်း


တပ်မတော်သားတွေ ဆန္ဒမဲပေးမယ်ဆိုရင် ကာကွယ်ရေးအမြင်ရှိသူနဲ့ တပ်မတော် နားလည်မှုရှိသူကို အခြေခံထား စဉ်းစားကြဖို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့ တပ်မတော်သားတွေအနေနဲ့ ဘယ်လိုဖိအားပေး တိုက်တွန်းချက် ကြောင့်မှမဟုတ်ဘဲ မိမိတို့ရဲ့ လွတ်လပ်စွာ မဲပေးပိုင်ခွင့်ရှိတဲ့အတိုင်း လွတ်လွတ်လပ်လပ် မဲပေးကြပါလို့လည်း အတိုက်အခံပါတီနဲ့ တိုင်းရင်းသား ပါတီတွေက တိုက်တွန်းပါတယ်။ 

သမ္မတအိုဘားမား ပုပ်ရဟန်းမင်းကို အိမ်ဖြူတော်မှာ ကြိုဆိုတွေ့ဆုံ


အမေရိကန် ပြည်ထောင်စုကို သမိုင်းဝင် ခရီးစဉ် ရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ကို အမေရိကန် သမ္မတ အိုဘားမားက အိမ်ဖြူတော်မှာ နွေးနွေးထွေးထွေး ကြိုဆိုခဲ့ပါတယ်။ သမ္မအိမ်တော်ဝင်း အတွင်းမှာလည်း ဧည့်သည်တော် ၁ သောင်းခွဲလောက် ရှိနေပါတယ်။ ဘုရားသခင် ဖန်ဆင်းထားတဲ့ လှပတဲ့ နေ့တနေ့ပါဘဲ လို့ သမ္မတ အိုဘားမားက ပုပ်ရဟန်းမင်းကြီးကို ကြိုဆိုတဲ့ အခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။

'ဝ'ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ မြို့နယ်နှစ်ခုသာ ရွေးကောက်ပွဲ ကျင်းပသွားမည်


'ဝ'ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှ တာဝန်ရှိသူများမှ ခွင့်မပြု၍ မဲစာရင်း မကောက်ယူနိုင်သည့်အတွက် 'ဝ'ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မြို့ နယ်ခြောက်ခုတွင် မြို့နယ်နှစ်ခုသာ ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု ယင်းဒေသရွေးကောက်ပွဲအရာရှိ ဦး မျိုးမင်းထိုက်ကပြောသည်။

NLD မဲဆွယ်စည်းရုံးမှု အနှောင့်အယှက်များကြုံ


ရွေးကောက်ပွဲ အောင်နိုင်ရေး နိုင်ငံရေးပါတီတွေ စည်းရုံးရေးဆင်းနေချိန်မှာ အတိုက်အခံပါတီ NLD ကို တိုက်ခိုက်တဲ့စာတွေကို လူအုပ်စုတွေနဲ့ ဖြန့်ဝေလှုပ်ရှားမှုတွေ လုပ်လာနေတယ်လို့ NLD တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီလိုနှောင့်ယှက်လာမှုတွေအတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေ ဘက်က ထိရောက်တဲ့ အရေးယူမှု မရှိသေးဘူးလို့လည်း ဆိုပါတယ်။

မဘသအဖွဲ့ကြီးကို ကျောထောက်နောက်ခံပြုပြီး လူမိုက်အားပေးပုံစံမျိုး မလုပ်ဘူး အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို)အမှုဆောင်ဆရာတော်၊မန္တလေး မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူနှင့် မေးမြန်းခြင်း


မေး - မျိုးစောင့်ဥပဒေကို ပြဋ္ဌာန်းလိုက်ပြီဆိုတော့ မြန်မာနိုင်ငံမှာ အမျိုး၊ ဘာသာ၊သာသနာအတွက် စိတ်ချရပြီလို့ ဆိုနိုင်ပါ သလား ဘုရား။
ဖြေ - အတွင်းတံတိုင်းအတွက်ကတော့ လေးထပ်ထိအောင် ကာရံပြီးပါပြီ။ ဒါပေမဲ့ အသိညာဏ်မြှင့်တင်ရေးဆိုင်ရာနဲ့ အသိတရား ထွန်းကားဖို့တော့ လိုတာပေါ့။ ဒါတွေအတွက် လည်း ဆောင်ရွက်ရဦးမှာပေါ့။ ၅ဝ ရာခိုင်နှုန်း အထိတော့ လုံခြုံသွားပါပြီ။ အန္တရာယ်အတွက်တော့ ကာကွယ်ပြီးပြီ ပေါ့။ အသိညာဏ်ပညာမြင့်မားဖို့အတွက်တော့ ရာခိုင်နှုန်း ၅ဝ နီးနီး ကြိုးစားရဦး မယ့်သဘောပေါ့။

