Friday, January 24, 2020

ဒီမိုကရေစီကို တကယ်လိုလားပါက မတည့်အတူူူနေ ဝါဒကို လက်ခံရမည်ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းပြော


Image may contain: 1 person
ဒီမိုကရေစီကို တကယ်လိုလားပါက မတည့်အတူနေဝါဒကို လက်ခံနိုင်ရမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ကြားရေးအဖွဲ့၏ အတွင်းရေးမှူးဖြစ်သူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
ဇန်နဝါရီ ၂၃ရက် နံနက်ပိုင်းက နေပြည်တော်ရှိ စစ်သမိုင်းပြတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏မေးမြန်းမှုအပေါ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဒီမိုကရေစီကို မျိုးစုံ အဓိပ္ပာယ်ဖွင့်ဆိုကြတယ်။ ဒါပေမဲ့ ကျွန်တော် ယုံကြည်တဲ့ ဒီမိုကရေစီရဲ့ လက်တွေ့ကျကျ ဟာ တစ်ခုပဲ တွေးတယ်။ ဒီမိုကရေစီဟာ ကျွန်တော်တို့ စာရေးဆရာ တယောက်လည်းပြောာတယ်။ ဒီမိုကရေစီဆိုတာ မတည့်အတူနေဝါဒပဲ ။ ဥပမာ ကျွန်တော်ပြောမယ်လေ တပ်မတော်နဲ့ ခင်ဗျားတို့ မီဒီယာတွေနဲ့ ဘယ်တုန်းက ကျွန်တော်တို့ ဒီလိုမျိုးဆက်ဆံဖူးလဲ။ ဒီမိုကရေစီလေ မတည့်အတူနေ ဝါဒလေ အခု ကျွန်တော်တို့ ခင်ဗျားတို့နဲ့ မျက်နှာချင်းဆိုင် ထိုင်ပြိး အခုပြောနေတယ်လေ။ အဲ့ဒီတော့ ဒီဟာတွေသည် အတိုင်းအတာ တစ်ခုအထိ ကျွန်တော်ဖြေနေတာလိုအပ်လို့မို့လို့ လုပ်ထားတာ ဖြစ်တယ်။ ဒီမိုကရေစီကို တကယ်လိုလားတယ်ဆိုရင် မတည့်အတူနေဝါဒကိုလည်း လက်ခံရမယ်။ အချိန်အတိုင်းအတာ တစ်ခုအထိ လက်ခံရမယ် ။ ညှိနှိုင်းနိုင်ရမယ်။ ဘောင်ထဲကနေ ဆွေးနွေးနိုင်ရမယ်”ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ လွှတ်တော်ထဲတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းထည့်ထားရခြင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာ၊ ပြည်ထဲရေးဝန်ကြီး ဌာနနှင့်နယ်စပ်ရေးရာ ဝန်ကြီးဌာန ၃ ခု အားထည့်ထားရခြင်း၏ အနှစ်သာရ ကို သိဖို့ လိုကြောင်း ၊ ထို့ပြင် အသွင်ကူးပြောင်းရေး ၁၀ စု ကျော်ကြာနိုင်ကြောင်း၊ အဆိုပါ ကာလ အတွင်းဖိအားများလည်းရှိကြောင်း လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ထောက်ပြပြောဆိုခဲ့သည်။

“ဒီအသွင်ကူးပြောင်းကာလမှာ ဖိအားတွေတော့ အမြဲရှိတာပဲ ။ လုပ်စေချင်တဲ့ဟာရော ဖြစ်စေချင်တဲ့ဟာရော ဖြစ်စေချင်တဲ့ အင်အားစု ရှိတယ်။ အရှိန်လွန်စေချင်တဲ့ အင်အားစုရှိတယ်။ ရပ်စေနေချင်တဲ့ အင်အားစုရှိတယ်။ ဒီအင်အားစုတွေကြားထဲမှာတော့ ပြောဆိုမှုတွေ ဆက်ဆံမှုတွေ ဆိုတာရှိမှာပဲ”ဟု ၎င်းက ပြောသည်။

ထို့အတူ ပြည်သူလူထု လိုလားသည့် ပြည်သူ များ လျှောက်လှမ်း ချင်သည့် ဒီမိုကရေစီ လမ်းကြောင်း ခိုင်မာရေးကို တပ်မတော် အနေဖြင့် ဦးတည် ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောဆိုခဲ့သေးသည်။

