Thursday, January 23, 2020

ICJ ကိစ္စနှင့်ပတ်သက်၍ နောက်ကွယ်တွင် ဘာအကွက်တွေ ရှိနေမှန်းမသိဘူးဟု ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ပြော


Image may contain: 10 people, people standing
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက တရားစွဲထားသည့်ကိစ္စနှင့်ပတ်သက်၍ နောက်ကွယ်တွင် ဘာအကွက်တွေရှိနေ မှန်းမသိဘူးဟု ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီး သာယာယာဝတီမြို့၌ ဇန်နဝါရီ ၂၁ ရက်ကပြုလုပ်သည့် သာယာဝတီခရိုင်လူငယ်ရေးရာ တွေ့ဆုံပွဲတွင် ၎င်းကအထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
''အစကတည်းက မတရားလုပ်ခဲ့တဲ့အတွက် ထွက်လာမယ့်ဆုံးဖြတ်ချက်ထဲမှာ မတရားဆုံးဖြတ်ချက် ဖြစ်လာနိုင်တယ်ဆိုပြီးတော့ အတိအကျမဆိုလိုပါဘူး။ ဘာလို့လဲဆိုတော့ နောက်မှာဘာအကွက်တွေ ရှိမှန်းမသိဘူး။ တရားစွဲလိုက်ပြီးတော့ နိုင်အောင်လုပ်ပေးလိုက်ရင် လူစွမ်းကောင်းလည်း ဖြစ်သွားနိုင်တာပဲ။ မည်သို့ပင်ဖြစ်စေ ICJ က မတရားဆုံးဖြတ်လည်း လိုက်မလုပ်လည်း ဘာပြဿနာမှ မရှိဘူး''ဟု ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါတွေ့ဆုံပွဲတွင် ပါတီဝင်တဦးက ဂမ်ဘီယာနိုင်ငံမှ တရားစွဲဆိုထားခြင်းနှင့်ပတ်သက်ပြီး ပါတီအနေဖြင့် ဘယ်လိုတုံ့ပြန်မည်၊ အစိုးရအဖြစ် တာဝန်ယူရပါက မည်သို့ဆောင်ရွက်မည်ကို သိရှိလိုကြောင်းမေးမြန်းရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ကြံ့ခိုင်ရေးပါတီသာ ဆက်လက်ဦးဆောင်ရပါက ICJ တွင် တရားစွဲခံရမှုမျိုး လုံးဝဖြစ်ပေါ်မည်မဟုတ်ဟု ပါတီဥက္ကဋ္ဌဦးသန်းဌေးက ဆက်လက်ပြောကြားသည်။
''ICJ မှာ တရားစွဲခံရတာနဲ့ပတ်သက်ပြီး တာဝန်ရှိတဲ့အစိုးရက အဲဒါတွေကို ထိထိရောက်ရောက်ဖြေရှင်းဖို့ လို တယ်။ အဲဒီအပိုင်း အများကြီးအားနည်းခဲ့တယ်။ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ကတော့ ကြှနျတောျတို့ဆိုရငျ ဒီလိုအခွအေနကေို လုံးဝမရောကျဘူး။ အဲဒါကို ရဲရဲကွီးပွောရဲပါတယျ။ ICJ မှာ တရားစှဲခံရတာနဲ့ ပတျသကျပွီးပွောရမယျဆိုရငျ စှဲခကြျတငျခံရပွီး သှားရောကျဖွရှေငျးမယျလို့ သိရတဲ့အခြိနျမှာ ကြှနျတောျတို့အနနေဲ့ ကွညောခကြျထုတျပွနျခဲ့ပါတယျ။ ကိုဖီအာနန် ကော်မရှင်ကိုလည်း မလုပ်သင့်ဘူးပြောခဲ့ တာပါပဲ။ နောက်ဆက်တွဲအနေနဲ့ ဒီလိုတွေဖြစ်လာမယ်ဆိုတာသိလို့ ပြောခဲ့တာပါ။ လက်ရှိမှာတော့ အရှိတရားက တရားစွဲခံရတယ်။ တရားစွဲခံရပြီဆိုရင် သူ့ကြောင့်ကိုယ့်ကြောင့် ပြောမနေတော့နဲ့၊ ဒါကရှင်းရတော့မယ်”ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံအပေါ် စွဲဆိုထားသည့်အမှုနှင့်ပတ်သက်၍ ICJ က ယနေ့ ဇန်နဝါရီ ၂၃ ရက်တွင် ဆုံးဖြတ်ချက်ချမှတ်မည်ဖြစ်သည်။