စစ်တွေဆေးရုံမှ သူနာပြုများ အလုပ်မဆင်းဘဲ ဆန္ဒထုတ်ဖော်မှု တစ်ခု ဖြစ်ပွား


စစ်တွေဆေးရုံမှ သူနာပြုများနှင့် သူနာပြု ဆရာမများသည် စက်တင်ဘာ ၂၃ ရက်တွင် အလုပ်မဆင်းဘဲ ကော်ရစ်တာပေါ်ထိုင်ကာ ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးသို့ အချက်လေးချက်ကိုတိုက်ရိုက်တင်ပြ တောင်းဆိုခဲ့ကြောင်း သိရသည်။ စက်တင်ဘာ ၁၈ ရက်က စစ်တွေဆေးရုံ ကလေးဆောင်တွင် တာဝန်ကျနေသော လက်ထောက်ဆရာဝန် တစ်ဦးက သူနာပြုနှင့် သူနာပြု ဆရာမ နှစ်ဦးတို့အား ကိုယ်ထိလက်ရောက် စော်ကားမှု၊ ဆဲမှုဆိုများအပေါ် ဆေးရုံအုပ်ကြီးအား တင်ပြခဲ့သော်လည်း ဆေးရုံအုပ်ကြီး အနေဖြင့် ဘက်လိုက်မှု ရှိခဲ့ကြောင်းနှင့် ယင်းအပေါ် သူနာပြုများ အနေဖြင့် လုံးဝ ကျေနပ်မှု မရှိကြောင်း၊ ယင်းနှင့် ပတ်သက်ပြီး ထိုကဲ့သို့ အလုပ်မဆင်းဘဲ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း သူနာပြု ဆရာမများက ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် မဲဆွယ်စည်းရုံးရေး ဟောပြောရာတွင် ၎င်း၏ဇနီး နာမည်ပေါက်ဖြင့် သိမ်းဆည်းထားသည်ဆိုသော လယ်ယာမြေများအား မည်ကဲ့သို့ ဖြေရှင်းပေးရန်ရှိကြောင်း ဒေသခံ တောင်သူတစ်ဦး၏ မေးမြန်းမှုအပေါ် တိကျစွာ ဖြေကြားခဲ့ခြင်း မရှိ


ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် မဲဆွယ်စည်းရုံးရေး ဟောပြောရာတွင် ၎င်း၏ဇနီး နာမည်ပေါက်ဖြင့် သိမ်းဆည်းထားသည်ဆိုသော လယ်ယာမြေများအား မည်ကဲ့သို့ ဖြေရှင်းပေးရန်ရှိကြောင်း ဒေသခံ တောင်သူတစ်ဦးက မေးမြန်းခဲ့သော်လည်း တိကျစွာ ဖြေကြားခဲ့ခြင်း မရှိကြောင်း သတင်းရရှိသည်။

မကွေးတိုင်းအတွင်း ရေဘေးသင့်ကျေးရွာအချို့၌ စက်တင်ဘာ ၂၃ ရက်ထိ မဲစာရင်း မကြေညာနိုင်သေးဘဲ ကျေးရွာအချို့တွင် သွားလာရေး ခက်ခဲမှုကြောင့် မဲစာရင်းကြည့်ရန် အခက်အခဲများ ရှိနေ


မကွေးတိုင်းအတွင်း ရေဘေးသင့်ကျေးရွာအချို့၌ စက်တင်ဘာ ၂၃ ရက်ထိ မဲစာရင်း မကြေညာနိုင်သေးဘဲ ကျေးရွာအချို့တွင် သွားလာရေး ခက်ခဲမှုကြောင့် မဲစာရင်းကြည့်ရန် အခက်အခဲများ ရှိနေ၊ ရခိုင်ပြည်နယ် ကျေးလက်ဒေသတွင်လည်း ရပ်ကျေး ကော်မရှင်များက နှိုးဆော်မှု မရှိ၍ မဲစာရင်း သွားရောက်ကြည့်ရှုသူ နည်းပါး

Tomorrow သတင်းဂျာနယ် အတွဲ ၂၊ အမှတ် ၂၈ တွင် ဖော်ပြခဲ့သော “KIO အဖွဲ့၏ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လနှင့် အင်တာဗျူး” သည် အမှန်တကယ် မေးမြန်းခြင်း မရှိဘဲ ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း ကေအိုင်အို အကြောင်းကြားစာ ပို့ခဲ့



Tomorrow သတင်းဂျာနယ် အတွဲ ၂၊ အမှတ် ၂၈ တွင် ဖော်ပြခဲ့သော “KIO အဖွဲ့၏ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လနှင့် အင်တာဗျူး” သည် အမှန်တကယ် မေးမြန်းခြင်း မရှိဘဲ ဖော်ပြခဲ့ခြင်း ဖြစ်ကြောင်းနှင့် ထိုကိစ္စရပ်အတွက် Tomorrow သတင်းဂျာနယ်သို့ အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း ကေအိုင်အို နည်းပညာ အကြံပေး အဖွဲ့ဝင် တစ်ဦးက အတည်ပြုခဲ့ပါသည်။

လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု အန္တရာယ်ရှိ နိုင်ငံစာရင်းမှာ မြန်မာထိပ်ကပါဝင်



အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီမြို့က လူမျိုးတုန်းသတ်ဖြတ်မှု မှတ်တမ်းပြတိုက် United States Holocaust Memorial Museum ကနေ တည်ထောင်ထားတဲ့ Simon-Skjodt Center for the Prevention of Genocide အဖွဲ့ဟာ ဒီနေ့ ကမ္ဘာပေါ်မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ဖြစ်ပွားဖို့ အန္တရာယ်ရှိနေတဲ့ နိုင်ငံတွေကို စာရင်းပြုစုပြီး၊ ကြိုတင်သတိပေးတဲ့ Early Warning Project အဖြစ် တနင်္လာနေ့က ထုတ်ပြန်လိုက်ရာမှာ မြန်မာနိုင်ငံကို နိုင်ဂျီးရီးယား၊ ဆူဒန်၊ အာဖဂန်နစ္စတန်နဲ့ တောင်ဆူဒန် စတဲ့ နိုင်ငံတွေရဲ့ အထက်မှာထားပြီး၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ဖြစ်ဖို့ ဘေးအန္တရာယ်အရှိဆုံး နံပါတ် ၁ နိုင်ငံအဖြစ် သတ်မှတ်ထားပါတယ်။ မြန်မာနိုင်ငံကို ဘာကြောင့် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ဖြစ်ဖို့ ဘေးအန္တရာယ်အရှိဆုံး နိုင်ငံအဖြစ် သတ်မှတ်တာလဲဆိုတာ Simon-Skjodt Center ရဲ့ ဒါရိုက်တာ Cameron Hudson က ရှင်းပြထားတာကို ကိုရဲခေါင်က တင်ပြပေးပါမယ်။