Zawgyi

ဒီမိုကရေစီကို တကယ်လိုလားပါက မတည့်အတူူူနေ ဝါဒကို လက်ခံရမည်ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းပြော

ဇန်နဝါရီ ၂၄
ယဉ်ကေနွယ်

ဒီမိုကရေစီကို တကယ်လိုလားပါက မတည့်အတူနေဝါဒကို လက်ခံနိုင်ရမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ကြားရေးအဖွဲ့၏ အတွင်းရေးမှူးဖြစ်သူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

ဇန်နဝါရီ ၂၃ရက် နံနက်ပိုင်းက နေပြည်တော်ရှိ စစ်သမိုင်းပြတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည့် တပ်မတော်သတင်းမှန်ပြန်ကြားေရးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏မေးမြန်းမှုအပေါ် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဒီမိုကရေစီကို မျိုးစုံ အဓိပ္ပာယ်ဖွင့်ဆိုကြတယ်။ ဒါပေမဲ့ ကျွန်တော် ယုံကြည်တဲ့ ဒီမိုကရေစီရဲ့ လက်တွေ့ကျကျ ဟာ တစ်ခုပဲ တွေးတယ်။ ဒီမိုကရေစီဟာ ကျွန်တော်တို့ စာရေးဆရာ တယောက်လည်းပြောာတယ်။ ဒီမိုကရေစီဆိုတာ မတည့်အတူနေဝါဒပဲ ။ ဥပမာ ကျွန်တော်ပြောမယ်လေ တပ်မတော်နဲ့ ခင်ဗျားတို့ မီဒီယာတွေနဲ့ ဘယ်တုန်းက ကျွန်တော်တို့ ဒီလိုမျိုးဆက်ဆံဖူးလဲ။ ဒီမိုကရေစီလေ မတည့်အတူနေ ဝါဒလေ အခု ကျွန်တော်တို့ ခင်ဗျားတို့နဲ့ မျက်နှာချင်းဆိုင် ထိုင်ပြိး အခုပြောနေတယ်လေ။ အဲ့ဒီတော့ ဒီဟာတွေသည် အတိုင်းအတာ တစ်ခုအထိ ကျွန်တော်ဖြေနေတာလိုအပ်လို့မို့လို့ လုပ်ထားတာ ဖြစ်တယ်။ ဒီမိုကရေစီကို တကယ်လိုလားတယ်ဆိုရင် မတည့်အတူနေဝါဒကိုလည်း လက်ခံရမယ်။ အချိန်အတိုင်းအတာ တစ်ခုအထိ လက်ခံရမယ် ။ ညှိနှိုင်းနိုင်ရမယ်။ ဘောင်ထဲကနေ ဆွေးနွေးနိုင်ရမယ်”ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ လွှတ်တော်ထဲတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းထည့်ထားရခြင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာ၊ ပြည်ထဲရေးဝန်ကြီး ဌာနနှင့်နယ်စပ်ရေးရာ ဝန်ကြီးဌာန ၃ ခု အားထည့်ထားရခြင်း၏ အနှစ်သာရ ကို သိဖို့ လိုကြောင်း ၊ ထို့ပြင် အသွင်ကူးပြောင်းရေး ၁၀ စု ကျော်ကြာနိုင်ကြောင်း၊ အဆိုပါ ကာလ အတွင်းဖိအားများလည်းရှိကြောင်း လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ထောက်ပြပြောဆိုခဲ့သည်။

“ဒီအသွင်ကူးပြောင်းကာလမှာ ဖိအားတွေတော့ အမြဲရှိတာပဲ ။ လုပ်စေချင်တဲ့ဟာရော ဖြစ်စေချင်တဲ့ဟာရော ဖြစ်စေချင်တဲ့ အင်အားစု ရှိတယ်။ အရှိန်လွန်စေချင်တဲ့ အင်အားစုရှိတယ်။ ရပ်စေနေချင်တဲ့ အင်အားစုရှိတယ်။ ဒီအင်အားစုတွေကြားထဲမှာတော့ ပြောဆိုမှုတွေ ဆက်ဆံမှုတွေ ဆိုတာရှိမှာပဲ”ဟု ၎င်းက ပြောသည်။

ထို့အတူ ပြည်သူလူထု လိုလားသည့် ပြည်သူ များ လျှောက်လှမ်း ချင်သည့် ဒီမိုကရေစီ လမ်းကြောင်း ခိုင်မာရေးကို တပ်မတော် အနေဖြင့် ဦးတည် ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောဆိုခဲ့သေးသည်။

No comments:

Post a Comment

My Blog List