နန္ဒမျိုးဆောင်
ICJ ကိစ္စနှင့်ပတ်သက်၍ နောက်ကွယ်တွင် ဘာအကွက်တွေ ရှိနေမှန်းမသိဘူးဟု ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ပြော
------ ------ ------ ----- -----

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက တရားစွဲထားသည့်ကိစ္စနှင့်ပတ်သက်၍ နောက်ကွယ်တွင် ဘာအကွက်တွေရှိနေ မှန်းမသိဘူးဟု ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး သာယာယာဝတီမြို့၌ ဇန်နဝါရီ ၂၁ ရက်ကပြုလုပ်သည့် သာယာဝတီခရိုင်လူငယ်ရေးရာ တွေ့ဆုံပွဲတွင် ၎င်းကအထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

''အစကတည်းက မတရားလုပ်ခဲ့တဲ့အတွက် ထွက်လာမယ့်ဆုံးဖြတ်ချက်ထဲမှာ မတရားဆုံးဖြတ်ချက် ဖြစ်လာနိုင်တယ်ဆိုပြီးတော့ အတိအကျမဆိုလိုပါဘူး။ ဘာလို့လဲဆိုတော့ နောက်မှာဘာအကွက်တွေ ရှိမှန်းမသိဘူး။ တရားစွဲလိုက်ပြီးတော့ နိုင်အောင်လုပ်ပေးလိုက်ရင် လူစွမ်းကောင်းလည်း ဖြစ်သွားနိုင်တာပဲ။ မည်သို့ပင်ဖြစ်စေ ICJ က မတရားဆုံးဖြတ်လည်း လိုက်မလုပ်လည်း ဘာပြဿနာမှ မရှိဘူး''ဟု ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါတွေ့ဆုံပွဲတွင် ပါတီဝင်တဦးက ဂမ်ဘီယာနိုင်ငံမှ တရားစွဲဆိုထားခြင်းနှင့်ပတ်သက်ပြီး ပါတီအနေဖြင့် ဘယ်လိုတုံ့ပြန်မည်၊ အစိုးရအဖြစ် တာဝန်ယူရပါက မည်သို့ဆောင်ရွက်မည်ကို သိရှိလိုကြောင်းမေးမြန်းရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းြဖစ်သည်။ ထို့ပြင် ကြံ့ခိုင်ရေးပါတီသာ ဆက်လက်ဦးဆောင်ရပါက ICJ တွင် တရားစွဲခံရမှုမျိုး လုံးဝဖြစ်ပေါ်မည်မဟုတ်ဟု ပါတီဥက္ကဋ္ဌဦးသန်းဌေးက ဆက်လက်ပြောကြားသည်။

''ICJ မှာ တရားစွဲခံရတာနဲ့ပတ်သက်ပြီး တာဝန်ရှိတဲ့အစိုးရက အဲဒါတွေကို ထိထိရောက်ရောက်ဖြေရှင်းဖို့ လို တယ်။ အဲဒီအပိုင်း အများကြီးအားနည်းခဲ့တယ်။ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ကေတာ့ ကျွန်တော်တို့ဆိုရင် ဒီလိုအခြေအနေကို လုံးဝမရောက်ဘူး။ အဲဒါကို ရဲရဲကြီးပြောရဲပါတယ်။ ICJ မှာ တရားစွဲခံရတာနဲ့ ပတ်သက်ပြီးပြောရမယ်ဆိုရင် စွဲချက်တင်ခံရပြီး သွားရောက်ဖြေရှင်းမယ်လို့ သိရတဲ့အချိန်မှာ ကျွန်တော်တို့အနေနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ကိုဖီအာနန် ကော်မရှင်ကိုလည်း မလုပ်သင့်ဘူးပြောခဲ့ တာပါပဲ။ နောက်ဆက်တွဲအနေနဲ့ ဒီလိုတွေဖြစ်လာမယ်ဆိုတာသိလို့ ပြောခဲ့တာပါ။ လက်ရှိမှာတော့ အရှိတရားက တရားစွဲခံရတယ်။ တရားစွဲခံရပြီဆိုရင် သူ့ကြောင့်ကိုယ့်ကြောင့် ပြောမနေတော့နဲ့၊ ဒါကရှင်းရတော့မယ်”ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံအပေါ် စွဲဆိုထားသည့်အမှုနှင့်ပတ်သက်၍ ICJ က ယနေ့ ဇန်နဝါရီ ၂၃ ရက်တွင် ဆုံးဖြတ်ချက်ချမှတ်မည်ဖြစ်သည်။

နန္ဒမျိုးဆောင်

No comments:

Post a Comment

My Blog List