ကရင်ခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်း စေတီတည်ထားမှု ခရစ်ယာန် ဘာသာဝင်များ ကျေနပ်သည်အထိ ဖြေရှင်းပေးမည်ဟုဆို


ကရင်ပြည်နယ်၊ ဘားအံမြို့နယ် မီဇိုင်းကျေးရွာရှိ ၁၉၁၉ ခုနှစ်က တရားဝင် တည်ဆောက်ခဲ့သည့် ကရင်ခရစ်ယာန်ဘုရားရှိခိုးကျောင်းဝင်း အတွင်း ၂၀၁၅ ခုနှစ်၊ သြဂုတ် ၂၁ ရက်က စေတီလာရောက်တည်ခြင်းနှင့် ပတ်သက် ၍ ခရစ်ယာန်ဘာသာဝင်များ ကျေနပ်သည်အထိ ကိုယ်တိုင်ဖြေရှင်းပေးမည် ဟု သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ကတိပေး ထားကြောင်းသိရသည်။

Eleven Media က တရားစွဲဆိုထားသည့် အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေ ယနေ့ ရုံးချိန်း မလာရောက်


Eleven Media Group ၏ ဂုဏ်သိက္ခာကို ထိခိုက်သည်ဟု ယူဆခြင်းကြောင့် သိန်း၆၀၀၀ ရလိုမှုဖြင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေကို တရားစွဲဆိုထားရာ စက်တင်ဘာ ၂၃ ရက် ပထမဆုံးရုံးချိန်းသို့ ဦးလှဆွေ လာရောက်ခြင်း မရှိခဲ့ကြောင်း သမ္မာန်စာ အ၀င်နောက်ကျခြင်းကြောင့် မလာရောက်နိုင်ခြင်းဖြစ်မည်ဟုယူဆကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က The Ladies ဂျာနယ်သို့ ပြောသည်။

ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးချမည်သူများအား NLD အနေဖြင့် တုန့်ပြန် ပုတ်ခတ်မည် မဟုတ်ဟု ဆို


NLD ပါတီအား မဲမပေးရေးအတွက် ဘာသာရေး အသုံးချကာ လှုံဆော် စည်းရုံးမှုများ ရှိနေပြီး ထိုသို့ပြောဆိုစည်းရုံးနေမှုများကို ပါတီအနေဖြင့် တုန့်ပြန်ပုတ်ခတ်မည် မဟုတ်ကြောင်း ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ဝင် ဦးဝင်းထိန်က တုန့်ပြန်ပြောသည်။

သီလ၀ါအထူးစီးပွားရေးဇုန် အပိုင်း(၁) ဖွင့်လှစ်ချိန်တွင် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံပြီးဟုဆို


သီလ၀ါအထူးစီးပွားရေး ဇုန် စတင်ဖွင့်လှစ်ချိန်တွင် ဂျပန် ကုမ္ပဏီများ  အပါအ၀င်  နိုင်ငံ ပေါင်း ၁၂ နိုင်ငံမှ ကုမ္ပဏီ ၄၅ ခုအား ရင်းနှီးမြှုပ်နှံခွင့်ပြု ထား ကြောင်း သီလ၀ါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှသတင်း ရရှိသည်။

ပါတီမရွေးကြုံနေရသည့် ခြိမ်းခြောက်နှောင့်ယှက်မှု အန္တရာယ်


ရွေးကောက်ပွဲနီးလာတိုင်း ဖြစ်လေ့ဖြစ်ထရှိသော မဲမသမာမှုများ၊ မဲပေးရမည့်စာရင်းတွင်မပါ ၀င်မှုများအကြောင်း လူအများက စိတ်ဝင်တစားဝေဖန်နေကြသော်လည်း မြန်မာ့ရွေးကောက်ပွဲ၌ ဖြစ်လေ့ဖြစ်ထရှိသော ကိစ္စတစ်ခု ကိုတော့ မေ့နေကြဆဲ ဖြစ်သည်။

Wednesday, September 23, 2015

ဒေါ်အောင်ဆန်းစုကြည်နှင့် ယှဉ်ပြိုင်မည့် ကြံ့ခိုင်ရေး ကိုယ်စားလှယ်လောင်း နှင့် တွေ့ဆုံခြင်း


၂၀၁၅ ရွေးကောက်ပွဲတွင် လက်ရှိအာဏာရပါတီ ဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ)မှ ကိုယ်စားလှယ် လောင်းများစွာလည်း ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ထိုကိုယ်စားလှယ်များတွင် အင်အားကြီး အတိုက်အခံပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် မဲဆန္ဒနယ်တွင် ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ်လောင်း ဦးကျော်ဇင်ဟိန်း လည်း ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

