Tuesday, January 21, 2020

"ရိုဟင်ဂျာ" လို့ သုံးတဲ့ ရန်ကုန်ဝန်ကြီးချုပ်ကို အရေးယူဖို့ ၂၁ ပါတီ တောင်းဆို

Image may contain: 1 person, flower
မွတ်စလင်တွေကို "ရိုဟင်ဂျာ"လို့ သုံးနှုန်းပြောကြားခဲ့တဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို အရေးယူမှုပေးဖို့နဲ့ ပြည်သူတွေကို တရားဝင်ဖြေရှင်းတောင်းပန်ဖို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အပါအဝင် ပါတီ ၂၁ ခုက မနေ့က ကြေညာချက်ထုတ်ပြီး တောင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲရက်ပိုင်းအတွင်းက ကျင်းပတဲ့ အခမ်းအနားတစ်ခုမှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဧရာဝတီတိုင်းကတဆင့် YBS ယာဉ်ကို အသုံးပြုပြီးဝင်ရာက်လာတဲ့ မွတ်စလင်တွေကို “ရိုဟင်ဂျာ” လို့ သုံးနှုန်းပြောဆိုခဲ့တာကို ကန့်ကွက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၁၉ နိုဝင်ဘာလက ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ဥတိုချောင်းနားမှာ ရိုဟင်ဂျာ ၉၀ ကျော်ကို တင်ဆောင်လာတဲ့ YBS ၁၅ မော်တော်ယာဉ်ကို တွေရှိခဲ့တယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ်က ပြောကြားခဲ့တာပါ။

ကန့်ကွက်တဲ့ပါတီတွေထဲမှာ တိုင်းရင်းသား စည်းလုံးညီညွှတ်ပါတီ၊ အမျိုးသား ဒီမိုကရေစီပါတီသစ်၊ အမျိုးသားတိုးတက်ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ခေတ်သစ်ပြည်သူ့ပါတီတို့လည်း ပါဝင်ပါတယ်။

တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုးမှာ ပါဝင်ခြင်းမရှိတဲ့ သမိုင်းအဆက်ဆက် သုံးစွဲခဲ့ခြင်းမရှိတဲ့ လူမျိုးအမည်ကို ရည်ရွယ်ချက်ရှိရှိ သုံးစွဲခဲ့တာဖြစ်ခဲ့ရင် မကြာခင် ထွက်လာမယ့် ICJ ဆုံးဖြတ်ချက် အပါအဝင် ကြီးမားတဲ့ ဆုံးရှုံးနစ်နာမှုတွေ ဖြစ်စေနိုင်တာကြောင့် အပြင်းအထန် ကန့်ကွက်တယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

နိုင်ငံနဲ့ပြည်သူတွေအတွက် ထိလွယ်ရှလွယ်ဖြစ်တဲ့ အခြေအနေမှာ တရားဝင်သတ်မှတ်ထားခြင်း မရှိတဲ့ လူမျိုးအမည်အသစ်တစ်ခုကို ချိန်ကိုက်ပြောဆိုသုံးစွဲခဲ့တဲ့ ဝန်ကြီးချုပ်အတွက် လက်ရှိအစိုးရမှာ တာဝန်ရှိတာကြောင့် အမြန်ဆုံး တရားဝင်တောင်းပန်ဖြေရှင်းဖို့ တောင်းဆိုထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ပါတီက လက်မခံတဲ့ “ရိုဟင်ဂျာ” ဆိုတဲ့ အသုံးအနှုန်းကို ပြောဆိုခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို သတိပေးသွားမယ်လို့ RFA ကို ပြောထားပါတယ်။

ရိုဟင်ဂျာတွေနဲ့ ပတ်သက်ရင် အစိုးရက ရခိုင်ပြည်နယ်မှာနေထိုင်တဲ့ မွတ်စလင်တွေလို့ သုံးနှုန်းလေ့ရှိပြီး ဘင်္ဂါလီလို့ ခေါ်ဆိုသူတွေလည်း အများအပြား ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ကြောင်း စွပ်စွဲခံနေရတဲ့အမှုကို နိုင်ငံတကာ တရားရုံး ICJ မှာ မကြာသေးခင်က ကြားနားခဲ့ပြီး ဇန်နဝါရီလ ၂၃ ရက်နေ့မှာ အမိန့်ချတော့မှာ ဖြစ်ပါတယ်။
RFA
Unicode

- Zawgyi
~~~~~~~~~~~~~

Photo: Phyo Min Thein's FB

( ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကို ၂၀၂၀ ဇန်နဝါရီ ၁၆ ရက်နေ့ကကျင်းပတဲ့ YRTA သုံးနှစ်မြောက် နှစ်ပတ်လည် အခမ်းအနားမှာ တွေ့ရစဉ်)

No comments:

Post a Comment

My Blog List