Friday, January 24, 2020

ဝူဟန် အဆုတ်ရောင်ရောဂါသစ်ကြောင့် တရုတ်မှာ လူ ၈၀၀ ခန့် ကူးစက်ခံထားရပြီး သေဆုံးသူ ၂၅ ဦးထိရှိနေပြီဖြစ် ကမ္ဘာ့ကျမ်းမာရေးအဖွဲ့ချုပ်က အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပေမယ့် ခဏအကြာမှာ ပြန်လည်ရုတ်သိမ်း

Image may contain: one or more people and people standingImage may contain: one or more people and people standing
ဝူဟန်အဆုတ်ရောင်ရောဂါသစ်ကြောင့် တရုတ်နိုင်ငံမှာ ယနေ့အထိ လူ ၈၀၀ ကျော် ကူးစက်ခံထားရပြီဖြစ်ပြီး ၂၅ ဦးကတော့ ဒီရောဂါကြောင့်ပဲ သေဆုံးခဲ့ကြောင်း တရုတ်အစိုးရက ယနေ့ သောကြာနေ့မနက်ပိုင်းမှာ ကြေညာလိုက်ပါတယ်။
ဒီရောဂါကူးစက်မှုဟာ လတ်တလောမှာ မြန်ဆန်ဆန်ဖြစ်ပွားနေပြီး ယနေ့မနက်မှာ တောင်ကိုရီးယားနိုင်ငံကလည်း ဒုတိယမြောက် ကူးစက်ခံထားရသူကို သူ့နိုင်ငံတွင်းမှာ တွေ့ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
အစိုးရတွေရဲ့ တရားဝင်ကြေညာမှုတွေအရ စင်ကာပူ၊ ဗီယက်နမ်၊ စကော့တလန်၊ တောင်ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန်နိုင်ငံတွေမှာ ဒီရောဂါကူးစက်ခံထားရသူတွေကို တွေ့ရှိခဲ့ရပြီး ၎င်းတို့ဟာ ရောဂါစတင်ဖြစ်ပွားရာ ဝူဟန်ဒေသက လာ‌ရောက်ခဲ့သူတွေဖြစ်တယ် လို့ ဆိုပါတယ်။
ကမ္ဘာ့ကျမ်းမာရေးအဖွဲ့ချုပ် (WHO) က ရောဂါကူးစက်မှုကို အရေးပေါ်အခြေအနေအဖြစ် အစောပိုင်းက ကြေညာခဲ့ပေမယ့် နောက်ပိုင်းမှာ ပြန်လည်ရုတ်သိမ်းခဲ့ပါတယ်။
" အခုအခြေအနေဟာ ရောဂါသစ်ကြောင့် နိုင်ငံတကာအရေးပေါ်အခြေအနေ ကြေညာဖို့ စောနေသေးတဲ့အချိန်ဖြစ်ပါတယ်။ ဒါပေမယ့် ရောဂါတွေ့ရှိတဲ့ နိုင်ငံတွေအနေနဲ့ အဆင့်တိုင်းကို နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်ဖို့ ပြောကြားလိုပါတယ်" လို့ WHO ရဲ့ အရေးပေါ် ကော်မတီ ဥက္ကဋ္ဌက Geneva မှာပြုလုပ်တဲ့ အရေးပေါ်အစည်းအဝေးအပြီးမှာ ပြောကြားခဲ့ပါတယ်။
ဒီကာလမှာ လူဦးရေသန်းပေါင်းများစွာဟာ တစ်နေရာကနေ တစ်နေရာကို ခရီးသွားလာကြပြီး တကမ္ဘာလုံးအတိုင်းအတာနဲ့ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေနဲ့ စျေးဝယ်စင်တာကြီးတွေမှာ ခရီးသွားလာသူတွေဟာ ဒေါ်လာ ဘီလျံချီ သုံးစွဲ‌လေ့ရှိကြတဲ့အချိန်ပဲဖြစ်ပါတယ်။
အခုလို ခရီးသွားလာမှု အများဆုံးကာလမှာ ဝူဟန်ဒေသက ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါသစ်ဟာ လက်ရှိမှာ အရှေ့တောင်အာရှနိုင်ငံအချို့၊ မြောက်အမေရိကတိုက်နဲ့ ဥရောပအထိပျံ့နှံ့ရောက်ရှိနေတာကြောင့် အခုလို ကမ္ဘာ့ခရီးသွားလာမှုအများဆုံးအချိန်ကာလမှာ လူမှုရေး၊ စီးပွားရေးတွေကို အကြီးအကျယ်ခြိမ်းခြောက်လျက်ရှိလာနေပြီဖြစ်ပါတယ်။
ပိုးပုလဲ/ Myanmar Harp
ကိုးကား/ ရိုက်တာ

No comments:

Post a Comment

My Blog List