ဥပဓိရုပ်ကြောင့် လူသိများလာသော အမတ်လောင်းများ


အမေရိကန်ပြည်ထောင်စုတွင်တော့ ရုပ်ရည်ချောမောသည့် ခေါင်းဆောင်များကို ရွေးချယ်တင်မြှောက်ခံရခြင်းသည် သမိုင်းကြောင်း ရှည်ကြာသည့် အဖြစ်အပျက်တစ်ခုဟု ကမ္ဘာကျော် The New York Times သတင်းစာကြီးက ဖော်ကျူးရေးသားသည်။အမေရိကန်ပြည်ထောင်စု၏ ၃၅ ယောက်မြောက် သမ္မတဂျွန်အက်ဖ်ကနေဒီ၊ လွှတ်တော်အမတ် ကရစ္စတန်ဂျီလီဘရန်း၊ အလက်စကာအုပ်ချုပ် ရေးမှူး ဆာရာပါလင်း နှင့် မက်ဆာချူးဆက်အုပ်ချုပ်ရေးမှူး မစ်ရွန်မ်နေလ် စသည့် ဥပဓိရုပ်ကောင်းသည့် ခေါင်းဆောင်များကို The New York Times က နမူနာထုတ်ပြသည်။ 

တပ်မတော် အဓိက ကျတယ်


ရွေးကောက်ပွဲ နီးလာတဲ့အချိန်မှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) က တပ်မတော်ရဲ့ အခန်းကဏ္ဍနဲ့ ဂုဏ်သိက္ခာကို အမွန်းတင် ပြောဆိုခဲ့ပြီး တပ်မတော်နဲ့ ပါတီအကြားမှာ လုံးဝကွဲပြားမှု မရှိဘူးဆိုတဲ့ စကားကို အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။

ဒီချုပ်ကိုယ်စားလှယ်လောင်းများ ဗဟန်းမြို့နယ်အတွင်း တစ်အိမ်တက်ဆင်း မဲစာရင်းအသိပညာပေး


ဗဟန်းမြို့နယ်မှ ၀င် ရောက်ယှဉ်ပြိုင်မည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စား လှယ်လောင်းများသည် စက်တင် ဘာ ၂၂ ရက်က ယင်းမြို့နယ်အတွင်းရှိရပ်ကွက်အချို့၌ တစ်အိမ်တက်ဆင်း မဲစာရင်းအသိပညာ ပေးခဲ့ကြသည်။ ဒီချုပ်ကိုယ်စားလှယ်လောင်းများသည် ဗဟန်းမြို့နယ်ရှိ ဗိုလ် ချို(၁)ရပ်ကွက်နှင့် ဗိုလ်ချို(၂) ရပ် ကွက်၊ ငါးထပ်ကြီး(တောင်) ရပ် ကွက်များရှိ ပြည်သူများအား မဲစာ ရင်းကြည့်ရှုရန် တိုက်တွန်းခြင်း၊ မကြည့်ရှုရသေးသူများအား အမည်မပါလျှင်၊ အချက်အလက်မှားယွင်းလျှင် မည်သို့လျှောက်ထားရမည်ကို ရှင်းပြခြင်းများ ပြုလုပ်ခဲ့သည်။

ပြည်ခိုင်ဖြိုးနိုင်မှ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်မည်ဟု ရွှေပြည်သာကိုယ်စားလှယ်ပြောကြား


လာမည့်ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနိုင်ရပြီး အစိုးရ ဖွဲ့နိုင်မှသာ တိုင်းပြည်ဖွံ့ဖြိုးတိုး တက်ရေးအတွက် အထောက်အကူဖြစ်မည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးက ပြော သည်။

သပိတ်မှောက်ကျောင်းသားများအမှုပယ်ဖျက်ပေးရန် တိုင်းတရားလွှတ်တော်သို့ ဆက်လက်တင်ပြမည်


သပိတ်မှောက် ကျောင်းသားနှင့် ၀န်းရံပြည်သူများအား စွဲဆိုထားသည့် အမှုကို ပယ် ဖျက်ပေးရန် လျှောက်ထားချက်ကို ပဲခူးတိုင်းဒေသကြီးတရားလွှတ် တော်သို့ ဆက်လက်တင်ပြရန် စီ စဉ်ထားကြောင်း တရားခံရှေ့နေ များထံမှ သတင်းရရှိသည်။သပိတ်မှောက်ကျောင်းသားနှင့် ၀န်းရံပြည်သူများ၏ ရှေ့နေ ကိုယ်စားလှယ်လွှဲစာကို သာယာဝတီထောင်မှ စက်တင်ဘာ ၂၂ ရက်၌ ရရှိခဲ့သောကြောင့် ၎င်း တို့အပေါ် စွဲဆိုထားသည့် အမှုကို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၅၆၁ (က)အရ ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်သို့ ဆက်လက် တင်ပြရန်စီစဉ်ခြင်း ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးလှမျိုးမြင့်က ပြောသည်။

မလေးရှားတွင် ဖမ်းဆီးမိသည့် ဘန်ကောက် ဗုံးခွဲသူ ၀န်ခံ


ဘန်ကောက်ဗုံးကွဲမှုသံသယနဲ့ မလေးရှားရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခံထားရသူဟာ ဘန်ကောက် ဧရာဝဏ်နတ်ကွန်းအနီး ဗုံးထားခဲ့တဲ့ အင်္ကျီအ၀ါဝတ်သူဖြစ်တယ်လို့ ၀န်ခံလိုက်ကြောင်း မလေးရှားရဲတပ်ဖွဲ့ကို ကိုးကားပြီး သည်နေရှင်းသတင်းမှာ ဖော်ပြပါတယ်။မလေးရှားရဲတပ်ဖွဲ့ဟာ တရားခံ ပုန်းအောင်းခိုလှုံတယ်လို့ ယူဆရတဲ့  မြို့တော် ကွာလာလမ်ပူ မြို့လယ်က တိုက်ခန်းတွဲတွေ၊ အဆောင်တွေကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့က ၀င်ရောက်စီးနင်းရှာဖွေခဲ့ပြီး  ဧရာဝဏ်နတ်ကွန်းအနီး စီစီကင်မရာကနေ ဖမ်းယူထားတဲ့ အ၀ါရောင်အင်္ကျီဝတ်သူနဲ့ ပုံပန်းသဏ္ဍာန်တူသူကို  ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

လက်နက်ချမလား၊ တိုက်မလားဟု ဘာကီနာဖာဆို အာဏာသိမ်းတပ်ကို အစိုးရတပ် ပြော


ဘာကီနာဖာဆို အစိုးရကို သစ္စာခံတဲ့ တပ်တွေက အာဏာသိမ်းမှု နောက်ကွယ်က စစ်သားတွေကို လက်နက်ချမလား၊ တိုက်မလားလို့ စက်တင်ဘာ ၂၂ ရက် မနက် ၁၀ နာရီက ပြောခဲ့ကြောင်း အစိုးရသစ္စာခံ အရာရှိ ၁ ဦးက ပြောပါတယ်။ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး ဂီလ်ဘာ့တ် ဒီယန်ဒါနဲ့ သမ္မတ အစောင့်တပ်တို့ ခေါင်းဆောင်တဲ့ သူပုန်ထမှုကို စစ်သားတွေက ဆန့်ကျင်ခဲ့လို့ နိုင်ငံတလွှား စစ်တပ်အခြေစိုက်စခန်းတွေ စက်တင်ဘာ ၂၁ ရက်နေ့မှာ မြို့တော်ကို လာစုခဲ့ကြပါတယ်။

ဒေါ်စုပြောတဲ့ မူဝါဒ သဘောထား ဘာထူးခြားသလဲ


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ပါတီရဲ့ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စတာတွေကို စက်တင်ဘာ ၂၁ ရက် ညပိုင်းက မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား အစီအစဉ် ကနေ ထုတ်လွှင့်ခဲ့ပါ တယ်။ ရှေ့ပိုင်းရက်တွေမှာ ပြည်ခိုင်ဖြိုး အပါအဝင် ပါတီ အတော်များများရဲ့ မူဝါဒ၊ သဘောထားတွေ ထုတ်ပြန်ကြေညာတာ ရှိခဲ့ပေမယ့် ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဟောပြောမှု ကတော့ စောင့်ကြည့်သူ အလွန်များတာ တွေ့ကြရ ပါတယ်။ 

အမေရိကန်အမျိုးသမီးတစ်ဦးအား သူလျိုဟုစွပ်စွဲကာ တရုတ်အာဏာပိုင်များ ဖမ်းဆီး


အမေရိကန်အမျိုးသမီးတစ်ဦးအား နိုင်ငံတော်လျှို့ဝှက်ချက်များ ခိုးယူသည်ဟုဆိုကာ ပြီးခဲ့သည့်ခြောက်လကြာက တရုတ်အာဏာပိုင်များက ဖမ်းဆီးထားခဲ့ကြောင်း ၎င်းအမျိုးသမီး၏ ခင်ပွန်းဖြစ်သူက ပြောသည်။ ဆန်ဒီဖန်ဂျေးလီဆိုသည့် ခင်ပွန်းဖြစ်သူ ဂျက်ဖ်ဂျေးလီက အမေရိကန်သို့ တရုတ်သမ္မတ ရှီကျင့်ဖျင် မလာရောက်မီ သူဇနီးသည်၏ အခြေအနေကို လူသိရှင်ကြားဖွင့်ချရန် ဆုံးဖြတ်လိုက်ရခြင်းဖြစ်ကြောင်း ပြောသည်။

ပြည်သူအုပ်ချုပ်တဲ့ ဒီမိုကရေစီစနစ်ကျင့်သုံးရေး အောင်မြင်စေချင်တယ်လို့ ဦးရွှေမန်းပြော


ဒီမိုကရေစီစနစ်ကျင့်သုံးသည့် ဂျပန်နိုင်ငံကို အားကျပြီး မြန်မာနိုင်ငံတွင်လည်း ပြည်သူလူထုက အုပ်ချုပ်သည့် ဒီမိုကရေစီစနစ် ကျင့်သုံးရေးကို အောင်မြင်စေချင်သည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း က ပြောဆိုလိုက်သည်။ “ပြည်သူအုပ်ချုပ်တဲ့ ဒီမိုကရေစီစနစ် ကျင့်သုံးရေးကို အောင်မြင်အောင် ဆောင်ရွက်သွားကြရမှာဖြစ်တယ်” ဟု သူရဦးရွှေမန်းက ပြောသည်။

ရွေးကောက်ပွဲနိုင်ရင် လူငယ်တွေ စာရိတ္တကောင်းအောင် ရှင်ပြုပေးမယ်လို့ ဝန်ကြီး ဦးမြင့်လှိုင် မဲဆွယ်


အထွေထွေ ရွေးကောက်ပွဲတွင် သူ့ကို မဲပေးကာ အနိုင်ရရှိခဲ့ပါက လူငယ်၊ လူရွယ်များ အကျင့်စာရိတ္တ ကောင်းစေရန် ရှင်ပြုနိုင်အောင် လုပ်ဆောင်ပေး မည်ဟု လက်ရှိ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး၊ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ဦးမြင့်လှိုင်က မဲဆွယ်လိုက်သည်။

မက္ကဆီကိုတွင် ဒေါသူပုန်ထနေသည့်လူအုပ်က အမျိုးသားနှစ်ဦးကို ကားခိုးရန်ကြိုးစားမှုဖြင့် မီးရှို့သတ်


မက္ကဆီကိုတောင်ပိုင်း ချီအာပက်စ်ပြည်နယ်အတွင်းမှ ဒေါသူပုန်ထနေသည့် ရွာသားများက ကားတစ်စင်းကို ခိုးယူရန်ကြိုးစားခဲ့သည်ဟု ၄င်းတို့က စွပ်စွဲထားသူ အမျိုးသားနှစ်ဦးကို စိတ်ထင်တိုင်း ရိုက်နှက်ပြီးနောက် မီးရှို့ သတ်ဖြတ်ပစ်ခဲ့ကြသည်ဟု ဆိုသည်။နာမည်ကို ကိုးကားခွင့်မပေးသည့် အရပ်ဖက်ကာကွယ်ရေး အရာရှိတစ် ယောက်၏ ပြောကြားချက်အရ အမျိုးသားနှစ်ယောက်ကို ထိန်းမနိုင်သိမ်း မရဖြစ်နေသည့် လူတစ်စုက စက်တင်ဘာ၂၁ရက်နေ့က ဆန်ဂျူအန် ချာမျူလာမြို့ကလေးတွင် ဖမ်းမိသွားခဲ့သည်ဟု ဆိုသည်။

အိုင်အက်စ် အကြမ်းဖက်အုပ်စုက မိန်းမလျာများဖြစ်သည်ဟူသော စွပ်စွဲချက်ဖြင့် လူ၁၀ဦးကို ကွက်မျက်


ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်အုပ်စု၏ ပြောကြားချက်အရ စက်တင်ဘာလ ၂၁ရက်နေ့က ဆီးရီးယားနိုင်ငံအလယ်ပိုင်းနှင့် မြောက်ပိုင်း တွင် အိုင်အက်စ်အကြမ်းဖက်အုပ်စုက အမျိုးသား၉ယောက်နှင့် လူငယ်တစ် ယောက်ကို မိန်းမလျာများဖြစ်သည်ဟု စွပ်စွဲကာ ကွက်မျက်ပစ်ခဲ့သည်ဟုဆို သည်။

အမှားများနေတဲ့ မဲစာရင်းကို မဲဆန္ဒရှင်အချို့ သံသယ ဝင်နေကြ


မြန်မာ့ နိုင်ငံရေးဟာ ဒီနှစ်ကျင်းပမယ့် ၂၀၁၅ ရွေးကောက်ပွဲကြောင့် သက်ဝင်လှုပ်ရှားလာနေတဲ့အချိန်မှာ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတဲ့ နိုင်ငံရေးမျိုးဆက် လူငယ် နိုင်ငံရေးသမားတွေကြောင့် တိုင်းပြည် ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန် ပိုမြင့်လာနိုင်မယ်လို့ မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်းက သုံးသပ်ပါတယ်။

ပါကစ္စတန်နှင့် တရုတ်က စစ်အင်အားတည်ဆောက်နေချိန် အိန္ဒိယကလည်း အစ္စရေးထံမှ လက်နက်တပ်ဆင်နိုင်သော ဒရုန်းများဝယ်ယူလာ


ကာကွယ်ရေးသတင်းရင်းမြစ်တစ်ခု၏ ပြောကြားချက်အရ အိန္ဒိယနိုင်ငံမှာ နိုင်ငံရပ်ခြားတွင် လူအသေအပျောက်အနည်းဆုံးဖြင့် တိုက်ခိုက်မှုများ ပြုလုပ်နိုင်စေမည့် လက်နက်တပ်ဆင်နိုင်သော အစ္စရေး လူမဲ့လေယာဉ် ဒရုန်းများကို ၀ယ်ယူရန် အလျင်အမြန်စိုင်းပြင်းနေသည်ဟု ဆိုသည်။

အမေရိကန်ကျောင်းသူ လေးယောက်တွင် တစ်ယောက်မှာ လိင်ပိုင်းအစော် ကားခံနေရဟု စစ်တမ်းတစ်ရပ်ကဆို


စစ်တမ်းတစ်ခုအရ အမေရိကန်ကောလိပ်ကျောင်းသူ လေးယောက်တွင် တစ်ယောက်ကျော်မှာ တက္ကသိုလ်ဝင်းအတွင်းတွင်ပင် လိင်ပိုင်းဆိုင်ရာစော် ကားမှုကို ရင်ဆိုင်ကြုံတွေ့နေကြရသည်ဟု ဆိုသည်။ စက်တင်ဘာ၂၁ ရက်နေ့က ထုတ်ပြန်သည့် ဤစစ်တမ်းကို အမေရိကန် တက္ကသိုလ်များအသင်းက ကြီးမှူးပြီး ပြီးခဲ့သည့်နွေဦးရာသီက ထိပ်တန်းတက္ကသိုလ် ၂၇ခုမှ ကျောင်းသူပေါင်း ၁၅၀၀၀၀ကျော်ကို ကောက်ယူပြုစု ခဲ့ခြင်းပင် ဖြစ်သည်။

ဥရောပ ဒုက္ခသည် အကျပ်အတည်း၏ ဇစ်မြစ်မှာ အမေရိကန်ဟု မြောက်ကိုရီးယားပြော


တိုက်ကြီးဆီသို့ ခိုလှုံခွင့်ရှာဖွေသူ အလုံးအရင်း ရှေ့ရှုလာနေမှုကို မည်သို့ကိုင် တွယ်ဖြေရှင်းရမည်နှင့် ပတ်သက်၍ ဥရောပသမဂ္ဂ ၀င်နိုင်ငံများ သဘောကွဲ လွဲနေကြချိန် တွင်ဖြစ်ပွားဆဲ ဥရောပ၏ ဒုက္ခသည်အကျပ်အတည်းအတွက် အမေရိကန်ပြည်ထောင်စုတွင် တာဝန်ရှိကြောင်း မြောက်ကိုရီးယားက ပြောကြားခဲ့သည်။

မလေးရှားခြစားမှု အရှုပ်တော်ပုံ အမေရိကန် စုံစမ်းစစ်ဆေးမှုတွင် ၀န်ကြီးချုပ် နာဂျစ်ရာဇက်လည်း ပါဝင်နေ


မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက်နှင့် ၄င်းနှင့်နီးစပ်သူများ ပါဝင်ပတ်သက် နေသည့် ခြစားမှုစွဲချက်များကို အမေရိကန်ဂျူရီအဖွဲ့တစ်ဖွဲ့က စုံစမ်းစစ်ဆေး လျှက်ရှိသည်ဟု စက်တင်ဘာ ၂၁ရက်နေ့ထုတ် နယူးယောက်တိုင်းမ်သတင်း စာကြီးက အမည်မဖော်သည့် သတင်းရင်းမြစ်များကို ကိုးကားဖော်ပြခဲ့သည်။

ဆိုဒ်ဘာရာဇ၀တ်မှုတွေ ပြင်းထန်စွာအရေးယူဖို့ တရုတ်သမ္မတ တိုက်တွန်း


တရုတ်အစိုးရဟာ ဆိုဒ်ဘာအင်တာနက် လုံခြုံရေးကို အလေးအနက်ထားပြီး၊ ကုန်သွယ်ရေးဆိုင်ရာ လျှို့ဝှက်ချက်တွေကို ခိုးယူတဲ့ ဟက်ကာတွေ အပါအ၀င် အင်တာနက်ကနေ ပြစ်မှုကျူးလွန်သူတွေကို ဥပဒေတွေ၊ နိုင်ငံတကာ သဘောတူညီချက်တွေအရ အရေးယူသင့်တယ်လို့ အမေရိကန်ပြည်ထောင်စုကို အင်္ဂါနေ့မှာ စတင်လာရောက်ဖို့ရှိတဲ့ တရုတ်သမ္မတ ရှီကျင်ပင်းက ပြောလိုက်ပါတယ်။

တရုတ်သမ္မတ အမေရိကန်ဆိုက်ရောက်


တရုတ်သမ္မတ ရှီကျင့်ပင်ဟာ အမေရိကန်ခရီးစဉ်ကို စတင်ခဲ့ရာမှာ အင်္ဂါနေ့က ၀ါရှင်တန်ပြည်နယ်၊ Seattle မြို့ကို ဆိုက်ရောက်ခဲ့ပါတယ်။ တရုတ်ခေါင်းဆောင်ဟာ Seattle မြို့မှာ Boeing နဲ့ Microsoft တို့ အပါအ၀င် အဲဒီဒေသမှာရှိတဲ့ အမေရိကန် စီးပွားရေးလုပ်ငန်းတွေရှင်နဲ့ တွေ့ဆုံပြီး၊ ကုန်သွယ်ရေး၊ ဆိုဒ်ဘာလုံခြုံရေးနဲ့ နည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးသွားမယ်လို့ မျှော်လင့်ရပါတယ်။ တရုတ်သမ္မတဟာ အင်္ဂါနေ့ညနေပိုင်းမှာ မူဝါဒပိုင်းဆိုင်ရာ မိန့်ခွန်းတခု ပြောကြားဖို့လည်း ရှိနေပါတယ်။

ပညာရေးဥပဒေ ဆန္ဒပြကျောင်းသားများရှေ့နေ တရားစွဲခံရ


ပညာရေးဥပဒေ ပြင်ဆင်ရေးဆွဲပေးဖို့ တောင်းဆိုဆန္ဒပြကြတဲ့ ကျောင်းသားတွေနဲ့ သူတို့ကို ပံ့ပိုး ကူညီပေးခဲ့ကြသူတွေရဲ့ အမှုကို စက်တင်ဘာလ ၂၂ ရက်နေ့က သာယာဝတီတရားရုံးမှာ ရုံးထုတ် စစ်ဆေးခဲ့ပေမဲ့ အမှုတွဲမရှိတဲ့အတွက် စက်တင်ဘာလ ၂၉ ရက်နေ့မှာ ကြားနာဖို့ ပြန်လည် ချိန်းဆိုလိုက်ပါတယ်။

ပုပ်ရဟန်းမင်ကြီး Francis ကို အမေရိကန်လှိုက်လှဲစွာကြိုဆို


ပုပ်ရဟန်းမင်ကြီး Francis ဟာ ကျူးဘားနိုင်ငံကတဆင့် ပြီးခဲ့တဲ့နာရီပိုင်း အတွင်းမှာပဲ အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ခြမ်း မယ်ရီလန်းပြည် နယ် Andrew လေတပ် အခြေစိုက်စခန်း လေဆိပ်ကို ဆိုက်ရောက်လာပြီး သမ္မတ အိုဘားမားကိုယ်တိုင် သွားရောက် ကြိုဆိုခဲ့ပါတယ်။

ဇေကမ္ဘာ၀င်း မူးယစ်ဆေးဝါးများ ပိုင်ရှင်ဟု ယူဆရသူအိမ်တွင် စိတ်ကြွ ဆေးပြား ၂ သန်းနီးပါး ထပ်မိ


ကုလားတန်မြစ်ဝှမ်း ဒေသဖွံ့ဖြိုးရေး ကုမ္ပဏီ ဒါရိုက်တာ မင်းဦးခိုင် ပိုင်ဆိုင်သော ရန်ကုန်တိုင်း ဒဂုံမြို့သစ်(အရှေ့ပိုင်း) ရှိနေအိမ်၌ စိတ်ကြွ ဆေးပြား ၂ သန်းနီးပါး(၁၉၂၉၀၀၀) နှင့် ဖန်စီဒိုင်း ပုလင်း ၅၀၀ ကို ထပ်မံဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရ သည်။

လိပ်ကျွန်း လူသတ်မှု မြန်မာ ၂ ဦးဟု စွပ်စွဲထားသော DNA သည် ယုံကြည်နိုင်သည့် အဆင့်မရှိဟုဆို


ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း (Koh Tao) လူသတ်မှု၌ ပေါက်တူးရိုးပေါ်မှ တွေ့ရှိရသည်ဆိုသော ထိုင်းရဲတပ်ဖွဲ့၏ မျိုးဗီဇ(DNA) စစ်ဆေး တွေ့ရှိချက်သည် ယုံကြည်နိုင်သည့် အဆင့်မရှိကြောင်း တရားခံပြသက်သေ မှုခင်း ဆရာဝန်က ယနေ့ ထွက်ဆိုသည်ဟု သိရသည်။

NLD ပါတီကို မဲမပေးဖို့ အစိုးရဝန်ထမ်းတွေကို အထက်အရာရှိတွေက ခြိမ်းခြောက်မှုတွေ ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော


လာမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ အစိုးရဌာနဆိုင်ရာ ဝန်ထမ်းတွေအနေနဲ့ NLD ပါတီကို ပဲမပေးဖို့ အထက်အရာရှိတွေက ဖိအားပေး ခြိမ်းခြောက်မှုတွေ ရှိတယ်လို့ ဒီနေ့ (စက်တင်ဘာ ၂၂ ရက်) ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့မှာ ပြုလုပ်တဲ့ မဲဆွယ်စည်းရုံး ဟောပြောပွဲမှာ NLD ပါတီ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင် တာဝန်မကျေဟု ဒီချုပ်ကိုယ်စားလှယ်လောင်းများ ပြော


မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်းမဲပေးခွင့်မရခြင်းကြောင့်ရွေးကောက်ပွဲကော် မရှင် တာဝန် မကျေကြောင်း အင်းစိန်မြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်သည့် ဒီချုပ်ပါ တီကိုယ်စားလှယ်လောင်းများက ပြောသည်။ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်တာဝန်သည် မြန်မာ နိုင်ငံသားတိုင်း မဲထည့်ပေးနိုင်ရန် တာဝန်ရှိသောကြောင့် ယင်းသို့ လုပ်ဆောင်မပေးနိုင်ပါက ကော်မရှင်တာဝန်မကျေကြောင်း ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒ နယ် အမှတ် (၁)မှ ကိုယ်စားလှယ်လောင်း ဦးသာအောင်က စက်တင်ဘာ ၂၂ ရက်တွင် ပြောသည်။

ထိုင်းဘုရင် ကျန်းမာရေးအခြေအနေ စိုးရိမ်ရ


ထိုင်းနိုင်ငံကို ၁၉၄၆ ခုနှစ်ကတည်းက အုပ်ချုပ်လာခဲ့တဲ့ ဘုရင်မင်းမြတ်ရဲ့ ကျန်းမာရေးအခြေအနေ ယုတ်လျော့လာမှုအပေါ် စိုးရိမ်မှုတွေ ကြီးထွား လာနေပါတယ်။ လွန်ခဲ့တဲ့ နှစ်အနဲငယ်အတွင်း မြို့တော် ဘန်ကောက်က ဆေးရုံမှာ ဆေးကု သမှု ခံယူနေရတဲ့ အသက် ၈၇ နှစ်အရွယ် ဘုရင် Bhumibol အတွက် အနာရောဂါ ပျောက်ကင်းစေတဲ့ ဂါထာတွေ ရွတ်ဖတ်ပြီး ဆုတောင်း မေတ္တာပို့ကြဖို့ သမီးတော် Chulabhorn က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း တိုင်းသူပြည်သားတွေကို ရှားရှားပါးပါး မေတ္တာရပ်ခံခဲ့ပါတယ်။

မဲရုံလုံခြုံရေးကြပ်မတ်ရန် မြ၀တီခရိုင်၌ အထူးရဲ ၄၉ဦး တာဝန်ပေးမည်



မြ၀တီရိုင်၊ မြ၀တီမြို့နယ်တွင် ရွေးကောက်ပွဲ ချောမွေ့စွာ ကျင်းပနိုင်ရန် မြ၀တီမြို့နယ်ရှိ မဲရုံ ၄၉ရုံ၏ လုံခြုံရေးကို ကြပ်မတ်ရန် မြန် မာနိုင်ငံရဲတပ်ဖွဲ့မှ ဖွဲ့စည်းလိုက်သည့် အထူးရဲ ၄၉ဦးအား တာဝန်ပေးအပ်သွားမည်ဟု မြ၀တီခရိုင် ရဲမှူးဦးမိုးညိုက ယနေ့ မြ၀တီမြို့ ခရိုင်ရဲတပ်ဖွဲ့ရုံး၌ ပြုလုပ်သည့် တစ်လတစ်ကြိမ် ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

My Blog List